အခန်း ၁၈၂၁
Vol. 122 Ch. 1821
အပိုင်း (၁၈၂၁)
လင်းလီသည် တာဝန်ရှိသူများ၏ ဆွဲခေါ်ထုတ်ခြင်းကို ခံခဲ့ရ၏။ မထွက်ခွာခင်မှာပင် သူသည် ပြင်းပြင်း ထန်ထန်နှင့် သွေးအန်လျက်ရှိနေတုန်းပင်။ ဤအရာသည် ဆိုးဆိုးဝါးဝါးနှင့် ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း သက်သေပြလျက်ရှိနေ၏။ သူသည် ရှုံးနှိမ့်သွားပြီးသည့်နောက် ရှုံးနှိမ့်ခြင်းအဖွဲ့ထဲသို့ ရောက်ရှိလာခဲ့သည်။ ပြီးနောက် ထိုနေရာမှတဆင့် စကြဝဠာ နတ်တိုက်ပွဲသို့ ဝင်ရောက်ခွင့်ရရန် တည်နေရာတစ်ခုစာ ရရှိ လိမ့်မည်ဟု အဆုံးအစွန်ထိ မျှော်လင့်ထားခဲ့မိသည်။ သို့ပေမဲ့ မဖြစ်နိုင်ခဲ့ချေ။
ပြိုင်စံရှားဂိုဏ်း တပည့်များ၏ အနိုင်ယူတိုက်ခိုက်မှုကို ခံရပြီး ထွက်ခွာခဲ့ရသည်ဆိုရင်တောင်မှ နောက်ထပ် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် ထပ်မံကာ ပြန်ဆုံခဲ့ရ၏။ ကံဆိုးလှချေ၏။ လင်းလီတစ်ယောက် ဤကဲ့သို့ ခေါ်ထုတ်သွားခြင်းကို ခံရသည့် ချိန်မှာတော့ လီထျန်းထျန်း သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထား၏ ။
သူ့အနေနှင့် လက်စားချေရန် အခွင့်အရေးကို မရရှိခဲ့ချေ။ သူ၏ လက်ရှိအားအင်အဆင့်ဖြင့် တစ်ဘက်လူကို အနိုင်ယူရန်ဆိုသည်မှာလည်း ခက်ခဲလွန်းလှချေသည်။ သို့ပေမဲ့ ကိစ္စမရှိချေ။ လူကြီးလူကောင်း တစ်ယောက် အတွက် လက်စားချေရန် ဆယ်နှစ်ဆိုလျှင်တောင်မှ နောက်မကျလှချေ။ ထို့ကြောင့် တစ်ချိန်ချိန်တွင် ပြန်လည်ကာ အနိုင်ယူနိုင်လိမ့်မည်ဟု သူကယုံကြည်ထားမိသည်။
……………
ပြိုင်ပွဲသည် ဆက်လက်ကာဖြစ်တည်လျက်ရှိ၏။ စုရှောင်မိုသည် ထိပ်ဆုံးဆယ်ယောက် စာရင်းသို့ သံသယ ရှိစရာမလိုဘဲ ဝင်ရောက်သွားခဲ့၏။ ပြိုင်စံရှားဂိုဏ်၏ တပည့်များအားလုံးသည် ထိပ်တန်းနှစ်ဆယ်စာရင်းကို အလုံးစုံ လွှမ်းမိုးသိမ်းပိုက်လိုက်သည်ဟု ပြော၍လည်းရခဲ့၏။
“အရမ်းကို အားကောင်းလွန်းတယ်။ သူတို့ဘယ်လိုများလေ့ကျင့်ခဲ့တာလဲ”
“အခုနှစ်ရဲ့ ကြယ်တာရာပြိုင်ပွဲအတွင်းမှာ ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေက တကယ့်ကို နှိုင်းယှဉ်လို့ မရအောင် ကျော်ကြားနေခဲ့တာပဲ”
အားလုံးသည် ဆွေးနွေးလျက်ရှိနေပြီး ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးအား အထူးပင် ချီးကျူးလျက် ရှိနေကြသည်ကို ကြားရသည့်အချိန်မှာတော့ ကုထျန်းရှင်း သည် ခေါင်းကိုမော့ ရင်ကိုကော့ထားမိ၏ ။ ၎င်း၏ မျက်နှာပေါ်တွင် အလွန်ကိုဝံ့ကြွားလျက်ရှိနေသည့် အသွင်အပြင် အမူအရာမျိုးကလည်း တည်ရှိနေသည်။
