← Chapters

အခန်း ၁၇၉၈

Vol. 121 Ch. 1798

အခန်း ၁၇၉၈

Vol. 121 Ch. 1798

အပိုင်း (၁၇၉၈)

အုပ်စုအရေအတွက်ကို အစောကတည်းက ကြိုတင်ကာ ခွဲခြားထားသည် ဖြစ်သောကြောင့် အချိန်အကုန်ခံကာ မဲနှိုက်စရာ မလိုအပ်တော့ချေ။ ထို့ကြောင့် အစစ်အမှန်ပင် အချိန်ကုန် သက်သာလွန်းလှ၏။ သို့ပေမဲ့ ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ဘေးဘက်ရှိ ပြိုင်ဆိုင်မည့် လူနာမည်ကို ကြည့်ရှုပြီးနောက် ရင်ခုန်လို့ နေကြသည်။

သူတို့၏ ပထမဆုံး ပြိုင်ဖက်သည် ချူဝမ်ကီ မဟုတ်သည်ကို အတည်ပြုပြီးနောက် အားလုံးသော သူတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ သူတို့သည် မည်သူနှင့် တွေ့ကြုံသည်ဖြစ်စေ ကိစ္စမရှိချေ။ ပထမဆုံး သိုင်းပြိုင်ပွဲ၌ ချူဝမ်ကီကဲ့သို့သော ကျင့်ကြံသူနှင့် တိုက်ခိုက်ပြီး ရှုံးနိမ့်သွားမည်ကို မည်သူမျှ မလိုချင်ကြချေ။

"လီထျန်းထျန်း ဟုတ်လား။ ဒီနာမည်က ကြောင်တောင်တောင်နဲ့"

"ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်ဟုတ်လား။ ပထမအလှည့်မှာတင် ချောင်ဝန်ကီလိုလူမျိုးနဲ့ တွေ့တာ တော်တော်ကံဆိုးတာပဲ"

အားလုံးသောသူတို့သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်အနေဖြင့် အမှန်ပင် နာတော့မည် ဖြစ်ကြောင်း တွေးတောလိုက်မိကြသည်။ သူတို့သည် လီထျန်းထျန်းက မည်သူဖြစ်သည်ကို သိရှိချင်သောကြောင့် လှမ်းကာ စပ်စုလိုက်မိကြသည်။

"စီနီယာအစ်ကို "

လီထျန်းထျန်းက ပြောလိုက်၏။ "ကျုပ်ရဲ့ ပြိုင်ဖက်ကိုကြည့်ရတာ အားကောင်းမယ့် ပုံပဲ"

"ကိစ္စမရှိဘူး" လီချင်းယန်က ပြောလိုက်သည်။

"......"

လီထျန်းထျန်းသည် ဆွံ့အသွားခဲ့၏။ စီနီယာအစ်ကိုကဲ့သို့ လက်ရွေးစင် တပည့်များအနေဖြင့် ဤပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သူများသည် ပြဿနာမဟုတ်လှချေ။ သို့ပေမဲ့ သူကတော့ အသစ်စက်စက်ပင် ဖြစ်၏။ ဤကဲ့သို့ ကြီးကျယ်လှသော ပြိုင်ပွဲကို ယှဉ်ပြိုင်ရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်၏။

"ပြိုင်ပွဲဝင်များ ကိုယ့်နေရာကိုယ် ယူကြပါ"

ထိုအချိန်မှာတော့ လွီရန်ဖုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သွားကြရအောင်"

လီချင်းယန်နှင့် တခြားသူများသည် ဦးခေါင်းကို ခါရမ်းကာဖြင့် ပုခုံးတွန့်လိုက်မိ၏။ တစ်ယောက်နှင့်တစ်ယောက် အားပေးအကြည့်များဖြင့် ကြည့်ကာ သက်ဆိုင်ရာ နေရာဆီသို့ လျှောက်လှမ်းသွားကြ၏။

