← Chapters

အခန်း ၁၈၁၂

Vol. 122 Ch. 1812

အခန်း ၁၈၁၂

Vol. 122 Ch. 1812

အပိုင်း (၁၈၁၂)

လုချင်းချင်း သည် ရှုံးနှိမ့်သွားခဲ့၏ ။ အဘယ့်ကြောင့်ဆိုသော် သူမသည် လင်းလီထက် ပိုမိုမြန်ဆန်စွာဖြင့် စင်မြင့်အောက်သို့ ဆင်းသက်လာနိုင်ခဲ့သောကြောင့်ပင်။ အဓိကပြို်ငပွဲ၏ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် တစ်စုံတစ်ယောက်အနေနှင့် တိုက်ခိုက်နိုင်သည့် စွမ်းအင်အပြည့်ရှိလျှင်တောင်မှ အောက်သို့ကျဆင်းသွားခြင်း သို့မဟုတ် ပြိုင်ပွဲမှထွက်ခွာသွားသည် ဆိုပါက စင်ပေါ်မှာကျန်နေသည့် မလှုပ်ရှားနိုင်သည့်လူပင်လျှင် အနိုင်ရရှိပေလိမ့်မည်။

အခြေအနေကိုပြန်ကြည့်ရမည်ဆိုလျှင် လင်းလီ သည် ရှုံးနှိမ့်သွားခဲ့ပြီဖြစ်ကြောင်းကို အားလုံးက သိရှိပြီး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဖူးယောင်နေအောင် ရိုက်နှက်ခံထားရပြီး လူရုပ်ပင်မထွက်ချေ။ သို့ပေမဲ့ စည်းမျဉ်းသည် စည်းကမ်းသာလျှင်ပင်ဖြစ်၏။

ပွဲကြည့် ပရိတ်သတ်များအားလုံးသည် ပေါက်ကွဲသွားခဲ့၏။ သူမသည် အနိုင်ရရှိခဲ့ပြီးဖြစ်သည်။ အဘယ့်ကြောင့် အရှုံးပေးရသနည်း။ ပြိုင်စံရှားဂိုဏ်း တပည့်များ၏ လုပ်ရပ်သည် အားလုံးသောသူတို့ကို နားမလည်နိုင်ခဲ့ချေ။ သူမသည် တခြားတပည့်များ တိုက်ခိုက်နိုင်ရန် ခွင့်ပြုပေးခဲ့သည်လား။

ဟုတ်ပေသည်။ သူမအနေနှင့် တစ်ယောက်တည်း ရိုက်နှက်ရသည်ကို မကျေနပ်နိုင်သေးချေ။ ထို့ကြောင့် သူမ၏ ဂိုဏ်းတူရောင်းရင်းများအား ဆက်လက်ကာ ရိုက်နှက်စေချင်မိ၏။ သို့ပေမဲ့ ဤကြယ်တာရာ ပြိုင်ပွဲကြီးတွင် ရှုံးနှိမ့်သူများစာရင်းထဲမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခြင်းဆိုသည်မှာ အလွန်ပင် နည်းပါး၏။ ထိပ်တန်းစာရင်းသို့ဝင်ရောက်နိုင်ရန်အတွက် လုံလောက်သည့် စွမ်းဆောင်ရည်နှင့် ပြိုင်ပွဲဝင်များဖြစ်နေသည် မဟုတ်ပါလား။ ထို့အပြင် ကြိုတင်ကာ ရွေးချယ်ခြင်းကို ခံထားရသည့် ပြိုင်ပွဲဝင်များကလည်း ရှိလို့နေသေး၏ ။

“ကြည့်…သူမက ဂိုဏ်းချုပ်ကို သွေးအန်အောင် လုပ်လိုက်ပြီ။ ဒါက ကလေးကစားနေသလိုပဲ”

အားလုံးသောသူများသည် လုချင်းချင်းတစ်ယောက် ရည်ရွယ်ချက် ရှိရှိနှင့် ပတ်သက်၍ အရှုံးပေးလိုက်ခြင်းကို နားမလည်ချေ။ မလိုအပ်သည့်အရာကို ပြုလုပ်နေသည်ဟုပင် ခံစားနေမိကြသည် ။

“ဂိုဏ်းချူပ်ကျွင်း”

ကုထျန်းရှင်းသည် ခေါင်းကိုလှည့်ကာဖြင့် ပြောလိုက်မိ၏။ “ဒါအဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား”

