အခန်း ၁၈၀၉
Vol. 121 Ch. 1809
အပိုင်း (၁၈၀၉)
ကျွင်းချောင်ရှောင်းသည် ဒေါသထွက်လျက်ရှိ၏။ တိတိကျကျပြောရမည်ဆိုလျှင် ရီရှင်းချန်နှင့် စုရှောင်မိုတို့ သီးသန့်ဆွေးနွေးထားသည့်အကြောင်းကို သူမသိချေ။ သူအနေနှင့် အားလုံးသောသူများ၏မျက်စိအောက်တွင် ဤဝံပုလွေလိုကောင်အား ရိုက်နှက်စေချင်မိသည်။
ပွဲမစခင်တုန်းက ကျွင်းချောင်ရှောင်းအနေနှင့် ဟယ်ဝူတီ၏ အပြုအမူနှင့်ပတ်သက်၍ ပူပန်မိသေး၏။ သို့ပေမဲ့ သူသည် ပြုံးနေခဲ့သည်။ သူ၏ဆိုလိုရင်းမှာ ဖြစ်နိုင်သမျှ လေးလေးနက်နက်ထားကာ တိုက်ခိုက်ရမည်ဆိုခြင်းပင်။
ထို့ကြောင့်ပင်လျှင် ဟယ်ဝူတီသည် ဂိုဏ်းချုပ်၏ အပြုံးကိုမြင်ရပြီးသည့်နောက် ပထမအချီမှာပဲ သူနှင့် တိုက်ခိုက်သည့်လူအား အောင်အောင်မြင်မြင်ဖြင့် မြန်မြန်ဆန်ဆန်တိုက်ခိုက်ခဲ့ခြင်းပင်။ ဤတပည့်သည် ပျင်းရိ လေးကန်ပုံပေါ်သည်ဆိုသော်လည်း ဂိုဏ်းချုပ်၏သဘောထားကို သုံးသပ်ရသည့်နေရာတွင် မှန်ကန် သည့် သုံးသပ်ချက်များကို ပြုလုပ်နိုင်၏။
စုရှောင်မိုသည်လည်း ဂိုဏ်းချုပ်ပြုံးနေသည်ကို မြင်ခဲ့သည်ဖြစ်သည်။ သို့ပေမဲ့ ရီရှင်းချန်အတွက် လွယ်ကူ စေရန် ပြုလုပ်ပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။ အပြုံးကို အဓိပ္ပာယ်ဖော်သည့်နေရာတွင် စုရှောင်မိုသည် ဩချရလောက်ပေသည်။
“ထင်ထားတဲ့အတိုင်းပဲကိုး”
ကုထျန်းရှင်းကပြောလိုက်၏။ “အလုံးစုံသော စွမ်းအင်တွေအောက်မှာ ဘယ်လောက်ပဲ မြန်မြန် တိုက်ခိုက်ချက်တစ်ခုကိုတော့ ခုခံနိုင်မှာမဟုတ်ဘူး”
စုရှောင်မို တစ်ယောက် ဟန်ထုတ်လျက်ရှိနေသည်ကို သူကမမြင်ခဲ့ချေ။ ထို့အတူ စုရှောင်မိုနှင့် ကျွင်းချောင်ရှောင်း တို့နှစ်ယောက်ကြား သီးသန့်ဆွေးနွေးပြောဆိုနေမှုသည် အသံပို့လွှတ်ကာ ပြောဆိုနေခြင်း ဖြစ်သောကြောင့် ကုထျန်းရှင်းက မကြားရချေ။
မှန်ပေ၏။ စုရှောင်မိုသည် အကောင်းမွန်ဆုံးသော သရုပ်ဆောင်မှုကို ပြုလုပ်လျက်ရှိနေ၏။ သူ၏အားအင် အဆင့်နှင့် လှုပ်ရှားတိုက်ခိုက်မှုများကို အဆုံးစွန်ထိနားလည်ပြီးသားဖြစ်သော ကျွင်းချောင်ရှောင်းမှလွဲ၍ ပွဲကြည့်ပရိတ်သတ်များအားလုံးတို့သည် မည်သူမျှထိုအခြင်းအရာကိုမသိကြချေ။ စုရှောင်မိုသည် သရုပ်ဆောင် သည့်နေရာ၌ အလွန်တရာတော်လွန်းသူတစ်ယောက် ဖြစ်သည်။ တခြားသောဂိုဏ်းထဲသို့သွားရောက်၍ သူလျှို ပြုလုပ်ရင်း ဂိုဏ်းချုပ်ဖြစ်လုမတတ်ပင် ဖြစ်ခဲ့သေး၏။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းက နှစ်သိမ့်လိုက်သည်။ “မင်းရဲ့တပည့်က နည်းနည်းတော့ခုခံနိုင်သေးတာပဲ။ သူ့ရဲ့ ပြိုင်ဘက်ကို ဒုက္ခများအောင်ပြုလုပ်နိုင်ခဲ့သေးတယ်။ ရှုံးတယ်ဆိုလျှင်တောင်မှ တကယ့်ကို ဂုဏ်ယူရ လောက်တဲ့ အရှုံးမျိုးပါပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ မဆိုချေ။ သေချာပေါက်အနိုင်ရရှိမည့် အရာပင်။ သို့ပေမဲ့ စုရှောင်မိုဆိုသည့်အကောင်သည် သရုပ်ဆောင်ခဲ့၏။ မည်မျှစိတ်တိုစရာကောင်းလှသည်နည်း။
..........
တိုက်ခိုက်ရေး စင်မြင့်ပေါ်၌ လင်းလီသည် လက်သီးနှင့်ထိုးသည့်ပုံစံအတိုင်းတည်ရှိနေ၏။ သူ၏မျက်လုံးတွင် အံ့အားသင့်မှုများ တည်ရှိနေသည်။ စုရှောင်မိုသည် ငါးရှဉ်ထက်ပင်ပိုမိုကာ ဖမ်းချုပ်ရခက်ခဲလှသူတစ်ယောက် ဖြစ်ကြောင်း သူက ကောင်းကောင်းသိ၏။ သူအနေနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ထိမှန်သွားလိမ့်မည်ဟု တစ်ချက်ကလေးမှ မစဉ်းစားမိခဲ့ချေ။ တိုက်ခိုက်လို့ ထိမှန်နေရာမက တစ်ဖက်လူက တိုက်ခိုက်ရေးစင်မြင့်ပေါ် မှ အောက်သို့ပင် ပြုတ်ကျခဲ့သေးသည်။
မထင်မှတ်ထားစရာပင်။ ဤအရာသည် မထင်မှတ်ထားစရာကိစ္စပင် ဖြစ်သည်။
စုရှောင်မိုတစ်ယောက် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကုထျန်းရှင်းလိုလူပင် သေချာမသိခဲ့ချေ။ ထို့ကြောင့် လင်းလီကလည်း ကောင်းကောင်းမသိပေ။ သူ၏လက်သီးကို အသာပြန်ရုပ်ပြီးသည့်နောက် နှာခေါင်းကို ရှုံ့လိုက်၏။ သူ၏ ကြွက်သားများဆီမှ နာကျင်သည့်ခံစားချက်များ ရရှိလာခဲ့၏။
ထပ်တလဲလဲ အကန်ခံရပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံးသည် မသက်မသာခံစားနေရ၏။ ထို့ပြင် ပြောရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်အားအင်သည် မဆိုးဝါးလှချေ။ စုရှောင်မိုတစ်ယောက် ပုံပျက်ပန်းပျက် ဖြစ်အောင် ကန်ကြောက်ခဲ့သည် ဆိုလျှင်တောင်မှ သူသည် အပေါ်ယံဒဏ်ရာအနည်းငယ်သာလျှင်ရရှိခဲ့သည်။
ရွှီး ......
