အခန်း ၁၈၁၄
Vol. 122 Ch. 1814
အပိုင်း (၁၈၁၄)
တိုက်ဟောင်ရှား
ထိုသူသည် တောင်လောက်ကြီးမားသည့် ကျောက်တုံးကြီးကို မြေကြီးထဲသို့ နစ်မြှုပ်သွားအောင် ပစ်ချခဲ့သည့် ခန္ဓာကိုယ်ကျင့်ကြံသူလည်းဖြစ်၏။ သူသည် တိုက်ခိုက်ရာတွင် အားလုံး၏ မြင်ကွင်းထဲတွင် ထင်ထင်ရှားရှားပေါ်လာခဲ့သည် မဟုတ်သောကြောင့် အားလုံးသောသူတို့သည် သူ့ကို ဂရုမစိုက်မိကြချေ။ သို့ပေမဲ့ ရှောင်ကျီ မှာတော့ အစဉ်အမြဲဂရုစိုက်လျက်ရှိ၏။
တူညီစွာပင် နန်းကုန်ချင်းရှန် သည် လုချင်းချင်းကို ဂရုစိုက်ကြည့်ရှုနေသည်။
ကံဆိုးစွာဖြင့် တစ်ဖက်လူသည် အရှုံးပေးကြောင်း ဝန်ခံခဲ့သည်ဖြစ်သောကြောင့် တိုက်ခိုက်ရန် အခွင့်အရေး မရရှိခဲ့ကြချေ။ ရှောင်ကျီ နှင့် တိုက်ဟောင်ရှား တို့၏ တိုက်ပွဲသည် စတင်ခဲ့၏။ ၎င်းတို့ နှစ်ယောက်သည် ဆန်းကြယ်လွန်းလှသော သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာအသုံးမပြုကြချေ။ ခန္ဓာကိုယ်ချင်း ထိပ်တိုက် တိုက်ခိုက်ရသည့် လက်ဝှေ့လက်ပန်း သတ်သလို တိုက်ခိုက်မှုမျိုးကို ပြုလုပ်နေကြ၏။
နဂါးကျား တိုက်ပွဲမှာတုန်းက ရှောင်ကျီ နှင့် ကျောင်းတာ့ဟုန် တို့သည် တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူး၏။ ခန္ဓာကိုယ်ကျင့်ကြံသူအကြား ယှဉ်ပြိုင်တိုက်ခိုက်ရသည့် တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး စာနှင့် ရေးသားရန်ပင် ပျင်းရိခဲ့ရ၏။
ဘုန်း..ဘုန်း
လက်သီးရိပ် လက်သီးယောင်များ၊ ခြေကန်ချက်များသည် လေထုထဲတွင် ပြည့်နှက်လျက်ရှိ၏။ တိုက်ခိုက်မှု သည် အမှန်ပင် ပြင်းထန်လွန်းလှ၏။ ပါရမီရှင်ခန္ဓာကိုယ် ကျင့်ကြံသူနှစ်ယောက်တို့သည် တစ်ယောက်နှင့် တစ်ယောက် နပန်းလုံးလျက်ရှိ၏။ ချွေးသီးချွေးပေါက်များသည် ၎င်းတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိသည်။
ပါရမီရှင်များပြောဆိုခဲ့သည့် စကားလုံးကို အားလုံးသောသူတို့ သတိရပေလိမ့်မည်။ “ငါဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာ မင်းသိလား”
ထိုစကားလုံးပင်။ အချက်အလက်အားဖြင့် ရှောင်ကျီ နှင့် ထိုက်ဟောင်ရှား တို့သည် အစစ်အမှန် အလုပ်ကြိုးစားခဲ့ကြသည့်သူများဖြစ်၏။ သူတို့အနေနှင့် ချောမောလှသည့် ပုံပန်း သွင်ပြင်နှင့် ချောမောလှသည့် အပြုံးများ မပိုင်ဆိုင်ကြချေ။ တိုက်ခိုက်ချိန်မှာလည်း ယောကျ်ား အစစ်အမှန်တို့၏ ပုံပန်းသွင်ပြင်အတိုင်း တဘုန်းဘုန်းနှင့် ထိုးနှက်တိုက်ခိုက်လျက်ရှိ၏။
