← Chapters

ရင်းနီကို ကယ်ရမယ်။ ပစ်မှတ်က နှင်းဒဲလက်ပန်း

Vol. 41 Ch. 629

ရင်းနီကို ကယ်ရမယ်။ ပစ်မှတ်က နှင်းဒဲလက်ပန်း

Vol. 41 Ch. 629

မမျှော်လင့်ထားဘဲ လူသားလောကကဲ့သို့ ရောက်ရှိလာခဲ့ခြင်းက မပြင်ဆင်ထားသော ချန်လွေ့အား ထိတ်လန့်သွားစေသည်။ အချိန်အတော် ကြာပြီးမှသာ သူ သတိပြန်ဝင်လာသည်။ ကြေးစားသုံးယောက် မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

“အာသာ”သာဆိုလျှင် ကြောက်မက်ဖွယ်ရာ နတ်ဆိုးဘုံမှ လူသားလောကသို့ ပြန်ရောက်သော အခိုက်အတန့်၌ သေချာပေါက် ပျော်ရွှင်ပေလိမ့်မည်။ အကယ်၍ ချန်လွေ့က လောကကူပြောင်းပြန်း ပြန်လည်မွေးဖွားလာခဲ့လျှင် မင်းသားