← Chapters

လူသားလောက။ မမျှော်လင့်ဘဲ ရောက်ရှိလာခြင်း

Vol. 41 Ch. 628

လူသားလောက။ မမျှော်လင့်ဘဲ ရောက်ရှိလာခြင်း

Vol. 41 Ch. 628

နွေးထွေးပြီး အေးချမ်းနေ၏။

ချန်လွေ့က အသိစိတ်က ထိုခံစားချက်ထဲ၌ တဖြည်းဖြည်း နိုးထာသည်။

အိပ်မပျော်ခင်က သေရေးရှင်ရေး တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ပြန်ရှင်ရန် သေသည်အထိ တိုက်ခိုက်ခဲ့ရကြောင်း သူ မှတ်မိနေသေးသည်။ နောက်ဆုံး၌ သူက အမှန်တကယ် အဆင့်တက်သွားပြီး အသူရာအား အနိုင်ယူနိုင်ခဲ့သည်။

ချန်လွေ့က စိတ်ကို စေစားလိုက်ရာ အသိစိတ်က စူပါစနစ်ထဲသို့ ရောက်ရှိလာသည်။

ပထမဆုံး သူ မြင်သည်မှာ အလွန်ကြီးမားနေခြင်း ဖြစ်သည်။ ကြယ်နေရာလွတ် နယ်မြေက အဆပေါင်း ဒါဇင်ခန့် ပိုမိုကျယ်ပြန့်နေ၏။ မူလ [ ကြယ်စင်စုပိုင်နက် ] က ကြယ်စင်စု တစ်ခုသာ ဖြစ်‌သော်လည်း ယခုတွင် အလင်းရောင်နှင့်အပူ ထုတ်လွှတ်ပေးသော နေတစ်စင်းသာ မဟုတ်တော့ဘဲ ငါးစင်း ရှိနေပြီ ဖြစ်သည်။ တစ်စင်းစီက ကိုယ်ပိုင်မျဉ်းများ ရှိကြသည်။ ၎င်းမှာ တကယ့် [ ကြယ်စင်စုပိုင်နက် ] ပင် ဖြစ်လေသည်။

ထို့အပြင် သက်ရှိနေထိုင်သော ဂြိုလ်များလည်း အရေအတွက် တိုးလာသည်။ အုပ်ချုပ်သူ ဖြစ်သည့်အလျောက် သူက [ ကြယ်စင်စုပိုင်နက် ] ထဲမှ တုန်ခါနေသော အသက်လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

ချန်လွေ့က ကြယ်စင်စုနတ်ဘုရားကျောင်းထဲ ဝင်ကာ ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။ ယခင်နှင့် ကွာခြားချက်မှာ အချက်အလက်ပြဇယား၊ အစွမ်းသစ်ပင်နှင့် အခြား အလင်းမျက်နှာပြင်များ မပေါ်လာခြင်းပင်။ သို့သော်လည်း ၎င်းတို့က ချန်လွေ့၏ စိတ်ထဲ၌ တစ်ခါတည်း ‌ပေါ်ထွက်လာသည်။ သူက အတွေးတစ်ချက်ဖြင့် ၎င်းတို့ကို သိနိုင်ပေသည်။

သုံးဖက်မြင်လူသား၏ ပါးစပ်နှင့်နှာခေါင်းထဲတွင် “မီရာ့ခ်”ဟူသော စကားလုံးပါဝင်သည့် နက်ပြာရောင် မီးတောက်တစ်ခု ရှိနေပြီး ၎င်းမှာ မီရာ့ခ်နယ်ပယ် ကြယ်သွေးကြော ဖြစ်သည်။

ယခင်ကြယ်ငါးပွင့် သွေးကြောများအပြင် မျဉ်းဖြောင့် စီစဉ်ထားသော စုစုပေါင်း ကြယ်၆ပွင့် ရှိနေ၏။

