← Chapters

အခန်း ၁၇၉၅+၁၇၉၆

Vol. 121 Ch. 1795+1796

အခန်း ၁၇၉၅+၁၇၉၆

Vol. 121 Ch. 1795+1796

အပိုင်း (၁၇၉၅+၁၇၉၆)

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ အဓိကဟောခန်း

ကုထျန်းရှင်းသည် ကျွင်းချောင်ရှောင်းအား သေသေချာချာ ကြည့်ရှုလိုက်၏။ ပိုမိုကာ ကြည့်ကောင်း လာသည်ဆိုသော်လည်း လွန်ခဲ့သည့် (၅)နှစ်လုံးလုံး တိုးတက်မှုဟူ၍ မတွေ့ခဲ့ချေ။

“ဦးလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာတော့ တစ်လောကလုံး လှည့်လည်သွားရင်းနဲ့ အဓိက ဆေးပင်‌တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လေ။ ဒီတော့ မတူညီသည့်ဆေးပင်တွေကိုဝယ်ယူခဲ့တယ်။ ကျေးဇူးပြုပြီး ဒါတွေကို လက်ဆောင်အဖြစ် လက်ခံပေးပါ”

များပြားလွန်းလှသော ရတနာဆေးပင်များသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ ကုထျန်းရှင်း သည် ဤနေရာနှင့်ပတ်သက်လျှင် အမှန်ပဲ ဗဟုသုတကြီးမားလွန်းလှသာ တစ်‌ယောက် ဖြစ်၏။ ထို့ကြောင့် ချက်ချင်းပဲ စိတ်ပါဝင်သွားမိသည်။ ပြီးနောက် သံသယအပြည့်ဖြင့်ကြည့်ကာ မေးလိုက်မိသည်။ “မင်း ဒါတွေကို ခိုးလာတာလား”

“………”

ကျွင်းချောင်ရှောင်း သည် ဆွံ့အသွားမိ၏။ “ဒါတွေကို ပိုက်ဆံတွေ သုံးပြီးဝယ်လာတာပါ။ ငွေရှင်း ဘောင်ချာတွေတောင်ပါသေးတယ်။ ကြည့်အုံးမလား”

“တူလေး… မင်းက ကြင်နာလွန်းနေပြီ” ကုထျန်းရှင်းသည် ချက်ခြင်းပဲ လက်ကိုယမ်းခါကာ ရှိရှိသမျှသော ဆေးပင်များအားလုံးကို သိမ်းဆည်းလိုက်၏။ ပထမတုန်းက သောက်တလွဲကျွင်း ဟု ခေါ်ဆိုခဲ့သည် ဆိုသော်လည်း နောက်ပိုင်းတွင် တူလေးဟုပင် ပြောင်းလဲကာခေါ်ဆိုခဲ့၏။ ဤစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသည် အမှန်ပင် မြန်ဆန်းလွန်းလှသည်။

“အင်း…ဟုတ်ပြီ”

ကုထျန်းရှင်း ကပြောလိုက်၏။ “ငါ့သားဘယ်ရောက်သွားလဲ”

“သူလေ့ကျင့်နေပါတယ်။ မနက်ဖြန်ကျရင် ထွက်လာလိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“အင်း အင်း”

ကုထျန်းရှင်းက ထပ်မံကာမေးမြန်းလိုက်၏။ “မင်းရဲ့တပည့်တွေကော ဘယ်လိုလဲ”

“သူတို့လည်း လေ့ကျင့်နေပါတယ်”

“………..”

ကုထျန်းရှင်း သည် ဆွံ့အမိသွား၏။ “အရည်အချင်းစစ်စာမေးပွဲကစတော့မယ်။ သူတို့က ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်ထွက်မလာကြသေးတာလဲ။ မင်းတို့ တကယ်ပဲ စကြဝဠာနတ်တိုက်ပွဲကို လေးလေးနက်နက် မရှိကြဘူးလား”

“ဦးလေး”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “တကယ့်ကို လေးနက်တာ‌ပေါ့”

မှန်ပေ၏။ လွန်ခဲ့သည့် ငါးနှစ်လုံးလုံး သူ၏ တပည့်များအားလုံးသည် လေးလေးနက်နက်နှင့် ကျင့်ကြံ နေခဲ့ကြ၏။ မလေးနက်သည်ဆိုပါက အပြင်ဘက်သို့ထွက်ကာ လှည့်လည်ပျော်ပါးနေမှာ သေချာ၏။ လက်ရှိ အခြေအနေမှာ‌တော့ အားလုံးသော သူတို့သည် တစ်ချက်ကလေးမျှ အနားမပေးဘဲ လေ့ကျင့်လျက် ရှိနေကြ၏။

……………..

