← Chapters

မှော်ဆန်သော သားရဲထိန်းကျောင်းအစွမ်း

Vol. 41 Ch. 645

မှော်ဆန်သော သားရဲထိန်းကျောင်းအစွမ်း

Vol. 41 Ch. 645

လမ်းတစ်လျှောက်၌ ချန်လွေ့နှင့် အခြားသူများက ဓားမြှောင်ညီနောင်အဖွဲ့၏ တိုက်ခိုက်မှုကို မခံခဲ့ရတော့‌ပေ။ သုံလေးနာရီကြာပြီးနောက် သူတို့အဖွဲ့က ဥယျာဉ်မြို့တော်သို့ ဘေးကင်းကင်းနှင့် ရောက်သွားတော့သည်။

လမ်းတစ်လျှောက်၌ သင်းအုပ်ဆရာက ချန်လွေ့အား ကျောက်နက်တောင်မှ ခိုးယက်မှုအကြောင်း တိတ်တိတ်‌လေး မေးခဲ့သည်။ သူက ချန်လွေ့က ယခင် ရှင်းပြခဲ့သည်ကို မယုံကြည်ပေ။ သို့သော်လည်း ချန်လွေ့က ၎င်းအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူက “ဝိညာဉ်ဘာသာစကား”ကို သရုပ်ပြလိုက်ပြီးနောက် သူက နတ်သူငယ်မျိုးနွယ်စုနှင့် ပတ်သက်မှု တစ်စုံတစ်ရာရှိပြီး သူတို့ထံမှ သားရဲထိန်းကျောင်းအစွမ်း လေ့လာထားကြောင်း ပြောပြသည်။

သင်းအုပ်ဆရာ မာနာက စိတ်သက်သာရာ ရသွား၏။ လူပုတွေနဲ့ နတ်သူငယ်တွေရဲ့ ပတ်သက်မှုက အတော်လေး ရှုပ်ထွေးတယ်။ အနည်းဆုံးတော့ လူသားတွေကို ရန်လိုစိတ် မရှိဘူး။ ဒီလိုရင်းနှီးမှုနဲ့ တစ်ခုခု ကြီးကြီးမားမား ပေးဆပ်မယ်ဆိုရင် လူပုတွေရဲ့ သံသယကိုပျောက်ဖို့က ပြဿနာ မဟုတ်ဘူး။ ဒါကြောင့် “ရစ်ချက်”ရဲ့ သားရဲထိန်းကျောင်းအစွမ်းက မယုံနိုင်စရာ ကောင်းနေတာကိုး။ သူ့ရဲ့ပါရမီအပြင်ကို နတ်သူငယ်တွေရဲ့ လျို့ဝှက်ပညာရပ်ကလည်း အဓိက သော့ချက်တစ်ခုပဲ။

မာနာက အဖြေရှာပြီး‌နောက် သံသယ မဝင်တော့ပေ။ သူက “ရစ်ချက်”တွင် နတ်သူငယ်များ၏ လျို့ဝှက်ပညာရပ် ရှိနေသည်ကို တိတ်တဆိတ် ကျေနပ်နေခဲ့သည်။ ၎င်းက သူတို့ အကြံအစည်ကို အောင်မြင်နိုင်ချေ ပိုမြင့်စေနိုင်မည် မဟုတ်လော။

သံမဏိဒိုင်းကာ ကြေးစားအဖွဲ့က တာဝန်ပြီးမြောက်သွားပြီးနောက် မာနာက အပို ဆုလာဒ်များနှင့် လျော်ကြေးများကို ကတိအတိုင်း ပေးလိုက်သည်။ သို့သော်လည်း လမ်းပေါ်၌ ပြဿနာ ဖြစ်ခဲ့သည့်အတွက် ကြေးစားအဖွဲ့မှ မည်သူကမှ မာနာကို မျက်နှာသာမပေးဘဲ ထွက်သွားလိုက်ကြသည်။

မာနာ၏ ဝမ်းကွဲဖြစ်သော သင်းအုပ်ဆရာ ဆိုလန်တွန်က ဥယျာဉ်မြို့တော်မှ သိဒ္ဓိကျောင်းတော်ကို တာဝန်ယူထားသူ ဖြစ်သည်။ မာနာ ရောက်လာကြောင်း ကြားသောအခါ သူက ကြေးစားသမ္မဂထံ လူများကို ဦးဆောင်ပြီး ချန်လွေ့နှင့် မာနာတို့အား ဥယျာဉ်မြို့တော်ရှိ သိဒ္ဓိကျောင်းတော်သို့ ကြိုဆိုလေသည်။

