အခန်း ၁၈၀၇
Vol. 121 Ch. 1807
အပိုင်း (၁၈၀၇)
ပြိုင်စံရှားဂိုဏ်းအတွက် ကျက်သရေမဲ့ခဲ့ပြီဟု လီထျန်းထျန်းက အဘယ်ကြောင့် ပြောဆိုခဲ့ရသနည်း။ အဘယ်ကြောင့် ဆိုသော် သူ၏ ဂိုဏ်းတူရောင်းရင်းများသည် ဤကဲ့သို့သော ကြီးမားလှသည့် ပွဲမျိုးတွင် တစ်ခါမှ မရှုံးနိမ့်ဖူးသောကြောင့်ပင်။
ပြိုင်ပွဲသည် အခုမှ စတင်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် နဂါးနှင့် ကျားတို့၏ တိုက်ပွဲ ဖြစ်တည်လာပေလိမ့်မည်။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ပြိုင်ပွဲထဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေပြီး ထွက်ခွာခဲ့ရခြင်း မရှိပါက နောက်ဆုံး ဗိုလ်ဆွဲမည့်လူသည် သူတို့ပင် ဖြစ်ရပေမည်။ ယနေ့မှာတော့ လီထျန်းထျန်းက ရှုံးနိမ့်ခဲ့၏။ သူ၏ စီနီယာ၊ ဂျူနီယာ များ၏ သမိုင်းမှတ်တမ်းကို ချိုးဖောက်ခဲ့သည့် ပထမဦးဆုံး လူသားပင် ဖြစ်လို့နေသည်။
ထို့ကြောင့် စင်မြင့်အောက်သို့ ကျသွားသည်နှင့်တပြိုင်နက် သူသည် အော်ဟစ်ငိုယိုလျက်ရှိ၏။ သူ၏နှလုံးသားများ၊ အဆုတ်များ ပေါက်ကွဲလုမတတ်ပင် အော်ဟစ်ငိုယိုမိသည်။ သူသည် ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့် တစ်ယောက် မဟုတ်ဘူးဆိုသော်လည်း တခြားသူများနှင့် နှိုင်းယှဉ်လျှင် အားနည်းလှသည်တော့ မဟုတ်ချေ။ သူ လက်မခံနိုင်ခြင်းမှာ သူ၏ ရှုံးနိမ့်မှုသည် ပြိုင်စံရှားဂိုဏ်းကို ရှက်ရွံ့ရစေသည်ဖြစ်သောကြောင့်ပင်။ အားလုံး၏ အရှေ့တွင် အရှက်ရွံ့ကင်းမဲ့စွာဖြင့် ငိုယိုနေခြင်းမှာလည်း ထို့ကြောင့်ပင်။
အားလုံးသည် သူ့အား လှောင်ပြောင်နေကြသည်လား။ မဟုတ်ပေ။ အားလုံးသောသူတို့သည် သူ့ကို ချီးကျူးလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ပွဲ စတည်းက ဆုံးသည်အထိ ၎င်း၏ ခြေထောက်များသည် မတ်မတ်ရပ်လျက် ရှိခဲ့၏။ တစ်ချက်ကလေးမှ အလျော့မပေးခဲ့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းသည် လက်မထောင်ပြကာ ပြောလိုက်၏။ “ခင်ဗျားရဲ့တပည့်က သိပ်သတ္တိ ကောင်းတယ်”