ငါးနှစ်သည် လျင်လျင်မြန်မြန်နှင့် ကုန်လွန်းသွားခဲ့၏။ ထို့ကြောင့် သုံးရက်ဆိုသည်မှာ ပိုမိုကာ မြန်ဆန် လွန်းလှ၏။ ထိုနေ့မှာတော့ ထာဝရလောကကြီး၏ရာသီဥတုသည် တိမ်များဖုံးလွှမ်းလျက်ရှိနေသည်။

ရွှီ

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်ခွာသွားပြီးသည့်နောက် ဂိုဏ်းချုပ်၏ ဝတ်စုံကို သေသေချာချာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်ဆင်လိုက်၏။

“အားလုံးစုစည်းကြ”

ဘုန်း

တောင်၏အပြင်ဘက်တွင်တော့ ရှောင်ကျီသည် ကြီးမားလှသော တောင်ကြီးကို ပုခုံးထက်မှ အသာချကာဖြင့် ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။ မနက်ခင်း နေရောင်ခြည်အလယ်အောက်မှာတော့ သူ၏ သန်မာတောင့်တင်း ခိုင်မာလွန်းလှသော ကြွက်သား အမြောင်းမြောင်းသည် ခန္ဓာကိုယ်၌ ပေါ်လျက်ရှိနေ၏။ ဤငါးနှစ်တိတိ ကျင့်ကြံပြီးသည့်နောက် သူ၏ ကျွမ်းကျင်ခြင်းအဆင့်က ပိုမိုကာ တိုးတက်လာခဲ့ခြင်း မရှိခဲ့သော်လည်း သူ၏ အကာအကွယ်သည်ပိုမိုကာ အားကောင်းလာခဲ့သည်။

………………

မနက်ခင်း စောစောသာရှိသေး၏။ နေရောင်သည် ပြတင်းပေါက်မှ ကျဆင်းလျက်ရှိနေ၏။ စုရှောင်မို သည် အိပ်ယာမှထပြီးသည့်နောက် အဝတ်အစားသေတ္တာကိုဖွင့်ကာ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းဝတ်စုံအသစ်ကို ထုတ်ယူ၍ ဝတ်ဆင်လိုက်၏။ ပြီးသည့်နောက် အိပ်ပျော်လျက်ရှိနေသော ရှရွှေယွင် ကို အသာ လှမ်းကြည့်ကာ တွေးလိုက်မိ၏။ “မကြာခင်ပြန်လာခဲ့မယ်”

ကျွီ

တံခါးဖွင့်ပြီးသည့်နောက် တံခါးကိုဖြည်းဖြည်းချင်းပိတ်လိုက်၏။ သို့ပေမဲ့ ခြံဝင်းသေးသေးလေးမှ ထွက်ကာ လျှောက်လိုက်သည့်အချိန်မှာပဲ အနောက်ဘက်ဆီမှ အိပ်ချင်မူးတူးအသံတစ်ခုက ထွက်ပေါ်လာ၏။ “ရှင် ကျွန်မကိုတောင် မစောင့်ဘူးလား”

ရှရွှေယွင် သည် နိုးလျက်ရှိနေ၏။ သူမသည် ပြတင်းပေါက်ကို အသာမှီကာဖြင့် ရေတံခွန်ထဲသို့ ကျဆင်းလျက် ရှိနေသည့် ဆံပင်များကို အသာစည်းနှောင်လိုက်သည်။ သူမသည် မိန်းမဆန်လွန်းလှသည်။

“မင်းအိပ်ပျော်တာကို နှောင့်ယှက်သလို ဖြစ်သွားမှာစိုးလို့ပါ”

ကျွီ………

တံခါးကပွင့်သွား၏။ ရှရွှေယွင် သည် သူမ၏ ဂိုဏ်းဝတ်စုံကို ဝတ်ထားနှင့်ပြီးဖြစ်၏။ ရှုပ်ထွေးလှသော ဆံနွယ်များကို သပ်ရပ်အောင် စည်းနှောင်ထား၏။ “မမေ့နဲ့အုံး။ ကျွန်မက ရှင့်ရဲ့စေ့စပ်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သလို ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ”

……………..