“ဦးလေး”
ကျွင်းချောင်ရှောင်း သည် အံ့အားအသင့်ဖြင့် မေးလိုက်၏။ “ဘာလို့ မြောက်ကြွမြောက်ကြွ ဖြစ်နေရတာလဲ”
……………………
နောက်တစ်လှည့်မှာတော့ လုချင်းချင်းနှင့် နန်းကုန်းချင်းရှန် တို့ တွေ့ဆုံကြ၏။ ရေခဲဓာတ်သဘာဝကို ကျင့်ကြံသူနှစ်ယောက်တို့သသည် စင်မြင့်ပေါ်သို့ မရောက်ရှိချေ။ သို့ပေမဲ့ ပွဲကြည့်ပရိသတ်များအားလုံးသည် သတိအပြည့်နှင့်ဖြစ်လို့နေသည်။ ဤအရာသည် ရေခဲဓာတ်သဘာဝတိုက်ပွဲပင်ဖြစ်သည်။ ၎င်းတို့ နှစ်ယောက် စင်မြင့်ပေါ်သို့ ရောက်ရှိပြီးသည့်နောက် အလွန်ထူထဲလှသည့် ရေခဲလွှာများသည် စင်မြင်ပေါ်တွင် ဖြစ်တည်လျက် ရှိနေပြီး အအေးဓာတ်များသည် ပွဲကြည့်ပရိတ်သတ်များဆီသို့ ပျံ့နှံ့နေခဲ့၏။ တိုက်ခိုက်ရေးတည်နေရာရှိ ပွဲကြည့်စင် တစ်ခုလုံး သည် နှင်းတောထဲသို့ရောက်ရှိသွားသလိုပင်။
“အရမ်းအေးလိုက်တာ” အားလုံးသောသူတို့သည် လက်ပိုက်ကာဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက်ရှိ၏။ ရေခဲဓာတ်သဘာဝကို ကျင့်ကြံထားသည့် သိုင်းကျင့်ကြံသူ နှစ်ယောက်တို့၏ တိုက်ပွဲသည် အမှန်ပင် အေးစက်လွန်းလှချေ၏။ အဆုံးသတ်မှာတော့ လုချင်းချင်းသည် နန်းကုန်းချင်းရှန် အား အနောက်ဘက်သို့ လွင်စင်သွားအောင် တိုက်ခိုက်ရင်း အနိုင်ယူခဲ့တော့သည်။
ဝှစ်……………
အေးစက်သည့် လေများသည် ပျောက်ကွယ်သွားခဲ့ပြီး အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်သွား၏။ အလွန်အေးမြသည့် ဆောင်းရာသီအချိန်မှသည် နွေးထွေးလွန်းလှသည့် နွေဦးရာသီဆီသို့ ရောက်ရှိသွားခဲ့သလိုပင် သိုင်းကျင့်ကြံသူများက ခံစားလိုက်မိ၏။
……………..…
ဝှစ်………ဝှစ်
ဓားချီများသည် နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားပြီး တည်နေရာတစ်ခုလုံးကို ပိုင်းဖြတ်နေ၏။ စုရှောင်မိုသည် မျောက်တစ်ကောင်ကဲ့သို့ပင် ရှေ့နောက်အစွမ်းကုန်ထုတ်ကာ ရွေ့လျားလျက်ရှိနေပြီး ဆန်းကြယ်လွန်းလှသော လှုပ်ရှားမှုနည်းစနစ်သည် တစ်ဖက်လူအား မျက်စိပင် ပြာဝေသွားစေခဲ့သည်။
“ချီးထဲမှ”
ကျန့်ရှောင်ဟုန် သည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “ပြေးနေတာထက်စာရင် ရှင် ဘာလုပ် နိုင်သေးလဲ”
ဆွစ်………..
