အခန်း ၁၈၀၂
Vol. 121 Ch. 1802
အပိုင်း (၁၈၀၂)
“ဘယ်လိုခံစားရလဲ”
“အရမ်း အားကောင်းတယ်” ကျန့်ရှောင်ဟုန် သူ့ကို ကျော်ဖြတ်သွားသည့်အချိန်တွင် ကျိုးဟုန်သည် အလွန်အားကောင်းလွန်းလှသော ဓားနိယာမ၏ အော်ရာများကို ခံစားလိုက်မိ၏။ ထို့ကြောင့် သူသည် သူမနှင့် တိုက်ခိုက်ချင်နေမိ၏။
“ငါမေးတာ သူ့ရဲ့အားအင်အဆင့်ကို မေးတာမဟုတ်ဘူး”
“ဒါဆိုရင် ဘာမေးတာလဲ”
“မင်းရဲ့ခံစားချက်လေ”
“အင်း… အရမ်းအားကောင်းတယ်”
ကျွင်းချောင်ရှောင်းသည် နဂါးဦးချိုကို အသာမှီကာဖြင့် ဆွံ့အလျက်ရှိသည်။ “ဒီကောင် ပေါက်ကရတွေ လျှောက်ပြောတာပဲ နေမယ်”
ကျန့်ရှောင်ဟုန်သည် ကျိုးဟုန်ကို မျက်စိမှိတ်ပြသွားကြောင်း ကျွင်းချောင်ရှောင်း သေသေချာချာ မြင်လိုက်ရ၏။ ထို့ကြောင့် ဘယ်လိုခံစားရလဲ မေးမြန်းလိုက်ခြင်းဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်ကို မေးမြန်းခြင်း မဟုတ်ဘဲ မိန်းကလေးတစ်ယောက် မျက်လုံးမှိတ်ပြလိုက်သည့်အချိန်တွင် ဘယ်လိုခံစားရ သနည်းဟု မေးမြန်းခြင်းပင်။ “ဓာတ်လိုက်သလို ဖြစ်သွားသေးလား”
“ဟင်း”
စနစ်က ဆွံ့အသွားမိ၏။ “အမြဲတမ်း ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်ကို လျစ်လျှူရှုတတ်တဲ့လူက ဘယ်လို ဖြစ်ပြီးတော့ တပည့်တွေရဲ့ ခံစားချက်ကို လိုက်လံစိုးရိမ်ပူပန်နေရတာလဲ”
ကျိုးဟုန်သည် တမင်တကာ မသိသလို ဟန်ဆောင်ကာ ပြန်လည်ဖြေဆိုနေခြင်းပေလား။ မဟုတ်ပေ။ သူသည် အစစ်အမှန် မသိရှိပေ။ ကျန့်ရှောင်ဟုန် တစ်ယောက် သူ့ကို မျက်စိမှိတ်ပြသွားခြင်းကိစ္စနှင့် ပတ်သက်၍ သူသည် စိတ်ဝင်စားမှု မရှိပေ။ သူစိတ်ဝင်စားသည်မှာ သူမနှင့် ဓားပညာကို ယှဉ်ပြိုင်ချင်ခြင်းပင်။ ဓားကျင့်ကြံသူ၏မျက်လုံးထဲ၌ ဓားသာလျှင်ရှိသည်။
ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ပြီးသည့်နောက် ကျိုးဟုန်သည် ဓား၏နိယာမများကို တစ်ယောက်တည်း ကျင့်ကြံခဲ့၏။ တစ်နှစ်ပြီးတစ်နှစ်သာ ကုန်ဆုံးသွားသည်။ သူ၏ ဂိုဏ်းတူရောင်းရင်းများနှင့် စကားပြောဆိုခြင်းကိုပင် သိပ်၍ မပြုလုပ်ခဲ့ချေ။
