← Chapters

အခန်း ၁၈၁၈

Vol. 122 Ch. 1818

အခန်း ၁၈၁၈

Vol. 122 Ch. 1818

အပိုင်း (၁၈၁၈)

အဆင့်တက်ရန်အတွက် ဇဝေဇဝါနှင့် ဖြစ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အလွန် အားကောင်းလှသော အော်ရာများ၏ လွှမ်းမိုးမှုကို ခံလိုက်ရ၏။ ဤစွမ်းအင်များ အားလုံးသည် ဓာတ်သဘာဝ၊ ဝိညာဉ်စွမ်းအင်၊ သိုင်းပညာ၏ နက်နဲလှသော အဓိပ္ပာယ်များ ပါဝင်လျက်ရှိနေသည့် စွမ်းအင်မျိုးပင် ဖြစ်၏။

မယုံနိုင်စရာပင်။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်း သည် အလွန်ကောင်းမွန်လှသော တည်နေရာပတ်ဝန်ကျင်သို့ ရောက်ရှိသွားသကဲ့သို့ပင်။ သူ၏ဝိညာဉ်နှင့် အသွေးများအားလုံးသည် ဖြည်းဖြည်းခြင်းဖြင့် နက်နဲသည့်အရာများကို ထိတွေ့လျက်ရှိနေသည်။

အထူးတာဝန်ကို ပြည့်စုံပြီးသည့်နောက် သူသည် နောက်ဆုံးအချိန်၌ နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်၏။ အထက်နယ်မြေတွင်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ၎င်းတို့၏ ဘဝတသက်တာလုံး ထိုအရာကို နားလည်ရန် မတတ်နိုင်ခဲ့ကြပေ။ သို့ပေမယ့် ကျွင်းချောင်ရှောင်း မှာတော့ တာဝန်ကို ပြည့်ဝပြီးသည့်နောက် အဆင့်ချိုးဖျက်နိုင်ခဲ့လေသည်။ တကယ်ကို မနာလိုစရာပင်။

Òဟင်း”

၎င်း၏ ခန္ဓာကိုယ်ထဲသို့ အားကောင်းလွန်းလှသော အော်ရာများ ဝင်ရောက်လာခဲ့ပြီးသည့်နောက် မရီဒန် နှင့် ကျန်းချီ စွမ်းအင်များသည် ပိုမိုကာလှုပ်ခတ်လာခဲ့၏။ ဤဖြစ်စဉ်သည် အစစ်အမှန်ပဲ နေ၍ ထိုင်၍ ကောင်းမွန်စေခဲ့၏။ ထိုင်ခုံပေါ် အသာမှေးမှိန်ကာဖြင့် အမှတ်မထင် အော်ဟစ်ငြီးတွားနေမိ၏။

“အား … ကောင်းလိုက်တာÓ

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကုထျန်းရှင်းသည် ရုတ်တရက် မျက်နှာကို လက်သီးနှင့် ထိုးချင်စိတ်ပင် ပေါက်မိနေ၏။ လူပေါင်းများစွာတို့၏ ရှေ့တွင် အဘယ့်ကြောင့် လာရောက်ကာ ခံစားချက်အပြည့်နှင့် ငြီးတွားနေရသနည်း။ မဟုတ်သေးပေ။ ဤကောင်လေးကို ကြည့်ရသည်မှာ ......။

ဝှစ်..

လက်ရှိအခြေအနေမှာတော့ ဆန်းကြယ်လှသည့် လေလှိုင်းများသည် ရုတ်တရက် ကျွင်းချောင်ရှောင်း ၏ အနီးပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာခဲ့၏။ လူကြီးမင်းကုသည် အချိန်မီ ခန္ဓာကိုယ်ကိုသာ မထိန်းချုပ်နိုင်ပါက ရုတ်တရက် အ‌နောက်ဘက်သို့ပင် လွင့်စင်သွားမှာသေချာ၏။