များပြားလှသော ကျင့်ကြံသူများသည် သေချာ အာရုံစိုက်ကာ ကြည့်ရှုနေခဲ့ကြ၏။ အရှေ့ဖက်သို့ လှမ်းလျှောက်သွားသော လီထျန်းထျန်းကို မြင်ရသည့် အချိန်မှာတော့ တစ်ဖက်လူသည် ပထမဆုံး ပွဲ၌ ချူဝမ်ကီနှင့် ရင်ဆိုင်တွေ့ရသည့် ကံမကောင်းသူမှန်း သိသွားကြသည်။

ကောင်းကင်ဖြတ်သန်းခြင်းလောက၏ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ ချူဝမ်ကီသည် အမှန်ပင် နာမည်ကြီးသော လူတစ်ယောက် ဖြစ်၏။ သူနှင့်တွေ့သည့် လူတိုင်းသည် ကျိန်းသေပေါက် ထွက်ခွာသွားရမှာ ဖြစ်၏။

ဟင်း ….။

ကုထျန်းရှင်းသည် ခေါင်းကို ခါယမ်းလိုက်သည်။ "အမှိုက် … မင်းရဲ့ ပြိုင်ပွဲတစ်ခုလုံးကို အုပ်စိုးချင်တဲ့ အစီအစဉ်တော့ သွားပြီနဲ့ တူတယ်"

" ဟုတ်ရဲ့လား"

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ဖြစ်ပေါ်နေ၏။ သို့ပေမဲ့ သူက မငြင်းပယ်ချေ။ တခြားသူများအား ယုံကြည်စေချင်ပါက အားအင်အဆင့်ဖြင့် သက်သေပြမှ ဖြစ်ပေလိမ့်မည်။

.............

ပြိုင်ပွဲဆီသို့ သွားရောက်ရာ လမ်းများသည် များပြားစွာ တည်ရှိလို့နေ၏။ အဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်များသည် အနီးအနားတွင် စုစည်းလျက် ရှိနေကြပြီး သွေးပူလေ့ကျင့်ခန်းလုပ်ကာ အလုပ်များနေကြ၏။ မိမိ၏ နာမည်ကို ရေးထိုနိုင်ရန်အတွက် ဤပြိုင်ပွဲသည် လှေကားထစ်တစ်ခုပင် ဖြစ်၏။

အခြားတစ်ဖက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများသည် တည်ငြိမ်အေးဆေးစွာ ရှိနေကြ၏။ ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက် ပြိုင်ပွဲပေါင်းများစွာကို တွေ့ကြုံခဲ့ပြီးပြီ ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံး၏ စိတ်သည် ရေကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေကြသည်။

"ပျင်းစရာ ကောင်းလိုက်တာ"

ရီရှင်းချန်သည် အေးစက်စက်ပြောလိုက်၏။သူ့အနေဖြင့် အဓိကပြိုင်ပွဲကို ဝင်ရောက်ရန် ဤအဆင့်ကို ကျော်ဖြတ်ရသည်သာ မဟုတ်ပါက ကျိန်းသေပေါက် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ချေ။

"အဖွဲ့တစ်ခုချင်းဆီက ပထမဆုံးလူတွေ ထွက်ခဲ့ပြီး စင်မြင့်ပေါ်ကို တက်ကြ။ "

ရွှီ ရွှီ

ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင် အမျိုးမျိုးနှင့် ပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်လာကြ၏။ စာရင်းပေးသွင်းထားကြသော တပည့်များသည် အလွန်များပြားသောကြောင့် တစ်ချို့သည် အားလုံး၏ ရှေ့သို့ ရောက်ရှိလာသည်။

မည်သူဖြစ်သနည်း။ ဟယ်ဝူတီပင် ဖြစ်၏။ သူသည် စင်မြင့်၏ ရှေ့တွင် မတ်တပ်ရပ်ကာ တွေးလျက် ရှိ၏။ ငါ သိုသိုသိပ်သိပ် နေချင်တာပါ။ ဘယ်လိုဖြစ်ပြီး ရှေ့ဆုံးမှာ မတ်တပ်ရပ်နေရတာလဲ။

ဟဲဟိုလီသည် ပွဲကြည့်စင်မြင့်ပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်းကို တစ်ချက်ခိုးကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ သူ့အား ပြုံး၍ကြည့်နေသည့် ဂိုဏ်းချုပ်ကို မြင်လိုက်ရ၏။ သူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်အမိန့်ဆိုတော့လည်း လိုက်နာရတော့မှာပေါ့"

