အခန်း ၁၈၁၆
Vol. 122 Ch. 1816
အပိုင်း (၁၈၁၆)
ကျော်ကြားလွန်းလှသော တစ်ကယ့် ထိပ်တန်းပါရမီရှင်နှစ်ယောက် ရှုံးနိမ့်ပြီးသည့် အခါမှာတော့ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် ချက်ချင်းပဲ တိတ်ဆိတ်ငြိမ်သက်သွား၏။
ဟင်း
နန့်ကုန်းချင်းရှန်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအား လေးလေးနက်နက် သဘောထားခဲ့ပြီ ဖြစ်၏။ ရီရှင်းချန်၊ ဟယ်ဝူတီတို့နှင့် တိုက်ခိုက်မည် ဆိုလျှင် တစ်ရာ့နှစ်ဆယ် ရာခိုင်နှုန်း သတိထား၍ တိုက်ခိုက်မည်ဟု တွေးတောထားခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် အတွေးများလွန်းခဲ့၏။ သူသည် တစ်ဖက်လူများ၏ ဂျူနီယာ ညီမလေးကိုပင် အနိုင်မရရှိခဲ့ချေ။
"ထားလိုက်တော့"
နန့်ကုန်းချင်းရှန်သည် နှင်းကြာပန်း တစ်ပွင့်ကဲ့သို့ ငြိမ်ငြိမ်သက်သက်နှင့် ရပ်တန့်နေသည့် လုချင်းချင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။ "ရှုံးနိမ့်သူများအဖွဲ့ထဲရောက်ရင် သူမနဲ့ တိုက်ခိုက်ရမှာပဲ"
ဟေ့
ကျန့်ရှောင်ဟုန်သည် ပွဲတွင် ရှုံးနိမ့်သွားသည့်အတွက် သိပ်ဂရုစိုက်လှသည့် ပုံမပေါ်ချေ။ ကျိုးဟုန်ဆီသို့ သွားကာ လက်နှစ်ဖက်ကို နောက်ပစ်၍ မျက်စိမှိတ်ပြလိုက်သည်။ "ငါတို့ထပ်ပြီး တိုက်ရင် တိုက်ရနိုင်တယ်နော်"
ကျိုးဟုန်သည် မျက်စိကို မှိတ်ထား၏။ မည်သည့်စကားကိုမှ မဆိုချေ။
"အရူး"
ကျန့်ရှောင်ဟုန်သည် အနားသို့ ရောက်ရှိလာပြီး တီးတိုးပြောလိုက်၏။ ပြီးသည့်နောက် ရီရှင်းချန်နှင့် ရှောင်ကျီတို့ကို လှမ်းကြည့်ကာ ပြောလိုက်၏။ "ဘယ်သူနိုင်မယ်ထင်လဲ"
ပွဲကြည့်ပရိတ်များသည်လည်း ထိုအရာကို စဉ်းစားနေမိကြ၏။ ရီရှင်းချန်သည် ထက်ရှလှသော လှံတစ်စင်းအဖြင့် အားလုံးကို အထင်မှားစေ၏။ ၎င်းဖြတ်သွားရာ နေရာတိုင်းတွင် အားလုံးသောသူတို့သည် ကြောက်လန့်မှုကို ခံစားရစေ၏။ ရှောင်ကျီမှာတော့ ထူထဲလှသည့် နံရံကြီးတစ်ခုလို့ပင် ခံစားရစေသည်။ တည်နေရာတွင် မတ်မတ်ရပ်နေသည့် အချိန်မှာတော့ ရွေ့လျား၍ မရနိုင်သော ကျောက်တုံးကဲ့သို့ပင် တည်ငြိမ်လွန်းလှချေသည်။ လှံနှင့် ဒိုင်းကာတို့၏ တိုက်ပွဲသည် အမှန်ပင် ကြည့်ရှု၍ ကောင်းပေလိမ့်မည်။
ဟူး ….။
စင်မြင့်ပေါ်သို့ တက်ပြီးသည့်နောက် ရှောင်ကျီသည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။
"ဂျူနီယာညီလေးရီ …. ငါစပြီး အရှုံးပေးလိုက်ရင် ဘယ်လိုလဲ"
တာအိုဂိုဏ်းတူရောင်ရင်းချင်း တွေ့သောပွဲဖြစ်သောကြောင့် ၎င်းတို့ထဲမှ တစ်ယောက်သည် နှုတ်ထွက်ရပေလိမ့်မည်။ သူ၏ဂျူနီယာညီလေး အဆင့်တက်သွားရန် သူက မျှော်လင့်နေမိ၏။ သို့ပေမဲ့ ရီရှင်းချန် သည် အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။ "ခင်ဗျားကျုပ်ကို အရှက်ခွဲချင်နေတာလား"
