အခန်း ၁၈၂၀
Vol. 122 Ch. 1820
အပိုင်း (၁၈၂၀)
စနစ်သည် လက်ခံသူအားလှောင်ပြောင်ပြီးပြီးချင်းမှာပဲ အခြားတစ်ဖက်တွင်ရှိနေသော အကြီးဆုံးတပည့်ကြီး သည် အဆင့်တက်သည့် အရိပ်သင်္ကေတများကို ပြသခဲ့၏။ ချက်ခြင်းပင် စနစ်သည် ပါးရိုက်ခံရသည့် စနစ်ဖြစ်ကြောင်း သက်သေပြခဲ့၏။
အချက်အလက်အားဖြင့် လုချင်းချင်းသည် အချိန်အတော်ကြာတည်းက နတ်ဘုရား လျှို့ဝှက်ခြေလှမ်းဝက် အဆင့်ကို ထိတွေ့နေပြီးသားဖြစ်၏။ သို့ပေမဲ့ တစ်စုံတစ်ခု လစ်ဟာလို့နေခဲ့တော့၏။ ယခု ထျန်းချီထူးခြား လျှို့ဝှက်နယ်မြေကို ရောက်ရှိပြီးသည့်နောက် သူမသည် အဆင့်တက်ရန် အခွင့်အရေးကို ရရှိခဲ့သည်။
ဝှစ် ဝှစ်
အဆင့်တက်သည့် အရှိန်အဝါများသည် လေဝဲအတွင်းမှ အပြင်သို့ပျံ့နှံ့ပြီး ပြိုင်စံရှားဂိုဏ်းနှင့် ထာဝရ လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုကဲ့သို့သော အဆင့်တက်သည့်အရှိန်အဟုန်သည် လီချင်းယန် အဆင့်ချိုးဖြတ်သည်ထက် ဘယ်လိုမှအားမနည်းလှချေ။
.....
နာရီအနည်းငယ်ကြာပြီးသည့် နောက်မှာတော့ အဆင့်တက်သည့်အော်ရာများသည် တဖြည်းဖြည်းနှင့် များပြားလာခဲ့၏။ လုချင်းချင်းသည် နတ်ဘုရားလျှို့ဝှက်ခြေလှမ်းဝက်အဆင့်ဆီသို့ အောင်မြင်စွာဖြင့် ချိုးဖြတ်ရောက်ရှိခဲ့လေ၏။
“မယုံနိုင်စရာပဲ” ဟယ်ဝူတီသည် ရုတ်တရက်ထအော်လိုက်မိသည်။
အကြီးဆုံးစီနီယာအစ်မကြီးသည် အထဲသို့ဝင်ဝင်ပြီးချင်းမှာပဲ အဆင့်ချိုးဖြတ်သွားခဲ့တော့၏။ ဤလျှို့ဝှက် နယ်မြေသည် အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
ဟုတ်ပေသည်။ လုချင်းချင်းတစ်ယောက် တည်း အကျိုးကျေးဇူးရရှိခဲ့သည်မဟုတ်ပေ။ ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင် ပိတ်မိနေကြသော အခြားသောအကြီးအကဲများ အားလုံးသည် အနည်းနှင့်အများဆိုသလို လောကကြီး၏ ဓာတ်သဘာဝများကို နားလည်လာခဲ့ကြ၏။ နတ်ဘုရားလျှို့ဝှက်ခြေတစ်လှမ်းအဆင့်ဆီသို့ တက်လှမ်းနိုင်မလားဆိုသည်မှာ ၎င်းတို့အပေါ်တွင်သာ မူတည်လျက် ရှိ၏။ အတိတ်တုန်းက မည်သူမှသည် ဤကဲ့သို့ လောကကြီး၏ လျှို့ဝှက်ချက်ကို အာရုံခံနိုင်စွမ်း၊ အခွင့်အရေး ရယူနိုင်စွမ်း မရရှိခဲ့ကြချေ။ ယခုမူ ၎င်းတို့ ရှေ့၌ အခွင့်အရေးကြီးတစ်ခုကတည်ရှိနေလေ၏။ ထိုနေရာတွင် ဝင်ရောက်ကျင့်ကြံခြင်းအားဖြင့် နတ်ဘုရား လျှို့ဝှက်နယ်မြေခြေလှမ်းဝက်အဆင့်ဆီသို့ အဆင့် ချိုးဖြတ်နိုင်ရန်ဆိုသည်မှာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဖြစ်လာနိုင်သည်။
ဝှစ်
ရီရှင်းချန်သည် ရုတ်တရက် ခြေချိတ်ကာထိုင်လိုက်၏။ ပထမဦးဆုံး စီနီယာအစ်မကြီး၏အဆင့်တက်မှုသည် သူ့ကိုအမှန်ပဲ အားတက်စေခဲ့၏။ ထို့ကြောင့် သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေလှမ်းဝက်အဆင့်သို့ မဝင်ရောက်မချင်း ဤနေရာတွင် မစားမသောက်ဘဲ လေ့ကျင့်မည်ဟု ဆုံးဖြတ်လိုက်၏။
စုရှောင်မို၊ လီဖေးနှင့် အခြားသောသူများသည်လည်း ထိုကဲ့သို့ပင် တွေးတောလိုက်ကြသည်။ သို့ပေမဲ့ များပြား လှသောတပည့်များသည် ရက်အနည်းငယ်အတွင်း ကျင်းပမည့် ရှုံးနိမ့်သူများပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် တည်ရှိနေသေး၏။ ထို့ကြောင့် ဤနေရာတွင် ခဏသာနေထိုင်ပြီး အပြင်ဘက်သို့ ပြန်ထွက်ခဲ့ရသည်။
.......
မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိနေပြီး လမ်းပေါ်တွင်ရှိနေသည့် ပွဲကြည့်ရန်လာကြသူ အားလုံးတို့သည် စိတ်ပျက်လက်ပျက်နှင့် ဖြစ်လို့နေခဲ့ကြ၏။
ယနေ့သည် ရှုံးနိမ့်သူများအဖွဲ့၏ ပြိုင်ပွဲ တည်ရှိနေသည်ဆိုသော်လည်း ကောင်းကင်ယံတစ်ခုလုံး တိမ်မည်းများဖြင့် ဖုံးလွှမ်းလျက်ရှိပြီး မိုးများသည် လည်း သည်းကြီးမဲကြီး ရွာသွန်းနေသည်။
ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်း၏တပည့်များကို ဦးဆောင်ကာဖြင့် ပြိုင်ပွဲကွင်း အတွင်းသို့ ဝင်လိုက်၏။ သူသည် တစ်ချိန်လုံး လေးနက်တည်ကြည်သည့်ဟူသည့် အမူအယာကို ထိန်းသိမ်းထားခဲ့ပြီး သူ၏မျက်နှာပေါ်တွင်ရှိနေသော ပြောင်စပ်စပ်အမူအယာများသည် ပျောက်ကွယ်နေ၏။
ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် ဝင်ရောက်ခြင်းမရလိုက်ကြသည့် ထိပ်တန်းပါရမီရှင်များအားလုံးသည် လည်း ပွဲခင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် လက်သီး၊ လက်ဝါးများကို ပွတ်ကာဖြင့် ယနေ့တွင် ရရှိမည့် ထိပ်ဆုံးနှစ်ဆယ်စာရင်းစာတွင် ဝင်ရောက်နိုင်ရန် အားခဲထားကြသည်။
မကြာခင်တွင် ပြိုင်ပွဲကြီးသည် ကျင်းပတော့မှာဖြစ်၏။ ထိုသူများထဲတွင် အသံအကျယ်ဆုံးသူမှာ သဘာဝ အားဖြင့် နန်းကုန်းချင်းရှန် ကျန့်ရှောင်ဟုန်နှင့် အခြားသောသူများပင်ဖြစ်တော့၏။
မှန်ပေ၏။ ၎င်းတို့ အားလုံးသည် ဗိုလ်ဆွဲရန်ပင် ရေပန်းစားခဲ့သူများလည်းဖြစ်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ပြိုင်စံရှားဂိုဏ်း၏တပည့် များနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ပြီး ထိပ်တန်း ဆယ်ယောက်စာရင်းတွင် မဝင်ရောက်နိုင်ခဲ့ကြချေ။ ထို့ကြောင့် ရှုံးနိမ့်သူများ စာရင်းထဲသို့ ရောက်ရှိခဲ့ကြသည်။
ပြောရမည်ဆိုလျှင် စကြဝဠာနတ်တိုက်ပွဲသည် အချိန်အတော်ကြာမှတစ်ခါ ကျင်းပသည့်အရာမျိုးဖြစ်၏။ သို့ပေမဲ့ ဗိုလ်စွဲမည်ဟု ထင်ကြေးပေးထားသောသူများ အားလုံးတို့သည် ရှုံးနိမ့်သူများအဖွဲ့တွင် လာရောက် စုစည်းလျက်ရှိနေ၏။ ထို့ကြောင့် ဤတိုက်ပွဲသည် အားလုံးသော ပွဲကြည့်သူများအားလုံးကို စွဲဆောင်လျက် ရှိနေတော့၏။ အားလုံးသောသူများ စိုးရိမ်ပူပင်နေသည့် အကြောင်းအရာကလည်း တည်ရှိနေသေး၏။ ထိုအရာမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားသည် လာရောက်ကာ ယှဉ်ပြိုင်နေဦးမည်လား။
“ငါကတော့မထင်ဘူး။ ဒီလောက် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံထားရတာလေ။ အနည်းဆုံးတော့ ပြန်ပြီး ကောင်းမွန်ဖို့အတွက် လအနည်းငယ်တော့ အချိန်ယူရလိမ့်မယ်”
“အင်း.. ဒီကောင်က ပြိုင်စံရှားဂိုဏ်းက လူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာလေ”
