← Chapters

အခန်း ၁၈၁၅

Vol. 122 Ch. 1815

အခန်း ၁၈၁၅

Vol. 122 Ch. 1815

အပိုင်း (၁၈၁၅)

ကြယ်တာရာပြိုင်ပွဲသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်း၏ ပထမဆုံးသော တောင်းဆိုမှုသည် သူ၏တပည့်များအား ဗိုလ်ဆွဲစေရုံသာမကချေ။ ထပ်တန်းဆယ်ယောက်ထဲသို့ အားလုံးသောသူများ ဝင်ရောက်ပြီး စကြာဝဠာ နတ်တိုက်ပွဲသို့ ဝင်ခွင့်ရရန် လက်မှတ်များ အများအပြား ရရှိရန်ပင်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် အထူးတာဝန်ကို ပြည့်စုံစေပေလိမ့်မည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် သူ၏ကျင့်ကြံခြင်းအဆင့်၌ တစ်၍မနေချင်ပေ။ သူသည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ လှမ်းဝင်ချင်သည်။ အဖွဲ့ခွဲမှုအရဆိုလျှင် ဂိုဏ်း၌ အချင်းချင်း ပြန်လည်တိုက်ရမည့် အဖွဲ့နှစ်ဖွဲ့ တည်ရှိလို့နေ၏။ ထို့ကြောင့် လက်မှတ်နှစ်ခုသည် ကျိန်းသေပေါက် ရရှိပြီ ဖြစ်၏။ သို့ပေမဲ့ ဤအရာသည် မလုံလောက်သေးချေ။ သူသည် လောဘတကြီးဖြင့် ထပ်မံကာ လိုချင်နေသေး၏။ ထို့ပြင် အထူးတာဝန်ကို များပြားသည့် ရာခိုင်နှုန်းဖြင့် အောင်မြင်ပါက ရရှိမည့် ဆုလာဒ်သည် ပိုမိုကာ များပြားလွန်း၏။

"နံပါတ်တစ် ရောင်မုန့်ယဉ် - နံပါတ်နှစ် နန်းကုန်းချင်းရှန် တိုက်ခိုက်ကြမယ်" ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။

ဆွစ် ဆွစ်

ရောင်မုန့်ယဉ် နှင့် နန့်ကုန်းချင်းရှန်တို့သည် ပျံသန်းလာခဲ့ကြ၏။ ဤတောက်ယွမ်ဂိုဏ်း၏ အကြီးဆုံး တပည့်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေသော်လည်း တခြားသော ရေခဲဓာတ်ကျင့်ကြံသူများကဲ့သို့ အအေးဓာတ်ကို မပေးစွမ်းချေ။

ဟမ့်

ရောင်မုန့်ယဉ်သည် လှမ်းကာ ပြောလိုက်၏။ "ရှင် ဒီနေရာကို ဝင်လာကတည်းက ကျွန်မရဲ့ အကြီးဆုံး အစ်မကြီးကို ချောင်းကြည့်နေတာ။ အရှက်မဲ့လိုက်တာ"

နန့်ကုန်းချင်းရှန်သည် ဆွံ့အလျက် ရှိနေ၏။ မှန်ပေ၏။ သူသည် လုချင်းချင်းကို တစ်လျှောက်လုံး ကြည့်ရှုနေမိ၏။ သို့ပေမဲ့ ဤအရာသည် ရေခဲဓာတ်သဘာဝ ကျင့်ကြံသူအချင်းချင်း တူညီသောကြောင့်ပင် ဖြစ်၏။ အခြားသော ရည်ရွယ်ချက်များ မရှိချေ။

"ကောင်မလေး"

နန့်ကုန်းချင်းရှန်က ပြောလိုက်သည်။ "မင်းအထင်မှားနေပြီ"

"ကျွန်မ ရှင့်ကို သတိပေးမယ်"

