အခန်း ၁၇၉၂
Vol. 120 Ch. 1792
အပိုင်း(၁၇၉၂)
ဒုတိယမဟာမိတ်ခေါင်းဆောင်ဖန်းပြောသည်မှာ အမှန်ပင်ဖြစ်၏။ လက်ရည်ယှဉ်ပြိုင်ပွဲသည် အဆုံးသတ် သွားခဲ့ပြီဖြစ်သည်။ သိုပေမဲ့ ရှုံးနိမ့်သွားသည့်သူမှာ ရီရှင်းချန်မဟုတ်ဘဲ ကွေ့ယုဟန် ဖြစ်လို့ နေခဲ့၏။
ကြယ်ပင်လယ်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူများအားလုံးသည် ဤကဲ့သို့ဖြစ်လာမည်ဟု မထင် မှတ်ခဲ့ကြချေ။
“မယုံနိုင်စရာဘဲ။ သူ ဘယ်လိုလုပ်လိုက်တာလဲ”
ပထမအကြီးအကဲနှင့် တခြားသောသူများသည် တုန်လှုပ်လျက်ရှိနေ၏။ ၎င်းတို့သည် ကွေ့ယုဟန် ရှုံးနှိမ့်မှုကို လက်ခံနိုင်၏။ သို့ပေမဲ့ လက်မခံနိုင်ခဲ့ခြင်းမှာ တစ်ဖက်လူသည် နက်နဲဓားနည်းစနစ်ကို ထွင်းဖောက်နိုင်ရုံသာမက လက်သီးဓားတစ်ချက်နှင့် အနိုင်ယူခဲ့သောကြောင့်ပင်။
“အမှိုက်”
စင်မြင့်ပေါ်တွင် ရပ်တန့်လျက်ရှိနေသည့် ရီရှင်းချန်သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ ဤစကားစုသည် နားထောင်ရသည်မှာ မနှစ်သက်ဖွယ်ရာဖြစ်သည်ဆိုသော်လည်း ညအင်ပါယာသည် ဤကဲ့သို့သော စကားများကို ပြောဆိုရန်အတွက် အခွင့်အရေးရှိသူ တစ်ယောက်ဖြစ်ကြောင်း မငြင်းပယ်နိုင်ချေ။
သူ၏ အပြုအမှုနှင့် အပြောအဆိုတို့သည် ကြယ်ပင်လယ် မဟာမိတ်အဖွဲ့ဆီမှ ကျွမ်းကျင်သူများအားလုံး၏ မျက်နှာကို ပိတ်ရိုက်လိုက်သလိုပင်။ ထို့အပြင် ကွေ့ယုဟန်၏ ပရိတ်သတ်များကိုလည်း ပါးပိတ် ရိုက်ခဲ့ခြင်းပင်။
“ကြည့်စမ်း... မင်းတို့ရဲ့လူကို ငါတိုက်ခိုက်ချက် တစ်ခုတည်းနဲ့ အနိုင်ယူခဲ့တာ”
လက်ရှိ အခြေအနေ မှာတော့ ထိုပရိတ်သတ်များသည်သာ ဆိုးဆိုးဝါးဝါး အားပေးနေသည်သာ မဟုတ်ပါက ရီရှင်းချန် သည် တစ်ဖက်လူကို ညှာတာစွာဖြင့် သိုင်းကွက် သုံးလေးကွက်လောက်ထိ ဆွဲကာ တိုက်ခိုက်မိပေလိမ့်မည်။ တစ်ဖက်ပရိတ်သတ်များသည် ဆိုးဝါးလှသည်ဖြစ်သောကြောင့် အမြင်ကတ်ကတ်ဖြင့် တချက်တည်း တိုက်ခိုက်ကာ အနိုင်ယူခဲ့ခြင်းပင် ဖြစ်၏ ။
“ခင်ဗျား အရမ်းအားကောင်းတယ်။ ကျုပ် ရှုံးနိမ့်တာ ဝန်ခံပါတယ်” ကွေ့ယုဟန် သည် ရင်ဘတ်မှ နာကျင်မှုကို အောင့်အီးသည်းခံကာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည် ။
ရီရှင်းချန် သည် မည်သည့်စကားကိုမျှ မဆိုချေ။ အသာလှည့်ကာဖြင့် စင်မြင့်အောက်သို့ လျှောက်ဆင်းသွား ခဲ့၏။ သူသည် အမှန်ပင်စိတ်ပျက်လျက်ရှိနေ၏။ တစ်ဖက်လူသည် အားကောင်းလိမ့်မည်ဟု သူက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ သူ၏ ပြိုင်ဘက်ဟု သတ်မှတ်နိုင်ခြင်းမရှိသည်ထိ ညံ့ဖျင်းလွန်းခဲ့သည်။ ထို့ကြောင့် စိတ်ပျက်နေမိခြင်းပင်။
