အခန်း ၁၇၉၄
Vol. 121 Ch. 1794
အပိုင်း (၁၇၉၄)
စကြဝဠာ နတ်တိုက်ပွဲအရည်အချင်းစစ်ပြိုင်ပွဲသည် ငါးနှစ်ကြာလျှင် ကျင်းပမည်ဖြစ်၏။ ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် လုပ်စရာ အများပြားရှိနေသည် ဆိုသော်လည်း အချိန်ကာလတစ်ခုအထိ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့တွင် ခဏလောက်နေထိုင်ရန် စဉ်းစားလိုက်သည်။
ဟုတ်ပေသည်။ သူအနေနှင့် လျှောက်ပတ်ကစားခြင်းသောကြောင့်မဟုတ်ပေ။ ထိုအစား ဒုတိယ ခေါင်းဆောင်ဖန်း နှင့်အတူ စီမံခန့်ခွဲမှုအတွေ့အကြုံများကို ဆွေးနွေးချင်သောကြောင့်ပင်။ သူ့အနေနှင့် သင်ယူ စရာရှိသည့်အရာများ ကို သေသေချာချာ အာရုံစူးစိုက်ကာဖြင့် သင်ယူရပေလိမ့်မည်။
ကောင်းကင်ဖြတ်သန်းခြင်းလောက၏ အားအကောင်းဆုံးသော အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်သည် သူ၏ မိန်းမကိုခေါ်ကာ အခြားသော နယ်မြေတစ်နေရာသို့ သွားရောက် နေထိုင်ခဲ့၏။ သို့ပေမဲ့ ဒုတိယခေါင်းဆောင်သည် ဤအဖွဲ့အစည်းတစ်ခုလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲထားနိုင်ခဲ့၏။
သူသည်သာ ထိုအရာကို အနည်းငယ်သင်ယူနိုင်သည်ဆိုပါက ယွမ်သခင်လေးဆီသို့ အရာအားလုံးကို လွှဲပြောင်းနိုင်စွမ်း ရှိပေလိမ့်မည်။
အတိတ်တုန်းကဆိုလျှင် ဝိညာဉ်ချိန်ကိုက်ဗုံး၏ ကန့်သတ်မှုတည်ရှိ သောကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် ဆေးပင်များကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဝယ်ယူခဲ့ရ၏။
လက်ရှိအခြေအနေ၌ အဓိက တာဝန်တည်ရှိနေသေးသည်ဆိုသော်လည်း ဝိညာဉ်ချိန်ကိုက်ဗုံး၏ အန္တရာယ် မရှိသောကြောင့် ကုန်းရှန့်သည် ပျင်းရိလို့ပင်နေလေသည်။ သူသည် တခြားသောသူများဆီ ဂိုဏ်း၏ ဝေယျာဝစ္စများ အားလုံးကို လွှဲပြောင်းကာ သက်တောင့်သက်သာနေထိုင်နိုင်စွမ်းရှိနေသည်။
အချက်အလက်အားဖြင့် ဤကဲ့သို့ တာဝန်ယူစရာရှိသည့်လူများကို တာဝန်ပေးအပ်ခြင်းအားဖြင့် အထက်ပိုင်း အကြီးအကဲများသည် မိမိတို့ဘာသာတိုးတက်အောင် ကြိုးစားနိုင်စွမ်းရှိလာပေလိမ့်မည်။ သူအခုလုပ်စရာ ရှိသည်မှာ ဂိုဏ်းကို ပိုမိုအားကောင်းအောင်ပြုလုပ်ရန်နှင့် သိုင်းပညာအရင်းအမြစ်များကို ပိုမိုကာရယူရန်ပင်။
