အခန်း ၁၈၁၇
Vol. 122 Ch. 1817
အပိုင်း (၁၈၁၇)
ကြယ်တာရာအဓိကပြိုင်ပွဲ၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် ရှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းသားများ ဖြစ်၏။ ဆိုလိုသည်မှာ စကြဝဠာနတ်တိုက်ပွဲသို့ ဝင်ရာက်ရန်အတွက် လက်မှတ် ရှစ်စောင်ရရှိခဲ့ပြီဟု ဆိုလိုခြင်းပင်။ ရလဒ်အားဖြင့် ကျွင်းချောင်ရှောင်း သည် သတိလစ်မေ့မျောလု မတတ်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ အထူးတာဝန်သည် လက်မှတ်နှစ်စောင်ကို ရရှိရန်သာ လိုအပ်၏။ ယခုထိုထက် လေးဆ ပိုမိုကာ များပြားသည့် ရှစ်စောင်ကို ရရှိခဲ့၏။ ကျိန်းသေပေါက် များပြားလှသည့် ဆုလာဘ်များကို ရရှိတော့မှာ ဖြစ်သည်။
“မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်ရအောင်” သူ့အနေနှင့် ဤပွဲတွင် ဗိုလ်စွဲရန် မျှော်လင့်ချက် မရှိချေ။ သူ့အနေနှင့် ကြယ်တာရာပြိုင်ပွဲကြီး မြန်မြန်ဆန်ဆန်ပြီးဆုံး၍ သူ၏အထူးတာဝန်အတွက် ဆုလာဘ်များ ရရှိရန်သာ မျှော်လင့်နေမိ၏။ သူသည် ဖြစ်နိုင်မည်ဆိုလျှင် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိ ချင်၏။ အချိန်အတော်ကြာ အဆင့်တက်သည့် ခံစားချက်ကို မရရှိခဲ့တာကြာမြင့်ပြီ။ ထို့ကြောင့် သူသည် လွမ်းလို့နေခဲ့သည်။
“တူလေး”
ကုထျန်းရှင်းသည် ပြုံးကာပြောလိုက်၏။ “မင်းငါ့ကို တကယ့်ကို အံ့အားသင့်စရာတွေ ယူဆောင် လာပေးတာပဲ”
ပြိုင်ပွဲဝင် ထိပ်ဆုံးဆယ်ယောက်စာရင်းတွင် ရှစ်ယောက်သည် ကောင်းကင်ဖြတ်သန်းခြင်း လောကကြီးကို ကိုယ်စားပြုသည့်လူများဖြစ်လို့နေ၏။ ထိုသူများထဲတွင် သူ၏သားလည်း ပါဝင်လို့နေသည်။ ထိုအရာသည် ကျိန်းသေပေါက် ပျော်ရွှင်စရာပင်။
ဤသတင်းသည်သာ ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ပျံ့နှံ့သွားသည် ဆိုပါက ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်ကုန်မည်ဖြစ်ကြောင်း ဦးလေးကု က တွေးတောနေမိသည်။
ဟုတ်ပေသည်။ တကယ်ပင် ကြီးကြီးမားမား အောင်ပွဲခံစရာပင်ဖြစ်တော့သည်။
မတူညီသည့် တိုက်ပွဲအသီးသီးမှ လာရောက်ကြည့်ရှု့ကြသည့် ပြိုင်ပွဲဝင်များအားလုံးသည်လည်း ထိုအရာကို ဆွေးနွေးလျက်ရှိ၏။ ၎င်းတို့အားလုံးသည် အမှန်ပင် တုန်လှုပ်နေမိကြ၏။ တူညီသည့်ဂိုဏ်းအတွင်းမှ တပည့်များ ထိပ်ဆုံးစာရင်းထဲသို့ ဝင်ရောက်သည်ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်လှချေ။ သို့ပေမဲ့ လူခုနှစ်ယောက်တိတိသည် တစ်ပြိုင်နက်တည်း ထိပ်ဆုံးဆယ်ယောက်စာရင်းထဲသို့ ဝင်ရောက်ခဲ့သည် ကိုတော့ ယခုမှသာ မြင်ဖူးကြခြင်းဖြစ်၏။ တကယ့်ကို မှတ်တမ်းသစ် တစ်ခုပင်။
“အချိန်ကျပြီ” ကုကျောင်းရှစ် သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည်အရပ်ရှည်လျားလွန်းသည် မဟုတ်သော်လည်း အားလုံးသောသူတို့၏ အာရုံကို ဆွဲဆောင်စေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏ပြိုင်ဘက်ကို တစ်ဖက်သတ် အနိုင်ယူနိုင်ခဲ့သောကြောင့်ပင်။
ရွှီး..