လင်းလီသည် တိုက်ခိုက်ရေးစင်မြင့်အောက်ဆီသို့ ဆင်းလျှောက်လိုက်၏။
“အမှိုက်”
သူသည် ရီရှင်းချန်ကို ကျော်ဖြတ်ကာလျှောက်သွားသည့်အချိန်မှာတော့ လေသံတစ်ခုကိုကြားလိုက်ရသည်။ “နောက်တစ်ကြိမ်ငါနဲ့မတွေ့ဖို့ဆုတောင်းထား”
“အင်း” လင်းလီသည် တုံ့ပြန်လိုက်မိ၏။
ရီရှင်းချန်၏မျက်လုံးထဲတွင်တော့ ဒေါသတရားများ တောက်ပလျက်ရှိနေ၏။ စင်မြင့်ပေါ်သို့ရောက်လျှင် မည်မျှ ကြမ်းတမ်းလိမ့်မည်နည်းကို မခန့်မှန်းနိုင်ချေ။
.........
ဒုတိယမြောက်တိုက်ပွဲသည် ဆက်လက်ကာဖြစ်တည်နေ၏။
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများ သည် ဆက်တိုက်ဆိုသလို အနိုင်ယူလျက်ရှိ၏။ ကြိုတင်ကာ အဆင့်တက်ပြီးသားဖြစ်သော ပညာရှင်များသည် သူတို့၏ တည်နေရာတွင် ထိုင်ကာ သေသေချာချာ ကြည့်ရှုလျက် ရှိနေကြ၏။ မကြာခင်မှာပဲ တတိယအကြိမ်မြောက် မဲခွဲမည့်အစီအစဉ်ကို ရောက်ရှိလာ၏။ ကံဆိုးစွာဖြင့် ဤတစ်ကြိမ်၌ မည်သူ့မျှသည် လင်းလီနှင့်မကျခဲ့ချေ။
ဘုန်း
စင်မြင့်ပေါ်မှာတော့ ရီရှင်းချန်သည် သူ၏ပြိုင်ဘက်အား လက်သီးချက်တစ်ချက်တည်းနှင့် တိုက်ခိုက်အနိုင်ယူ ခဲ့ပြန်သည်။
“ဒီကောင်က သာမာန်မဟုတ်ဘူး။ ပွဲတွေအကုန်လုံးကို တိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ခါတည်း ပွဲကို မြန်မြန်ဖြတ်နေတာပဲ”
“ပြိုင်စံရှားဂိုဏ်းတပည့်တွေအကုန်လုံးက အရမ်းအားကောင်းတယ်”
တိုက်ခိုက်ပွဲများကို ကြည့်ရှုပြီးသည့်နောက် သိုင်းကျင့်ကြံသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းမှာ အမှန်အကန် လုပ်ရည်ကိုင်ရည်ရှိသော သိုင်းကျင့်ကြံသူများဖြစ်ကြောင်း နားလည်လိုက်မိ၏။ ပထမ အကျော့တုန်းက ထွက်ခွာသွားခဲ့သည် လီထျန်းထျန်းပင်လျှင် ပြိုင်ဘက်သာ ကွဲပြားခြားနားနေသည်ဆိုပါက ကျိန်းသေပေါက် နောက်တဆင့်သို့ တက်မည့်လူမျိုးပင်။
“သောက်တလွဲကျွင်း .....”