ပြောရမည်ဆိုလျှင် ဂိုဏ်းတစ်ခုလုံးတွင် လီချင်းယန်၊ စုရှောင်မိုတို့သည် သာမန်သာဖြစ်သည်ဆိုသော်လည်း အားလုံးသောသူတို့၏ရှေ့တွင် ၎င်းတို့နှင့် စေ့စပ်ထားသည့် မိန်းကလေးများကို တစ်ယောက်က နမ်းရှိုက်ရဲ သလို တစ်ယောက်က ထာဝရလောကကြီးဆီသို့ လှည့်လည်သွားလာပြီး ငါးနှစ်တိတိ အချိန်ဖြုန်းခဲ့၏။ ၎င်းတို့ အားလုံးထက် အစွမ်းပြခဲ့သူမှာ ရီရှင်းချန်သာလျှင် ရှိသည်။ ကျန်သည့်လူများသည် အဖြစ်ရှိလှသည် မဟုတ်ချေ။
“ကောင်လေး”
ကုထျန်းရှင်းသည် လေးလေးနက်နက် လေသံဖြင့် ပြောလိုက်၏။ “မင်းရဲ့တပည့်တွေကို ပြိုင်ပွဲမှာ နိုင်စေချင်တယ်ဆိုရင် ဒီတစ်ယောက်ကို အနိုင်ယူနိုင်မှ ဖြစ်လိမ့်မယ်”
“ဒါက ပြဿနာရှိလား” ကျွင်းချောင်ရှောင်းသည် ကျိုးဟုန်ကို လှမ်းကာကြည့်ရှုလိုက်သည်။
ကျိုးဟုန်သည် ခဏလောက် တွေးတောပြီးနောက် ပြောလိုက်၏။ “အင်း… ကျိန်းသေပေါက် တိုက်ခိုက်ရ မှာပေါ့”
သူ့အနေနှင့် ဤအမျိုးသမီး၏ ဓားချီများသည် လက်ရှိအခြေအနေမှာတော့ အားအကောင်းဆုံး ဖြစ်နေသည်ဟု မထင်ချေ။ သို့ပေမဲ့ ဘာမှန်းမသိသည့် ခံစားချက်မျိုးကို ရရှိစေ၏။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်သည် ပျံသန်းနိုင်သည့် ရတနာပစ္စည်းများကို အသုံးပြုကာ သူတို့ကို ကျော်တက်သွားခဲ့ကြ၏။ ထိုသူတို့သည် အလွန်တရာ ငယ်ရွယ်လှသူများဖြစ်ပြီး သက်တမ်း နှစ်တစ်ထောင်ထက် မကျော်သော သိုင်းကျင့်ကြံသူများ ဖြစ်လို့နေခဲ့သည်။
“ဦးလေး”
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။ “ဒီလူတွေက ပြိုင်ပွဲဝင်တွေပဲလား”
“အင်း”
ကုထျန်းရှင်းသည် ၎င်းတို့၏ခါးတွင် ချိတ်ထားသည့် ကျောက်စိမ်းပြားကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ဒီလူတွေ အားလုံးက သူတို့ရဲ့ သက်ဆိုင်ရာ ဂြိုဟ်အသီးသီးက ထိပ်တန်းပါရမီရှင်တွေပဲ”
“အခု ကြယ်တာရာပြိုင်ပွဲလေးပဲ ရှိသေးတယ်။ နောက်ထပ် စကြဝဠာနတ်တိုက်ပွဲဆိုရင် ပိုပြီး ကြီးကျယ် ခမ်းနားမယ်နဲ့တူတယ်”
“အမှန်ပဲလေ”
ကုထျန်းရှင်းက ပြောလိုက်၏။ “အရင်ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတွေကို ကြည့်လိုက်မယ်ဆိုရင် ဒုတိယရတဲ့လူတောင်မှ နတ်ဘုရားလျှို့ဝှက်နယ်မြေကို ခြေလှမ်းဝက်အဆင့် ရှိနေတယ်”