ဂုဏ်ပုဒ် - ဓူဝံကြယ်ဧကရာဇ်

ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ်၆ပွင့်

စွမ်းအားအကဲဖြတ်မှု - S+

ခန္ဓာအမျိုးအစား - S+

စွမ်းအား - S+

စိတ်ဝိညာဉ် - S++

အမြန်နှုန်း - S+

အရှိန်အဝါတန်ဖိုး - သန်း ၁၉၇

ယုံကြည်မှု သလင်းကျောက် - ၆၅၆၇

ဓူဝံကြယ်အဆင့် - ကြယ်ပြာ။

သေခြင်းရှင်ခြင်းကို နားလည်သဘောပေါက်သွားခြင်းကြောင့် သူက ဖက်ဒါ အခြေအနေမှ အဆင့်တက်နိုင်ခဲ့ပြီး ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း မီရာ့ဇ်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ ဂုဏ်ပုဒ်လည်း “ကြယ်အရှင်သခင်”မှ “ဓူဝံကြယ်ဧကရာဇ်”သို့ အဆင့်တက်သွား၏။ တန်ဖိုး အမျိုးမျိုးလည်း သူထင်ထားသကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း မဟုတ်တော့ဘဲ S+သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက S++ သို့ပင် ရောက်ရှိသွားသည်။ ထိုတန်ဖိုးသတ်မှတ်ခြင်းက ပြောင်းလဲသွားဟန်တူသည်။ ယခင်က “+” နှစ်ခု မရှိပေ။

အံ့အားသင့်စွာပင် ထို “အချက်အလက်ပြဇယား”၌ အတွေးအကြုံတန်ဖိုး အချက်အလက် ရှိမနေပေ။ ယုံကြည်မှု သလင်းကျောက်အတွက် အတန်းအသစ် ရှိနေပြီး ယခင်ကမရှိသော ဓူဝံကြယ်အဆင့်လည်း ရှိနေသည်။

အသူရာကို အဆုံးသတ်ပြီးချိန်တွင် ယခင်က အခိုးခံခဲ့ရသော သိန်းနှင့်ချီ ယုံကြည်မှုစွမ်းအား အများအပြားကို ပြန်လည် ရရှိခဲ့ကြောင်း ချန်လွေ့မှတ်မိသည်။ ယခုတွင် ၁၅၀၀သာ ရှိတော့သည်။ ယခုတစ်ခေါက် အဆင့်တက်ခြင်းက အရှိန်အဝါ သန်း၁၀၀ကို အသုံးပြုခဲ့ရုံသာမက ယုံကြည်မှုသလင်းကျောက် တစ်သိန်းကိုလည်း အသုံးပြုခဲ့ဟန်တူသည်။

အရှိန်အဝါက စူပါစနစ် လည်ပတ်ရန်အတွက် ထိန်သိမ်းပေးသော “အခြေခံစွမ်းအင်” နှင့် ညီမျှသည်။ အထူးသဖြင့် အစောပိုင်းအခြေအနေ၌ စူပါစနစ်က ပြင်ပအရာများကို အရှိန်အဝါအဖြစ် ပြောင်းလဲပြီး လုပ်ဆောင်ချက်များကို တစ်ဆင့်ချင်း တိုးတက်စေသည်။ စွမ်းရည်များမျာလည်း အရှိန်အဝါကို အသုံးပြုကာ ခန္ဓာကိုယ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးခြင်း ဖြစ်သ်ည။ ကြယ်ဆင့်ကဲပြောင်းလဲခြင်းနှင့် ကြယ်ဥယျာဉ်ကဲ့သို့ အရာများ ပေါ်ထွက်လာခြင်းကြောင့် အရှိန်အဝါက တဖြည်းဖြည်းနှင့် လုံလောက်သွားခဲ့သည်။ လက်ရှိ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းတွင် “အရှိန်အဝါ”၏ အခြေခံစွမ်းအင်က လုံလောက်သည်ထက် ပိုနေသည်။ ထုတ်လုပ်သော အရှိန်နှင့် အရေအတွက်မှာ စနစ်ကို ထိန်းသိမ်းရန် လိုအပ်သည်ထက် များစွာ ပိုလျှံနေသည်။ သူ ယခင်ကကဲ့သို့ ဆေးရည်မည်းနှင့် ပုံကြမ်းများအတွက် လဲလှယ်ရာ၌ နောက်ဆံတင်းစရာ မလိုတော့ပေ။