ထားလိုက်ပါတော့။ ဂိုဏ်းဆီသို့ ပြန်ရောက်သည့်ချိန်တွင် ဂျူနီယာ ညီလေးဟယ်ကို ခေါ်ကာဖြင့် လက်ရည်စမ်းခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ တစ်ဖက်လူအနေနှင့် အားကုန်ထုတ်ကာ အသုံးမပြုသည် ဆိုပါက သူ့အနေနှင့် ယှဉ်ပြိုင်ခွင့်တော့ ရနိုင်သေးသည်။
“အိမ်ကိုပြန်ကြရအောင်” ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။
ရီရှင်းချန် တစ်ယောက် ကွေ့ယုဟန်ကို အနိုင်ယူကာနှင့်ပတ်သက်၍ သူသည့် အံ့အားသင့်မှုမရှိချေ။ ထို့အပြင် ရီရှင်းချန် သည် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးတွင် အားအကောင်းဆုံးသော တိုက်ခိုက်သူများထဲမှ တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။ အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့် သိုင်းကျင့်ကြံသူများကို အနိုင်ယူခဲ့ခြင်းမှာ သာမန်ပင်ဖြစ်သည်။
………………………………
“ဘာ”
ထိုနေ့မှာပင် ကုထျန်းရှင်း သည် သူ၏မိန်းမနှင့်အတူ အမျိုးအဆွေများဆီသို့ သွားရောက်ရာမှ ပြန်လာခဲ့၏။ တိုက်ပွဲ၏သတင်းကိုကြားပြီးသည့်နောက် သူသည် အံ့အားသင့်စွာ ပြောလိုက်၏။ “ကွေ့ယုဟန် ကို တိုက်ကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်ဟုတ်လား”
“အမှန်ပါပဲ” ဒုခေါင်းဆောင်ဖန်သည် အကူအညီမဲ့စွာ ပြောလိုက်၏။ သူ၏ ကိုယ်ပိုင်မျက်စိနှင့် မမြင်သည် ဆိုပါက သူသည်လည်း ခေါင်းဆောင်ကဲ့သို့ပင် အံ့အားသင့်တုန်လှုပ်နေမှာ သေချာသည်။
“အဖေ”
ကုကျောင်းရှစ်က ဝင်ပြောလိုက်၏။ “ဒါက သာမာန်ပါပဲ။ အရမ်းကြီး အံ့အားသင့်စရာမလိုပါဘူး”
ကွေ့ယုဟန် သည် သာမာန်ထက် ပိုကာ ထူးချွန်သူ တစ်ယောက်ဖြစ်ကြောင်း သူ မငြင်းပယ်နိုင်ချေ။ သို့ပေမဲ့ တစ်ချိန်တည်းမှာပင် ဂိုဏ်း၏ တပည့်များအားလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် လူများ ဖြစ်ကြောင်းကိုလည်း ကောင်းကောင်းသိလို့နေ၏။ ထိုဂိုဏ်းသားများအားလုံးသည် မွန်းစတားအဖွဲ့များ သာလျှင်ဖြစ်သည်။
“ကွေ့ယုဟန် က ကောင်းကင်ဖြတ်သန်းခြင်းလောကရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်လေ။ တကယ်တမ်း သောက်တလွဲကျွင်းတပည့်ရဲ့ အနိုင်ယူတိုက်ခိုက်ခြင်းကို ခံလိုက်ရတာလား။ ဒါဆိုရင်”
ကုထျန်းရှင်းသည် လက်ခံနိုင်ရန် ခက်ခဲလွန်းနေ၏။ “မယုံနိုင်စရာပဲ”
ပြောပြီးသည့် နောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်း နေထိုင်ရာ နေရာဆီသို့ အလျင်အမြန် သွားလိုက်သည်။။
“ဟမ်”
ကုန်းရှန့်သည် တစ်ဘက်လူ၏ အံ့အားသင့်သည့် မျက်နှာအသွင်အပြင်ကို ကြည့်ရှုပြီးသည့်နောက် ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။ “ဒါက အဆင့်တူသိုင်းကျင့်ကြံသူတစ်ယောက်ကို အနိုင်ရခဲ့တဲ့ကိစ္စလေးပဲ မဟုတ်လား”
