← Chapters

အခန်း ၁၈၂၄

Vol. 122 Ch. 1824

အခန်း ၁၈၂၄

Vol. 122 Ch. 1824

အပိုင်း (၁၈၂၄)

ကောင်းကင်ဖြတ်သန်းခြင်းလောက

ထာဝရရွက်သင်္ဘောကြီးသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆင်းသက်လာခဲ့၏။ များပြားလွန်းလှသော တေးဂီတသံများ သည် ထွက်ပေါ်လျက်ရှိ၏။ လက်ရှိအချိန်မှာတော့ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့မှ လူများသည် တန်းစီကာ ရပ်လျက် ရှိနေပြီး တူရိယာများကို တီးခတ်ကာ တေးသီချင်းများ သီဆို၍ သူရဲကောင်းများ အိမ်ပြန်လာချိန်ကို ကြိုဆိုနေ၏။

ကျွီ

ရွက်သင်္ဘောကြီး၏ တံခါးသည် ဖြည်းညှင်းစွာ ပွင့်သွား၏။ လေများသည် တိုက်ခတ်လာခဲ့သည်။ ပြိုင်စံရှား ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းသည် သူ၏မိန်းမနှင့်အတူ အပြင်ဘက်သို့ ထွက်လျှောက်လာခဲ့သည်။ သူသည် ကလေးငယ်များ ကမ်းပေးသည့် ပန်းများကို လှမ်းယူပြီးသည့်နောက် လာရောက်ကြိုဆိုကြသည့်လူများကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

သံသယရှိစရာမလိုပေ။ သူသည် ပြိုင်စံရှားဂိုဏ်းတပည့်များကို ဦးဆောင်၍ ပြိုင်ပွဲကို ဝင်ရောက်ခဲ့၏။ ထို့အပြင် စကြဝဠာ နတ်တိုက်ပွဲသို့ ဝင်ရောက်ခွင့်ရရန် လူနှစ်ဆယ်စာရင်းကိုလည်း ပိုင်ဆိုင်ခဲ့၏။ ထို့ကြောင့် ကောင်းကင် ဖြတ်သန်းခြင်း လောကကြီးသည် သူ့အား သူရဲကောင်းဟု သတ်မှတ်လိုက်ကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

ဒုတိယခေါင်းဆောင်ဖန်းသည် လက်မထောင်ပြကာ ပြောလိုက်သည်။ “မဆိုးဘူး။ မဆိုးဘူး”

ပြိုင်စံရှား ဂိုဏ်း၏ အောင်ပွဲကို ဂုဏ်ပြုရန်အလို့ငှာ ယနေ့မှာပဲ ကုထျန်းရှင်းသည် ကြီးမားလွန်းလှသော စားပွဲကြီး တစ်ခုကို ကြယ်ပင်လယ် မဟာမိတ်အဖွဲ့၌ ကျင်းပခဲ့၏။ များပြားလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် တက်ရောက်ရန် ဖိတ်ကြားခြင်းကို ခံခဲ့ရ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သပ်ရပ်လှသော ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ကြ၏။ စားပွဲ အတွင်း ၎င်းတို့သည် အားလုံးသောသူများ၏ ချီးကျူးမှုကို ခံနေရသည်။

“တကယ့်ကို အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်တွေပဲ”

တပည့်များအားလုံးသည် ချီးကျူးခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မျက်နှာပန်းလှလျက်ရှိ၏။ စိတ်ကောင်းဝင်နေသောကြောင့် သူသည် အရက်ကို အားရပါးရ သောက်ခဲ့ပြီး အိမ်သို့ပင် ထမ်းကာ ပြန်ခဲ့ရ၏။