ဥယျာဉ်မြို့တော်က ယန်ရှောင်အင်ပါယာမှ အဓိကမြို့တော် ဖြစ်သည်။ မြို့တော်အဆင့် ကျောင်းတော် အဆောင်အအုံများကို အလင်းခန်းမဟု ခေါ်သည်။ ဘုန်းတော်ကြီးများ၏ အရေအတွက်နှင့် အရည်အသွေးတို့ကလည်း မာနာ ရှိခဲ့သော မြို့ငယ်များထက် သာလွန်သည်မှာ အသေအချာပင်။ အရေးကြီးသော အဆောက်အအုံများ ပတ်ပတ်လည်တွင် အထူး အကာအကွယ် မှော်စက်ဝိုင်းများ ရှိရုံသာမက ကျောင်းတော်ကို စောင့်ကြပ်ရန်အတွက်လည်း အလင်း စစ်သည်တော်တစ်ယောက် ရှိနေသည်။

အလင်းခန်းမထဲ၌ ဆိုလန်တွန်က မာနာနှင့် ချန်လွေ့တို့ကို လမ်းပြ‌ပေးရန် စကားပြောနေ၏။ ဆုတောင်းခန်းမနောက်တွင် ပန်းဥယျာဉ်ကြီးတစ်ခု ရှိနေပြီး အရွယ်အစားက စတုရန်းပုံစံ ရှိနေသည်။ ၎င်း၏နာမည်က ပန်းဖြူလမ်းဆုံ ဖြစ်သည်။

ပန်းဖြူလမ်းဆုံတွင် စိမ်းလန်းစိုပြေသော သစ်ပင်များနှင့် လတ်လတ်ဆတ်ဆတ် လှပသော ပန်းပွင့်များ ရှိကြသည်။ အလယ်တွင် မှော်ရေပန်းတစ်ခု ရှိနေပြီး ငှက်သီကျူးသံများ ပန်းရနံ့များနှင့် လွှမ်းခြုံနေကာ အတော်လေး တိတ်ဆိတ်ပြီး ကျက်သရေ ရှိနေသည်။ အကျယ်အဝန်းနှင့် အခြေအနေတို့က ဂူဒန်မြို့ငယ်လေးထက် များစွာ သာလွန်လှသည်။

“သင်းအုပ်ဆရာ မာနာ။ အလင်းယုံကြည်မှုရဲ့ ညီအစ်ကို။ ချစ်ရတဲ့ ဝမ်းကွဲ။ ထင်ထားတာထက် ပိုပြီးတော့ မြန်မြန် ရောက်လာတာပဲ။ လေးငါးရက်တည်းနဲ့ ဥယျာဉ်မြို့ကို ရောက်လာခဲ့တယ်။” မာနာ၏ ဝတုတ်တုတ် ခန္ဓာကိုယ်နှင့်ယှဉ်လျှင် ဆိုလန်တွန်က အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါးဖြစ်ကာ ဝါးတိုင်ကဲ့သို့ ဖြစ်နေသည်။ သူတို့နှစ်ဦး အတူတူ ရပ်နေလိုက်သောအခါ ပြင်းထန်သော ဆန့်ကျင်ဘက်တစ်ခု ဖြစ်နေလေသည်။

“သင်းအုပ်ဆရာ ဆိုလန်တွန်။ ဝမ်းကွဲ။ မပြောပါနဲ့တော့။ ဒီနေ့တွေက ငါ့အတွက် သုံးလေးနှစ်ထက်ကို ကြာတယ်။” မာနာက ကြောက်ရွံ့မှုများ ပြသနေခဲ့သည်။ “ငါတို့က လမ်းမှာ ဓားမြှောင်ညီ‌နောက်အဖွဲ့ လုပ်ကြံခံရတာကို ခံခဲ့ရတယ်။ ငါ့ရဲ့မိတ်ဆွေကောင်း ရစ်ချက် ကြောင့်သာ မဟုတ်ရင် မင်းကို ထပ်ပြီးတော့ တွေ့ရလောက်မှာ မဟုတ်ဘူး။”