"စကြဝဠာ နတ်တိုက်ပွဲရဲ့ အရည်အချင်းစစ် ပထမဆုံး ပြိုင်ပွဲက စပြီ" လွီရန်ဖုက ကြေညာလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ စင်မြင့်ပေါ်၌ များပြားလှသော အော်ရာများ ဖြစ်တည်လာခဲ့၏။ ပြိုင်ပွဲဝင်များသည် လက်သီးကို ဆုပ်ကာဖြင့် ကြမ်းတမ်းသည့် တိုက်ခိုက်ပွဲများကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ဤပြိုင်ပွဲသို့ လာရောက်ကာ စာရင်းပေးသွင်းကြသည့် လူများသည် သာမန်မဟုတ်ကြချေ။ အားလုံးသော သူများသည် အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ရောက်ရှိနေကြပြီး တစ်ချို့သော သူများမှာမူ အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့် သို့မဟုတ် ထိပ်ဆုံးအဆင့်သို့ပင် ရောက်ရှိနေကြသည်။

ဘုန်း ဘုန်း ဘုန်း

တိုက်ပွဲတည်နေရာကြီးသည် အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ ပြိုင်ပွဲဝင်နှစ်ယောက်သည် ၎င်းတို့၏ အားအကောင်းဆုံးသော သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေကြ၏။ စိတ်လှုပ်ရှားစရာ တစ်ခုကဲ့သို့ပင်။

ဟုတ်ပေ၏။ များပြားလှေသာ သိုင်းကျင့်ကြံသူများ၏ အာရုံသည် ကိုးခုမြောက် စင်မြင့်ပေါ်သို့ ရောက်ရှိနေ၏။ ထိုစင်မြင့်အား ဟယ်ဝူတီက အပိုင်စား ရရှိထားသည်။

ဘုန်း ဘုန်း

တုဟိုက်လုံ အမည်ရသော ပြိုင်ပွဲဝင်သည် ကြမ်းတမ်းလှသော လက်ဝါးချက်ကြီးကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်နေ၏။ ဟယ်ဝူတီသည် ဆက်တိုက်ဆိုသလိုပင် အနောက်သို့ ဆုတ်လျက် ရှိနေပြီး ၎င်း၏ ပုံစံကို ကြည့်ရှုရသည်မှာ ရှက်စရာပင်။

အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် တုန်ယင်နေ၏။ တုဟိုက်လုံသည် ပြိုင်ပွဲဝင်များထဲတွင် သာမန်အရည်အချင်းရှိသူသာ ဖြစ်၏။ သို့ပေမဲ့ ဖိနှိပ်တိုက်ခိုက်ခြင်းကို ပြုလုပ်နေသည်။ ပြိုင်စံရှားဂိုဏ်း သည် ဤနေရာဆီသို့ ရောက်ရှိလာခြင်းမှာ အပျော်သဘောလားများပင်။

"ကောင်လေး"

ကုထျန်းရှင်းသည် လေးလေးနက်နက်အသံဖြင့် ပြောလိုက်၏။

"မင်းရဲ့ တပည့်က ဒီအဆင့်ပဲလား"

"ဦးလေး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သေချောချာ ကြည့်ပါအုံး"

"ချီးကို သေသေချာချာ ကြည့့်ပါလား"

ကုထျန်းရှင်း သည် ထအော်လိုက်၏။ "ဒီလောက် အစကနေ အဆုံးထိ ဖိနှိပ်ခံထားရတာ၊ သူပြန်တိုက်နိုင်မယ်လို့ မင်းထင်နေတာလား"

ဘုန်း

ရုတ်တရက် စင်မြင့်ပေါ်မှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ တုဟိုက်လုံသည် အနောက်ဖက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။

"ဒါက "

ကုထျန်းရှင်းသည် ကြောင်သွား၏။ သူသည် တိုက်ခိုက်ပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေ၏။ ဟယ်ဝူတီသည် ကြောက်လန့်တကြားဖြင့် လက်သီးချက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ကာ တစ်ဖက်လူ၏ ရင်အုံကို တည့်တည့်ထိမှန်သွားခဲခြင်းပင်။

"ကြည့် "

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အခု ပြောင်းပြန်ဖြစ်သွားပြီ မဟုတ်လား"

"..."

