← Chapters

အခန်း ၁၇၉၀

Vol. 120 Ch. 1790

အခန်း ၁၇၉၀

Vol. 120 Ch. 1790

အပိုင်း(၁၇၉၀)

နောက်တစ်ရက် ကျွင်းချောင်ရှောင်းသည် သူ၏ခြံဝန်းထဲသို့ လမ်းလျှောက်ကာ ထွက်လိုက်ကြ၏။ သူ၏ ရှေ့တွင်ပေါ်ပေါက်လာခဲ့သည့် မြင်ကွင်းကိုကြည့်ရှုရင်း သူသည် အလုံးစုံ ဆွံ့အလျက်ရှိနေ၏။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးသည် စစ်သည်တော်များနှင့် ပြည့်နှက်လျက်ရှိပြီး အားလုံးသော သူတို့သည့် အားကောင်းလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများပင်ဖြစ်၏။ ၎င်းတို့အားလုံးတို့သည် မတူညီသည့်ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ထားကြသောကြောင့် ကြယ်ပင်လယ်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ မဟုတ်သည်မှာ အသေအချာ ထင်ရှား၏။

ထိုသူများထဲတွင် ချမ်းမိသားစုလည်း ပါဝင်လို့နေခဲ့၏။ သို့ပေမဲ့ ရှေ့ဆုံးတွင် မတ်တပ်ရပ်လျက်ရှိ‌နေသည့် ချမ်းမိသားစု ခေါင်းဆောင်သည် အနည်းငယ် ကြောက်ရွံ့နေသည့်ပုံပေါ်၏။ မနေ့ကဖြစ်ပျက်ခဲ့သမျှကို သူက ကြားခဲ့၏။ သူသာ တည်ရှိမည်ဆိုပါက အိမ်စေကို တစ်ခါတည်း သတ်ဖြတ်မည် မဟုတ်ဘဲ မဟာမိတ် ခေါင်းဆောင်ကု စိတ်ကျေနပ်လောက်စေရန် သူသည် ရှစ်ပိုင်းလောက် ပိုင်းမိ ပေလိမ့်မည်။

သံသယရှိစရာမလိုပေ။ ကုထျန်းရှင်းသည် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီး တစ်ခုလုံးတွင် ကြီးမား လှသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ပင်ဖြစ်လို့နေခဲ့၏။

ဟုတ်ပေသည်။ ကုထျန်းရှင်းသည် အမြင် ကျဉ်းမြောင်းလှသည့် လူတစ်ယောကလည်း မဟုတ်ပေ။ မနေ့ကဖြစ်ပေါ်ခဲ့သည့် အခြေအနေအရဆိုလျှင် အိမ်စေကို သတ်ဖြတ်ရန်ပင် မလိုအပ်ချေ။ လာရောက် တောင်းပန်လိုက်ရုံနှင့် ပြီးဆုံးသွားမည့် ကိစ္စရပ်သာဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူများသည် သူ့ဘာသာသူ သတ်ဖြတ်ပစ်ခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ”

ကျွင်းချောင်ရှောင်းသည် အနားသို့ ဖြတ်သွားပြီးသည့်နောက် အိမ်စေတစ်ယောက်၏ အနားတွင် ရပ်တန့်ကာ မေးမြန်းလိုက်၏။

“အဓိက ဂိုဏ်းအသီးသီးက ရောက်လာပြီး မဟာမိတ်ခေါင်းဆောင်ကို ဂါဝရလာပြု ကြတာလေ”

“အင်း..နယ်မြေအရှင်နဲ့ နှိုင်းယှဉ်လို့ရတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်သည့် လူတစ်ယောက် ပီသတာပဲ။ တကယ်ကို ကြမ်းတယ်”

ကုန်းရှန့် ဤသို့ရေရွတ်လျက်ရှိတုန်းမှာပင် ကုထျန်းရှင်းသည် သူ၏သားနှင့်အတူ အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာခဲ့၏။ ပြီးနောက် ပြုံး၍လက်သီးကိုဆုပ်လိုက်သည်။ “ကျုပ်က မိသားစုဆီကို ခဏပြန်ပြီး လာလည်ကြတာပါ။ ဒီလိုမျိုး လူပေါင်းများစွာလာပြီး တွေ့စရာတောင် မလိုပါဘူး။

