အခန်း ၁၈၁၃
Vol. 122 Ch. 1813
အပိုင်း(၁၈၁၃)
ကြယ်တာရာပြိုင်ပွဲ၏ စင်မြင့်သည် များပြားလွန်းလှသော ကျွမ်းကျင်သည့် အစီအရင်ဆရာများ၏ အားဖြည့်မှု နှင့် ဖန်တီးပြုလုပ်ထားသည့်အရာဖြစ်ပြီး ပေါက်ကွဲမှုအတွက် လက်ခံထားသည့် အားအင်အဆင့်သည် အလွန်ပင် အဆင့်တန်းမြင့်မားလှ၏။ သို့ပေမဲ့ လင်းလီတစ်ယောက် အားရပါးရ အော်ဟစ်ကာ ရှေ့ဆီသို့ တိုးလာသည့်အချိန်မှာပဲ စင်မြင့်တစ်ခုလုံးသည် ချက်ချင်း ပြိုလဲသွားခဲ့တော့၏။ အက်ကွဲကြောင်းများသည် ပွဲကြည့်စင် စင်မြင့်ဆီသို့ပင် ရောက်ရှိသွားခဲ့၏။
ရွှီ……….ရွှီ
ချက်ချင်းပဲ စင်မြင့်ပေါ်တွင်ရှိနေသော ပွဲကြည့်သူများအားလုံးသည် နောက်သို့ဆုတ်ခွာလိုက်ကြ၏။ ၎င်းတို့ အားလုံးသည် ခန္ဓာကိုယ်ဟန်ချက်ကိုပင် မထိန်းချုပ်နိုင်လုမတတ် ဖြစ်ကုန်သည်။
ကုထျန်းရှင်းသည် မျက်လုံးအပြူးသားဖြင့် မတ်တပ် ထရပ်လျက်ရှိ၏။”ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဘုတ်…….
ကျွင်းချောင်ရှောင်းသည် မီးခြစ်ကိုထုတ်ယူပြီးနောက် ဦးခေါင်းကိုငုံ့ကာ စီးကရက် မီးညှိလိုက်၏ ပြီးနောက် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ကာ ပြုံးလိုက်မိသည်။ “သက်တောင့်သက်သာရှိလိုက်တာ”
ဆွစ်………
ထိုအချိန်မှာတော့ တိုက်ပွဲစင်မြင့်တည်နေရာတစ်ခုလုံးတွင် လေကြမ်းများ တိုက်ခက်လာခဲ့၏။ အထဲတွင် ရှိနေသော အခြေအနေတစ်ခုကို ဖြည်းဖြည်းချင်း မြင်လာရ၏။
ဟယ်ဝူတီသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိ၏။ သူသည် ခြေထောက်များကို ဖြန့်ကားကာ မြင်းထိုင်ပုံစံမျိုး ရပ်လျက်ရှိ၏။ ညာဘက်လက်သီးသည် တည့်တည့်ပင် တည်ရှိနေ၏။ ရှေ့တွင် မြေပြင်ဟူ၍ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် စင်မြင့်ကြီးတစ်ခုလုံး ပြိုလဲသွားခဲ့သောကြောင့်ပင်။
ခြေထောက်အောက်တွင် တွင်းကြီးတခုသာလျှင် တည်ရှိခဲ့၏။ ဟယ်ဝူတီ၏ တိုက်ခိုက်မှုပုံစံသည် အလွန်ပင် ရိုးရှင်းလွန်းလှ၏။ ၎င်း၏မျက်နှာတစ်ခုလုံးသည် စိတ်ဆုံးဖြတ်ပြီးသောအရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ အလုံးစုံသော တည်ငြိမ်မှုနှင့် ထူးမခြားနားမှုများသည် ပြိုင်တွဲကာတည်ရှိနေ၏။ စကားလုံး တစ်လုံးနှင့် ဖော်ညွှန်းရမည်ဆိုလျင် သူသည် အစစ်အမှန် လေးနက်နေခြင်းပင်။
လင်းလီ ဘယ်ရောက်သွားသနည်း။ ပေတစ်ရာခန့် နက်ရှိုင်းလွန်းလှသော တွင်းကြီး တစ်တွင်းရှိနေ၏။ ထိုတွင်းကြီးထဲ၌ ၎င်းသည် မျက်နှာအပ်ကာဖြင့် တည်ရှိနေ၏။ ခေါင်းသည် မြေကြီးထဲသို့ စိုက်ဝင်နေတော့ သည်။
ရွှီး
