← Chapters

အခန်း ၁၇၈၉

Vol. 120 Ch. 1789

အခန်း ၁၇၈၉

Vol. 120 Ch. 1789

အပိုင်း (၁၇၈၉)

တောက်ပလှသည့် နေရောင်၏ အောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်လျက်ရှိပြီး မြင်ကွင်းကို နောက်ကျောပေးထား၏။ အဘယ့်ကြောင့် သူသည် မြင်ကွင်းကို နောက်‌ကျောပေးထားရသနည်း။ အားလုံးသောသူများသည် သူ့ကိုကြည့်ရှုလျှင် ကြောက်လန့်သွားမည် စိုးသောကြောင့်ပင်။

လက်ရှိ အခြေအနေမှာတော့ သူသည် စုရှောင်မိုအား ရိုက်နှက်သကဲ့သို့ပင် ကုထျန်းရှင်း သည် သူ့အား ရိုက်နှက်ခဲ့၏။ ဆိုးရိုးစကားတစ်ခွန်း ရှိ၏။ ဝဋ်သည် မနှေးနှင့်မမြန်ဆိုသလို ရောက်ရှိလာတတ်သည်။

“ဦးလေး”

ယောင်ကိုင်းလျက်ရှိနေသည့် မျက်နှာကိုအုပ်ကာပြီးနောက် ကျွင်းချောင်ရှောင်း သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ ကျုပ်တကယ်ပဲ ခင်ဗျား၏ဆေးပင်ကို မခိုးခဲ့ပါဘူး။

သိုင်းနည်းစနစ်များကို ခိုးသည်ဟု စွပ်စွဲလျှင် ကိစ္စမရှိလှချေ။ လက်ရှိအခြေအနေမှာတော့ သူသည် သူ မခိုးသည့် အရာတစ်ခုအတွက် ရိုက်နှက်ခံလိုက်ရသည်။

အစစ်အမှန်အားဖြင့် ဤဆေးပင်များအားလုံးကို ခိုးယူခဲ့သည့်သူသည် ကုကျောင်းရှစ် သာလျှင်ဖြစ်၏။ သူနှင့်ဘာတစ်ခုမျှ မသက်ဆိုင်ချေ။ ဘာမှမဆိုင်ဘဲ ဖြစ်သည့်ခဲ့သည့်အကြောင်းအရာကို စဉ်းစားရမည်ဆိုလျှင် ထိုက်ရွှမ်အဘိုးအိုနှင့် ကြီးမြတ်သူတုံးကုတို့ကို အားနာသင့်၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ် သည် အသာလျှောက်လှမ်းလာပြီးသည့်နောက် တောင်းပန်လိုက်သည်။ “ကျုပ် တောင်းပန်ပါတယ်”

“……”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်မိ၏။ “ဒါငါ့ရဲ့ကံကြမ္မာပါပဲကွာ”

“အဖေ့ဆီက ကျုပ်ကြားခဲ့တယ်”

ကုကျောင်းရှစ် သည် အသာထိုင်ချပြီးနောက် ပြောလိုက်သည်။ “ကောင်းကင်ဖြတ်သန်းခြင်း လောကမှာ တကယ့်ကို ထိပ်တန်းအဖွဲ့အစည်း တစ်ခုရှိတယ်။ အဲ အဖွဲ့အစည်းကို ကြယ်ပင်လယ်မဟာမိတ်အဖွဲ့အစည်းလို့ခေါ်တယ်လေ။ အဖေက အဲနေရာရဲ့ ဆယ့်နှစ်ယောက်မြောက် ခေါင်းဆောင်ပဲ။ သူ့ရဲ့ဂုဏ်ပုဒ်က နယ်မြေအရှင် တစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ခံစားချက်ကင်းမဲ့လို့နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ မျက်နှာသည် ယောင်းကိုင်နေသောကြောင့်ပင် ။

“အင်း”

ဤအကောင်သည် တကယ်ကိုကောင်းမွန်သည့် မိသားစု၌မွေးဖွားလာခဲ့ခြင်းပင်။

“ညီလေး…”