“သောက်တလွဲကျွင်း”
ကုထျန်းရှင်း သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ “မင်းရဲ့တပည့်က ကွေ့ယုဟန် ကို တခါတည်း အနိုင်ယူခဲ့တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်းသိလား”
“ဘာအဓိပ္ပာယ်လဲ” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။
ကုထျန်းရှင်း က ပြောလိုက်၏။ “ကွေ့ယုဟန်ရဲ့ လက်ရှိအားအင်အဆင့်အရဆိုလျှင် စကြဝဠာ နတ်တိုက်ပွဲထဲမှာ ဝင်ပြီးတိုက်ခိုက်မယ်ဆိုလျှင် ထိပ်တန်း ငါးရာ စာရင်းထဲကို ဝင်နိုင်တယ်။ ဒါမှမဟုတ် အဆိုးဆုံး တွက်မယ်ဆိုရင်တော့ ထိပ်တန်း ခြောက်ရာ စာရင်းထဲကို ဝင်တယ်။ မင်းရဲ့ တပည့်က သူ့ကို တစ်ခါတည်း တိုက်ခိုက်အနိုင်ယူနိုင်တယ်ဆိုတော့ ထိပ်တန်းနှစ်ရာစာရင်းထဲကိုတောင် ဝင်နိုင်တယ် မဟုတ်လား”
မဟုတ်သေးပေ။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌ရှိနေသော ရီရှင်းချန်သည် အလွန်တရာ အားကောင်း လှပြီးသားဖြစ်၏ ။ သို့ပေမယ့် အဆုံးသတ်မှာတော့ ထိပ်တန်းအဆင့် နှစ်ရာအဆင့်ကိုသာ ဝင်နိုင်ရုံသာ ရှိနေသေး၏။ ဆိုလိုသည်မှာ သူကဲ့သို့ တိုက်ခိုက်သူ ကျွမ်းကျင်သူများ တစ်ရာကိုးဆယ့်ကိုးယောက် ရှိနေသေးသည် အဓိပ္ပာယ်ပဲလား။
“ဦးလေး”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာပြောလိုက်၏။ “ထိပ်တန်းပါဝင်ယှဉ်ပြိုင်သူ နှစ်ရာတို့ရဲ့ အဆင့်က အရမ်းကို ကောင်းတာလား”
“ကောင်းတာပေါ့”
ကုထျန်းရှင်း သည် အသာထိုင်ချကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ငါ မင်းကို ပြောပြမယ်။ စကြဝဠာ နတ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့လူတွေက သူတို့၏ ဂြိုဟ်အသီးသီးမှာ ထိပ်တန်းပါရမီရှင်တွေပဲ။ ထိပ်တန်း နှစ်ရာစာရင်းကို ဝင်နိုင်တဲ့လူတွေအကုန်လုံးက သူတို့ရဲ့ ဂြိုဟ်ကို ကြီးမားတဲ့ ဂုဏ်သိက္ခာကို ယူဆောင်ပေးနိုင်တဲ့လူတွေလို့ သတ်မှတ်နိုင်တယ်”
ကျွင်းချောင်ရှောင်း သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ဤအရာမှာ အံ့အားသင့်စရာပင်။
ကုထျန်းရှင်း က ပြောလိုက်သည်။ “ထိပ်ဆုံးဆယ်ယောက် စာရင်းကိုဝင်တဲ့ ပါဝင်ယှဉ်ပြိုင်သူတွေက အားလုံး မော့ကြည့်ရတဲ့ တည်ရှိသူတွေ ဖြစ်ကုန်ကြတယ်”
“ဦးလေး”
ကျွင်းချောင်ရှောင်း က မေးလိုက်၏။ “အရင်တုန်းက ဝင်ပြီးပြိုင်ဖူးလို့လား”
“မပြိုင်ဖူးပါဘူး”
ကုထျန်းရှင်းသည် ခေါင်းကိုခါးယမ်းကာ ပြောလိုက်၏။ “စကြဝဠာ နတ်တိုက်ပွဲ ပြိုင်ပွဲက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း ကတည်းက ကျင်းပခဲ့တယ် ဆိုပေမဲ့ ယခုအချိန်ထိ ကျင်းပခဲ့တာ ဆယ်ကြိမ်ကျော်လေးပဲရှိသေးတယ်”
