← Chapters

အခန်း ၁၈၀၃

Vol. 121 Ch. 1803

အခန်း ၁၈၀၃

Vol. 121 Ch. 1803

အပိုင်း (၁၈၀၃)

ကြယ်တာရာတိုက်ပွဲသည် မကြာခင်မှာ စတင်တော့မှာ ဖြစ်၏။ ထို့ကြောင့် ပြိုင်ပွဲကျင်းပမည့် သူများသည် အထက်လောကသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။

ကျော်ကြားလွန်းလှသော ရှေးစွမ်းအားမြင့် ကျင့်ကြံသူများနှင့်အတူ အားအင်တက်ကြွလျက်ရှိသည့် လူငယ်လူရွယ်၊ ကြယ်ပွင့်လေးများလည်း ပါဝင်လျက် ရှိ၏။ ကျွမ်းကျင်သူများ ဆိုသည်မှာ နေရာအနှံ့ပင်။

ကျွင်းချောင်ရှောင်းသည် ဘာမှလုပ်စရာ မရှိသောကြောင့် နှင်းဆီဧကရီကို ခေါ်ဆောင်ကာဖြင့် ရှုပ်ထွေးလှသော မြို့အတွင်း သွားရောက်ကာ ၎င်းဒေသ၏ မတူညီသော ဓလေ့များကို စုံစမ်းလျက် ရှိ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများမှာမူ သူတို့အခန်းထဲတွင်သာ နေထိုင်ပြီး သူတို့၏ အချိန်တော်တော်များများကို အနားယူရင်း ကုန်ဆုံးနေ၏။ ထို့ပြင် ၎င်းတို့သည် တိုက်ပွဲမစတင်ခင်တွင် အပြည့်ဖြစ်နေရန် လိုအပ်နေသည် မဟုတ်ပါလား။

"ဟမ် "

ဟယ်ဝူတီသည် အိပ်ယာပေါ်သို့ အသာလှဲပြီး မျက်နှာကျက်ကို ကြည့်နေမိ၏။ သူ၏ အမူအရာသည် နဝေတိမ်တောင်ဖြင့် ဖြစ်လို့နေလေသည်။ သူသည် အစစ်အမှန်ပင် သိုသိုသိပ်သိပ် နေချင်ခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား လူရှေ့သူရှေ့သို့ ထွက်စေချင်မိ၏။ ပြိုင်စံရှားဂိုဏ်းအတွက်သာ မဟုတ်ပါက ဤကဲ့သို့ လူများရှေ့ထွက်ရမည့် ပြိုင်ပွဲမျိုးကို ဘယ်တော့အခါမှ ဝင်ရောက်ယှဥ္ပြိုင်လိမ့်မည် မဟုတ်ချေ။

"ထားလိုက်တော့၊ ထားလိုက်တော့"

ခနလောက် တွေးတောပြီးသည့်နောက် သူသည် အိပ်ယာပေါ်တွင် ထထိုင်လိုက်၏။ သူ၏ မျက်နှာကို လက်ဖြင့် အသာပွတ်သပ်ပြီးသည့်နောက် ပြောလိုက်၏။ "ဂိုဏ်းချုပ်က ငါ့ကို ကောင်းကောင်း ဆက်ဆံတာပဲ။ ငါအကောင်းဆုံး ကြိုးစားရမယ်။ "

ဟယ်ဝူတီ သည် လေးလေးနက်နက်နှင့် အကောင်းမွန်ဆုံး ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်၏။ သို့ပေမဲ့ ယခင် အရည်အချင်းစစ် ပြိုင်ပွဲတုန်းက နည်းလမ်းမျိုးကို အသုံးပြုရမည်လား ဆိုသည်ကိုတော့ စဉ်းစားတုန်းပင်။

"မဖြစ်ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကံကောင်းလို့ အနိုင်ရသွားတဲ့ ပုံစံ ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ လူပေါင်းများစွာ ငါ့ကို ပိုပြီးတော့ အာရုံစိုက်ခဲ့တာပဲ"

သူ၏ သရုပ်ဆောင်စွမ်းရည်သည် အမှန်ပင် ကောင်းလွန်းလှ၏။ ကုထျန်းရှင်း ကဲ့သို့သော လူမျိုးပင်လျှင် ပြစ်ချက်ကို ရှာမတွေ့ခဲ့ချေ။

ဟယ်ဝူတီ ၏ ရည်ရွယ်ချက်သည် အားလုံးထဲတွင် မထင်ပေါ်စေရန် ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူဖြစ်စေချင်သလို မဖြစ်ခဲ့ချေ။ ပွဲကြည့်ပရိတ်သတ်များ အားလုံးသည် သူ့အား ထပ်မံကံကောင်း၍ အနိုင်ယူသွားမည်လား ဆိုသည်ကို အာရုံစိုက်လာကြ၏။ အခြားတစ်ဖက်မှ ကြည့်ရလျှင် ရီရှင်းချန်သည် သူ၏ပြိုင်ပွဲများကို ပို၍ မြန်မြန်မြန်ဆန်ဆန်နှင့် တိုက်ခိုက်နိုင်ခဲ့သည် ဆိုသော်လည်း အားလုံးသော သူတို့သည် ရီရှင်းချန်၏ ပြိုင်ပွဲကို သုံးပွဲမှ ငါးပွဲအထိ ကြည့်ရှုပြီးနောက် ပျင်းရိသွားခဲ့၏။ ထို့ကြောင့် စိတ်မဝင်စားတော့ချေ။

အရသာရှိလှသည့် အစာများကို အလွန်အမင်း စားသောက်လျှင်လည်း အီသွားတတ်သည် မဟုတ်ပါလား။ တစ်ခါတစ်ရံတွင် ဟင်းသီးဟင်းရွက်နှင့် အခြားကောင်းမွန်သည့် ဟင်းပွဲများကို စားသုံးခြင်းကလည်း ကောင်းမွန်သည်ဟု ခံစားမိစေ၏။

ဟယ်ဝူတီသည် ထိုအရာကို နားလည်လိုက်မိ၏။ ထို့ကြောင့် တိုက်ပွဲစသည်နှင့် တစ်ပြိုင်နှက် သူသည် ရိုးရိုးရှင်းရှင်းနှင့် အနိုင်ယူရန် စဉ်းစားထားမိသည်။

မြို့အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် တို့ဖူးနံ တစ်တုံးကို စားကာဖြင့် လမ်းလျှောက်လျက် ရှိ၏။ သူ၏ ခန္ဓာကိုယ် နှင့် ဝိညာဉ် နှစ်ခုလုံးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသကဲ့သို့ပင်။

နှင်းဆီဧကရီမှာတော့ နှာခေါင်းကို ပိတ်ကာဖြင့် ခပ်ဝေးဝေးမှ ခွာကာလျှောက်လျက်ရှိသည်။

"အရသာရှိလိုက်တာ"

ကျွင်းချောင်ရှောင်းသည် စားနေရင်းမှ လှမ်းကာပြောလိုက်၏။ "ရော့ စားကြည့်ပါလား"

နှင်းဆီဧကရီသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ သူမသည် အနံ့အသက် ပြင်းလွန်းလှသော အစားအသောက်များကို ဘယ်တုန်းကမှ မကြိုက်ချေ။

"ခင်ဗျားမစားရင် ကျုပ်စားမယ်"

ကျွင်းချောင်ရှောင်းသည် နောက်တစ်ခုကို ထပ်ယူကာ စားလိုက်၏။ "အင်း …. ငါသာ ရွေးချယ်ခွင့်ရှိရင် ဒီမိန်းမချက်တဲ့ ဟင်းတွေထက်စာရင် ဒီဟာကိုပဲ နေ့တိုင်းစားပါတယ်"

သူတို့သည် ရှုပ်ထွေးလှသော လမ်းများကိုလည်း လျှောက်သွား၏။ တစ်ယောက်မှာ အလွန်ချောပြီး အခြားတစ်ယောက်မှာတော့ အလွန်လှပ၏။ ထို့ကြောင့် ဖြတ်သွားဖြတ်လာတို့၏ အာရုံသည် သူတို့ဆီသို့ ရောက်ရှိနေကြသည်။

"အမှိုက်"

ရုတ်တရက် အသံတစ်ခုသည် သူ့နားထဲတွင် ပေါ်ပေါက်လာ၏။ "မင်းကန်းနေလား"

အသံသည် ကျယ်လောင်လွန်းလှ၏။ ထို့ကြောင့် ဖြတ်သွားဖြတ်လာ အားလုံးတို့သည် အာရုံပြုမိသွားကြ၏။ အားလုံးသည် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်ကြသည်။