ယုံကြည်မှုစွမ်းအားက စူပါစနစ်၏ “ပိုမြင့်သောစွမ်းအင်” ဖြစ်သည်။ စွမ်းအား တိုးသွားသော [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] နှင့် ဆင့်ကဲပြောင်းလဲခြင်းတို့ကို ယုံကြည်မှု သလင်းကျောက်နှင့် ခွဲခြား၍ မရနိုင်ပေ။ ကြယ်အဆင့်တက်ခြင်းနှင့်အတူ ယုံကြည်မှုစွမ်းအား လိုအပ်မှုလည်း များပြားလာမည် ဖြစ်သည်။

ကံကောင်းစွာပင် အသူရာ၏ လျို့ဝှက်အန္တရာယ်ကို လုံးဝ ဖြေရှင်းနိုင်လိုက်ပြီ ဖြစ်သည်။ [ ကြယ်စင်စုပိုင်နက် ] နယ်မြေကလည်း ကြီးကြီးမားမား ကျယ်ပြန့်သွားပြီး သက်ရှိနေထိုင်သော ဂြိုလ်များလည်း အရေအတွက် ပိုများလာသည်။ ယုံကြည်မှုစွမ်းအား စုဆောင်းမှုမှာလည်း အတော်လေး အရှိန်မြန်လာခဲ့သည်။

အခုအဆင့်အထိ ရောက်နေပြီဆိုတော့ အတွေ့အကြုံတန်ဖိုးလိုမျိုး အချက်အလက်တွေ မလိုတော့ဘူး။ အဲဒီဓူဝံကြယ်အဆင့်က လက်ရှိအဆင့်ကို ထင်ဟပ်နေတာ ဖြစ်နိုင်တယ်။ ကြယ်ပြာက ပထမဆင့်ပဲ။ နောက်ထပ် ပိုမြင့်တဲ့အဆင့်တွေ ရှိနိုင်တယ်။ ပြီးတော့လည်း ငါ့စွမ်းအားတွေ ပိုပြီးတော့ တိုးလာဦးမှာ။

အဆင့်တက်ပြီးနောက် ချန်လွေ့ သတိထားသည်မှာ အစွမ်းအသစ်များအကြောင်း ဖြစ်သည်။ သူက တစ်ချက် တွေးလိုက်ရာ အစွမ်းသစ်ပင်က သူ့စိတ်ထဲ၌ ပေါ်ထွက်လာ၏။

အရောင်တောက်နေသော အစွမ်းသစ်ပင်၏ ၆ဆင့်မြောက်တွင် အစွမ်းအသစ် ၄မျိုး ရှိနေသည်။

[ အပြစ်ဒဏ် ] (အလိုအလျောက်စွမ်းရည်) - ထိခိုက်မှုအားလုံကို တန်ပြန်ပေးနိုင် (ထိခိုက်မှုအဆင့်ကို ဖယ်ရှား၍ရ)။ လက်ရှိကြယ်ပြာအဆင့်၌ အသုံးပြုနိုင်ချေမှာ ၃၀% ။ ထိုအစွမ်းက ချန်လွေ့က မျက်လုံးပြူးသွားစေသည်။ ထိခိုက်မှုကို တန်ပြန်နိုင်တယ်လား။ ဒါက လုံးဝကို ဖြူကောင်အစွမ်းပဲ။ ငါ ဒါကို [နက္ခတ်သဏ္ဌာန်] နဲ့ [အသစ်ပြန်ဖြစ်ခြင်း] တို့နဲ့ ပေါင်းပြီး သုံးလိုက်မယ်ဆိုရင် ပြန်မတိုင်ဘဲ ရပ်နေရင်တောင် ရန်သူကို သတ်နိုင်တယ်။ ဒီအကြံက နည်းနည်း‌တော့ ထူးဆန်းပေမဲ့ ထိခိုက်မှုကို ၃၀% ကနေ ၅၀% အထိ တန်ပြန်နိုင်တာက အတော်လေး ကြောက်စရာကောင်းတဲ့ အလိုအလျောက်စွမ်းရည်ပဲ။ ကြယ်ပြာရဲ့ အသက်သွင်း နိုင်ချေက ၃၀% ပဲ ရှိတယ်။ နောက်ထပ်အဆင့်တွေဆို ပိုတိုးလာမှာပဲ။

