အခန်း ၁၈၁၀
Vol. 122 Ch. 1810
အပိုင်း (၁၈၁၀)
စင်မြင့်ပေါ်မှာတော့ ဓားစွမ်းအင်များသည် အရှိန်အဟုန် ပြင်းပြင်းနှင့် တိုက်ခိုက်လျက် ရှိနေ၏။
…………
လက်ရှိအခြေအနေမှာတော့ ပွဲကြည့်စင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ရုတ်တရက် မတ်တပ်ရပ် လာမိသည်။ ၎င်းတို့၏ မျက်လုံးများသည် ပြူးကျယ်လျက်ရှိနေ၏။ မျက်လုံးထဲတွင်လည်း အံ့အားသင့် ထိတ်လန့်မှုများသည် ပိုမိုကာ များပြားလာခဲ့၏။ သူတို့၏ နေရာမှ ကြည့်မည်ဆိုလျှင် တိုက်ခိုက်ရေး စင်မြင့်တစ်ခုလုံးသည် ဓားစွမ်းအင်များနှင့် ဖုံးလွှမ်းလျက်ရှိသည်။
ကျိုးဟုန် သည် သူ့၏ ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် လက်သီးကို ဆုပ်လိုက်၏။ “ခင်ဗျား နိုင်ပြီ”
အားလုံးသော သူတို့သည် ဇဝေဇဝါဖြစ်သွားမိ၏။ အဘယ့်ကြောင့် ရှုံးနိမ့်သွားရသနည်း။ ဓားတာအို နှင့် တိုက်ခိုက်သည့် တိုက်ပွဲတစ်ခုသည် အမှန်ပင် ပျင်းလွန်းစရာကောင်းလှ၏။ အားလုံးသော သူတို့သည် ဤနှစ်ယောက်သည် စင်မြင့်ပေါ်သို့ တက်ပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ် နေသည်ကို အားလုံးက သိရှိကြ၏။ ကျန့်ရှောင်ဟုန် သည် သူမ၏ ဓားနည်းစနစ်ကို ထုတ်ဖော်ကာ အသုံးပြုနေ၏။ ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးတွင် ဓားစွမ်းအင်များနှင့် ဖုံးလွှမ်းစေခဲ့သည်။
“အံ့အားသင့်စရာပဲ”
ကုထျန်းရှင်းက မတ်တပ်ထပ်ရပ် လိုက်သည်။ သူ့အနေနှင့် ဤကဲ့သို့သော ဓားတိုက်ခိုက်ပွဲကို သေသေချာချာ မျက်မြင်ကြည့်ရှုခဲ့ရ၏။ ဓားသူတော်စင်၏ မြေးမလေးသည် ကောင်းမွန် လှသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့သည်ဟု ဆိုရပေမည်။ ဤ တိမ်ပြာစကြဝဠာ ပတ်လမ်းထဲတွင် မည်သူသည် အားအကာင်းဆုံးသော ဓားတိုက်ကွက်ကို ပိုင်ဆိုင်သနည်းဟု ကုထျန်းရှင်းကို မေးမြန်းမည်ဆို ကျိန်းသေပေါက် နှောင့်နှေးခြင်းမရှိဘဲ ကွေ့ရှုဓားသူတော်စင်ကို လက်ညှိုးထိုး ပြရပေလိမ့်မည်။
ပွဲကြည့်စင်မြင့်ပေါ်မှာတော့ အားလုံးသော သူတို့သည် ဓားနည်းစနစ်၏ အံ့အားသင့်စရာစွမ်းအင်များကို ခံစားပြီးသည့်နောက် ရုတ်တရက် မတ်တပ်ပင် ထရပ်မိလိုက်ကြ၏။
ထိုင်နေသည့်သူမှာ တစ်ယောက်တည်းသာ ရှိ၏။