ရီရှင်းချန်သည်လည်း အတော်များများ သောက်ခဲ့၏။ သူ့အနေနှင့် ခန္ဓာကိုယ်ကို လဲလှယ်ပြီးသည့်နောက် ဝိုင်တာအို၏ ထူးခြားသည့် အမွေဆက်ခံမှုကို မရရှိခဲ့ဘူးဆိုလျှင်တောင်မှ နှစ်အနည်းငယ်ကြာ တမြေ့မြေ့ အရက်သောက်ရင်း အရက်ဒဏ်ကို ခံနိုင်ရည်ရှိလာသည်။

အချက်အလက်အားဖြင့် ညအင်ပါယာသည် ပက်ပက်စက်စက် မူးအောင် သောက်ခဲ့ခြင်းသာလျှင်ဖြစ်၏။ အကယ်၍ စိတ်ဝိညာဉ်သားရဲတောင်ထွတ်ဆီသို့ သွား၍ အိပ်နေမိမည်ကိုပင် စိုးရိမ်ပူပန်မှု မရှိချေ။ သူသည် ကျိန်းသေပေါက် အရက်မူးအောင် သောက်ရပေလိမ့်မည်။

မြင်ကွင်းတွင် ကျဲ့လင်းရောင်ဟူသော နာမည်ကို မြင်ရသည့်အချိန်မှာတော့ ရီရှင်းချန်၏ စိတ်များသည် အမှန်ပင် ရှုပ်ထွေးခဲ့ရ၏။ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ စဉ်းစားချင်စိတ် မရှိလေ သူ၏စိတ်ထဲတွင် ပိုမိုကာ ပေါ်ပေါက်လာသကဲ့သို့ပင်ဖြစ်သည်။ သူသည် မေ့ပျောက်ချင်၏။ သို့ပေမဲ့ ပိုမိုကာ နှလုံးသားထဲသို့ ဝင်ရောက်လာ ခဲ့သည်။

စားပွဲပြီးသည့်နောက် ရီရှင်းချန်သည် တောင်ပေါ်တွင် တစ်ယောက်တည်း မတ်တပ်ရပ်လျက်ရှိ၏။ ကောင်းကင် စက္ကူစလောကကြီးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည် သူ၏စိတ်ထဲတွင် ပြန်လည်ကာ ထင်ပေါ်လာ ခဲ့ပြန်သည်။ လက်ရှိအခြေအနေမှာတော့ အလွန်ပင် ရှင်းလင်းပြီး အစစ်အမှန် ဆန်လွန်းလှ၏။

...............

နောက်တစ်ရက် ဟယ်ဝူတီသည် ထျန်းချီ ထူးခြားလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့၏။ ထာဝရလောကကြီး ထဲတွင် ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ ထူးခြားလွန်းလှသော ဓာတ်သဘာဝများ၏ လွှမ်းမိုးမှုအောက် မှာတော့ သူ၏ အားအင်အဆင့်များသည် တမဟုတ်ချင်း တိုးတက်လာခဲ့၏။ သို့ပေမဲ့ သူသည် အဆင့်ချိုးဖြတ်နိုင်မှု အခြေအနေမှာတော့ မရှိသေးချေ။ ထို့ကြောင့် သူ့အနေနှင့် ပိုမိုကာ အဆင့်မြင့်မားချင်သည်ဆိုပါက သူ့ကိုယ်သူ အားကိုးရုံသာ ရှိတော့သည်။

သို့ပေမဲ့ သူသည် နောက်ကျသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နယ်မြေထဲတွင် လူပေါင်းများစွာ ပြည့်နှက်လျက်ရှိ၏။ ရီရှင်းချန်၊ ရှောင်ကျီနှင့် လုံကျိရန် ကဲ့သို့သော လက်ရွေးစင်တပည့် အားလုံးတို့သည် အထဲ၌ ရောက်ရှိနေကြသည်။ ၎င်းတို့အားလုံးသည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌ အချိန်အတော်ကြာ ပိတ်မိနေခဲ့ကြ၏။ အကြီးဆုံးစီနီယာအစ်မကြီးသည် အဆင့်ချိုးဖြတ်ခဲ့သည် ဖြစ်သောကြောင့် သူတို့ကိုယ်တိုင်သည်လည်း အဆင့်ချိုးဖြတ်နိုင်ရန် ကြိုးစားရပေမည်။

