အခန်း ၁၈၁၉
Vol. 122 Ch. 1819
အပိုင်း (၁၈၁၉)
နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့် မြေကြီး၏နိယာမများကို အဆင့်ကြီးအဆင့်ထိ ပိုမိုကာနားလည်ကာ ကျွမ်းကျင်လာခဲ့၏။ ထို့ကြောင့် ဆံပင်များကို စိတ်ကြိုက် တိုချင်တို၊ ရှည်ချင်ရှည် ပြုလုပ်လို့ရလာခဲ့၏။
ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးခြင်းအစီအရင်ကို လေ့လာပြီး အထက်နယ်မြေဆီသို့ တက်လှမ်းရန် ကြိုးစားခဲ့ရသည့်အချိန်တုန်းက သူသည် အကျိုးဆက်ကို ခံလိုက်ရကာ ဆံပင်များဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့် သူသည် ဆံပင်ပြန်ပေါက်သည့်ဆေး သို့မဟုတ် ဆံပင်တုများကို အသုံးပြုမှီခိုခဲ့ရ၏။ လက်ရှိ အခြေအနေမှာတော့ အလွန်ခက်ခဲလှသည့် ပြဿနာကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်သည်။
ထိုအရာသည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ တိုးတက်ရောက်ရှိခဲ့သောကြောင့်ပင်။ ဆံပင်များထပ်မံကာ ဆုံးရှုံးသွားရမည်ကို သူ့အနေနှင့် စိုးရိမ်ပူပန်စရာမလိုတော့ချေ။ တစ်သက်တာလုံးတွင် ဆံပင်တုကို ဝတ်ဆင်စရာလည်း မလိုအပ်တော့ချေ။ အတွေးတစ်ချက်နှင့်ပင် သူသည် ဆံပင်များကို ခါးထိပင် ရှည်အောင် ပြုလုပ်နိုင်၏။ မင်း ငါ့ကို လက်ထပ်နိုင်မလား စီနီယာအဖြူ ,,,,။
အတွေးတစ်ချက်နှင့်ပင် သူသည် ခေါင်းတုံးဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိနေပြန်၏။ လက်ရှိ အခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် အသံကုန်ဟစ်ကာဖြင့် သီချင်းအော်ဆိုချင်စိတ်ပင် ပေါက်လျက် ရှိနေသည်။
Òလက်ခံသူရဲ့ အာရုံစူးစိုက်မှုက တခြားသူတွေနဲ့ ခြားနားနေတာပဲÓ
စနစ်သည် စောဒကတက်လိုက်၏။ Òငါ အရှုံးပေးပါပြီÓ
ဆွစ်
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးမှ ပျောက်ကွယ်သွားခဲ့သည်။
သူထွက်ခွာသွားပြီး သည့်နောက် များပြားလှသောလူများသည် ဉာဏ်အလင်းဝင်နေသည့်အခြေအနေသို့ ရောက်ရှိလျက် ရှိနေတုန်းပင်။ တချို့သောသိုင်းကျင့်ကြံသူများသည် အဆင့်ချိုးဖြတ်နိုင်ခြင်းမရှိသော်လည်း ထိုဉာဏ်အလင်း များမှတဆင့် အကျိုးကျေးဇူးများ ကျိန်းသေပေါက် ရရှိပေလိမ့်မည်။ ၎င်းတို့အနေဖြင့် နောက်အဆင့်ကြီး တစ်ခုကို ချိုးဖြတ် ရောက်ရှိနိုင်ရန်ဆိုသည်မှာ အချိန်ကာလတစ်ခုသာလျှင် လိုအပ်ပေလိမ့်မည်။
ဆွစ် ဆွစ် ဆွစ်
ကြယ်တာရာပြိုင်ပွဲ၏ ပွဲခင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များနှင့်အတူ ပြန်လည်ရောက်ရှိ လာ၏။ သို့ပေမဲ့ ပွဲကြည့်စင်ပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ချေ။
