← Chapters

အခန်း ၁၇၉၁

Vol. 120 Ch. 1791

အခန်း ၁၇၉၁

Vol. 120 Ch. 1791

အပိုင်း (၁၇၉၁)

စွေ့ရှင်းယွမ်နှင့် ကွေ့ယုဟန် တို့သည် ကောင်းကင်ဖြတ်သန်းခြင်းလောကတွင် ထိပ်တန်းပါရမီရှင်များဟု သတ်မှတ်နိုင်၏။ ၎င်းတို့အားလုံးသည် စကြဝဠာနတ်တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူများလည်း ဖြစ်လို့နေခဲ့၏။ ၎င်းတို့၏ အားအင်အဆင့်သည် သာမန်ထက် ပိုလွန်းလှ၏။ ထို့ကြောင့် ရီရှင်းချန် အနေနှင့် ၎င်းတို့၏ တိုက်ခိုက်မှုကို ကြည့်ရှု့ရင်း သွေးများ ဆူဝေ လာခဲ့သည်။ မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့သောကြောင့် စင်မြင့်ပေါ်သို့ ခုန်တက်ကာ စိန်ခေါ်ခဲ့ခြင်းပင်။

“နေအုံး ... ကျုပ်ကို အသက်ရှုချိန်လေးတောင် မပေးတော့ဘူးလား”

ညအင်ပါယာသည် တစ်စုံတစ်ခုကို နားလည်သွားမိ၏။ ထို့ကြောင့် ထပ်ကာပြောလိုက်မိ၏။ “ဟုတ်ပြီ။ ခင်ဗျား ရက်အနည်းငယ်လောက် နားလို့ရပါတယ်”

“ကောင်းပြီ”

ကွေ့ယုဟန် ကပြောလိုက်သည်။ “နောက်သုံးရက်ကြာပြီးလို့ ရှိရင် ခင်ဗျားနဲ့ကျုပ် ဒီမှာ တိုက်ခိုက်ကြမယ်”

သူသည် အနိုင်ရရှိခဲ့သည်လျှင်ဆိုရင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို အလွန်အကျွံ အသုံးပြုခဲ့ရ၏။ ထို့ကြောင့် အားမွေးရန် အချိန်လိုအပ်နေသေး၏။

ရီရှင်းချန် သည် စင်မြင့်ပေါ်မှ အသာခုန်ချလိုက်သည်။ “ သွားကြရအောင်”

ကျွင်းချောင်ရှောင်းသည် အားလုံးသော သူများနှင့်အတူ ထွက်ခွာသွားခဲ့ကြ၏။

“ဒီလူ ဘယ်သူလဲ။ ကွေ့ယုဟန် ကိုတောင် ဘယ်လိုဖြစ်ပြီး စိန်ခေါ်ရဲရတာလဲ။ သူ့ကို ကြည့်ရတာ မရင်းနှီးဘူး။ ဒီက ဟုတ်ပုံမပေါ်ဘူး”

“ဟိုကောင့်စောက်ရုပ်ကိုလည်း ကြည့်လိုက်အုံး။ မျက်နှာတစ်ခုလုံးက သူ့ဆီက အကြွေးယူထားရတဲ့ရုပ်”

အပြင်ဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် စတင်ကာ ဆွေးနွေးလျက်ရှိနေ၏။ ကွေ့ယုဟန် သည် မောက်မာလွန်းသည့် လူတစ်ယောက်၏ နောက်ကျောဘက်ကို ကြည့်ရှု့ရင်း လေးနက် တည်ကြည်စွာ ပြောလိုက်သည်။ “ဒီလူရဲ့ အားအင်အဆင့်က မရိုးရှင်းဘူးပဲ။ သုံးရက်ကြာပြီးရင် အရမ်းကိုခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မှာပဲ”

တခြားသောသူများဆိုပါက သူသည် စိန်ခေါ်မှုကို လက်ခံလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရီရှင်းချန် တက်လာသည့်အချိန်တွင် တစ်ဖက်လူ၏အော်ရာနှင့်မျက်လုံးများသည် အလွန်ပင်စူးရှလွန်းလှ၏။ ထို့ကြောင့် တိုက်ခိုက်ရန် အကြံအစည်ကို ရရှိခဲ့ခြင်းပင်။

