← Chapters

အခန်း ၁၈၂၂

Vol. 122 Ch. 1822

အခန်း ၁၈၂၂

Vol. 122 Ch. 1822

အပိုင်း (၁၈၂၂)

ကျွင်းချောင်ရှောင်း သည် ပြန်ရန်ပြန်လိုက်သည့်အချိန်တွင် ပေါ်ပေါက်လာခဲ့သည့် အလင်းမြင်ကွင်းရှိ စာတန်းများကိုကြည့်ရှုရင်း အံအားသင့်လျက်ရှိ၏။

“ဗိုလ်ဆွဲသူ ကျန့်လင်းရောင် ဟုတ်လား” သူသည် အမှန်ပင် အံ့အားသင့်လို့နေသည်။

ကျွင်းချောင်ရှောင်း နှင့် တပည့်များအားလုံးသည် ဤနာမည်နှင့် ပတ်သက်၍ အမှန်ပင်သိရှိနားလည်ပြီးသား ဖြစ်၏။ ထို့အပြင် မကြာသေးခင်မှာလည်း ရီရှင်းချန်းနှင့် ရှုပ်ထွေး ပတ်သက် ဆက်နွယ်နေသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလား။

“မဖြစ်နိုင်ဘူး” စုရှောင်မို သည် မယုံကြည်စွာဖြင့်ပြောလိုက်၏။

“ဒီမိန်းမက ဂျူနီယာညီလေးရီနဲ့ ရှုပ်ထွေးခဲ့တဲ့ မိန်းမပဲ။ တကယ်ပဲ ဗိုလ်စွဲခဲ့တာလား။ နာမည်တူတဲ့ လူတစ်ယောက် ဖြစ်နေမလား မသိဘူး” လီဖေး က ပြောလိုက်သည်။

အားလုံးသော သူတို့သည် ကျဲ့လင်းရောင် တစ်ယောက် တိမ်ပင်လယ် စကြဝဠာ ပတ်လမ်းတွင်ရှိနေသည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း ဗိုလ်ဆွဲခဲ့သည့်အကြောင်းကို ယုံကြည်ရန် ခက်ခဲလို့နေခဲ့ကြ၏။ ထာဝရ ရွက်သင်္ဘောကြီးဆီသို့ ရောက်ရှိလာခဲ့စဉ်က ထိုမိန်းမသည် အလွန်အားကောင်းလှသည့် ပုံမျိုးမပေါ်ချေ။

“နာမည်တူတဲ့ လူတစ်ယောက်ယောက်ဖြစ်ပါလိမ့်မယ်”

ကျွင်းချောင်ရှောင်း သည် ကျဲ့လင်းရောင် ဆိုသည့် အမျိုးသမီးမှာ ဗိုလ်ဆွဲရန်အတွက် လုံလောက်သည့် အားအင်အဆင့်မရှိဟု ထင်ခဲ့မိသည်။

“မဟုတ်သေးဘူး”

စနစ်က ပြောလိုက်၏။ “မထွက်ခွာခင်တုန်းက မင်း သူ့ကို အရင်းအမြစ်တွေ အများကြီး ပေးခဲ့တာ မဟုတ်လား။ သာမာန်လူတစ်ယောက်ဆိုလျှင် ဘဝတစ်သက်တာလုံး ရှာရင်တောင်မှ ဒီလောက်များပြားလှတဲ့ အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိဖို့ခက်ခဲလိမ့်မယ်”

ကျွင်းချောင်ရှောင်း သည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်သည်။ “ဒါတော့ ဟုတ်တယ်”

“ဒါပေမဲ့ ....”