မှန်ပေ၏။ ကျွန်းချောင်ရှောင်းသာလျှင်ဖြစ်သည်။ သူသည် လက်ရှိအခြေအနေမှာတော့ ထိုင်ခုံကို အသာမှီကာဖြင့် စိတ်ထဲမှာ ရေရွက်လျက်ရှိသည်။ “ကျိုးဟုန်ကလည်း ဟန်ဆောင်သွားပြန်ပြီ”
စုရှောင်မို ရှုံးနိမ့်သည်ကို သူနားလည်မိ၏။ သို့ပေမယ့် အဘယ့်ကြောင့် ကျိုးဟုန်က ရှုံးနိမ့်ရသနည်း။ သူ ခေါ်ယူလာခဲ့သည့် လက်ရွေးစင်တပည့်တွေများထဲတွင် အယုံကြည်ရဆုံးသောသူမှာ ရီရှင်းချန် ပြီးသည့် နောက် ကျိုးဟုန် သာလျှင်ရှိ၏။ အဆုံးသတ်မှာတော့ အညှာအတာကင်းမဲ့စွာဖြင့် သရုပ်ဆောင် သွားခဲ့ပြန်၏။
ဝှစ်
ကြီးမြတ်သူတုံးကုအပေါ် သရုပ်ဆောင်ခဲ့သည့်အတွက် ဝဋ်လည်ခြင်းများလား။ ဓားသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီးသည့်နောက် ကျန့်ရှောင်ဟုန် ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ သူမသည် ဓားကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းကာ ပြုံးလိုက်သည်။ “ဒီလောက်တိုက်ခိုက်ချက်များများ တိုက်ခိုက်ပြီးတဲ့ နောက်မှာ ကျွန်မ အနိုင်ရရှိတယ်ဆိုတာ ကံကောင်းလို့ပါပဲ”
ချလွမ် ချလွမ်
ဓားစွမ်းအင်များ ပျောက်ကွယ်သွားပြီးသည့်နောက် အရာအားလုံးတို့သည် ပုံမှန်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား၏။
“အင်း နိုင်တာက နိုင်တာပါပဲ”
ကျိုးဟုန် သည် စင်မြင့်အောက်သို့ လျှောက်ဆင်းသွား၏။ သူသည် ဟန်ဆောင်ခဲ့ခြင်းမဟုတ်ပေ။ တကယ်ပင် ဓားတိုက်ကွက်အောက်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။ ဓားသမားတစ်ယောက်အတွက် ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်း သာလျှင်ဖြစ်၏။ ထို့ကြောင့် ရှုံးနိမ့်မှုကို ဝန်ခံရပေလိမ့်မည်။
မြေပေါ်တွင် လဲလျောင်းကာ အော်ကြီးဟစ်ကျယ် ငိုယိုလျက်ရှိနေသည့် လီထျန်းထျန်း နှင့် မတူစွာဘဲ ကျိုးဟုန်သည် ဤပွဲကို ရှုံးနိမ့်ခဲ့သည် ဆိုသော်လည်း စိတ်ထဲတွင် မထားလှချေ။
ဟုတ်ပေသည်။ သူ့အနေနှင့် နောင်တတရားများတော့ တည်ရှိနေသေး၏။ ဓားတစ်သောင်းကျမ်းထဲမှ တတိယတိုက်ကွက်ကို နားလည်အောင် မပြုလုပ်နိုင်သေးသောကြောင့် ရှုံးနိမ့်ခြင်းဖြစ်ခဲ့ကြောင်းကို ကောင်းကောင်းနားလည်မိသည်။ မဟုတ်ပါက အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်မှာသေချာ၏။
“ဟေး..”