အားလုံး၏ အကြည့်အောက်မှာပင် ကုကျောင်းရှစ်သည် သူ၏အပေါ်မှ ထပ်ဝတ်ထားသည့် ဝတ်စုံကို ချွတ်ချလိုက်သည်။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းဝတ်စုံအသစ်က ပေါ်ပေါက်လာခဲ့၏။
သူသည် ကြည့်ကောင်းလှစွာဖြင့် သူသည်ရင်ဘတ်တွင်ရေးထိုးထားသည့် ပြိုင်စံရှားဟူသည့် စာတန်းကို အားလုံးသော သူများမြင်အောင် ပြသလျက်ရှိ၏။ ထိုစာတန်းသည် နေရောင်အောက်တွင် တောက်ပလျက် ရှိနေသည်။
လက်ရှိ ရှိနေကြသော သိုင်းကျင့်ကြံသူများသည် ပိုမိုကာ အံ့အားသင့်မိသွား၏။ “မဟာမိတ်ခေါင်းဆောင်ကု ရဲ့သားÓ
ကျွမ်းကျင်သူတစ်ယောက်သည် မယုံကြည်နိုင်စွာပြောလိုက်သည်။ “သူကလည်း ပြိုင်စံရှားဂိုဏ်း ကပဲလား”
“အတိအကျပဲ။ စကြဝဠာနတ်တိုက်ပွဲကို ဝင်ရောက်ခွင့်ရမယ့် လက်မှတ်ဆယ်စောင်ထဲမှာ ရှစ်စောင်က ပြိုင်စံရှားဂိုဏ်း ယူသွားတာပဲ”
“တကယ်လို့ လုချင်းချင်း က ရည်ရွယ်ချက်ရှိရှိနဲ့ အရှုံးမပေးခဲ့ဘူးဆိုရင် ….. ပြီးတော့ စုရှောင်မို သာ နည်းနည်း ကြာအောင် တောင့်ခံထားနိုင်မယ်ဆိုရင်”
အားလုံးသော သူများသည် ထပ်မံကာ တွေးတောရဲခြင်းပင် မရှိခဲ့ကြချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာကို တွေးသည့်လိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်စံရှားဂိုဏ်းသည် နေရာဆယ်နေရာလုံးကို ရယူသွားနိုင်သည် ဖြစ်ကြောင်းကို သူတို့နားလည်လိုက်မိ၏။
ပွဲကြည့်ပရိတ်သတ်များ အံ့အားသင့်လျက်ရှိနေတုန်းမှာပဲ မြင်ကွင်းသည် ဟယ်ဝူတီ၊ လီချင်းယန် နှင့် အခြားသော သူတို့ဆီကို ရောက်ရှိနေ၏။ ၎င်းတို့အားလုံးသည် နံရံထောင့် တစ်ခုတွင်မှီကာဖြင့် မတ်မတ် ရပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ နှုတ်ခမ်းတွင် မတူညီသည့် အပြုံးများတည်ရှိနေခဲ့ပြီး သံမဏိကဲ့သို့ ခိုင်မာ လှသည့် စိတ်ဓာတ်ကို ဖော်ညွှန်းပြသနေသည်။
“ဂိုဏ်းခေါင်းဆောင် ဝမ်”
ကျွင်းချောင်ရှောင်း သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ တွေးလိုက်မိ၏။ Òဒါ ခင်ဗျား ဖြစ်စေချင်တဲ့ ဂိုဏ်းမျိုးလားÓ