လီထျန်းထျန်း၏ မျက်နှာပြင်တစ်ခုလုံးသည် စုတ်ပြတ်ဖူးယောင်လျက်ရှိ၏။ သို့ပေမဲ့ သူသည် လှောင်ပြောင်ခြင်းကို မပြုလုပ်ဝံ့ချေ။ ထိုအစား လီထျန်းထျန်းကို လေးစားသမှုသာ ထားရှိ၏။ မျက်စိကန်းနေသူ မဟုတ်ပါက လင်းလီသည် အလွန်အားကောင်းလှသူဖြစ်ကြောင်း အားလုံးက သိရှိပေလိမ့်မည်။ တိုက်ခိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ခဲ့သည်ဆိုသော်လည်း တစ်ဖက်လူသည် တစ်နာရီကြာနီးပါးခန့်ကြာအောင် ရိုက်နှက်သွားခဲ့သည်။
သို့ပေမဲ့ ဤကဲ့သို့ ရိုက်နှက်သွားလျှင်တောင် ပြဿနာ မရှိချေ။ ပြဿနာမှာ အရုပ်တစ်ရုပ် ကဲ့သို့ ဆော့ကစား သွားခြင်းဖြစ်၏။ လင်းလီသည် လီထျန်းထျန်းအား တိုက်ကွက်တစ်ခုတည်းဖြင့် အနိုင်ယူ တိုက်ခိုက်နိုင်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ ဒေါသထွက်ရလောက်အောင် သူတို့၏ ဂိုဏ်းတူရောင်းရင်းကို ဆော့ကစားသွားခဲ့၏။
အထူးသဖြင့် ရီရှင်းချန်ပင် ဖြစ်သည်။ သူသည် လုံးဝသည်းမခံနိုင်ချေ။ ညအင်ပါယာသည် အဆုံးစွန်သော ဒေါသ တရားများနှင့် စိန်ခေါ်ရန် စင်မြင့်ပေါ်သို့ တက်ရန်ကြိုးစားနေသည့်အချိန်မှာတော့ ဟယ်ဝူတီ ရောက်ရှိလာပြီး တားဆီးခဲ့သည်။
ညအင်ပါယာ မပျော်ရွှင်သလို ဟယ်ဝူတီသည်လည်း လုံးဝမပျော်ရွှင်ခဲ့ချေ။ သူသည် ပြိုင်ပွဲ၏ ဒုတိယမြောက် တိုက်ခိုက်ပွဲတွင် သိုသိုသိပ်သိပ် နေထိုင်ရန် စဉ်းစားထားခဲ့သည် ဖြစ်သော်လည်း ထိုအကြံအစည်ကို လက်လျော့ လိုက်ပြီ ဖြစ်၏။ ကောင်းကင်ပေါ်သို့ ပျံတက်ပြီးသည့်နောက် သူ၏ဂိုဏ်းဝတ်စုံအား စုတ်ပြတ်သတ်အောင် စုတ်ဖြဲပြီး အော်ဟစ်လိုက်ချင်မိ၏။ “ကျုပ် လူသား မဆန်ချင်တော့ဘူး”
များပြားလှသော ဒေါသမျက်လုံးများဖြင့် စူးစိုက်ကြည့်ခံနေရသည်ကို သိရှိပြီးသည့်နောက် လင်းလီသည် အသာ လှည့်ကာဖြင့် ပြိုင်စံရှားဂိုဏ်းတပည့်များကို ကြည့်လိုက်၏။ ပြီးနောက် သူသည် လက်ကို ဖြန့်ကားကာ ထူးမခြား နားသလို ပြောလိုက်သည်။
“သူက အလျော့မပေးဘဲနဲ့ အေးအေးဆေးဆေး ဆက်ပြီးတိုက်ခိုက်ချင်တယ်လေ။ ဒီတော့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမိတာ ကျုပ်မှားလား”
“...........”
