← Chapters

အခန်း ၁၇၉၇

Vol. 121 Ch. 1797

အခန်း ၁၇၉၇

Vol. 121 Ch. 1797

အပိုင်း (၁၇၉၇)

ကျွင်းချောင်ရှောင်း သည် သူ၏တပည့်များနှင့် အတူရောက်ရှိလာခဲ့ကြ၏။ ရောက်ရှိလာသည့် ပုံပန်းသွင်ပြင် သည် အမှန်ပင် မျက်စိနောက်စရာပင်ကောင်းလွန်းလှ၏။

“ဘယ်လောက်ဟန်ထုတ်လိုက်တဲ့ကောင်လဲ။”

“မြောက်ကြွမြောက်ကြွနဲ့” အားလုံးသောသူတို့သည် အထင်အမြင်သေးစွာဖြင့် လှမ်းကာကြည့်ရှုလိုက်၏ ဤလူတို့အားလုံး ထိုကဲ့သို့သုံးသပ်ကြသည်မှာ အပြစ် မဟုတ်ချေ။ အဓိကအားဖြင့် ကျွင်းချောင်ရှောင်း သည် ထကာရိုက်ချင်စရာ ကောင်းလှသည့် အပြုအမူမျိုးနှင့် ဝင်ရောက်လာခဲ့သောကြောင်ပင်။

…………..

ကုထျန်းရှင်း သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “လူငယ်တွေအနေနှင့် မောက်မာတယ်ဆိုတာ ကောင်းတယ်လေ။ ဒါပေမဲ့ အရမ်းကြီး မောက်မာတာ မကောင်းဘူး”

သူ့အနေနှင့် ရီရှင်းချန် ကို အထင်အမြင်မသေးလှချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏အနေနှင့် တပည့် ငါးဆယ်လုံး၏နေရာကို သိမ်းပိုက်မည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ အကယ်၍ ချူဝမ်ဂီနှင့်သာ တွေ့ဆုံပါက တပည့်အချို့သည် ယှဉ်ပြိုင်မှုမှ ထွက်ခွာသွားရနိုင်သည်။

“ဝင်ကြတော့” ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း သည် လက်ဖြောက်တီးလိုက်၏။

လုချင်းချင်းနှင့် လီချင်းယန် တို့ ဦး‌ဆောင်သော ပါဝင်ယှဉ်ပြိုင်မည့် တပည့်များအားလုံးသည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ သူတို့သည် ပြိုင်ပွဲဝင်မည့် တည်နေရာဆီသို့ သွားကြခြင်းဖြစ်ပြီး ကုန်းရှန့်မှာတော့ ပွဲကြည့်ပရိတ်သတ် တည်နေရာဆီသို့ သွားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ကုထျန်းရှင်းသည် သူ့အတွက် ဦးဆောင်ကာ စာရင်းပေးသွင်းထားသည် ဖြစ်သောကြောင့် ပွဲကြည့်စင်ကလည်း သူနှင့်အတူတူ ဘေးချင်းကပ် ထိုင်ရန် အစီအစဉ် ချမှတ်ထားသည်။

“ဦးလေး”

ကျွင်းချောင်ရှောင်း သည် အသာထိုင်ချလိုက်ပြီးသည့်နောက် ထိုင်ခုံပေါ် အသာမှီကာဖြင့် ပြုံးကာ ပြောလိုက်၏။ “ကျုပ် နောက်မကျဘူးမလား။”

“အင်း… အချိန်ကိုက်ပါဘဲ” ကုထျန်းရှင်း က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကြက်ကာဖြင့် ပွဲခင်းတစ်ခုလုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူလူငယ်၊ လူရွယ်များဆီသို့ လှမ်းကာ လှမ်းကြည့်ရှုလိုက်၏။ “ဒါ ကောင်းကင်ဖြတ်သန်းခြင်း လောကရဲ့ ပါရမီရှင်တွေလား”

“အင်း…အမှန်ပဲ”

“အင်း.. သူတို့က နည်းနည်းသာမန်ဆန်လွန်းတယ်”

“………”