“………”

ကျွင်းချောင်ရှောင်း သည် ဆွံ့အသွားခဲ့၏။ “ဒါဆို ဘာလို့ အခု ခင်ဗျားသားကို လူမြင်ကွင်းဆီ ခေါ်ထုတ်လာတာလဲ။ ဒါက လက်ဆောင်တွေယူဖို့ ရည်ရွယ်ချက်နှင့် မဟုတ်လား”

သေချာပေ၏။ မိသားစုအသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ကု‌ထျန်းရှင်း ၏ အဓိပ္ပာယ်ကို နားလည်မိကြ၏။ မနေ့က သူတို့ကြားခဲ့ရသည့် အကြောင်းအရာများကို ပေါင်းစပ်ပြီးသည့်နောက် မဟာမိတ် ခေါင်းဆောင်နှင့် အတူပါလာခဲ့သည့် ကလေးလေးသည် မဟာမိတ်ခေါင်းဆောင်၏ ချစ်မြတ်နိုးလှသည့် သားတစ်ယောက်ဖြစ်သည်ကို ကောင်းကောင်းနားလည်မိကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ပါးစပ်နှင့် ချီးကျူးစကားပြောဆိုရုံတင်မက များပြားလှသည့် လက်ဆောင်များကိုလည်း အလုအယက် ပေးအပ် တော့သည်။ လက်နက်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရတနာဆေးလုံးများနှင့် စိတ်ဝိညာဉ် ကျောက်တုံးများ ပါဝင်လျက်ရှိနေ၏ ။ အရင်းအမြစ်များအားလုံးသည် ကုကျောင်းရှစ်ဆီသို့ ရောက်ရှိလာသည်။

ဤအရာသည် ကျွင်းချောင်ရှောင်း အား အမှန်ပင်မနာလိုဖြစ်စေခဲ့၏။ သူသည် ကြိတ်ကာ သက်ပြင်းပင် ချလိုက်မိ၏။ “အရမ်းအားကောင်းတဲ့ အဖေတစ်ယောက်ရှိတာ ဘယ်လောက်ကောင်းလဲကွာ”

“အင်း...အနာဂတ်မှာ ငါလည်း သားတစ်ယောက် ရအောင်ယူရမယ်။ ပြီးတော့ သူ့ကို ခေါ်ပြီးတော့ ရင်းနှီးတဲ့ ဂြိုဟ်အသီးသီး ခေါ်ပြီး လှည်ပတ်မယ်။ ဒါဆိုရင် လက်ဆောင်တွေနဲ့ ချမ်းသာနေလောက်ပြီ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ ဒီလောက်ထူထဲလှတဲ့ မျက်နှာအရေအခွံနဲ့ဆိုလျှင် ဒီလို အရှက်မဲ့တဲ့ အလုပ်ကိုလုပ်မှာပဲ။ အင်း.. ဒါပေမဲ့ ဒီကိစ္စက စိတ်ကူးတစ်ခုပဲဖြစ်နိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ မိန်းမစိုးတွေက ဘယ်လိုလုပ် ကလေးယူလို့ရမှာလဲ”

………………….

ကုကျောင်းရှစ်သည် စွမ်းအားဖြင့် ကျင့်ကြံသူတို့ အသီးသီးဆီမှ လက်ဆောင်အများအပြားကို ရရှိခဲ့၏။ ထိုအရာများအားလုံးသည် ဂိုဏ်းဆီသို့ မလွဲမသွေရောက်ရှိလာမှာပင်။ အချက်အလက်အားဖြင့် ကုထျန်းရှင်း သည် သူ၏သားအား ကောင်းမွန်လှသည့် အခြေခံကို တည်ဆောက်ထားပြီးသားဖြစ်၏။ များပြားလွန်း လှသော သဘာဝရတနာများသည် သူ့အတွက် အသုံးမဝင်လှချေ၊ လက်နက်ပစ္စည်းများ ဆိုသည်မှာလည်း အရေးမကြီးလှချေ။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းတွင် ကောင်းကင်လျှို့ဝှက်နယ်မြေ တည်ရှိ နေသောကြောင့်ပင်။ ထိုထဲသို့ ဝင်ရောက်မည်ဆိုပါက တကယ့် ထိပ်တန်း လက်နက်များကို ရယူနိုင်စွမ်း ရှိနေ၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ် ကပြောလိုက်သည်။ “ကျုပ်တို့ အပြင်ဘက်ကိုသွားပြီး လျှောက်သွားကြမလား”