ရီရှင်းချန်သည် အမှန်ပင် ဒေါသထွက်လျက် ရှိ၏။ ဤစကားစုများသည် ရေလိုကြည်လင်တည်ငြိမ်လျက် ရှိသည် ဆိုသော်လည်း အဆုံးစွန်အထိ မောက်မာမှုများကို ပြသလျက်ရှိ၏။
“ပြီးတော့”
လင်းလီသည် လက်ရှိ ရှိနေသည့် ပြိုင်ပွဲဝင်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် နှာခေါင်းကို အသာပွတ်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံး ဒီမှာ ဒုတိယနေရာအတွက်ပဲ ယှဉ်ပြိုင် ပြိုင်ဆိုင်သင့်တယ်။ ဘာလို့လဲဆိုတော့”
သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ “ပထမနေရာက ကျုပ်အတွက်ပဲ”
ဤအပြုံး၊ ဤအသံ ရုတ်တရက် သိုးအရေခွံကို ခွာချလိုက်သည့် ဝံပုလွေရိုင်းတစ်ကောင်ကဲ့သို့ပင်။
ကျွင်းချောင်ရှောင်းမှာတော့ မအံ့ဩခဲ့ချေ။ တစ်ဖက်လူသည် သူ့အားလာရောက်ငွေညှစ်သည့်လူအား တစ်ခါတည်း ထိုးနှက်သတ်ဖြတ်ခဲ့ခြင်းဖြင့် လူကောင်းတစ်ယောက် မဟုတ်မှန်း သက်သေပြခဲ့ပြီးဖြစ်သည်။
“အရမ်းမောက်မာတယ်” လင်းလီ၏စကားသည် အားလုံးသောသူများကို ဒေါသထွက်စေခဲ့၏။
ဟား ဟား ဟား
သီးသန့်တည်နေရာတွင် ထိုင်လျက်ရှိနေကြသည့် သီးသန့် ပါရမီရှင်များက ရယ်မောလိုက်သည်။
“လူငယ်တွေက မောက်မာလို့ရတယ်လို့ ငါ့အဘိုးက ပြောခဲ့တယ်။ ဒါပေမဲ့ အရမ်းကြီး မောက်မာလို့တော့ မဖြစ်ဘူး”
ကျန့်ရှောင်ဟုန် သည် ထူးမခြားနားသလို ပြောလိုက်၏။ “မဟုတ်ရင် သေဆုံးချိန်ကျရင် အလောင်းလာကောက်ပေးမယ့်လူ ရှိမှာ မဟုတ်ဘူး”
“မဟုတ်ဘူး”
လင်းလီသည် စင်မြင့်အောက်ဆီသို့ ဆင်းလျှောက်ကာ ပြောလိုက်သည်။ “ကျုပ် မွေးစားအဖေရဲ့ ဝံပုလွေ မွေးမြူခြင်း အစီအစဉ်ကို မင်းတို့သိပြီး ဖြစ်လိမ့်မယ်။ ကျုပ်လုပ်ရမယ့် တစ်ခုတည်းသောအရာက တခြားသူတွေရဲ့ အလောင်းတွေကို လိုက်ကောက်တာပဲ”
ထိုအချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် အဆုံးစွန်အထိ အားကောင်း လွန်းသော သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လာခဲ့သည်။
“..............”
ကျန့်ရှောင်ဟုန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် သတ်ဖြတ်လိုခြင်းဆန္ဒများကို ခံစားပြီးသည့်နောက် သူမသည် အန္တရာယ်၏ အငွေ့အသက်များကို အာရုံခံလိုက်မိ၏။
“ဒီဝံပုလွေ”
ကုထျန်းရှင်းက ပြောလိုက်သည်။ “အရမ်းကို ရက်စက်လွန်းတယ်”
ဖြောင်း ဖြောင်း ဖြောင်း
ထိုအချိန်မှာတော့ လက်ခုပ်သံတစ်ခုသည် ဘေးတစ်ဖက်ဆီမှ ထွက်ပေါ်လာ၏။ အားလုံးလှမ်းကာ ကြည့်ရှုလိုက် သည့်အချိန်မှာတော့ မတ်တပ်ထရပ်ကာ လက်ခုပ်တီးလျက်ရှိသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီလို မောက်မာလှတဲ့ စကားစုကို အားလုံးရဲ့ရှေ့မှာ ပြောဆိုရဲတယ်ဆိုတော့ ဟန်ထုတ်တဲ့နေရာမှာ ငါ့ထက်တောင် သာတာပဲ”
“အထင်မလွဲနဲ့။ ကျုပ်က ဟန်ထုတ်နေတာ မဟုတ်ဘူး”
လင်းလီသည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေသည့် လီထျန်းထျန်းကို လက်ညှိုးညွှန်ပြီးသည့်နောက် ပြုံးကာ ပြောလိုက်၏။ “အားအင်အဆင့်နဲ့ သက်သေပြနေတာ”
“........”