Òဘယ်ရောက်သွားကြတာလဲÓ ကုန်းရှန့်သည် တွေဝေစွာဖြင့် မေးလိုက်မိ၏။
ဟယ်ဝူတီက သတိပေးလိုက်သည်။ Òဂိုဏ်းချုပ်... ထာဝရလောကကြီးထဲကို ကျုပ်တို့ရောက်နေတာ ရက်အနည်းငယ်လောက်ကြာသွားပြီနဲ့ တူတယ်Ó
နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသည်မှာ နာရီအနည်းငယ်လျှင်သာကြာပေ၏။ သို့ပေမဲ့ အပြင်ဘက်တွင် ဗိုလ်လုပွဲသည် ပြီးစီးသွားခဲ့ပြီဖြစ်ပြီး ဗိုလ်စွဲသူကိုလည်း ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၏။ တစ်ဖက်လူ များသည် သူတို့ကို ရှာဖွေမတွေ့ရှိသောကြောင့် ကျိန်းသေပေါက် ထွက်ခွာသွားခဲ့ကြမှာသေချာ၏။
Ò...........Ó
ကျွင်းချောင်ရှောင်းသည် ဆွံ့အလို့နေခဲ့သည်။ Òငါလည်း ထွက်ပြီးတော့ဟန်ထုတ်ချင် တာပေါ့Ó
Òအမှိုက်Ó
ထိုအချိန်မှာပဲ ကုထျန်းရှင်းသည် ရုတ်တရက်ပျံသန်းရောက်ရှိလာ၏။ Òမင်း ဘယ်ရောက်သွားတာလဲÓ
ÒဦးလေးÓ
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲအားတက်သွားမိ၏။ ပြီးနောက်ပြောလိုက်သည်။ Òကျုပ်ရဲ့ ဆံပင်ပုံစံက ကောင်းလားÓ
ပြောပြီးသည့်နောက် သူ၏ဆံပင်များသည် တိုရာမှရှည်လာ၊ ရှည်ရာမှတို ပုံစံဒီဇိုင်းအမျိုးမျိုး ပြောင်းလဲပြလျက်ရှိ၏။
Òချီးကို ချောပါလားÓ
ကုထျန်းရှင်း၏ ဆံပင်ရှည်များသည် ရုတ်တရက် အလွန်ရှည်လျားစွာ ဖြစ်တည်လာခဲ့၏။ ပြီးနောက် သူသည် ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။ Òဒီလိုပုံစံကမှ လှတာကွÓ
Òဟာ ,,,,Ó
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ Òဒါ တကယ်လှတာပဲÓ
Òအင်း...ယောက်ျားတစ်ယောက်ရဲ့ချောမောခြင်းမှာ ဆံပင်ပုံစံက အရေးကြီးတယ်။ မင်းကငယ်သေးတယ်။ အနာဂတ်မှာ ပိုပြီးတော့ လေ့လာသင်ယူသင့်တယ်Ó
Òဦးလေး ပြောတာ မှန်တယ်Ó
Òလာ မင်းကို ငါနောက်ထပ်ပုံစံတစ်မျိုးပြမယ်Ó
၎င်းတို့နှစ်ယောက်သည် ဤဆံပင်အကြောင်းနှင့်ပတ်သက်၍ သေသေချာချာ ဆွေးနွေးတိုင်ပင်လျက် ရှိနေကြ၏။ ဆံပင်ကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ပြီး မည်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုးနှင့် ထားရမည်ဆိုသည့် အကြောင်းအရာမျိုးကို ပြောဆို ဆွေးနွေးလျက်ရှိနေ၏။
စနစ်သည် ဘယ်လိုမှမနေနိုင်ဘဲ ပြောလိုက်မိသည်။ Òနတ်ဘုရားလျှို့ဝှက်အဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ကြားမှာ ပြောစရာစကားတွေက အားအင်အဆင့်နဲ့ စွမ်းအင်တွေ အကြောင်းမဟုတ်ဘဲ ဘယ်လိုဖြစ်ပြီး ဆံပင်အကြောင်း ဖြစ်နေရတာလဲÓ
.......