“ဟုတ်လား”
“အမှန်ပဲ။ အခုလည်းနတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့် ခြေလှမ်းဝက် ကျင့်ကြံသူတွေက ဘယ်လိုမှ မနည်းပါးဘူး”
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ ရီရှင်းချန်နှင့် တခြားသောသူများသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိလျက်ရှိနေပြီး အဆင့်ချိုးဖြတ်ခြင်းကို မပြုလုပ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် တခြားသောသူများကို ရင်ဆိုင်ရန်အတွက် ခက်ခဲပေလိမ့်မည်။
“အရမ်းကြီး စဉ်းစားမနေနဲ့”
စနစ်သည် သူ့ကို ရင်နာအောင် ပြောဆိုလိုက်၏။ “လောကကြီးမှာ အားကောင်း လွန်းတဲ့ကျွမ်းကျင်သူတွေဆိုတာ အများကြီးရှိတယ်။ ပြီးတော့ တကယ့်ကို ထူးဆန်းလွန်းလှတဲ့ အမွေအနှစ် အခွင့်အရေးတွေကလည်း ရှိနေသေးတယ် မဟုတ်လား။ မင်းရဲ့တပည့်တွေအနေနဲ့ တစ်စုံတစ်ခုကို ရရှိ သွားနိုင်မယ်ဆိုရင် အဆင့်ချိုးဖြတ်သွားနိုင်မှာ မဟုတ်လား”
“ဒါက”
ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက် ရှိနေသည်။ ကံကြမ္မာရေစက် ဆိုသည်မှာ ခန့်မှန်းရန် ခက်ခဲ လွန်းလှ၏။ ဥပမာပြုရမည်ဆိုလျှင် သူသည် တခြားသောလောကဆီသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာ ခဲ့သည့်ဆိုသော်လည်း စနစ်ကို အသက်သွင်းနိုင်ခဲ့၏။ ထို့ကြောင့် ယခုကဲ့သို့ နေထိုင်နိုင်ခြင်းသာဖြစ်သည်။ စနစ်သာ မရှိသည်ဆိုပါက ဘယ်သူမှပင် သူ့ဘက်သို့လှည့်ကာ အီးပေါက်မည် မဟုတ်ချေ။
.....................
ဆန်းကြယ်လှသော ဟောခန်းအတွင်းမှာတော့ ဆံပင်တွေ ပွစာကျဲလျက် ရှိနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်း လူငယ်တစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းလွန်း လှသော နတ်ဆိုးသားရဲ၏ ဆေးမင်ကြောင်ကို ရေးထိုးထား၏။ ထိုလူသည် ဒူးတစ်ဖက်ထောက်ကာဖြင့် ပြောလိုက်၏။ “မွေးစားအဖေ”
“ထ” ကျယ်လောင်လှသော အသံကြီးသည် ဟောခန်းထဲမှ ထွက်ပေါ်လာ၏။ မြင်ကွင်းကို သေသေချာချာ ကြည့်ရှုရမည်ဆိုလျှင် အတွင်းဘက်မှ အသံထွက်ပေါ်လာခြင်းဖြစ်ပြီး မည်သူမှန်း မသိချေ.