“……”

ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုကိုမျှ မပြောချေ။ အဘယ်ကြောင့်ဆိုသော် သူသည် စွန်းပုကုံး၏ ဆေးကုသပေးမှုကိုခံနေရပြီး သွေးပင် သွင်းထားရ၏။ ဤကြယ်တာရာပြိုင်ပွဲကြီးတွင် သူ၏ တပည့်များသည် အနိုင်ရရှိရန်အတွက် လာရောက်ကာ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ ဟန်လာပြသည်ဟုပင် ကုန်းရှန့် က ထင်မှတ်မှားနေသည်။

ဟုတ်ပေသည်။ စုရှောင်မိုနှင့် လုချင်းချင်း၏ ရည်ရွယ်ချက်ကို ကျွင်းချောင်ရှောင်း က ကောင်းကောင်း နားလည်၏။ လီထျန်းထျန်း တစ်ယောက် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရသည်ကို သူတို့က လက်မခံနိုင်ကြချေ။ ထို့ကြောင့် သူတို့၏ ဂိုဏ်းတူရောင်းရင်းများအား ဆက်တိုက်ဆိုသလို တစ်ယောက်ပြီး တစ်ယောက် ရိုက်နှက် နိုင်စေရန်အတွက် ဤကဲ့သို့ပြုလုပ်ခြင်းသာဖြစ်၏။

ထားလိုက်ပါတော့။ သူတို့က ဆော့ကစားချင်သည်ဆိုမှတော့ ဆက်လက်ကာ ဆော့ကစားပါစေ။ ရှုံးနိမ့်သွားသည် ဆိုလျှင်တောင်မှ ရှုံးနိမ့်သူများ အတွက် အုပ်စုတစ်ခုက တည်ရှိလို့ နေသေးသည်။

လုချင်းချင်းနှင့် ကျန်သည့်သူများ၏ စွမ်းဆောင်ရည်အရဆိုလျှင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ဖို့ ဆိုသည်မှာ သံသယမရှိနိုင်ပေ။ တစ်ဖက်လူအား နေထိုင်ရာ ဘဝတစ်ခုလုံးတွင် ညိုးငယ်သည့် စိတ်ထားနှင့် အရိပ်အမဲကြီးတစ်ခုဖြစ်တည်လာအောင် ရိုက်နှက်နိုင်သည်ဆိုပါက သူ၏တပည့်အတွက် လက်စားချေနိုင် သည်ဟု ဆုံးဖြတ်ရပေလိမ့်မည်။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များ ဤကဲ့သို့ ပြုလုပ်နေသည် နားလည်သော်လည်း စိုးရွံ့လျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် အဓိက တာဝန်ကြောင့်ပင်။ တာဝန်အရ တပည့်နှစ်ယောက်တို့သည် စကြဝဠာနတ်တိုက်ပွဲကို ဝင်ရောက်ရန်အတွက် လက်မှတ်နှစ်ခုကို ရရှိရန် လိုအပ်နေ၏။ လိုအပ်ချက်များ ပြည့်စုံသည်ဆိုလျှင် သူ့အနေနှင့် ဆုလာဘ်များကို ပိုမိုကာရရှိမည်ဖြစ်၏။

ယခု တပည့်များသည် အစီအစဉ် တစ်ခုကို ရေးဆွဲနေပြီးဖြစ်၏။ ထိုသို့ဆိုလျှင် နောက်အဆင့်သို့ တက်ရောက် နိုင်သည့် လူသည် အနည်းငယ်သာ ရှိပေတော့မည်။ ထို့ကြောင့် သူ၏ ဘဝသည် ကံဆိုးမိုးမှောင်ကျလေပြီ။

“ချီးတဲ့မှ ... ချီးတဲ့မှ”

…………………….