ဂုဏ်ယူဝင့်ကြွားတက်သော လူတစ်ယောက်အနေဖြင့် တစ်ဖက်လူ သူ့အားအရှုံးပေးသည် ဆိုသောအကြောင်းအား မနှစ်မြို့ချေ။ သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ပွဲစဉ်တိုင်းကို အနိုင်ယူသွားချင်သည်။
"နားလည်ပြီ"
ရှောင်ကျီသည် သူ၏ဆံပင်များကို စည်းနှောင်လိုက်၏။ ပြီးနောက် သူ၏လက်ပေါ်ရှိ လင်းယွမ်ခန်းမဆောင် စာသားသည် အသက်ဝင်လာခဲ့၏။ မကြာခင်မှာပဲ သူသည် စက်ရုပ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ရွှီ
ကြီးမားလှသော စက်သေနတ်ကြီးများသည် အဆင်သင့် ဖြစ်လို့နေခဲ့၏။ လက်ရှိအချိန်မှာတော့ ရှောင်ကျီသည် အလွန်ပဲ လေးနက်သည့် ဟန်ပန်အမူအရာမျိုး ရှိလို့နေသည်။
ဘန်း ...။
ရီရှင်းချန်သည်လည်း လက်ကိုမြောက်လိုက်၏။ လေထဲမှ ပုဆိန်ကြီးသည် ကျဆင်းလာခဲ့၏။
ဝှစ် ဝှစ် ဝှစ်
တည်နေရာတစ်ခုလုံးတွင် ပြင်းထန်လှသည့် လေလှိုင်းများ တိုက်ခတ်လာ၏။ ထိုအရာများ ပျောက်ကွယ်သွားသည့် အခါမှတော့ ကြက်သွေးရောင် မြင်းတစ်ကောင်သည် ခေါင်းကိုမော့ကာ ဟီလိုက်သည်။ ထိုမြင်းပေါ်တွင် ရှိနေသော ညအင်ပါယာသည် တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ပုဆိန်ကြီးကို ကိုင်ကာဖြင့် မြောက်ထား၏။ ဆန်းကြယ်လွန်းလှသော အော်ရာများသည် တည်နေရာတစ်ခုလုံးတွင် ပြည့်နှက်သွားသည်။
"သူတို့ တကယ့်ကို လေးလေးနက်နက် တိုက်ခိုက်ပြီပဲ" လီချင်းယန်က ပြောလိုက်၏။
သူ၏ ဂျူနီယာညီလေးနှစ်ယောက်တို့သည် လက်ဗလာနှင့်သာ တိုက်ခိုက်ခဲ့ဖူး၏။ ယခု လင်းယွမ်ခန်းမဆောင်၏ စာသားကိုပါ အသက်သွင်းကာ တိုက်ခိုက်လျက် ရှိနေ၏။ ဤအရာသည် ဂိုဏ်း၏ လက်ရည်စမ်းပွဲထက် ပိုမိုကာ သာလွန်သည့် ပွဲတစ်ခု ဖြစ်လာမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည်လည်း စိတ်ဝင်တစား ဖြစ်လို့နေခဲ့၏။ ဤတပည့်နှစ်ယောက်သည် လှံနှင့် ဒိုင်းကို ကိုယ်စားပြုသည့် လူနှစ်ယောက်ဖြစ်၏။ ထို့ပြင် တာဝန်ကို အတူတကွ ပြုလုပ်တတ်သည့် လူများဖြစ်ပြီး ယခုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
............
ဟူး ဟူး
စင်မြင့်ပေါ်မှာတော့ ရီရှင်းချန်သည် ထက်ရှလွန်းလှသော လှံတစ်စင်းကဲ့သို့ မတ်မတ်ရပ်လျက် ရှိနေပြီး ရှောင်ကျီမှာမူ ထူထဲလှသော သံမဏိဒိုင်းကြီးကဲ့ပင် ဖြစ်လို့နေ၏။
ဒိုင်လူကြီးသည် လက်ကိုမြောက်ကာဖြင့် ပြောလိုက်သည်။
"စကြမယ်"
ဟူး ….။
ပြောပြီးပြီးခြင်းမှာပဲ ထက်ရှလှသော အော်ရာနှစ်ခုသည် ထပ်တိုက်တွေ့ဆုံသွားကြ၏။ ထို့ကြောင့် လှိုင်းများ ဖြစ်တည်လာခဲ့ပြီး ဒိုင်လူကြီးသည် လေထဲသို့ လွင့်စင်သွားခဲ့၏။
"ငါဒီမှာ ဒိုင်မလုပ်ခဲ့သင့်ဘူး"
ဟူး .....