“ငါ ပြဿနာတစ်ခုတော့ရှိတယ်”
ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲတွင် ထိုင်ရင်းပြောလိုက်၏။ “တစ်ချိန်လုံး ဒီကိစ္စကိုစဉ်းစားနေရတယ်”
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် အသာလျှောက်လှမ်းလာပြီးသည့်နောက် ပြောလိုက်သည်။ “ဘယ်အချိန် ထွက်သွားကြမလဲ”
သူသည် အနည်းငယ် အလျင်လိုလျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင် ဖြတ်သန်းခြင်းလောကသို့ ရောက်စဉ်ကတည်းက သူ၏အမေသည် ချင်းချူးလင်းကို ခေါ်ကာ ခဏခဏ ခေါ်ကာ စကားပြောဆိုခဲ့၏။ ၎င်းတို့၏ဆက်ဆံရေးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ အားကောင်းလာခဲ့၏။ သူသည်သာ သူမကို ခေါ်ဆောင်မသွားပါက ကျိန်းသေပေါက် ဤမိန်းမကို လက်ထပ်ရပေလိမ့်မည်။
“ရက်အနည်းငယ်အတွင်းပေါ့”
ကျွင်းချောင်ရှောင်း သည် ထွက်ခွာသွားရန် အစီအစဉ်ကို ချမှတ်ပြီးဖြစ်၏။ ထို့အပြင် စကြဝဠာအနှံ့ကို ခေါ်ဆောင်ကာ သူ၏တပည့်များနှင့်အတူ လှည့်လည်လျှောက်ပတ်သွားချင်သည့် ဆန္ဒက တည်လို့ရှိနေ၏။ ငါးနှစ်တာလုံးလုံး အခွင့်အရေးများကို သွားရောက်ကာ ရှာဖွေပြီးသည့်နောက် တပည့်များအားလုံးသည် နတ်ဘုရားလျို့ဝှက်နယ်မြေ ခြေတစ်လှမ်းအဆင့်သို့ ချိုးဖျက်နိုင်စွမ်း ရှိလာလောက်သည်။
“ကောင်းပြီ”
သူကပြောလိုက်၏။ “စကြဝဠာနတ်တိုက်ပွဲအတွက် မင်းကိုစာရင်းပေးသွင်းထားတယ်လို့ ဦးလေးကု ပြောတာ ကြားခဲ့တယ်”
“အင်း” ကုကျောင်းရှစ် က ပြောလိုက်သည်။
“ဒီလိုဆိုရင် မင်းက ငါးနှစ်ကြာရင် တပည့်တွေနဲ့အတူ အရည်အချင်း စစ်စာမေးပွဲ ယှဉ်ပြိုင်ရတော့မှာပေါ့”
“အဖေက ကြယ်ပင်လယ်မဟာမိတ်အဖွဲ့ခေါင်းဆောင်လေ။ ဒီတော့ ကောင်းကင်ဖြတ်သန်းခြင်း လောကမှာ အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်နိုင်တယ်။ သူရဲ့သားတစ်ယောက်အနေနှင့် ကျုပ်က ဒီအရည်အချင်းစစ် စာမေးပွဲကို ဝင်ပြိုင်စရာမလိုဘူးလေ။ ကြယ်တာရာပြိုင်ပွဲရဲ့ ဒုတိယအဆင့်ထိ တိုက်ရိုက်ဆိုသလို ဝင်ခွင့်ရှိတယ်”
“............”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် ရုတ်တရက် စိတ်ထဲမှာ အော်ဟစ်လိုက်မိ၏။ သောက်ကျိုးနည်း
...........