ထိုအလိုအလျောက်စွမ်းရည်အပြင် နောက်ထပ် အသုံးချအစွမ်း သုံးခုလည်း ရှိနေသည်။

[တိတ်တဆိတ်] (အသုံးချအစွမ်း) - ခြေရာဖျောက်ပြီး ရန်သူသတိမထားမိစေဘဲ သွားနိုင်။ တိုက်ခိုက်လျှင် အလိုအလျောက် အစွမ်းပျယ်။ အမြင့်ဆုံးကြာချိန်မှာ တစ်နာရီ။ သုံးနာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရ။ တစ်ခါအသုံးပြုရန် အရှိန်အဝါ တစ်သောင်း လိုအပ်။

ဒီအစွမ်းက အတော်လေး ထိရောက်တဲ့ ကိုယ်ယောင်ပျောက်အစွမ်းနဲ့ ညီမျှတယ်။ တိုက်ခိုက်တာနဲ့ ငါ့ရဲ့ပုံရိပ် ပေါ်သွားရင်တောင် သာမန်အခြေအနေမှာ ရန်သူက တုံ့ပြန်ဖို့ မဖြစ်နိုင်ဘူး။ ချန်လွေ့က ဂိမ်းတစ်ခု၌ တိတ်တဆိတ် တိုက်ခိုက်တော်သည့် မုဆိုးတစ်ယောက်ကို သတိရသွားသည်။ လုပ်ကြံခံရပြီး တောနက်ထဲ၌ မြေပေါ်သို့ ပထမဆုံးအကြိမ် လဲကျသွားခဲ့သော မှော်ဆရာမလေးကို သူ သတိရလိုက်သည်။ ၎င်းမှာ မမေ့နိုင်စရာပင် ဖြစ်သည်။ အခုတော့ ငါ လုပ်ကြံသူဖြစ်လာဖို့ အချိန်ရောက်ပြီ။ ပြောရရင် ဒါက လုပ်ကြံသူတွေအတွက် အကောင်းဆုံး တိတ်တဆိတ် တိုက်ခိုက်စွမ်းရည်ပဲ။

[မီးသင့်နဂါးဟိန်းသံ] (အသုံးချစွမ်းရည်) - အင်အားကြီး တိုက်ခိုက်စွမ်းရည်။ မီးသင့်နဂါး အုပ်လိုက် ပစ်လွှတ်ပြီး ရန်သူကို တိုက်ခိုက်နိုင်။ မီးသင့်နဂါး အရေအတွက်နှင့် စွမ်းအားက အသုံးပြုသူ၏ စွမ်းအားနှင့် တိုက်ရိုက်အချိုးကျနေ။ တစ်ခါသုံးပြုရန် အရှိန်အဝါ တစ်သိန်း လိုအပ်။

ဒါက မီးသင့်နဂါးရဲ့ နေရာပြန့်ဗားရှင်း ဖြစ်မယ်။ နဂါးအုပ်လိုက်ကြီးရဲ့စွမ်းအားက သေချာပေါက် မယုံနိုင်စရာကောင်းမှာပဲ။

[ဓူဝံကြယ်အသွင်ပြောင်းခြင်း] (အသုံးချစွမ်းရည်) - အင်အားကြီး တိုက်ခိုက်ရေး အသွင် ပြောင်းလဲခြင်း။ အသေးစိတ်သွင်ပြင်ကို မသိရသေး။ လက်ရှိ ဓူဝံကြယ်အဆင့်မှာ ကြယ်ပြာဖြစ်။ တစ်ခါအသုံးပြုရန် အရှိန်အဝါ ၁၀သိန်းနှင့် ယုံကြည်မှုသလင်းကျောက် ၁၀၀၀၀ လိုအပ်။

[ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] တဲ့လား။ [ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ] ။ ဓူဝံကြယ်ဧကရာ်။ ကြယ်အရှင်သခင်။ ချန်လွေ့က အတော်လေး နားလည်သွားဟန်တူသည်။ သူက အစွမ်းသစ်ပင်၏ ၅ဆင့်ကို ကြည့်လိုက်သည်။ မူလ [ ‌တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က ထင်ထားသည့်အတိုင်းပင် မတည်မငြိမ်နှင့် မီးခိုးရောင် ပြောင်းနေလေပြီ။ ၎င်းမှာ [တော်ဝင်ကြယ် အသွင်ပြောင်းခြင်း]၏ အဆင့်မြင့်ဗာရှင်း ဖြစ်နိုင်ပေသည်။