Òသူအဆင့် တက်တော့မှာလားÓ

အနီးကပ်ဆုံးတည်နေရာတွင် ရှိနေသည်ဖြစ်သောကြောင့် ကုထျန်းရှင်းသည် ထွက်ပေါ်လာသည့် အော်ရာ များကို အာရုံခံလိုက်မိသည်။ သူသည်အံ့အားသင့်စွာဖြင့် မျက်လုံးများလည်း ပြူးထွက်နေမိသည်။

သိုင်းကျင့်ကြံသူများ အနေနှင့် အဆင့်တက်သည်ဆိုသည်မှာ နားလည်လက်ခံပေးရမည့် အရာပင်ဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့ ကြီးမားလွန်းလှသော ပြိုင်ပွဲကြီးအတွင်းတွင် ရုတ်တရက် အဆင့်တက်နေသည် ဆိုသည်မှာတော့ ဖြစ်ကတတ်ဆန်း ဆန်လွန်းနေ၏။

ကုထျန်းရှင်းသည် သူအဆင့်တက်ခဲ့စဉ်က အခြေအနေကို ပြန်လည်ကာ စဉ်းစားကြည့်မိ၏။ သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်ဆီသို့ လှမ်းတက်ရန် အချိန်ကျရောက်တော့မည်ဖြစ်ကြောင်း သိရှိသည့် အချိန်မှာတော့ နှစ်ပေါင်းများစွာ ကြိုတင်ကာ ပြင်ဆင်ခဲ့၏။ ထိုအပြင် အကောင်းမွန် ဆုံးသော ပတ်ဝန်းကျင်တည်နေရာကို ရွေးချယ်ပြီးသည့်နောက် သူငယ်ချင်းနှင့်ရောင်းရင်းများနှင့် မိသားစုများကိုပါ အားပေးရန် ဖိတ်ကြားခဲ့သေး၏။

နတ်ဘုရား လျှို့ဝှက်နယ်မြေဆီသို့ အဆင့်ချိုးဖျက်ခြင်းဆိုသည်မှာ အလွန်ပင် နတ်ဆန်လွန်းလှသော အရာ ဖြစ်သည်။ သိုင်းပညာရှင်များအနေနှင့် လေးလေးနက်နက် ဆက်ဆံပြုမှုသင့်သည့်အရာမျိုးပင်။

ကျွင်းချောင်ရှောင်းလို မဟုတ်ပေ။ ကျွင်းချောင်ရှောင်း သည် အဓိကပြိုင်ပွဲကြီးကျင်းပနေသည့် အလယ်တွင် အဆင့်ချိုးဖျက်လျက် ရှိနေ၏။ အထက်နယ်မြေရှိ အမြင့်ဆုံးသောကျင့်ကြံခြင်းအဆင့်အား နည်းနည်းလေးမှ လေးစားမှုမပေးခဲ့ချေ။

ဝှစ်.. ဝှစ်..

ဆန်းကြယ်လှသော လေလှိုင်းများသည် တစ်ချက်ကလေးမှ ချုပ်နှောင်ထားခြင်းမရှိဘဲ အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးကို မကြာမီပင် ပြည့်နှက်သွားခဲ့၏။

ဝုန်း..ဝုန်း..

ဤလောကထဲတွင် ရှိနေသည့် နတ်ဆိုးသားရဲ၊ မွန်းစတားသားရဲများ အားလုံးတို့သည် သံပြိုင်ဆိုသလိုပဲ ထကာ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် အဆုံးစွန်သော လေးစားမှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။ ဤအော်ရာများသည် ၎င်းတို့ ချီးမြှောက်ရမည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် မွေးဖွားလာခဲ့သည့် သင်္ကေတပင်။