တိုက်ခိုက်ရေးစင်မြင့်၏ အပြင်ဘက်တွင်တော့ လင်းလီသည် ပြုတ်ကျလာခဲ့၏။ သူ၏မျက်လုံးများထဲတွင် နာကျင်မှုနှင့် ဒေါသတရားများ ဖြစ်တည်နေ၏။ စုရှောင်မို တစ်ယောက် ရည်ရွယ်ချက်ရှိရှိနှင့် သူတိုက်ခိုက်သည့် အရာသို့ ဝင်လာခဲ့သည် ဖြစ်ကြောင်းကို သူကသတိမပြုမိခဲ့ချေ။ သို့ပေမဲ့ ဤတစ်ကြိမ် မှာတော့ လုချင်းချင်းသည် သူ့အား ရည်ရွယ်ချက်ရှိရှိနှင့် အရှုံးပေးခဲ့ခြင်းပင်။ သူသည် ဤအရာကို လုံးဝ လက်သင့်မခံနိုင်ပေ။

“မင်းက ငါ အရမ်းတန်းဖိုးထားရဆုံး‌ မွေးစားသားပဲ။ မင်းက ဒီ ကြယ်တာရာပြိုင်ပွဲကြီးရဲ့ ဗိုလ်စွဲသူ ဖြစ်လာရမယ်”

မွေးစားအဖေ၏ အသံသည် နားထဲ၌ ပေါ်လာ၏။ “ငါအရှုံးပေးလို့မရဘူး။ ငါ ဒီနေရာမှာ ဗိုလ်စွဲနိုင်သေးတယ် ဆိုတာ မွေးစားအဖေကို သက်သေပြရမယ်”

“မင်းထပ်ပြီး တိုက်ခိုက်နိုင်သေးလား” ဒိုင်လူကြီးသည် အနားသို့‌ရောက်ရှိလာကာ မေးမြန်းလိုက်သည်။

“အင်း”

သူ့မျက်နှာပေါ်တွင် ရှိနေသော နာကျင်မှုများကို ဖိနှိပ်ပြီးသည့်နောက် လင်းလီသည် မနည်းရုန်းကန်ကာ မတ်တပ်ထရပ်လိုက်၏။ “ရတယ်”

သူ၏ ဒဏ်ရာများသည် ဆိုးဝါးလှသည်ဆိုလျှင်တောင်မှ သူသည် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ရပေ လိမ့်မည်။ စင်မြင့်ပေါ်တွင် သေသွားသည်ဆိုလျှင်တောင်မှ သူသည် ဆက်လက်ကာတိုက်ခိုက်မှာဖြစ်၏။ ဤဝံပုလွေသည် အမှန်ပင် ကြမ်းတမ်းလွန်းလှ၏။ သို့ပေမဲ့ မတ်တပ်ရပ်လိုက်သည့်အချိန်မှာတော့ သူသည် ခြင်္သေ့အဖွဲ့တစ်ခုသို့ လှမ်းကာ ကြည့်ရှုလိုက်မိ၏။

ရီရှင်းချန်သည် တွေးမိလိုက်သည်။ “ငါနဲ့သာ ဆုံလို့ရှိရင် ဒီလိုမျိုးစကားပြောနိုင်ဖို့ အခွင့်အရေး မရအောင် ငါ လုပ်ပြမယ်”

အကြီးဆုံးစီနီယာအစ်မကြီးသည် ရည်ရွယ်ချက်ရှိရှိနှင့် စင်မြင့်ပေါ်မှ ခုန်ချသွားခဲ့၏။ ထိုအရာသည် သူ့အား အမှန်ပင် စိတ်လှုပ်ရှားခဲ့၏။ အဘယ့်ကြောင့် ဆိုသော် ဤအကောင်ကို နှိပ်စက်ရိုက်နှက်ရန် အခွင့်အရေး သူ့၌ ရှိလာပြီဖြစ်၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် လုချင်းချင်း၏ နှိပ်စက်ရိုက်နှက်ခဲ့ခြင်းသည် အစောကြီးကတည်းက ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။ သို့ပေမဲ့ ညအင်ပါယာ၏ မျက်လုံးထဲတွင်တော့ ဤအရာမှာ မလုံလောက်သေးချေ။ ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ရိုက်နှက်ခြင်းမှသာလျှင် သူ၏ နှလုံးသားထဲတွင် ရှိနေသော ဒေါသတရားများအတွက် အာသာပြေပေလိမ့်မည်။

…………….