ကျွင်းချောင်ရှောင်း သည် လေးလေးနက်နက်ပြောလိုက်၏။ “မင်းရဲ့ ပြန်လည်မွေးဖွားခြင်းစိတ်ဝိညာဉ်ကို ပိုင်ရှင်ပြောင်းလို့ရသေးလား”

ကုထျန်းရှင်း သည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်လို့နေခဲ့၏ ။ ကောင်းကင်လက်ဝါးရိုက်ချက်ကို ကြည့်ရှုရသည်နှင့် ဤအရာကို နားလည်ပေလိမ့်မည်။ သို့ပေမဲ့ ကုန်းရှန့် သည် ဤမျှတိုက်ဆိုင်မည်ကို မထင်မှတ်ခဲ့ချေ။ ပြောရမည်ဆိုလျှင် တစ်ဘက်လူသည် သိုသိုသိပ်သိပ်နှင့် တောတောင်ထဲတွင် အခြေကျနေထိုင်နေသည် မဟုတ်ပါလား။

အဘယ့်ကြောင့် ပြန်လာရသနည်း။ အဓိကအားဖြင့် ထွက်ခွာသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် သူ၏ မိသားစုနှင့် သူငယ်ချင်း ရောင်းရင်းမိတ်ဆွေများဆီသို့ လာရောက်ကာ လည်ပတ်ခဲ့ခြင်းပင်။

…………………………

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့

ကျွင်းချောင်ရှောင်း သည် ကုမောင်နှံ၏ ဦးဆောင်မှုနောက်တွင် အသာ လျှောက်လှမ်းလာခဲ့၏။ ကောင်းကင် ဖြတ်သန်းခြင်းနယ်မြေ၏ တောင်ထိပ်တည်နေရာတွင်ရှိသော ဤအဆောက်အဦကြီးသည် အလွန်ပင် ခမ်းနားကြီးကြယ် လွန်းလှ၏။ များပြားလှသည့်အတွေ့အကြုံများကို ပိုင်ဆိုင်သည်ဟု သုံးသပ်နိုင်သော ကုန်ရှန့် ပင်လျှင် ဤတည်နေရာသို့ ရောက်ရှိသည့်အချိန်မှာတော့ အံချီးနပမ်းဖြစ်လို့နေခဲ့၏။

လီချင်းယန် သည်လည်း ထိုနည်းလည်းကောင်းပင်။ မဟာမိတ်အဖွဲ့ထဲသို့ လှမ်းဝင်လိုက်သည့်အချိန်မှာတော့ သူသည် ထူးဆန်းလွန်းလှသည့် အဆောက်အဦများကို မြင်လိုက်ရ၏။ ရုတ်တရက် အမှတ်မထင် ရပ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် သေသေချာချာ စွဲစွဲမြဲမြဲဖြစ်အောင် အဆောက်အဦများကို လိုက်လံကာ မှတ်သားလျက် ရှိနေသည်။

“မဟာမိတ်ခေါင်းဆောင်”

ဆန်းကြယ်လှသည့်အော်ရာများ ထွက်ပေါ်လျက်ရှိနေသော သက်လတ်ပိုင်းလူသည် အပြေးတစ်ပိုင်းနှင့် ရောက်ရှိပြီး အံ့အားသင့်စွာ မေးလိုက်၏။ “ခင်ဗျားသားက ဒီအရွယ်တောင် ရောက်နေပြီလား”

သူ၏ ဘေးတစ်ဘက်တွင် များပြားလွန်းလှသော အကြီးအကဲများ တည်ရှိနေ၏။ ၎င်းတို့အကြည့်များသည် စူးရှလျက်ရှိနေပြီး အော်ရာ များသည် သာမာန်ထက် ပိုလွန်းလှ၏။ ပြောရမည် ဆိုလျှင် မဟာမိတ်အဖွဲ့၏ အထက်ပိုင်းအကြီးအကဲများအားလုံးသည် နတ်ဘုရား လျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း ဝင်ပြီးသားသူများ ဖြစ်လို့နေသည်။

“ကုန်းဝ”