ဟယ်ဝူတီသည် လက်ကို အသာယမ်းခါပြီးသည့်နောက် တစ်ဖက်လူအား အသာမြေကြီးထဲမှ ဆွဲထုတ် လိုက်၏။ ပြီးနောက် ကောင်းကင်ပေါ်သို့ အသာပစ်တင်ကာပြောလိုက်၏။ “မင်းက ဒီကို အရိုက်အနှက်ခံရဖို့ လာခဲ့တာပဲ”
ဤစကားလုံးများသည် အမှန်ပင်ရိုးရှင်းလှ၏။ သို့ပေမဲ့ လက်ရှိအပြုအမှုနှင့် နှိုင်းယှဉ်၍ ကြည့်ရှုရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ တပည့်များထဲတွင် အကောင်းမွန်ဆုံးသော ဟန်ထုတ်သူဟုပင် သတ်မှတ်နိုင်ပေလိမ့်မည်။
မြေပေါ်တွင်လဲလျောင်းရှိနေသည့့်် လီထျန်းထျန်းသည် သူ၏ ကင်မရာကို ခက်ခက်ခဲခဲဖြင့် မြှောက်ကာ ခလုတ်ကို နှိပ်လိုက်၏။
“ဂျူနီယာညီလေး”
စုရှောင်မိုနှင့် တခြားသောသူများသည် လက်မထောင် ပြလိုက်သည်။ “အရမ်းမိုက်တယ်”
အားလုံးသောသူတို့သည် ဟယ်ဝူတီကို သိရှိ၏။ လီထျန်းထျန်း ရိုက်နှက် နှိပ်စက်ခံခဲ့ရသောကြောင့် ဟယ်ဝူတီတစ်ယောက် အစစ်အမှန် ဒေါသထွက်နေခြင်းဖြစ်ကြောင်း သူတို့က သိရှိသည်။ ဟယ်ဝူတီ သည် အစစ်အမှန် လေးနက်လာသည့်အခါမျိုးမှာ လက်သီးတစ်ချက်နှင့် တစ်ဖက်လူကို အနိုင်ယူတိုက်ခိုက်ခဲ့၏။ သူ၏ ပြိုင်ဘက်သည် ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုပြီး ဆိုလျှင်တောင်မှ သူသည် အစစ်အမှန် လုံလောက်သည့် အားအင်အဆင့်ကို ထုတ်ဖော်ကာ ပြသခဲ့သေး၏။
လုချင်းချင်း၏ ရိုက်နှက်ခဲ့မှုသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုဟု သုံးသပ်နိုင်သည် ဆိုသော်လည်း ဟယ်ဝူတီ၏ တိုက်ခိုက်ချက်မှာတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်နာကျင် ခဲ့ခြင်းလည်းဖြစ်တော့၏။ သွေးမျိုးဆက်ကို အသက်သွင်းခဲ့လေသည်လား။ ပိုပြီးအားကောင်းပြီး ပိုပြီး မောက်မာလာသေးသည်လား။ လက်သီးတစ်ချက်တည်းပင်။
မြေပေါ်တွင် လဲလျောင်းပြီး လှုပ်တောင်မလှုပ်နိုင်တော့ချေ။ ပြောရမည်ဆိုလျှင် ဟယ်ဝူတီ၏ လက်သီးချက် သည် အလွန်နက်နဲလှသည့် သဘောတရားများ ပါဝင်လျက်ရှိနေ၏။ ဤလက်သီးချက်သည် ကြယ်တာရာ ပြိုင်ပွဲတစ်ခုလုံးထဲတွင် စိတ်ကျေနပ်စရာ အကောင်းဆုံးသော လက်သီးချက်အဖြစ် အားလုံးက သတ်မှတ် လိုက်ကြပြီဖြစ်၏။
သို့ပေမဲ့ လင်းလီသည် မပျော်ရွှင်နိုင်ချေ။ ဤကဲ့သို့ လေးနက်လှသည့် လက်သီးချက်ကိုခံယူပြီးသည့်နောက် သူ၏ယုံကြည်ချက်၊ သူ၏ မောက်မာမှု၊ သူ၏ဇွဲသတ္တိ ၊ အရာအားလုံး ကွဲကြေသွားခဲ့၏။ သူသည် မည်သို့မျှမခံစားနိုင်တော့ဘဲ သတိလစ် မေ့မျော သွားခဲ့သည်။
ဟယ်ဝူတီ သည် တစ်ဖက်လူအား တစ်ဖက်ခြမ်းဆီသို့ ပစ်လွှတ်လိုက်၏။
ဒိုင်လူကြီးသည် ချက်ချင်းပင် သတိဝင်သွား၏။ ပြီးနောက် ကျယ်လောင်စွာ ကြေညာလိုက်သည်။ “အနိုင်ရရှိသူ ဟယ်ဝူတီ”
ဟူး…………..