Òဘာတွေဖြစ်နေတာလဲÓ

Òတစ်ယောက်ယောက်က အဆင့်ချိုးဖျက်တော့မှာပဲÓ

Òဒါ နည်းနည်းမများလွန်းဘူးလားÓ

Òဖြစ်နိုင်တာကÓ

သိုင်းကျင့်ကြံသူများသည် အနီးကပ်ဆုံးနေရာတွင်ရှိနေသည့် စွမ်းအင်လှိုင်းများကို လှမ်းကာ အာရုံခံမိလိုက် ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ခဲ့သည် ဆိုလျှင်တောင်မှ ၎င်းတို့၏ ဆံနွယ်များသည် လေထဲသို့ လွင့်ပါလျက်ရှိနေ၏။ သူတို့သည် အကောင်းဆုံးကြိုးစား၍ ကျွင်းချောင်ရှောင်း တည်ရှိရာ နေရာဆီသို့ ကြိုးစားကာ ကြည့်ရှု့ပြီးသည့်နောက် သံပြိုင်ဆိုသလိုဘဲ အော်ဟစ်လိုက်မိသည်။ Òနတ်ဘုရား လျှို့ဝှက်အဆင့်Ó

Òဂိုဏ်းချုပ်က အဆင့်ချိုးဖျက်တော့မှာလားÓ ဟယ်ဝူတီ မေးမြန်းလိုက်မိ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများ အားလုံးသည် တောက်ပစွာ ပြုံးမိလိုက်ကြတော့သည်။ ဂျူနီယာညီလေးဟယ် သည် အဓိကပြိုင်ပွဲကြီး၏ ဗိုလ်စွဲသူဖြစ်လာခဲ့ပြီး ဂိုဏ်းချုပ်သည် နတ်ဘုရား လျှို့ဝှက် အဆင့်ဆီသို့ တက်လှမ်းနိုင်ခဲ့၏။ ကောင်းမွန်သည့် အရာများသည် အတူတကွ ရောက်ရှိလာသကဲ့သို့ပင်။

ဆွစ်..

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့၏။

Òသူဘယ်ရောက်သွားတာလဲÓ

ကုထျန်းရှင်းသည် အလောတကြီးဖြင့် သူ စိတ်ဝိညာဉ် အာရုံများကို ဖြန့်ကျက်လိုက်၏။ သို့ပေမဲ့ ကုန်းရှန့်ကို ရှာဖွေမတွေ့ရှိခဲ့ချေ။ ထို့အတူ ပြိုင်စံရှားဂိုဏ်းမှ တပည့်များနှင့် သူ၏သားသည်လည်း ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ ကျွင်းချောင်ရှောင်း ပျောက်ကွယ်သွားပြီးသည့်နောက် အခွင့်အရေးကို အရယူကာဖြင့် လောကကြီးနိယာမများကို နားလည်ရန် ပြင်ဆင်လျက်ရှိနေပြီး သိုင်းကျင့်ကြံသူများ အားလုံးသည် ရုတ်တရက် ပြိုလဲသွားမိ၏။

Òဘယ်ရောက်သွားတာလဲÓ

........

ထာဝရ လောကကြီး

ဆန်းကြယ်လွန်းလှသော အော်ရာများထွက်ပေါ်လာလျက်ရှိပြီး ဂြိုလ်ကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။

Òဘာတွေဖြစ်နေတာလဲÓ

ကလန် အသီးသီးဆီမှ သိုင်းကျင့်ကြံသူများသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများ အားလုံးကို မော့ကာကြည့်ရှု့လိုက်မိ၏။ ၎င်းတို့ အားလုံးသည် တုန်လှုပ်လျက် ရှိနေသည်။ မကြာခင်မှာဘဲ ကျွင်းချောင်ရှောင်း သည် မျက်လုံးကို စုံမှိတ်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တန့်လျက်ရှိနေကြောင်း အားလုံးက သတိပြုမိလိုက်ကြ၏။