ကုထျန်းရှင်း သည် ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။ "သူက တစ်ကြိမ်ပဲ ကံကောင်းမှာလေ။ ထပ်ပြီး ကံကောင်းမယ် ထင်လို့လား"

ဟုတ်ပေ၏။ ဟယ်ဝူတီသည် ပြိုင်ဖက်၏ ဖိနှိပ်ခြင်းကို တစ်ချိန်လုံး ခံထားရ၏။ ပြိုင်ဖက်၏ တိုက်ခိုက်ခြင်း ကို မယုံကြည်နိုင်စရာ နည်းလမ်းတစ်ခုဖြင့် ချိုးဖျက်သွားသည်။

"..."

ကုထျန်းရှင်း၏ အမူအရာသည် ပိုမိုကာ စိတ်ဝင်တစားနှင့် ဖြစ်လာခဲ့၏။ တစ်ကြိမ်ကံကောင်းသည်ကို သူ နားလည်၏။ သို့ပေမဲ့ အကြိမ်ပေါင်းများစွာ ကံကောင်းသည်ကိုမြင်ရချိန်မှာတော့ သူက တွေးမိ၏။ တစ်ဖက်လူသည် ၎င်း၏ အအင်အဆင့်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားသည်လား။ "မဖြစ်နိုင်ဘူး။ ဒီကောင်တကယ်ကံကောင်းတာပဲ ဖြစ်ရမယ်"

အထက်နယ်မြေ၏ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် လူများ၏ အရည်အချင်းကို သုံးသပ်သည့်နေရာတွင်လည်း တော်လွန်းလှ၏။ ဟယ်ဝူတီသည် သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သူကျိန်းသေပေါက် ယုံကြည်မိ၏။

ဘုန်း

ခနလောက် တိုက်ခိုက်ပြီးသည့်နောက် ဟယ်ဝူတီသည် ခက်ခက်ခဲခဲ အခြေအနေသို့ ရောက်ရှိနေပြီး အမှတ်မထင် ကြောက်ကန်ကန်ကာ တိုက်ခိုက်လိုက်သည့် အခါမှာတော့ တုဟိုင်လုံတစ်ယောက် စင်မြင့်ပေါ်မှ ပြုတ်ကျသွားခဲ့၏။ ပြီးနောက် ဟယ်ဝူတီ သည် မြေပေါ်တွင် ထိုင်ကာဖြင့် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ ပြိုင်ပွဲဝင်များကို သိရှိစေခြင်းမှာ သူသည် အားကောင်းလွန်းသောကြောင့် အနိုင်ယူခဲ့ခြင်း မဟုတ်ဘဲ ကံကောင်းလွန်းသောကြောင့် အနိုင်ယူခဲ့ခြင်းပင်။

"သေချာပြီ"

အားလုံးသောသူများသည် ဤအမူအရာကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဤလူသည် ကံကောင်းလွန်းသောကြောင့် အနိုင်ရသည်ဟု ထင်မှတ်မိလိုက်ကြ၏။ စင်အောက်သို့ ပြုတ်ကျသွားသော တုဟိုင်လုံသည် မျက်နှာတစ်ခုလုံး နီမြန်းပြီး ဒေါသထွက်လျက် ရှိ၏။ အစမှအဆုံး သူသည် အထက်စီး မှ တိုက်ခိုက်လျက် ရှိနေ၏။ သို့ပေမဲ့ အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ရ၏။

"စင်မြင့် နံပါတ်ကိုး၏ အနိုင်ရရှိသူ ဟယ်ဝူတီ။”

“အဖွဲ့တစ်ခုချင်းဆီတိုင်းရဲ့ ဒုတိယလူ စင်မြင့်ပေါ်သို့ တက်ပါ"