စုရှောင်မိုသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက် သူသည် လက်ကို အသာလှမ်းကာ ပြောလိုက်သည်။ “သွားကြရအောင်”

ရှရွှေယွင် သည် လက်ကိုအသာကမ်းပေးကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ အတူတကွ မောင်နှံအတူ ပြန်လာခဲ့ ကြ၏။

ဝှစ်…… ဝှစ်…… ဝှစ်……

ကောင်းကင်လျှို့နယ်မြေအတွင်းမှာတော့ ရီရှင်းချန် သည် မြေမြပေါ်တွင် ဒူးထောက်ထိုင်ကာဖြင့် ချွေးများသည် တစက်စက်ကျလျက်ရှိ၏။

“ကောင်လေး… ကောင်လေး”

အဝေးတစ်နေရာမှာတော့ လွီပုသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ သူ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင်။ “ငါ့ရဲ့ပစ္စည်းတွေ ပြန်ပေးစမ်း”

တည်နေရာတွင် ဖြစ်ပေါ်နေသည့် အပေါက်များ၊ တွင်းကြီးများကို ကြည့်ရှုရမည်ဆိုလျှင် သူတို့နှစ်ယောက် သည် အချိန် အတော်ကြာ တိုက်ခိုက်ခဲ့ပုံပေါ်ပြီး အလွန်လည်း မောပန်းနေပုံပေါ်ကြသည်။

“ဟမ့်”

ရီရှင်းချန် သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူသည် ချပ်ဝတ်နှင့် ပုဆိန်ကြီးကို သိမ်းဆည်းကာဖြင့် ချက်ခြင်းပျောက်ကွယ်သွား၏။ မထွက်ခွာမီပင် မမေ့မလျော့ ပြောဆိုခဲ့သေး၏။ “နောက်တစ်ကြိမ်ကျရင် ခင်ဗျားကျိန်းသေပေါက်ရှုံးရမယ်”

ငါးနှစ် - သူသည် လွီပုအား ငါးနှစ်တိတိ စိန်‌ခေါ် တိုက်ခိုက်ခဲ့၏။ အစပိုင်းတွင် နှိပ်စက်ရိုက်နှက် ခံခဲ့ရသည် ဆိုသော်လည်း အချိန်အတော်ကြာမြင့်ပြီးသည့်နောက် ရှုံးနှိမ့်မှုသည် တဖြည်းဖြည်းအချိန်ကြာမြင့်လာခဲ့ တော့၏။ လွီပုသည် သူ့အားအနိုင်ယူနိုင်ရန် လက်ရှိအခြေအနေမှာတော့ အတော်ကြီး ကြိုးစားခဲ့ရသည်။ သို့ပေမဲ့ သူသည် ရှောင်ကျီနှင့် တူညီစွာပင် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌ ပိတ်မိလို့နေခဲ့၏။ အဆင့် ချိုးဖျက်နိုင်ခြင်းတော့ မရှိချေ။

တခြားနည်းလမ်းလည်း မရှိပေ။ နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်း ဝင်နိုင်သည့်အဆင့်သို့ ရောက်ရှိရန် တစ်စုံတစ်ယောက်သည် အမွေအနှစ်နှင့် အခွင့်အရေးများကို ရှာဖွေနိုင်ရန်လည်း လိုအပ်နေသေး၏။ အလုပ် ကြိုးစားမှု တစ်ခုတည်းနှင့် အဆင့်တိုးတက်နိုင်သည့် အခြေအနေမျိုး မဟုတ်ချေ။

“ဒီကောင်”

ရီရှင်းချန် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လွီပုသည် မြေပေါ်သို့လှန်ချကာ လဲလိုက်၏။ ပြီးသည့်နောက် မကျေမနပ်ဖြင့် ပြောလိုက်သည်။ “သူက အချိန်တိုင်း ပိုပိုပြီး အားကောင်း လာတာပဲ။ နောက်ပိုင်းဆို ငါသူကို့ ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး”

အဓိကအားဖြင့် သူလည်း လက်နက်ပစ္စည်းနှင့် ချပ်ဝတ်များမရှိသောကြောင့်ပင်။ ထိုအရာများကို ကိုင်ဆောင် ရသည်ဆိုပါက ငါးနှစ်ကြာ ပြီးသည့်နောက် တစ်ဘက်လူသည် သူ့ကို ဘယ်တော့မှအနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ဝှစ်…….. ဝှစ်……..

လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်မှာတော့ ရီရှင်းချန် သည် တည်နေရာ ရွှေ့ပြောင်းခြင်းကို ခံလိုက်ရ၏။ သူသည် ရေသွားချိုးရန် ပြင်ဆင်လိုက်သည်ဆိုသော်လည်း ဂိုဏ်းချုပ်၏ခေါ်သံကို ကြားလိုက်ရသည့် အချိန် မှာတော့ ထိုအကြံအစည်ကို ချက်ခြင်းဖယ်ချ၍ အဓိက ဟောခန်းဆီသို့ လှမ်းလျှောက်လိုက်၏။

သိုင်းလေ့ကျင့်ရေးကွင်းမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ရောက်ရှိလို့နေခဲ့၏။ အားလုံးသောသူများသည် ခေါင်းကိုမော့ကာဖြင့် ရပ်လျက်ရှိနေ၏။ ငါးနှစ်အတွင်း များပြားလှသော တပည့် များသည် ကြီးမားလှသည့် အခွင့်အရေးနှင့် အမွေအနှစ်များကို ရယူခဲ့ခြင်း မရှိသောကြောင့် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်၌ ပိတ်မိနေခဲ့ကြသည်။ သို့ပေမဲ့ ၎င်းတို့၏ အော်ရာနှင့် ခန္ဓာကိုယ်အသွင်အပြင်များ အားလုံးသည် ကြီးကြီးမားမား တိုးတက်လာခဲ့ကြသည်။

အသက်များကို ကြည့်ရှုရမည် ဆိုလျှင် အားလုံးသောသူတို့သည် လေးဆယ်မှ ငါးဆယ်ကျော်အတွင်းသို့ ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့သည် သိုင်းကျင့်ကြံခြင်းလောက၏ အသက်ထောင်ချီ ရှည်ကြာလှသော လောကကြီးတွင် နေထိုင်ရသည် ဖြစ်သောကြောင့် လက်ရှိကလေးငယ်တစ်ယောက်၏ အသက်ကဲ့သို့ပင် ငယ်ရွယ်နုပျိုလွန်းလှ၏။

ဆွစ်……….. ဆွစ်………..

ခဏလောက်ကြာပြီးသည့်နောက် စုရှောင်မို သည် ရှရွှေယွင်၏ လက်ကို ကိုင်ဆွဲကာဖြင့် လှမ်းလျှောက်လာ ခဲ့၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ရောင်းရင်းများအားလုံးနှင့် အပြုံးချင်း ဖလှယ်လိုက်သည်။

အချိန် အတော်ကြာ မတွေ့မြင်ခဲ့ရသည်ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေရန်ပင် မလိုတော့ချေ။ အပြုံးတစ်ခုနှင့်ပင် များပြားလွန်းလှသော စကားလုံးများကို ဖလှယ်ပြီး ဖြစ်နေ၏။

ဟူး……….

လေအေးများ တိုက်ခတ်လာခဲ့၏။ နှင်းထက်ပင် ပိုမိုကာ ဖြူဖွေးလွန်းလှသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော လုချင်းချင်းသည် သူမ၏ဂိုဏ်းတူ ရောင်းရင်းများရှေ့ဆီသို့ ဆင်းသက်လာခဲ့သည်။

ဆွစ်……… ဆွစ်………

ခဏလောက်ကြာပြီးသည့်နောက် လုံကျိရန်၊ လီထျန်းထျန်းနှင့် အခြားသောတပည့်များလည်း ရောက်ရှိလာ၏။ စုစုပေါင်း လေးဆယ်မှ ငါးဆယ်နီးပါးရှိ၏။ တစ်ယောက်ချင်းစီ၏ နာမည်များကို ထုတ်ဖော် ပြောဆိုရေးသားမနေတော့ချေ။

“အားလုံးရောက်ပြီလား” ကျွင်းချောင်ရှောင်း က မေးမြန်းလိုက်၏ ။

“ရောက်ပါပြီ”

“ဒါဆိုရင်သွားကြမယ်”

ကျွင်းချောင်ရှောင်း သည် သူ၏အင်္ကျီလက်ကို ယမ်းကာခါဖြင့် နေကာမျက်မှန်ကြီးကို ကောက်တပ်လိုက်၏။ ပြီးသည့်နောက် ဂိုဏ်း၏ အဓိကဂိတ်တံခါးဆီသို့ လှမ်းလျှောက်သွားသည်။

လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသော တပည့်များသည် သူ၏နောက်ဆီမှ လိုက်ပါလာကြ၏။ ၎င်းတို့၏ အော်ရာများသည် ပိုမိုကာ အားကောင်းလာသည် ဖြစ်သောကြောင့် အရှိန်အဟုန်မှာလည်း ခမ်းနားကြီးကျယ်လွန်းလှချေသည်။

……………………

တုထျန်းမြို့

ဤနေ့သည် အရည်အချင်းစစ်စာမေးပွဲကို ကျင်းပရမည်ဖြစ်သောကြောင့် လမ်းထဲတွင် လူများပင် ပြည့်နှက်လျက် ရှိနေ၏။ မြို့၏အဓိကတည်နေရာကြီးထဲတွင် ခဏတာနားနေနိုင်သည့် တဲများကို ဆောက်လုပ်ထားခဲ့ကြပြီး ပွဲကြည့်စင်များကိုလည်း စီစဉ်ထားခဲ့ပြီးဖြစ်၏။ ပါဝင်ယှဉ်ပြိုင်ကြသည့် လူများ အားလုံးသည် လုပ်ရိုးလုပ်စဉ်အတိုင်း စာရင်းပေးသွင်းကြပြီး အထဲသို့ဝင်ရောက်လျက်ရှိ၏။

“မဟာမိတ် ခေါင်းဆောင်ကု”

ထုထျန်းနယ်မြေ အရည်အချင်းစစ်စာမေးပွဲကို တာဝန်ယူထားသည် လွီရန်ဖု သည်‌ ဇဝေဇဝါဖြစ်လို့နေသည်။ “ပြိုင်စံရှားဂိုဏ်းက လူတွေက ဘယ်မှာလဲ”

“စိတ်မပူနဲ့”

အမြင်ဆုံး ပွဲကြည့်စင်တွင် ထိုင်လျက်ရှိနေသည့် ကုထျန်းရှင်းက ပြောလိုက်၏။ “လမ်းမှာရောက်နေပြီ”

“အင်း”

လွီရန်ဖု သည် ခဏလောက် တိတ်ဆိတ်သွား၏။ ပြီးနောက် ပြောလိုက်သည် “မဟာမိတ်ခေါင်းဆောင် ကု … ကျုပ်ပြောစရာရှိတယ်။ ဒါပေမဲ့ ပြောရင်ကောင်းပါ့မလား”

“ပြော ပြော” ကုထျန်းရှင်း က ပြောလိုက်သည်။

လွီရန်ဖု က ပြောလိုက်၏။ “စကြဝဠာ နတ်တိုက်ပွဲဆိုတာ အထက်စကြဝဠာ တစ်ခုလုံးမှာရှိနေတဲ့ တကယ့် ပါရမီရှင်တွေ တိုက်ခိုက်ကြတဲ့ အဆင့်မြင့်တိုက်ပွဲလေ။ ခင်ဗျားအနေနှင့် ဂိုဏ်းချုပ်ကျွင်းကို ဒီကိုခေါ်လာတယ် ဆိုပေမဲ့ သူက တပည့်တွေ အများကြီးကို ပါဝင်ယှဉ်ပြိုင်စေဖို့ စာရင်းပေးသွင်းခဲ့တယ်။ ဒီကိစ္စ နောက်တောက်တောက် လုပ်သလို ထင်စရာပဲ”

“ကလေးကစားသလို နောက်တောက်တောက်လုပ်နေတာ ဟုတ်လား၊ မဟုတ်လားဆိုတာ တကယ် တိုက်ခိုက်တဲ့ အချိန်ကျရင် ကျုပ်တို့ သိရမှာပေါ့”