“သွားကြရအောင်” ၎င်းတို့နှစ်ယောက်သည် အတူတူထွက်ခွာသွားခဲ့ကြ၏။

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့သည် ကြယ်ပင်လယ်တောင်တန်းပေါ်တွင် တည်ရှိ၏။ အနီးအနားတွင် ကြယ်ပင်လယ်မြို့ကလည်း တည်ရှိနေခဲ့၏။ လူဦးရေနှင့် အကျယ်အဝန်းအရ ပြောရမည်ဆိုလျှင် ကောင်းကင် ဖြတ်သန်းခြင်းလောက၏ ထိပ်တန်းမြို့များထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ကျွင်းချောင်ရှောင်း သည် ကုကျောင်းရှစ်နှင့်အတူ မြို့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် များပြားပြီး စည်းကားလှသောလူများကို မြင်ရလိုက်သည်။ သူသည် မနေနိုင်ဘဲ သက်ပြင်းချမိလိုက်၏။ “ထာဝရ လောကကြီးက ဒီလိုစည်းကားလှပတဲ့ မြို့ကြီးအဖြစ် ဘယ်အချိန်ဖြစ်လာမှာလဲ”

ထာဝရလောကကြီးသည် လက်ရှိအခြေအနေမှာ‌တော့ ဖွံ့ဖြိုး တိုးတက်ရန် ကြိုးစားနေတုန်းပင်။ မြို့များ သည်လည်း တစ်ခုပြီးတစ်ခု တည်ဆောက်လျက် ရှိနေပြီး မိသားစုကလန် အသီးသီးတို့သည်လည်း တစ်ခုပြီးတစ်ခု အားကောင်းအောင် ကြိုးစားလျက်ရှိနေကြ၏ သို့ပေမဲ့ ယခုကဲ့သို့ စည်းကားလှသည့် မြို့ကြီးများအဖြစ် ဖြစ်တည်ဖို့ဆိုသည်မှာ အချိန်အတော် ကြာမြင့်နေဦးမည်။

ကောင်းကင်နှင့်မြေကြီး၏ အားကောင်းလွန်းလှသော ဓာတ်သဘာဝများကို အမှီအခိုပြုရင်း အလုံးစုံသော အားအင်အဆင့်သည် မနှေးနှင့်အမြန်ဆိုသလို တိုးတက်လာမှာတော့ သေချာ၏။ ထို့အပြင် ကျွင်းချောင်ရှောင်း သည် ထိုကဲ့သို့ ပိုမိုတိုးတက်လာစေရန်အတွက် အကုန်ကျခံကာဖြင့် ရင်းနှီးမြုပ်နှံထားသည် မဟုတ်ပါလား။

……………..

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ ဌာနချုပ်သည် ကြယ်ပင်လယ်မြို့၏ အပြင်ဘက်တွင် တည်ရှိ၏ ။ မြို့ထဲတွင် တည်ရှိနေသော စစ်သည်တော်များအားလုံးသည် နိမ့်နိမ့်ချချနှင့် ယဉ်ကျေးသိမ်မွေ့လွန်းလှ၏ ၎င်းတို့ကို ကြည်ရသည်မှာ ပုံပျက်ပန်းပျက်နှင့် ရှုပ်ထွေးမနေကြချေ။

ကုန်းရှန့်နှင့် ကုန်းဝ တို့သည် နာရီအနည်းငယ်လောက် အဓိက လမ်းမပေါ်တွင် လှည့်ပတ်ကာ လျှောက်သွားခဲ့၏။ ပြီးသည့်နောက် စားသောက်ဆိုင် တစ်ခုထဲသို့ဝင်ရောက်ပြီး အရသာရှိလှသည့် အစားအစား နှင့် ဝိုင်များကို မှာယူကာ စားသောက်ကြ၏။