ရှောင်ကျီ နှင့် တိုက်ဟောင်ရှား တို့သည် ထိုကဲ့သို့ အစစ်အမှန်ပြုလုပ်လျက်ရှိ၏။ ခန္ဓာကိုယ် ကျင့်ကြံသူ နှစ်ယောက်ကြား တိုက်ပွဲတွင် ရှုံးနိမ့်သူသည် နာကျင်မှုကို မခံစားနိုင်သောသူ၊ အရင်ဆုံး မောပန်းသူ သာလျှင်ဖြစ်ပေမည်။ ထို့ကြောင့် ကြမ်းကြမ်း တမ်းတမ်း တိုက်ခိုက်ပြီး နေ့မှည ညမှ မနက်မိုးလင်းထိ ရောက်ရှိလာခဲ့၏။ တိုက်ခိုက်မှု၏ စင်မြင့်ကြီးသည် ရုတ်တရက်ပြိုလဲခြင်းဖြင့် အသိအမှတ်ပြုခဲ့ရသည်။
တိုက်ဟောင်ရှား သည် အားပျော့စွာဖြင့် ထိုင်လျက်ရှိနေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ခင်ဗျား.. ခင်ဗျား ခင်ဗျားနိုင်ပြီ” သူ့အနေနှင့် မည်သည့် အားအင်မျှ မကျန်တော့ချေ။
အခြားတစ်ဖက်မှာတော့ ရှောင်ကျီ ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေပြီး ၎င်း၏ တိုက်ခိုက်လိုခြင်း ဆန္ဒာများသည်လည်း တချက်ကလေးမျှ ယုတ်လျော့ မသွားခဲ့ချေ။ “ကျုပ်လုံလောက်အောင် မတိုက်ခိုက်ရသေးဘူး”
“…..”
တိုက်ဟောင်ရှား ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ငယ်ရွယ်စဉ်ကတည်းက ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းလမ်းများကို ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့၏။ သို့ပေမဲ့ သူ့ထက်ပိုမိုကာ ကြမ်းတမ်းလွန်းလှသည့် လူတစ်ယောက်ရှိလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“အခွင့်အရေးသာ ရမယ်ဆိုရင်”
တိုင်ဟောင်ရှားသည် ခက်ခက်ခဲခဲနှင့် ပြောလိုက်၏။ “ကျုပ်တို့ ထပ်ပြီးတော့ တွေ့ဖို့ မျှော်လင့်မိတယ်”
တစ်ပွဲရှုံးသွားသည် ကိစ္စမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ရှုံးနိမ့်သူများ၏ အဖွဲ့တွင် ဝင်ရောက်ယှဉ်ပြိုင်ရင်းနှင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခွင့်ရှိနေသေး၏။ ထိပ်ဆုံးနှစ်ဆယ်စာရင်းဆီသို့ ဝင်သည်ဆိုပါက တိမ်လွှာစကြဝဠာ ပတ်လမ်းကြီးကို ကိုယ်စားပြု၍ စကြဝဠာ နတ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ သေချာသည်။
“အင်း”
ကျင်းဟီ နှင့် မြောင်ရှောင်တောင် တို့သည် တစ်ယောက်နှင့်တစ်ယောက်ဖက်ကာဖြင့် ငိုယိုလျက်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် ရုတ်တရက် စိတ်အားတက်ကြွသွား၏။ “ငါတို့ ပြန်ပြီးတိုက်ခိုက်လို့ရသေးတာပဲ။ငါတို့ရဲ့ ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာတွေ၊ နာမည်တွေကို ပြန်ပြီးတော့ ကယ်တင်ဖို့အတွက် အခွင့်အရေးရှိနေသေးတယ်”
သို့ပေမဲ့ ထိုအဖွဲ့ထဲတွင် အကြီးဆုံး စီနီယာအစ်မကြီး၊ တတိယစီနီယာအစ်ကို ကျိုးဟုန် ကျန်သည့် တခြားသော ဂိုဏ်းသူ ရောင်းရင်းများတည်ရှိနေသည်ကို သတိရပြီးသည့်နောက် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ဖက်ကာ ထပ်မံကာ အော်ဟစ်ငိုယိုမိပြန်၏။ “အင်း... မျှော်လင့်ချက် ရှိမယ်လို့လည်း မထင်ပါဘူး”