စနစ်က ထပ်ပြောလိုက်၏။ “မင်းရဲ့တပည့်တောင်မှ ကျင့်ကြံခြင်း အဆင့်ကို မြန်မြန်ဆန်ဆန် တိုးမြှင့်လာနိုင်ခဲ့တာပဲ။ သူကလည်း တကယ့်ကို ကံကောင်းလွန်းလှတဲ့ အရာလေးတွေ မတွေ့ကြုံနိုင်ခဲ့ဘူးလို့ ပြောနိုင်မှာမဟုတ်ဘူး”

ဖြောင်း ဖြောင်း ဖြောင်း

ကျွင်းချောင်ရှောင်း သည် လက်ခုပ်တီးကာဖြင့် ယုံကြည်ချက်ရှိရှိပြောလိုက၏။ “မင်းဒီလောက်ကြီး ပြောနေတယ်ဆိုတောင်မှ ကျိန်းသေပေါက် နာမည်တူတဲ့လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

“……”

စနစ်သည် အော်ဟစ်လိုက်၏။ “ငါတကယ့်ကို လေးလေးနက်နက်နဲ့ ပြောနေတာကွ”

ကျွင်းချောင်ရှောင်း သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ငါလည်း တကယ်ကို ပြောနေတာပဲ”

“ချီးကို တကယ်ပြောပါလား”

“မင်းဘယ်သူကိုလာဆဲနေတာလဲ”

“မင်းကိုဆဲနေတာကွာ”

“ချီးပဲ ………”

ကုန်းရှန့်သည့် လမ်းပေါ်တွင်လမ်းလျှောက်နေခြင်းဖြစ်ကြောင်း သတိမပြုမိချေ။ သူသည် ကိုယ့်လည်ပင်းကိုယ် ညှစ်ကာဖြင့် တစ်ယောက်တည်း ရန်ဖြစ်လျက် ရှိနေ၏။ ယောက်ျား ဆိုသည်မှာ ဤကဲ့သို့ရက်စက် ကြမ်းတမ်းရပေမည်။

“တူလေး ဘာဖြစ်လို့လဲ”

“စီနီယာကု မစိုးရိမ်ပါနဲ့။ ဒါ ဂိုဏ်းချုပ်ရဲ့အထူးကျင့်ကြံခြင်း နည်းစနစ်ပဲ”

တပည့်များသည် ကျွင်းချောင်ရှောင်း တစ်ယောက် အကြိမ်ပေါင်းများစွာ မိမိကိုယ်မိမိ လည်ပင်းညစ်တတ်ကြောင်း သိရှိပြီးဖြစ်၏။ ဂိုဏ်းချုပ်တစ်ယောက် နတ်ဘုရားလျှို့ဝှက်နယ်မြေ အဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိခြင်းမှာ တစ်နှစ်ပတ်လုံး ဤကဲ့သို့ လည်ပင်းညစ်တတ်သည့် အမူအကျင့်ကြောင့်များ ဖြစ်မလားဟု သူတို့ ကြိတ်ကာ စဉ်းစားနေမိကြ၏။

ထိုအရာကို စဉ်းစားပြီးသည့်နောက် ဟယ်ဝူတီသည် ဂိုဏ်းချုပ်ကဲ့သို့ ကျင့်ကြံကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူသည် အသက်မရှုနိုင်သည်အထိ ကိုယ့်လည်ပင်းကိုယ် ညှစ်ကြည့်မိ၏။ လုံးဝမနေနိုင်သည့်အချိန်ကို ရောက်သည့်အချိန်မှာတော့ လက်ကိုလွှတ်ကာ သက်ပြင်းချလိုက်မိသည်။

“ဂိုဏ်းချုပ်က တကယ်ကို သာမာန်ထက်ပိုတာပဲ။ ငါ လိုက်လုပ်လို့မရဘူး”

ဟေး……………..

မြို့၏ ဂိတ်တံခါးဆီသို့ လှမ်းလျှောက်ထွက်လာသည့် အချိန်မှာပင် ကျန့်ရှောင်ဟုန် သည် နောက်မှ လိုက်ပါလာခဲ့၏။ သူမသည် အရှေ့တွင် မတ်တပ်ရပ်ကာဖြင့် ခါး‌ထောက်ကာပြောလိုက်၏။ “ကျိုးဟုန်ကို ကျွန်မနဲ့ ထည့်ပေးလိုက်မယ်လို့ သဘောတူထားတယ်မဟုတ်လား”

“ဪ..ငါမေ့တော့မလို့ပဲ”