ကုထျန်းရှင်း သည် ပြုံးကာပြောလိုက်၏။ “ဒါက မင်းရဲ့ဦးလေးဖန်းပဲ ။ သူက မဟာမိတ်အဖွဲ့၏ ဒုတိယခေါင်းဆောင်လေ။ လောလောဆယ် သူက ဒီမဟာမိတ်အဖွဲ့၏ အတွင်းရေးကိစ္စတော်တော်များများကို ရံဖန်ရံခါဆိုသလို တာဝန်ယူရတာပေါ့”

ဒုတိယခေါင်းဆောင်ဖန်သည် မျက်နှာပေါ်တွင် ပြုံးလျက်ရှိနေ၏။ သို့ပေမဲ့ စိတ်ထဲမှာတော့ အော်ဟစ်လျက်ရှိသည်။ ခင်ဗျားက မိန်းမကိုခေါ်ပြီးတော့ တောကြိုတောင်ကြားထဲမှာ သွားနေခဲ့တယ်။ ဒီမှာရှိနေတဲ့ အတွင်းရေးကိစ္စအားလုံးကို ကျုပ် တစ်ယောက်တည်း အမြဲတာဝန်ယူခဲ့ရတာဗျ။ ဘာကို ရံဖန်ရံခါလဲ။

“နှုတ်ဆက်ပါတယ်.. ဦးလေးဖန်း”

ကုကျောင်းရှစ် သည် ယဉ်ကျေးလှသော ကလေးလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ နှုတ်ဆက်လျက် ရှိနေ၏ ။

ဟား…..ဟား………

မဟာမိတ်၏ ဒုတိယမဟာမိတ်ခေါင်းဆောင်ဖန်းသည် ကုကျောင်းရှစ်၏ ဦးခေါင်းလေးကို အသာ ပွတ်သပ်ကာဖြင့် သိုလှောင်လက်စွပ်ထဲမှ ရတနာတစ်ခုကို ထုတ်ဖော်ကာ ပြောလိုက်၏။ “ဒါပထမဦးဆုံး စတွေ့တဲ့ လက်ဆောင်လို့မှတ်လိုက်။ ဦးလေးက ဘာမှကိုကြိုတင်မပြင်ဆင်ခဲ့ရဘူးလေ။ ဒီတော့ ပထမတန်းစား စိတ်ဝိညာဉ် ကျောက်စိမ်းကို မင်းကိုပေးမယ်”

စတွေ့တွေ့ချင်း လက်ဆောင်သည် မလစ်ဟင်းခဲ့ချေ။

“သား”

ကုထျန်းရှင်းက ပြောလိုက်သည်။ “မင်းဦးလေးဖန်းရဲ့ စိတ်ဝိညာဉ်ကျောက်စိမ်းက တကယ့်ကို ရတနာပဲ။ ဒါကို ဝတ်ထားမယ်ဆိုလျှင် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို အချိန်တိုင်းအားကောင်းအောင် ပြုလုပ်ပေး နိုင်တယ်။ ဝိညာဉ်တိုက်ခိုက်မှုတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်သေးတယ်။ တကယ့်ကို ရှားပါးတဲ့ ရတနာတစ်ခုပဲ။ မြန်မြန်လက်ခံလိုက်”

“ကျေးဇူးပါပဲ ဦးလေးဖန်း”

ကုကျောင်းရှစ်သည် အလောတကြီးဖြင့် လက်ခံလိုက်သည်။ တကယ်တမ်းမှာတော့ တစ်ဖက်လူ ထိုအရာကို ထုတ်ဖော် လိုက်သည့်အခါ သာမန်ထက်ပိုသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သူက ခံစားမိနေပြီးသားဖြစ်၏။

“တူလေး”