“ဒီတစ်ကြိမ် ပြိုင်စံရှားဂိုဏ်းရဲ့ တခြားသောတပည့်တွေကလည်း ရှုံးနိမ့်သူများစာရင်းထဲမှာ ရှိတယ်။ သူလာပြီး ပြိုင်ရဲမယ်ဆိုလျှင် ကျိန်းသေပေါက် ထပ်ပြီးတော့ နှိပ်စက်ရိုက်နှက်ခံရအုံးမှာပဲ”
အားလုံး ဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ကြမ်းတမ်းလှသောပုံရိပ်တစ်ခုသည် ပွဲခင်းထဲတွင် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်သည် ပတ်တီးများဖြင့် စည်းနှောင်ထားသည်ဆိုသော်လည်း လှုပ်ရှားမှုများသည် အမှန်ပင် ကြမ်းတမ်းလွန်းလှ၏။
“ဟမ့်”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “သူ မြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းလာ တာကိုး”
“ဂျူနီယာ ညီလေးတို့”
စုရှောင်မိုသည် သွားဖြီးကာပြောလိုက်၏။ “တွေ့တဲ့အချိန်ကျရင် တစ်ချက်ကလေးမှ မညှာနဲ့နော်”
ရှောင်ကျီနှင့် အခြားသောသူများသည် ခေါင်းကို အသာညိတ်လိုက်တော့၏။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့အားလုံးသည် ခြင်္သေ့များအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး တစ်လှမ်းချင်းလျှောက်ဝင်လာခဲ့သည့် ဝံပုလွေရိုင်းကြီးကို ဝါးတော့ စားတော့မလိုပင် ကြည့်ရှုနေမိသည်။
......
“ပြိုင်ပွဲဝင်သူများ မဲခွဲပါ” တာဝန်ယူထားသည့်သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
ပထမပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးသားဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်သူများ၏ အားအင်အဆင့်သည် တိတိကျကျ ရှင်းရှင်းလင်းလင်းသိရှိပြီးဖြစ်၏။ ထို့ကြောင့် အသေးစိတ် ဖော်ညွှန်းနေစရာလည်း မလိုအပ်ချေ။ လိုရင်းကို ပြောရမည်ဆိုလျှင် ဤတိုက်ပွဲ၏ ထိပ်ဆုံးဆယ်ယောက်အဆင့်တွင် လုချင်းချင်း၏ ပြိုင်ဘက်သည် လင်းလီ ဖြစ်လို့လာခဲ့တော့သည်။
“သွားပြီပဲ” စုရှောင်မိုကပြောလိုက်၏။ “ငါ့အနေနဲ့ အခွင့်အရေးတောင်မရတော့ဘူး”
ပွဲကြည့်သူများအားလုံးသည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်သည်။ “ဒီကောင်ကတော့ ထပ်ပြီး ကံဆိုးပြန်ပြီ”
လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက လုချင်းချင်းသည် ပြိုင်ပွဲအတွင်းတွင် လင်းလီအား ပိုးစိုးပက်စက် ရိုက်နှက် နှိပ်စက်ခဲ့၏။ ယခု ထပ်မံကာ တွေ့ဆုံသည်ဆိုမှတော့ ကျိန်းသေပေါက် သွားပြီဖြစ်၏။
ဘုတ်
လင်းလီသည် စင်မြင့်ပေါ်သို့ လမ်းလျှောက်လာ၏။ မျက်လုံးများသည် ပုံမှန်ထက်ပိုမိုကာ အေးစက်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းဆန္ဒများဖြင့် ဆန္ဒများဖြင့် ပြည့်နှက်နေ၏။ ပထမဦးဆုံး လုချင်းချင်း သည် သူ့အား နောက်တဆင့်သို့ တက်ရောက်ရန် တမင်တကာအရှုံးပေးခဲ့၏။ ပြီးနောက် သူသည် ဟယ်ဝူတီ၏ လက်သီးတစ်ချက်တည်းနှင့် ရှုံးနိမ့်ခဲ့ရသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားတစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏ယုံကြည်မှုနှင့် ဂုဏ်သိက္ခာများ အားလုံးသည် ဖျက်စီးခံလိုက်ရ၏။ လက်ရှိအခြေအနေမှာတော့ မိတ်ဆွေဟောင်းကြီးနှင့် ပြန်လည်ကာဆုံတွေ့နေသည်ဖြစ်သောကြောင့် သူ၏အရှက်သိက္ခာတရားများ ပြန်လည်ရရှိအောင် ကြိုးစားရ ပေတော့မည်။