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကြယ်ပင်လယ်မဟာမိတ်အဖွဲ့ရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် လက်သီးဆုပ်ကာပြောလိုက်သည်။ “ဦးလေးကု… ဒီအတောအတွင်း ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာကနေ အရင်ဆုံးထွက်သွားပါတော့မယ်”
“ဟမ့်”
ကုထျန်းရှင်း သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်း လမ်းတလျှောက်မှာ ငါ့သားကို ကောင်းကောင်း ဂရုစိုက်ရမယ်”
“ကျောင်းရှစ် က ကျုပ်ရဲ့ညီလေးပါ။ ပြီးတော့ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲ တစ်ယောက်ဖြစ်တယ်။ ဒီဂျူနီယာအနေနဲ့ သူရဲ့အသက်ကို ပေးပြီးတော့ ကာကွယ်ပေးရမှာ သဘာဝပါပဲ”
ကျွင်းချောင်ရှောင်း သည် လေးလေးနက်နက်ပြောလိုက်၏။ ဤစကားစုသည် ကုထျန်းရှင်းကို ပြောဆိုရုံသာမက သူ့ကိုယ်သူ ပြောဆိုလိုက်ခြင်းလည်း ဖြစ်၏။
“သွားကြရအောင်”
ကုထျန်းရှင်းသည် အသာလှည့်သွား၏။ တကယ်တမ်းမှာတော့ ကုကျောင်းရှစ်အား ကျွင်းချောင်ရှောင်း နှင့်အတူ မထည့်လိုက်ချင်ပေ။ သေသေချာချာ စဉ်းစားသည့်မှာတော့ ရီရှင်းချန် ကဲ့သို့ ထူးချွန်လှသည့် တပည့်တစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်သည့် ထူးချွန်သည့် နည်းလမ်းများ ကျွင်းချောင်ရှောင်းမှာ ရှိနေသည်ဟု သူက ခံစားနေမိသည်။
“ဦးလေး… နှုတ်ဆက်ပါတယ်” ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကိုဆုပ်ပြီးသည့်နောက် အသာ လှည့်ထွက်သွားခဲ့တော့၏။
ရှန်ကွမ်းရှင်းရောင်နှင့် အခြားသော သူတို့သည် ပဲ့ခန်းထဲမှတဆင့် ပျံသန်းသွားနိုင်ရန်အတွက် အဆင်သင့် ပြုလုပ်နေကြသည်။
“ညီလေး”
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ထွက်သွားဖို့အချိန်ကျပြီ “
“အင်း”
ကုကျောင်းရှစ်သည် ရွက်သင်္ဘောကြီးတံခါးဆီသို့ လှမ်းလျှောက်လာ၏။ အထဲဝင်ရန် ပြင်လိုက်သည့် အချိန်မှာပင် သူသည် ရုတ်တရက်လှည့်ကာဖြင့် ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ ဂိတ်တံခါးဆီသို့ ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။ “အဖေ၊အမေ သားမကြာခင် ပြန်လာခဲ့ပါ့မယ်”
“ငါ့သား” မေမေကုသည် မျက်နှာကိုအုပ်ကာဖြင့် ငိုယိုလျက်ရှိ၏။
ကုထျန်းရှင်း သည် ရွက်သင်္ဘောကြီးကို နောက်ကျောပေးထားသည်ဆိုသော်လည်း သူ၏ မျက်နှာသွင်ပြင် သည် ဝမ်းနည်းလျက်ရှိနေသည်ကို ခံစားသိမြင်နိုင်စွမ်းရှိ၏။ ခဏလောက် ကြာပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်သည်။
“အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်သို့ မချိုးဖျက်နိုင်ဘူးဆိုလျှင် မင်းပြန်မလာနဲ့။ မင်းက ငါ ကုထျန်းရှင်းရဲ့ သားတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး”
“အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်လား။ အဖေ”
ကုန်းဟွက လှမ်းအော်လိုက်၏။ “အဖေရဲ့ တောင်းဆိုမှုက အရမ်းကိုနိမ့်တယ်။ နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်းအဆင့်လို့ ပြောလိုက်”
ဟား……..ဟား
ကုထျန်းရှင်း သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဒါမှ ကုထျန်းရှင်းရဲ့သားပဲ”