“အနိုင်ရရှိသူက ရှောင်ကျီ” ဒိုင်လူကြီးသည် ကျယ်လောင်စွာ ကြေညာလိုက်သည်။
ကျွန်းချောင်ရှောင်းသည် ဤကဲ့သို့ ရလဒ်ဖြစ်ပေါ် လာသည်ကို အံ့အားသင့်ခြင်းမရှိချေ။ ထို့ကြောင့် တည်ငြိမ်စွာထိုင်လျက်ရှိနေပြီး တခြားသောပွဲများ ရောက်ရှိလာမည်ကို ကြည့်ရှု့နေမိ၏။ လက်ရှိအခြေအနေမှာတော့ တိုက်ခိုက်ရေး တည်နေရာထဲတွင် ပြိုင်ပွဲဝင် များများစားစား မကျန်တော့ပေ။ ထိပ်ဆုံးဆယ်ယောက်ကို မကြာမီ ဆုံးဖြတ်တော့မည်ဖြစ်၏။
ပြိုင်စံရှားဂိုဏ်းမှ ပါဝင်ယှဉ်ပြိုင်သူများထဲတွင် ဟယ်ဝူတီ၊ ရီရှင်းချန်၊ လီချင်းယန်၊ ရှောင်ကျီ၊ လီဖေး၊ ထျန်းချီနှင့် တခြားသောသူများအဆင့်တက်သွားခဲ့သည်။ ဤအရေအတွက်သည် လက်ခံနိုင်လောက်စရာပင်။
“မဆိုးဘူး။ ငါတို့ ခွဲတမ်းတစ်နေရာ ရဖို့ ဖြစ်နို်ငလိမ့်မယ်”
ကျွင်းချောင်ရှောင်း သည် အမှန်ပင် သဘောကျလျက်ရှိ၏။ ကံကောင်းစွာဖြင့် သူသည် တပည့်ပေါင်း မြောက်များစွာကို စာရင်းပေးသွင်းခဲ့၏။ တပည့်အနည်းငယ်သာဆိုလျှင် ဤကဲ့သို့ နေရာ ရရှိ လိမ့်မည် မဟုတ်ချေ။
ပြိုင်စံရှားဂိုဏ်းသည် လူဦးရေများများ နောက်တစ်ဆင့်သို့တက်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် နောက်တစ်ဆင့်သို့ ထပ်ကာ တက်ရောက်နိုင်ရန် အခွင့်အရေးက ပိုမိုကာ များပြားသည်။
ထို့အတူ ဂိုဏ်းတူရောင်းရင်းအချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ပြန်လည်တွေ့ဆုံရမည့် အခွင့်အလမ်းကလည်း ရှိနေသေး၏။ ဥပမာအားဖြင့် နောက်တစ်လှည့်တွင် စုန့်ရွှမ်ကျူး သည် လုံကျိရန် နှင့် တွေ့ဆုံခဲ့ပြီး လီယုဟွာ မှာတော့ လင်းယွမ်ရွယ် နှင့် တွေ့ဆုံခဲ့၏။
“ချီးထဲမှ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်၏။ “မဟုတ်သေးပါဘူး”
တပည့်လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေရပြီဖြစ်၏။ ကျိန်းသေပေါက် နှစ်ယောက်သည် ထွက်ခွာသွားရမည့်သဘောပင်။ ထိုအရာကို သူလက်သင့်မခံနိုင်ပေ။ ပြိုင်ပွဲကို တာဝန်ယူ ထားသည့်လူသည် နောက်ကွယ်မှာ မဟုတ်တန်းတရားများ ပြုလုပ်နေသည်လားဟုပင် သူ သံသယဝင်မိ၏။
ကုထျန်းရှင်း သည် သူ့အား ထိုင်ခုံသို့ပြန်ထိုင်ရန် အသာဆွဲချပြီးသည့်နောက် ပြောလိုက်၏။ “စကြဝဠာ နတ်တိုက်ပွဲဆိုတာ တကယ်ကို နတ်ဆန်တယ်လေ။ ပေါက်တတ်ကရတွေ လုပ်လို့မရဘူး”
“မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ပြိုင်ပွဲတစ်ခုဆိုမှတော့ ကျိန်းသေပေါက် နောက်ကွယ်က အကြံအဖန် ပြုလုပ်တဲ့ အကြောင်းအရာတွေ ရှိကို ရှိရမယ်”
…….