ကုထျန်းရှင်း သည် လူအုပ်ကြားထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည့် ချူဝမ်ဂီ ကို လှမ်းကာ လက်ညိုးထိုး လိုက်၏။ “ဒီလူက ကောင်းကင်ဖြတ်သန်းခြင်းလောကရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ မင်းရဲ့ တပည့်တွေက သူတို့နှင့် တွေ့မယ်ဆိုလျှင် ကျိန်းသေပေါက် အထုတ်ခံရမှာ။ ရီရှင်းချန်ဆိုရင်တောင်မှ မသေချာဘူး”

“အဲလိုလား”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား လှမ်းကာ ကြည့်ရှုလိုက်၏။ “ဒီလူက နည်းနည်း အားကောင်းတော့ ပုံပေါ်တယ်။ ဒါပေမဲ့ ရှင်းချန် အတွက်တော့ အန္တရာယ်တစ်ခု မဟုတ်ဘူး”

ဤကောင်‌လေးသည် အစစ်အမှန် ဟန်ထုတ်လျက် ရှိနေသည်ဖြစ်ကြောင်းကို ကုထျန်းရှင်း က ကောင်းကောင်း နားလည်၏။ ထို့ကြောင့် သူသည် ပြိုင်ပွဲစတင်ရန်သာ ခပ်မဆိတ် စောင့်စားနေလိုက်သည်။

ကျွင်း‌ချောင်းရှောင်းသည် မည်သည့် စကားကိုမျှ ဆက်မဆိုချေ။ သူသည် စိတ်ထဲမှာကြိတ်ကာ ရေရွတ်လျက် ရှိ၏။ “ငါ ဒီအခွင့်အရေးကို အရယူပြီးတော့ ကြော်ငြာလိုက်ရင်ကောင်းမလား”

လူသစ်ခေါ်ဆောင်မှု ကြော်ငြာခြင်းနှင့် ပတ်သက်လျှင် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် ကြက်သီးမွေးညှင်းများပင် ထပေလိမ့်မည်။ ယခင်တုန်းက နဂါးကျားပြိုင်ပွဲကြီး ကျင်းပစဉ်တုန်းက များပြားလွန်းလှသော ကြော်ငြာမှုများကို ပြုလုပ်ပြီး သိုင်းကျင့်ကြံသူများအားလုံး၏ နှလုံးသားကို နာကျင်စေခဲ့သည်။ မြို့တော်ဝန်ဟန် ဆိုလျှင် ကြော်ငြာခြင်းအမှု၌ စွဲလမ်းနေပြီဖြစ်သည်။

“ထားလိုက်ပါတော့”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့မယ်”

သူ့အနေနှင့် တပည့်များ၏ အရေအတွက်ကို ဂရုမစိုက်လှတော့ချေ။ သူသည် ပါရမီရှင် တကယ့် ဆယ်ကျော်သက်များကိုသာ လိုချင်၏။ ထို့ကြောင့် ဂိုဏ်းသားသစ် ခေါ်ဆောင်သည့်နေရာတွင် သူသည် တစ်ဖက်လူများ၏ မျက်နှာကိုသာ ကြည့်၏။ ထို့အပြင် ထာရလောကကြီးဖြစ်တည်ခဲ့ပြီးသည့်နောက် အားကောင်းလှသော ဆယ်ကျော်သက်များသည် ဂိုဏ်းဆီသို့ နှစ်စဉ်နှစ်တိုင်း ဆိုသလို ရောက်ရှိလာခဲ့၏။ ထို့ကြောင့် သူတို့ ဂိုဏ်းသည် တပည့်အရေအတွက် လုံလောက်နေပြီဖြစ်သည်။

………………..