ကြယ်ပင်လယ် မဟာမိတ်အဖွဲ့

ကုထျန်းရှင်း သည် အဓိကဟောခန်းထဲ ထိုင်လျက်ရှိနေပြီး စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ “မင်းရဲ့တပည့်က ကွေ့ယုဟန် ကို စိန်ခေါ်ခဲ့တယ်လို့ ငါကြားခဲ့တယ်”

“ဟုတ်တယ်” ကျွင်းချောင်ရှောင်း ကပြောလိုက်သည်။

“အဲဒီ ကွေ့ယုဟန် က ကောင်းကင်ဖြတ်သန်းခြင်း လောကရဲ့ထိပ်တန်းပါရမီရှင်ထဲက တစ်ယောက်ပဲလေ။ သူ့ရဲ့ ဓားမော့နည်းစနစ်က တကယ့်ကို အားကောင်းတယ်”

ကုထျန်းရှင်း က ပြောလိုက်သည်။ “မင်းရဲ့ တပည့်အနေနဲ့ သူ့ကိုအနိုင်ယူနိုင်ဖို့ဆိုရင် အရမ်းကို ခက်ခဲမှာ စိုးရတယ်”

“သူတို့နှစ်ယောက်က မတိုက်ခိုက်ရသေးဘူးလေ။ ဦးလေးကု ဒီတော့ အဖြေစောမထုတ်ပါနဲ့အုံး” ကုန်းရှန့်သည် ပြုံးကာ ပြောလိုက်၏။

ယခင်တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်ပွဲကို ကြည့်ရှု့ပြီးသည့်နောက် ကွေ့ယုဟန် သည် အမှန်ပင် အလွန်အားကောင်းလှသည့် လူတစ်ယောက်ဖြစ်ကြောင်း မငြင်းနိုင်ချေ။

သာမန်အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံသူ တစ်ယောက်လို မဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းထဲတွင် ရှိနေသော တပည့်များသည်လည်း သာမန်မဟုတ်ပေ။ ယခုတိုက်ခိုက်ရန် စာရင်းပေးသွင်းခဲ့သည့် ရီရှင်းချန် ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။

“ဂိုဏ်းချုပ်ကျွင်းက ကောင်းကင်ဖြတ်သန်းခြင်းလောကကို အခုမှ ရောက်ဖူးတာပဲ။ ဒါပေမဲ့ တပည့် တစ်ယောက်ကိုတောင်မှ ထိပ်တန်းပါရမီရှင်ကို စိန်ခေါ်ဖို့ ခိုင်းစေနိုင်နေပြီ။ သတ္တိကတော့ ဩချလောက်တယ်”

မဟာမိတ် ဒုတိယခေါင်းဆောင်ဖန်းက ပြောလိုက်၏။

အထက်ပိုင်းအကြီးအကဲများသည် ပြုံးလျက်ရှိနေ၏။ ဘာတစ်ခုမှ မပြောလှချေ။ သို့ပေမဲ့ တစ်ဖက်လူမျာ၏ အမူအရာကို ကြည့်ရှု့ပြီးသည့်နောက် ၎င်းတို့အားလုံးသည် ရီရှင်းချန် ကို အထင်မကြီးကြောင်း ကျွင်းချောင်ရှောင်း က ကောင်းကောင်းသိလို့နေသည်။

နားလည်နိုင်ပေ၏။ ထို့အပြင် တစ်ဖက်လူများသည် ကောင်းကင်ဖြတ်သန်းခြင်းလောကမှ သိုင်းကျင့်ကြံသူများဖြစ်လို့နေခဲ့၏။ ထို့ကြောင့် ကွေ့ယုဟန် ကို ရင်းနှီးလျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် သူ၏ တပည့်များအထင်မကြီးခြင်းမှာ သာမန်သာ ဖြစ်ပေလိမ့်မည်။

…….