ရောင်မုန့်ယဉ် သည် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ "ရှင့်ဆီမှာ မဆီလျော်တဲ့ တခြားအတွေးတွေ ရှိနေရင် ချက်ချင်းရပ်လိုက်တော့"

နန့်ကုန်းချင်းရှန်သည် စိတ်ဓာတ်ကျသွားမိ၏။ ဤအမျိုးသမီး၏ စိတ်ထဲတွင် သူသည် မိန်းမလှလေးများကို ငမ်းတတ်သည့် နှာဘူးတစ်ယောက်နှင့် ဆင်တူနေသည်လား။

ဟမ့်

ပွဲကြည့်စင်ပေါ်တွင် ရှိနေသော တောက်ယွမ်ဂိုဏ်းမှ သူများသည် မပျော်မရွှင်နှင့် ဖြစ်သွားခဲ့ကြ၏။ ၎င်းတို့၏ စီနီယာအစ်ကိုကြီးသည် တောက်ယွမ်ဂိုဏ်းထဲတွင် အားအကောင်းဆုံးသော တပည့်ကြီးလည်း ဖြစ်၏။ သူသည်သာ မိန်းကလေးတစ်ယောက်ကို လိုချင်သည်ဟု ကြေညာလိုက်ပါက တောင်ခြေမှ တောင်ပေါ်အထိတိုင်ပင် မိန်းကလေးများ စီတန်းနေမှာ သေချာ၏။ အဘယ့်ကြောင့် ပြိုင်စံရှားဂိုဏ်းမှ မိန်းကလေးတပည့်တစ်ယောက်ကို ဂရုစိုက်နေရမည်နည်း။

ရောင်မုန့်ယဉ်သည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ "စကြရအောင်"

"စကြမယ်"

နန့်ကုန်းချင်းရှန်သည် အလွန်ယဉ်ကျေးလျပ်ရှိနေ၏။ သို့ပေမဲ့ ထိုသို့ပြောပြီးသည့် နောက်မှာတော့ သူ၏ မျက်နှာပေါ်ရှိ အပြုံးများသည် လေးနက်သည့် ပုံစံအဖြစ် ဖြစ်တည်သွားခဲ့၏။ သူသည် အင်္ကျီလက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် ထက်ရှလွန်းသည့် ရေခဲဆူးချွန်များကို ဖန်တီးလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

နန့်ကုန်းချင်းရှန် လှုပ်ရှားလိုက်သည့် အခါမှာတော့ စင်မြင့်တစ်ခုလုံးသည် အအေးဓာတ်များနှင့် ပြည့်နှက်သွားခဲ့၏။ မြေပြင်တစ်ခုလုံးသည်လည်း ရေခဲဓာတ်သဘာဝများနှင့် ဖုံးလွှမ်းသွားခဲ့၏။ ရေခဲဓာတ်သဘာဝကို နားလည်သူတစ်ယောက် အနေဖြင့် ဤသို့သော နည်းစနစ်များကို ထုတ်ဖော်ကာ အသုံးပြုသည်မှာ သာမန်သာဖြစ်၏။ ဤကဲ့သို့ ချောမောလှသော ရေခဲကြမ်းပြင်ကြီးသည့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ဟန်ချက်ထိန်းချုပ်ရာတွင်လည်း ခက်ခဲမှုများ ဖြစ်ပေါ်စေ၏။

ဖောင်း ဖောင်း ဖောင်း ….။

ရေခဲပြင်ပေါ်တွင် ရောက်ရှိနေသော ရောင်မုန့်ယဉ်သည် တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ သူမ၏ နတ်ဆိုးစွမ်းအင်များ ကို လက်သီးချက်အတွင်း ထည့်သွင်းကာဖြင့် သူမကို တိုက်ခိုက်လာသော ရေခဲချွန်များကို ချိုးဖျက်လျက် ရှိသည်။

သူမသည် ပြုံးကာ ပြောလိုက်၏။ "ရှင့်ရဲ့ အအေးအော်ရာတွေက ကျွန်မရဲ့ အကြီးဆုံးအစ်မကြီးနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူး"