ပြိုင်ပွဲသည် ဆက်လက်ကာ ကျင်းပလျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက်ကို အနိုင်ယူကာဖြင့် နောက်တစ်ဆင့်သို့တက်သွား၏။ လက်ရှိအခြေအနေမှာတော့ ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဆိုင်သည့်ပြိုင်ပွဲ၌ တခြားသောသူများသည် အခွင့်အရေးဟူ၍ လုံးဝမရချေ။

နောက်တစ်ဆင့် မဲခွဲမှုသည် ရောက်ရှိလာခဲ့၏ ။

ရီရှင်းချန် သည် သူ့လက်ထဲတွင်ရှိနေသော ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာ အောက်သို့လျှောက်ဆင်း လာ၏။ သူသည် သူ၏ ပြိုင်ဘက်မှာ လင်းလီမဟုတ်မှန်း သိရှိပြီးသည့်နောက် မုန်းတီးစွာပင် ပြောလိုက်သည်။ “ငါ မင်းကို နည်းနည်းပိုပြီး အသက်ရှည်အောင် ခွင့်ပေးထားမယ်”

“စီနီယာအစ်ကို”

ဟယ်ဝူတီသည် ရှေ့သို့လျှောက်လှမ်းကာ ပြောလိုက်၏။ “ကျုပ်သူနဲ့တွေ့ပြီ”

ရီရှင်းချန်သည် အလောတကြီးဖြင့် ခေါင်းကို လှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တစ်ဖက်လူ၏ နံပါတ်ပြားသည် နံပါတ်နှစ်ဖြစ်ပြီး လင်းလီ၏ နံပါတ်သည် တစ်ဖြစ်၏။ သူသည်ခံစားချက်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ဘဲ အော်လိုက်မိသည်။ “ချီးတဲ့မှ”

…………….……….

တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ဒိုင်လူကြီးက အော်ဟစ်လိုက်၏။ နံပါတ်နှစ် ကတ်ပြားကို ရရှိထားသော ဟယ်ဝူတီသည် စင်မြင့်ပေါ်သို့ အရင်ဆုံးတက်လိုက်၏။

ဘုတ်

လင်းလီသည်လည်း လျှောက်တက်လာခဲ့၏။ သူသည် လုချင်းချင်း၏ ဆိုးဆိုးဝါးဝါး နှိပ်စက်ရိုက်နှက်မှုကို ခံလိုက်ရသည် ဖြစ်သောကြာင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ယိမ်းယိုင်လျက်ရှိ၏။ သူ၏ လက်များသည်လည်း တွဲလောင်းကျလို့နေသည်။

“တိုက်ခိုက်နိုင်သေးတယ်ဆိုတာ သေချာလို့လား” ဒိုင်လူကြီးက ထပ်မံကာ မေးမြန်းလိုက်၏ ။

“သေချာပါတယ်” လင်းလီသည် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။

ဟယ်ဝူတီသည် မည်သည့်စကားမျှမဆိုချေ။ သူသည် သွေးသွင်းခံထားရသည့် ဂိုဏ်းချုပ်ကို လှမ်းကြည့်ကာဖြင့် ရုတ်တရက် နားလည်သွားမိ၏။

ဤတစ်ကြိမ်မှာတော့ ကုန်းရှန့်သည်သာ သူတွေးနေသည်ကို သိရှိသည် ဆိုပါက ကျိန်းသေပေါက် ရုတ်တရက် ထကာ အော်ဟစ်လိမ့်မည်။ “ငါဘာမှတောင် အချက် မပြရသေးဘူး။ ဘာကိုနားလည်နေကြတာလဲ။ ချီးထဲမှ”

………………

“ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်နှင့် ထပ်တွေ့ပြန်ပြီလား။ ဒီကောင်ကတော့ ဆိုးဆိုးဝါးဝါးတွေ ဖြစ်တော့မှာပဲ။ အခု အခြေအနေအရဆိုရင် သာမန်ပြိုင်ပွဲဝင်တစ်ယောက်တောင်မှ အေးအေးဆေးဆေးနဲ့ နိုင်ကိုနိုင်တယ်” အားလုံးသောသူတို့သည် အလေးအနက် ဆွေးနွေးလျက်ရှိ၏။ လင်းလီတစ်ယောက် ပြန်လည်တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ခဲ့ချေ။ စင်မြင့်ပေါ်သို့ ဤကဲ့သို့ တက်သွားနိုင်ခြင်းဆိုသည်မှာ နှိပ်စက်ရိုက်ခိုက်ရန် တက်သွားခြင်းနှင့်ဆင်တူ၏။ ထို့အပြင် ဟယ်ဝူတီ သည် ရိုးရှင်းလှသည်မဟုတ်ချေ။

အားလုံးသူ့အကြောင်းပြောနေသည်ကို ကြားရသည့်အချိန်တော့ လင်းလီသည် ဦးခေါင်းကို ငုံ့ပြီးသည့်နောက် ထူးဆန်းစွာ ရယ်မောလိုက်၏။