စုရှောင်မိုသည် အခွင့်အရေးကို အနိုင်ယူလိုက်၏။ ပြီးသည့်နောက် နောက်ဘက်သို့ ရောက်ရှိ သွားခဲ့ပြီး သူ၏ ကျန်းချီများကို ညာဘက်ခြေထောက်ဆီ ပို့လွှတ်ကာ ရုတ်တရက် ကန်ကျောက်လိုက်တော့သည်။ “ကန်ချနိုင်သေးတယ်လေ”
ဘုန်း……….
ကျန့်ရှောင်ဟုန် သည် ရှောင်တိမ်းရန် အချိန်မရှိခဲ့ချေ။ စင်မြင့်ပေါ်မှ ကန်ချခဲ့ခြင်းကို ခံရ၏။
“အနိုင်ရရှိသူ စုရှောင်မို”
လက်ရှိအခြေအနေမှာတော့ ရှုံးနိမ့်သူများအဖွဲ့အစည်းသည် နောက်ဆုံးပြိုင်ပွဲဆီသို့ ရောက်ရှိလာခဲ့၏။ ဗိုလ်လုပွဲသို့ တက်ရောက်သည့်သူများသည် လုချင်းချင်းနှင့် စုရှောင်မိုပင်ဖြစ်သည်။ နောက်ပိုင်းမှာတော့ လုချင်းချင်းသည် စင်မြင့်ပေါ်မှ ဆင်းသက်ကာဖြင့် ပြောလိုက်သည်။ “အရှုံးပေးတယ်”
ပြိုင်စံရှားဂိုဏ်းတွင် အကြီးဆုံးစီနီယာအစ်မကြီးသည် အခြားသော ဂိုဏ်းတူရောင်းရင်းများ အားလုံး၏ ကြောက်လန့် ရိုသေမှုကို ခံရသူ တစ်ယောက်လည်းဖြစ်၏။ တွေ့ဆုံလိုက်သည်ဆိုတာနှင့် တစ်ပြိုင်နက် သူတို့သည် ကျိန်းသေပေါက် တိုက်ခိုက်လိမ့်မည်မဟုတ်ချေ။ လုချင်းချင်းသည် ထိုအရာကို နားလည်သောကြောင့်ပင် တစ်ခါတည်း အရှုံးပေးခဲ့ပြီဖြစ်၏။
လုချင်းချင်း ဦးဆောင်သော လက်ရွေးစင်တပည့်များသည် စကြဝဠာ နတ်တိုက်ပွဲဆီသို့ အောင်အောင် မြင်မြင်ဖြင့် ဝင်ရောက်ခွင့်ရရှိခဲ့၏။ ဟယ်ဝူတီနှင့် တစ်ခြားသောသူများမှာမူ အစောကြီးကတည်းက ကြိုတင်ကာ တက်ရောက်ပြီးသားသူများဖြစ်လို့နေခဲ့၏။ စုစုပေါင်း လူပေါင်းနှစ်ဆယ် အထဲသို့ ဝင်ရောက်ခဲ့ သည်။
စုစုပေါင်း လေးဆယ့်ငါးယောက် ဝင်ရောက်ယှဉ်ပြိုင်သည့်နေရာတွင် လူနှစ်ဆယ်သည်သာ အဓိကပြိုင်ပွဲဆီသို့ ဝင်ရောက်ခဲ့၏။ တပည့် တစ်ဝက်နီးပါးတို့သည် ပြိုင်ပွဲဆီသို့ တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုရမည်။ ရလဒ်သည် အမှန် အံ့အားသင့်စရာပင်။
တခြားသော ပြိုင်ပွဲဝင်များနှင့် ထပ်မံတိုက်ခိုက်ပြီးသည့်နောက် လင်းလီသည် နှစ်သိမ့်ဆုအနေဖြင့် စကြဝဠာနတ်တိုက်ပွဲသို့ ဝင်ရောက်ခွင့်ရခဲ့သေးသည်။ ဤအရာသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို စိုးရွံ့သောကြောင့် ပွဲစီစဉ်သူများ ဖန်တီးပေးထားသည့် ဂယ်ပေါက်ပင် ဖြစ်ပေလိမ့်မည်။ တစ်ဉီးတည်း ရွေးချယ်ကာ စင်တင်ပေးလျှင် မကောင်းတတ်သောကြောင့် နှစ်သိမ့်ဆု ပြိုင်ပွဲဝင် နှစ်ဆယ်အဖြစ် တင်သွင်းပေးခဲ့သည်။
ပြိုင်ပွဲတည်နေရာဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် ကုထျန်းရှင်းသည် စပ်ဖြီးဖြီး ရယ်လျက်ရှိ၏။ သူသည် လမ်းလျှောက်လျက် ရှိနေတုန်းမှာပင် မြောက်ကြွမြောက်ကြွဖြင် မြေနှင့်ခြေထောက်ပင် မထိသလိုပင် ဖြစ်ခဲ့၏။