ကျွင်းချောင်ရှောင်း သည် တကယ်ပင် လက်လွတ်စပယ် ပြုလုပ်တတ်သူဖြစ်ကြောင်း ကုထျန်းရှင်း က တွေးတောလျက်ရှိ၏။ သို့ပေမ နာမည်စာရင်းပေးသွင်းထားသည် ဖြစ်သောကြောင့် သူ့အနေနှင့် ယုံကြည်ရန် တစ်ခုသည်သာ တည်ရှိတော့သည်။ ထို့အပြင် သူ၏သား ထွက်ခွာသွားခဲ့သည့် ငါးနှစ်အတွင်းတွင် နတ်ဘုရား လျှို့ဝှက်နယ်မြေ ခြေတစ်လှမ်းချိုးဖြတ်သည့်အဆင့်သို့ မရောက်ရှိသေးသော်လည်း အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ တပည့်များအနေနှင့် ဆိုးဝါးလှသည့် အခြေအနေသို့ ရောက်မည်မဟုတ်မှန်း သူ နက်နက်နဲနဲ ယုံကြည်မိ၏။ အားလုံးသောသူတို့သည် အဆင့်ချိုးဖျက်ခြင်းကို မပြုလုပ်နိုင်သည် ဆိုလျှင်တောင်မှ တကယ့်ကို ပါရမီရှင်တပည့်များဖြစ်ကြောင်းကို သိသာထင်ရှားသော အရှိန်အဝါများကို ထုတ်ဖော်ပြသနေသည်။

ကုကျောင်းရှစ် အကြောင်းပြောရမည်ဆိုလျှင် တစ်ဖက်လူ၏ အားအင်အဆင့်သည် တစ်မဟုတ်ချင်း တိုးတက်ပြောင်းလဲခဲ့ပြီဖြစ်၏။ မွေးဖွားလာခဲ့ပြီးသည်နေက် ကုထျန်းရှင်း သည် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး ပိုမိုအားကောင်စေရန် ကောင်းကင်ရတနာပစ္စည်းများနှင့် သန့်စင်ပျိုးထောင်ပေးခဲ့၏။ ယခု ပြိုင်စံရှားဂိုဏ်းထဲ၌ နေထိုင်ရင်း ငါးနှစ်တိတိကျင့်ကြံခြင်းကိုသာ အာရုံစူးစိုက်ပြီးသည့့််နောက် သူသည် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဆိုသည်မှာ သာမာန်သာဖြစ်တော့၏။

နှမျောစရာရှိသည်မှာ သူသည် ကောင်းကင် ဖြတ်သန်းခြင်း နယ်မြေထဲမှ ထွက်ခွာလာပြီးသည့်နောက် ကြီးမားလှသည့် အခွင့်အရေးနှင့် အမွေအနှစ်များ ကို ရယူနိုင်စွမ်းမရှိခဲ့ခြင်းပင်။

………………………

“သခင်လေးချူ ရောက်လာပြီ”

ထိုအချိန်မှာတော့ အော်ဟစ်သံ တစ်ခုသည် ပွဲခင်းကြီး အပြင်ဘက်ဆီမှ ထွက်ပေါ်လာ၏။ အားလုံးသော သိုင်းကျင့်ကြံသူများ၏ အာရုံများသည် ထိုနေရာဆီသို့ ရောက်ရှိသွားသည်။

ဆွစ်…………

၎င်းတို့၏ မြင်ကွင်းထဲမှာတော့ တောင်းတင်းခိုင်မာလှသော လူ(၆)ယောက်တို့သည် ခမ်းနား ကြီးကြယ်လွန်း လှသည့် ဝေါယာဉ်ကြီးကို ထမ်းပိုးကာ လှမ်းလျှောက်လာခဲ့ကြ၏။

“မဟာမိတ်ခေါင်းဆောင်ကု”

လွီရန်ဖုသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “တုထျန်းနယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်လာပြီလေ ကျုပ်သွားပြီး ကြိုရလိမ့်မယ်”

“သွား…သွား”

ကုထျန်းရှင်း သည် ခေါင်းညိတ်ကာဖြင့် လူအုပ်ကြားထဲမှ လှမ်းလျှောက်လာသည့် ပန်းပွင့်ပုံစံ ရေးထိုးထားသည့် ဝတ်စုံမှင့် လူငယ်ကို လှမ်းကာကြည့်လိုက်၏။ ပြီးနောက်တွေးလိုက်၏။ “ဒီကောင်လေးက လွန်ခဲ့သည့်နှစ်တစ်ရာကထက် ပိုပြီးတော့ အားကောင်းလာတာပဲ။ ရီရှင်းချန် လို့ခေါ်တဲ့ပြိုင်စံရှားဂိုဏ်းက တပည့်က သူ့ကို အနိုင်ယူနိုင်ပါ့မလား ငါသိချင်မိတယ်”