“မွေးစားအဖေ”
လင်းလီသည် ဦးခေါင်းကို ငုံ့ကာဖြင့် ပြောလိုက်မိ၏။ “ဗိုလ်မစွဲနိုင်တော့ဘူးဆိုပေမဲ့ ဒီတစ်ကြိမ်မှာ အသက်ကိုလောင်းကြေးထပ်ပြီးတော့ ဒီစာရင်းမှာ ပါရအောင်လုပ်မယ်”
ဆွစ်
ပြီးနောက် သူသည် အနီရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာဖြင့် ပါးစပ်အထဲသို့ ထည့်သွင်းလိုက်သည်။
ဝှစ် ဝှစ်
ချက်ခြင်းပဲ လင်းလီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးအနီရောင်ကဲ့သို့ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် ပေါ်တွင် အနီရောင်လက်တံကြီးများကဲ့သို့သော အရာများထွက်ပေါ်လာ၏။
ကုထျန်းရှင်းသည် လေးနက် တည်ကြည်စွာ ကြည့်ကာ ပြောလိုက်သည်။ “ဒီကောင်လေးက သွေးအဆီအနှစ် တွေကို ကျွမ်းလောင်စေခဲ့တာပဲ။ သူကအသက်နဲ့လောင်းကြေးထပ်ပြီး ဆော့ကစားနေတာ”
“ချီးထဲမှ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်ကာ ဒိုင်လူကြီးဆီအော်လိုက်၏။ “ပြိုင်ပွဲ အတွင်းမှာ ဆေးသောက်တယ်ဆိုတာ မရိုးမသားယှဉ်ပြိုင်တာပဲ။ ဒါမျိုးကို တာဝန်ရှိသူတွေ အနေနဲ့ တားဆီးသင့်တယ်မဟုတ်လား”
သူ၏ဒေါသထွက်နေသည့်လေသံကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ဒိုင်လူကြီးသည် ချက်ခြင်းပဲ ဖြေရှင်းပေး ရန် ကြိုးစားတော့၏။ “အခြေအနေတစ်ခုရှိတယ်။ ကျုပ်ရှင်းပြချင်တယ်”
ကျွင်းချောင်ရှောင်းသည် ဒိုင်လူကြီးရှေ့ဆီသို့ ချက်ချင်းရောက်လာပြီး အော်ဟစ်လိုက်သည်။
သို့ပေမဲ့ သူသည် များပြားလွန်းလှသော အစောင့်များ၏ ဝိုင်းဝန်းချုပ်နှောင်ပြီး အပြင်ဘက်သို့ခေါ်ထုတ်ခြင်းကို ခံလိုက်ရ၏။
စင်မြင့်ပေါ်မှာတော့ သူ၏ သွေးအဆီအနှစ်ကို ကျွမ်းလောင်ခဲ့ပြီးပြီဖြစ်သော လင်းလီသည် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်၏။ သူ၏ လက်ဆယ်ချောင်းတွင် သွေးအနီရောင်ကဲ့သို့ အလင်းတန်းများ ဖြစ်ပေါ်နေပြီး နတ်ဆိုးတစ်ပါးကောင်းကင်ပေါ်မှ ဆင်းသက်လာသကဲ့သို့ပင်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်ခဲ့တဲ့ အရှက်တရားတွေအတွက်”
သူသည် ကြမ်းတမ်းလှသောသွင်ပြင်အမူအယာဖြင့်ပြောလိုက်၏။ "ဒီနေ့မှာ အားလုံးကို ပြန်ယူမယ်”
ဝှစ် ဝှစ်
ပြောပြီးသည့်နောက် သူသည် ကြမ်းတမ်းလွန်းလှသော ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်ကာဖြင့် သွေးနီရောင်အလင်းတန်းများနှင့်အတူ အရူးကြီးတစ်ယောက်လိုပင် ရှေ့ဆီသို့ လှမ်းတိုးလာခဲ့သည်။