“အင်း... ပြိုင်ပွဲတည်နေရာမှာ တစ်စုံတစ်ယောက်က စိန်ခေါ်နေတာပဲ”

ရုတ်တရက် အော်ဟစ်သံ တစ်ခုသည် လမ်းမဆီမှ ထွက်ပေါ်လာသည်။

ဆွစ်………

ချက်ချင်းပင် လူစည်ကားလျက်ရှိနေသော လမ်းတစ်ခုလုံးသည် ပြောင်းရှင်းသွားခဲ့၏။ အားလုံးသောသူများ သည် အပျော်သဘောဖြင့် တိုက်ခိုက်ပွဲကို သွားကြည့်ကြပုံပင်။

ကျွင်းချောင်ရှောင်း က ဆွံ့အသွားမိ၏။ “တိုက်ခိုက်တာကို အရင်က မမြင်ဖူးဘူးလား”

“အစ်ကိုကြီး.... သွားကြည့်ကြရအောင်”

“သွားကြမယ်”

၎င်းတို့နှစ်ယောက်သည် လူပေါင်းများစွာတို့ ထွက်ခွာသွားသည့် တည်နေရာဆီကို အသာလှမ်းလျှောက် လိုက်၏။ မကြာခင် အချိန်မှာပင် လမ်း၏အစွန်း ကျယ်ပြန့်လှသော တည်နေရာ တစ်ခုတွင် လေးထောင့် ပုံသဏ္ဍာန် စင်မြင့်တစ်ခုကို မြင်လိုက်ကြရသည်။

အသက်နှစ်ဆယ်နီးပါးရှိသော လူငယ်နှစ်ယောက်သည် ထိုနေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ တစ်ယောက်သည် နောက်ကျောဘက်တွင် ဓားကို သယ်ပိုးထားပြီး တခြားသော တစ်ယောက်မှာတော့ ဓားမော့တစ်ချောင်းကို ကိုင်ထား၏။

“ကံကြမ္မာဓားစိမ်း.. စွေ့ရှင်းယွမ်”

“ထောင့်ဖြတ်ဓားမော့... ကွေ့ယုဟန်”

“ဒီနှစ်ယောက်လုံးက စကြဝဠာ နတ်တိုက်ပွဲအတွက် စာရင်းပေးထားတဲ့ လူတွေမဟုတ်ဘူးလား။ ဘာအကြောင်းမှ မရှိဘဲ ဘယ်လိုဖြစ်ပြီး ဒီမှာလာပြီး စိန်ခေါ်နေရတာလဲ”

“ဟမ်”

နေကြာစေ့ စားလျက်ရှိနေသည့် ကျွင်းချောင်ရှောင်း သည် ပြောလိုက်သည်။ “စကြဝဠာ နတ်တိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့်လူတွေလား”

စကြဝဠာ နတ်တိုက်ပွဲဆိုသည့်အကြောင်းအရာကို ကုထျန်းရှင်း ဆီမှ သူ ကြားခဲ့ပြီးဖြစ်၏ ထို့ကြောင့် သူ၏ တပည့်များကို ပါဝင်ယှဉ်ပြိုင်စေရန် စဉ်းစားခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ စကြဝဠာတစ်ခုလုံးအနှံ့ သွားလာခဲ့ပြီဖြစ်သော်လည်း မည်သည့်နေရာတွင် စာရင်းပေးသွင်းရမည်ကို သူ မသိရှိချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် ပေးသွင်းရန် အခွင့်အရေးလည်း မရသေးပေ။

“အစ်ကိုကြီး”

ကုကျောင်းရှစ် ၏ အမူအရာသည် လေးနက်သွားခဲ့၏။ “ဒီနှစ်ယောက်က တော်တော် အားကောင်းတယ်”

“အင်း… ဟုတ်တယ်” ကျွင်းချောင်ရှောင်း သည် ခေါင်းညိတ်လိုက်၏။ “နှစ်ယောက်လုံးက အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ရောက်နေတာပဲ”