ထျန်းချီ ထူးခြားလျှို့ဝှက်နယ်မြေသည် အလွန် အားကောင်းလှသည်ဆိုသော်လည်း ကန့်သတ်ချက်ကတော့ တည်ရှိနေ၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည်သာ အထဲသို့ ဝင်ရောက်ခွင့် ရ၏။ ထို့ကြောင့် အတွင်းစည်းနှင့် အပြင်စည်းတပည့်များသည် အထဲသို့ ဝင်ရောက်ခွင့်ရရန် ကြိုးစားနေကြသည်။

ဤနေရာတွင် ထူးဆန်းသည့်အရာမှာ တစ်ခုသာရှိသည်။ လက်ရွေးစင်တပည့်တော်တော်များများသည် အားကြိုး မာန်တက်ကြိုးစားနေကြသော်လည်း စုရှောင်မိုကို မတွေ့ရခြင်းပင်။

ဟုတ်ပေသည်။ စုရှောင်မိုသည် စည်းကမ်း ထိန်းသိမ်းရေး ဟောခန်းသို့ ရောက်ရှိနေသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲအတွင်း ရည်ရွယ်ချက် ရှိရှိဖြင့် အရှုံးပေးခဲ့သောကြောင့်ပင်။

ကျင်းဟီနှင့် မြောင်ရှောင်တောင်တို့သည်လည်း တူညီသည့် ခံစားချက်ကို ခံစားနေရသည်။ ၎င်းတို့ နှစ်ယောက် သည် ထုံးစံအတိုင်း တံမြက်စည်းများ၊ ရေပုံးများကို ကိုင်ကာဖြင့် အိမ်သာပြန်လည် ဆေးကြောနေရ၏။

ကုန်းရှန့်သည် တကယ်ပင် စကားတည်သော လူတစ်ယောက်ဖြစ်၏။ အပြစ်ပေးရမည်ဆိုလျှင် ကျိန်းသေပေါက် အပြစ်ပေးမည်ဖြစ်ပြီး ညှာတာစိတ်ဟူ၍ တစ်စက်ကလေးမှ မရှိခဲ့ချေ။ ချွင်းချက်ဟူ၍ အကြီးဆုံးစီနီယာအစ်မကြီး မှာတော့ ဤအပြစ်ပေးရမည့်စာရင်းထဲ မပါဝင်ချေ။ သောက်ကျိုးနည်းလှချေသည်တကား။

ဟူး

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်လိုက်၏။ နတ်ဘုရားလျှို့ဝှက်နယ်မြေ အဆင့် ဆီသို့ ဝင်ရောက်ပြီးသည့်နောက် တန်ခိုးကျင့်သည့်အချိန်၌ သူ၏ ဝိညာဉ်သည် ကောင်းကင်ပေါ်သို့ တက်လှမ်းသွားသည်ကို ခံစားမိ၏။ သို့ပေမဲ့ အမြင်ဆုံးအခြေအနေဆီသို့ ရောက်သည့်အချိန်မှာတော့ မမြင်ရသည့် အားလှိုင်းတစ်ခု၏ ဖိနှိပ်ခြင်းကို ခံရသည်။ ထိုအရာသည် သူ့အား အပြင်ဘက်သို့ ထွက်ခွာမသွားစေရန် ဖိနှိပ်ထားခြင်းနှင့်ပင် ဆင်တူ၏။ ထိုအရာကြီးကို မည်သို့ပင် ကြိုးစားကာ တိုက်ခိုက်၊ တိုက်ခိုက် အပေါ်သို့ ဆက်လက်ကာ တက်မသွားနိုင်ခဲ့ချေ။

“ဦးလေး... ဘာဖြစ်လို့လဲ” ကျွင်းချောင်ရှောင်းသည် ကုထျန်းရှင်းကို သွားရောက်ကာ ရှာဖွေကာဖြင့် သူကြုံတွေ့ နေရသည့် အခြေအနေကို ပြောပြခဲ့၏။