“ရှင်းချန်”

နားနေရာ အိပ်ဆောင်ဆီသို့ ပြန်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရီရှင်းချန် ကို လှမ်းခေါ်ကာဖြင့် လေးလေးနက်နက်ပြောလိုက်၏။ “သုံးရက်ကြာရင် တိုက်ခိုက်မယ့် တိုက်ပွဲမှာ မင်းအနေနဲ့ ပြိုင်စံရှားဂိုဏ်းအတွက် ဂုဏ်သိက္ခာကြီးမားအောင် ပြုလုပ်ရလိမ့်မယ်”

ကုန်းရှန့်သည် တခြားသောသူများ၏ အထင်အမြင်ကို ဂရုစိုက်တတ်သည့် လူတစ်ယောက် မဟုတ်ဘူး ဆိုလျှင်တောင်မှ အထင်အမြင်သေးခြင်းကိုတော့ လက်ခံတတ်သည့် လူတစ်ယောက်မဟုတ်ချေ။ ထို့ကြောင့် ကျိန်းသေပေါက် သာမန်ပုံစံ လက်ရည်စမ်းပွဲတစ်ခုသည် ဂုဏ်သိက္ခာများပါဝင်လျက်ရှိနေသည့် တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ရီရှင်းချန် အား ခေါ်ယူကာ သတိပေးခဲ့ခြင်းပင်။

“နားလည်ပါပြီ” ရီရှင်းချန်၏ လေသံသည် အေးစက်လျက်ရှိနေ၏။

………

သုံးရက်ကြာမြင့်ပြီးသည့်နောက် သိုင်းကျင့်ကြံသူများအားလုံးသည် ကြယ်ပင်လယ်မြို့၏ တိုက်ခိုက်ရေး တည်နေရာတွင် စုဝေးလျက်ရှိနေ၏။ ကွေ့ယုဟန် သည် ကောင်းကင်ဖြတ်သန်းခြင်းလောကတွင် အတော် ကျော်ကြားလွန်းလှ၏။ သူနှင့် တိုက်ခိုက်မည်ဆိုသောကြောင့် ပွဲကြည့်ပရိတ်သတ် အများအပြားသည် ရောက်ရှိလာခဲ့သည်။

ဖောက်.. ဖောက်…

လီချင်းယန် နှင့် တခြားသောလူများအားလုံးသည် တူညီသော ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ရင်း ရောက်ရှိ လာခဲ့ကြ၏။ ၎င်းတို့သည် နှစ်တန်းအဖြစ် စီတန်းရပ်တန့်ပြီးသည့်နောက် လက်ကိုနောက်ပစ် ရင်ကို ကော့ကာဖြင့် မတ်မတ်ရပ်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် သိုးမွှေးဝတ်စုံကြီးကို ဝတ်ဆင်လာခဲ့ပြီး နေကာမျက်မှန်နှင့်အတူ ပါးစပ်ထဲတွင် ဆေးပြင်းလိပ်ကြီးကို ခဲကာလမ်းလျှောက်လာခဲ့၏။

ရွှီး

ရှောင်ကျီ သည် ထိုင်ခုံတစ်ခုကို လျှင်လျှင်မြန်မြန်နှင့် ထုတ်ယူကာ ချပေးလိုက်သည်။

“……….”

အားလုံးသော သူ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိ၏။ မည်ကဲ့သို့သော ပုံစံနှင့် လာရောက်ကာ ပွဲကြည့် လေသနည်း။ မည်သို့ပင်ကြည့်ကြည့် အချိုးမပြေလှချေ။

“သူပဲ။ ငါတို့ ယုဟန် ကို စိန်ခေါ်တာ သူပဲ”

ကလေးမလေးတစ်ယောက်သည် ရီရှင်းချန် အား အငြိုးအတေးများတည်ရှိနေသည့် မျက်လုံးအစုံဖြင့် စူးစိုက်ကာ ကြည့်ရှု့လျက်ရှိ၏။

“ဟမ့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ”

သူမ၏ ဘေးတွင်ရှိနေသော မိန်းကလေးသည် အေးစက်စက် ပြောလိုက်၏။ ထိုသူများအားလုံးသည် ကွေ့ယုဟန် ၏ ပရိတ်သတ်များပင် ဖြစ်သည်။

“ဟေး ဟေး..”