ကုကျောင်းရှစ်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ပဲ့ခန်းဆီသို့ ဝင်လာလိုက်သည်။
ဝှစ် ဝှစ်
ကြယ်ပင်လယ်မဟာမိတ်အဖွဲ့မှ အားလုံးသောသူများ၏ အကြည့်အောက်မှာပဲ ရွက်သင်္ဘောကြီးသည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ အတားအဆီးအစီအရင်ကို ကျော်ဖြတ်ကာ စကြဝဠာထဲသို့ ရောက်ရှိသွား၏။
“ဒုတိယခေါင်းဆောင်”
အကြီးအကဲ သည် တီးတိုးရေရွတ်လိုက်သည်။ “ငါးနှစ်အတွင်း တူလေးက နတ်ဘုရား လျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း အဆင့်ကို ကျော်ဖြတ်နိုင်မှာလား”
“အင်း... ယုတ္တိဗေဒအရဆိုလျှင် ဒါက အရမ်းကို ခက်ခဲတယ်” ဒုတိယခေါင်းဆောင်ဖန်း က ပြောလိုက်သည်။
“ညီလေး”
ထာဝရရွက်သင်္ဘောကြီးသည် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီမှ ပျံသန်းထွက်ခွာလာ ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်လာပြီး ကုကျောင်းရှစ်၏ ပုခုံးသို့ လှမ်းပုတ်လိုက်၏။ “အနာဂတ်မှာ မင်းစကားပြောမယ်ဆိုရင် ခြေလှမ်းဝက်တွေ၊ ခြေတစ်လှမ်းတွေလုပ်မနေနဲ့။ နတ်ဘုရားနယ်မြေလျှို့ဝှက်အဆင့်ကို တခါတည်းရောက်ပြီလို့ပြော”
“ဘာလို့လဲ”
“ရည်မှန်းချက်ဆိုတာ အကြီးကြီးထားရတယ်လေ”
………………………..
“ငါးနှစ်ကြာရင်”
ကျွင်းချောင်ရှောင်းသည် ပဲ့ခန်း၏ရှေ့တွင် ထိုင်လျက်ရှိနေပြီး အဆုံးအစမဲ့သော စကြဝဠာကြီးကို ကြည့်ကာပြောလိုက်၏။ “ဒီစကြဝဠာကြီး တစ်ခုလုံးက ပြိုင်စံရှားဂိုဏ်းကို အမှတ်ရ နေရမယ်”
စကြဝဠာ နတ်တိုက်ပွဲပြိုင်ပွဲသည် နှစ်တစ်ထောင်တွင် တစ်ကြိမ်ကျင်းပ၏။ ထိုအရာသည် သူ၏ဂိုဏ်းကို နာမည်ကျော်ကြားရန်အတွက် ကြီးမားလှသည့် အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။
ဂုဏ်သိက္ခာတရား - ကြီးမားလွန်းလှသည့် ဂုဏ်သိက္ခာတရားလို့ ရမှသာလျှင် လူတိုင်း၏ အသိအမှတ်ပြုမှုကို ခံရမှာသေချာသည်။
“ပြီးတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အဓိက တာဝန်က စကြဝဠာကို လွှမ်းမိုးနိုင်ဖို့လေ။ တပည့်တွေကသာ စကြဝဠာ နတ်တိုက်ပွဲမှာ ဗိုလ်ဆွဲခဲ့ပြီး ဂြိုဟ်အသီးသီးမှာရှိတဲ့ ပါရမီရှင်တွေကို အနိုင်ယူနိုင်ခဲ့ပြီဆိုလျှင် တာဝန်ကိုပြည့်စုံတယ်လို့ ထည့်တွက်ရမလား မသိဘူး”
“လက်ခံသူက အတွေးလွန်နေပြီ” စနစ် က ပြောလိုက်သည် ။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စကြဝဠာထဲကို အုပ်စိုးဖို့ဆိုတာ တာဝန်တစ်ခုတင်မဟုတ်ဘဲနဲ့ အရမ်းကို ခက်ခဲတဲ့ ပစ်မှတ်တစ်ခုလည်းဖြစ်တယ်”
“ယုဖေးအာကို ကူညီပြီးတော့ တော်ဝင်မိသားစုကို အခွင့်အာဏာ ပြန်ရအောင် ပြုလုပ်ပေးခဲ့တာက အလုံးစုံလွှမ်းမိုးနိုင်စွမ်းရှိသွားအောင်နဲ့ အတူတူပဲ။ ပြိုင်ပွဲ တစ်ခုမှာ အနိုင်ရရုံနှင့် ဂြိုဟ်ကြီး တစ်ခုကို လွှမ်းမိုးနိုင်တာမျိုးမှမဟုတ်တာ”
“အင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာပဲပြောပြော နောက်ဆယ်နှစ်ကြာရင် အဓိက တာဝန်က ပြည့်စုံလား၊ မပြည့်စုံဘူးလားဆိုတာကို စောင့်ကြည့်ကြတာပေါ့။ ဒီအတောအတွင်း ငါ စကြဝဠာထဲကို လှည့်ပတ်သွားရမယ်။ ဖြစ်နိုင်ရင် အဓိက တာဝန်ကို မြန်မြန်ဆန်ဆန်အောင်မြင်ပြီးတော့ နတ်ဘုရားအဆင့် လှမ်းတက်နိုင်ဖို့ ကြိုးစားရမယ်”
……………………….