ထိုအချိန်မှာတော့ ဆံပင်အဖြူနှင့်အကြီးအကဲသည်‌ ရှေ့ဆီသို့ လှမ်းတက်လာပြီး သစ်သားသေတ္တာ တစ်ခုကို ထုတ်ယူကာ ပေးလိုက်သည်။ “ဒီမှာ နှစ်တစ်သောင်းသွေးစိမ်းဝိညာဉ် ဂျင်စင်း ရှိတယ်။ ဒါကို စားလိုက်မယ်ဆိုလျှင် တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို တစ်ခါတည်း တိုးတက်သွားစေနိုင်တယ်။ ပြီးတော့ ဆေးလုံးတွေ သန့်စင်တဲ့ နေရာမှာလည်း အသုံးပြုနိုင်သေးတယ်”

ဒုတိယမဟာမိတ်ခေါင်းဆောင်တောင်မှ လက်ဆောင်ပေးနေသည်ဆိုမှတော့ အကြီးအကဲ တစ်ယောက်အနေ နှင့် မပေး၍ မရတော့ချေ။ ကျန်သည့်အကြီးအကဲများသည်လည်း ထိုနည်းလည်းကောင်းပင်။

“တူလေး... ငါ့ဆီမှာ တစ်ကယ့်ကို အရမ်းကောင်းတဲ့ ရတနာဓားတစ်ခုရှိတယ်။ ဒါက သံကိုတောင်မှ ရွှံလိုမျိုး ပိုင်းဖြတ်နိုင်တယ်”

“တူလေး... ငါ့ဆီမှာ ကြက်သွေးရောင်နဂါးချပ်ဝတ်ရှိတယ်။ ဒါကို ဝတ်ထားမယ်ဆိုရင် မီးဒဏ်၊ ရေဒဏ် အားလုံးကိုခုခံနိုင်တယ်”

မဟာမိတ်အဖွဲ့ဆီမှ အထက်ပိုင်းအကြီးအကဲများအားလုံးသည် မဟာမိတ်ခေါင်းဆောင်၏ သားအား ပထမဆုံးအကြိမ် တွေ့သည့် အထိမ်းအမှတ်ဖြင့် လက်ဆောင်များပေးအပ်လျက်ရှိ၏။ ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းများ၏ အဆင့်အတန်းသည် တန်ဖိုးကြီးမားသည်ဆိုသည်ထက်ပင် ပိုမိုကာ အားကောင်း နေသေး၏။

“အင်း”

ဘေးတစ်ဘက်တွင် ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်း သည် ခေါင်းကိုအသာလှည့်ကာဖြင့် မျက်လုံးထောင့်များဖြစ်တည်နေသည့် မျက်ရည်များကို အသာသုတ်ကာ တွေးလိုက်မိသည်။ ငါ မနာလိုတောင် ဖြစ်နေပြီ။

“မဟာမိတ်ခေါင်းဆောင်”

ဒုတိယမဟာမိတ်ခေါင်းဆောင်ဖန်းကာ ပြောလိုက်၏။ “ဒီရောင်ရင်းလေးက”

“ဒါ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ပဲ”

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။ “ကျွင်းချောင်ရှောင်း”

“ပြိုင်စံရှားဂိုဏ်းဟုတ်လား”

ဤနာမည်သည် အနည်းငယ် မောက်မာလွန်းနေခဲ့၏။ ကြယ်ပင်လယ်မဟာမိတ် အဖွဲ့ဆီမှ အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ကုကျောင်းရှစ် ရောက်ရှိလာသည့်အချိန်မှာတော့ စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းကို သိပ်ပြီးဂရုမစိုက်ကြချေ။ အာလာပ သလာပ စကားအနည်းငယ် ပြောဆိုပြီးသည့်နောက် သူ့အား လျစ်လျူရှုသွားခဲ့၏။

“……”

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဘက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ဘာတစ်ခုမှမပြောနိုင်ခဲ့ချေ။

“ဘာ”

ခဏလောက်ကြာပြီးသည့်နောက် မဟာမိတ်ဒုတိယခေါင်းဆောင်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ခေါင်းဆောင်က တူလေးကို စကြဝဠာနတ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေချင်တယ်ဟုတ်လား”

“ဘာလဲ။ ပြဿနာရှိလို့လား”

“သူက ငယ်လွန်းမနေဘူးလား။ သူက ငါးနှစ်၊ ခြောက်နှစ်ပဲရှိသေးတယ်”