ကုထျန်းရှင်းသည် မနေနိုင်ဘဲမေးလိုက်မိ၏။ “မင်း ဒီကောင်တွေကို ဘယ်လိုတောင်များ ပျိုးထောင်ထားလဲ”
ပထမအရည်အချင်းစစ်တိုက်ခိုက်ပွဲများတွင် အနိုင်ယူနိုင်ခဲ့သည်ကို သူက အံ့အားသင့်နေပြီဖြစ်၏။ လက်ရှိ ကြယ်တာရာတိုက်ပွဲလို နေရာမျိုးသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် တလောကလုံးတွင်ရှိနေသော ပါရမီရှင် သိုင်းကျင့်ကြံသူများကို အနိုင်ယူလျက်ရှိနေသေးသည်။ မယုံကြည်နိုင်စရာပင်။
ကျွင်းချောင်ရှောင်းသည် မည်သည့် စကားကိုမျှမဆိုချေ။ သူ၏တပည့်များအား ဖြစ်နိုင်သမျှ လင်းလီနှင့် မြန်မြန်ဆန်ဆန် တွေ့ဆုံချင်မိ၏။ တစ်ဖက်လူအား သေချင်စိတ်ပေါက်သည်အထိ နှိပ်စက်ရန် စဉ်းစား ထားသည်။
သို့ပေမဲ့ အရာအားလုံးသည် သူထင်မှတ်ထားသည့်အတိုင်းမဖြစ်ခဲ့ချေ။ လေးကျော့မြောက် တိုက်ခိုက်ပွဲ တွင်လည်း သူတို့သည် မဆုံတွေခဲ့ချေ။
ညအင်ပါယာသည် အမှန်ပင်ဒေါသထွက်လျှက်ရှိ၏။ တစ်ဖက်လူသည် ၎င်း၏ပြိုင်ဘက်များကို မြန်မြန် ဆန်ဆန်နှင့် တိုက်ခိုက်ပြီး မောက်မာလှသော အော်ရာများကိုထုတ်ဖော်ပြသနေသည်ကို မြင်သည်နှင့် သူ၏ဒေါသများသည် မီးဟုန်းဟုန်းတောက်လျက်ရှိ၏။
အခြားတစ်ဖက်မှာတော့ ဟယ်ဝူတီမှာ တည်ငြိမ်လျက် ရှိ၏၊ သူ၏ အထင်အရ ဆိုလျှင် အခြားသော ပြိုင်ပွဲဝင်များကို သူမရှုံးသရွှေ့ တစ်ဖက်လူနှင့် တွေ့ဆုံရမည့် အခွင့်အရေး ရရှိလာပေလိမ့်မည်။
......
ထပ်မံကာတိုက်ခိုက်ပြီးသည့်နောက် ပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်မှ ပြုတ်ကျ ကာ ထွက်ခွာသွားခဲ့ရ၏။ ထိပ်ဆုံးငါးရာစာရင်းကို ဝင်ရသည့်အချိန်မှာတော့ ကြိုတင်ကာ ဤအဆင့်သို့ ရောက်ရှိနေပြီးသားဖြစ်သော သိုင်းကျင့်ကြံသူများသည် အပြင်ဘက်ဆီသို့ လှမ်းထွက်လာခဲ့ကြ၏။
ကုချောင်းရှစ်သည် လက်ကို အသာဆုပ်ကာ ပြောလိုက်သည်။ “တိုက်ခိုက်ရမဲ့အချိန်ရောက်လာပြီပဲ”
သူ၏အကြည့်သည် လင်းလီဆီသို့ရောက်ရှိနေ၏။ မျက်လုံးထဲတွင်ရှိနေသော ဒေါသတရားများသည် တစ်ဖက်လူအား အရည်ပင်ပျော်လုစေမတတ်ပင်။