ကျွင်းချောင်ရှောင်း သည် နဖူးကို အသာရိုက်ကာပြောလိုက်၏။ ပြီးနောက် ကျိုးဟုန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “မိန်းက‌လေးကျန့် က ဒီလောက်အားပါနေတယ်ဆိုတော့ ငြင်းမနေနဲ့တော့။ မင်းသူနဲ့အတူ လိုက်သွားလိုက်တော့”

“………”

ကျိုးဟုန် သည် မူလအားဖြင့် ငြင်းပယ်ချင်၏။ သို့ပေမယ့် ဂိုဏ်းချုပ်၏ ပြုံးရွှင်နေသည့် မျက်နှာကိုမြင်ရသည့် အချိန်မှာတော့ စိတ်ပြောင်းကာ ပြောလိုက်မိ၏။ “တပည့်လိုက်နာပါ့မယ်”

“မိန်းကလေးကျန့်”

ကျွင်းချောင်ရှောင်း က အသာလှည့်ကာပြောလိုက်သည်။ “ကျုပ်ရဲ့တပည့်က ဓားရေးကျင့်တဲ့ နေရာမှာ တကယ်ကိုရှုးသွပ်တဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားတို့ကို ဒုက္ခပေးမိမှာ စိုးရိမ်မိတယ်။ ကျုပ်ကိုယ်တိုင် လိုက်ပြီးတော့ ပို့လို့မရဘူးလား”

ဓားသူတော်စင် - ဤလူသည် ကျိန်းသေပေါက် အံ့အားသင့်စရာလူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ၏ တပည့်ကို လိုက်ပါပို့ဆောင်ရင်း ထိုလူနှင့် တွေ့ဆုံခွင့်ရအောင် ကြိုးစားကြည့်ရမည်။ ထိုကဲ့သို့သော အခွင့်အရေးကို သူ အဘယ့်ကြောင့် မယူဘဲနေရမည်နည်း။

စနစ် က‌ ပြောလိုက်သည်။ “လက်ခံသူက ကုန်းဆင်းဖို့ စဉ်းစားနေပြန်ပြီ”

“မရဘူး”

ကျန့်ရှောင်ဟုန် သည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ငြင်းပယ်လိုက်၏။ “ကျွန်မ အဘိုးက အပြင်လူတွေကို မကြိုက်ဘူးလေ။ အထူးသဖြင့် မျက်နှာအရေထူတဲ့ လူမျိုး‌ပေါ့”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း သည် ကျိုးဟုန်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်သည် “မင်း မိန်းကလေးကျန့် နဲ့ လိုက်သွားတော့”

ကျိုးဟုန်သည် ရှေ့သို့ လှမ်းလျှောက်ထွက်ပြီး ကျန့်ရှောင်ဟုန်နှင့်အတူ ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ သူ မထွက်ခွာခင်တွင် ဂိုဏ်းချုပ်ကျွင်း၏ အသံသည် သူ၏နားထဲ၌ ပေါ်ပေါက်လာခဲ့၏။

“မင်းကို နှစ်နှစ် အချိန်ပေးမယ်။ နှစ်နှစ်ပြီးရင် မင်း ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေဆီကို ပြန်လာခဲ့တော့”

“ကောင်းပါပြီ”

ဤကဲ့သို့ပင် ကျိုးဟုန် သည် ထွက်ခွာသွားခဲ့၏။ သူသည် အစောကြီးကတည်းက အားလုံးမျက်စိရှေ့တွင် ပေါ်ပေါက်လာသည့်သူ မဟုတ်ချေ။ ဤတစ်ကြိမ်မှာတော့ နှစ်နှစ်တိတိ ပျောက်ကွယ် သွားရမည်ဖြစ်သည်။

တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီဖြစ်သော သူ့တပည့်၏ နောက်ကျောကိုကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။ “ကျိုးဟုန် နှစ်နှစ်ကြာပြီးရင် မင်း ငါ့ကို အံ့အားသင့်စရာတွေ ယူလာပေးတော့”

“သွားကြရအောင်”