ချူဝမ်ဂီ - သူသည် ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေ၏ နံပါတ်တစ် ပါရမီရှင်သာလျှင်ဖြစ်၏။ ဓားဖြစ်ဖြစ် ၊ ဓားမော့ဖြစ်ဖြစ် သူ၏ရှေ့တွင် ဘာမှမဟုတ်ချေ။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်တစ်ရာတုန်းက ပါရမီရှင်များ ယှဉ်ပြိုင်တိုက်ခိုက်ကြသည့် ကောင်းကင် ဖြတ်သန်းခြင်းနယ်မြေ၏ ပြိုင်ပွဲတစ်ခုတွင် ဗိုလ်လုပွဲရောက်သည် အထိ ဗိုလ်ဆွဲခဲ့၏။ ထိုကဲ့သို့ ဗိုလ်ဆွဲသည့် အခြေအနေမျိုးတွင် သိုင်းကွက်တစ်ကွက်တည်းသာ ထုတ်ဖော်၍ အနိုင်ယူခဲ့၏။ ထို့ကြောင့် သူ့အား တစ်ကွက်တည်းချူ ဟု ခေါ်ဆိုခဲ့ကြ၏။ ကွေ့ယုဟန် လိုမျိုး ပါရမီရှင်နှင့် မတူစွာဘဲ ချူဝမ်ဂီ သည် ပုံပန်းသွင်ပြင် အားအင်အဆင့် အမှန်ပင် အားကောင်းလွန်းလှ၏၊ သို့ပေမဲ့ သူသည် တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံခြင်းကိုသာ ပြုမှုကြသည်ဖြစ်သောကြောင့် သိုင်းကျင့်ကြံခြင်းလောကထဲ သူ၏ နာမည်ကိုသာ ကြားဖူးကြ၏။ သူ့ကို မြင်တွေ့ရန် လူပေါင်းများစွာသည် အခွင့်အရေးမရရှိခဲ့ချေ။

“ဟင်း..သခင်လေးချူက ပထမနေရာကို ကျိန်းသေပေါက် ရမှာသေချာတယ်။ တခြားပြိုင်ပွဲဝင်တွေက ဒုတိယနေရာအတွက် တိုက်ခိုက်ဖို့ပဲရှိတယ်”

“ပြောဖို့တော့ ခက်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကွေ့ယုဟန် ကို အနိုင်ယူခဲ့တဲ့လူက သခင်လေးချူ နဲ့ တိုက်ခိုက်နိုင်မလားမသိဘူး”

“ဟမ့်..သခင်လေးချူက ပါရမီရှင်တိုက်ပွဲကို အနိုင်ရခဲ့ဖူးတယ်လေ။ အားလုံးသော လူတွေကို တစ်ကွက် တည်းနဲ့ တိုက်ခဲ့တာ။ ဒီကောင် ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

ချူဝမ်ဂီ သည် ပွဲခင်းထဲသို့ ဝင်လာသည့်အချိန်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံးသည် သူ့အစား ပြောဆိုလျက်ရှိနေ၏။ ၎င်းတို့၏ စကားလုံးများအားလုံးသည် မနာလိုမှု၊ ချီးကျူးမှုများနှင့် ပြည့်နှက်နေခဲ့၏။ လူတစ်ယောက်သည် သာမာန်ထက်ပိုကာ ထူးချွန်းလွန်းသည် ဆိုပါက အားလုံးသောသူတို့သည် မနာလိုကြမှာ သဘာဝပင်ဖြစ်သည်။

ဘုတ်…….ဘုတ်….….. ဘုတ်….…..

ရုတ်တရက် အပြင်ဘက်ဆီမှ လှမ်းလျှောက်လာသော အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ကြသည်။ အားလုံးသောသူတို့သည် ခေါင်းလှည့်ကာကြည့်လိုက်သည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းမှလူများသည် စစ်သည်များ လမ်းလျှောက်သကဲ့သို့ ညီညာစွာ လှမ်းလျှောက်ဝင်လာသည်ကိုသာ မြင်လိုက်ရတော့သည်။

ကျွင်းချောင်ရှောင်းသည် အားလုံး၏ရှေ့၌ ရပ်တန့်ကာဖြင့် ပြုံးကာ ပြောလိုက်၏ “ဒီနေ့ကစပြီး ဒီပြိုင်ပွဲတစ်ခုလုံးကို ပြိုင်စံရှားဂိုဏ်းက အုပ်စိုးလိုက်ပြီ”

All Chapters