လီထျန်းထျန်းတစ်ယောက် နှိပ်စက်ရိုက်နှက်ခံရသည်ကို မြင်ရပြီးသည့် နောက် သူသည် အားလုံး၏ရှေ့သို့ ထင်ပေါ်မလာသည်ဆိုသော်လည်း ရီရှင်းချန်ထက် မည်သို့မှ မနိမ့်ပါးသော ဒေါသတရားများသည် သူ၏ နှလုံးသားထဲမှာဖြစ်တည်နေ၏။ ထို့ပြင် သူသည် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲ တစ်ယောက်လည်းဖြစ်၏။ သူ၏ရှေ့တွင် သူ၏တပည့်အား နှိပ်စက်ရိုက်နှက်နေခြင်းကို ကြည့်ရှုရခြင်းမှာ သူ့ကို နှိပ်စက်ရိုက်နှက်နေသလို ခံစားမိစေ၏။
တူညီစွာပင်။ တိမ်ပြာစကြဝဠာပတ်လမ်းထဲရှိ တဆင့်ကြိုတင်ကာ တက်ရောက်ပြီးသားဖြစ်သော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း လင်းလီကို စူးစိုက် ကြည့်နေ၏။ သူတို့အားလုံး တစ်ဖက်လူကို ရိုက်နှက်ချင်နေမိ၏။ တစ်ဖက်လူသည် “မင်းတို့အားလုံးက ဒုတိယနေရာအတွက် တိုက်ခိုက်ဖို့ လာခဲ့တာ” ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် အားလုံးသော သူတို့သည် ၎င်းအားမုန်းတီးနေခဲ့ကြသည်။
ဤကဲ့သို့သောအခြေအနေမျိုးသည် ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှား ဂိုဏ်းသားတစ်ယောက် ပြုလုပ် တတ်သောအရာမျိုးဖြစ်၏။ တလောကလုံး၏ ဒေါသတရားများကို စုဆောင်းသိမ်းဆည်းသည့် နေရာတွင် ကျွင်းချောင်ရှောင်းကို မှီတဲ့လူဟူ၍မရှိချေ။ လက်ရှိအခြေအနေမှာတော့ လင်းလီ သည် ကျွင်းချောင်ရှောင်း၏ လက်ထဲမှ ထိုအရာအား လုယူသွားခဲ့၏။
“အင်း... ပြိုင်ပွဲဝင်တွေ စင်မြင့်ပေါ်ကို တက်ကြတော့”
ကုထျန်းရှင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ပြိုင်ဆိုင်မှုရဲ့ အစစ်အမှန် အဓိပ္ပါယ်ဆိုတာ ဒါပဲ။ အခု ပိုကြည့်ကောင်းပြီ”
ပွဲကြည့်စင်တွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ တကယ့်ကို လက်ရည်ညီမျှလှသော ပွဲကြီးပွဲကောင်းကို ကြည့်ရှုရမည်ဖြစ်သည်။
“ဟေး”
ကျန့်ရှောင်ဟုန်သည် ကျိုးဟုန်ဆီသို့လှမ်းလျှောက်လာခဲ့၏။ သူမသည် ခေါင်းလေးကို အသာငဲ့စောင်းကာ ပြုံးလိုက်၏။ “ရှင်က တကယ့်ကို အားကောင်းလား”
ကျိုးဟုန်က ပြောလိုက်သည်။ “မဆိုးပါဘူး”
“ရှင်နဲ့ကျွန်မနဲ့ တိုက်ခိုက်ကြမယ်”
လက်ရှိအခြေအနေမှာတော့ ကျန့်ရှောင်ဟုန်သည် ကျိုးဟုန်၏ ပြန်လည် ဖြေဆိုမှုကို မစောင့်ချင်တော့ချေ။ လက်ကိုမြှောက်ကာပြောလိုက်၏။ “နောက်တစ်လှည့် ကျွန်မ ပြိုင်စံရှားဂိုဏ်းရဲ့ ဒီလူနဲ့ တိုက်ခိုက်ချင်တယ်”