ကောင်းကင်လျှို့ဝှက်နယ်မြေ
ဟူး
ရီရှင်းချန် သည် အသက်ကိုပြင်းပြင်းရှုပြီးသည့်နောက် မြို့၏ဂိတ်တံခါးကြီးကို လှမ်းကာမော့ကြည့်လိုက်၏။ ပြီးနောက် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်၏။ “ငါ ဒီလျှို့ဝှက်နယ်မြေထဲမှာ ငါးနှစ်လုံးလုံး အချိန်ဖြုန်းမယ်”
ဘုန်း………..ဘုန်း…………
လွီပုသည် ခုန်တက်လာခဲ့ပြီးသည့်နောက် အော်ဟစ်လိုက်၏။ “သူခိုး... မင်းငါ့ရဲ့ လက်နက်ပစ္စည်းတွေ ပြန်ပေးစမ်း”
၎င်းတို့နှစ်ယောက်သည့် ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုကို ပြုလုပ်လျက်ရှိ၏။ အဆုံးသတ်မှာတော့ ရီရှင်းချန် သည် ရှုံးနှိမ့်သွားခဲ့တော့၏ ။ ယခင်က သူသည် SS အဆင့်သူရဲကောင်းဝိညာဉ်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်သည်ဆိုမှာ သူ၏ဂိုဏ်းတူရောင်းရင်းများနှင့် ပူးပေါင်းတိုက်ခိုက်သောကြောင့်ဖြစ်၏။ ယခု တစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နေရမည်ဆိုသောကြောင့် ကျိန်းသေပေါက် ရှုံးနိမ့်ခဲ့သည်။
သို့ပေမဲ့ ကိစ္စမရှိချေ။ ညအင်ပါယာသည် ရှုံးနိမ့်ရမည်ဆိုရင်တောင်မှ ပျော်ရွှင်လျက်ရှိနေ၏။ အဘယ့်ကြောင့် ဆိုသော် သူ၏ ရည်မှန်းချက်သည် ငါးနှစ်တိတိ ဤနေရာတွင် အားကောင်းလာအောင် ကြိုးစားချင် သောကြောင့်ပင်။ သူသည် ငါးနှစ်တိတိ ကြိုးစားပြီးသည့်နောက် တစ်ဖက်လူကို တစ်ယောက်တည်း တိုက်ခိုက်နိုင်မည်ဟုလည်း ယုံကြည်နေမိ၏။
………………
ဘုန်း….ဘုန်း…….