ဟီး .....။
အနီရောင်မြင်းကြီးသည် ကျယ်လောင်စွာဖြင့် ဟီလိုက်၏။ ရီရှင်းချန်သည် ပုဆိန်ကြီးကို ကိုင်မြောက်ကာ ရှေ့သို့ လှမ်းဝင်လာခဲ့သည်။
ဟူး ဟူးဟူး
လေများသည် တိုက်ခတ်နေပြီး ထိုလေများသည် ဓားတစ်စင်းကဲ့သို့ပင် ထက်ရှလွန်းလှ၏။ ဝတ်စုံပြည့် ဝန်ဆင်ထားသော ရှောင်ကျီသည် လက်နှစ်ဖက်ဖြင့် သေနတ်ကြီးကို ကိုင်ကာဖြင့် တောက်ရှောက် ပစ်ခတ်လျက် ရှိနေ၏။
ဒက် ဒက် ဒက်
ရွှီ
အနီရောင်မြင်းသည် မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားလာလျက် ရှိနေပြီး မိုးကဲ့သို့ ကျဆင်းလာသည့် ကျည်ဆန်များကို ရှေုာင်တိမ်းလိုက်၏။ ရီရှင်းချန်၏ လက်ထဲတွင် ရှိနေသော ပုဆိန်ကြီးကလည်း ကျည်ဆန်များကို တားဆီးထား၏။ တရပ်စပ်တည်း ပုဆိန်ကြီးနှင့် လှမ်းကာ ခုတ်ပိုင်းလိုက်သည်။
ရှောင်ကျီသည် အလောတကြီးပဲ သူ၏ လက်နက်များကို ပြန်ဆုတ်ကာဖြင့် အရှေ့တွင် ဒိုင်းကြီးတစ်ခုကို ကာဆီးလိုက်ရ၏။
ဘုန်း .....။
ဤတစ်ကြိမ်မှာတော့ ဒိုင်းနှင့်ပုဆိန်ကြီးတို့သည် ထိပ်တိုက်တွေ့ဆုံပြီး မီးပွားများပင် ထွက်လာခဲ့၏။ လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် မေးမြန်းရန် ရှိသည်မှာ ထိုကျည်ဆန်များသည် ပွဲကြည့်စင်ဆီသို့ မရောက်ရှိသွားဘူးလား။ စိတ်ပူရန် မလိုချေ။ အတားအဆီး အစီအရင်တစ်ခုလုံးသည် တည်နေရာတစ်ခုလုံးကို ကာကွယ်ထားသည်။
ဒက် ဒက် ဒက်
ကောင်းကင်ပုဆိန်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ပြီးနောက် ရှောင်ကျီသည် သူ၏ဒိုင်းကာကြီးကို အသာမြောက်ကာဖြင့် ခပ်လှမ်းလှမ်းဆီသို့ ဆုတ်လိုက်၏။ "အရမ်းကို အားကောင်းတာပဲ"
ရွှီ
ထိုအချိန်မှာတော့ ရီရှင်းချန်သည် အနီရောင်မြင်းကြီးပေါ်မှ ကောင်းကင်ဆီသို့ ခုန်တက်လိုက်၏။ သူသည် နတ်ဆိုးနတ်ဘုရားကဲ့သို့ပင် ရှောင်ကျီဆီသို့ ရောက်ရှိလာသည်။
ရှောင်ကျီသည် အလောတကြီးဖြင့် သူ၏ဒိုင်းကြီးကို ထပ်မံမြောက်ကာ တားဆီးလိုက်၏။
ဘုန်း .....။
ဖျောက် ဖျောက် ဖျောက်
ကောင်းကင်ပုဆိန်ကြီးနှင့် အလင်းဒိုင်းကာတို့သည် ထိမှန်သွားခဲ့၏။ ပတ်ဝန်းကျင် တည်နေရာထဲတွင် လှိုင်းများ ဖြစ်တည်သွားခဲ့ပြီး အနားတွင်ရှိနေသော ကျောက်ချပ်များသည် ကွဲအပ်သွားခဲ့၏။ စင်မြင့်တစ်ချို့သည် ထိုအားအင်အဆင့်ကို မခံနိုင်စွာဖြင့် ပြိုလဲသွားခဲ့သည်။