တစ်စုံတစ်ယောက်သည် အလိုမကျသလို လှမ်းကာပြောလိုက်၏။ “အကို ယုဟန် က ဘယ်တုန်းက မင်းရဲ့ ယုဟန် ဖြစ်သွားရတာလဲ”

“အင်း ဟုတ်ပြီ။ အကို ယုဟန် က အားလုံးပိုင်တာပဲလေ။ လူတစ်ယောက်ထဲမှ ပိုင်တာမဟုတ်ဘူး” ကွေ့ယုဟန် ၏ အမျိုးသမီး ပရိတ်သတ်များသည် ရန်ဖြစ်လျက်ပင် ရှိနေသည်။

အခြေအနေကို ကြည့်ရှုရမည် ဆိုလျှင် အနီးအနာတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိုအရာကို အနည်းငယ်တော့ အသားကျနေပုံ ပေါ်၏။ ထို့ကြောင့် သာမန်ပုံစံကဲ့သို့ မထူးဆန်းသလိုပင်။

ဝှစ်..

ထိုအချိန်မှာတော့ သက်တန့်ရောင်အလင်းတန်းများသည် ပျံသန်းလာခဲ့ပြီးသည့်နောက် စင်မြင့်ပေါ်သို့ ကျဆင်းလာ၏။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ကွေ့ယုဟန်သည် ဓားကို လက်ထဲတွင် ကိုင်ကာ မတ်မတ်ရပ်လျက်ရှိ၏။ လေပြေညှင်းများသည် တိုက်ခတ်လျက်ရှိနေပြီး ၎င်း၏ ဆံနွယ် များသည် လေထဲတွင် လွင့်မျော လျက်ရှိနေ၏။

“ယုဟန် ”

“ယုဟန်”

အမျိုးသမီးပရိတ်သတ်များသည် အားရပါးရ အားပေးလျက်ရှိနေကြ၏။ ၎င်းတို့၏ အသံများသည် စူးရှလွန်းသောကြောင့် အနီးအနားတွင် ရှိနေသော သိုင်းကျင့်ကြံသူများမှာ နားကိုပင်အုပ်ကာ ထားရလေသည်။

“………..”

ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိနေ၏။ သူသည် ဟိတ်ကြီးဟန်ကြီးနှင့် လူပေါင်းများစွာတို့၏ အထင်ကြီးမှုကို ရရှိအောင် မနည်းဇာတ်တိုက်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမယ့် တစ်ဖက်လူသည် သူ့ထက်ပိုမိုကာ ထင်ရှားလျက်ရှိနေ၏။

“မဖြစ်သေးဘူး။ နောက်တစ်ကြိမ်ကျရင် ငါသေသေချာချာစီစဉ်ရမယ်။ တပည့်တွေကို ငါ့ပရိတ်သတ် ယောင်ဆောင်ပြီး အားရပါးရအော်ခိုင်းမယ်။ အကျယ်ဆုံး အော်နိုင်တဲ့သူကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆုချမယ်ကွာ”

ရွှီး..

ကွေ့ယုဟန် သည် တိုးတိုးနေဆိုသည့် အမူအရာမျိုးကို ပြုလုပ်လိုက်၏။ ချက်ချင်းပဲ အားရပါးရ အော်ဟစ်လျက်ရှိနေသည့် ပရိတ်သတ်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ တချို့ဆိုလျှင် ကွေ့ယုဟန်် ၏ ချောမောလှသော ဤအပြုအမှုကို အသည်းယားဟန်ဖြင့် ရင်ဘတ်ပေါ်သို့ လက်တင်ကာ မျက်နှာတစ်ခုလုံး ပြုံးလျက်ရှိနေသေး၏။

“ဟမ့်”

ရီရှင်းချန်သည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ တိုက်ဆိုင်စွာဖြင့် ထိုကဲ့သို့ ပြုလုပ်သည့်အချိန်တွင် အမျိုးသမီးပရိတ်သတ်တစ်ဦးက သူ့အားလက်ညှိုးထိုးကာ ဆူငေါက်လိုက်၏။ “ငါတို့ အကိုယုဟန် အနေနဲ့ ဒီလိုအခြေအနေမျိုးဖြစ်အောင် ဘယ်လောက်တောင် အလုပ်ကြိုးစားခဲ့ရတာလဲ ရှင်သိလား။ ရိုင်းစိုင်းတဲ့အပြုအမှုမျိုး မလုပ်ပြနဲ့”

“သူဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာကို ကျုပ်မသိဘူး”

ရီရှင်းချန်သည် စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း လျှောက်လာပြီးသည့်နောက် အေးစက်စက်အကြည့်ဖြင့် ပြောလိုက်သည်။ “သူမကြာခင် ရှုံးတော့မယ်ဆိုတာပဲ ကျုပ်သိတယ်”

“………..”