“ဒါက ပုံမှန်ပဲလေ”

ဦးလေးကုက ပြောလိုက်သည်။ “ငါလည်း တူညီတဲ့ အခြေအနေမှာ ရှိနေတာပဲ။ ဒီအတားအဆီး ကို ကျော်ဖြတ်နိုင်မှ အန္တိမလမ်းစဉ်အပေါ် တက်လှမ်းနိုင်မှာ”

“ဪ”

ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွား၏။ “အင်း.. ဝိညာဉ်ကို အပေါ်ထိ မတက်အောင် တားမြစ်ထားတဲ့ အားလှိုင်းကို ကျော်ဖြတ်ရမှာလား။ ဒါဆိုရင် အဆင့်ချိုးဖြတ်နိုင်ပြီပေါ့”

ကုထျန်းရှင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “တိတိကျကျပြောရမယ်ဆိုရင် တခြားလောကကြီးဆီကို သွားနိုင်တဲ့ လမ်းတစ်ခုပဲ။ ဒီအရာက မသေမျိုးလောကကြီးဆီ လျှောက်လှမ်းနိုင်မယ့်လမ်းစဉ်လေ”

“မသေမျိုးလောက ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “တကယ့်ကို အံ့အားသင့်စရာပဲ” သူ့အနေနှင့် ဖြစ်နိုင်မည်ဆိုလျှင် အလုံးစုံသော သေခြင်းတရားမရှိသည့် (နောက်ဆုံး) အန္တိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်သူတစ်ယောက် ဖြစ်ချင်မိသည်။

ဘုတ်

ကုထျန်းရှင်းသည် စာရွက်စာတမ်း အပုံလိုက်ကြီးကို အသာချကာ ပြောလိုက်၏။ “ဒါက စကြဝဠာ နတ်တိုက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လူတွေရဲ့ စာရင်းပဲ။ သူတို့ရဲ့ အားသာမှု၊ ထူးခြားမှု .... အရာအားလုံးကို အသေးစိတ် မှတ်သားထားတယ်။ မင်းတို့အနေနဲ့ ဒါကို ဖတ်ပြီးတော့ ရန်သူတွေက ဘယ်သူလဲ။ ဘာကိုအားသာလဲဆိုတာ ပိုပြီးသိအောင် လုပ်ဖို့လိုတယ်”

“ဦးလေးက တကယ့်ကို ကြင်နာလွန်းပြီ”

ကျွင်းချောင်ရှောင်းသည် ထိုစာရွက်စာတမ်းများ အားလုံးကို သိုလှောင် လက်စွပ်ထဲသို့ သိမ်းဆည်းကာ ပြောလိုက်သည်။ “ဒါဆို ပြန်ပြီးလေ့လာကြည့်လိုက်ပါအုံးမယ်”

“ကောင်းပြီ”

ကုထျန်းရှင်းက ပြောလိုက်၏။ “ငါ တောင်ပင်လယ်နယ်မြေအရှင်နဲ့ တစ်ခါတည်း ဆွေးနွေးခဲ့ပြီးပြီ။ နောက်နှစ်ဆိုရင် ကုန်းဝ ကို လက်ထပ်ပေးတော့မယ်”

အပြင်ဘက်သို့ ထွက်လျှောက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွား၏။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကာ မေးလိုက်သည်။ “ဦးလေး... ကျောင်းရှစ်က အခု ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်လေ။ လက်ထပ်ဖို့ဆိုတာ စောလွန်းမနေဘူးလား”

“နောက်နှစ်ဆိုရင် ဆယ့်လေးနှစ်ပြည့်ပြီ။ အရွယ်ရောက်ပြီမလား”