"တကယ်လား"

နန့်ကုန်းချငိးချန်သည် ပြုံးကာ ပြောလိုက်၏။ ပြီးသည့်နောက် သူ၏ညာဖက်လက်ကို မြောက်ကာဖြင့် လေထုထဲသို့ ဝှေ့ယမ်းလိုက်သည်။ "ပေါင်းစပ်စမ်း"

ဖျောက် ဖျောက် ဖျောက်

ချက်ချင်းပဲ မြေပြင်ပေါ်တွင် ရှိနေသော ရေခဲလွှာများသည် အပေါ်သို့ တက်လာပြီးသည့်နောက် ရောင်မုန့်ယဉ်အား ရေခဲလှောင်ချိုင့်ကြီးအတွင်းသို့ ချုပ်နှောင်လိုက်၏။

ဘုန်း …..။

ရောင်မုန့်ယဉ်သည် သူ၏ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးနောက် နီးကပ်လာသော ရေခဲပြင်များကို ဖြိုခွင်းလျက် ရှိ၏။ သို့ပေမဲ့ သူမသည် အကူအညီမဲ့စွာဖြင့် ပိတ်နှောင်ခြင်းကို ခံလိုက်ရသည်။

"သွားပြီပဲ။ ပြီးသွားပြီ"

တောက်ယွမ်ဂိုဏ်းမှ တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူတို့သိသလောက်ဆိုလျှင် သူတို့စီနီယာအစ်ကိုကြီး၏ ရေခဲလှောင်အိမ်ထဲမှ လွတ်မြောက်သွားသူဟူ၍ တစ်ခါမှ မတွေ့ဖူးချေ။ ဤအရာသည် ချိုးဖျက်၍ ရနိုင်သော အရာမျိုးလည်း မဟုတ်ချေ။

"……..."

အားလုံးသော သူတို့သည် ချွေးစေးများပြန်ကာဖြင့် ကြည့်ရှုလျက် ရှိနေကြ၏။

ဝှစ်

စင်မြင့်ပေါ်မှာတော့ ရောင်မုန့်ယဉ်သည် ရေခဲဓာတ်သဘာဝများကို ချိုးဖျက်ကာဖြင့် လေထုထဲသို့ ခုန်တက်လိုက် ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဆန်းကြယ်လှသော နတ်ဆိုးအော်ရာများ တစ်လိမ့်လိမ့် ဖုံးလွှမ်းလျက် ရှိနေပြီး သူမ၏ ကြည်လင်ရှင်းလင်းလျက် ရှိနေသော မျက်လုံးများသည် နီရဲတောက်ပလာသည်။

"နတ်ဆိုးကျင့်ကြံသူလား"

နန့်ကုန်းချင်းရှန်သည် မျက်မှောင်ကုတ်လိုက်မိ၏။

“ဟမ် …”

ကုထျန်းရှင်းသည် အတွေးနက်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ "ဒီကောင်မလေးက နတ်ဆိုးကလန်ရဲ့ မျိုးဆက်လား"

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ပြီးနောက် မေးမြန်းလိုက်၏ "ဦးလေးလည်း နတ်ဆိုးကလန်အကြောင်း ကြားဖူးတယ်လား"

"အင်း လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်တုန်းက အရမ်းကို အလားအလာ ကြီးမားတဲ့ ရှေးကလန်ကြီး တစ်ခုပဲလေ။ ပြီးတော့ ဘာလို့မှန်းမသိဘဲ သူတို့က ပျောက်ကွယ် ပျက်စီးသွားခဲ့ကြတယ်" ကုထျန်းရှင်းက ထပ်မံကာ ပြောလိုက်သည်။

"အံ့အားသင့်စရာ မဟုတ်တော့ဘူး"