ကုန်းရှန့် သည် လက်ဖြောက်တီးကာဖြင့် တပည့်များကို ဦးဆောင်ကာ တခြားတစ်နေရာ ဆီသို့ ဦးတည်လိုက်၏။ လမ်းတဝက်ရောက်မှတော့ သူသည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် နောက်ဘက်သို့ လှည့်ကြည့်ကာ အော်ဟစ်လိုက်မိသည်။ “ဒီမိန်းမ မျက်နှာအရေထူတယ်လို့ ပြောသွားတာ ဘယ်သူ့ကိုလဲ”

“……”

တပည့်များသည် ဆွံ့အလျက်ရှိနေမိ၏။ သူတို့ဂိုဏ်းချုပ်သည် နားနှင့်ဦး‌နှောက် အလှမ်းကွာခြားနေသည်လား မသိချေ။ ယခုမှပဲ သူ့အား မျက်နှာအရေထူသည့် လူတစ်ယောက်ဟု ပြောဆိုသွားခဲ့ကြောင်း သိရှိတော့သည်။

………………..

ဝှစ်

ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာ အတားအဆီးကို အဆုံးမဲ့စကြဝဠာအတွင်းသို့ ရောက်ရှိသွား၏။ စကြဝဠာ နတ်တိုက်ပွဲကျင်းပရန် နှစ်နှစ်မှ သုံးနှစ်နီးပါး လိုအပ်သေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေတွင် ခဏသာ နေထိုင်ပြီး သူ၏တပည့်များကိုလေ့ကျင့်ပေးရန် စဉ်းစား ထားမိ၏။

ပြိုင်ပွဲအတွင်းတွင် သူ၏တပည့်များသည် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသနို်ငသည်ဆိုပါက ကောင်းမွန်လှသည့် အရာပင်ဖြစ်သည်။ သို့ပေမဲ့ ပြဿနာကြီးတစ်ခုက တည်ရှိနေ၏။ လက်ရွေးစင် တပည့်များမှလွှဲလျှင် တခြားသောတပည့်များသည် မယုံကြည်ရသည့်လူများပင်ဖြစ်လို့နေ၏ ။ ဥပမာအားဖြင့် ကျင်းဟီနှင့် မြောင်ရှောင်တောင်တို့ပင်။

“အင်း... နောက်ဆုံးပြိုင်ပွဲမှာ တစ်ကယ့်ကို နဂါးတွေ၊ ကျားတွေပေါ်လာမှာပဲ”

ကျွင်းချောင်ရှောင်း သည် လေးလေး နက်နက်ပြောလိုက်၏။ “နောက်နှစ်အအနည်းငယ်အတွင်း အဆင့်မချိုးဖျက်နို်ငဘူးဆိုလျှင် ထိပ်ဆုံး နှစ်ဆယ်စာရင်းကို ရဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်”

စနစ်က ပြောလိုက်သည်။ “မင်းရဲ့တပည့်တွေက လင်းလီကို တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက် နှိပ်စက်ခဲ့ တယ်လေ။ ဒါကမိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ပြဿနာရှာခဲ့တာနဲ့ အတူတူပဲ။ သူတို့က ကြိတ်ပြီးတော့ တစ်စုံတစ်ခု ပြုလုပ်ရမှာ စိုးရိမ်ရတယ်။ ပွဲကိုရောက်ပြီဆိုလျှင် သူတို့အားလုံးက မင်းကို ကျိန်းသေပေါက် ပစ်မှတ်ထားလိမ့်မယ်”

“ဒါကတော့ အမှန်ပဲ”

ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “တစ်ဖက်လူဆီမှာ မွေးစားသားကြီးပဲ ရှစ်ဆယ်ကျော်ရှိတယ်။ ဒီတော့ ပြိုင်ပွဲရောက်လို့ရှိရင် ကျိန်းသေပေါက် ချင်းယန်နှင့် တခြားသောသူတွေကို ဒုက္ခပေးမှာသေချာတယ်”