"သွားကြရအောင်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "သွားကြည့်ကြမယ်"

နှင်းဆီဧကရီသည် အနည်းငယ် ကြောင်အသွား၏။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ယောကျာ်းသည် သူမ၏လက်ကို ဆွဲကာ ရှုပ်ထွေးလှသည့် တည်နေရာအတွင်းသို့ သွားနေသောကြောင့်ပင်။

"ခင်ဗျား ကျုပ်ကို ဝင်တိုက်တာ မဟုတ်လား။"

"ချီးတဲ့မှ ဆိုင်ထဲက ငါထွက်လာတာ။ မင်း အရင် ဝင်တိုက်တာ”

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို ဆွဲကာဖြင့် လူများကြားတွင် တိုးကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ သက်လတ်ပိုင်း လူတစ်ယောက်နှင့် ဆံပင်များ ပွစာကြဲပြီး ကြမ်းတမ်းပုံပေါ်သည့် လူငယ်တစ်ယောက်သည် ဆိုင်တစ်ခု၏ အပြင်ဖက်တွင် မတ်တပ်ရပ်ကာ ငြင်းခုန်လျက် ရှိနေ၏။

"ဘာဖြစ်ချင်လို့လဲ" ဆံပင်များ ပွစာကြဲနေသည့် လူငယ်က မေးလိုက်သည်။

"အလျော်ပေးစမ်း"

"ဘယ်လောက်လဲ"

"စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ"

"ရော့"

ဆံပင်များ ပွစာကျဲနေသည့် လူသည် လက်ကို အသာယမ်းခါလိုက်ပြီးသည့်နောက် လက်သီးဆုပ်အရွယ်ရှိသော စိတ်ဝိညာဥ် ကျောက်တုံးများကို ပစ်ပေးလိုက်၏။

"ပိုတာကို ယူလိုက်တော့"

ဖြတ်သွားဖြတ်လာများသည် ထိုအရာကို မြင်လိုက်သည့် အချိန်မှာတော့ ခေါင်းများ ခါယမ်းလိုက်မိကြသည်။

"ဒီကောင်လေးက တကယ့်ကို ငကြောက်ပဲ"

ပြောရမည်ဆိုလျှင် သတ်လတ်ပိုင်းလူသည် တစ်ဖက်လူကို ဝင်တိုက်ခြင်း ဖြစ်ကြောင်း လူပေါင်းများစွာတို့က မြင်ခဲ့၏။ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တစ်ဖက်လူဆီမှ ငွေညှစ်လိုခြင်းသာ ဖြစ်ပေလိမ့်မည်။

လူငယ်ပစ်ပေးလိုက်သည့် စိတ်ဝိညာဉ် ကျောက်တုံးသည် သာမန် စိတ်ဝိညာဉ် ကျောက်တုံးထက် အစပေါင်းများစွာ ပို၍ တန်ဖိုးရှိ၏။ ထို့ကြောင့် သတ်လတ်ပိုင်းလူ၏ အမူအရာသည် အနည်းငယ် ဆွံ့အသွားမိ၏။ တစ်ဖက်လူငယ်သည် ဤမျှ လျောလျောလျူလျူဖြင့် တစ်ခါတည်း တန်းပေးလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ မဟုတ်ပါက အများကြီးတောင်းမိမှာ သေချာ၏။

"ရပ်စမ်း"

သတ်လတ်ပိုင်းလူက အော်ဟစ်လိုက်သည်။ "ဒါမျိုးကျောက် တစ်ထောင်ပေးဖို့ တောင်းတာ"

"……..."

ကျွင်းချောင်ရှောငိးသည် ဆွံ့အသွားခဲ့၏။ တစ်ဖကိလူသည် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ တောင်းခဲ့ကြောင်း သူ သေချာကြားခဲ့သည်။ သို့ပေမဲ့ လူငယ်လေးသည် ငွေပေးနိုင်သည်ကို မြင်သည်နှင့် သက်လတ်ပိုင်း လူမှာ ပိုကာ တောင်းလျက်ရှိ၏။ ကုန်းရှန့်ကဲ့သို့သော လူမျိုးပင်လျှင် ထိုသူကို ကြည့်ရင်း အော့နှလုံးနာမိ၏။