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ အချက်အလက်အားဖြင့် သူသည် အစဉ်အမြဲ ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ အဘယ့်ကြောင့် အထက်နယ်မြေတွင် ရှိနေသော နတ်ဆိုးကလန်သည် များပြားလှပြီး ကောင်းမွန်လှသည့် ပန်းပဲပညာနှင့် ပန်းပုပညာကို ပိုင်ဆိုင်နေရသနည်း။

ယခု ကုထျန်းရှင်း ၏ ပြောဆိုမှုအရဆိုလျှင် ဤနဆိုးကလန်သည် အရမ်းကို ကြီးမားလှသော နောက်ခံတစ်ခုခုကို ပိုင်ဆိုင်ကြောင်း သိသွားခဲ့မိ၏။

"ပြောရမည်ဆိုရင်"

ကျွင်းချောင်ရှောင်းသည် ကောင်းကင်မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်မိသည်။ "နတ်ဆိုးဘိုးဘေးကြီး အသက်ရှင်နေသေးတယ်မလား"

အားလုံးသောသူတို့သည် ဤလူကို မေ့လျော့နေကြ၏။ သို့ပေမဲ့ ရောင်မုန့်ယဉ်အမွေဆက်ခံခဲ့သည့် သန္ဓနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်သည် ဤနတ်ဆိုးဘိုးဘေးကြီး ပေးအပ်ခဲ့သည့် အရာဖြစ်ပြီး ထာဝရလောကထဲတွင် ရှိနေသည့် သန်းနှင့်ချီသော နတ်ဆိုးစစ်သည်များသည်လည်း ဤလူပင် ပေးခဲ့ခြင်း ဖြစ်သည်။ ရီရှင်းချန်၏ ပြည့်စုံလှသည့် ခန္ဓာကိုယ်သည်လည်း ဤလူ၏ ပိုင်ဆိုင်မှုပင် ဖြစ်လေသည်။ ဟုတ်ပေသည်။ ၎င်းသည် အရာအားလုံး ချမ်းသာသမျှကို ပြိုင်စံရှားဂိုဏ်းသို့ လာရောက် ဆက်သတတ်သည့် ဘိုးဘေးကြီး တစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။

၎င်းသည် ကျွင်းချောင်ရှောင်း၏ တိုကိခိုက်မှုကို ရှောင်ရှားပြီးသည့်နောက် ကြယ်တာရာ စိတ်ဝိညာဉ်လောကမှ လူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုကို ရရှိခဲ့သည် ဆိုသော်လည်း လက်ရှိအချိန်တွင် ကျေးကျွန်ဘဝသို့ပင် ရောက်ရှိနေလေသည်။

"သူ ကြယ်တာရာ စိတ်ဝိညာဉ် လောကထဲမှာ ရှိနိုင်တယ်"

ကုန်းရှန့်က ပြောလိုက်၏။ "အဲလောကကို သွားမယ်ဆိုရင် တစ်နေ့နေ့မှာ ပြန်ပြီးဆုံကြအုံးမှာပဲ"

ဘုန်း ဘုန်း ဘုန်း …..။

စင်မြင့်ပေါ်ရှိ တိုက်ပွဲသည် ကျယ်လောင်လှသည့် အသံများ ထွက်ပေါ်လျက် ရှိ၏။ ထိုအရာသည် လှမ်းကာ ကြည့်လိုက်သည့် အခါမှတော့ ရောင်မုန့်ယဉ်သည် သူမ၏ သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို အပြည့်အဝ ထုတ်ဖော်ပြီးသည့်နောက် သန့်စင်ပြီး အပြစ်ကင်းစင်လှသည့် မိန်းကလေးအဖြစ်မှ အေးစက်သည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ကြောက်ခမမ်းလိလိ စွမ်းအင်များ ပါဝင်နေသည့် တိုက်ခိုက်ချက်များကို ထုတ်ဖေါ်ကာ တိုက်ခိုက်နေ၏။