“ဟင်း” ကျွင်းချောင်ရှောင်း သည် သက်ပြင်းချလိုက်သည်။
“တူလေး၊ မင်းဘာလို့ သက်ပြင်းချနေတာလဲ” ကုထျန်းရှင်း က ပြောလိုက်၏
“ဦးလေးကို ဖုံးကွယ်မနေတော့ပါဘူး။”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “အဓိက ပြိုင်ပွဲကြီးကို လာပြိုင်တဲ့လူတွေက တော်တော်ကြီးကို အားကောင်းမယ်လို့ ထင်ထားတာလေ။ တကယ်တော့ ကျုပ်က သူတို့ကို အထင်ကြီးခဲ့မိတာပဲ”
“………”
ကုထျန်းရှင်း ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ၎င်းသည် တစ်ဖက်သူများ အားလုံးကို အထင်ကြီးခဲ့သည်ဟု ရုတ်တရက် ထကာပြောဆိုလျက်ရှိနေ၏။
“အထက်နယ်မြေတစ်ခုလုံးမှာ သာမာန်ထက်ပိုတဲ့လူတွေ ရေတွက်လို့မရအောင် များပြားတယ်လေ။ တူလေး၊ ကိုယ့်ကိုကိုယ် အရမ်းကြီးအထင်ကြီးမနေနဲ့” ကုထျန်းရှင်း က ပြောလိုက်၏။
“ဦးလေးပြောတာမှန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်က အချိန်တွေ လိုသေးတယ်လေ။ တူလေးအနေနဲ့ တပည့်တွေကို သေသေချာချာ လေ့ကျင့်ပေးထားပါ့မယ်။ သူတို့အနေနှင့် ထိပ်ဆုံးအယောက်နှစ်ဆယ်စာရင်းကို ကျိန်းသေပေါက် ရယူနိုင်ရမယ်”
“ဒီလိုပဲ မျှော်လင့်ပါတယ်” ကုထျန်းရှင်း သည် အမှတ်မထင် ပြန်ပြောလိုက်သည်။
ကြယ်တာရာပြိုင်ပွဲကြီးတွင် ပြိုင်စံရှားဂိုဏ်း တပည့်များ၏ လုပ်ဆောင်မှုနှင့် စွမ်းဆောင်ရည်များသည် အံ့အားသင့်စရာပင်ဖြစ်၏။ သို့ပေမဲ့ ထိုသူများထက်ပိုမိုကာ အားကောင်းလွန်းလှသူများသည် တည်ရှိနေမည်မှာသေချာတော့၏။ စကြာဝဠာ နတ်တိုက်ပွဲတွင် ထိပ်ဆုံးအဆင့်အယောက်နှစ်ဆယ်စာရင်းကို ဝင်ရောက်နိုင်ဖို့ဆိုသည်ကို သူ ကျိန်းသေပေါက် စဉ်းစားမထားခဲ့ချေ။
………………………
တိမ်ပြာစကြဝဠာပတ်လမ်း၏ အဓိက ရွေးချယ်ရမည့် ကြယ်တာရာပြိုင်ပွဲသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး သက်ဆိုင်ရာ အသီးသီးရှိ ပါဝင်ယှဉ်ပြိုင်သူများအားလုံးသည်လည်း မိမိဌာနေဆီသို့ ပြန်သွားခဲ့ကြပြီး ဖြစ်၏။
ထို့အတူ ပင်လယ်တိမ်စကြဝဠာပတ်လမ်းထဲတွင်ရှိနေသော ဂြိုဟ်အသီးသီးရှိ ပါရမီရှင်များအားလုံးတို့သည် စကြဝဠာ နတ်တိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် လက်ရှိ အခြေအနေ၌ ကြိုးစားကာ ယှဉ်ပြိုင်နေကြတော့၏။
ဘုန်း………………
တိုက်ခိုက်ရေးတည်နေရာထဲမှာတော့ အလွန်အားကောင်းလွန်းလှသော ပြိုင်ပွဲဝင် တစ်ယောက်သည် အနာက်ဘက်သို့ လွင့်စင်သွားခဲ့သည်။
“အနိုင်ရရှိသူ ကျဲ့လင်းရောင်” ဒိုင်လူကြီးသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။