“အဖေ့ဆီက ကြားရသလောက်ဆိုလျှင် စကြဝဠာ နတ်တိုက်ပွဲကို ပါဝင် ယှဉ်ပြိုင်တဲ့ သိုင်းကျင့်ကြံသူ အကုန်လုံးက အသက် ၃၀၀၀ ထက် မကျော်ရဘူးတဲ့။ သူတို့အားလုံးက အသက် ၃၀၀၀ တောင် မကျော်ဘဲနဲ့ ဒီအဆင့်ကို ချိုးဖြတ်ရောက်ရှိတယ်ဆိုတော့ ပထမတန်းစား ပါရမီရှင်တွေလို့ သုံးသပ်လို့ရမှာပေါ့” ကုကျောင်းရှစ် က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အင်း ဒီလောကကြီးမှာ ကံကောင်းတဲ့လူတွေက မနည်းဘူးလေ။ ဒီလိုလူတွေက ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ ပါရမီရှင်တွေ ဖြစ်သွားနိုင်တာပေါ့”

သူပင်လျှင် စနစ်ကို အားကိုးပြီး မြန်မြန်ဆန်ဆန် အဆင့်တက်နေသည် မဟုတ်ပါလား။ သို့ပေမဲ့ ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် သူထက်ပင် ပိုမိုကာ အားကောင်းလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများ ရှိနေမည်ကို သူက ယုံကြည်နေမိ၏။ မတွေ့ဆုံရသေးသောကြောင့် မမြင်ရသေးခြင်းပင်။

ဥပမာအားဖြင့် အခု စင်မြင့်ပေါ်တွင်ရှိနေသော လူငယ်နှစ်ယောက်ကို ကြည့်ရှုရမည်ဆိုလျင် အသက် ၃၀၀၀ တောင် မပြည့်သေးဘဲနှင့် ၎င်းတို့ကျင့်ကြံခြင်းအဆင့်သည် အသက်သောင်းချီ ရှင်သန်နေထိုင်ခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်၍ရနေခဲ့၏။ သူတို့သည် များပြားလွန်းလှသည့် အခွင့်အရေးနှင့် အမွေအနှစ်များကို ရရှိခဲ့ပုံလည်းပေါ်၏။

“ဒီတော့”

ကုကျောင်းရှစ် သည် တောက်ပသည့် အကြည့်ဖြင့် ပြောလိုက်သည်။ “စကြာဝဠာနတ်တိုက်ပွဲ ဆိုတာကို ပိုပိုပြီးတော့ တောင့်တလာပြီ”

သူ၏ သိုင်းပညာနှင့် ပတ်သက်သည့် လိုချင်လောဘသည် အဆုံးမဲ့လှ၏။ ထို့ကြောင့် သူ့ကိုယ်သူ စိန်ခေါ်ပြီး ပိုမိုအားကောင်းစေရန် မျှော်လင့်နေမိ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်သည်။ “ငါလည်းဒါကိုမျှော်လင့်မိတယ်။ ဒါပေမဲ့ ကံဆိုးတာက ငါ့ဆီမှာ အခွင့်အရေး မရှိဘူးပဲ”

အတိတ်တုန်းက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဂိုဏ်းပြိုင်ပွဲများ၊ နဂါးကျားတိုက်ပွဲများနှင့် အားလုံးတို့သည် အစီအစဉ်တကျ ကျင်းပလျက်ရှိနေသည်ဆိုသော်လည်း ကုန်းရှန့် သည် ဘေးတစ်ဘက်မှ ထိုင်ကာ ကြည့်ရှု ခဲ့ရ၏။ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှ ပါဝင်မယှဉ်ပြိုင်ခဲ့ရချေ။

သူဖတ်ရှုပြီးသော ဝိညာဉ်ကူးပြောင်းလာသည့် ဝတ္ထုများထဲမှ မင်းသားများဆိုလျှင် များပြားလှသော သိုင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဘဝကို ကြိုးစားခဲ့ရ၏။ သူ၏ ဘဝမှာတော့ မပြည့်စုံခဲ့သလိုပင်။ ကုန်းရှန့် သည် ဂိုဏ်းချုပ် တစ်ယောက်ဖြစ်လို့နေခဲ့၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ဝိညာဉ် ကူးပြောင်း ရောက်ရှိလာခဲ့ပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းကို အမွေဆက်ခံခဲ့ရ၏။ ထို့ကြောင့် သူ၏ တည်ရှိမှုသည် သာမန်လူများထက် ပိုမိုကာထူးခြားခဲ့၏။

“ငါ သိုင်းပြိုင်ပွဲတစ်ခုခုကို ဝင်ပြီးပြိုင်ချင်လိုက်တာ” ကျွင်းချောင်ရှောင်း က ပြောလိုက်မိသည်။

စနစ်က ပြောလိုက်၏ ။ “မင်းက သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ချင်တာ မဟုတ်ဘူး။ မင်းက ဟန်ထုတ်ချင်တာ”

……………..