ပြိုင်စံရှားဂိုဏ်း၏ အရှေ့ဘက် လွတ်လပ်သောတည်နေရာတစ်ခုမှာတော့ ရှောင်ကျီ သည် ကြီးမားလွန်း လှသော တောင်ကြီးတစ်ခုကို ထမ်းကာဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလျက်ရှိ၏။ ခန္ဓာကိုယ်ကျင့်ကြံသူ - သူသည် နောက်ကောက်ကျကျန်၍ မဖြစ်ချေ။ ရီရှင်းချန် နှင့်အတူ ရှေ့ဆီသို့လှမ်းသွားရမည့် ကျင့်ကြံသူ တစ်ယောက်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသည်။
စကြဝဠာ နတ်တိုက်ပွဲသို့ စာရင်းပေးသွင်းထားသည့် တပည့်များအားလုံးသည် အလုအယက် ကြိုးစားလျက် ရှိနေကြ၏။ ဤလူများအားလုံးသည် ကျွင်းချောင်ရှောင်း၏ ပျိုးထောင်မှုအောက်တွင် ရူးသွပ်နေသူများ ကဲ့သို့ပင် ပက်ပက်စက်စက် ကျင့်ကြံနေကြသည်။ ကျင့်ကြံခြင်းအဆင့်ကိုသာလျှင် အလုံးစုံအာရုံစိုက် ထားသောကြောင့် အခြားသော ပြိုင်ပွဲဝင်များသည် ၎င်းတို့ကိုယှဉ်ပြိုင်နိုင်မှာမဟုတ်မှာတော့ သေချာ၏။
အချိန်များ ကုန်လွန်သွားခဲ့သည်။
ဤကဲ့သို့နှင့်ပင် ငါးနှစ်တိတိ အချိန်က ကုန်လွန်သွားခဲ့၏။ ငါးနှစ်တိတိတွင် ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာအနှံ့ လှည့်လည်ကာသွားလာလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ဂြိုဟ်များကို လှည့်ပတ်သွားလာရင်းနှင့် ၎င်းတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကို လေ့လာခဲ့၏။ ထို့ကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာသည် ပိုမိုကာ အတွေ့အကြုံများပြားခဲ့ပြီး သိုင်းပညာအရင်းအမြစ်များကိုလည်း ရှာဖွေနိုင်ခဲ့သည်။
မည်ကဲ့သို့ ရှာဖွေသနည်းကို မေးရန်မလိုချေ။ အမြတ်ကြီးစားကာဖြင့် ကုန်သွယ်မှုပြုလု်ပခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဂြိုဟ်တစ်ခုဆီမှ ပျံသန်းထွက်ခွာလာခဲ့ပြီးသည့်နောက် ရှန့်ကွမ်းရှင်းရောင် သည် လမ်းကြောင်းကို ကျွမ်းကျင်စွာဖြင့် ချမှတ်လိုက်၏။ “ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေကို နောက်ထပ် လဝက်လောက်ဆို ရောက်လိမ့်မယ်”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်ကိုင်ထား၏။ ငါးနှစ်အတွင်း သူသည် ကြီးကြီးမားမားတိုးတက်သွားခဲ့သည် မရှိသော်လည်း သူ၏ အော်ရာများမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းအောင် တိုးတက်လာခဲ့၏။ စီးပွားရေးသမား တစ်ယောက်၏ အလုံးစုံသော ထက်မြက်မှုများကို ထုတ်ဖော်နိုင်သည့် အော်ရာမျိုးကလည်း ပူးပေါင်းပါဝင်နေခဲ့သည်။
……………………
ကောင်းကင်ဖြတ်သန်းခြင်းလောက
ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ ခန်းမဆောင်အပြင်ဘက်မှာတော့ ကုထျန်းရှင်း က ပြောလိုက်၏။ “အင်း... သုံးရက်ပဲ ကျန်တော့တယ်။ ဟိုခွေးသူခိုးလေး အခုထိ ဘာလို့ပြန်မလာသေးတာလဲ”
ဒုတိယခေါင်းဆောင်ဖန်းသည် တီးတိုးရေရွတ်လိုက်သည်။ “သူတို့က တစ်ကယ်တမ်း ခေါင်းဆောင်အတွက် တိုက်ခိုက်ပေးမယ်လို့ ထင်နေတာလား”
………………….