“ဓားမြှောင်ညီနောင် အဖွဲ့လား။” ဆိုလန်တွန်က မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်သည်။ ထို့နောက် သူက မာနာ အကြံပြုသော “ရစ်ချက်”ကို ကြည့်သည်။ “မင်းက ရစ်ချက်လား။”

ချန်လွေ့က မာနာ၏ တမင်တောင်းဆိုမှုကြောင့် သူတို့နှစ်ယောက် ‌အနောက်တွင် နေနေခြင်း ဖြစ်သည်။ ယခုမှသာ ဆိုလန်တွန်က ချန်လွေ့ကို စကားပြောလိုက်ခြင်းပင်။

“မင်္ဂလာပါ။ ဆာ-ဆိုလန်တွန်။” ချန်လွေ့က ဂူဒန်မြို့‌ ကျောင်းတော်မှ လေ့လာထားသော ကျောင်းတော် စစ်သည်တော် ကျင့်ဝတ်ထုံးတမ်းကို မှန်မှန်ကန်ကန် ပြသလိုက်သည်။

ဆိုလန်တွန်က ချန်လွေ့၏ သာမန်မျက်နှာကိုကြည်ပြီး ပို၍ပင် မျက်မှောင်ကြုတ်လိုက်၏။ “ငါ့ဝမ်းကွဲက မင်းရဲ့ စွမ်းရည်ကို စာထဲမှာ လုံးဝကို ချီးမွမ်းထားတယ်။ သူ့ကို ဒီလိုရေးအောင် မင်း ဘယ်လို လုပ်ခဲ့တာလဲတော့ မသိဘူး။ ဒါပေမဲ့ ဥယျာဉ်မြို့တော် အရန် အလင်းမြင်စီးစစ်သည်တော် အတွက် အလောင်းအလျာတွေထဲက တစ်ယောက်အနေနဲ့ သူ့ရဲ့ အကြံပြုချက်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။”

“အလောင်းအလျာတွေထဲက တစ်ယောက်လား။” မာနာက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ဥယျာဉ်မြို့တော်အတွက် အရန် အလင်းစစ်သည်တော် အလောင်းအလျာ အဖြစ် တစ်ခါတည်း အကြံပြုဖို့ မဟုတ်လား။ မင်း ဒီတစ်ခေါက် ဘယ်နှစ်ယောက် စီစဉ်ထားတာလဲ။”

“ဥယျာဉ်မြို့တော်က နေရာအကျယ်ကြီးပဲ။ ကျောင်းတော် ခေါင်းဆောင် တစ်ယောက် အနေနဲ့ အများကြီးကို ရွေးထားဖို့ လိုတာပေါ့။” ဆိုလန်တွန်က မာနာအား မျက်ရိပ်ပြလိူက်၏။ “တခြား အလောင်းအလျာတွေက ဘယ်သူလဲဆိုတာသိလား။ အလင်းစစ်သည်တော် ခေါင်းဆောင်ရဲ့ တပည့်။ လော့ဒ်ရဲ့ တူ။ မြို့တော်ဝန်ရဲ့ ဆွေမျိုးတွေ။ ဒီလိုပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ဂူဒန်မြို့အတွက် တစ်နေရာ ချန်ပေးထားတာက ငါ အကောင်းဆုံး လုပ်နိုင်တာပဲ။ ဒါကလည်း မင်းအတွက်ကြောင့်ပဲ။”

သို့သော်လည်း မာနာက ဆိုလန်တွန် မျက်ရိပ်ပြခြင်းကို သတိထားမိဟန် မတူပေ။ သူက လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “မရဘူး။ ရစ်ချက်က ဥယျာဉ်မြို့တော်က အကြံပြုတဲ့ တစ်ဦးတည်းသော အလောင်းအလျာ ဖြစ်ရမယ်။ မင်းမှာ ဒီလို လုပ်ပိုင်ခွင့်ရှိတာ ငါသိတယ်။ ငါ့စာကို သေသေချာချာ မဖတ်ကြည့်ဘူးလား။”

မာနာက မိမိ မျက်ရိပ်ပြနေသော်လည်း ပြောင်ပြောင်းတင်းတင်း ပြောနေသည့်အတွက် ဆိုလန်တွန်က မကျေမနပ် ဖြစ်သွားသည်။ သူက အနီးအနားမှလူများကို နောက်ဆုတ် ခိုင်းလိုက်သည်။ ထို့နောက် ချန်လွေ့အရှေ့၌ အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ “မင်းရဲ့ အကြံပြုချက်ကြောင့်သာ မဟုတ်ရင် သူ့နောက်ခံနဲ့ဆို အလောင်းအလျာဖြစ်ဖို့တောင် အရည်အချင်း ပြည့်မှီမှာ မဟုတ်ဘူး။”