ကုထျန်းရှင်း သည် ဆွံ့အသွားမိ၏။ လူဦးရေတစ်ရာတွင် နှစ်ဆယ်ရာခိုင်နှုန်းလောက်သည် ၎င်း၏ တပည့်များ ဖြစ်လို့နေ၏။ ထို့ကြောင့် တပည့်အချင်းချင်း ပြန်လည်ကာတွေ့ဆုံသည် ဆိုခြင်းမှာ သာမန်ပင်ဖြစ်သည် မဟုတ်ပါလား။
“အင်း” ကုန်းရှန့်သည် ဂိုဏ်းအတွက် အကျိုးမပြုသည် ဆိုပါက ကျိန်းသေပေါက် တစ်စုံတစ်ယောက် သူ့ကို နှောက်ယှက်သည်ဟု သံသယဝင်နေလေ၏။
………
ပြိုင်စံရှားဂိုဏ်း၏ တပည့် လေးယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် အပေါ်သို့ တက်သွားခဲ့ကြ၏။ သူတို့သည် ကျောက်တုံးစက္ကူကတ်ကြေးဆိုသည့်အရာများကို အသုံးပြုကာ အနိုင်ရရှိသူကို မဆုံးဖြတ် ခဲ့ကြချေ။ ထိုအစား လေးလေးနက်နက် တိုက်ခိုက်ခဲ့ကြ၏။ အနိုင်ရရှိသူသည် လုံကျိရန် နှင့် လင်းယွမ်ရွယ် တို့ပင် ဖြစ်လို့နေ၏။ ပြိုင်စံရှားဂိုဏ်း၏ အမျိုးသမီး တပည့်များသည် အမှန်ပင် အထင်ကြီးလောက်စရာပင်။ အဘယ့်ကြောင့်ဆိုသော် မူဟုန်လင် သည်လည်း အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ သောကြောင့်ပင်။
ဘုန်း..
ထိုအချိန်မှာတော့ ကျယ်လောင်သော အသံကြီးတစ်ခုသည် တခြားသော စင်မြင့်ဆီမှ ထွက်ပေါ်လာ၏။ ဒိုင်လူကြီးသည် အလျှင်အမြန်ဖြင့် လက်ကိုမြှောက်ကာ ကြေညာလိုက်သည်။ “အနိုင်ရရှိသူက ရောင်မုန့်ယဉ်”
……..
ပြိုင်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေ၏။ ပြိုင်ပွဲဝင်များ၏ အရေအတွက်သည်လည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး နောက်ဆုံး၌ နှစ်ဆယ်ယောက်သာလျှင် ကျန်ရှိတော့၏။ ပြိုင်စံရှားဂိုဏ်းသည် နောက်တစ် ဆင့်သို့ တက်ရောက်သွားသည့် လူများမှာ လီချင်းယန်၊ ဟယ်ဝူတီ၊ ရီရှင်းချန်၊ ရှောင်ကျီ၊ လီဖေး၊ လုံကျိရန်၊ လင်းယွမ်ရွယ်၊ မူဟုန်လင်နှင့် ရောင်မုန့်ယဉ်တို့ပင် ဖြစ်သည်။
နာမည်ဖော်ပြထားခြင်းမရှိသော ပြိုင်ပွဲဝင် လေးဆယ့်ငါးဦးစာရင်းတွင် ပါဝင်သည့် တပည့်များအားလုံးသည် ထိပ်တန်းပါရမီရှင်များ၏ တိုက်ခိုက်အနိုင်ယူခြင်းကို ခံခဲ့ရ၏။ သို့မဟုတ် သူတို့၏ ဂိုဏ်းတူရောင်းရင်းများ၏ တိုက်ခိုက်အနိုင်ယူခြင်းကို ခံခဲ့ရပြီး ထွက်ခွာသွားခဲ့ရ၏။
“…….”