"ချီးတဲ့မှ"
ပွဲကြည့်သူများ အားလုံးတို့သည် တုန်လှုပ်သွားခဲ့ကြ၏။
"စိတ်ဝင်စားစရာပဲ"
အစပိုင်းက ပြိုင်စံရှားဂိုဏ်း၏ တပည့်နှစ်ယောက် တွေ့ဆုံသောကြောင့် လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားမည့် တိုက်ပွဲတစ်ခုဟု သတ်မှတ်ခဲ့၏။ သို့ပေမဲ့ ဤနှစ်ယောက်သည် အစစ်အမှန် တိုက်ခိုက်လို့နေခဲ့၏။
ကုထျန်းရှင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "အဲလောက်ကြီး မလိုဘူးမလား"
ဂိုဏ်းတစ်ခုတည်းမှ လူများ ဖြစ်သောကြောင့် တစ်စုံတစ်ယောက် ထိပ်ဆုံးဆယ်ယောက်ထဲသို့ ဝင်နိုင်လျှင် အဆင်ပြေနေပြီ ဖြစ်သည်။ ထို့ပြင် ဤအရာသည် ပြိုင်ပွဲသေးသေးလေး တစ်ခုသာလျှင် ဖြစ်သည်။ အဘယ့်ကြောင့် ဤကဲ့သို့ ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်နေရသနည်း။
ကျွင်းချောင်ရှောင်းမှာတော့ မည်သည့်စကားကိုမှ မဆိုချေ။ သူသည် စိတ်ဝင်တစားနှင့် စောင့်ကြည့်နေ၏။ နန့်ကုန်းချင်းရှန်နှင့် ကျန့်ရှောင်ဟုန်တို့သည် အစောကတည်းက ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် နာမည်ပေးခြင်းပင် မခံရသော ပါရမီရှင် အဖွဲ့ကလေးသာလျှင် ကျန်ရှိတော့၏။ ထို့ကြောင့် ဤပွဲတွင် ဗိုလ်ဆွဲရန် ဆိုသည်မှာ သူ့၏လက်ထဲမှ ပြေးလွတ်နိုင်သော အရာပင် မဟုတ်တော့ချေ။ တပည့်များအနေဖြင့် ပြုလုပ်ချင်သည်ကိုသာ ရဲရဲဝင့်ဝင့် ပြုလုပ်ရန် သူစေခိုင်းထားစေ၏။ ၎င်းတို့ပျော်ရွှင်လျှင် ပြီးပြီပင်။
ဘုန်း ဘုန်း ဘုန်း ....။
ကျိုးကြေလျက် ရှိနေသည့် စင်မြင့်အပိုင်းအစ၏ အောက်မှာတော့ အော်ရာနှစ်ခုသည် အလွန်ပြင်းထန်စွာဖြင့် ပေါက်ကွဲဖြစ်တည်နေ၏။
ရီရှင်းချန်နှင့် ရောင်ကျီတို့သည် အပြင်းအထန် တိုက်ခိုက်လျက် ရှိနေပြီး အားလုံးသောသူတို့ကို အံ့ဩစေခဲ့၏။ နေရာအနှံ့တွင် မီးများပင် တောက်လောင်လျက် ရှိသည်။
ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက် ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် တိုက်ခိုက်လျက် ရှိနေတုန်းပင်။
မိနစ်သုံးဆယ်ခန့် ကြာပြီးသည့်နောက် ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် တိုက်ခိုက်လျက် ရှိနေတုန်းပင်။
"..."