ကျွင်းချောင်ရှောင်းသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီးသည့်နောက် ထိုင်ခုံကို အသာမှီ လိုက်၏။ “အယုံကြည်ရဆုံးတပည့်က သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ မယုံကြည်ရဆုံးတပည့်က ငါ့ကို သရုပ်မဆောင်ခဲ့ဘူးပဲ”
လင်းလီကို ထမ်းပိုးကာ သယ်ဆောင်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ရီရှင်းချန် သည် အစစ်အမှန် ဒေါသထွက်လျက်ရှိနေ၏။ သူသည် ဟယ်ဝူတီရှိရာ စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်ပြီးသည့်နောက် အော်ဟစ် လိုက်၏။ “ဘာလို့ ငါ့အတွက် မချန်ထားရတာလဲ”
“ဘာလို့လဲ ဆိုတော့”
ဟယ်ဝူတီ သည် ရုတ်တရက် ရပ်တန့်ကာပြောလိုက်သည်။ “ကျုပ်ကလည်း ပြိုင်စံရှား ဂိုဏ်းသားမို့လို့ပေါ့”
……………………
ဤစကားစုသည် ရီရှင်းချန်အား အမှန်ပင် တည်ငြိမ်အေးစက်သွားစေခဲ့၏။ သူသည် အသာ လှည့်ကာ ပြောလိုက်၏။ “ခင်ဗျားနှင့် ကျုပ်နဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ တွေ့ပြီဆိုတာနဲ့ လေးလေးနက်နက် တိုက်ခိုက် ကြမယ်”
“ကောင်းပြီ” ဟယ်ဝူတီ က ပြောလိုက်သည်။
ရီရှင်းချန် ၏ နှုတ်ခမ်းပေါ်တွင် မိစ္ဆာကဲ့သို့သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။
ဒွီ……… ဒွီ………
ကျိုးပျက်သွားသည့် စင်မြင့်ကြီး၏ရှေ့တွင်တော့ များပြားလွန်းလှသော အစီအရင်ဆရာများသည် ပြန်လည်ကာ ပြင်ဆင်လျက်ရှိနေ၏။ ပြိုင်ပွဲဝင်များအားလုံးသည် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အပြည့်နှင့် ဟယ်ဝူတီကို ကြည့်ရှုလျက်ရှိ၏။ သံသယရှိစရာမလိုပေ။ ဟယ်ဝူတီ တစ်ယောက် ထိုးနှက် လိုက်သည့် လက်သီးချက်ကြီးသည် ၎င်းတို့၏ အမြင်အာရုံကို အသွင်သစ်ပြောင်းလဲသွားစေခဲ့၏။ ထို့အပြင် သိုသိုသိပ်သိပ်နေထိုင်ခဲ့သည့် ဟယ်ဝူတီ သည် လက်ရှိအခြေအနေမှာတော့ ပွဲခင်းတစ်ခုလုံး၏ တကယ့် နာမည်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်တည်လာခဲ့သည်။
“ဝူတီ”
ကျွင်းချောင်ရှောင်းသည် လက်များကိုယှက်ကာ ပြောလိုက်၏။ “မင်းက ပြိုင်စံရှားဂိုဏ်းရဲ့ နောက်ဆုံး တပည့် ပီသပါပေတယ်”
ဟယ်ဝူတီ သည် လက်ရှိအခြေအနေမှာတော့ နောက်ဆုံးတပည့်ဟုဆိုသော်လည်း အားအကောင်းဆုံးသော တိုက်ခိုက်မှုကို ထုတ်ဖော်ပြသခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အနိုင်ကျင့်နှိပ်စက်၍ ရသည့်သူများ မဟုတ်ကြောင်း ထုတ်ဖော်ပြသခဲ့ခြင်းလည်းဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းသည် လက်မထောင်ပြကာပြောလိုက်၏။ “ခင်ဗျားတပည့်က တကယ်ကို ကြမ်းတာပဲ”