ကွေ့ယုဟန် သည် မျက်မှောင်ကုတ်သွားမိ၏။ လက်ရှိအခြေအနေမှာတော့ အလွန်အားကောင်းလှသည့် ဒေါသတရားများသည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့၏။

ရီရှင်းချန် သည် စင်မြင့်၏ ရှေ့တွင် မတ်မတ်ရပ်လိုက်ပြီးသည့်နောက် သူ၏ ရှေ့တွင် ပုဆိန်ကြီးကို ထားလိုက်၏။ ပြီးနောက် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ “လာခဲ့ တိုက်ခိုက်ရအောင်”

“ကျေးဇူးပြုပြီး” ကွေ့ယုဟန် သည် လက်သီးကို ဆုပ်လိုက်၏။

………

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့

အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် တောင်ထွတ်ပေါ်တွင် ရပ်လျက်ရှိနေပြီး သူတို့၏ စိတ်ဝိညာဉ် အာရုံများကို ဖြန့်ကျက်ကာ တိုက်ပွဲကို ကြည့်ရှုနေ၏။ “ကွေ့ယုဟန် က အရင်ကထက် ပိုပြီး အားကောင်းလာတဲ့ပုံပဲ”

“အင်း.. သူက နက်နဲဓားနည်းစနစ်ကို အဆင့်သုံးဆင့်ထက်ပိုပြီးတော့ နားလည်လာခဲ့ပြီတဲ့။ လူငယ်မျိုးဆက် တွေက ငါတို့ကို အချိန်တန်ရင် ကျော်ဖြတ်သွားတော့မှာပဲ”

“အင်း... ဒီလိုသာ ဆိုရင် ပြိုင်စံရှားဂိုဏ်းရဲ့တပည့်ကလည်း မျှော်လင့်ချက်မရှိတော့ဘူး”

“တကယ်လို့ ကွေ့ယုဟန် ကသာ အဲဒီ နက်နဲသိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုမယ်ဆိုရင် တစ်ဖက်လူက တိုက်ကွက်နှစ်ဆယ်တောင်မှ ခံနိုင်မယ်မထင်ဘူး”

ကြယ်ပင်လယ် မဟာမိတ်အဖွဲမှ အထက်ပိုင်း အကြီးအကဲများသည် ဆွေးနွေးလျက်ရှိနေ၏။ သူတို့အတွက် ကွေ့ယုဟန် ဆိုသည်မှာ ကောင်းကင်ဖြတ်သန်းခြင်းလောက၏ မျှော်လင့်ချက်များထဲမှ တစ်ခုပင်ဖြစ်တော့၏။ တစ်ဖက်လူသည် နောင်ဆယ်နှစ်ကြာလျှင်တိုက်ခိုက်မည့် စကြဝဠာ နတ်တိုက်ပွဲတွင် ကောင်းမွန်လှသည့် ရလဒ်ကို ရယူပေးနိုင်မည့် သူလည်းဖြစ်လို့နေ၏။

ဟုတ်ပေ၏။ ဤတိုက်ပွဲသည် များပြားလွန်းလှသော မျိုးဆက်အသီးသီးဆီမှ ကျွမ်းကျင်သူများအားလုံး၏ အာရုံစူးစိုက်မှုကို ရရှိလျက်ရှိ၏။ အားလုံးသော သူတို့သည် ကိုယ်တိုင်ကိုယ်ကျ ပွဲကို လာရောက်ကြည့်ရှု ကြသည် မဟုတ်သော်လည်း အဝေးတစ်နေရာဆီမှ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှု နေကြသည်။

………

တိုက်ခိုက်ရေး တည်နေရာအတွင်းမှာတော့ .....