“ကောင်းပြီ”
တာဝန်ယူထားသည့်လူသည် ပြုံးကာပြောလိုက်သည်။ “ကောင်းပါပြီ မိန်းကလေးကျန့်”
“.........”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဦးလေး.. ပြိုင်ပွဲက မဲနှိုက်ရတာဆို”
“အင်း”
“ကိုယ်ကြိုက်တဲ့ဟာကို ကိုယ်ရွေးလို့ရတာလား”
“အင်း”
“အဲတာဆို စောစောတည်းကပြောပါလား။ ကျုပ်တပည့်တွေကို ဟိုကောင့်ကို တစ်ခါတည်းစိန်ခေါ်ခိုင်း လိုက်မှာပေါ့”
ကုထျန်းရှင်းသည် မျက်လုံးများ ချာချာလည်ကာ ပြောလိုက်၏။ “မင်းဆီမှာ သူ့အဘိုးလိုမျိုး အခွင့်အာဏာ နဲ့ ဂုဏ်သိက္ခာ ရှိလို့လား”
ဤစကားစုသည် ကျွင်းချောင်ရှောင်းအား ဆွံ့အသွားစေခဲ့သည်။
နားလည်သွားလေပြီ။ ဤမဲခွဲပွဲ၌ အရာအားလုံးသောသူတို့သည် မိမိကြိုက်တာကိုရွေးချယ်ခွင့်မရှိကြချေ။ သို့ပေမဲ့ ကြီးမားလွန်းလှသော နောက်ခံကို ပိုင်ဆိုင်သူများအတွက်တော့ တစ်မျိုးတစ်ဖုံပင်။
“အင်း.... အဖေကို အားကိုးတဲ့သူတင်မကဘူး၊ အဘိုးကို အားကိုးလို့ရတဲ့သူလည်း ရှိနေသေးတာပဲ။ ဒါနဲ့ ငါ့ရဲ့အဘိုးက ဘယ်သူလဲ”
သူ၏အဖေသည် မိုးကောင်းကင်အင်ပါယာထက် ပိုမိုကာအားကောင်းသည်ဆိုလျှင် သူ၏ အဘိုးသည် ဒီထက်မကပိုမိုကာ အားကောင်းရပေလိမ့်မည်။
“သွားပြီ”
စနစ်ကပြောလိုက်၏။ “လက်ခံသူအနေနဲ့ အဖေဘယ်သူလဲဆိုတာတောင် အဖြေမရှာနိုင်သေးဘူး။ အဘိုး အကြောင်းကို စဉ်းစားနေပြီ။ ဒါအဆင့်ကျော်တာပဲ”
...........
ငါးကြိမ်မြောက်တိုက်ပွဲတွင် မဲခွဲပွဲကို စတင်ကာ ပြုလုပ်ကြ၏။ ကြိုတင်အဆင့်တက်ပြီးသားလူများ ပါဝင်လာခဲ့သောကြောင့် အခြေအနေသည် ပိုမိုကာလေးနက်လာခဲ့သည်။
ရွှီး .....။
ကျန့်ရှောင်ဟုန်သည် စင်မြင့်ထက်သို့ ပထမဦးဆုံး ခုန်တက်လိုက်၏။ မဲခွဲသည့်တည်နေရာသို့ရောက်ရှိသည့် အချိန်မှာတော့ သူမ၏ ကျောက်စိမ်းပြားကို အသာထုတ်ယူကာဖြင့် ကျိုးဟုန်၏ ရှေ့ဆီသို့ ချလိုက်၏။ “ကျွန်မ နာမည် ကျန့်ရှောင်ဟုန်”
“သိပါပြီ” ကျိုးဟုန်သည် ပြောလိုက်၏။ သူသည် နံပါတ်ပြားကို ထုတ်ပြလိုက်သည်။
“နှစ်”
“ဟဲ ဟဲ ..... ကျွန်မက တစ်ပဲ”
“............”