ဗိုလ်လုပွဲသည် ပြီးစီးသွားခဲ့၏။ ကျွင်းချောင်ရှောင်းနှင့်သူ၏တပည့်များသည် ပြိုင်ပွဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်ဖြစ်သောကြောင့် ကုထျန်းရှင်းသည် ဆုလာဘ်ကို ကျွင်းချောင်ရှောင်း၏အစား ရယူ ခဲ့၏။ ဆုလာဘ်သည် အမှန်ပင် ရက်ရောလွန်းလှ၏။ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပင်ဖြစ်သည်။
ထာဝရလောကကြီးကို ပိုင်ဆိုင်နေပြီဖြစ်သော ကျွင်းချောင်ရှောင်းအတွက် ထိုအရာသည် ဘာမှပြောပ လောက်သည့်အရာမျိုးမဟုတ်ချေ။ အခြားတစ်ဖက်မှာတော့ ကြယ်တာရာပြိုင်ပွဲဗိုလ်စွဲသူဟူသည့် စာတန်းပါ ဆုလာဘ်ကြီးတစ်ခုကိုရရှိခဲ့၏။ အောက်တွင် ဟယ်ဝူတီဆိုသော နာမည်ကို စာတန်းထိုးထားခဲ့သည်။ ထိုအရာသည် ဂိုဏ်း၏ ဂုဏ်ပြုခံဟောခန်းတွင် သွားရောက်ထားရှိရမည့် အရာမျိုးပင်။
ဂုဏ်ပြုခံဟောခန်း - ဤအရာသည် အချိန်အတော်ကြာကတည်းက ဖန်တီးတည်ဆောက်ထားသော ဟောခန်းတစ်ခုပင်ဖြစ်၏။ အခြားဟောခန်းများနှင့်မတူဘဲ ဂုဏ်ပြုခံဟောခန်းသည် မည်သည့်ဟောခန်း သခင်နှင့် အဖွဲ့ဝင်မှ မရှိချေ။ များပြားလွန်းလှသော၊ အမျိုးအစားစုံလွန်းလှသော ဆုဖလားများ၊ အထိမ်းအမှတ် အောင်ပွဲများနှင့် ပတ်သက်သည့်အရာများကို သိမ်းဆည်းထားသည့်နေရာပင်။
ချင်းယန်နိုင်ငံ ဂိုဏ်းပြိုင်ပွဲဗိုလ်စွဲသူ ရှောင်ကျီမှစ၍ ရွှေရောင်ဘုတ်ပြားနှင့် ဖန်တီးပြုလုပ်ထားသော နဂါးကျားပြိုင်ပွဲ၏ ဗိုလ်စွဲသူ လီချင်းယန် ဆိုသည့် ကတ်ပြားများ၊ ဆိုင်းဘုတ်များ၊ ဆုတံဆိပ်များသည် ဤနေရာတွင်ထားရှိ၏။ ရေတွက်၍မရအောင် များပြားလွန်းလှသော ဤကဲ့သို့သော အောင်မြင်မှုများသည် ပြိုင်စံရှားဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်လာမှု၏ အကောင်းဆုံးသောသက်သေများပင်ဖြစ်သည်။
တပည့်များ၏ သိုင်းပြိုင်ပွဲများအကြောင်းကို ပြန်လည်ကာ စေ့စေ့စပ်စပ်တွေးတောစဉ်းစားရမည်ဆိုလျှင် လူအားလုံးသည် ပထမဦးဆုံးသော ဂိုဏ်းပြိုင်ပွဲတွင် ရှောင်ကျီတစ်ယောက် ဝိုင်ခွက်ကြီးကိုဖက်၍ ငိုယိုပြီး အောင်ပွဲခံသည့် အကြောင်းကို ပြန်လည်ကာသတိရလာမိကြ၏။
နဂါးကျားပြိုင်ပွဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဧကရီ အလင်းရောင်၏ လက်ဝါးရိုက်ချက်ကို မျက်နှာဖြင့် ဝင်ရောက်ကာ ကာကွယ်ပေးခဲ့ရသည်။
အနာဂတ်တွင် မည်သည့်ပြိုင်ပွဲမှ မရှိတော့ဘူးလား။ ရှိနိုင်သေး၏။ များပြားလွန်းလှသော ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရင်း တပည့်များအနေနှင့် ဤဂုဏ်ပြုခံဟောခန်း အတွင်းသို့ ဆုလာဘ်များကို ယူဆောင်လာမှာ သေချာ၏။
ဟယ်ဝူတီသည် ဗိုလ်စွဲခဲ့၏။ သို့ပေမဲ့ ကြယ်တာရာပြိုင်ပွဲဆိုသည်မှာ ဤအရာနှင့် အဆုံးသတ်သွားသည့် အရာမျိုးမဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ရှုံးသည့်လူများစာရင်းတွင် ရှိနေသည့် တပည့် နှစ်ဆယ်ကျော် တို့သည် ပြန်လည်ကာ တိုက်ခိုက်ပြီး ရွေးချယ်ခြင်းကို ခံရပေဦးမည်။ ရှုံးနိမ့်သူများအဖွဲ့၏ ပြိုင်ပွဲသည် မကြာမီ ရက်အနည်းငယ်အတွင်းတွင် ကျင်းပမည်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤမြို့၌ ခဏ ဆက်လက် နေထိုင်ခဲ့ရသည်။
သူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို အသုံးပြုပြီးသည့်နောက် ထျန်းချီထူးခြားလျှို့ဝှက် နယ်မြေဆိုသည့် အရာအား ဝယ်ယူခဲ့တော့၏။
Òဒီလျှို့ဝှက်နယ်မြေမှာ ထူးခြားလွန်းတဲ့ နက်နဲမှုတွေ အကုန်ပါဝင်နေတယ်။ ဒီထဲကို ဝင်လိုက်တယ်ဆိုတာနဲ့ ကောင်းကင်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို လှမ်းမျှော်ကြည့်ရှုနိုင်တယ်Ó
ဤအရာ၏ မှတ်တမ်းတွင်ရေးထိုးထားသည့် တစ်ခုတည်းသောစာကြောင်းပင်ဖြစ်သည်။
......