ကောင်းကင်ဘုံတွင် ရှိနေသည့် ဂိုဏ်းခေါင်းဆောင်ဝမ်၏ ဝိညာဉ်သည်သာ ထိုအခြင်းအရာကို မြင်သည် ဆိုပါက ကျိန်းသေပေါက် ပျော်ရွှင်နေမိမှာ သေချာသည်။ သူတည်ထောင်ခဲ့သည့် သံမဏိအရိုးဂိုဏ်းသည် လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကိုသာမက အထက်စကြဝဠာတစ်ခုလုံးတွင် ကျင်းပလျက်ရှိနေသည့် အဆင့်အမြင့်ဆုံးပြိုင်ပွဲကို ဝင်ရောက်ခွင့်ရသော လက်မှတ်အရေအတွက် ဆယ်ခုတွင် ရှစ်နေရာကို ရရှိခဲ့ပြီးဖြစ်သည်။
ဤအရာသည် လေးစားမှုကိုရရှိသင့်သည့် အရာမျိုးလည်း ဖြစ်၏။ ပြိုင်ပွဲသည် ပြီးဆုံးမသွားခဲ့ချေ။ သို့ပေမဲ့ အဘယ့်ကြောင့် ဗိုလ်စွဲခဲ့ပြီဟု ခံစားနေရသနည်း။
အစစ်အမှန်အားဖြင့် ဗိုလ်စွဲသူသည် ၎င်းတို့ပင် ဖြစ်ရပေလိမ့်မည်။ ကျန်ရှိနေသည့် လုဖန် နှင့် တီးမို တို့သည် ကျားခံတွင်းထဲသို့ ရောက်ရှိနေသည့် သိုးငယ်လေးနှစ်ကောင်ကဲ့သို့ပင်။
ဘုန်း...ဘုန်း..
နောက်ထပ်တိုက်ပွဲစတင်သည့်အချိန်မှာတော့ ရီရှင်းချန် သည် ရှောင်ကျီ နှင့် တိုက်ခိုက်ခဲ့ပြီး စွမ်းအင် တော်တော်ကုန်ခမ်းခဲ့သည်ဆိုသော်လည်း အားပြည့်အင်ပြည့်ဖြင့် တီးမိုကို ဆွဲယူကာ ကောင်းကောင်း ရိုက်နှက်လျက် ရှိနေ၏။ ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ရိုက်နှက်ခံရလျက်ရှိနေသည့် တီးမို သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာအရှုံးပေးသွားခဲ့၏။
လုဖန် သည်လည်း အတူတူပင် ဖြစ်တော့သည်။ ၎င်းတို့နှစ်ယောက်သည် ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်ခဲ့သည် ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်း၏ တပည့်များ လက်ထဲသို့ ရောက်ရှိချိန်မှာတော့ ခွေးအော်၊ ဝက်အော် အော်နေရတော့သည်။
ဟုတ်ပေသည်။ ဤသနားစရာ လူနှစ်ယောက်ထွက်ခွာသွားသည်ဆိုခြင်းမှာ ပြိုင်ပွဲပြီးဆုံးသွားခြင်းမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးဗိုလ်လုပွဲ ကျန်ရှိနေသောကြောင့်ပင်။ ထင်မှတ်ထားသည့် အတိုင်းပင် ဟယ်ဝူတီ နှင့် ရီရှင်းချန်တို့ပင် ဖြစ်လို့နေခဲ့၏။
ဘုတ်
ညအင်ပါယာသည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟယ်ဝူတီ ကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ Òလာတိုက်ခိုက်ကြရအောင်Ó
Ò...........Ó