သူ့အနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အထင်မသေးချေ။ သူ၏ တပည့်များသည် လင်းလီ ကို နှိပ်စက်အနိုင်ကျင့်ခဲ့၏။ ထို့အပြင် တစ်ဖက်လူသည် ပြိုင်ပွဲကြီး၌ ပေါ်ပေါ်ထင်ထင်ဖြင့် ဆေးလုံးကို ထုတ်၍သောက်သုံးခဲ့သည်ဆိုလျှင်တောင်မှ ပွဲ၏ကြီးကြပ်သူများအားလုံးသည် မတားဆီးခဲ့သည့် အပြင် သူ့ကိုပါ ပြိုင်ပွဲတည်နေရာဆီက ဆွဲထုတ်ခဲ့၏။ တစ်ဖက်လူသည် အလွန်အားကောင်းလှသည့် နောက်ခံကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားသည်။

“ကံကောင်းလို့ ငါ့၏ခန္ဓာကိုယ်ထဲမှာ ထာဝရလောကကြီးရှိနေတယ်။ ငါပုန်းအောင်လို့ရသေးတယ်”

ကျွင်းချောင်ရှောင်း သည် စိတ်သက်သာသလို ပြောလိုက်၏။ “မဟုတ်လျှင် တစ်ဖက်လူကို ငါရန်စရဲမှာ မဟုတ်ဘူး။”

ကုန်းရှန့် သည် တစ်ခါတရံတွင် စိုးရွံတတ်သူဖြစ်သော်လည်း ကြောက်လှတတ်သူ တစ်ယောက် မဟုတ်လှချေ။

“ထာဝရလောကကြီးကြောင့်ပဲ ဒီလူနဲ့ လက်ခံသူက ရန်သူတွေဖြစ်ခဲ့တာမဟုတ်လား” စနစ်က ပြောလိုက် သည်။

“ဘာပဲဖြစ်ဖြစ် ငါ့တပည့်တွေကို ပိုပြီးတော့အားကောင်းလာစေချင်တယ်။ ငါ့ဆီမှာ နတ်ဘုရား လျှို့ဝှက်ခြေလှမ်းဝက်အဆင့် ကျင့်ကြံသူတွေ လုံလုံလောက်လောက် ရှိမယ်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုး အင်ပါယာကိုခေါ်ပြီးတော့ ကျိန်းသေပေါက် သွားပြီး ရိုက်မှာပဲ”

ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ ကြိမ်းဝါးလိုက်မိ၏။ သူသည် တကယ်တမ်း ကြောက်လန့်တတ်သူတစ်ယောက်မဟုတ်ချေ။ သူ့၌လုံလောက်သည့် စွမ်းဆောင်ရည်ရှိသည်ဆိုပါက အဆုံးထိ သွားရောက်တိုက်ခိုက်မှာသေချာ၏ ။

……………….

ချင်ယွမ် စကြဝဠာပတ်လမ်း

ကြယ်တာရာပြိုင်ပွဲသည် ကျင်းပလျက်ရှိ‌နေ၏ ။

ဘုန်း……………..

တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ပေါက်ကွဲသံကြီးတစ်ခုဖြစ်တည်လာသည်။ စွမ်းအင်လှိုင်းများသည် ဖြစ်တည်သွားခဲ့ပြီး ပြိုင်ပွဲကျင်းပရာစင်မြင့်ကြီးတစ်ခုလုံးသည် အက်ကွဲလျက်ရှိနေသည်။

ဝေါ့ ဝေါ့

ဤတည်နေရာကြီးအား အစီအရင်ဖြင့် ပံ့ပိုးထားခဲ့သည့် ဒါဇင်နှင့်ရှိသော အစီအရင်ဆရာများ အားလုံးသည် သွေးများအန်ထွက်ပြီးသည့်နောက် အနောက်ဘက်သို့လွှင့်စင်သွားခဲ့ကြ၏။

………………….