၎င်းသည် တောင်ထွတ်တစ်ခုတွင် ရပ်တန့်လျက် ရှိနေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ၎င်းထုတ်လွှင့် လိုက်သော အော်ရာများသည် ကောင်းကင်လျှို့ဝှက်နယ်မြေအဆင့်၏ နက်နဲလှသော နိယာမ သဘာဝများ ပါဝင်လျက်ရှိ၏။ ထိုအရာကို နားလည်အောင်ကြည့်ရှု့နိုင်မည်ဆိုလျှင် ထာဝရလောကကြီးထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ အဆင့်သည် တိုးတက်သွားနိုင်၏။ ထို့ကြောင့် ကုန်းရှန့် ဖြစ်နိုင်သမျှ အမြန်ဆုံး ထာဝရလောကကြီးထဲသို့ ဝင်ခဲ့ခြင်းပင် ဖြစ်သည်။

ဤနေရာတွင်ရှိနေသော သက်ရှိသတ္တဝါများအားလုံးသည် ထိုအရာကို နားလည်နိုင်စွမ်း ရှိပေလိမ့်မည်။ အားလုံးသောသူတို့သည် မြေပေါ်တွင် ခြေချိတ်ကာထိုင်လျက်ရှိနေကြပြီး ၎င်းတို့၏ အနီးတစ်ဝိုက်တွင် ရှိနေသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ရူးရူးမူးမူးစုပ်ယူလျက် ရှိ၏။

ဆွစ်.. ဆွစ်...

ခဏနောက်ကြာပြီးသည့်နောက် များပြားလှသော သိုင်းကျင့်ကြံသူများသည် အဆင့်သစ်တစ်ခုဆီသို့ တိုးတက်ကာ ချိုးဖျက်နိုင်ခဲ့ကြတော့၏။ များပြားလှသော သတ္တဝါများနှင့် များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများ အဆင့်ချိုးဖျက်သည်ဖြစ်သောကြောင့် လေထုထဲတွင် ဖြစ်နေသည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် ပိုပိုကာ အားကောင်းလာခဲ့သည်။

အဆင့်တက်သည့်အော်ရာများသည် သစ်ပင်ကျောက်တုံး၊ မြေဆီလွှာနှင့် တခြားသော အရာများကို လွှမ်းခြုံပြီး သည့်နောက် ဂြိုဟ်ထဲတွင်ရှိနေသော ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် ထပ်မံကာ တိုးတက်လာခဲ့၏။ သိုင်းကျင့်ကြံသူ များသည် အဆင့်ချိုးဖျက်နိုင်ရန်အတွက် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝ များကို မှီခိုရ၏။ ယခု ၎င်းတို့အဆင့် ချိုးဖျက်ပြီးသည့်နောက် ထွက်ပေါ်လာသည့် ကောင်းကင်နှင့်မြေကြီး၏ အော်ရာများကလည်း ဂြိုဟ်တစ်ခုလုံးကို ပြန်လည်ကာ သန့်စင်ပေးလျက်ရှိ၏ ဤအရာမှာ မျှချေပင်ဖြစ်တော့၏။

ထို့ကြောင့် သိုင်းကျင့်ကြံသူများသည် ဤဂြိုဟ်ဆီမှ ထွက်ခွာမသွားခဲ့ကြခြင်းပင်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် မှီခိုရသည့် အခြေအ‌နေတစ်ခုဆီသို့ သက်ရောက်သွားသည်။

ÒရပြီÓ

ရီရှင်းချန် သည် မြေပေါ်တွင်လဲလျောင်းလျက်ရှိနေပြီး မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ ဂိုဏ်းချုပ်ဆီမှ ထုတ်ဖော်လျက်ရှိနေသည့် နတ်ဘုရားလျှို့ဝှက်အဆင့်၏အော်ရာများကို အာရုံခံပြီးသည့်နောက် နတ်ဘုရားလျှို့ဝှက် အဆင့် ခြေတစ်လှမ်းဝင်နိုင်သည့် အခွင့်အရေးဆီသို့ လှမ်းမြင်နိုင်ခဲ့၏။ သို့ပေမဲ့ တံခါးတစ်ချပ်က တည်ရှိလို့နေသေးသည်။ ထိုတံခါးတစ်ချပ်ကို ဖွင့်နိုင်မှသာလျှင် အဆင့်မြင့် တည်နေရာဆီသို့ တက်လှမ်းနိုင်မှာဖြစ်၏။