“ဟမ်” ဟယ်ဝူတီက မျက်မှောက်ကုတ်လိုက်မိသည်။

“ငါ့ဆီမှာ မင်းကိုပြန်ပြီး တိုက်ခိုက်ဖို့အတွက် အားအင်မရှိဘူးလို့ ထင်နေတာလား။ ငါရိုက်နှက်နှိပ်စက်ခဲ့ရဖို့ ဒီနေရာကို တက်လာတယ်လို့ ထင်နေတာလား” လင်းလီသည် သူ၏ဦးခေါင်းကို မော့လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် မျက်နှာကြီးသွင်ပြင်တစ်ခု ပေါ်ပေါက်လာခဲ့၏။

ဟယ်ဝူတီ သည် ခဏလောက် ငြိမ်သက်မိ၏။ ပြီးနောက် ရိုးသားစွာ ပြောလိုက်သည်။ “အင်း…. အဲလိုပဲထင်တာပဲ”

ဟား………....ဟား………………

လင်းလီ သည် သူ၏မျက်နှာကိုအုပ်ကာဖြင့် မျက်ရည်များ ထွက်ကျလာသည်အထိ ရယ်မောလျက်ရှိ၏ ရယ်မောလျက်ရှိနေတုန်းမှာပင် သူ၏ အတွေးများသည် ငယ်ဘဝဆီသို့ ပြန်လည်ရောက်ရှိ၏ အသက် ရှင်သန်ရန် အတွက်သူသည် ထိုနေရာ၌ တိုက်ခိုက်ခဲ့ရဖူး၏။ ထိုကဲ့သို့အကြောင်းအရာများကို တွေးတော လိုက်သည့် အချိန်မှာတော့ သူ၏ တိုက်ခိုက်လိုခြင်း ဆန္ဒများသည် ရုတ်တရက် မြှင့်တက်လာခဲ့၏ ။

ဝှစ်……ဝှစ်………

သေချာလေ၏။ လင်းလီ၏ ခန္ဓာကိုယ်မှ သွေးကဲ့သို့သော အော်ရာများသည် ချက်ခြင်းပဲ ဖြစ်တည်လာခဲ့ပြီး သူ၏ ရင်ဘတ်ပေါ်တွင် ရှိနေသော ဆေးမှင်ကြောင်သည် အလင်းရောင်များနှင့် တောက်ပလာခဲ့၏။ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာပြီး ဆံပင်များသည်လည်း သွေးကဲ့သို့ပင် နီရဲလာ၏။ သူ၏လက်ချောင်းများသည်လည်း ပိုမိုကာသွယ်လျကာဖြင့် ချွန်ထက်လာခဲ့၏။ သူသည် လူသားအဖြစ်မှသည် ဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်။

“ဒါက”

ကုထျန်းရှင်းသည် အံ့အားသင့်သွား၏။ “ဒါ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ သွေးမျိုးဆက်ပဲ”

ကျွင်းချောင်ရှောင်းသည် သူ့အား သွင်းလျက်ရှိသည့် သွေးသွင်းအပ်အား အသာဆွဲနှုတ်လိုက်၏။ မျက်နှာ တစ်ခုလုံးသည် လေးနက်လာခဲ့၏။ တစ်ဖက်လူသည် ရုတ်တရက် ရူးသွပ်သွားသည့် ပုံပေါ်၏။ ထိုအရာသည် သူ၏ သွေးမျိုးဆက်နှင့်တူညီသည်မဟုတ်ပါလား။

“အထင်မမှားနဲ့”

စနစ်သည် ချက်ချင်းပဲ ရှင်းပြလိုက်၏။ “ကုန်းရှန့်က မိုးကောင်းကင်နတ်ဆိုး အင်ပါယာသွေးနဲ့ ပေါင်းစပ်လိုက်တယ် ဆိုပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ပတ်သက် ဆက်နွယ်နေတာမျိုး မဟုတ်ဘူး”

“ဦးလေး”

ကျွင်း‌ချောင်ရှောင်းက ပြောလိုက်သည်။ “မွေးစားသား တစ်ယောက်ဆီမှာ ဘယ်လိုလုပ် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ သွေးမျိုးဆက်ရှိနေတာလဲ”

“ဆိုးဆိုးဝါးဝါး သတ်ဖြတ်ပြီး အသက်ရှင်တဲ့ ဘယ်သူမဆို မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ သွေးမျိုးဆက်ကို ဆက်ခံနိုင်တဲ့ မွေးစားသား တစ်ယောက် ဖြစ်လာတာပေါ့” ကုထျန်းရှင်းက ရှင်းပြလိုက်၏။