ဆံပင်များ ပွစာကျဲနေသော လူသည် ရုတ်တရက် ထကာမေးလိုက်၏။ "ခင်ဗျားက လောဘကြီးတယ်"

"လိုရင်းကို ပြောမယ်"

သတ်လတ်ပိုင်းလူသည် ထလျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။ "မင်းမှားတယ်ဆိုရင် လျော်ကြေးပေးစမ်း"

ဘုန်း .....။

ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့၏။ ဦးခေါင်းသည် ရှေ့ဆီသို့ ငိုက်ကျလာ၏။ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

ဆံပင်များ ပွစာကျဲနေသည့် လူသည် သက်လတ်ပိုင်းလူ၏ ရှေ့၌ မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ ညာဖက်လက်သည် ထိုသူ၏ ရင်ဘတ်ကို ထိုးဖောက်လျက် ရှိ၏။ လူငယ်သည် အနားကိုကပ်ကာ တီးတိုးပြောလိုက်သည်။

"ငရဲကို သွားတောင်းလိုက်တော့”

ဇွိ ....။

သွေးများ စွန်းထင်နေသည့် လက်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပြီးသည့်နောက် ပြုတ်ကျသွားသော လူသေအလောင်းကြီးကို လစ်လျူရှုကာဖြင့် ရှေ့ဆီသို့ လှမ်းလျှောက်သွား၏။ သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။ "ခင်ဗျားက တော်တော်မြန်တာပဲ"

"အမှန်ပါပဲ"

ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်လိုက်၏။ သူနှင့် ဟွာမင်ကွေ့တို့သည် ဤသက်လတ်ပိုင်းလူ၏ အနောက်ဖက်တွင် မတ်တပ်ရပ်နေကြခြင်းပင်။ တိုကိခိုက်လိုက်သည်နှင့် ကျွင်းချောင်ရှောင်းသည် သွေးများမစင်အောင် ၎င်းတို့သည် အရှေ့၌ အတားအဆီး အစီအရင်တစ်ခုကို ဖန်တီးခဲ့သည်။

"ခင်ဗျားသာ ပြိုင်ပွဲဝင်ဆိုရင် ကျုပ်ခင်ဗျားနဲ့ တိုက်ခိုက်ချင်တယ်"

ဆံပင်များ ပွစာကျဲနေသည့် လူသည် ပြောပြီးသည့်နောက် ဘေးတစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။ ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်၏။ တစ်ဖက်လူသည် လူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဘာမှမဟုတ်သည့် ပုံစံဖြင့် အသာလျှောက်သွားခဲ့၏။

"ယောကျာ်း "

ဟွာမင်ကွေ့သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "ဒီလူဆီကနေ ထွက်နေတဲ့ သတ်ဖြတ်ခြင်း အော်ရာတွေက ကြောက်စရာပဲ"

"အမှန်ပဲ"

သတ်ဖြတ်လိုခြင်း ဆန္ဒဆိုသည်မှာ အဆုံးအစမဲ့သတ်ဖြတ်ခြင်းမှ ဖြစ်တည်လာသော အရာပင် ဖြစ်၏။ ကြည့်ရသည်မှာ ဤလူသည် သေခြင်းရှင်ခြင်းတိုက်ပွဲပေါင်း များစွာကို ပါဝင်ယှဥ်ပြိုင်ခဲ့ဖူးသူပင် ဖြစ်ရမည်။

"ဒီကောင်လေးက အရမ်းကို အန္တရာယ်ကြီးတယ်"

ကျွင်းချောင်ရှောင်းသည် ဓားသူတော်စင်၏ မြေးနှင့် တောက်ယွမ်ဂိုဏ်း၏ အကြီးဆုံးတပည့်တို့အား မြင်ခဲ့ဖူးသည်။ သို့ပေမဲ့ ဤလူငယ်လောက် ခေါင်းထဲ ထည့်ရမည့်လူမျိုးများမဟုတ်ဟု သူက သတ်မှတ်ထားသည်။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ အဝေးတစ်နေရာဆီမှ များပြားလှသော အလင်းတန်းများ ရောက်ရှိလာ၏။ ပြီူသည့်နောက် ဆံပင်များ ပွစာကျဲနေသည့် လူငယ်၏အရှေ့၌ ရပ်တန့်လိုက်ကြ၏။