နန့်ကုန်းချင်းရှန်သည် ရံဖန်ရံခါ ရှောင်ရှားနိုင်သည် ဆိုသော်လည်း တဖြည်းဖြည်းနှင့် တိုက်ခိုက်ချက်များသည် ပိုမိုကာ ရှောင်ရခက်လာ၏။ ထို့ကြောင့် အရှက်တကွဲ ဖြစ်လို့လာခဲ့၏။ သူသည် အစစ်အမှန်လည်း စိတ်ဓာတ်ကျ လာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူထုတ်ဖော်လိုက်သော ရေခဲဓာတ်သဘာဝများသည် ရောင်မုန့်ယဉ်အပေါ် အကျိုးသက်ရောက်မှု မရှိချေ။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် သူတို့၏ စီနီယာ အစ်မကြီးနှင့် သေချာ ထိတွေ့ဆက်ဆံမှု မရှိသော်လည်း လျိုဝမ်ရှစ်၊ လင်းယွမ်ရွှယ်ကဲ့သို့သော တပည့်များသည် နေ့စဉ်နေ့တိုင်း သူတို့၏ စီနီယာအစ်မကြီးနှင့် တွေ့ဆုံရ၏။ ထို့ကြောင့် ဤအချင်းအရာသည် တိုက်ခိုက်သည့် နေရာတွင် အတွေ့အကြုံ သာလွန်မှုအဖြစ် ဖြစ်ပေါ်စေခဲ့၏။

ထို့ပြင် လုချင်းချင်းသည် ယခင်လို အေးစက်သည့် လူတစ်ယောက် မဟုတ်တော့ချေ။ ရံဖန်ရံခါဆိုသလို သူ၏ ဂျူနီယာ ညီမလေးများကို သင်ကြားပြသမှု ပြုလုပ်တတ်၏။ ဤနေရာတွင် အကျိုးကျေးဇူး အရှိဆုံးက ရောင်မုန့်ယဉ်ပင် ဖြစ်သည်။ သူမ၏ စီနီယာအစ်မကြီးနားတွင် နေထိုင်ပြီးနောက် ရေခဲဓာတ်သဘာဝများကို ခုခံနိုင်မှုသည် အလိုလို အားကောင်းလာခဲ့သည်။

ဝှစ် ဝှစ်

ရောင်မုန့်ယဉ်သည် နတ်ဆိုးတစ်ကောင်အဖြစ် အသွင်ပြောင်းခဲ့ပြီးသည့်နောက် ကြီးမားလှသည့် နတ်ဆိုးစွမ်းအင်များနှင့် ဖန်တီးထားသည့် လူ့ဘီလူးကြီး တစ်ကောင်ကို ဖန်တီးလိုက်၏။ သူမသည် နန့်ကုန်းချင်းရှန်၏ အနောက်သို့ လိုက်ပါပြီးသည့်နောက် ဆက်တိုက်ဆိုသလိုပင် ထုနှက်တိုက်ခိုက်လျက် ရှိ၏။

နောက်ဆုံးမှာတော့ နန့်ကုန်းချင်းရှန်သည် စင်မြင့်ပေါ်မှ ပြုတ်ကျသွား၏။ အားပေးရန် ရောက်လာသော တောက်ယွမ်ဂိုဏ်းမှ တပည့်များသည် ပြိုလဲလုမတတ် ဖြစ်နေကြ၏။ ၎င်းတို့ဂိုဏ်း၏ အတော်ဆုံးသော တပည့်သည် ဤနတ်ဆိုးမလေးကို ရှုံးနိမ့်ခဲ့၏။ ထိပ်ဆုံးဆယ်ဦး စာရင်းထဲသို့ ဝင်ရန်ပင် အခွင့်အရေး မရရှိခဲ့ချေ။