ဟယ်ဝူတီသည် လူသိများထင်ရှားရသည့်အကြောင်းကို မနှစ်သက်သော်လည်း ပျော်ရွှင်လျက်တော့ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားကို အနိုင်ယူရရှိခဲ့ခြင်း ဆိုသည်မှာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည့် ရလဒ်မျိုးဖြစ်ကြောင်း အားလုံးက သိရှိသောကြောင့်ပင်။
ပြိုင်စံရှားဂိုဏ်းတပည့်များအနေနှင့် ထိပ်ဆုံးလူတစ်ထောင်စာရင်းကို ဝင်ရောက်လျှင် ကောင်းမွန်လှသည့် ရလဒ်ဖြစ်သည်ဟု ဦးလေးကုက တွေးတောထားခဲ့ပြီးဖြစ်၏။ ယခု လက်ရှိအခြေအနေမှာတော့ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲသို့ ဝင်ရောက်နိုင်ရန် မျှော်မှန်းလျက်ရှိနေမိ၏။ သူအား ပိုမို၍ ယုံကြည်ချက်ရှိနေသည်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသား လင်းလီကို တစ်ချက်တည်းနှင့် တိုက်ခိုက်ခဲ့သော ဟယ်ဝူတီ ကို မြင်နေရသောကြောင့်ပင်။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ဝံပုလွေကိုအနိုင်ကျင့်ခြင်းကိစ္စရပ်သည် ပြီးဆုံးသွားခဲ့၏။ သို့ပေမဲ့ ကြယ်တာရာပြိုင်ပွဲကြီးသည်ကတော့ မပြီးသေးချေ။ ဆက်လက်ကာ တိုက်ခိုက်လျက်ရှိ၏။ လက်ရှိ အခြေအနေမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားကို တိုက်ခိုက်အနိုင်ယူပြီးသည့်နောက် အားလုံးသောသူများအတွက် အန္တရာယ်အပေးနိုင်ဆုံးသောသူသည် ကျန့်ရှောင်ဟုန်၊ နန်းကုန်းချင်းရှန် နှင့် တခြားထိပ်တန်းပါရမီရှင်များသာလျှင် ကျန်ရှိတော့၏ ။
အခြားတစ်ဖက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များထဲတွင် ထွက်ခွာသွားခဲ့ရသည့်သူများသည် လီထျန်းထျန်း၊ စုရှောင်မိုနှင့် လုချင်းချင်း တို့သာလျှင်ရှိ၏။ အခြေအနေသည် ကုန်းရှန့် အား မျက်နှာသာ ပေးလျက်ရှိနေ၏။
တိုက်ပွဲသည် အလွန်ပင်စိတ်လှုပ်ရှားစရာကောင်းလှ၏။ ပထမဦးဆုံး နှစ်ပေါင်းများစွာ အိမ်သာဆေးလျက် ရှိနေပြီး ကျင့်ကြံခြင်းကို ဘယ်တော့မှ အရှုံးမပေးခဲ့သည့် ကျင်းဟီ သည် ကျန့်ရှောင်ဟုန်၏ တိုက်ခိုက်အနိုင်ယူခြင်းကိုခံရ၏။ ဒုတိယအားဖြင့် အိမ်သာစောင့်ကြီး မြောင်ရှောင်တောင် သည်လည်း ခန္ဓာကိုယ်ကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက်၏ တိုက်ခိုက် အနိုင်ယူခြင်းကို ခံခဲ့ရပြန်သည်။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်နေသည် ။
ကျွင်းချောင်ရှောင်းမှာတော့ သူ့တပည့်များ၏ ဖြစ်အင်ကိုကြည့်ရင်း သွေးအန်လျက်် ရှိနေ၏။ တစ်ပြိုင်နက်တည်းမှာပဲ သွေးပင်သွင်းနေရ၏။ သူသည် အကြိမ်ပေါင်းများစွာပင် သတိလစ်မေ့မျောခဲ့ပြီးပြီ ဖြစ်၏။ ကျင်းဟီနှင့် တစ်ခြားသောသူများသည် ဂိုဏ်းချုပ်၏ရှေ့တွင် သရုပ်ဆောင်နေကြခြင်း မဟုတ်ချေ။
သူတို့သည် စကြာဝဠာ ပတ်လမ်းကြောင်း၏ ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။။