“အရင်တိုက်ပါ” ကွေ့ယုဟန် က ပြောလိုက်သည်။

ရီရှင်းချန်သည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “ခင်ဗျား အရင်ဆုံးတိုက်ခိုက်မှ ဖြစ်လိမ့်မယ်။ ကျုပ်အရင်တိုက်မယ်ဆိုရင် ခင်ဗျား ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရဖြစ်သွားမယ်”

ဤစကားစုသည် အမှန်ပင် မောက်မာလွန်းလှ၏။ ချက်ချင်းပဲ ကွေ့ယုဟန်၏ ဖန်များကို ဒေါသထွက်စေခဲ့သည်။

“ကောင်းပြီ”

ကွေ့ယုဟန် သည် ခေါင်းကို ခါရမ်းကာ ပြောလိုက်မိ၏။ “ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်”

ချလွမ်

ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့၏။

“နက်နဲဓားနည်းစနစ်”

ကွေ့ယုဟန် သည် တစ်ဖက်လူမှာ သာမန်ထက်ပိုပြီး အားကောင်းလှသည်ကို သိရှိပြီး ဖြစ်သောကြောင့် သူ၏ အားအကောင်းဆုံးသော ဓားနည်းစနစ်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

ရွှီး..

ရီရှင်းချန် သည် ခန္ဓာကိုယ်ကို လှုပ်ရှားရင်း ဓားလှိုင်းများကို ရှောင်ရှားလျက်ရှိ၏။

ရွှီး ရွှီး

ထိုအချိန်မှာပဲ ကွေ့ယုဟန် သည် သူ၏ ဓားနှင့် ထပ်တလဲလဲတိုက်ခိုက်နေ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် ဓားအလင်းတန်းများနှင့် ပြည့်နှက်လျက်ရှိနေသည်။

“ထင်ထားတဲ့အတိုင်ပဲကိုး”

ဒုတိယခေါင်းဆောင်ဖန်သည် အံ့အားသင့်စွာဖြင့်ပြောလိုက်၏။ “ဒီကောင်လေးက နက်နဲဓားနည်းစနစ်ရဲ့ တတိယအဆင့်ကို နားလည်နေပြီပဲ။ နက်နဲဓားနည်းစနစ်ကို ထုတ်ပြီး သုံးလိုက်မယ်ဆိုရင် ဆက်တိုက်တိုက်ခိုက်မှုတွေ ပြုလုပ်ရမယ်။ ပြိုင်စံရှားဂိုဏ်းတပည့်က အဲဒီ ဓားတိုက်ကွက်တွေထဲမှာ ပိတ်မိပြီး နောက်ဆုံးတော့ ရှုံးသွားမှာပဲ”

အကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်သည်။ “အင်း အခုလဲ ပိတ်မိနေပြီလေ။ ဒီကောင်လေး နောက်ဆုတ်လို့ မရနိုင်တော့ဘူး”

တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ရီရှင်းချန်သည် အလွန်အားကောင်းပြီး များပြားလွန်းလှသော ဓားလှိုင်း များကို ရင်ဆိုင်နေရ၏။ သို့ပေမဲ့ သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရှောင်ရှားလို့နေ၏။

“ပြီးသွားပြီပဲ” ဒုတိယခေါင်းဆောင်ဖန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိသည်။

ဘုန်း

ထိုအချိန်မှာပဲ ကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့၏။ ကောင်းကင်ယံတွင် ဖြစ်နေသော ဓားလှိုင်းများသည် ပျောက်ကွယ်သွားခဲ့၏။ ကွေ့ယုဟန် သည် အနောက်ဆီသို့ အသာလှမ်းဆုတ်လိုက်၏။ ပြီးသည့်နောက် စင်မြင့်ပေါ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။

မှန်ပေသည်။ ပြီးသွားပြီ ဖြစ်သည်။

ကွေ့ယုဟန် ပြုတ်ကျသွားသည့်အချိန်တွင် ပတ်ဝန်ကျင်တည်နေရာကြီး တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။

“ဒါ….” ဒုတိယခေါင်းဆောင်ဖန်၊ အကြီးအကဲနှင့် တခြားသောသူများအားလုံးတို့သည် ဆွံ့အလျက်ရှိနေ၏။

ကွေ့ယုဟန် ကိုအားပေးလျက်ရှိနေသည့် အမျိုးသမီးပရိတ်သတ်များအားလုံးသည် အားလုံးတို့၏ အမူအရာများသည် အေးခဲလျက်ရှိနေ၏။ သူတို့သည် အားပေးမှုကိုပင် သေသေချာချာ မပြုလုပ်ရသေးချေ။ သူတို့၏ ကွေ့ယုဟန် သည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

“မဟုတ်သေးဘူး…. ဒါအစစ်မဟုတ်ဘူး။ အိမ်မက်မက်နေတာပဲဖြစ်ရမယ်”

All Chapters