စုရှောင်မို၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည်လည်း အနည်းနှင့်အများဆိုသလို ရရှိခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံး၏ ရှေ့တွင်လည်းတံခါး တစ်ချပ် တည်ရှိနေသေး၏။ ထိုအရာကို ချိုးဖျက်နိုင်မည်လား။ မချိုးဖျက်နိုင်ဘူးလား ဆိုသည်မှာတော့ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားပေါ်တွင် မူတည်လျက်ရှိနေသည်။

တောင်၏ ထိပ်ပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်တပ်ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်း သည် နတ်ဘုရားလျှို့ဝှက်အဆင့်၏ ဆန်းကြယ်လွန်းလှသော အော်ရာများကို ဆက်တိုက်ဆိုသလိုပဲ ထုတ်ဖော်လျက်ရှိသည်။ ထာဝရလောကထဲရှိ သက်ရှိသတ္တဝါများအားလုံးကို အကျိုးကျေးဇူးရရှိစေခဲ့၏။

တချို့သော သူများသည် အဆင့်မချိုးဖျက်နိုင်သည်ဆိုသော်လည်း ဂြိုဟ်ကြီး၏အလုံးစုံသော အားအင်အဆင့် ပိုမိုကာ တိုးတက်လာသည်ဖြစ်သောကြောင့် အဆင့်ချိုးဖျက်နိုင်ရန် ဆိုသည်မှာ အချိန်ကြာမြင့်တော့မည် မဟုတ်ချေ။

ထို့အပြင် ဤကဲ့သို့သော အခြေအနေမျိုးတွင် မွေးဖွားလာခဲ့သည့် ကလေးများအားလုံးတို့သည် သာမန်ထက်ပိုသည့် ပါရမီရှင်များဖြစ်လာပေလိမ့်မည်။ လက်ရှိဖြစ်နေသည့် အဖြစ်အပျက်ကို ဖော်ညွှန်းရမည် ဆိုလျှင် လူတစ်ယောက်သည် တာအိုကို လက်ခံရယူပြီးသည့်နောက် သူမွေးထားသည့် ကြက်နှင့်ခွေးများ ပင်လျှင် ကောင်းကင်ကို တက်လှမ်းနိုင်သည် ဆိုသည့် စကားရပ်နှင့်ပင် ဆင်တူနေတော့၏။

ÒအဘိုးကြီးÓ

ထူးခြားလှိုဏ်ဂူ၏ အပြင်ဘက်မှာတော့ မာဆာတိုကီတာနိုသည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ Òခင်ဗျားတပည့်က ကောင်းကင်ကို တက်လှမ်းသွားပြီÓ

Òသူလိုလူမျိုးကို တပည့်အဖြစ် ခေါ်ယူနိုင်ခဲ့တာ ကျုပ်အတွက် ကြီးမားလှတဲ့ လုပ်ဆောင်မှုတစ်ခုပဲÓ ကြီးမြတ်သူ တုံးကု က ပြောလိုက်သည်။

......

ဝှစ်.. ဝှစ်

နတ်ဘုရားလျှို့ဝှက်အဆင့်၏ အော်ရာများသည် ဆက်တိုက်ပင် ထွက်ပေါ်လျက်ရှိနေ၏။ အားလုံးသော သူတို့ကို အကျိုးကျေးဇူး ရရှိစေခဲ့သည်။ သို့ပေမဲ့ နာရီအနည်းငယ်ကြာပြီးနောက် နတ်ဘုရားလျှို့ဝှက် အဆင့်၏ အော်ရာများသည် တဖြည်းဖြည်းအားနည်းလာခဲ့ပြီး ကောင်းကင်နှင့်‌မြေကြီး အတွင်းတွင် ပျောက်ကွယ်သွားခဲ့တော့၏။