ပြောရမည်ဆိုလျှင် ကျင်းဟီနှင့် မြောင်ရှောင်တောင် တို့သည် ပြိုင်စံရှားဂိုဏ်း၏ ပထမမျိုးဆက် ပါရမီရှင် များဟု သုံးသပ်နိုင်၏။ ဒုတိယမျိုးဆက်ပါရမီရှင်များမှာတော့ လင်းရီ၊ ရဲ့ဖန် နှင့် တခြားသော သူများ ဖြစ်သည်။ ၎င်းတို့သည် နောက်ဆုံးမှ ဂိုဏ်းထဲသို့ဝင်ရောက်လာသောကြောင့်ပင်။
၎င်းတို့၏ သိုင်းပညာ စွမ်းရည်သည် ပထမမျိုးဆက်တပည့်များလောက် အားကောင်းခြင်းမရှိကြချေ။ ထို့ကြောင့် တဖြည်းဖြည်း အဆင့်မြင့်တက်လာသည်နှင့်အမျှ ခက်ခဲလာခဲ့ကြ၏။ အဆုံးသတ်မှာတော့ အားလုံးတို့သည် ထွက်ခွာခဲ့ရတော့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤအရာနှင့်ပတ်သက်၍ တည်ငြိမ်နေ၏။ ဒုတိယမျိုးဆက်များ၏ တပည့်များအား ပြိုင်ပွဲယှဉ်ပြိုင်စေခြင်းရဲ့ ရည်ရွယ်ချက်သည် အတွေ့အကြုံရရှိစေရန်ပင်ဖြစ်သည်။
“ဒီရှုံးနှိမ့်မှုကို အတွေ့အကြုံယူရမယ်”
ကျွင်းချောင်ရှောင်း က နှစ်သိမ့်လိုက်၏။ “မင်းတို့ပြန်သွားပြီဆိုတာနဲ့ ကျင့်ကြံခြင်းကို ပိုမိုပြီးအာရုံစိုက်ထားကြ”
“ကောင်းပါပြီ” လင်းရီနှင့် တခြားသောသူများသည် ပြန်လည်ကာ ပြောဆိုလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ကျင်းဟီနှင့် မြောင်ရှောင်တောင်တို့ကို ထပ်မံကာ ကြည့်လိုက်၏။ “မင်းတို့က ဂိုဏ်းကို ပြန်ရောက်ပြီဆိုလျှင် အိမ်သာသာ ဆက်ဆေးတော့။ အချိန်အကန့်အသတ်ကတော့ နှစ်တစ်ရာပဲ”
၎င်းတို့မောင်နှစ်မနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ ပြီးနောက် တစ်ယောက်ကို တစ်ယောက် ဖက်ကာ အော်ဟစ်ငိုယိုကြတော့သည်။
ဟုတ်ပေသည်။ လက်ရှိအခြေအနေတွင် သက်တောင့်သက်သာ အဖြစ်ဆုံးလူမှာ လီထျန်းထျန်းပင်ဖြစ်သည်။ လက်ရွေးစင်တပည့်များ ရှုံးနှိမ့်ပြီးသည့်နောက် အတွင်းစည်းတပည့်နှင့် ဒုတိယမျိုးဆက်တပည့်များ အားလုံး၏ စိတ်ပိုင်းဆိုင်ရာသည် ပြန်လည်ကာ ကောင်းမွန်လာခဲ့ကြ၏။ သူသည် ပထမဆုံးရှုံးနိမ့်ခဲ့သူ ဖြစ်သော်လည်း သူ၏နောက်သို့လိုက်ပါလာသည့် ဂိုဏ်းတူရောင်းရင်းများ အများအပြား တည်ရှိနေသည် မဟုတ်ပါလား။
……………….
ပြိုင်ပွဲသည် အလှည့်အပြောင်းနှင့်ဖြစ်တည်နေခဲ့၏။ “နံပါတ်သုံး ရှောင်ကျီ၊ နံပါတ်လေး တိုက်ဟောင်ရှား တက်ခဲ့ကြပါ” ဒိုင်လူကြီး သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
…………………
ရှောင်ကျီ သည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။ ၎င်း၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ နှင့် ပြည့်နှက်နေ၏။ တိုက်ဟောင်ရှား ဟု ခေါ်သော လူငယ်သည် သာမာန်ထက်ပိုကာ ထူးချွန်လှသည့် ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ပါလား။
“ဒီတိုက်ပွဲက”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျိန်းသေပေါက် ခန္ဓာကိုယ်ချင်း တိုက်ခိုက်ကြမယ့် တိုက်ပွဲပဲ”
………..