“ကျုပ်သိပြီ”

ကျွင်းချောင်‌ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဒါဆိုရင် သူက သူရဲ့ ဝှက်ဖဲကို ထုတ်ပြီး သုံးပြီပေါ့”

“အမှန်ပဲ”

ကုထျန်းရှင်း သည် ပုံမှန်အတိုင်း လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ “ဒီကလေးက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားပြီး ဒီအရာကို အသက်သွင်းလိုက်ပြီ ဆိုတာနဲ့ သူ၏အားအင်အဆင့်က ပိုပြီးတိုးတက်သွားလိမ့်မယ်။ မင်းရဲ့တပည့်အနေနဲ့ ငါစိုးရိမ်တာက ...”

ဝှစ်.…….ဝှစ်….…

ထိုအချိန်မှာတော့ လင်းလီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြက်သွေးထိုးထည့်ခံလိုက်ရသလိုပင်။ ချက်ချင်းပဲ တိုက်ချင်ခိုက်ချင်စိတ်များ ပြည့်နှက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်သည် မရပ်မနားတုန်ခါနေသည် သာမက သူ၏ ကျောများသည်လည်း ဆန့်တက်လာခဲ့၏။ မျက်လုံး၊ မျက်ခုံး၊ ဆံပင်၊ အသားအရည် တစ်ခုလုံးသည် သွေးကဲ့သို့ နီမြန်းလျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

“မှတ်ထား။ ကျုပ်က လင်းလီ.. မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့မွေးစားသား”

ထိုအချိန်မှာတော့ အပြည့်အဝ ပိုမိုကာ အားကောင်းလာသော လင်းလီသည် ယခင်ကထက်ပိုမိုကာ မောက်မာလာခဲ့၏။ အားကောင်းလွန်းလှသော အော်ရာများသည် ထွက်ပေါ်လျက်ရှိနေ၏။ များပြားလှသော ထိပ်တန်းကျင့်ကြံသူများကိုပင် ကြောက်လန့်တကြားဖြင့် တုန်ယင်သွားခဲ့သည်။

“ပြောပြီးသွားပြီလား” ဟယ်ဝူတီ သည် ထူးမခြားနားသလို အမူအရာဖြင့် မေးလိုက်၏။

ဝှစ်……….

ရုတ်တရက် လင်းလီသည် အနီရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “မင်းရဲ့မျက်လုံးကို ဖွင့်ပြီးတော့ ကြည့်ထား။ ဒီတိုက်ပွဲမှာ ဘယ်သူက ရိုက်နှက်နှိပ်စက်ခံရမလဲဆိုတာ”

ဝှစ်………ဝှစ်………

သွေးဆာလောင်လွန်းသော လေလှိုင်းများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ဟယ်ဝူတီ သည် တည်နေရာမှာပင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ဆံနွယ်များသည် လေထဲတွင် လွင့်မျောနေ၏။ သူသည် ခန္ဓာကိုယ်ကို ဘေးတစ်ဖက်ဆီသို့ အသာလှည့်လိုက်ပြီးသည့်နောက် ညာဘက်လက်သည် လက်သီးအဖြစ်သို့ ဖြစ်တည်သွားခဲ့၏။ ပြီးနောက် ရှေ့ဆီသို့ လှမ်းဝင်လာခဲ့သည့် လင်းလီ၏ ခန္ဓာကိုယ်ကို တည့်တည့်ပင် ထိုးလိုက်သည်။

ဘုန်း

ဖြောက် ဖြောက်

များပြားလွန်းလှသော အစီအရင်များသည် အားဖြည့်ထားသည့် တိုက်ပွဲဝင် တိုက်ခိုက်ရေး တည်နေရာ တစ်ခုလုံးသည် ချက်ချင်း ပြိုလဲသွားခဲ့၏။ ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် ပင့်ကူမျှင်များ ကဲ့သို့ပင် အက်ကြောင်းများ ဖြစ်ကုန်၏။

ပွဲကြည့်စင်ပေါ်တွင်ရှိနေသည့် ပွဲကြည့်ပရိတ်သတ်များ အားလုံးသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ရုတ်တရက် ထကာ မတ်တပ်ရပ်မိကြသည်။

All Chapters