ကျွင်းချောင်ရှောင်းသည် အတွေးနက်လျက်ရှိ၏။ တိတိကျကျပြောရမည်ဆိုလျှင် ဤစကားလုံးနှစ်ခုသည် သူ့အား အမှန်ပင် အံ့အားသင့်စေ၏။ ထူးခြားလွန်းသော နက်နဲမှုများ၊ ကောင်းကင်၏လျှို့ဝှက်ချက်ကို လှမ်းမျှော်ကြည့်ခြင်း။
ထိုအရာများအားလုံးသည် သိုင်းကျင့်ကြံသူတစ်ယောက်ကို နတ်ဘုရားလျှို့ဝှက်အဆင့် ဆီသို့ လှမ်းမျှော်ဝင်ရောက်နိုင်သည့်အရာပင် မဟုတ်ပါလား။
Òဒီလိုဆိုရင်Ó
စနစ်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ Òဒါဆိုရင် တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ခုပဲÓ
ÒမဆိုးဘူးÓ ကျွင်းချောင်ရှောင်းသည် သဘောကျသွားမိသည်။
နတ်ဘုရားလျှို့ဝှက် အဆင့်ဆိုသည်မှာ လက်ရှိအခြေအနေတွင် အထက် စကြဝဠာတစ်ခုလုံးတွင် အမြင့်ဆုံးသော အဆင့်ဟူ၍လည်း သတ်မှတ်နိုင်၏။ ထိုနေရာဆီသည့်ရောက်ရှိနိုင်ရန် (သို့) အဆင့်ချိုးဖြတ်နိုင်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းလှချေ၏။
ယခု ထူးခြားလျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်ပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီး တွင်ရှိနေသည့် ဓာတ်သဘာဝများနှင့် လျှို့ဝှက်ချက်များကို လှမ်းမျှော်ကြည့်ရှုနိုင်သည်မှာ အမှန်ပင် ကောင်းချီး တစ်ခုဖြစ်သည်။
......
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် တောင်၏အနောက်ဘက်တွင် ထျန်းချီ ထူးခြားလျှို့ဝှက်နယ်မြေကိုထားရှိ လိုက်ပြီးသည့်နောက် ထိုအရာသည် လေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။
သူသည် အထဲကို လျှောက်ဝင်လိုက်သည်။ အခြားသော လျှို့ဝှက်နယ်မြေများနှင့် မတူဘဲ ဤထျန်းချီထူးခြားလျှို့ဝှက်နယ်မြေဆိုသည်မှာ ပုံရိပ်ယောင်ကဲ့သို့ပင် ဖြစ်တည်နေသည့်အရာမျိုးမဟုတ်ချေ။ သာမာန် လွတ်လပ်သော လောကကြီးတစ်ခုကဲ့သို့ပင်။
သို့ပေမဲ့ သာမာန်ကျသောပတ်ဝန်းကျင်ထဲတွင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ၊ သိုင်းကျင့်ကြံခြင်း၏နက်နဲလှသည့် သဘောတရားများပါဝင်လျက်ရှိနေသည်။
Òမယုံနိုင်စရာပဲÓ
ကျွင်းချောင်ရှောင်းသည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေ အဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် ဤလောကကြီးတွင်ရှိနေသည့် ဓာတ်သဘာဝများကို ကောင်းကောင်း အာရုံခံနိုင်၏။ ထိုအရာများသည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ အဆင့်ချိုးဖြတ်နိုင်သော အခွင့်အရေးကောင်းများ တည်ရှိလျက်နေကြောင်းကို သူကောင်းကောင်းသိရှိသွား၏။