“မွေးစားအဖေ”
လူငယ်သည် လေးစားသမှုဖြင့် ပြောလိုက်၏။ “ဘာတွေ အမိန့်ပေးချင်ပါသေးလဲ”
“စကြဝဠာနတ်တိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ငါ မင်းအတွက် စာရင်းပေးသွင်းပြီးသွားပြီ။ ဒီတော့ ချက်ချင်းပဲ အခု ကျင်းပနေတဲ့ ကြယ်တာရာ ပြိုင်ပွဲဆီသွားတော့” ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြန်သည်။
“ကောင်းပါပြီ” ဆံပင်ပွစာကျဲနှင့်လူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။
ကျယ်လောင်လှသော အသံပိုင်ရှင်က ဆက်ပြောလိုက်သည်။ “မင်းက ငါ့ရဲ့ သဘောအကျရဆုံး သား တစ်ယောက်ပဲ။ ဒီတစ်ကြိမ် ကြယ်တာရာ တိုက်ပွဲမှာ ဗိုဟ်စွဲအောင် လုပ်ခဲ့တော့”
ဆံပင်ပွစာကျဲနှင့်လူသည် လေးနက်ခိုင်မာသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “စိတ်ချပါ”
“သွားတော့”
“ကောင်းပါပြီ” ဆံပင်ပွစာကျဲနှင့်လူသည် ဆန်းကြယ်လွန်းလှသော ဟောခန်းကြီးဆီမှ ထွက်လျှောက်သွားပြီး တည်နေရာတစ်ခုဆီသို့ လှမ်းလျှောက်သွား၏။ ပြီးနောက် သူသည် စက်ဝိုင်းပုံစံရတနာတစ်ခုကို ဆင့်ခေါ် ကာဖြင့် လေထုထဲသို့ ပျံတက်သွားလေသည်။
ရွှီး ရွှီး
ကောင်းကင်ပေါ်သို့ ရောက်သည့်အချိန်မှာတော့ သူ၏အကြည့်များသည် အေးစက်သွားခဲ့၏။ “ငါက တစ်လောကလုံးမှာ အားအကောင်းဆုံး ဝံပုလွေဖြစ်တယ်ဆိုတာကို မွေးစားအဖေ သိစေရမယ်။ ငါက ဒီနှစ် ကြယ်တာရာတိုက်ပွဲရဲ့ ဗိုလ်စွဲသူ ဖြစ်ကိုဖြစ်ရမယ်”
........
အထက်ပထမံလောကကြီးမှာတော့ ကျွင်းချောင်ရှောင်းသည် ပြိုင်ပွဲကျင်းပမည့် အဓိကမြို့ကြီးထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးအား နှင့်အတူ မြို့ထဲသို့ ဝင်သွားခဲ့၏။
ဖြတ်သွားဖြတ်လာများ အားလုံးသည် တိုင်ပင်ဆွေးနွေးလျက် ရှိသည်။ “ကောင်းကင်ဘုံ... ဒီကောင်ကြီးက မိုးကြိုးတိမ်နယ်မြေထဲမှာ မွေးဖွားတဲ့ ဂျိုကိုးခုမိုးကြိုးတိမ်နဂါးပဲ မဟုတ်လား။ တကယ့်ကို ရှားပါးလှတဲ့ သားရဲကြီးပဲ”
“အင်း.. ဒီလူတွေက ရိုးရှင်းတဲ့လူတွေ မဟုတ်လောက်ဘူး”
သူတို့ ပြောဆိုဆွေးနွေးလျက် ရှိနေတုန်းမှာပဲ နဂါးနှင့်ကျားအင်မော်တယ်များသည် ရောက်ရှိလာခဲ့ကြ၏။ ချောမောလှသည့်လူနှင့် လှပသည့် မိန်းကလေး များအားလုံးသည် ထိုသတ္တဝါများပေါ်မှ ခုန်ချလိုက်၏။ ၎င်းတို့၏ ခြေထောက်များသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။