ချန်လွေ့က ဘာမှမပြောဘဲ ပြုံးကာ မာနာကို ကြည့်လိုက်သည်။ မာနက လုပ်ဖော်ကိုင်ဖက် အရှေ့တွင် ပေးထားသော ကတိကို တွေးမိလိုက်ပြီး ရှက်သွားခဲ့သည်။ “မစ်-အယ်လီဇာက နောက် သုံးလေးရက်နေရင် ဥယျာဉ်မြို့တော်ကို‌ ရောက်လာလောက်တယ်။ ဒီရစ်ချက်က ဆာ-‌ရေဖျန်း ဘုန်းတော်ကြီး ရော်ဂျာနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ရစ်ချက်က အကောင်းဆုံးပဲဆိုတာကို ငါ အာမခံနိုင်တယ်။”

“မာနာ။ တောက်။ မင်းက သူ့ကို အားလုံး ပြောပြခဲ့တာလား။” ဆိုလန်တွန်က မုန်းတီးသော အမူအရာဖြင့် ပြောလိုက်သည်။ “ငါမင်းကို သတိပေးလိုက်မယ်။ သင်းအုပ်ဆရာ မာနာ။ ဒီတစ်ခေါက်က မြို့တော် ဂိုဏ်းအုပ်ရာထူးအတွက် မင်း ယှဉ်ပြိုင်ရုံတင် မဟုတ်ဘူး။ မင်း အမှားလုပ်ခဲ့ရင်.....”

ဆိုလန်တွန်က ဆက်မပြောပေ။ သူက ချန်လွေ့ကို ရှောင်နေခြင်း ဖြစ်သည်။ သို့သော်လည်း ချန်လွေ့က လူသစ်တစ်ယောက် မဟုတ်တော့ပေ။ ၎င်းမှာ အဖွဲ့ခွဲအချင်းချင်း ယှဉ်ပြိုင်ခြင်းထက် မပိုကြောင်း သူ ခန့်မှန်းမိနိုင်လေသည်။

သို့သော်လည်း ချန်လွေ့က နှင်းဒဲလက်ပန်းကို ခိုးယူရန်အတွက် ကမ်းပါးဖြူသို့ ခိုးဝင်ချင်လျှင် မာနာ၏ အကြံအစည်ကို အခွင့်အရေး ယူရမည် ဖြစ်သည်။ သူက အရန် အလင်း စစ်သည်တော် အလောင်းအလျာတစ်ယောက် ဖြစ်မှရပေမည်။

ချန်လွေ့၏ အတွေးများ အနည်းငယ် လှုပ်ရှားသွားပြီး ဆိုလန်တွန်နှင့် မာနာတို့က ကောင်းကင်သည် ရုတ်တရက် မှောင်သွားပြီးနောက် အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်ကို ခံစားလိုက်မိသည်။ သူတို့က အထင်မှားနေသည်ဟု ထင်မှတ်ခဲ့သည်။ ထိုအချိန်၌ ချန်လွေ့က ရှေ့တက်လာပြီး လက်မြှောက်လိုက်သည်။ ပန်းဥယျာဉ်တစ်ခုလုံးရှိ ငှက်သီကျူးသံများ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ဆိုလန်တွန်နှင့် မာနာတို့က မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။

ငှက်မျိုးစုံက နေရာအနှံ့မှ ပျံသန်းလာကြသည်။ ထိုငှက်လေးများက စက်ဝိုင်းပုံ ဖွဲ့စည်းလိုက်ကြပြီး ချန်လွေ့ ပတ်ပတ်လည်၌ ပျံသန်းနေကြသည်။ ချန်လွေ့က လေချွန်လိုက်ရာ ငှက်များလည်း တစ်ပြိုင်နက်တည်း သီကျူးကြလေသည်။ လေချွန်သံ ရပ်သွားသည်နှင့် မည်သည့် ငှက်ကမှ အသံမထွက်ဘဲ အားလုံး တိတ်နေကြသည်။ တောင်ပံခတ်သံများသာ ကြားနေရ၏။ လေချွန်သံ ထွက်ပေါ်လာသည်နှင့် သီကျူးသံများ ပျော်ရွှင်စွာဖြင့် ထွက်ပေါ်လာပြန်သည်။

ထပ်ကာထပ်ကာ ပြုလုပ်ပြီးနောက် ငှက်များ၏ အဖွဲ့အစည်းက လေထဲမှ အလွန်ကြီးမားသော အလင်းရောင် စာတန်းအဖြစ် ပြောင်းလဲသွားသည်။ ရေပန်းထဲမှ ငါးများကလည်း ရေမျက်နှာပြင်ပေါ်သို့ ခုန်တက်လာနေကြသည်။

ခဏကြာပြီးနောက် ငှက်များက တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ငါးများကလည်း ရေထဲသို့ ပြန်သွားကြသည်။ ပန်းဥယျာဉ်လမ်းဆုံ တစ်ခုလုံးလည်း ယခင်အတိုင်း ပြန်ဖြစ်သွား၏။ ဆိုလန်တွန်နှင့် မာနာတို့က အိပ်မက်မက်နေသကဲ့သို့ပင် ထိုနေရာ၌ ကြောင်တောင်တောင်နှင့် ရပ်နေကြလေသည်။

ဝတုတ် မာနာက “ရစ်ချက်”၏ မှော်ဆန်သော သားရဲထိန်းကျောင်းအစွမ်းကို တစ်ခါ မြင်ခဲ့ဖူးသည့်အတွက် ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။ သို့သော်လည်း ထိုမျှအထိ “မှော်ဆန်” လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ ကြက်သေသေနေသော ဝမ်းကွဲကို သတိထားမိပြီးနောက် ဝတုတ်က ဂုဏ်ယူမိသွားသည်။ “သင်းအုပ်ဆရာ ဆိုလန်တွန်။ ငါဘာလို့ ရစ်ချက်ကို ရွေးခဲ့လဲဆိုတာ နားလည်ပြီ မဟုတ်လား။”

ထို့နောက်မှသာ ဆိုလန်တွန်က သတိပြန်ဝင်လာသည်။ သူ ခေါင်းညိတ်လိုက်မိတော့မည့် အချိန်၌ ကောင်းကင်ပေါ်မှ အနက်ရောင်ပုံရိပ်တစ်ခု ဆင်းသက်လာပြီး ချန်လွေ့၏ ဆန့်ထားသော လက်မောင်းပေါ်သို့ ရောက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ မျက်လုံးအစိမ်းရောင် တောက်နေသော ရွှေသိမ်းငှက် ဖြစ်၏။ ၎င်းက ချန်လွေ့လက်ဝါးထဲမှ အသားစကို ခေါင်းငုံ့ပြီး ထိုးဆိတ်စားသောက်နေလေသည်။

“ဒါက မစ်-အယ်လီဇာကို ငါပေးမယ့် မိုးကြိုးငှက်ပဲ။” ဆိုလန်တွန် ကြက်သေသေ သွားပြန်သည်။ ၎င်းမှာ ငယ်ရွယ်သော မိုးကြိုးငှက်တစ်ယောက် ဖြစ်သည်။ သူက အယ်လီဇာအား ကျေနပ်စေရန်အတွက် ၎င်းကို ကြေးစားတစ်ယောက်ထံမှ ‌စျေးကြီးပေး၍ ရခဲ့ခြင်း ဖြစ်၏။

မိုးကြိုးငှက်က အလွန်အမင်း အားကောင်းသော စရိုက်ရှိပြီး ယဉ်အောင်ပြုလုပ်ရန် ခက်ခဲလှသည်။ ငှက်ငယ်လျှင်လည်း အတူတူပင် ဖြစ်သည်။ ၎င်းက အနားကပ်လာသူတိုင်းကို ရန်လိုပြီး အစာအစားပေ။ ထို့ကြောင့် ဆိုလန်တွန်တွင် ရွေးစရာမရှိတော့ဘဲ ၎င်းကို ပန်းဥယျာဉ် လမ်းဆုံထဲ၌ ထားထားပြီး ကိုယ်တိုင် အစာရှာစေသည်။ ၎င်းကို သားရဲထိန်းကျောင်းသူက ချိတ်ပိတ်ထားသည့်အတွက် ထွက်ပြေးရန်တော့ မဖြစ်နိုင်ပေ။ ယခုတွင် မည်သည့်စာချုပ်၊ မည်သည့် ကြိုတင် လေ့ကျင့်ပေးမှုမျှ မလုပ်ဘဲ ထိုမိုးကြိုးငှက်က “ရစ်ချက်”၏လက်ထဲ၌ အလိုလိုပျံသန်းသွားကာ အစားအစာ ပေါက်စားနေသည်မှာ မယုံနိုင်စရာ ကောင်းလှပေသည်။