Òအထက်ပိုင်းအကြီးအကဲ နဲ့ တပည့်တွေအားလုံး ဒီထဲကိုဝင်ပြီးကျင့်ကြံကြ။ ဒါဆိုရင် မနှေးနဲ့အမြန်ဆိုသလို နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ အဆင့်ချိုးဖြတ်သွားမှာပဲÓ ကျွင်းချောင်ရှောင်းသည် ချက်ခြင်းပဲ အပြင်ကို လျှောက်ထွက်ပြီးသည့်နောက် အကြီးအကဲနှင့်လက်ရွေးစင်တပည့်များအားလုံးကို ဆင့်ခေါ်လိုက်သည်။
Òဒါ လျှို့ဝှက်နယ်မြေအသစ်လားÓ စုရှောင်မို၏ မျက်လုံးများလင်းလက်သွား၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် Òဒါက ထျန်းချီ လျှို့ဝှက်နယ်မြေအဆင့်ပဲ။ ဒီထဲကိုဝင်သွားပြီဆိုရင် ကောင်းကင်နဲ့မြေကြီး ရဲ့ လျှို့ဝှက်ချက်တွေကို အာရုံခံနိုင်ပြီးတော့ နတ်ဘုရားလျှို့ဝှက်အဆင့်ဆီကို ချိုးဖြတ်ဝင်ရောက်နိုင်လိမ့်မယ်Ó
ပြောပြီးပြီးချင်းမှာပဲ တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
အားလုံးသောသူတို့တွင် ဟယ်ဝူတီ၏ မျက်နှာအမူအယာသည် အမှန်ပင် စိတ်ဝင်တစားနှင့် ဖြစ်လို့နေ၏။ အဆင့်မြင့်လောကဆီမှ ရောက်ရှိလာခဲ့သည့် တစ်စုံတစ်ယောက်ဖြစ်သောကြောင့် အထက်စကြဝဠာထဲတွင် အဆင့်မြင့်ဆုံးနယ်မြေများ ရှိကြောင်းကို သူကောင်းကောင်းသိရှိ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်နားလည်မှု ကြီးမားလှသောအခွင့်အရေးများကို အမှီပြုပြီး နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ တက်လှမ်းရခြင်းပင်ဖြစ်သည်။ ပြင်ပအကူအညီဖြင့် ရရှိနိုင်သည်ဟု သူတစ်ခါမှ မကြားခဲ့ဖူးချေ။
Òကောင်လေးတို့Ó
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ဖြန့်ကားကာဖြင့် ပြောလိုက်၏။ Òအထဲကို ဝင်ကြတော့Ó
ဝှစ် ဝှစ်
သူပြောပြီးပြီးချင်းမှာပဲ ရီရှင်းချန်သည် အရင်ဆုံးလှမ်းဝင်လိုက်တော့၏။ အနောက်မှ အထက်ပိုင်းအကြီးအကဲ နှင့် အခြားသောတပည့်များလိုက်ပါသွားကြသည်။
ကျွင်းချောင်ရှောင်းကပြောလိုက်၏။ Òငါတို့ပြိုင်စံရှားဂိုဏ်းက မကြာခင်မှာ နတ်ဘုရားလျှို့ဝှက်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတွေ အများကြီးရှိလာတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာလိမ့်မယ်Ó
မှန်ပေ၏။ လျှို့ဝှက်နယ်မြေထဲတွင် အလွန်ထူးခြားလွန်းလှသော ဓာတ်သဘာဝများ၏ နက်နဲမှုများ ပါဝင်လျက် ရှိနေ၏။ သိုင်းကျင့်ကြံသူတစ်ယောက်သည် ထိုအရာကို နားလည်ပြီး နိုင်သည်ဆိုပါက ၎င်း၏လက်ကို ပြောင်းပြန်လှန်လိုက်သလိုပင်။ နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်ဆီသို့ တစ်ခါတည်း ချိုးဖြတ်ရောက်ရှိသွားနိုင်သည်။
အိမ်မက်မှာလှပ၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ရက်စက်ခက်ခဲလွန်း လှချေ၏။