ပါရမီရှင်များသည် တဖြည်းဖြည်းနှင့် ပြိုင်ပွဲဝင်တည်နေရာများဆီသို့ လှမ်းလာခဲ့ကြ၏။ ၎င်းတို့သည် နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့စသဖြင့် ရပ်တန့်လျက်ရှိနေကြ၏။ အားလုံးသော သူတို့သည် လူပေါင်း များစွာ စုစည်းကာ ရပ်တန့်လျက် ရှိနေသည့် ပြိုင်စံရှားဂိုဏ်း၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်မိ ကြ၏။

အချက်အလက်အားဖြင့် ဤတည်နေရာသည် တစ်ယောက်ချင်း တိုက်ခိုက်ရသည့် ပြိုင်ပွဲဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူများသည် အုပ်စုဖွဲ့တိုက်ခိုက်ရန် ရောက်ရှိလာသလားဟုပင် သံသယဝင်စရာ ရှိစေသည်။

“ဒုတိယစီနီယာအစ်ကို”

လီထျန်းထျန်းက ပြောလိုက်၏။ “ကျုပ် နည်းနည်းစိတ်လှုပ်ရှားနေတယ်”

သူသည် ယခင်တုန်းက သိုင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ သို့ပေမဲ့ ဤမျှ အဆင့်မြင့်လှသော သိုင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရသည်မှာတော့ ပထမဦးဆုံးအကြိမ်ပင် ဖြစ်၏။ ထို့အပြင် သန်းနှင့်ချီသော ပွဲကြည့်ပရိတ်သတ်များကလည်း တည်ရှိနေသေး၏။ ထို့ကြောင့် သူသည် အစစ်အမှန် ကြောက်လို့ နေခဲ့သည်။

“အင်း… ဂိုဏ်းတူရောင်းရင်းတွေနဲ့ လက်ရည်စမ်းပွဲ ယှဉ်ပြိုင်နေတယ်လို့သာ သဘောထားလိုက်ပါ” လီချင်းယန်က ပြောလိုက်၏ ။

“အင်း”

လီထျန်းထျန်း သည် ခေါင်းကို ကုတ်ကာဖြင့်ပြောလိုက်၏။ “ဘယ်သူနဲ့ လက်ရည်စမ်းမလဲ ဆိုတာကို သိဖို့ လိုသေးတယ်လေ။ စီနီယာအစ်ကိုရီလို လူမျိုးတွေနဲ့ လက်ရည်စမ်းတာဆိုရင် ကျိန်းသေပေါက်နာပြီပဲ”

စီမာကျုံးတ၊ ဟုန့်လင် နှင့် တခြားသောသူများသည် သဘောတူညီလိုက်ကြ၏။ သူတို့၏ ဂိုဏ်းတူရောင်းရင်း များသည် တစ်ယောက်နှင့်တစ်ယောက် လက်ရည်စမ်းသည့်ကအကျင့်ရှိသည်မို့ တိုက်ခိုက်ရန် ပြဿနာကြီးမဟုတ်လှချေ။ သို့ပေမဲ့ ရီရှင်းချန်၊ ရှောင်ကျီကဲ့သို့ လက်ရွေးစင်များ နှင့် လက်ရည်စမ်းသည် ဆိုပါက ကျိန်းသေပေါက် ရိုက်နှက်ခံရခြင်းနှင့် ဆင်တူပေလိမ့်မည်။

“ပြဿနာမရှိဘူး”

စုရှောင်မို က ပြောလိုက်သည်။ “အခု ပြိုင်ပွဲဝင်တဲ့လူတွေက ဂျူနီယာညီလေးရီရဲ့ အဆင့်လောက်ရှိမှာ မဟုတ်ဘူး။ ဒီတော့ စိတ်ပူပန်မှုမရှိဘဲနဲ့ လွတ်လွတ်လပ်လပ် တိုက်ခိုက်ကြ”

“ကောင်းပါပြီ” လီထျန်းထျန်း သည် စိတ်သက်သာရရသလို သက်ပြင်းချလိုက်မိ၏။ ပြီးသည့်နောက် အဝေး တစ်နေရာတွင် ရှိနေသော ပြိုင်ပွဲဝင်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် ချူဝမ်ဂီကို မဖြစ်မနေ လှမ်းကာ ကြည့်ရှုလိုက်မိ၏။ တစ်ဘက်လူ၏ တည်ငြိမ်လှသည့် အသွင်သဏ္ဍာန်ကို တွေ့မြင်ရသည့် အချိန်မှာတော့ သူသည် ခေါင်းကိုမော့ကာ ရင်ကိုကော့ထားမိ၏။ ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုပြီး ရောက်ရှိ လာသည်ဖြစ်ကြောင့် အရှိန်အဝါနှင့် ဟန်ထုတ်သည့်နေရာတွင် တစ်ဖက်လူကို အရှုံးပေး၍ မဖြစ်ချေ။