မာနာပြောတာ မှန်တယ်။ ဒါက တကယ့်ကို ဖော်ပြလို့မရတဲ့ သားရဲထိန်းကျောင်း အစွမ်းပဲ။

ချန်လွေ့က ခုနက ငှက်များကို သရုပ်ပြရန်အတွက် ပိုင်နက်စွမ်းအားနှင့် [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုမိုးကြိုးငှက်ကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ မိုးကြိုးငှက်၏ ဆာလောင်မှုနှင့် အကြောက်တရားကို သိသွားသည့်အခါ ချန်လွေ့က ထိုငှက်လေးကို လှည့်ကွက်သုံးပြီး မျှားခဲ့သည်။ ထိုငှက်ကလည်း မရင့်ကျက်သေးသည့်အတွက် ရောက်လာခဲ့လေသည်။

အရွယ်ရောက်ပြီးသား မိုးကြိုးငှက်သာဆိုလျှင် ထိုမျှ‌လောက် ရိုးရှင်းမည် မဟုတ်ပေ။ မိုးကြိုး ပစ်ချလောက်ပေမည်။

“အလင်းဘုရားသခင်။ ဒါက မယုံနိုင်စရာပဲ။”

လေးစားအားကျနေရင်း ဆိုလန်တွန်က စိတ်ထဲက ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ဝတုတ်၏ ပုခုံးကို ပုတ်လိုက်ရာ ဝတုတ်ကလည်း ပြုံးဖြီးဖြီး လုပ်လိုက်၏။ “မာနာ။ ချစ်ရတဲ့ ဝမ်းကွဲ။ မင်းရဲ့အမြင်က ဆာ-ရစ်ချက်ရဲ့ စွမ်းရည်တွေလိုမျိုးပဲ မယုံနိုင်စရာကောင်းတယ် ဆိုတာကို ငါပြောရမယ်။”

“ဒါဆိုရင် အရန် အလင်း သူရဲကောင် အကြံပြုဖို့က.....”

“ခေါင်းဆောင် တန်နီစီအိုကို ငါကိုယ်တိုင် ဖြောင်းဖျပေးမယ်။ လော့ဒ်နဲ့ မြို့တော်ဝန်ကတော့ ငါတို့ အလင်းနောက်လိုက်တွေဆိုတော့ တခြားအာဏာတွေကို ကြောက်စရာ မလိုဘူး။” နောက်ဆုံးစကား၌ လူလိမ်ပုံစံ ဆိုလန်တွန်က ဂုဏ်ယူသော အမူအရာ တစ်ခု ပြုလုပ်လိုက်သည်။

“ဆာ-ဆိုလန်တွန်။ ဒီမိုးကြိုးငှက်ကို ချိပ်ပိတ်ထားတာ ပယ်ဖျက်ချင်တယ်။ သူ မထွက်ပြေးဘူးဆိုတာ ကျုပ် အာမခံနိုင်တယ်။”

လွန်ခဲ့သော တစ်မိနစ်ကဆိုလျှင် ဆိုလန်တွန်က ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို သဘောတူလိမ့်မည် မဟုတ်ပေ။ ယခုတွင် သူက အတော်လေး ကျေနပ်နေ၏။ သူ၏ ပိန်ပါးပါး မျက်နှာက ယခင်နှင့် လုံးဝကွဲပြားနေပြီး လေးစားနေသာ အမူအရာ ဖြစ်နေလေသည်။ “ပြဿနာ မရှိပါဘူး။ ဆာ-အလင်းစစ်သည်တော်လောင်း။”