Òမကျေနပ်သေးဘူးÓ လူများအားလုံးသည် မကျေမနပ် ဖြစ်လို့နေခဲ့တုန်းပင် ဖြစ်၏။ သူတို့အားလုံးသည် တောင်ထိပ်ပေါ်သို့ မော့ကာကြည့်ရှု့လိုက်၏။ ကျွင်းချောင်ရှောင်း သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ဂုဏ်ယူစွာ ရပ်တန့်လျက်ရှိပြီး မျက်လုံးများကို စုံမှိတ်ထားသည်။

သူသည် ပြောင်းလဲသွားခဲ့၏။ အားလုံးသောသူတို့၏ အဝေးတွင်တည်ရှိနေသည့် လူတစ်ယောက်လို့ ထင်ရဟန်ရှိသော်လည်း အားလုံး၏ ရှေ့တွင် ရှိနေသည့် လူတစ်ယောက်ဟု ထင်ရပြန်သည်။ ၎င်း၏ ဆံပင်များသည် လေထဲတွင် လွင့်လျက်ရှိနေ၏။ ကြည့်ရှု့၍ အလွန်ပင် ကောင်းလွန်းလှ၏။

ကလန်တစ်ခု၏ မိသားစုခေါင်းဆောင်သည် ဒူးထောက်ကာ ထိုင်ချပြီးနောက် အော်ဟစ်လိုက်မိသည်။ Òဒါက နတ်ဘုရားပဲÓ

ဘုတ်...ဘုတ်....ဘုတ်...

ကလန် အဖွဲ့သားများ အားလုံးသည် ဒူးထောက်ပြီးသည့်နောက် ယုံကြည်သူများကဲ့သို့ပင် ကိုးကွယ်လျက် ရှိနေကြ၏။

ဆွစ်...

အချိန်အတော်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ မျက်လုံး ထဲတွင် ရှိနေသော အလင်းတန်းများပင်လျှင် နတ်ဘုရားလျှို့ဝှက်အဆင့်၏ အော်ရာများ ပါဝင်လျက်ရှိနေ၏။

Òဂုဏ်ယူပါတယ် ဂိုဏ်းချုပ်… နတ်ဘုရား လျှို့ဝှက်အဆင့်ကို ဝင်ရောက်နိုင်တဲ့အတွက်Ó

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

Òဂိုဏ်းချုပ်က လောက၏အကျိုးကို အကောင်းဆုံး သယ်ပိုးမယ့်သူဖြစ်တယ်Ó

၎င်းတို့၏ အသံသည် လောကတစ်ခုလုံးကိုပင် ပျံနှံ့သွား၏။

ဆွစ်..

ကျွင်းးချောင်ရှောင်သည် လက်ကိုယမ်းခါပြီးသည့်နောက် ဂိုဏ်းထဲတွင် ရှိနေသော နှင်းဆီဧကရီကို ဆွဲခေါ်လိုက်၏။ ပြီးနောက် သူသည် သူမ၏ ခါးကို အသာဖက်ကာဖြင့် လေထုထဲသို့ အသာ လှည့်လိုက်သည်။

လီချင်းယန် သည် နတ်ဘုရားလျှို့ဝှက်အဆင့် ခြေလှမ်းဝက်ဆီသို့ အဆင့်ချိုးဖျက်ပြီးသည့်နောက် ဤကဲ့သို့ သော အရာမျိုးကို ပြုလုပ်ခဲ့၏။ ယခု နတ်ဘုရားအဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့ပြီဖြစ်သော ကုန်းရှန့် သည်လည်း ဤကဲ့သို့အရာမျိုးကို ပြုလုပ်ရန် ကြံစည်နေလေသည်လား။

“ကျုပ်”