“အားလုံးပဲ”

ထိုအချိန်မှာတော့ ပြိုင်ပွဲကို တာဝန်ယူထားသည့် လွီရန်ဖုသည် ရုတ်တရက် ပွဲကြည့်စင်၏ အလယ်ဗဟို၌ ပေါ်ပေါက်လာ၏။ သူသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ဆယ့်တစ်ကြိမ်မြောက် စကြာဝဠာ နတ်တိုက်ပွဲအတွက် ပါဝင် ယှဉ်ပြိုင်ရမယ့် လူဦးရေ ရွေးချယ်ပွဲကိုစတင်တော့မယ်။ ဒီနေရာမှာ လူဦးရေ ငါးဆယ်သာ ရွေးချယ်မှာဖြစ်ပါတယ်”

ဝှါး ဝှါး

အားလုံးသောသူတို့သည် သမ်းဝေးလိုက်ကြ၏။ ၎င်းတို့သည် ပြိုင်ပွဲကိုလာရောက် ကြည့်ရှုခြင်းသာဖြစ်သည်။ ဖွင့်ပွဲအမှာစကားကို နားထောင်ချင်ကြသည်မဟုတ်ချေ။

“ပြိုင်ပွဲဝင်အားလုံးနေရာယူကြတော့”

“ဟိုမြင်ကွင်းကြီးကိုကြည့်” လွီရန်ဖုက အသာလှည့်ကာပြောလိုက်၏။ အလင်းတန်း တစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ထိုကြီးမားလှသည့် ပုံရိပ်ယောင်မြင်ကွင်းကြီးတွင် နာမည်များ ပြည့်နှက်လာသည်။

ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ပြိုင်ဘက်ကို မဲနှိုက်ပြီးရွေးချယ်တာမဟုတ်ဘူး‌ပေါ့”

“တာဝန်ရှိသူတွေက တစ်ခါတည်းခွဲထားပြီပြီ” ကုထျန်းရှင်း က ပြောလိုက်သည်။

အမှန်ပင်။ မြင်ကွင်းကို ကြည့်ရမည်ဆိုလျှင် အဖွဲ့တစ်ခုချင်းစီအလိုက် ပါဝင်ယှဉ်ပြိုင်သူများကို ခွဲခြားထား၏။ အဖွဲ့ တစ်ခုချင်းတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် အခြားအဖွဲ့တစ်ခုတွင် ရှိနေသော သိုင်းကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမှာဖြစ်၏။ အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် လူဦးရေ အရေအတွက်စာ လူစာရင်း ကျန်ရှိပေလိမ့်မည်။

“ထူးဆန်းလိုက်တာ” ကျွင်းချောင်ရှောင်း သည် အရာတစ်ခုကိုသွားကာ တွေ့ရှိမိ၏။ သူ၏ တပည့် လေးဆယ့် ငါးယောက်တို့သည် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်ဆိုသော်လည်း မတူညီသည့်လူအသီးသီးနှင့် တိုက်ခိုက်ရန် ကျရောက်လို့ နေ၏။ ဂိုဏ်းတူရောင်းရင်း တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင် တိုက်ခိုက်ရသည့် အခြေအနေမျိုးမရောက်ရှိအောင် ခွဲခြားထားသည့်ပုံပင်။

“ဦးလေး”

ကျွင်းချောင်ရှောင်း က ပြောလိုက်၏ “တပည့်တွေကို အဖွဲ့တစ်ခုချင်းစီ ခွဲထားတာလား။ ဒါ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာပေါ့”

“အင်း.. ဟုတ်တယ်။ လွီရန်ဖု က ငါ့ကိုလာပြီး ပြောခဲ့သေးတယ်”