ထိပ်ဆုံးမှ ဦးဆောင်လာသည့် အဘိုးအိုသည် အော်ဟစ်လိုက်သည်။ "မြို့ထဲမှာ မတိုက်ခိုက်ရတဲ့ စည်းမျဉ်းရှိတယ်။ ။ မင်းက စည်းမျဉ်းကို ချိုးဖောက်ခဲ့ရုံတင် မကဘူး။ တစ်ယောက်ယောက်ကိုလည်း သတ်ခဲ့သေးတယ်။ ခွင့်လွှတ်ပေးလို့ မရဘူး"

"ထင်ထားတဲ့ အတိုင်းပဲကိုး။ ဥပဒေပြု ဟောခန်းက ထွက်လာပြီ "

တစ်စုံတစ်ယောက် သေသွားပြီ ဆိုမှတော့ သူတို့သည် ကျိန်းသေပေါက် ထွက်လာရပေမည်။

"ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်" ဖြတ်သွားဖြတ်လာများသည် တီးတိုးပြောဆိုနေကြ၏။

ဆံပင်များ ပွစာကျဲနေသည့် လူသည် တည်တည်ငြိမ်ငြိမ်နှင့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ ဤအရာသည် ဝိညာဉ်များ ကခုန်နေဟန်ရှိသော ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများကို ရေးဆွဲထားသည့် ကျောက်စိမ်းပြား တစ်ခုသာ ဖြစ်သည်။

ဥပဒေပြု ဟောခန်းမှ လူများသည် ထိုအရာကို တွေ့သည်နှင့် တစ်ပြိုင်နက် ထိတ်လန့်သွားခဲ့ကြသည်။ ခေါင်းဆောင်သည် အလောတကြီးဖြင့် နောက်သို့ ဆုတ်လိုက်၏။ ပြီးနောက် အမိန့်ပေးလိုက်၏။ "မြန်မြန် အလောင်းကို ရှင်းလိုက်ကြတော့"

"ကောင်းပါပြီ"

နောက်လိုက်များသည် စတင်ကာ အလုပ်များလျက် ရှိ၏။

ဆံပင်များ ပွစာကျဲနေသည့် လူသည် ရှေ့တည့်တည့်ဆီသို့ လှမ်လျှောက်ထွက်သွား၏။ ရှေ့၌ ရှိနေသည့် စစ်သည်များသည် ကြောက်လန့်စွာဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။

"သူက ရိုးရှင်းတဲ့လူ မဟုတ်ဘူးပဲ" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ဥပဒေပြုဟောခန်းမှ လူများသည် အားရပါးရနှင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ ကျောက်စိမ်းပြားကို မြင်လိုက်သည့် အချိန်မှာတော့ သတ္တိကြောင်သွား၏။ ဤအရာသည် အမှန်ပင် အန္တရာယ်များလှသည် သာမက အလွန်ကြီးမားသည့် နောက်ခံကိုလည်း ပိုင်ဆိုင်ရမည်။

ကုထျန်းရှင်း က ပြောလိုက်၏။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ မွေးစားသားက ကြယ်တာရာ နတ်တိုက်ပွဲကို လာမယ်လို့ ငါမထင်ခဲ့မိဘူး"

"ဟမ် … မိုးကောင်းကင် နတ်ဆိုးအင်ပါရဲ့ မွေးစားသား ဟုတ်လား" ကျွင်းချောင်ရှောင်း၏ အမူအရာသည် ချက်ချင်းပဲ လေးနက်သွားသည်။

ကုထျန်းရှင်းက ပြောလိုက်၏။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာဆီမှာ မွေးစားသား ရှစ်ဆယ့်နှစ်ယောက် ရှိတယ်။ တစ်ယောက်ချင်းစီတိုင်းက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တွေကြီးပဲ"

"……..."

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ "ဒီလူ ရူးနေတာလား ။ ဘယ်လိုဖြစ်ပြီး ဒီလောက်များတဲ့ လူတွေကို မွေးစားထားရတာလဲ"

စနစ်က ထအော်လိုက်၏။ "ချီးတဲ့မှ ….. မင်းစိတ်ပူရမှာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာလေ။ ဘယ်လိုဖြစ်ပြီးတော့ လူဘယ်နှစ်ယောက်မွေးစားတာကို အာရုံစိုက်နေရတာလဲ”

All Chapters