“နောက် ဆယ်နှစ်ကျရင် လူပျိုဖြစ်ပြီပေါ့”

“ဒါက” ဒုတိယမဟာမိတ်ခေါင်းဆောင်ဖန်း သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ တကယ်တမ်းမှာတော့ အသက်အရွယ်ကို ပြောဆိုခြင်းမဟုတ်ပေ။ အားအင်အဆင့်ကို ပြောဆိုခြင်းဖြစ်၏။ ထို့အပြင် စကြဝဠာ နတ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် သိုင်းကျင့်ကြံသူများအားလုံးသည် စကြဝဠာ ပတ်လမ်းကြောင်း၏ တည်နေရာအသီးသီးတွင် ရှိနေကြသော ထိပ်တန်းပါရမီရှင်များပင် မဟုတ်ပါလား။

“သား”

ကုထျန်းရှင်း က ပြောလိုက်၏။ “ဆယ်နှစ်အတွင်း မင်းဘယ်လောက်အားကောင်းလာသလဲဆိုတာ ငါ့ကိုပြရမယ်”

“ပြဿနာမရှိပါဘူး” ကုကျောင်းရှစ် သည် လက်ထဲတွင်ရှိ‌နေသော ရတနာမျိုးစုံတို့နှင့် ဆော့ကစားလျက် ရှိနေ၏။ သူသည် အမှတ်မထင်ဆိုသလို လှမ်းကာ ပြန်လည်ဖြေဆိုလိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီ။ မင်းကောင်းကောင်းလုပ်ရမယ်” ကုထျန်းရှင်း က ထပ်မံမှာကြားလိုက်၏။

“နေအုံး”

ရုတ်တရက် သူသည် အလောတကြီးနှင့် အားလုံးကို တားဆီးလိုက်၏။ “ငါ့သားရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ မိတ်ဆက်ပေးဖို့ မေ့သွားတယ်”

မဟာမိတ်ဒုတိယခေါင်းဆောင်ဖန်းနှင့် အခြားသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ တူလေးသည် အသက် လေးနှစ်မှ ငါးနှစ် နီးပါးခန့်တွင်ရှိ၏။ အဘယ့်ကြောင့် စေ့စပ်ထားသည့်မိန်းကလေး တစ်ယောက်က ကြိုတင်ရှိနေရသနည်း။

ဖောက် ဖောက်

ထိုအချိန်မှာတော့ ချင်းချူးလင်းသည် အသာလျှောက်လှမ်းလာခဲ့၏။ သူသည် မေမေကု၏ ဘေးနားဆီသို့ သွားပြီး ရှက်ရွံစွာဖြင့် ဂါရဝပြုလိုက်၏။ “ဂါရဝပြုပါတယ် ဦးလေးတို့”

ဒုတိယမဟာမိတ်ခေါင်းဆောင်နှင့် အခြားသောသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ အဆုံးသတ်မှာတော့ ၎င်းတို့သည် စိတ်ထဲတွင် ဖြစ်ပေါ်လျက် ရှိနေသည့် နာကျင်မှုများကို ဖိနှိပ်ကာဖြင့် လက်ဆောင်များကို ထပ်မံကာ ထုတ်ပေးရပြန်သည်။

ကံကောင်းစွာဖြင့် မဟာမိတ်ခေါင်းဆောင်တွင် သား တစ်ယောက်တည်းသာ ရှိခြင်းပင်။ နှစ်ယောက်လောက် သာ ရှိသည်ဆိုပါက လက်ဆောင်များပေးရင်းနှင့် မွဲတေ၍ပင် ကျသွားနိုင်၏။

…………..