“ဟမ်” ကျွင်ချောင်ရှောင်း က တုံ့ပြန်လိုက်သည်။
ဘေးတစ်ဘက်တွင်ရှိနေသော ရီရှင်းချန် သည် မျက်မှောင်ကုတ်လျက်ရှိ၏။ ကျောက်အခန်း၏ ပုံရိပ်ယောင်ထဲ၌ သူသည် ကျန့်လင်းရောင်နှင့် အတူတည်ရှိခဲ့၏။ ထိုစဉ်က ရှောင်ကျီသည် အထဲသို့ ရောက်ရှိလာကာ ပြောခဲ့၏။ “ဆယ့်နှစ်ကြိမ်မြောက် စကြဝဠာ နတ်တိုက်ပွဲက စတော့မယ်လေ။ စီနီယာအစ်ကိုနဲ့အတူ ဝင်ပြီးတိုက်ခိုက်ဖို့ စိတ်ဝင်စားလား”
“စီနီယာကု”
သူက မေးမြန်းလိုက်သည်။ “စကြဝဠာ နတ်တိုက်ပွဲက ဘယ်လိုအချိန်မျိုးမှာ ကျင်းပတာလဲ”
“အင်း နှစ်တစ်ထောင်ကြာရင် တစ်ခါပေါ့”
“……”
ရီရှင်းချန် သည် တိတ်ဆိတ်သွား၏။ အနာဂတ်မှာ ဖြစ်တည်လာခဲ့မည့် ပုံရိပ်ယောင်များကို သူသည် ကြိုတင်ကာ မြင်ခဲ့ပြီးပြီဖြစ်၏။ ရှောင်ကျီ သူ့ကို လာရောက်ခေါ်ဆောင်သည့် စကြဝဠာ နတ်တိုက်ပွဲသည် ဆယ့်နှစ်ကြိမ်မြောက်ဖြစ်ပြီး လက်ရှိယှဉ်ပြိုင်ရမည့် နတ်တိုက်ပွဲသည့် ဆယ့်တစ်ကြိမ်မြောက်ဖြစ်၏။ ထိုသို့ဆိုလျှင် နောက်နှစ်တစ်ထောင်အကြာတွင် ဖြစ်လာမည့်အရာမျိုးလား။
မဖြစ်နိုင်ဘူး။ ငါက ညဘုရင်မဟုတ်သလို သူမကလည်း ညဧကရီ မဟုတ်ဘူး။ ငါဂိုဏ်းကနေ လုံးဝ ထွက်သွားမှာ မဟုတ်ဘူး။ ပြီးတော့ ကလေးလည်း ရစရာအကြောင်းမရှိဘူး။
“ရှင်းချန်”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “မင်းဘာတွေစဉ်းစားနေတာလဲ”
ရီရှင်းချန် သည် တွေးတောနေသည်ကို ခဏရပ်တန့်ကာဖြင့် ပြောလိုက်မိ၏။ “ဘာမှမဟုတ်ပါဘူး။”
“မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်း သည် သံသယအပြည့်ဖြင့် ပြောလိုက်သည်။ “မင်း၏ မျက်လုံးထဲမှာ ရှုပ်ထွေးနေတဲ့ အမူအရာတွေေရှိနေတယ်လေ။ မင်းစိတ်ထဲမှာ တစ်ခုခုဖြစ်နေတာလား။ လာခဲ့”
သူသည် ဝိုင်နှင့် ဟင်းပွဲများကို အသာထုတ်ယူကာ ပြောလိုက်၏။ “မင်းစိတ်ထဲမှာ ရှိနေတာကို ပြောစမ်း”
“တပည့်သွားပြီး ကျင့်ကြံတော့မယ်” ရီရှင်းချန် သည် ဘာတစ်ခုမှ မပြောဘဲ ထွက်ခွာသွားခဲ့သည်။
“အင်း နည်းနည်းထူးဆန်းတယ်” တစ်ဖက်လူထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်း က ပြောလိုက်သည်။ “ခင်ဗျား တပည့်က အရမ်းအားကောင်းတယ်ဆိုတော့ သူ့ကို စကြဝဠာနတ်တိုက်ပွဲထဲကို သွားပြီး ဝင်ရောက်ယှဉ်ပြိုင်ခိုင်းလိုက်ပါလား”
“ဂျူနီယာဆီမှာ ဒီအကြံရှိပါတယ်။ ဒါပေမဲ့”
ကျွင်းချောင်ရှောင်း သည် နာနာကျင်ကျင်နှင့်ပြောလိုက်၏။ “ဘယ်လို စာရင်းသွင်းရမလဲတောင် မသိဘူး”
“သွားကြရအောင်”
ကုထျန်းရှင်း က ပြောလိုက်သည်။ “ငါမင်းကို တုထျန်းမြို့ဆီ ခေါ်သွားမယ်။ အဲမှာ စာရင်းပေးသွင်းရတဲ့ နေရာရှိတယ်”