အထက်ပိုင်း အကြီးအကဲနှင့် ဂိုဏ်း၏တပည့်များသည် ထျန်းချီထူးခြားလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်သည့်အချိန်မှာတော့ သာမာန်ထက်ပိုသည့် လောကကြီးတစ်ခု၏ နက်နဲမှုများကို အာရုံခံမိကြ၏။ သိုပေမဲ့ ကောင်းကောင်း နားမလည်နိုင်ကြချေ။
Òဂိုဏ်းချုပ်Ó
စုရှောင်မိုက ပြောလိုက်၏။ Òဘာတစ်ခုမှလည်း မခံစားရပါလားÓ
Òမဖြစ်နိုင်တာÓ
ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်တွင် ရပ်ကာပြောလိုက်သည်။ Òဒီလောက်အားကောင်း လှတဲ့ သိုင်းပညာရဲ့နက်နဲမှုတွေကို မင်းတို့ဘာလို့အာရုံခံလို့မရတာလဲÓ
ÒကျေးဇူးပြုပြီးÓ
စနစ်သည် ဆွံ့အစွာဖြင့်ပြောလိုက်၏။ Òမင်းရဲ့နတ်ဘုရားလျှို့ဝှက်အဆင့်လေ။ ဒါကြောင့်မို့လို့ ကောင်းကင်နှင့်မြေကြီးရဲ့နက်နဲမှုတွေကို အာရုံခံနိုင်တာပေါ့။ ဒါပေမဲ့ မင်းတပည့်တွေက အစစ်အမှန် ရှာဖွေခြင်းအဆင့်မှာပဲရှိသေးတယ်။ အာရုံခံနိုင်ပြီဆိုရင် ထူးဆန်းနေတော့မှာပေါ့Ó
Ò...........Ó
ကျွင်းချောင်းရှောင်းသည် ဆွံ့အသွားမိ၏။ ဤနေရာ၌ အစစ်အမှန်ပင် နတ်ဘုရားလျှို့ဝှက်အဆင့်တွင်ရှိနေသည့် နက်နဲမှုများ တည်ရှိနေ၏။ ထိုအရာသည် နတ်ဘုရား လျှို့ဝှက်အဆင့်ဆီသို့ ပို့ဆောင်ပေးနိုင်သည့် အရာများပဲဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ထိုအဆင့်ကိုရောက်ရှိခဲ့ပြီဖြစ်သောကြောင့် ထိုအရာများကို အာရုံခံနိုင်သည် ဆိုသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ပေမဲ့ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် အစစ်အမှန် ရှာဖွေခြင်းအဆင့်၌သာရှိသောကြောင့် သူ့ကဲ့သို့ လွယ်လွယ်ကူကူနှင့် ထိုအရာများကို ရှာဖွေထိတွေ့ နိုင်စွမ်းမရှိကြချေ။ အလွန်ပင်ခက်ခဲလှချေ၏။
သို့ပေမဲ့ ထျန်းချီထူးခြားလျှို့ဝှက်နယ်မြေသည် အခွင့်အရေးကို ရယူနိုင်စွမ်းရှိနေသည့် တည်နေရာကြီး တစ်ခုသာဖြစ်၏။ အထဲသို့ဝင်ရောက်ပြီး ကြိုးစားလေ့ကျင့်ခြင်းဖြင့် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ဝင်ရောက်သွားနိုင်၏။ သို့ပေမဲ့ ၎င်းတို့၏ မည်မျှစုပ်ယူနိုင်စွမ်း၊ မည်မျှနားလည်နိုင်စွမ်းရှိသည့်ပေါ်တွင် မူတည်လျက် ရှိနေသည်။
Òဟား ဟား ဟားÓ
စနစ်က ဝင်ကာ လှောင်ပြောင်လိုက်၏။ Òဆက်ပြီး အိမ်မက်မက်ထားÓ
ဝှစ် ဝှစ်
ရုတ်တရက် အားကောင်းလွန်းလှသောလေလှိုင်းများဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အဝေးတစ်နေရာတွင် ရပ်တန့်လျက် ရှိနေသည့် လုချင်းချင်းသည် အဆင့်တက်သည့် ဆန်းကြယ်သော အော်ရာများနှင့်လွှမ်းခြုံလျက် ရှိနေကြောင်းကို သိလိုက်ရ၏။ သူသည် ပြုံးကာပြောလိုက်သည်။ Òငါ့ရဲ့အကြီးဆုံးတပည့်က ခြေလှမ်းဝက် အဆင့်ကို ချိုးဖြတ်တော့မှာပဲÓ
စနစ် “……”