လမ်းတလျှောက်တွင် များပြားလှသော သားရဲများ၏ ဝိုင်းပတ်ကာ ပျံသန်းခြင်းကို ခံခဲ့ရသည်မို့ ၎င်းတို့၏ သားရဲများတင်မက သူတို့သည်ပင်လျှင် ကြီးမားသည့် ဖိအားကို ခံစားခဲ့ရသည်။
ရွှီး ရွှီး
ထိုအချိန်မှာပဲ အပြာရောင်ဖျော့ဖျော့ ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူများသည် ရောက်ရှိ လာခဲ့ကြသည်။ အမျိုးသားများသည် ချောမောလွန်းလှပြီး အမျိုးသမီးများမှာတော့ သာမန်ထက်ပိုကာ ကြည့်ကောင်းလွန်းလှသည်။
“တောက်ယွမ်ဂိုဏ်းတပည့်တွေပါလား” ဖြတ်သွားဖြတ်လာ လူများ၏ မျက်လုံးထဲတွင် ချီးကျူးသည့် အရိပ်အယောင်များ ပြည့်နှက်သွား၏။ အထက်ပထမံလောကကြီးသည် များပြားလှသော ဂိုဏ်းများ တည်ရှိရာ ဂြိုဟ်လည်းဖြစ်၏။ အလွန် အားကောင်းလှသော ဂိုဏ်းများထဲတွင် တောက်ယွမ်ဂိုဏ်းဆိုသည်က အဓိက ပါဝင်နေသည်။ ကြယ်တာရာပြိုင်ပွဲ ကျင်းပသည့်နေရာသည် သူတို့၏ အိမ်ဌာနေပင်ဖြစ်၏။
“အကြီးဆုံး စီနီယာအစ်ကို”
တောက်ယွမ်ဂိုဏ်း တပည့်တစ်ယောက်က ပြောလိုက်သည်။ “အကြီးအကဲက အခန်းတစ်ခန်းကို ကြိုပြီးတော့ စာရင်း ပေးသွင်းထားတယ်။ မြို့ထဲကို သွားဖို့ပဲ လိုအပ်တယ်”
“အင်း” အကြီးဆုံး စီနီယာအစ်ကိုသည် ၎င်းတို့ ဂိုဏ်းတူရောင်းရင်းများရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ထိုသူသည် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ ပြောရမည်ဆိုလျှင် ဤလူသည် အေးစက်လွန်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။ ရေခဲဓာတ်သဘာဝ ကျင့်ကြံသူလည်း ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် အားလုံးသောသူများကို နွေးထွေးမှု ဖြစ်စေ၏။
“ဒါ တောက်ယွမ်ဂိုဏ်းရဲ့ အားအကောင်းဆုံးသော တပည့်ကြီး နန်းကုန်းချင်းရှန် မလား”
“အင်း... ဟုတ်တယ်”
“သေချာပြီ။ သူ့ရဲ့အပြုံးက လူတွေရဲ့ နှလုံးသားကို နွေးထွေးစေတာပဲ”
“တောက်ယွမ်ဂိုဏ်းရဲ့ အကြီးဆုံးတပည့်နဲ့ ကွေ့ရှုဓားရဲ့မြေးက ဒီနှစ်ရဲ့ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့် လူတွေအဖြစ် နာမည်ကြီးနေတယ်”
ဘုန်း ဘုန်း
အားလုံးဆွေးနွေးလျက်ရှိနေတုန်းမှာပဲ မြေပြင်တစ်ခုလုံး တုန်ခါသွား၏။ လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ အဓိက လမ်းမကြီးမှတဆင့် ကြီးမားလွန်းလှသော ကျောက်တုံးကြီးကို သယ်ကာ လှမ်းလျှောက်လာသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။ ၎င်းဖြတ်သန်းသွားရာ လမ်းတလျှောက်တွင် ခြေရာများပင် နစ်ဝင်လျက်ရှိ၏။
“လမ်းဖယ်ကြ”
........