ပွဲကြည့်ပရိတ်သတ်များ အားလုံးသည်လည်း အံ့အားတသင့်ဖြင့် မတ်တပ်ထရပ်လိုက်မိ၏။ စင်မြင့်ကြီးသည် ပြိုလဲနေပြီဖြစ်၏။ ပြိုင်ပွဲဝင်သူသည် တစ်ဖက်လူ၏ ရင်ဘတ်ထဲသို့ လက်ကိုဆွဲနှိုက်ထားသည်။

“စကြဝဠာ နတ်တိုက်ပွဲအတွက် ဗိုလ်ဆွဲတဲ့သူ လင်းယွမ်”

တုန်ယင်နေသည့် အသံတစ်ခုသည် တစ်ဖက်ခြမ်းဆီမှ ထွက်ပေါ်လာ၏။ ထိုအသံသည် ဒိုင်လူကြီး၏ အသံပင်ဖြစ်လေ၏။

“ဟမ့်”

လင်းယွမ် သည် တစ်ဖက်လူ၏ ရင်ဘတ်ထဲတွင်ရှိသော နှလုံးသားကိုဆွဲထုတ်ကာ အောက်သို့ပစ်ချ လိုက်၏။ တည်နေရာတစ်ခုလုံးတွင် သွေးများနှင့် ပြည့်နှက်သွားခဲ့တော့၏။ ပြီး‌နောက် သူသည် အထင်အမြင် သေးစွာဖြင့် ပြောလိုက်၏။ “ဘာလို့ အဖေ က ဒီ ပျင်းစရာကောင်းတဲ့ပြိုင်ပွဲကို ဘာလို့ဝင်ပြိုင်ခိုင်းရတာလဲ။ ပြီးတော့ လင်းလီ .... သူဘာလို့ ဗိုလ်မဆွဲတာလဲ။ ဒီလို အမှိုက်တွေနှင့် တိုက်ခိုက်ရတဲ့ဟာကို”

ပြီးနောက် ဆုတံဆိပ်နှင့် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိဘဲ အပြင်ဘက်ဆီသို့ ထွက်ခွာသွားခဲ့သည်။

တူညီသည့်မြင်ကွင်းမျိုးသည် အခြားသောစကြဝဠာပတ်လမ်းများထဲတွင် ဖြစ်တည်လျက်ရှိ၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မွေးစားသားများသည် တစ်ချက်ကလေးမျှ သံသယရှိစရာမလိုဘဲ ဗိုလ်ဆွဲလျက်ရှိနေကြ တော့၏။ သူတို့သည် အလွန်အားကောင်းလှသည်ဟု အားလုံးက လက်ခံပြီးသား ဖြစ်၏။ သို့ပေမဲ့ တိုက်ခိုက်ရသည့်အချိန်တွင် အလွန်ရက်စက်လှသည့် နည်းလမ်းများကို အသုံးပြု၍ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြ၏။

…………………

တိမ်ပင်လယ်စကြာဝဠာပတ်လမ်း

ကျဲ့လင်းရောင် သည် တောင်ထွတ်တစ်ခုပေါ်တွင် ထိုင်လျက်ရှိ၏။ သူမသည် လက်ထဲတွင် အဝတ်စ တစ်ခုကို တင်းတင်းဆုပ်ကိုင်ထားခဲ့၏။ အရောင်ကိုကြည့်ရှုရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ ဝတ်စုံပင်ဖြစ်၏။

“ရီရှင်းချန်”

ကျဲ့လင်းရောင် သည် ဦးခေါင်းကိုမော့လိုက်၏။ ပြီးနောက် အဆုံးအစမဲ့သော ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဒေါသတရားများသည် အလိပ်လိပ် ဖြစ်တည်လာခဲ့သည်။ “ကျွန်မ ပွဲရောက်ရင် ရှင့်ကိုကိုယ်တိုင်သတ်ပစ်မယ်”

ထာဝရလောကကြီးထဲမှာတော့ ရီရှင်းချန် သည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ သူသည် အရင်တစ်ချိန်က ဖြစ်သည့်အကြောင်းအရာကို မည်သို့မျှမစဉ်းစားနိုင်ပဲ မနေနိုင်ခဲ့ချေ။

“ချီးထဲမှ… ငါဘာလို့ ဒီမြင်ကွင်းကို မေ့လို့မရတာလဲ”

All Chapters