ကျွင်းချောင်ရှောင်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲမှောင်သွား၏။ သူသည် ထပ်မံကာ ထိုင်ချလိုက်ပြီးသည့် နောက် ဦးခေါင်းကိုငုံ့ကာ ပြောလိုက်၏။ “မင်းတို့ ဒါကို ကြားတယ် မဟုတ်လား”
“ကြားပါတယ်” လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများသည် အော်ဟစ်လိုက်သည်။
“ဒါဆိုရင် ဘာလုပ်ရမလဲ”
ဝှစ် ဝှစ်
ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းတပည့်များသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “သူ့ကို အနိုင်ယူပြီး ကျိန်းသေပေါက် ဖျက်ဆီးပစ်ရမယ်”
“ချီးတဲ့မှ”
ပွဲကြည့်ပရိသတ်များအားလုံးသည် မျက်လုံးပြူးသွားမိ၏။ ပြိုင်စံရှားဂိုဏ်းတပည့်များ အားလုံးသည် သိုသိုသိပ်သိပ်နှင့် ယဉ်ယဉ်ကျေးကျေး တည်ရှိလို့နေခဲ့၏။ သို့ပေမဲ့ ရုတ်တရက်ကြီး ကြမ်းတမ်းလာခဲ့သည်။
အထူးသဖြင့် မျက်နှာရှည်ရှည်နှင့် ရီရှင်းချန်ပင်။ သတ်ဖြတ်လိုခြင်း ဒေါသတရားများသည် ထိုသူ၏ ခန္ဓာကိုယ်ထဲတွင် တဟုန်းဟုန်း တောက်လောင်လျက်ရှိပြီး ငရဲခန်းထဲမှ ထွက်လျှောက်လာသည့် နတ်ဆိုး တစ်ပါးကဲ့သို့ပင်။
သူတို့အားလုံးသည် ဒေါသထွက်နေကြ၏။ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ဒေါသ ထွက်နေကြပြီ ဖြစ်၏။
ဘုတ်
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ မတ်တပ်ရပ်ပြီးသည့်နောက် သူ့၏ရှေ့တွင် ရှိနေသော တန်းပေါ် ခြေတစ်ဖက် တင်ကာဖြင့် မောက်မာလွန်းလှသည့် လင်းလီကို လက်ညှိုးထိုးကာ အော်လိုက်၏။ “မင်းဒီနေ့ တွားသွားပြီးတော့ စင်မြင့်ပေါ်က ထွက်သွားရလိမ့်မယ်။ ငါ.. ကျွင်းချောင်ရှောင်း... ဒီစကားကို ပြောတယ်”
လုချင်းချင်း၊ လီချင်းယန်၊ စုရှောင်မို၊ ရှောင်ကျီ၊ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည်လည်း ခေါင်းမော့ကာ ကြည့်ရှု လိုက်ကြ၏။ ၎င်းတို့၏ သက်ဆိုင်ရာ စင်မြင့်ပေါ်တွင် ၎င်းတို့သည် အကောင်းဆုံး အစွမ်းပြရပေတော့မည်။ လင်းလီသည် ဝံပုလွေတစ်ကောင်ဖြစ်၏။ သို့ပေမဲ့ လက်ရွေးစင်တပည့်များ အားလုံးသည် ခြင်္သေ့များသာလျှင်။
တိမ်ပြာစကြဝဠာ ပတ်လမ်းကြောင်းထဲတွင် ရှိနေသော ပါရမီရှင်များကို ရန်ပြုစော်ကား၍ ရနိုင်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များကို လာရောက်ရန်ပြုစော်ကား၍ မရချေ။
“ဒီလူတွေ”
နန်းကုန်းချင်းရှန်က ပြောလိုက်သည်။ “ဒီလူတွေ မရိုးရှင်းဘူးပဲ”
ကျန့်ရှောင်ဟုန်၏ အကြည့်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များဆီသို့ တစ်ယောက်ချင်းစီ ရောက်ရှိသွား၏။ နောက်ဆုံး ကျိုးဟုန်ဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ “အဘိုးပြောတာ အမှန်ပဲ။ လောကကြီးထဲမှာ ရေတွက်လို့မရတဲ့ ပါရမီရှင်တွေ ရှိတယ်”
“ပြိုင်ပွဲ စမယ်။ ဒုတိယမြောက် တိုက်ပွဲအတွက် စင်မြင့်ပေါ်သို့ တက်ခဲ့ပါ” တာဝန်ရှိသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဆွစ်
စုရှောင်မိုသည် ရှေ့သို့ တိုးသွားလိုက်သည်။ သူသည် ဒဏ်ရာရရှိထားသော လီထျန်းထျန်းကို အသာဆွဲမသွား၏။
လီထျန်းထျန်းသည် အားရပါးရ ငိုယိုလျက် ရှိနေတုန်းပင်။ “စီနီယာ... စီနီယာအစ်ကို... ကျုပ် ဂိုဏ်းကို မျက်နှာပျက်စေခဲ့ပြီ”
“အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဆိုတာ တိုက်ပွဲတစ်ခုအတွက် သာမန်ပဲ”
စုရှောင်မိုက နှစ်သိမ့်လိုက်သည်။ “ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူရောင်းရင်းတွေက မင်းကို အပြစ်တင်မှာ မဟုတ်ဘူး”
အီး ........ အီး ......