နောက်ထပ် အဆင့်မြင့်သွားသော မူလစွမ်းရည် သုံးမျိုးလည်း ရှိသည်။ [ အသံဗုံး ] အပျံပညာရပ်အပြင် ချန်လွေ့တွင် တစ်နာရီတစ်ခါ အသုံးပြု၍ရသော မြန်နှုန်းမြင့် [ အလင်းဗုံး ] စွမ်းရည် ရှိလာသည်။ နောက်ထပ် ကြယ်အမှတ်ကို [ ကြယ်ဂိတ် ] တွင် ထပ်ထည့်လိုက်ပြီး စုစုပေါင်း သုံးခု ဖြစ်သွားခဲ့သည်။ အကာအကွယ် ဒိုင်းကာကလည်း ခံစစ်တိုင်းကာအဖြစ်သို့ အဆင့်မြင့်သွားကာ ထိခိုက်မှုကို စုပ်ယူနိုင်သောစွမ်းအားနှင့် ခုခံမှုတို့လည်း ကြီးကြီးမားမား တိုးမြင့်သွားခဲ့လေသည်။

[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] နှင့် [စစ်မှန်ဖျက်ဆီးခြင်းအရှိန်အဝါတိုက်ကွက်] ကဲ့သို့သော အချို့အစွမ်းများ၏ “ပြန်လည်အသုံးပြုရန်ကြာချိန်များ” ဖယ်ရှားခံလိုက်ရသည်။ ၎င်းမှာ အမှန်တကယ်၌ ထိုအစွမ်းများ အသုံးပြုရန် စူပါစနစ်က စွမ်းအင်များ ပြန်လည် ဖြည့်တင်းရန် အတွက်သာ ဖြစ်သည်။ စနစ် အဆင့်မြင့်လာသည်နှင့်အမျှ အချို့အစွမ်းများကလည်း စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ ကြယ်စွမ်းအား ရှိသလလောက် အဆုံးမဲ့ အသုံးပြုနိုင်တော့မည် ဖြစ်ပေသည်။

အစွမ်းသစ်ပင်၏ ထိပ်ပိုင်း၌ “ထပ်တိုးအစွမ်းများ”အပြင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၊ ကြယ်ကြွေတမန်ဓားနှင့် နိဗ္ဗာန်မီးတောက်တို့၏ မူလစွမ်းအားများအပြင် အံ့အားသင့်စရာ “အသီးအပွင့်”အသစ်နှစ်ခု ထပ်တိုးလာသည်။

[ အချိန်ထိန်းချုပ်ခြင်း ] - အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်။ အသေးစိတ်ကို မသိရသေး။

[ ကိုယ်ပွားခြင်း ] - ကိုယ်တိုင် လုံးဝ ထိန်းချုပ်၍ရသော ကိုယ်ပွားတစ်ခု ခွဲထုတ်နိုင်။ အသေးစိတ် အချက်အလက်ကို မသိရသေး။

ချန်လွေ့က လေးရာသီပိုင်နက်ကို နားလည်ပြီးသွားပြီးနောက်တွင် ထူးဆန်းသော ဥပဒေတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ချန်လွေ့က ယခင်က လေ့ကျင့်ရေးနှင့် တိုက်ပွဲများတွင် နားလည်သဘောပေါက်ခဲ့သော အချိန်ရပ်တန့်မှုတစ်ခု ဖြစ်ခဲ့ဖူးသည်။ လေးရာသီပိုင်နက်၏ အထူးသက်ရောက်မှုများအပြင် အနှိုင်းမဲ့လျို့ဝှက်ဆန်းကြယ်မှုမှာ “အချိန်” ဥပဒေသပင် ဖြစ်လေသည်။

ထိုဥပဒေသကို အန္တရာယ်များသော အခိုက်အတန့်များ၌ အသုံးပြုနိုင်ခဲ့သည်။ ယခုတွင် သူက ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ ရောက်ရှိသွားပြီး အထူးဖြင့် ဖျက်ဆီးခြင်း၊ ဖန်တီးခြင်း ဥပဒေသများကို နားလည်သွားပြီဖြစ်ရာ “အချိန်ဥပဒေသ”အပေါ် နားလည်နိုင်မှု ပိုပို၍ ထင်ရှားလာသည်။ ယခုအခါ ၎င်းက စူပါနစ်၏ သီးခြားစွမ်းရည်တစ်ခု ဖြစ်သွားပြီး “အမည်မသိ” သတိပေးချက် ပေါ်ထွက်လာမည် ဖြစ်သည်။