ကျန့်ရှောင်ဟုန် သည် အနောက်မှ လှမ်းကာခေါ်လိုက်သည်။ “ကျွန်မအဘိုးက သင့်တော်တဲ့ ဆက်ခံသူ တစ်ယောက်ကို ရှာမတွေ့သေးဘူး ရှင် သူ့တပည့် ဖြစ်ဖို့အတွက် စိတ်ဝင်စားလား”
ဤစကားစုကို ပြောဆိုလိုက်သည့်အချိန်မှာတော့ ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ သူမ၏ အဘိုးသည် မည်သူဖြစ်သနည်း။ ကွေ့ရှုဓားသူတော်စင်ပင်ဖြစ်၏။
လူငယ်များအားလုံး၏ အိမ်မက်ပင်ဖြစ်လေသည်။ ကျော်ကြားသည့် သိုင်းကျင့်ကြံသူ တစ်ယောက်ဆိုလျှင်ပင် ဤကဲ့သို့ အခွင့်အရေးမျိုးကို ရလိမ့်မည်မဟုတ်ချေ။ တစ်ဖက်လူ၏ တံခါးဝတွင် ဒူးထောက်၍ တောင်းဆိုမည်ဆိုလျှင်တောင် ကွေ့ရှုဓားသူတော်စင်သည် အသိအမှတ် ပြုလိမ့်မည်မဟုတ်ချေ။ ယနေ့မှာတော့ ထိုသူ၏ မြေးမသည် တဖက်လူအား သူ့အဘိုး၏ တပည့်အဖြစ် လက်ခံမည်လားဟု စတင်ကာ တောင်းဆိုလျက်ရှိ၏။ မနာလိုစရာပင်။
ရွှီး
ထိုင်ခုံပေါ်တွင် မှေးထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ကွေ့ရှုဓားသူတော်စင် မည်မျှအားကောင်းလှ သနည်းဆိုသော် ပွဲကျင်းပကြသည်လူများပင်လျှင် ချွင်းချက်အဖြစ် ပြုလုပ်ပေးရ၏။ ထို့ကြောင့် သူ၏ တပည့်အတွက် ကျိန်းသေပေါက် အခွင့်အရေးပင်ဖြစ်ပေလိမ့်မည်။
“တောင်းပန်ပါတယ်”
ကျိုးဟုန် သည်ရုတ်တရက် ရပ်တန့်ကာပြောလိုက်၏။ “ကျုပ်က ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်ပဲ။ ကျုပ်က တခြားသူတွေကို ဆရာအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး”
“…….”
ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ်ဖြစ်သွား၏။ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်ဖြစ်သည်မှာ သေချာ၏။ သို့ပေမဲ့ တခြားသောသူကို ဆရာအဖြစ် အသိအမှတ်မပြုရန် တားမြစ်ထားခြင်းမရှိချေ။ ထို့အပြင် ဂိုဏ်းချုပ်နှင့်တပည့်ဆိုသည်မှာ ဂိုဏ်းခေါင်းဆောင်နှင့်နောက်လိုက်တစ်ယောက်တို့၏ကြား ဆက်ဆံရေးသာ ဖြစ်သည်။ ဆရာတပည့်အနေနှင့် ရင်းနှီးသည့် ပတ်သက်မှုမျိုးလည်းမဟုတ်ချေ။
တစ်ဖက်လူများအနေနှင့် သူ့အား ဆရာအဖြစ် အသိအမှတ်ပြုလျှင် ပြုနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် တစ်ဖက်သူများသည် သူ့အား ဆရာခေါ်ဆိုရန်ထက် ဂိုဏ်းချုပ်ဟုခေါ်ဆိုရန်သာ ပိုမိုနှစ်သက်သည်။ ဂိုဏ်းတစ်ခုလုံးထဲတွင် ကုန်းရှန့်အား ဆရာဟု ခေါ်ဆိုနိုင်သည့် သူဟူ၍ တစ်ဦးတည်းသာလျှင်ရှိ၏။ ထိုသူသည် လင်းရီသာလျှင် ဖြစ်သည်။ လင်းရီ သည် ဂိုဏ်းချုပ် ၏ တစ်ဦးတည်းသော တိုက်ရိုက်တပည့်ဖြစ်၏။
“အင်း... ဒီလို အမှိုက်ဂိုဏ်းကို ထားခဲ့လိုက်စမ်းပါ”
ကျန့်ရှောင်ဟုန် က ပြောလိုက်သည်။ “ကျွန်မအဘိုးဆီ လိုက်ခဲ့ပြီး ဓားကျင့်ကြံခြင်းနည်းလမ်းကို သင်ယူလိုက်။ အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်လိမ့်မယ်”
ကုန်းရှန့် သည် နာနာကျင်ကျင်နှင့် ရယ်မောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက အထက်စကြဝဠာ တစ်ခုလုံးထဲမှာ အားအကောင်းဆုံး ဂိုဏ်းတစ်ခု မဟုတ်ရင်မဟုတ်လိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဘယ်သူမှ ရန်စရဲတဲ့ ဂိုဏ်းမျိုးမဟုတ်ဘူး။ ကွေ့ရှုဓားသူတော်စင်ရဲ့မြေးမရဲ့ မျက်လုံးထဲမှာတော့ ငါ့ဂိုဏ်းက အမှိုက်ဂိုဏ်း တစ်ခုဖြစ်နေပါလား”
ကျိုးဟုန် က ပြောလိုက်၏။ “ကျုပ်ခင်ဗျားကို လေးစားပါတယ်။ ဒီတော့ ကျုပ်ကိုလည်း ကျေးဇူးပြုပြီး လေးစားပေးပါ။ ကျုပ်ဂိုဏ်းကို လာပြီး အရှက်မခွဲပါနဲ့။ မဟုတ်ရင်”
သူသည် စကားကို ဆုံးအောင် မပြောခဲ့ချေ။ သူ၏ အကြည့်များသည် အေးစက်သွားခဲ့သည်။
“ကောင်းပြီ ကောင်းပြီ”
ကျန့်ရှောင်ဟုန် သည် စင်မြင့်ပေါ်မှ ခုန်ချပြီးသည့်နောက် သူ၏ ရှေ့ဆီသို့ လှမ်းလျှောက်လာ၏။ ပြီးနောက် တောင်းပန်သည့် အမူအရာကို ပြုလုပ်ကာ ပြောလိုက်၏။ “တောင်းပန်ပါတယ်။ ကျွန်မပြောတာ မှားသွားပါတယ်”
“မိန်းကလေးကျန့်”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တကယ်လို့ စီနီယာ ဓားသူတော်စင်က ကျုပ်တပည့်ကို နှစ်သက်တယ်ဆိုရင် သူ့ကို တပည့်အဖြစ် ကျုပ် လွှတ်ပေးလိုက်မယ်”
အစစ်အမှန်တရားမှာတော့ သူသည် ကျိုးဟုန် အတွက် တွေးတောပေးနေခြင်းသာဖြစ်၏။ ပြိုင်စံရှားဂိုဏ်းတွင် များပြားလှသော ဓာတ်သဘာဝနှင့် ကျင့်ကြံခြင်းအခန်းများ တည်ရှိနေသည်ဆိုလျှင်တောင်မှ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ကျိုးဟုန် အတွက်တတော့ သိပ်ပြီး ထူးမခြားနားလှချေ။