ဟယ်ဝူတီ သည် စိတ်ပျက်လက်ပျက်ဖြင့် အပေါ်သို့ လှမ်းလျှောက်လာခဲ့တော့၏။ ထိပ်တန်းစာရင်း ဆယ်ယောက်စာရင်းကို ဝင်ခဲ့သည် ဖြစ်သောကြောင့် ရှုံးသည်ဖြစ်ဖြစ် နိုင်သည်ဖြစ်ဖြစ် ကိစ္စမရှိလှချေ။ သူ့အနေနှင့် စီနီယာအစ်ကိုရီ ကို ဗိုလ်စွဲအောင် ပြုလုပ်ပေးရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။
Òတကယ်တိုက်ခိုက်ဖို့ မျှော်လင့်မိတယ်Ó
ရီရှင်းချန် က ပြောလိုက်သည်။ Òမင်း လင်းလီကို အသုံးပြုတဲ့ နည်းလမ်းအတိုင်း သုံးတာမျိုးကိုပဲ ကြိုက်တယ်Ó
ဟယ်ဝူတီ သည် သူ့အား လှမ်းကြည့်လိုက်၏။ မျက်လုံးထဲတွင် လေးနက်သည့် အမူအယာများ ဖြစ်တည်လို့ နေခဲ့၏။ တစ်ဖက်လူ၏ အဆုံးမဲ့သော တိုက်ပွဲဆာလောင်စိတ်များကို မြင်ရသည့်အချိန်မှာတော့ သူသည် ရှုပ်ထွေးလျက်ရှိနေသည့် ဆံနွယ်များကို အသာစည်းနှောင်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ Òကဲ ဒါဆိုလည်း ခင်ဗျား ဆန္ဒအတိုင်းပဲပေါ့Ó
Òတိုက်ပွဲစကြမယ်Ó
တစ်ကိုယ်လုံး ပတ်တီးများ စည်းနှောင်ထားသော ဒိုင်လူကြီးသည် အဝေးတစ်နေရာဆီမှ လှမ်းကာ အော်လိုက်၏။ ပြောပြောပြီးခြင်းမှာပဲ သူသည် အပြင်ဘက်ဆီသို့ ထွက်ပြေးလေ၏။ နောက်သို့ လှည့်ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် များကို ထုတ်ဖော်ကာ တအုံးအုံး နှင့် တိုက်ခိုက်နေပြီဖြစ်သည်။
Òငါ မြန်လို့ပေါ့Ó
ဘုန်း
လူအုပ်သည် အလန့်တကြားဖြင့် ထွက်ပြေးလျက်ရှိနေသည့် ဒိုင်လူကြီးကို ဂရုမစိုက်နိုင်ကြချေ။ သူတို့အားလုံးသည် စင်မြင့်ပေါ်တွင် တိုက်ခိုက်လျက်ရှိနေသည့် တိုက်ပွဲအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှု့ နေကြ၏။ ဟယ်ဝူတီ သည် အစစ်အမှန် လေးနက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှချေ၏။
ရီရှင်းချန် သည် ရုတ်တရက် တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာတော့ ဟယ်ဝူတီ သည် သူ့နားသို့ ကပ်လာပြီး လက်သီးနှင့်ထိုးနှက်လိုက်သည်ကို မြင်လိုက်ရ၏။ လှုပ်ရှားမှု၊ စွမ်းအင် အရာအားလုံးသည် တကယ်ပင် ထိပ်တန်းကျလွန်းလှသည်။
ဘုန်း
စင်မြင့်ကြီးသည် ထပ်မံကာ ပေါက်ကွဲထွက်သွားပြီး မြေပြင်တစ်ခုလုံး ချိုင့်ဝင်သွား၏။ တူညီသည့် ပေါက်ကွဲမှုပုံစံ၊ တူညီသည့်အကျိုးသက်ရောက်မှုနှင့် နောက်ဆုံးရလဒ်ကို ဖြစ်တည်လာခဲ့ပြီဖြစ်၏။