[ ကိုယ်ပွားခြင်း ] က အရင်က ရှန်းရှဝတ္ထုတွေမှာ ငါတွေ့ဖူးတဲ့ လျို့ဝှက်ပညာရပ်တွေလိုမျိုး ဖြစ်ရမယ်။ ဒါက သီးခြားကိုယ်ပွား ဖန်တီးနိုင်တဲ့ “အရိပ်” အစွမ်းလိုမျိုး ဖြစ်မယ်။ အသေးစိတ် စမ်းသပ်စရာ မရှိသေးပေမဲ့ ဒီအစွမ်းနဲ့ ကိုယ်ပွားက.... အဲဒီ “မိတ်ဆွေဟောင်း” နဲ့ ဆက်နွှယ်နေ လောက်တယ်။

ချန်လွေ့က ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း လုပ်‌ဆောင်ချက် အသစ်များကို ထပ်မံ လေ့ာရန် ပြင်လိုက်သော်လည်း ပြောင်းလဲမှုအချို့ကို ရုတ်တရက် ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ဘက်သို့ ချဉ်းကပ်လာနေပြီး စကားသံများကိုလည်း ကြားနေရသည်။

ချန်လွေ့က မိမိသည် အိပ်မပျော်ခင်၌ ဖျက်ဆီးခြင်းမျှော်စင်၌ ရှိနေသေးကြောင်း မှတ်မိသည်။ သိဒ္ဓိနဂါး၏ လက်ကျန်ဝိညာဉ် ရိုဒရီဂူးဇ်က အသူရာကို အကျဉ်းချရန်အတွက် ဇစ်မြစ် အပိုင်းအစနှစ်ခုကို သိသိသာသာ စတေးခဲ့သည်။ ထိုအကျဉ်းထောင်က နှစ်တစ်သောင်းအထိ ကြာရှည်ခံနိုင်မည် ဖြစ်သည်။

ဘယ်လိုလုပ်ပြီးတော့ အမုန်းတရားနယ်မြေဆီကို တစ်ယောက်ယောက်က ဒီလောက် ခပ်မြန်မြန် ရောက်နိုင်တာလဲ။ ဒါမှမဟုတ် နှစ်တွေ ဘယ်လောက်တောင် ကြာနေပြီလဲ။ ဒါဆိုရင် အစ်ဇဘယ်လာ....

ထိုသို့ စဉ်းစားလိုက်ပြီးနောက် ချန်လွေ့က ထိတ်လန့်စွာဖြင့် မျက်လုံးဖွင့်လိုက်သည်။

သူ ပထမဆုံး ခံစားမိသည်မှာ အသားကျရခက်ခဲသော နွေးထွေးပြီး တောက်ပနေသော အလင်းရောင်ပင် ဖြစ်လေသည်။

ချန်လွေ့က အသာလေး မျက်မှောင်ကြုတ်လိုက်ရာ အနီးအနားမှ ပတ်ဝန်းကျင်ကို သေသေချာချာ မြင်လိုက်ရသည်။ သူက ရှေ့တွင် စမ်းချောင်းအသေးလေးတစ်ခု ရှိနေသော တောင်ကုန်းတစ်ခုပေါ်၌ လဲကျနေပြီး အနီးအနား၌ စိမ်းစိုသော တောအုပ်တစ်ခုလည်း ရှိနေ၏။

ခြေသံနှင့် စကားသံများက ရှေ့သစ်တောမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုတွင် ချန်လွေ့၏အစွမ်းက ဖော်ပြ၍မရသော အမြင့်တစ်ခုသို့ ရောက်နေလေပြီ။ သူက လုံးဝ ပြန်လည် မွေးဖွားလာသကဲ့သို ခံစားနေရပြီး ယခင်နှင့် လုံးဝ မတူတော့ပေ။ သူ၏ အာရုံခံစွမ်းရည်ကပင် အဆတစ်ရာ တိုးသွားသည်။ ထိုအသံများကို သူ ကြားနေရသော်လည်း အခြားသူများက တောအုပ်အပြင်မှ တောင်ကုန်းနှင့် အတော်‌လေး ဝေးနေဆဲ ဖြစ်သည်။