စင်မြင့်ပေါ်တွင်ရှိနေသာ ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မျက်နှာကိုအုပ်ကာကာ ပြောလိုက်မိ၏။ “အင်း... အစောကြီးထဲက ဒီတိုင်းစိန်ခေါ်ပြီး တိုက်လို့ရတဲ့ အခွင့်အရေးကို ပိုင်နေတာကို ဘာလို့ရှုပ်ထွေး အောင်လို့ ဟန်ပြမဲနှိုက်နေရသေးတာလဲ”
သို့ပေမဲ့ နောက်တစ်ကြိမ်မဲနှိုက်မှုသည် သူ့အား အလွန်အမင်း ပျော်ရွှင်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် လုချင်းချင်း သည် နံပါတ်ခြောက်ကို မဲနှိုက်မိပြီး နံပါတ်ခုနှစ်သည် လင်းလီဖြစ်နေသောကြောင့်ပင်။
“သွားပြီပဲ”
ဟယ်ဝူတီနှင့် ရီရှင်းချန်တို့သည် ထိုအရာကို မြင်သည့်အခါမှာတော့ မြေပေါ်သို့ ဒူးထောက် ထိုင်ချကာ ခေါင်းရှိဆံပင်များကို ဆုပ်ကိုင်လိုက်မိကြ၏။
“သွားပြီ သွားပြီပဲ” လီချင်းယန် သို့မဟုတ် ရှောင်ကျီသာဆိုလျှင် သူတို့အနေနှင့် တစ်ဖက်လူကို အလျော့ပေးရန် တောင်းဆိုခွင့်ရှိနေသေး၏။ သူတို့သည် အကြီးဆုံးစီနီယာအစ်မကြီးအား အရှုံးပေးလိုက်ရန် သွားရောက်တောင်းဆို၍ မရနိုင်ချေ။
“မိန်းမတစ်ယောက်လား”
နံပါတ်ပြားကို ကြည့်ရှုပြီးသည့်နောက် လင်းလီ၏နှုတ်ခမ်းတွင် အထင်အမြင် သေးမှုများ ဖြစ်တည်လာခဲ့၏။
လုချင်းချင်းသည် ထောင့်တစ်နေရာတွင် ခပ်တည်တည်နှင့် ရပ်လျက်ရှိ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်သည့်လေထုများနှင့်ပြည့်နှက်နေ၏။ လီထျန်းထျန်းတစ်ယောက် အကြီးအကျယ်ရိုက်နှက်နှိပ်စက်ခံရ သည့်အချိန်တုန်းကလည်း သူမ၏မျက်နှာပေါ်တွင် မည်သည့်စိတ်လှုပ်ရှားခံစားမှုမျိုးမှ ဖြစ်ပေါ်မလာခဲ့ချေ။
“ဘယ်လောက် အားကောင်းလိုက်တဲ့ လေအေးလဲ” နန့်ကုန်းချင်းရှန်သည် ကြင်နာစွာပြုံးလိုက်၏။ ကျန့်ရှောင်ဟုန်သည် ကျိုးဟုန်ကို တစ်လျှောက်လုံးစူးစိုက်ကြည့်လျက်ရှိနေ၏။ သို့ပေမဲ့ သူသည် အအေးဓာတ်သဘာဝရှိသော လုချင်းချင်းကို တောက်လျှောက်ဆိုသလို ကြည့်မိနေသည်။
....
“ငါးယောက်မြောက်ပွဲ နံပါတ်တစ် ကျန့်ရှောင်ဟုန်၊ နံပါတ်နှစ် ကျိုးဟုန် တိုက်ခိုက်မယ်”
ချလွမ်
ကျန့်ရှောင်ဟုန်သည် သူမ၏ဓါးကို ဆွဲထုတ်ကာဖြင့် နတ်သမီးတစ်ပါးကဲ့သို့ စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။ သူမသည် လက်ကို အသာမြှောက်ကာဖြင့် အမဲရောင်ဆံနွယ်များအား အသာစည်းနှောင် လိုက်သည်။ ပြီးသည့်နောက် လက်ချောင်းများနှင့် လက်ညှိုးလေးကို အသာကွေးကာ ကျိုးဟုန်အား စိန်ခေါ်လိုက်၏။
“အရူးကြီး မြန်မြန်တက်ခဲ့တော့” ကျိုးဟုန်သည် ဆွံ့အလျက်ရှိနေ၏။ တစ်ဖက်လူသည် အလွန်အမင်း ရင်းနှီးနေသည့်ပုံပန်းသွင်ပြင်များဖြင့် သူ့အား စနောက်ကာခေါ်လျက်ရှိသည်။
သို့ပေမဲ့ ဆံပင်ကိုစည်းနှောင် ပြီးသည့်နောက် သူမသည် ယခင်ကထက် ပိုမိုကာ ချစ်ဖို့ကောင်းသွားပုံပေါ်၏။