လမ်းသွားလမ်းလာများသည် လမ်းကို အသာဖယ်ပေးလိုက်ကြ၏။ လူငယ်သည် မြို့၏ ဂိတ်တံခါးဆီသို့ လျှောက်လာခဲ့ပြီး ပါးစပ်ထဲ၌ ကျောက်စိမ်းပြားတစ်ခုကို ကိုက်ထား၏။ အစောင့်များသည် ထိုအရာကိုယူကာ စစ်ဆေးပြီးသည့်နောက် ကျောပေါ်တွင်ရှိနေသော ကျောက်တုံးကြီးကို ကြည့်ရှုကာ ပြောလိုက်၏။ “ခင်ဗျား ဝင်သွားလို့ရတယ်။ ဒါပေမဲ့ ဒါကြီးကိုချခဲ့”
“ကောင်းပါပြီ” လူငယ်သည် အသာချလိုက်သည်။
ဘုန်း
ကီလိုထောင်ပေါင်းများစွာ လေးလံလှသည့် ကျောက်တုံးကြီး မြေပေါ်သို့ ကျဆင်းသွားပြီးသည့်နောက် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ ဖုန်များပင် တလိပ်လိပ်တက်လာခဲ့၏။
လမ်းသွားလမ်းလာများ အားလုံးသည် လက်ကို ယမ်းခါကာဖြင့် ဖုန်များ ပျောက်ကွယ်အောင် ပြုလုပ်လိုက်ကြ၏။ ဖုန်များ မရှိသည့် အချိန်မှာတော့ ၎င်းတို့သည် မျက်လုံးအပြူးသား ဖြစ်လို့နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံး၏ တစ်ဝက်လောက်သည် မြေကြီးထဲသို့ ကျွံဝင်နေသောကြောင့်ပင်။
“ကောင်းကင်ဘုံ... မြေကြီးကိုတောင်မှ ကျွံဝင်သွားအောင်လို့ ဘယ်လောက်တောင်လေးတဲ့အရာကြီးများလဲ။ ဒါ ထိပ်တန်းသိုင်းကျင့်ကြံသူပဲ ဖြစ်ရမယ်” အားလုံးသောသူတို့သည် မြို့ထဲသို့ လျှောက်ဝင်သွားခဲ့သည့် လူငယ်၏ ကျောကုန်းကို လှမ်းကာကြည့်ရှုလိုက်၏။ ၎င်းတို့၏ မျက်လုံးထဲတွင် လေးစားသည့် အရိပ်အယောင် များဖြစ်လို့နေသည်။
စားသောက်ခန်းထဲတွင် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်အာရုံများကို ပြန်လည်ရုတ်သိမ်းကာဖြင့် အခန်းထဲတွင် ရှိနေသည့် လက်ရွေးစင်တပည့်များကို လှမ်းကာ မေးမြန်းလိုက်သည်။ “ဒီနေရာမှာ တကယ့်ကို ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ကျားတွေကြီးပဲ။ မင်းတို့ ပြိုင်ပွဲရှိတဲ့ နေကျမှာ အပြင်ကို ထွက်သင့်တယ်”
“ကောင်းပါပြီ” လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သံပြိုင်ဆိုသလိုပဲ ပြောလိုက်၏။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့သည် အလွန်အားကောင်းလှသည့် ပြိုင်ဘက်များနှင့် တွေ့ဆုံရတော့မည် ဖြစ်သောကြောင့် သွေးများပင် ဆူဝေလျက် ရှိနေသည်။ သူတို့သည် အစစ်အမှန်ပင် အားကောင်းလှသော ပြိုင်ဘက်များနှင့် တိုက်ခိုက်ချင်စိတ် ရှိနေကြ၏။
“ဝူတီ”
ကျွင်းချောင်ရှောင်းသည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည့် ဟယ်ဝူတီကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ထူးထူးခြားခြား သတိပေးလိုက်သည်။ “မင်းတကယ့်ကို လေးလေးနက်နက် တိုက်ခိုက်မှ ဖြစ်မယ်”
ဆွစ်
ဟယ်ဝူတီသည် အသာလဲလျောင်းနေရာမှ ရုတ်တရက် ထရပ်လိုက်၏။ သူသည် ခေါင်းကိုမော့ကာဖြင့် ပြောလိုက်၏။ “တပည့်.. အစွမ်းကုန်ထုတ်ပြီးတော့ တိုက်ခိုက်သွားပါ့မယ်”