ပွဲကြည့်ပရိတ်သတ်များသည် ဆွံ့အသွားခဲ့သည်။ သူတို့အထင်ကြီးထားခြင်း မရှိသည့် ဤအမျိုးသမီးသည် ပြိုင်ပွဲပေါင်းများစွာတို့ကို အနိုင်ယူ တိုက်ခိုက်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဗိုလ်ဆွဲသည့် လူတစ်ယောက်ပင် ဖြစ်လို့လာခဲ့သည်။
“…….ချီးထဲမှ…သူမက ဘယ်သူလဲ”
“ငါကောင်းကင်စက္ကူစလောကကြီးကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးတယ်။ ငါ ဒီလူအကြောင်းကို တစ်ခါမှမကြားဖူးဘူး”
“မယုံနိုင်စရာပဲ” အားလုံးသောသူတို့ ဆွေးနွေးလျက်ရှိနေတုန်းမှာပင် ကျဲ့လင်းရောင်သည် ပြိုင်ပွဲစင်မြင့် ပေါ်မှ လျှောက်ဆင်းလာပြီး ထောင့်တစ်နေရာတွင် အသာထိုင်လျက်ရှိ၏။
“မိန်းကလေးကျဲ့”
“သွားစမ်း”
အနားသို့ရောက်လာပြီး ချဉ်းကပ်ရန် ကြိုးစားသည့် ချောမောလှပသည့် ကျင့်ကြံသူတစ်ယောက်သည် ချက်ခြင်းပင် တန့်ကနဲ ဖြစ်သွား၏။ ပြီးနောက် အကူအညီမဲ့စွာဖြင့် နောက်ဆုတ်သွား၏။ သူက တွေးလိုက်မိသည်။ “တကယ့်ကို ကြမ်းတမ်းတဲ့ မိန်းမပဲ”
ဒွီ…….
ထိုအချိန်မှာပဲ ကြီးမားလှသည့် အလင်းမြင်ကွင်းကြီး တစ်ခုသည် ပြိုင်ပွဲတည်နေရာကြီးထဲတွင် ပေါ်ပေါက် လာခဲ့၏။ ထိုအပေါ်တွင် တိမ်ပြာစကြာဝဠာပတ်လမ်း၏ ကြယ်တာရာပြိုင်ပွဲသည် အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူ လေးဆယ်တို့သည် နောက်ဆုံးစာရင်းကို ဝင်ရောက်ခဲ့သည်ဆိုသော စာတန်းက ပေါ်ပေါက် လာခဲ့၏။
“တိမ်ပြာစကြာဝဠာပတ်လမ်းက စောစောစီးစီးတောင် လူရွေးချယ်ပြီးသွားပြီပဲ”
“သူတို့က ငါတို့ထက်ပိုပြီးစောတာကိုး” အားလုံးသော သူတို့သည် အလင်းမြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရရှိသည့် လူစာရင်းကို ဖတ်လိုက်သည်။
“ချီးထဲမှ”
လက်ရွေးစင်တစ်ယောက်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ကောင်းကင်ဖြတ်သန်းခြင်း လောက က အဲလောက်ကြီး အံ့အားသင့်စရာကောင်းတာလား။ သူတို့က တစ်ဝက်လောက်ကို နေရာယူ ထားတာပဲ”
“ဒါတင်မကသေးဘူး။ သူတို့အားလုံးက တူညီတဲ့ဂိုဏ်းတွေကပဲ” လူနာမည်များ၏ ဘေးတွင် ကောင်းကင် ဖြတ်သန်းခြင်းလောကအပြင် ပြိုင်စံရှားဂိုဏ်းဟုလည်း ပါဝင်လျက်ရှိနေသေး၏။ ထို့ကြောင့် တိမ်ပင်လယ် စကြဝဠာပတ်လမ်းထဲတွင် ရှိနေသောသိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့ကြသည်။
“သူပဲကိုး”
ကျဲ့လင်းရောင်သည် ရီရှင်းချန် ဟူသော နာမည်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူမ၏ တောက်ပလှသည့် မျက်လုံးထဲတွင် ကြောက်စရာကောင်းသော ဒေါသတရားများ ဖြစ်တည်လျက်ရှိနေ၏။ သူမသည် ဘယ်လိုမှသည်းခံ၍မရသည့် မြင်ကွင်းတစ်ခုကို မျက်လုံးထဲတွင် ပြန်လည်ကာ မြင်ယောင်လာခဲ့၏။
………………………….