ဒိုင်လူကြီးက အော်လိုက်သည်နှင့် တခြားသော သူများသည် စင်ပေါ်သို့ တက်လာကာဖြင့် တိုက်ခိုက်ကြတော့၏။ ယခုတစ်ခါ တိုက်ခိုက်မည့် လူသည် ရီရှင်းချန်ပင် ဖြစ်တော့၏။ ဝင့်ကြွားလှသည့် ညအင်ပါယာသည် ဒိုင်လူကြီးမှ သူနာမည်ကို ခေါ်သည့်အချိန်တွင် ချက်ချင်း ထိုးတက်သွား၏။ စမည်ဟုပင် စကားမပြောချေ။ လက်သီးတစ်ချက်ထိုးပြီး တစ်ဖက်လူကို အနိုင်ရရှိသွား၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ရှောင်ကျီနဲ့ ရှင်းချန်တို့ကတော့ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တာပဲ"

ရီရှင်းချန်သည် တိုက်ခိုက်ရာတွင် မည်သည့်အပြစ်မှ ပြောစရာမလိုအောင် တော်လွန်းလှလည်း ဖြစ်၏။ အရက်မူးသည့် အချိန်တွင် ဟောခန်းသခင်ကျိ၏ အိပ်ရာပေါ်သို့ သွားသွားအိပ်တတ်သည်ကလွဲ၍ သူ့၌ အပြစ်ဟူ၍ ရှာရခက်ခဲလှသည်။

အနိုင်ရရှိပြီးနောက် ရီရှင်းချန်သည် ခပ်တည်တည်ဖြင့် စင်အောက်သို့ ဆင်းသွားခဲ့၏။ သူ၏ စွမ်းရည်သည် ကောင်းလှသောကြောင့် တခြားသော ပြိုင်ပွဲဝင်များသည် သူ့အား ရှောင်တိမ်းချင်ကြ၏။

"သွားပြီပဲ"

တစ်စုံတစ်ယောက်သည် ဝမ်းနည်းစွာ ပြောလိုက်၏။ "ငါ့ရဲ့ နောက်ပြိုင်ဖက်က သူကိုး"

........

ပြိုင်ပွဲသည် ဆက်လက်ကာ ဖြစ်တည်လျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးယောက် စင်ပေါ်သို့ တက်သွားပြီး စွမ်းဆောင်ရည်ကို ပြသကြ၏။ အားလုံးသော သူများသည် ဟယ်ဝူတီမှာ အားအနည်းဆုံးဖြစ်ကြောင်း သတ်မှတ်လိုက်ကြ၏။ ပြိုင်စံရှားဂိုဏ်းမှ လူများသည် စင်ပေါ်သို့ တက်ပြီးသည့်နောက် တစ်ဖက်လူကို ချက်ချင်း အနိုင်ယူခဲ့ကြ၏။ ဥပမာအားဖြင့် လုချင်းချင်းနှင့် ရှောင်ကျီတို့ပင်။

"အံ့အားသင့်စရာ မဟုတ်ဘူး။ သူတို့က တကယ့်ကို မွန်းစတားတွေပဲ"

"ငါတို့ရဲ့ မျှော်လင့်ချက်တွေက ချူဝမ်ကီပေါ်မှာပဲ မူတည်နေပြီပဲ။ "

အားလုံး ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ လွီရန်ဖုက အော်ဟစ်လိုက်၏။ "နောက်ဆုံး တိုက်ခိုက်ရမည့် သူတွေ စင်မြင့်ပေါ်တက်ပါ"

"လာကြပြီဟ"

အားလုံးသောသူများသည် ရှစ်ခုမြောက် စင်မြင့်ပေါ်သို့ လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ ထိုတည်နေရာတွင် ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေကို ကိုယ်စားပြုသည့် ချူဝမ်ကီက မတ်မတ်ရပ်လျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် လက်များကို ယှက်ကာဖြင့် ပြုံးလိုက်၏။ "လီထျန်းထျန်းသာ နိုင်ရင် ပြိုင်ပွဲတည်နေရာတစ်ခုလုံးကို ပြိုင်စံရှားဂိုဏ်းက အုပ်စိုးပြီလို့ ကြေညာလို့ရပြီ"

All Chapters