မဟုတ်သေးပေ။ အဘယ့်ကြောင့် ဦးလေးကုသည် ဤမျှစိတ်အားတက်ကြွနေရသနည်း။ ကျွင်းချောင်ရှောင်း သည် ဇဝေဇဝါဖြစ်လို့နေ၏။
လမ်းတလျှောက်မှာတော့ ကုထျန်းရှင်း က ပြောလိုက်သည်။ “သောက်တလွဲကျွင်း... ငါ့ဆီမှာ မလျော်ညီတဲ့ တောင်းဆိုချက် တစ်ခုရှိတယ်။ ငါ ပြောရင်ကောင်းမလား မသိဘူး”
“ဒါဆိုရင်လည်း မပြောပါနှင့်တော့”
ကျွင်းချောင်ရှောင်း သည် ခပ်မြန်မြန်ပင် ငြင်းပယ်လိုက်၏။ သူသည် မလျော်ညီသည့် တောင်းဆိုချက်ဆိုသည်ကို ကြောက်လန့်လို့နေ၏။
“ဒီလိုကွာ”
ကုထျန်းရှင်း က ပြောလိုက်သည် “မင်းအနေနှင့် အထက်နယ်မြေကို မပြန်တော့ဘူးလို့ ကုန်းဝ ဆီက ငါကြားခဲ့တယ်”
“အထက်နယ်မြေက ခဏတာ နေထိုင်တဲ့နေရာ တစ်ခုပဲလေ။ ဒီဂျူနီယာက ပြန်ဖို့အတွက် အစီအစဉ် မရှိပါဘူး” ကျွင်းချောင်ရှောင်း က ပြောလိုက်၏။
ကုထျန်းရှင်း က ပြောလိုက်သည်။ “စကြဝဠာ နတ်တိုက်ပွဲဆီမှာ စည်းမျဉ်းစည်းကမ်း တစ်ခုရှိတယ်။ ပါဝင် ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ဂြိုဟ်တစ်ခုကို စာရင်းပေးသွင်းရတယ်”
“………”
ကျွင်းချောင်ရှောင်း သည် ဆွံ့အလျက်နေခဲ့၏။ “ဂိုဏ်းနာမည်ကို စာရင်းပေးရုံတင်မဟုတ်ဘဲ နေရပ်လိပ်စာ၊ ဂြိုဟ်တည်နေရာကိုပါ စာရင်းပေးရတာလား”
“အင်း... အထက်နယ်မြေကို ပြန်ဖို့ မင်းက အစီအစဉ်မရှိဘူးဆိုတော့ ငါတို့နယ်မြေကြီးအတွက်ပဲ စာရင်း ပေးသွင်းလိုက်ပါလား”
“……”
ကျွင်းချောင်ရှောင်း သည် နားလည်သွားမိ၏။ တစ်ဖက်လူ ဤမျှစိတ်အား တက်ကြွနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေကို ကိုယ်စားပြုကာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန် စေခိုင်းစေခြင်းသာဖြစ်၏။
“ကောင်းပြီ” ကုန်းရှန့် က သဘောတူညီလိုက်၏။ အချက်အလက်အားဖြင့် မည်သည့်ဂြိုဟ်ကိုပဲ ကိုယ်စားပြုပြု သူ့အတွက် ကိစ္စမရှိလှချေ။ အရေးကြီးဆုံးသောအရာမှာ သူ၏တပည့်များအနေနှင့် ဗိုလ်ဆွဲရန်ပင် ဖြစ်၏။ ဗိုလ်ဆွဲမှသာလျှင် ရက်ရောလှသည့် ဆုလဘ်များကို ရရှိမှာဖြစ်သည်။
“ဟုတ်ပြီ” ကျွင်းချောင်ရှောင်းသည် သူ၏အကြံအစည်လည်း တည်ရှိနေသေး၏။ ဆယ့်နှစ်ကြိမ်မြောက် စကြာဝဠာ နတ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အရေးရရှိမည်ဆိုပါက သူသည် ထာဝရ လောကကြီး အမည်ကို အသုံးပြုကာ သူ၏တပည့်များကို ယှဉ်ပြိုင်စေပေလိမ့်မည်။ ထိုအချိန်၌ သူ၏ ဂိုဏ်းတစ်ခုလုံးသည် အထက်စကြဝဠာ နယ်မြေကြီးတစ်ခုလုံးတွင် မားမားမတ်မတ်နှင့် ဂုဏ်ယူစွာ ရပ်တည်နိုင်သည့် ဂိုဏ်းတစ်ခု အဖြစ်သို့ တိုးတက်ရောက်ရှိနေနှင့်ပြီး ဖြစ်ပေလိမ့်မည်။
“ဟားဟား………….”