ညသို့ရောက်ရှိသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့အတွက် စီစဉ်ပေးသည့်အခန်းတွင် နေထိုင် လျက်ရှိနေ၏။ ပတ်ဝန်းကျင်တည်နေရာကြီးသည် ကောင်းလွန်းလှ၏။ သို့ပေမဲ့ သူသည် အိပ်ခန်း သေးသေးလေးတွင် နာကျင်နေသည့် မျက်နှာအမူအရာနှင့် ထိုင်လျက်ရှိနေ၏။ အထူးသဖြင့် ကြယ်ပင်လယ် မဟာမိတ်အဖွဲ့ အထက်ပိုင်းအကြီးအကဲများနှင့် ကုကျောင်းရှစ်တို့သည် တနေကုန် လက်ဆောင်များ ပေးလျက် ရှိနေသည်ကို ပြန်လည် စဉ်စားမိသည့်အချိန်မှာတော့ သူသည် အမှန်ပင်မနာလိုပင်ဖြစ်နေခဲ့၏။

“အင်း”

စနစ်က ပြောလိုက်၏။ “လက်ခံသူမှာ အဖေကောင်း တစ်ယောက်မရှိတာ ဆိုးတာပဲ”

စနစ်သည် လှောင်ပြောင်လျက်ရှိသည်ကို ကျွင်းချောင်ရှောင်းက သိ၏။ ထို့ကြောင့် ဂရုမစိုက်ချေ။ “တကယ့်ယောက်ျား ဆိုတာ ကိုယ့်ဘာသာကိုယ်ကြိုးစားရတာလေ။ အဖေကို အားကိုးရတာ မဟုတ်ဘူး”

“ဒီလိုပဲဖြေသိမ့်ရမှာပေါ့” စနစ်က ပြောလိုက်သည်။

“………”

ကျွင်းချောင်ရှောင်းသည် သူအား လျစ်လျူရှုထားခဲ့၏ ။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် အသာပြေးလာပြီးသည့်နောက် ကျောက်စားပွဲပေါ်သို့ ရှိရှိသမျှသော ရတနာ များကို တင်ကာပြောလိုက်သည်။ “ဒီပစ္စည်းတွေ အားလုံးက ဂိုဏ်းအတွက်ပဲ”

“မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီပစ္စည်းတွေက မင်းပစ္စည်းတွေလေ။ ငါယူလို့ မဖြစ်ဘူး”

“ကျုပ်ပစ္စည်းက အစ်ကိုကြီးရဲ့ ပစ္စည်းပဲပေါ့။”

ကုကျောင်းရှစ် က ပြောလိုက်သည်။ “ပြီးတော့ ဂိုဏ်းက လတ်တလောမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေရသေးတယ်။ ဒီရတနာတွေသာ ရှိမယ်ဆိုလျှင် ကျိန်းသေပေါက် ပိုပြီး အားကောင်းလာမှာပေါ့”

“………”

ကျွင်းချောင်ရှောင်းသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ဒီလိုဆိုရင်လည်း ငါ မချင့်မရဲနဲ့ လက်ခံလိုက်မယ်ကွာ”

ပြောပြီးသည့်နောက် သူသည် လက်ကိုယမ်းခါပြီး အရာအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်တော့သည်။

………………….

စာကြည့်ခန်းထဲမှာတော့ ကုထျန်းရှင်းသည် သူ၏စိတ်ဝိညာဉ်အာရုံတွေကို ပြန်လည်ရုတ်သိမ်းကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ “ငါတို့သားက နည်းနည်း ကြောင်တောင်တောင်နိုင်တယ်။ ရှိသမျှ ပစ္စည်းကောင်းတွေ အားလုံးကို သွားပေးလိုက်တာပဲ”

“ရှင်ဘာသိလို့လဲ”

မေမေကု က ပြောလိုက်သည်။ “ဒါညီအစ်ကိုနှစ်ယောက်ကြားက ရှိတဲ့ယုံကြည်မှုပဲ”

ကုထျန်းရှင်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်၏။ “ကုန်းဝတစ်ယောက် ဒီသောက်တလွဲကျွင်းကြောင့် လမ်းချော် မသွားဖို့ပဲ မျှော်လင့်မိတယ်”

သောက်တလွဲကျွင်းဟုတ်လား။ ဤနာမည်သည် ကျွင်းချောင်ရှောင်းအတွက် သူပေးထားသည့် နာမည်ပင် ဖြစ်၏။

All Chapters