ဘုန်း ဘုန်း

စင်မြင့်ပေါ်မှာတော့ စွေ့ရှင်းယွမ် နှင့် ကွေ့ယုဟန် တို့သည် တိုက်ခိုက်လျက်ရှိနေ၏ ။ တစ်ယောက် သည် ဓားကို အသုံးပြု၍ အခြားတစ်ယောက်သည် ဓားမော့ကိုအသုံးပြုနေ၏။ တိုက်ခိုက်ပွဲသည် ပြင်းထန် လွန်းသောကြောင့် လက်နက်ချင်း ထိတွေ့သည် မီးပွားများပင် ထွက်ပေါ်လျက်ရှိနေ၏ ။

ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့သည် တိုက်ပွဲတစ်ခုလုံးကို သေသေချာချာ ကြည့်ရှုရင်း စိတ်ထဲမှာ ရေရွတ်လျက်ရှိနေမိသည်။ ဒီလူတွေက သာမန်ထိပ်ဆုံးအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတွေတောင် မဟုတ်ပါလား။

“ဒုတိယစီနီယာအစ်ကို”

ရှောင်ကျီက ပြောလိုက်၏။ “သူတို့က အရမ်းအားကောင်းတယ်။”

တိုက်ခိုက်ပွဲ မစခင်မှာပင် ကျွင်းချောင်‌ရှောင်းသည် သူ၏လက်ရွေးစင်တပည့်များကို လှမ်းကာခေါ်ခဲ့၏။ ထို့အပြင် အသက်တူညီလှသည့် တိုက်ခိုက်သူများကို ကြည့်ရှုခြင်းအားဖြင့် တစ်စုံတစ်ခု ရရှိနိုင်မည် မဟုတ်ပါလား။

“ဟမ့်”

ရီရှင်းချန် ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။

စင်မြင့်ပေါ်ရှိတိုက်ခိုက်နေမှုများသည် ပိုမိုကာ ပြင်းထန်လာခဲ့၏။ တစ်နာရီလောက် ကြာပြီးသည့်နောက် ကွေ့ယုဟန် သည် စွေ့ရှင်းယွမ် ကို အနောက်ဘက်ဆီသို့ရောက်အောင် တိုက်ခိုက်ပြီး အနိုင်ယူခဲ့လေသည်။

“အံ့အားသင့်စရာပဲ။ ဒီခုတ်ပိုင်းချက်က တကယ်ကြောက်ဖို့ကောင်းတယ်” အားလုံးသော သူတို့သည် စတင်ကာ ဆွေးနွေးလျက်ရှိနေ၏။

“အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ” ကွေ့ယုဟန် သည် သူ၏ ဓားမော့ကို သိမ်းဆည်းပြီးသည့်နောက် စင်မြင်ပေါ်၌ ထွက်ခွာသွားရန် လှည့်လိုက်သည်။

သို့ပေမဲ့ သူခြေတစ်လှမ်းသာ လှမ်းရသေးသည့်အချိန်မှာပဲ အဝေးတစ်နေရာဆီမှ တစ်စုံတစ်ယောက်သည် စင်မြင့်ပေါ်သို့ ခုန်တက်လာ၏။ ပြီးနောက် အေးစက်စက်ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်တိုက်မယ်”

“ဂိုဏ်းချုပ်”

လီချင်းယန် က ထအော်လိုက်သည်။ “ဂျူနီယာညီလေးရီ အပေါ်တက်သွားပြီ”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်၏။ “ရှင်းချန်ကိုကြည့်ရတာ ပွဲကို ကြည့်ရင်း အားမရတဲ့ပုံပေါ်တယ်။ သွားပါစေတော့”

All Chapters