တခြားသော သူများသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး လျှို့ဝှက်နယ်မြေများကို အမှီခိုပြုကာ အဆင့်တက်သည့် အရာကို ပြုလုပ်ခဲ့သည် ဆိုသော်လည်း ကျိုးဟုန် မှာတော့ မိမိကိုယ်ကိုယ်သာ အားကိုးခဲ့ရ၏။ မိမိကိုယ်ကိုယ် နားလည်မှုကို ရှာဖွေပြီး တန်ဖိုးကြီးမားသည့် အရာများကိုရရှိခဲ့၏။
အကယ်၍ တကယ့်ပါရမီရှင် ဆရာ တစ်ယောက်ယောက်ကသာ လမ်းညွှန်ပေးနိုင်သည်ဆိုပါက ပိုမိုကောင်းမွန်သည့်လမ်း ကို လျှောက်လှမ်းနိုင်မှာ သေချာသည်။ ဓားသူတော်စင်ဆိုသည်မှာ ထိပ်တန်း ဓားကျင့်ကြံသူ တစ်ယောက်လည်းဖြစ်၏။ အရည်အသွေး ပြည့်မီလွန်းလှသည်။
“အရူး”
ကျန့်ရှောင်ဟုန် သည် သူ၏ ရှေ့ဆီသို့ လျှောက်လာပြီးသည့်နောက် လက်နှစ်ဖက်ကိုနောက်သို့ ပစ်ကာ ပြောလိုက်၏။ “ရှင့်ရဲ့ ဂိုဏ်းချုပ်က သဘောတူညီနေပြီ သဘောမတူသေးဘူးလား”
ကျိုးဟုန် ကပြောလိုက်သည်။ “ကျုပ်နာမည်က ကျိုးဟုန်၊ အရူးမဟုတ်ဘူး”
“ကျွန်မသိတယ် အရူးရဲ့”
“……… “
ကျန့်ရှောင်ဟုန် သည် ခေါင်းလေးကို အသာတိုးကာဖြင့် ပြုံးလိုက်၏။ “ဒီတိုက်ပွဲကြီးပြီးရင် ကျွန်မနဲ့ လိုက်ခဲ့”
“ကောင်းပြီ”
ကျန့်ရှောင်ဟုန် သည် မျက်စိတစ်ဖက်အသာမှိတ်ပြကာဖြင့် အသာထွက်သွား၏။ “ပြီးသွားရင် ကျွန်မ ရှင့်ကို စားသောက်ခန်းဆီကို လာရှာမယ် ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ကျွန်မ ရှင့်နောက်ကို ကမ္ဘာအဆုံးထိ လိုက်နေမှာ”
“………”
ကျိုးဟုန် သည် ဆွံ့အလျက်ရှိနေ၏။ သူမ၏ ဦးနှောက်သည် ဂိုဏ်းချုပ်ကဲ့သို့ပင် တစ်စုံတစ်ခုလွဲမှားနေ လေသည်လား။
……….
ကျိုးဟုန်နှင့် ကျန့်ရှောင်ဟုန်တို့ တိုက်ပွဲပြီးသွားပြီးနောက် ကျန်သည့်တိုက်ပွဲများ ဆက်လက်ကာ တိုက်ခိုက်ကြသည်။ ဤတစ်အချိန်မှာတော့ တောက်ယွမ်ဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်သော နန်းကုန်းချင်းရှန်၏ အ လှည့်ပင်။ ထင်မှတ်ထားသည့်အတိုင်းပင် သူသည် ပြိုင်ဘက်ကို လွယ်လွယ်ကူကူဖြင့် တိုက်ခိုက် အနိုင်ယူခဲ့၏။
“နံပါတ်ခုနှစ် လုချင်းချင်းနှင့် နံပါတ်ရှစ် လင်းလီ တို့ စင်မြင့်ပေါ်ကို တက်ခဲ့ပါ”