ကုထျန်းရှင်း က ရယ်မောကာ ပြောလိုက်၏။ “ငါ့သားရဲ့အစ်ကိုပီသပါပေတယ်။ မင်းက ဦးလေးကု ကို မျက်နှာသာပေးခဲ့တာပဲ”
…………………..
တုထျန်းမြို့
ကျွင်းချောင်ရှောင်း အနေနှင့် ပတ်ဝန်းကျင်၌ရှိနေသော အဆောက်အဦများကို လှည့်ပတ်ကြည့်ရှုရန် စိတ်ပါဝင်စားမှု မရှိလှချေ။ ကုထျန်းရှင်း ၏ အနောက်သို့လိုက်ပါရင်း စကြဝဠာ နတ်တိုက်ပွဲအတွက် စာရင်းပေးသွင်းမှုကို ပြုလုပ်လိုက်၏။
ပြိုင်ပွဲစတင်ရန်အတွက် ဆယ်နှစ်တောင် ကျန်ရှိနေသေးသည် ဖြစ်သောကြောင့် တခြားသောသူများသည် ကြိတ်ကြိတ်တိုးလာရောက်ကာ စာရင်း ပေးသွင်းမှု မပြုလုပ်ကြချေ။
“မဟာမိတ်ခေါင်းဆောင်ကု”
တာဝန်ယူထားသည့်သူသည် ထွက်လျှောက်လာပြီးသည့်နောက် ပြောလိုက်၏ “ဘာလို့ရောက်လာတာလဲ”
“ငါအသိတစ်ယောက်ကို စာရင်းပေးသွင်းဖို့လေ”
“ဪ”
တာဝန်ယူထားသည့် လူသည် ကျွင်းချောင်ရှောင်းအား ကြည့်ကာ ပြောလိုက်သည်။ “မဟာမိတ် ခေါင်းဆောင်ကု ကိုယ်တိုင်ခေါ်ဆောင်လာတယ်ဆိုတော့ ဒီရောင်းရင်းလေးက သာမန်ထက်ပိုတဲ့ လူပဲဖြစ်လိမ့်မယ်”
“အပိုတွေပြောမနေနဲ့တော့”
ကုထျန်းရှင်းက ပြောလိုက်၏။ “မြန်မြန်စာရင်းသွင်းစရာရှိတာ သွင်းရအောင်”
“ကောင်းပြီ။ ကောင်းပြီ”
တာဝန်ယူထားသည့် လူသည် အသာထိုင်ချလိုက်ပြီးသည့်နောက် သံလိုက် အိမ်မြှောင်နှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် သူသည် လက်ပေါ် လာတင် လိုက်သည့်အချိန်မှာတော့ အလင်းတန်းများသည် ပေါ်ပေါက်လာခဲ့တော့၏။ “ပါဝင်ယှဉ်ပြိုင်သူ၏ နာမည်၊ မူလ ဂြိုဟ်နာမည် ၊ ဂိုဏ်းနာမည်”
“လုချင်းချင်း၊ လီချင်းယန်၊ စုရှောင်မို၊ ရှောင်ကျီ၊ ရီရှင်းချန်၊ ဟယ်ဝူတီ၊ လီဖေး၊ ထျန်းချီ၊ လုံကျိရန်၊ လီယုဟွာ၊ စုန့်ရွှမ်ကျူး၊ လီထျန်းထျန်း၊ စွန်းမူချန်”
“………”
ကျွင်းချောင်ရှောင်း သည် ပါးစပ်ကိုမပိတ်ဘဲ တန်းကာရေရွတ်လျက်ရှိနေသည်။
ကုထျန်းရှင်း နှင့် စာရင်းသွင်းရမည့် လူတို့သည် ပါးစပ်အဟောင်းသားဖြင့် ဘေးတစ်ဘက်မှ ကြည့်လျက်ရှိနေကြ၏။