ဖြောက် ဖြောက် ဖြောက်
ထိုအချိန်မှာတော့ သူ၏အောက်ခြေတွင်ရှိနေသော မြေတည်နေရာတစ်ခုလုံးသည် ရေခဲများနှင့်ဖုံးလွှမ်းသွား ခဲ့၏။ ထို့ကြောင့် လင်းလီ၏အမြန်နှုန်းသည် လျော့ကျသွားခဲ့၏။ မကြာခင်မှာပဲ တည်နေရာတစ်ခုလုံး၌ နှင်းမြူများကဲ့သို့သော ရေခဲစက်ကလေးများဖြစ်တည်လာခဲ့ပြီး နတ်ဆိုးနတ်ဘုရားသည် ရေခဲရုပ်ထုကြီး အဖြစ်သို့ ချက်ခြင်းပြောင်းလဲသွား၏။
ဝမ်း ဝမ်း ဝမ်း
ကောင်းကင်ယံတစ်ခုလုံးသည် ရေခဲလှိုင်းများဖြစ်တည်လာခဲ့ပြီး ရေခဲချွန်များပါ ကျဆင်းလာခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
ရေခဲတုံးကြီးများနှင့် ရေခဲချွန်များသည် ကောင်းကင်ယံထက်မှ ကျဆင်းသက်လာပြီး မလှုပ်ရှားနိုင်သော လင်းလီ အားတိုက်ခိုက်လျက်ရှိ၏၊ တဖြည်းဖြည်းနှင့် ၎င်း၏ကျွမ်းလောင်ထားသော သွေးအဆီအနှစ်သည် ပြန်လည် အေးစက်သွားခဲ့၏။
နာကျင်မှုကိုခံစားရပြီးသည့်နောက် ကလေးဘဝက အသက်ရှင်သန်မှု၊ အစားအစာအတွက် သူ၏ ရောင်းရင်းများကို အသေတိုက်ခိုက်ခဲ့ရသည့် အဖြစ်အပျက်များကို နှလုံးသားထဲတွင် ပြန်လည်ကာ မြင်ယောင်လိုက်မိသည်။
နတ်ဘုရားလျှို့ဝှက်ခြေလှမ်းဝက်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီးပြီဖြစ်သော လုချင်းချင်းနှင့် ရင်ဆိုင်သည့် နေရာတွင် သူသည် ဆေးတစ်လုံးကို ထုတ်ကာသောက်ထားမည်ဆိုလျှင်တောင် ဘာတစ်ခုမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ နှိပ်စက်ရိုက်နှက်ခြင်းကိုခံရမှာသေချာ၏။
လီထျန်းထျန်းကို စင်မြင့်ပေါ်တွင် လှောင်ပြောင်ကာ ရိုက်နှက်ခဲ့သည့်အချိန်ကထက်ပင် ပိုမိုဆိုးဝါးသည့် အဆုံးသတ်ကို ရရှိခံစားနေရသည်။
“အနိုင်ရရှိသူ လုချင်းချင်း”
အချိန်အတော်ကြာ အေးခဲခြင်းကိုခံရပြီးသည့်နောက် လုချင်းချင်းသည် လင်းလီအား စင်မြင့်အောက်ဆီသို့ ကန်ချခဲ့၏။ အဆုံးသတ်မှာတော့ ပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
“အကြီးဆုံးစီနီယာအစ်မကြီးက တစ်ကယ့်ကို ကြမ်းတယ်”
ကျင်းဟီနှင့် မြောင်ရှောင်တောင်တို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ ဤနှစ်ယောက်သည် ပထမ အကျော့မှာတည်းက ရှုံးနိမ့်ကာ ထွက်ခွာ ရသည်ဖြစ်သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ၎င်းတို့နှစ်ယောက်သည် နန်းကုန်းချင်းရှန်နှင့် ကျန့်ရှောင်ဟုန်တို့၏ တိုက်ခိုက်မှုကြောင့် ထွက်ခဲ့ရသည့်သူများဖြစ်၏။
အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် လီထျန်းထျန်းသည် ထိပ်ဆုံးနှစ်ဆယ်စာရင်းတွင် ဝင်ရောက်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အရှက်သိက္ခာတရားကို ပြန်လည် ရယူနိုင်ခဲ့ပြီဟုလည်း သတ်မှတ်ရပေလိမ့်မည်။