“ကျုပ်ရဲ့ အထင်အရဆိုရင်” အကြီးအကဲတစ်ယောက်က လှမ်းကာပြောလိုက်၏။ ကျွင်းချောင်ရှောင်းက စကြဝဠာ နတ်တိုက်ပွဲကို လေးလေးနက်နက် ထားပုံမပေါ်ဘူး။ မဟုတ်ရင် တပည့်တွေအများကြီးကို ဘယ်လိုဖြစ်ပြီးတော့ စာရင်းပေးသွင်းစေမှာလဲ”
………………………….
“မဟုတ်ဘူး”
ကုထျန်းရှင်း က ပြောလိုက်သည် ။ “ငါ အဲကောင်ကိုယုံကြည်တယ်”
သူ့အနေနှင့် ထိုသို့ပြောလိုက်သည် ဆိုသော်လည်း စိတ်ထဲမှာ တွေးလျက်တော့ ရှိနေ၏။ တစ်ဖက်လူသည် အချိန်ကိုက် ရောက်ရှိလာခြင်းသာ မရှိပါက ဘယ်နေရာကိုပဲ ရောက်ရောက် သူသည်တွေ့သည်နှင့် ရိုက်နှက်ဖို့ ဆုံးဖြတ်ထားခဲ့၏။
ဆွစ်
ထိုအချိန်မှာပင် ကောင်းကင်တစ်ခုလုံး ကွဲအက်သွားခဲ့သည်။ ဆန်းကြယ်လွန်းလှသော ရွက်သင်္ဘောကြီး တစ်ခု သည် တည်နေရာ အက်ကွဲကြောင်းမှ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့၏။ ထိုရွက်သင်္ဘောကြီး တံခါးပွင့်သွား ပြီးနောက် ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်ထွက်ကာ အော်ဟစ်လိုက်သည်။ “ဦးလေး... ကျုပ်ပြန်လာပြီ။”
သူ၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ပင်။ ကောင်းကင်ဖြတ်သန်းခြင်း လောကတစ်ခုလုံး ဆီသို့ ပျံ့နှံ့သွားခဲ့၏။
ကောင်းကင်ဖြတ်သန်းခြင်း မြို့ထဲတွင် လေ့ကျင့်လျက်ရှိနေသည့် ပါရမီရှင်များအားလုံးသည် ရုတ်တရက် ကျင့်ကြံရာမှ ရပ်တန့်ကာ မျက်မှောင်ကုတ်လိုက်မိကြသည်။
ဖိအား…… သူတို့သည် အလုံးစုံသော ဖိအားကို ရုတ်တရက်ခံစားလာ၏။
“ကျုပ် ဒီအရည်အချင်းစစ်စာမေးပွဲမှာ ဆိုးဝါးတဲ့ခံစားချက်တွေကိုရနေတယ်” ပြိုင်ပွဲဝင်တစ်ယောက်သည် လေးလေးနက်နက်ပြောလိုက်သည်။
“မပူပါနဲ့ သခင်လေး။”
၎င်း၏ဘေးနားတွင် ရှိနေသော အစေခံအုပ်ကြီးသည် ပြုံးကာပြောလိုက်၏ ။ “ဒီ အရည်အချင်းစစ်ပြိုင်ပွဲက လူဦးရေ ငါးဆယ်စာတောင် ရှိတာလေ။ တစ်နေရာစာ ရပြီဆိုတာနဲ့ စကြဝဠာ နတ်တိုက်ပွဲပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လုံလောက်ပြီ”
“ဒါကတော့ အမှန်ပဲ”
လူငယ်သည် စိတ်သက်သာရ ရသွားမိသည်။ သို့ပေမဲ့ သူသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “ကျုပ် တစ်လျှောက်လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ ဒီအရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ဖို့ အတွက်ပဲ။ ဒါပေမယ့် အခုတော့ စိုးရိမ်ပူပန်နေမိပြီ”