ကုထျန်းရှင်းသည်လည်း ထိုင်ချလိုက်၏။ သူ၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။ ကြယ်တာရာတိုက်ပွဲအတွင်းတွင် ရေပန်းအစားဆုံးထဲမှ တစ်ယောက်ဖြစ်သော နန့်ကုန်းချင်းရှန်သည် ပြိုင်စံရှာဂိုဏ်းမှ အမျိုးသမီးတပည့်၏ တိုက်ခိုက်အနိုင်ယူခြင်းကို ခံရ၏။ ကုထျန်းရှင်းသည် ဟယ်ဝူတီ နှင့် ရီရှင်းချန်တို့ကို အထင်ကြီးပြီးသား ဖြစ်၏။ ဤလူများကို ထိပ်ဆုံးဆယ်ယောက်ထဲသို့ ဝင်ရောက်နိုင်သည့် သူများဟုလည်း ထင်မှတ်ထား၏။ သို့ပေမဲ့ အားအင်အဆင့်ကို သေသေချာချာ ထုတ်ဖော်မပြခဲ့သည့် ရောင်မုန့်ယဉ်ဆိုသော မိန်းကလေးသည်လည်း အလွန်အားကောင်းလျက် ရှိနေ၏။

"မွန်းစတားတွေ တကယ်ကို မွန်းစတားအဖွဲ့တွေပဲ"

………..

ပထမအကျော့ပြီးဆုံးပြီးနောက် ဒုတိယအကျော့သည် ဆက်လက်ကာ တိုက်ခိုက်လျက် ရှိသည်။

ဟယ်ဝူတီ နှင့် ကျန့်ရှောင်ဟုန်တို့သည် တိုက်ခိုက်ရန် စင်မြင့်ပေါ်သို့ တက်လာခဲ့ကြ၏။ တိုက်ခိုက်မှုစတင်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ ဒိုင်လူကြီးက ကြေညာလိုက်ရ၏။ "အနိုင်ရရှိသူ ဟယ်ဝူတီ"

"ပြီးသွားပြီလား"

ပြီးသွားပြီ ဖြစ်၏။

"ရှင် ….."

ကျန့်ရှောင်ဟုန်သည် သူမ၏ ဘယ်ဖက်ပုခုံးကိုကိုင်ပြီး ခြေဆောင့်ကာဖြင့် စူပုတ်ပုတ်ပြောလိုက်သည်။ "ကျွန်မတောင် ဓားမထုတ်ရသေးဘူး။ ဘာလို့တိုက်ခိုက်ရတာလဲ"

"..."

ဟယ်ဝူတီသည် ဆွံ့အလျက် ရှိ၏။ စီနီယာအစ်ကိုကျိုးသည် ဦးနှောက်ထဲတွင် ပြဿနာတစ်ခုခု ရှိနေပုံ ပေါ်၏။ တစ်ဖက်လူသည် ဓားထုတ်နိုင်ရန် အခွင့်အရေးပေးခဲ့သည် မဟုတ်ပါလား။ ထိုအချိန်တည်းက သူ ဇဝေဇဝါဖြစ်နေမိသည်။ ဓားသမားကို အဘယ်ကြောင့် ဓားထုတ်ရန် အခွင့်အရေးပေးရမည်နည်း။

ဆွစ်

ဒိုင်လူကြီး၏ ကြေညာသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် မှီကာ ကောင်းကင်ကြီးကို အသာမော့ကြည့်လိုက်၏။ ကောင်းကင်ကြီးသည် ပိုမိုကျယ်ပြောကာဖြင့် လှပလျက် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ပြီးနောက် သူသည် မျက်နှာကို ဖုံးကာကာဖြင့် အားရပါးရ ရယ်မောလျက် ရှိ၏။

ရောင်မုန့်ယဉ်နှင့် ဟယ်ဝူတီတို့သည် အဆင့်တက်သွားလာခဲ့၏။ ထို့ကြောင့် သူ့အနေဖြင့် လက်မှတ်နှစ်စောင် ရရှိခဲ့ပြီဟု အဓိပွာယ် သတ်မှတ်နိုင်သည်။ သူ့အနေဖြင့် အထူးတာဝန်ကို ပြည့်စုံရန်အတွက် အနိမ့်ဆုံးသော လိုအပ်ချက်ကိုလည်း ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။

All Chapters