“နောက်တစ်ခု ရှိသေးတယ်။ ကျုပ် ဒီရက်ပိုင်း ကျောင်းတော်မှ နေပြီးတော့ ဝတ်ပြုချင်တယ်.....” ချန်လွေ့က ဂူဒန်မြို့၌ သူ “အဆင့်တက်တော့မည့်” အဖြစ်အပျက်အကြောင်း ပြောပြသည်။ ဆိုလန်တွန်ကလည်း ချက်ချင်းပင် လက်ခံလိုက်ပြီး ကျောင်းတော်နယ်မြေထဲသို့ ဝင်ထွက်သွားလာနိုင်သော အဖြူရောင် တံဆိပ်ပြား တစ်ခုကိုပင် ပေးလိုက်သည်။

ချန်လွေ့က ဆိုလန်တွန်နှင့် မာနာတို့တွင် ပြေစရာ ရှိလိမ့်မည်ကို အာရုံခံမိခဲ့သည်။ သူက အသိအမှတ်ပြုခံရရန် ပန်းတိုင်ကို ရပြီးပြီ ဖြစ်သည့်အတွက် ချက်ချင်းပင် ဆုတောင်းခန်းမသို့ ထွက်သွားတော့သည်။

ဥယျာဉ်မြို့တော်ရှိ ဆုတောင်းခန်းမက ဂူဒန်မြို့ထက် သုံးလေးဆ ပိုမိုကြီးမားပြီး ယုံကြည်သူ အရေအတွက်လည်း ပိုများသည်။ ထိုအချိန်မှာ အလုပ်ရှုပ်ဆုံးသော မနက်ခင်းအချိန် ဖြစ်သည်။ ဆုတောင်းသူ အများအပြား ရှိနေသေးသည်။

ဂိတ်တံခါးသို့ ဝင်သွားလိုက်သည်နှင့် ယုံကြည်မှု အငွေ့အသက် အများအပြားကို ချန်လွေ့ ခံစားလိုက်မိသည်။ ထိုယုံကြည်မှုစွမ်းအား အရည်အတွက်နှင့် အရည်အသွေးတို့က ဂူဒန်မြို့ထက် များစွာ သာလွန်ပေသည်။ ဥယျာဉ်မြို့တော်သို့ သွားရာလမ်းအတွင်း ချန်လွေ့က ဂူဒန်မြို့မှ ခိုးလာခဲ့သော ယုံကြည်မှုစွမ်းအားများကို ပြောင်းလဲပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူ့တွင် ယုံကြည်မှုသလင်းကျောက်သောင်းချီ ပိုမိုရှိသွားပြီ ဖြစ်သည်။ ဂိုဒေါင်က ကွက်လပ်ဖြစ်နေပြီး “ပစ္စည်းများ” အလျင်အမြန် ထပ်ဖြည့်ရန် လိုအပ်နေပေသည်။

ခန်းမရှေ့မှ နတ်ဘုရားရုပ်ထု၏ ဝေဝါးဝါး မျက်နှာကို မြင်သည့်အခါ ချန်လွေ့၏ မျက်လုံးများက အကာကွယ်မဲ့သော မိန်းမလှေတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည့် နှာဘူးတစ်ယောက်ကဲ့သို့ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာ၏။

ဦးညွှတ်နေသော ယုံကြည်သူများက နတ်ဘုရားမျက်နှာက ဝေဝါးဝါးပုံစံက ပြောင်းလဲမှုများ ဖြစ်နေသည်ကို သတိမထားမိကြပေ။ ပြောင်းလဲမှုများ တဖြည်းဖြည်း ငြိမ်သက်သွားသောအခါ နတ်ဘုရားရုပ်ထု၏ မျက်လုံးထဲရှိ အနီရောင်အလင်းများက ဖြည်းဖြည်ချင်း ကွယ်ပျောက်သွား၏။

နောက်ပိုင်းရက်များတွင် ချန်လွေ့က ခန်းမထဲ၌ “နားလည်သဘောပေါက်ရန်” နေနေရစ်သည်။ ဆိုလန်တွန်၏ ဂရုစိုက်ပေးမှုကြောင့် လုပ်ငန်းစဉ်က အတော်လေးကို ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။ အသူရာကိုယ်ပွားက ယုံကြည်မှုစွမ်းအားများ အဆက်မပြတ် စုပ်ယူနေသည်ကို မြင်သည့်အခါ ချန်လွေ့က ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။ ထိုအခြေအနေက ဆက်လက်ဖြစ်သွားနေပြီး ၃ရက်ကြာပြီးနောက် မစ်-အယ်လီဇာ ရောက်လာတော့သည်။

All Chapters