အားလုံးသောသူတို့သည် မျက်လုံးအပြူးသားနှင့်လှမ်းကာ ကြည့်ရှု့လိုက်ချိန်မှာတော့ ဖုန်များ ဖုံးလွှမ်းနေသည့် တည်နေရာတွင် လူတစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိသည်။
မည်သူဖြစ်သနည်း။ ရီရှင်းချန် ပင် ဖြစ်၏။ သူသည် စင်မြင့်၏ အတွင်းအပြင်ဘက်တွင် ခေါင်းငိုက်စိုက် ချကာဖြင့် ရပ်လျက်ရှိနေ၏။ ပါးစပ်ထဲမှ အမြှပ်တွေများလည်း ထွက်လို့နေ၏။ အဆုံးသတ်မှာတော့ သူသည် ခန္ဓာကိုယ်ကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။
သတိလစ် မမေ့မြောခင်မှာပဲ စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိသည်။ Òသူတကယ် လေးနက်ရင် ကြောက်ဖို့ကောင်းတာပဲÓ
ဝှစ်
ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည့်အချိန်မှာတော့ ကျိုးကြေလျက်ရှိနေသည့် စင်မြင့်ကြီးပေါ်တွင် ဟယ်ဝူတီ သည် မတ်မတ်ရပ်လျက်ရှိနေတုန်းပင်။ သူသည် အပြင်၌ မေ့ကာလဲလျက်ရှိနေသည့် ရီရှင်းချန် လှမ်းကြည့်ကာ ဦးခေါင်းကို ငုံ့လိုက်မိသည်။ Òငါ နည်းနည်း ကြမ်းသွားတယ်နဲ့ တူတယ်Ó
Òတိမ်ပြာစကြဝဠာပတ်လမ်းရဲ့ ကြယ်တာရာပြိုင်ပွဲ ဗိုလ်စွဲသူ ပြိုင်စံရှားဂိုဏ်း တပည့် ဟယ်ဝူတီÓ ဒိုင်လူကြီး သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။
Òဒင်... အထူးတာဝန် ပြည့်စုံသည်Ó
Òဒင်... အထူးတာဝန် ဆုလာဘ်ကို တွက်ချက်နေသည်Ó
ဗိုလ်စွဲသူကို သတ်မှတ်လိုက်ပြီ ဖြစ်သောကြောင့် သတိပေးသံသည် ထွက်ပေါ်လာသည်။ ကျွင်းချောင်ရှောင်း သည် မျက်နှာတစ်ခုလုံးကို အုပ်ကာ ကာဖြင့် အားရပါးရ ရယ်မောနေမိသည်။
Òတူလေး..Ó
ကုထျန်းရှင်း သည် ဘေးမှလှမ်းကာ မေးလိုက်၏။ Òမင်းအဆင်ပြေရဲ့လားÓ
Òအဆင်ပြေပါတယ်Ó
ကျွင်းချောင်ရှောင်း သည် ပျော်ရွှင်သွားမိသည်။ Òသီချင်းတစ်ပုဒ်လောက် ဆိုလိုက်ချင်တယ်Ó
ကုထျန်းရှင်း က ပြောလိုက်၏။ Òမင်းတပည့်တွေက ဗိုလ်စွဲခဲ့ပြီ။ ပြီးတော့ စကြဝဠာနတ်တိုက်ပွဲကို ဝင်ဖို့ လက်မှတ်တွေ အများကြီးလည်း ရခဲ့တယ်။ ဒါပျော်စရာကောင်းတဲ့အရာပေါ့။ ဆိုလိုက်စမ်း။ မင်းကို ဘယ်သူမှ မရယ်မောစေရဘူးလို့ ငါအာမခံတယ်Ó
Òအဟမ်း …. အဟမ်း …Ó ကျွင်းချောင်ရှောင်း သည် လည်ချောင်းကို ရှင်းလိုက်၏။ ပြီးနောက် မတ်တပ် ထရပ်ကာ လက်နှစ်ဖက်ကို အပေါ်သို့မြှောက်၍ ကျယ်လောင်စွာ သီချင်းဆိုလိုက်တော့သည်။