ကျွင်းချောင်ရှောင်း သည် မျက်နှာကို အသာရှေ့တိုးလိုက်၏။

ခါးမှ ဖက်ခံထားရသော နှင်းဆီဧကရီ သည် ချက်ချင်းပဲ ရှက်သွေးဖြာသွားမိ၏။ သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံကာဖြင့် ပြောလိုက်မိသည်။ Òဒါလောက် လူတွေအများကြီးကြည့်နေတာ သင့်တော်ပါ့မလားÓ

Òကျုပ်.. ကျုပ် ချောလားÓ

ကျွင်းချောင်ရှောင်း ဤစကားကို လေးလေးနက်နက်ပြောဆိုလိုက်ခြင်းဖြစ်သည်။ နောက်ပြောင်နေသည့် ဟန်ပန်မျိုးမရှိချေ။

နှင်းဆီဧကရီမှာတော့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့မိ၏။ သူမ၏ယောကျ်ားသည် လူမြင်ကွင်းတွင် သူမအား နမ်းရှိုက်တော့မည်ဟု ထင်မှတ်ခဲ့သည်။ သို့ပေမယ့် ချောသလားဟု လာရောက်ကာ မေးမြန်းလျက်ရှိနေ၏။ အရှက်မဲ့လှချေသည်။

သို့ပေမဲ့ သူမနှစ်သက်၏။

Òချောတာပေါ့Ó

နှင်းဆီဧကရီက ပြုံးလိုက်သည်။

Òဒါပေမဲ့Ó

သူမက ထပ်ပြောလိုက်၏။ Ò ရှင် ခေါင်းတုံးသာတုံးလိုက်မယ်ဆိုရင် ပိုပြီးချောသွားမယ် ထင်တယ်Ó

Òအင်းÓ အတွေးတစ်ချက်နှင့်ပင် ကျွင်းချောင်ရှောင်း၏ ဆံပင်များသည် ပျောက်ကွယ်သွားခဲ့ပြီး တောက်ပြောင်လျက် ရှိနေသည့် ဦးခေါင်းကြီးပေါ်ပေါက်လာသည်။

Òချောတယ်။ ချောတယ်။ အရမ်းချောတာပဲÓ နှင်းဆီဧကရီသည် တောက်ပသည့် မျက်ဝန်းအစုံဖြင့် ပြောလိုက်၏။

ဆွစ်..

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ အတွေးတစ်ချက်နှင့် ပြောင်းလဲလိုက်သည့်အချိန်မှာတော့ ခေါင်းတုံးကြီးမှသည် အမဲရောင်ဆံနွယ်များအဖြစ် ဖြစ်တည်လာခဲ့၏။ ထိုဆံပင်များသည် ခါးလောက်ပင် ရောက်ရှိလာခဲ့၏။ ဆိုလိုသည်မှာ ဆံပင်တွေ ခါးလောက်ရှည်သွားပြီဖြစ်သောကြောင့် မင်းကို လက်ထပ်မည် ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။

နှင်းဆီဧကရီသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ Òနတ်ဘုရားလျှို့ဝှက်အဆင့်ကို အဆင့်ချိုးဖျက်ပြီးတဲ့ အချိန်မှာ ဆံပင်ရဲ့အတိုအရှည်ကိုတောင်မှ ထိန်းချုပ် နိုင်စွမ်းရှိသွားတာလားÓ

Òအမှန်ပဲÓ

Òအံ့အားသင့်စရာပဲနော်Ó

ကျွင်းချောင်ရှောင်း ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နှက်လျက်ရှိ၏။

Òနတ်ဘုရား လျှို့ဝှက်အဆင့်ကို ဝင်ရောက်ပြီးတဲ့အချိန်မှာ ဂရုစိုက်ရမှာက ဘယ်လောက်ကြီးအားကောင်း လာတယ်ဆိုတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဆံပင်အတိုအရှည်ကို လာပြီး ဂရုစိုက်နေရတာလဲ။ သောက်တလွဲကျွင်းပါပဲÓ စနစ်သည် မည်သို့မှ မ‌နေနိုင်ပဲ ထကာ အော်ဟစ်လိုက်မိသည်။

All Chapters