ဒိုင်လူကြီး၏ အော်ဟစ်သံနှင့် အတူ ပွဲကြည့်ပရိတ်သတ်များအားလုံးသည် လှမ်းကာ ကြည့်ရှု့လိုက်၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားဖြစ်သည်နှင့်အညီ တစ်ဖက်လူသည် အလွန်မောက်မာလွန်းပြီး ပြိုင်စံရှားဂိုဏ်းမှ တပည့် နှစ်ယောက်ကို တိုက်ခိုက်အနိုင်ယူခဲ့၏။ ယခုထပ်မံကာ ဆုံတွေ့သည် ဖြစ်သောကြောင့် ကျိန်းသေပေါက် ပွဲကြီးပွဲကောင်းပင်။
ဆွစ်
လုချင်းချင်း၏ အဖြူရောင်ဝတ်စုံသည် လေထဲတွင် လွင့်မျောလျက်ရှိ၏။ သူမသည် စင်မြင့်ပေါ်သို့ အသာ လှမ်းတက်လိုက်သည်။
“အကြီးဆုံး စီနီယာ အစ်မကြီး”
ရီရှင်းချန်သည် သူ့ကို မျက်နှာသာပေးရန် လှမ်းကာပြောချင်၏။ သို့ပေမဲ့ အေးစက်သည့်လေများကို ခံစားပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်ရ၏။ “ထားလိုက်တော့။ ထားလိုက်တော့။ ဒီလူ ရှုံးသွားရင် ငါလည်း အရှုံးပေးပြီးတော့ ရှုံးနိမ့်သူစာရင်းထဲ လိုက်တိုက်ခိုက်ရမယ်”
စည်းမျဉ်းစည်းကမ်းအရဆိုလျှင် ပြိုင်ပွဲနောက်ဆုံးစာရင်းဆီသို့ ရောက်ရှိလာသည့် ပြိုင်ပွဲဝင်သည် ဆယ်ယောက်သာလျှင်ရှိ၏။ သို့ပေမဲ့ ထိပ်ဆုံးနှစ်ဆယ်စာရင်းကိုတော့ ရှုံးနိမ့်သူများအဖွဲ့ဆီမှ ထပ်မံမဲနှိုက်ကာ တိုက်ခိုက်ခြင်းကို ပြုလုပ်ရ၏။ ထို့ကြောင့် ရှုံးနိမ့်သည် ဆိုလျှင်တောင် ပြိုင်ပွဲတစ်ခုကို ထပ်မံပြိုင်ပြီး စကြဝဠာနတ်တိုက်ပွဲသို့ ဝင်ခွင့်ရအောင် ကြိုးစားခွင့်ရှိသေးသည်။
ရီရှင်းချန် ၏ အကြံအစည်သည် အမှန်ပင် ရိုးရှင်းလွန်းလှ၏။ လုချင်းချင်း တစ်ယောက် လင်းလီ ကို အနိုင်ယူ တိုက်ခိုက်နိုင်သည်ဆိုလျှင်တောင်မှ သူသည် သူ၏ပြိုင်ဘက်ကို အရှုံးပေးကာဖြင့် တစ်ဖက်လူနောက်သို့ လိုက်သွားမှာသေချာ၏။
မည်မျှတိုက်ဆိုင်လိုက်သနည်း။ ရှောင်ကျီ နှင့် တခြားသောသူများသည်လည်း ထိုကဲ့သို့ တူညီသည့်အကြံအစည် ရှိလို့နေသည်။
ရှုံးနိမ့်သူများအဖွဲ့တွင် လင်းလီနှင့် တွေ့ဆုံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များမှာတော့ ကျိန်းသေပေါက် သူတို့၏ပွဲကို အရှုံးပေးရန် စီစဉ်နေကြပြီဖြစ်သည်။ ထိုသို့ဆိုလျှင် ရှုံးနိမ့်သူများအဖွဲ့တွင် ပုန်းအောင်းနေသည့် နဂါးနှင့်ကျားများ ဖြစ်တည်သွားခဲ့ပြီ မဟုတ်ပါလား။
စိုးရိမ်ရသည်မှာ သူ၏တပည့်များ၏ ပြုမှုဆောင်ရွက်ပုံကို ကြည့်ရှု့ရင်း ကုန်းရှန့် တစ်ယောက် ဒေါသတကြီး နှင့် သွေးအန်ပြီး သေသွားမလားဆိုသည်ကိုပင်။