ကုထျန်းရှင်းက ရှင်းပြလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းအနေနဲ့ တပည့်တွေအချင်းချင်း တွေ့ပြီးတော့ အ‌လျော့ပေးလိုက်မယ်ဆိုလျှင် နေရာတစ်ခုစာကို အလိုလို ရသွားမှာမဟုတ်လား။ ဒါမျိုးကို ကန့်သတ်တဲ့အနေနဲ့ သူတို့က အဖွဲ့ချင်းတစ်ခုချင်းစီမှာ လူတစ်ယောက်ချင်းစီကို ထည့်ပေးထားတာပဲ”

“………”

ကျွင်းချောင်ရှောင်း သည် ဆွံ့အသွားမိခဲ့၏။ ဤကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သူ၏ဂိုဏ်းတပည့်များ အားလုံး သည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်သည့် နေရာစာအား အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း သူက နားလည် လိုက်မိသည်။

“အင်း”

ကုန်းရှန့်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏ “တကယ့်ကို ကြင်နာတတ်တဲ့ စိတ်နှလုံးပိုင်ရှင်ပဲ”

“လာခဲ့၊ လာခဲ့”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် စိတ်အားတက်ကြွမှုများနှင့် တောက်ပလာခဲ့တော့၏။ “တပည့်တွေအကုန်လုံး အဆင့်တက်မှာကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး”

ကုထျန်းရှင်း သည် ခေါင်းကိုခါယမ်းကာဖြင့် မြင်ကွင်း၏အောက် ထောင့်နေရာတွင်ရှိနေသော တည်နေရာဆီ လက်ညှိုးထိုးပြောလိုက်၏။ “မင်းရဲ့ တပည့် လီထျန်းထျန်းက ချူဝမ်ဂီနှင့် ပထမဆုံးပွဲမှာ စပြီးတွေ့မှာ။ သူကျော်ပြီးတော့ အဆင့်တက်သွားဖို့ဆိုတာ အိမ်မက်မက်မနေနဲ့”

သတိပေးမှုကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လီထျန်းထျန်းရှိရာ အဖွဲ့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လီထျန်းထျန်း အနေနှင့် ပထမဆုံး တိုက်ခိုက်ရမည့်ပြိုင်ဘက်သည် ချူဝမ်ဂီ ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် သူသည် မျက်နှာကိုအုပ်ကာပြောလိုက်သည်။ “သွားပြီပဲ”

“သိပ်မှန်တယ်။ သွားပြီ”

သူ၏ အထင်အရဆိုလျှင် ရီရှင်းချန်နှင့်သာ တွေ့ဆုံသည်ဆိုပါက ကြမ်းတမ်းလှသည့် တိုက်ပွဲတစ်ခုဖြစ်လာမှာ သေချာ၏။ မည်သူအနိုင်ရမည် ဆိုသည်ကို ခက်ပေလိမ့်မည်။ သို့ပေမဲ့ တခြားသော သူများနှင့် ရင်ဆိုင်တွေ့သည်ဆိုတော့မှ အထူးသဖြင့် လက်ရွေးစင် တပည့်လည်း မဟုတ်ချေ။ ထို့ကြောင့် ကျိန်းသေပေါက် ပြီးဆုံးသွားပြီဖြစ်၏။

“ဦးလေး”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ကျုပ်ပြောတဲ့ ပြီးပြီးဆိုတာ”

ခဏလောက် ရပ်တန့်လိုက်၏။ “ချူဝမ်ဂီကိုပြောတာ”

ကုထျန်းရှင်း သည် ရုတ်တရက် ကျွင်းချောင်ရှောင်း မျက်နှာကို ဆွဲယူကာဖြင့် သူ၏ လက်ဝါးများနှင့် တဗြင်းဗြင်းပွတ်လျက်ရှိသည်။ “မင်း ဒီသောက်အရေထူလောက်တဲ့ မျက်နှာကြီးနဲ့ ဟန်မထုတ်ဘဲ နေလို့မရဘူးလား”

All Chapters