“လာ .....လာ .. လာလာလာ....Ó
လူကြီးမင်းကု ပြောဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ မည်သူမှသည် ထကာ မကောင်းပြောဆိုခြင်းကို မပြုလုပ်ကြချေ။ အဘယ့်ကြောင့်ဆိုသော ပွဲကြည့်စင်ထက်တွင် ကြည့်ရှု့လျက်ရှိနေသည့် ပွဲကြည့် ပရိတ်သတ်များ အားလုံးတို့သည် ဒွါရကိုးပေါက်မှ သွေးများယိုစီးကာဖြင့် သတိလစ်မေ့မြောသွားခဲ့ သောကြောင့်ပင်။
Òအား ..Ó
Òဝေါ့..Ó
ကုထျန်းရှင်း သည် ထိုင်ခုံကို အသာမှီလိုက်ရ၏။ စူးရှလွန်းသောအသံသည် သူ၏ နားထဲသို့ ဝင်ရောက်ပြီးသည့်နောက် သွေးများပင်ပြောင်းပြန် စီးတက်သွား၏။ သူ၏ လက်များ ခြေများပင်လျှင် တဆတ်ဆတ်နှင့် တုန်ယင်နေလေသည်။
Òဒင်.. ဒင်..အထူးတာဝန် တွက်ချက်မှုပြီးဆုံးသည်Ó
Òဒင်...သင်၏ တပည့်သည် နတ်တိုက်ပွဲသို့ ဝင်ရောက်ခွင့်ရရန် လက်မှတ် - ၈/၂ ကို အောင်မြင်စွာ ရရှိခဲ့၏။ လိုအပ်ချက်များသည် ပြည့်စုံသွားခဲ့သည်။ တာဝန်ပြည့်စုံမှုနှုန်းသည် လေးရာ ရာခိုင်နှုန်းဖြစ်သည်။ ထို့ကြောင့် လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို ရရှိ၏Ó
Òဒင်... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၂၆၀၀၀Ó
Òဒင်.. လက်ခံသူသည် အထက်စကြဝဠာ၏ ပထမဦးဆုံး အထူးတာဝန်ကို ပြည့်စုံအောင်ပြုလုပ်နိုင်ခဲ့၏။ ထို့ကြောင့် အထူးလျှို့ဝှက်နယ်မြေကို ဝယ်ယူခွင့်ရရှိသည်Ó
ကျွင်းချောင်ရှောင်း သည် ငြိမ်ငြိမ် သက်သက်ဖြင့် နားထောင်လျက်ရှိ၏။ သို့ပေမဲ့ သူသည် ကြောင်အသွားခဲ့၏။ ÒဒါပဲလားÓ
အထူးတာဝန်၏ ပြည့်စုံမှုနှုန်းသည် လေးရာ ရာခိုင်နှုန်းဖြစ်၏။ ဆုလာဘ်အနေနှင့် လျှို့ဝှက်နယ်မြေတစ်ခုကို ဝယ်ယူခွင့်ကိုသာ ရရှိလေသည်လား။ ထိုအပြင် ပိုက်ဆံများ သုံးကာ ထပ်မံဝယ်ယူရပေဦးမည်။ ဤလောက ကြီးတွင် တရားမျှတမှုဆိုသည်မှာ မည်သည့်နေရာကို ရောက်ရှိသွားသနည်း။
ဟူး..
ကုန်းရှန့်သည် ပြိုလဲလုမတတ် ဖြစ်လျက်ရှိနေသည့်အချိန်မှာပဲ စကြဝဠာတွင် ရှိနေသည့် စွမ်းအင်များ အားလုံးသည် သူ၏ ပိုင်ဝေ့ နှင့် ဝှေ့ထုံ ချက္ကရာများဆီသို့ ဝင်ရောက်လာခဲ့၏။ ပြီးနောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရှိနေသော ဒန်ထျန် နှင့် သိစိတ် အားလုံးကို ဖုံးလွှမ်းသွားခဲ့၏။