ကုထျန်းရှင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ ဆယ်ယောက်စာရင်းကို ဆုံးဖြတ်ရန် အချိန်ကျရောက်တော့ မည်ဖြစ်၏။ ပြိုင်စံရှားဂိုဏ်းတွင် လူကိုးယောက်တိတိ ကျန်ရှိနေသေးသည်။ မဟုတ်သေးပေ။ တကယ်တမ်း မှာတော့ ဆယ်ယောက်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကုကျောင်းရှစ် ကျန်သေးသောကြောင့်ပင်။
ကျွင်းချောင်ရှောင်း သည် အနည်းငယ် စိုးရွံ့လို့နေခဲ့၏။ တပည့်များသည် အချင်းချင်း တိုက်ခိုက်မှုမျိုး ဖြစ်မလာစေရန် သူ မျှော်လင့်နေမိသည်။ ထိုသို့ဆိုလျှင် အနိုင်ရရှိသူ သည် နတ်တိုက်ပွဲသို့ ဝင်ရောက်ခွင့်ရရန် လက်မှတ်ဆယ်စောင်ကို ရရှိမည်ဖြစ်၏။ ထိုသို့ဆိုလျှင် သူ၏ အထူးတာဝန်သည် ငါးဆပိုမိုကာ ပြည့်စုံသွားပေလိမ့်မည်။
“ပါဝင်ယှဉ်ပြိုင်သူတွေ ကျေးဇူးပြုပြီးတော့ မဲနှိုက်ကြပါ” ဒိုင်လူကြီးက အော်ဟစ်လိုက်၏။
“ကျောက်စိမ်းအင်ပါယာ၊ ဗုဒ္ဓ၊ စီနီယာဖြူ ကျေးဇူးပြုပြီး ကောင်းချီးပေးပါ” ကျွင်းချောင်ရှောင်းသည် လက်အုပ်ချီကာဖြင့် အမျိုးမျိုးသော ယုံကြည်ရာများကို ဆုတောင်းလျက်ရှိနေသည်။
“နံပါတ်တစ် ရောင်မုန့်ယဉ်၊ နံပါတ်နှစ် နန်းကုန်းချင်းရှန်၊ နံပါတ်သုံး ဟယ်ဝူတီ၊ နံပါတ်လေး ကျန့်ရှောင်ဟုန်၊ နံပါတ်ငါး ရှောင်ကျီ၊ နံပါတ်ခြောက် ရီရှင်းချန်”
ကျွင်းချောင်ရှောင်း သည် နံပါတ် ငါး နှင့် နံပါတ် ခြောက်ဆိုသည့် အသံကို ကြားရသည့်အချိန်မှာတော့ တစ်ခါတည်း ပြိုလဲသွားမိတော့၏။ “ဒီနှစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ အတူတူလာကျရတာလဲ”
“နံပါတ်ခုနှစ် လီဖေး၊ နံပါတ်ရှစ် လုံကျိရန်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “နောက်ထပ် တစ်ဖွဲ့ကျန်သေးတယ်”
“နံပါတ် တစ်ဆယ် လီချင်းယန်၊ နံပါတ် ဆယ့်တစ် လုံကျိရန်”
“…….”
ကုန်းရှန့်သည် ထိုင်ခုံပေါ်၌ ပြိုလဲလုမတတ် ဖြစ်နေသည်။
“နံပါတ် ဆယ့်နှစ် မူဟုန်လင်၊ နံပါတ် ဆယ့်သုံး......၊ နံပါတ် ဆယ့်လေး......၊ နံပါတ် ဆယ့်ငါး လင်းယွမ်ရွယ်၊ နံပါတ်ဆယ့်ကိုး ကုကျောင်းရှစ်၊ နံပါတ် နှစ်ဆယ်.…….”
ဒိုင်လူကြီးသည် ပြိုင်ပွဲဝင်၏နံပါတ်များ အော်ပြီးသည့်အချိန်မှာတော့ နန်းကုန်းချင်းရှန် နှင့် ကျန့်ရှောင်ဟုန် တို့မှလွဲ၍ တခြားသော ထိပ်တန်းတိုက်ခိုက်သူများသည် နာမည်ဖော်ပြခံရလောက်အောင်ပင် အရေးမပါခဲ့ချေ။
ပြိုင်ဘက်များကို ရွေးချယ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ စိတ်သက်သာရာ ရမိနေ၏။ တပည့်များ အနိုင်ယူသည်ဆိုပါက နတ်တိုက်ပွဲသို့ ဝင်ရောက်ရန်အတွက် အနည်းဆုံး လက်မှတ် ခုနှစ်စောင် ရရှိမှာဖြစ်သည်။
“ကောင်လေးတို့”
ကုန်းရှန့် သည် ရုတ်တရက်မတ်တပ်ထရပ်ကာဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ “လေးလေးနက်နက်တိုက်ခိုက်ကြတော့”