လီထျန်းထျန်းသည် ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေတုန်းပင်။ လင်းလီကို ရှုံးနိမ့်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ ရှုံးပွဲမရှိ စံချိန်သည် ကျိုးပြတ်သွားရပြီဖြစ်၏။ ဤသမိုင်းမှတ်တမ်းသည် သူ့ကြောင့်ပင် ဖြစ်လို့ လာခဲ့သည်။
“ဂျူနီယာညီလေး”
စုရှောင်မိုက နှစ်သိမ့်လိုက်၏။ “မင်းအနေနဲ့ ရှုံးတာကို ရှုံးတယ်လို့ပဲ ထားလိုက်မယ်။ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲ တစ်ခုမဟုတ်ဘူး။ ဘာလို့ နိုင်တာ၊ ရှုံးတာတွေကို ဂရုစိုက်နေမှာလဲ”
စုရှောင်မိုသည် ပေါက်ပန်းလေးဆယ်များကို ပြောဆိုတတ်သည့်လူတစ်ယောက်ဖြစ်ကြောင်း အားလုံး သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းတူ ရောင်းရင်းများနှင့်ပတ်သက်၍ နှစ်သိမ့်ရမည့်နေရာတွင်တော့ အကောင်းမွန်ဆုံးသော လူတစ်ယောက်ပင် ဖြစ်လို့ နေခဲ့သည်။
.........
ပြိုင်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေ၏။ လုချင်းချင်း၊ လီချင်းယန်၊ တခြားသောသူများသည် စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လိုက်ကြသည်။ လီထျန်းထျန်း ဆိုးဆိုးရွားရွား ရိုက်နှက်ခံရသည်ကို သိရှိပြီး သည့်နောက် ၎င်းတို့သည် ၎င်းတို့၏ အဆင့်များကို ဖုံးကွယ်မထားခဲ့တော့ချေ။ မြန်မြန်ဆန်ဆန်ပဲ တိုက်ခိုက် အနိုင်ယူခဲ့ကြ၏။ ဖြစ်နိုင်လျှင် နောက်တစ်ဆင့်ကို မြန်မြန်တက်၍ မောက်မာလွန်းလှသော လင်းလီနှင့် တွေ့ဆုံရန် မျှော်လင့်နေမိ၏။
“ဂျူနီယာညီလေး... နိုင်နိုင်ရှုံရှုံး လူတွေက ဂရုစိုက်ကြမှာ မဟုတ်ဘူး”
“ဂျူနီယာညီလေး... ငါကိုကြည့်။ စီနီယာအစ်ကိုကြီး နေ့စဉ်နေ့တိုင်း ငါ့ကို ရိုက်နှက်ခဲ့တယ်။ ဒါပေမဲ့ ငါပျော်နေတာပဲ မဟုတ်လား”
“ဂျူနီယာညီလေး...”
“ဒုတိယအလှည့်... နံပါတ်တစ် စုရှောင်မို၊ နံပါတ်နှစ် လင်းလီ စင်မြင့်ပေါ်သို့ တက်ခဲ့ပါ”
သူ၏နာမည်ကို ကြားသည်နှင့် စုရှောင်မိုသည် ချက်ချင်းပဲ သူကိုင်ဆောင်ထားသည့် နံပါတ်ပြားကို လှမ်းကြည့် လိုက်သည်။ ပြီးနောက် ဒေါသတကြီး ထရပ်လိုက်သည်။ “ဂျူနီယာညီလေး... စီနီယာအစ်ကို မင်းအတွက် လက်စားချေပေးမယ်”