ဒါက ရိုဒရီဂူးဇ် ပြန်တည်ဆောက်ထားတဲ့ တိုင်းပြည်လား။

ချန်လွေ့က သတိထားပြီး အနီးအနား ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ရာ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ရေးရေးလေး ခံစားမိလိုက်သည်။ ၎င်းက အာသာ၏ အသိစိတ်နှင့် ပေါင်းစပ်သွားဟန်တူပြီး ထူးထူးခြားခြား ရင်းနှီးမှုမျိုး ဖြစ်နေသည်။

ဒါနဲ့ ငါ့ခေါင်းပေါ်မှာ အလင်းရောင် တောက်ပနေတာက .... နေ လား။

ချန်လွေ့က ရိုဒရီဂူးဇ်၏ [ ဖျက်ဆီးခြင်းတိုင်းပြည် ] ထဲ၌ ဇစ်မြစ်အပိုင်းအစများ၌ ပြောင်းလဲထားသော လနှင့်နေကို တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ယခု သူ့အရှေ့မှနေမှာ လုံးဝ ကွဲပြားသော ခံစားချက်မျိုး ပေးစွမ်းနေ၏။ ၎င်းမှာ စူပါစနစ်ထဲရှိ တကယ့် “နေ”ကဲ့သို့ပင် ဖြစ်သည်။

ချန်လွေ့ ကြည့်နေလေလေ၊ တစ်ခုခု လွဲနေကြောင်း ခံစားလာရလေလေပင်။ ထိုအချိန်၌ စကားသံများ အနားကပ်လာသည်။ ချန်လွေ့က ချက်ချင်းပင် အသစ်စက်စက် ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းမှ [ တိတ်တဆိတ် ] ကို အသုံးပြုလိုက်သည်။

သူက ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူက တိတ်တဆိတ် ရှေ့သို့ ဆက်သွားလေသည်။

သစ်တောထဲသို့ ရောက်လာသူများမှာ သားရေချပ်ကာဝတ်ထားပြီး လက်ထဲ၌ လက်နက်များ ကိုင်ဆောင်ထားသော ယောက်ျားသုံးယောက် ဖြစ်သည်။ သူတို့က ကြေးစား အလုပ်တာဝန်တစ်ခုအကြောင်း ပြောနေကြဟန်တူပြီး မြို့၏ ဝိုင်စံအိမ်မှ ကောင်မလေးများ အကြောင်းလည်း စနောက်ပြောနေကြသည်။

[ သရုပ်ခွဲမျက်လုံး ] မှ ပြသော အချက်အလက်က ချန်လွေ့ကို ထိတ်လန့်သွားစေသည်။ ထိုကြေးစားသုံးယာက်မှာ E အဆင့်သာ ရှိကြပြီး အလယ်ဆင့်နတ်ဆိုးနှင့် ညီမျှပေသည်။ သို့သော်လည်း ချန်လွေ့ကို ထိတ်လန့်သွားစေသည်မှာ “မျိုးနွယ်” က လူသား ဖြစ်နေခြင်းပင်။

ခုနက “ရင်းနှီးသော” ခံစားချက်မှ ချန်လွေ့က နိမိတ်မကောင်းသလို ခံစားခဲ့ရသည်။ နောက်ဆုံး သူ သဘောပေါက်သွား၏။ ဒါက နတ်ဆိုးဘုံ မဟုတ်ဘူး။ လူသားလောကပဲ။

အသူရာက နီရိုကို ဝါးမျိုတုန်းက လူသားလောကဆီ ပြန်နိုင်တဲ့ နေရာလွတ်မျိုးစေ့ကို ဝါးမျိုခဲ့တယ်။ ဒါက အဲဒီမျိုးစေ့ကြောင့် ဖြစ်ရမယ်။ အသူရာကို ရှင်းပစ်လိုက်တော့ ဒီမျိုးစေ့လည်း အသက်ဝင်သွားပြီး ငါ့ကို လူသားလောကဆီ ခေါ်လာတာ ဖြစ်မယ်။

All Chapters