“...........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “လက်ထပ်တယ်ဆိုတာ ကစားစရာ မဟုတ်ဘူးလေ ဦးလေး။ ကျောင်းရှစ်ရဲ့ ဆန္ဒကိုလည်း မေးမြန်းကြည့်ပါအုံး”

“ဆွေးနွေးဖို့ဆိုတာ အခြေအနေ မရှိဘူး”

ကုထျန်းရှင်းက ပြောလိုက်သည်။ “သူ ကျိန်းသေပေါက် လက်ထပ်ရ လိမ့်မယ်”

“ဘာလို့လဲ”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေသည်။ သူ၏ သေဖော်ရှင်ဖက် ညီငယ်သည် သိုင်းကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် ရောက်ရှိလျက်ရှိနေပြီး အလုံးစုံလည်း ကြိုးစားလို့နေသည်။ အကယ်၍ ရုတ်တရက် လက်ထပ်လိုက်သည်ဆိုပါက အနာဂတ်ကို သက်ရောက်သွားမှာ စိုးရ၏။

“တူလေး”

ကုထျန်းရှင်းသည် အသာလှမ်းလျှောက်လာကာဖြင့် သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ငါ့သားကို မင်းနောက်ကို မလိုက်စေချင်ဘူးလေ”

ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြင့် ဖြစ်သွား၏။ ကုထျန်းရှင်းသည် ဟောခန်းထဲမှ ထွက်လျှောက်သွားပြီးသည့် နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ သူသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “သက်ရှိသတ္တဝါတွေ အကုန်လုံးက ပိုမိုရှည်လျားတဲ့ သက်တမ်းကို ပိုင်ဆိုင်လာတာနဲ့အမျှ ကောင်းကင်ကို ငြင်းဆန် ပုန်ကန်တာပဲလေ။ ဒီတော့ အဆုံးသတ်မှာ ကောင်းကင်တာအိုရဲ့ အပြစ်ပေးခြင်းကို ခံရတယ်။ သူတို့က မျိုးပွားနိုင်ခြင်း မရှိတော့ဘူး”

“............”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ကောင်းကင်တာအို၏ အပြစ်ပေးမှုအကြောင်းကို သူကြားသိခဲ့ပြီးပြီဖြစ်သည်။ ကျင့်ကြံသူများသည် ပိုမိုကာ အားကောင်းလာလေ ကလေးရနိုင်သည့် အခွင့်အရေး သည် ပိုမိုကာ နည်းပါးလာလေဖြစ်သည်။

“အင်း”

ကုထျန်းရှင်းသည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “ဦးလေးက အထက်စကြဝဠာတစ်ခုလုံးကို ခရီး သွားလာပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ အားလုံးကို ရှာဖွေခဲ့ရတယ်။ ပိုးစိုးပက်စက် ကြိုးစားရုန်းကန်ပြီးတဲ့အချိန်မှ သားတစ်ယောက်ကို ကံကောင်းစွာနဲ့ ရရှိခဲ့တယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ ကုန်းဝက စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်မဖြစ်ခင် လက်ထပ်ပြီး ကုမိသားစုရဲ့ သွေးမျိုးဆက်ကို လောကထဲခေါ်ထားမှ ဖြစ်လိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ ဦးလေးကုသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ကုန်းဝကို လက်ထပ်စေချင် ခြင်းမှာ ကုမိသားစု၏ သွေးမျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ရန်ပင်ဖြစ်သည်။ ငယ်ရွယ်တုန်း ဖြစ်သောကြောင့် ကောင်းကင်တာအို၏ အပြစ်ပေးမှုကိုလည်း မခံရချေ။

သို့ပေမဲ့ ထိုအရာသည် သူနှင့် ဘာဆိုင်နေသနည်း။ အဘယ်ကြောင့် သူ၏ခြေရာကို မလိုက်စေချင်ရသနည်း။

“တူလေး”

ကုထျန်းရှင်းက ပြောလိုက်သည်။ “မင်းလည်း လက်ထပ်ထားတာ ဆယ်စုနှစ်နီးပါးခန့် ကြာနေပြီလေ။ ဒါပေမဲ့ ကလေးမရှိသေးဘူး မဟုတ်လား။ ဒီတော့ ကောင်းကင်တာအိုရဲ့ အပြစ်ပေးခြင်း ခံရတဲ့ အခြေအနေကို နက်နက်နဲနဲ နားလည်နေပြီလို့ထင်တယ်”

“.........”

ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် ဖြစ်နေ၏။

သူနားလည်ပြီ။ သူ ကျိန်းသေပေါက် နားလည်သွားပြီ ဖြစ်၏။ ကျောင်းရှစ်အား သူ၏ခြေရာဆီသို့ မလိုက်စေချင်သည့် အဓိပ္ပာယ်ဆိုသည်မှာ သူ့ကဲ့သို့ ကလေးမရမည်ကို စိုးရိမ်နေခြင်းသာဖြစ်သည်။

“ဦးလေး”

ကျွင်းချောင်ရှောင်းက ထအော်လိုက်၏။ “ဦးလေးထင်နေတာ မှားနေပြီနော်”

ကုထျန်းရှင်းသည် ပခုံးကို အသာပုတ်ကာ နှစ်သိမ့်လိုက်သည်။ “ရှင်းပြဖို့ မလိုပါဘူးကွာ။ ဘာပဲပြောပြော ငါဆို ကလေး တစ်ယောက်ရဖို့အတွက် နှစ်ပေါင်းတစ်သောင်းတောင် ကြာခဲ့တယ်လေ”

“မဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည် ရှင်းပြလိုက်ချင်မိ၏။

“တူလေး .. ဟိုတလောက မင်းခြေထောက်တွေ ခွေနေတာကို ငါသတိထားမိတယ်”

ကုထျန်းရှင်းသည် ခန္ဓာကိုယ်ကို ရှေ့သို့တိုးကာ တီးတိုးပြောလိုက်သည်။ “ငါ့ဆီမှာ တိုင်းရင်းဆေးတစ်ခု ရှိတယ်။ မင်း စမ်းပြီး သုံးကြည့်ချင်လား”

“............”

ကျွင်းချောင်ရှောင်းသည် လက်နှင့် သူ၏ဆံပင်များကို ဆွဲဖွနေမိသည်။ စိတ်ထဲမှာလည်း အော်ဟစ်နေမိ၏။ ဦးလေးရဲ့ မျက်လုံးထဲမှာ ငါ တကယ့်ကို မျိုးမအောင်တဲ့ကောင် ဖြစ်နေပြီလား။

“ရော့”

ကုထျန်းရှင်းသည် လက်ထဲသို့ ဆေးနည်းတစ်ခုကို ထိုးထည့်ပေးလိုက်သည်။ “အထဲမှာရှိတဲ့ ဆေးပင်တွေက အရမ်းကို ရှားပါးတယ်။ ရှာနိုင်မလား။ မရှာနိုင်ဘူးလားဆိုတာကတော့ မင်းရဲ့ကံအပေါ်ပဲ မူတည်လိမ့်မယ်။ ဒါက တောင်ကြာပန်းပဲကွ”

“...........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူ၏ဦးလေးသည် သူ့အပေါ် ကောင်းမွန်သည့် စေသနာဖြင့် ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း သူ စိတ်ထဲမှ နက်နက်နဲနဲ ခံစားမိသည်။ ထို့ကြောင့် လက်ခံရန်သာ ရှိတော့၏။

လမ်းမှာတော့ သူသည် ဆေးနည်းကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်ပြီး ကြိမ်းဝါးလိုက်မိသည် “ငါ့အတွက် ဒီတိုင်းရင်းဆေးနည်းဆိုတာ မလိုဘူး။ ငါ .... ကျွင်းချောင်ရှောင်းက အစွမ်းအစအပြည့်နဲ့လူပဲ .. ဘာလဲ တောင်ကြာပန်း .. ဟမ့်”

All Chapters