အားလုံးသောသူတို့သည် မျက်တောင်တစ်ချက်ပင် မခတ်ကြချေ။ စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲကို လွတ်သွားမည် ဆိုးသောကြောင့် သေသေချာချာ ကြည့်ရှုလျက် ရှိသည်။ လုချင်းချင်းနှင့် ဟယ်ဝူတီတို့သည် လင်းလီကို စိတ်ကျေနပ်လောက်သည်အထိ ရိုက်နှက်ခဲ့သည် ဆိုသော်လည်း ဤမျှလောက်တော့ စိတ်လှုပ်ရှားစရာ မကောင်းခဲ့ချေ။
ပြိုင်စံရှားဂိုဏ်းမှ နှစ်ယောက်၏ တိုက်ပွဲသည် လက်ရှိဖြစ်တည်ခဲ့သည့် တိုက်ပွဲတစ်လျှောက်တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ပွဲဟုပင် ပြောဆိုနိုင်၏။ တိုက်ပွဲသည် မည်မျှ ပြင်းထန်သည်ဆိုပါစေ။ နောက်ဆုံးမှာတော့ အဆုံးသတ်ကို ရောက်ရှိလာရမည်ဖြစ်၏။
ဘုန်း ...။
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် ရီရှင်းချန်သည် အနောက်ဘက်သို့ လှမ်းဆုတ်လိုက်၏။
ရှောင်ကျီသည် မြေပေါ်သို့ လဲကျနေပြီ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော စက်ရုပ်ကဲ့သို့ သံပြားများသည် ပျောက်ကွယ်သွားပြီး ဖြူဖျော့နေသည့် မျက်နှာသွင်ပြင်က ပေါ်ပေါက်လာ၏။ သူသည် အလွန်ပင်ပန်းနေပြီ ဖြစ်၏။ မည်သည့်စွမ်းအင်မှ မကျန်တော့ချေ။
"ပြီးသွားပြီပဲ"
အားလုံးသောသူတို့သည် ပွဲပြီးသွားသည်ကို သိရှိပြီးနောက် ထိုင်ချလိုက်၏။ သူတို့သည် ပွဲစဉ်တလျှောက်လုံး မတ်တပ်ရပ်ကာ အားပေးနေခြင်းပင် ဖြစ်၏။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှချေ၏။
အနိုင်ရရှိသူသည် ရီရှင်းချန်ပင်။ ဒိုင်လူကြီးက ကြေညာလိုက်၏။ ရီရှင်းချန်သည် ကျိုးပျက်နေသည့် တည်နေရာထဲမှ ထွက်လာခဲ့ပြီး ရှောင်ကျီ၏ ရှေ့ဆီသို့ လှမ်းလာခဲ့၏။ ပြီးနောက် လက်ကိုဆန့်တန်းလိုက်၏။ ရှောင်ကျီသည် လက်ကိုဆွဲကာဖြင့် မတ်တပ်ထရပ်လိုက်၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှစ်တစ်ယောက် ညီအစ်ကိုရင်းချာကဲ့သို့ပင် လှမ်းကြည့်လျက်ရှိနေ၏။ လီထျန်းထျန်းသည် ထိုအခွင့်အရေးကို အရယူပြီး ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်လိုက်တော့သည်။
ဖြတ် ဖြတ်
"နံပါတ်ခုနှစ် လီဖေး၊ နံပါတ်ရှစ် လုံကျစ်ရန်။ အနိုင်ရရှိသူ လီဖေး
နံပါတ်တစ်ဆယ် လီချင်းယန်၊ နံပါတ်ဆယ့်တစ် ရှမ်ကွမ်းဝမ်အာ။ အနိုင်ရရှိသူ လီချင်းယန်
နံပါတ်ဆယ့်နှစ် မူဟုန်လင်၊ နံပါတ်ဆယ့်သုံး စုလီ။ အနိုင်ရရှိသူ မူဟုန်လင်
နံပါတ်ဆယ့်လေး ကာရန့်၊ နံပါတ်ဆယ့်ငါး လင်းယွမ်ရွှယ်။ အနိုင်ရရှိသူ လင်းယွမ်ရွှယ်
နံပတ်ဆယ့်ကိုး ကုကျောင်းရှစ်၊ နံပါတ်နှစ်ဆယ် ရာဆူ။ အနိုင်ရရှိသူ ကုကျောင်းရှစ်"
တိုက်ပွဲသည် ဆက်လက်ဖြစ်တည်လျက် ရှိနေပြီး ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ဆက်လက် အနိုင်ယူလျက် ရှိနေ၏။ ရောင်မုန့်ယဉ်၊ ဟယ်ဝူတီ၊ ရီရှင်းချန်အပါအဝင် လူရှစ်ယောက်တို့သည် ထိပ်ဆုံးဆယ်ယောက်ထဲသို့ တက်လှမ်းသွားခဲ့၏။ ကျန်သည့် လူနှစ်ယောက်တို့သည် လုပန် နှင့် တီးမိုတို့ပင် ဖြစ်တော့သည်။ ၎င်းတို့သည် တုန်ယင်စွာဖြင့် ထောင့်တစ်ခုတွင် မတ်တပ်ရပ်လျက် ရှိနေကြသည်။
ဆွစ်
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် သံပြိုင်ဆိုသလို ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်ကြ၏။
၎င်းတို့၏ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော မျက်လုံးအကြည့်များကို မြင်ရချိန်မှာတော့ လုပန် နှင့် တီးမို တို့သည် ကြက်သီးများပင် ထသွားကြသည် "ကျုပ် …. ကျုပ်တို့အိမ်ပြန်ချင်တယ်"