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ကောင်းကင်းဖြတ်သန်းခြင်းလောကဆီမှ ပြန်လည် ခေါ်ဆောင်မသွားခဲ့ချေ။ ထိုအစား အဓိက မြို့အတွင်း၌ ရက်အနည်းငယ်ကြာ အနားယူခဲ့၏။ ဟုတ်ပေသည်။ သူ၏အစစ်အမှန် ရည်ရွယ်ချက်သည် လင်းလီ ကို ဖမ်းဆီးနိုင်မလားဆိုသည့် ရည်ရွယ်ချက်နှင့်ပင်ဖြစ်၏။
လုချင်းချင်းနှင့် ဟယ်ဝူတီတို့သည် တစ်ဖက်လူကို ဆိုးဆိုးဝါးဝါး ရိုက်နှက်နှိပ်စက်ခဲ့သည် ဆိုသော်လည်း အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွမ်းကျင်လှသည့်သူများ၏ နှိပ်စက်ရိုက်နှက်မှုကို လိုအပ်လျက် ရှိနေသေး၏။ ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်နိုင်မည်ဆိုပါက အားရာသည် သူ့အား ကျိန်းသေပေါက် ပျော်ရွှင်ရအောင် ကူညီပေးမှာသေချာသည်။
ကံဆိုးစွာဖြင့် လင်းလီသည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့၏။ ကျွင်းချောင်ရှောင်း သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ရှာဖွေခဲ့သည် ဆိုသော်လည်း မည်သို့မျှ ရှာဖွေမတွေ့ရှိခဲ့ချေ။ “တိတ်တဆိတ်နဲ့ ခိုးပြီးထွက်သွားတာလား”
“တူလေး”
ကုထျန်းရှင်း က ပြောလိုက်၏။ “မနက်ဖြန်လောက် သွားကြရအောင်”
“ကောင်းပါပြီ ဦးလေး”
လင်းလီကို ဖမ်းဆီး၍ မရနိုင်ဘူးဆိုမှာတော့ ကျွင်းချောင်ရှောင်းသည် အိမ်ကို ပြန်ရန်သာ စဉ်းစားလိုက်မိ၏ သို့ပေမဲ့ နောက်တစ်ရက် ထွက်ခွာရန် ပြင်လိုက်သည့်အချိန်မှာပင် မြို့၏ အထက်တွင် ရှိနေသော အလင်းမြင်ကွင်းကြီးတွင် စာလုံးများ ပေါ်ပေါက်လာခဲ့၏။ တိမ်ပင်လယ် စကြဝဠာ ပတ်လမ်း၏ ကြယ်တာရာပြိုင်ပွဲသည် အဆုံးသတ်သွားခဲ့၏။ ပါဝင်ယှဉ်ပြိုင်ရမည့် လူလေးဆယ်စာရင်းသည် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
ကျဲ့လင်းရောင်။
ထိုနာမည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ တပည့်များ အားလုံးသည် အမှတ်မထင်ဆိုသလိုဖြင့် ရီရှင်းချန်ကို လှမ်းကာ ကြည့်ရှုလိုက်မိကြ၏။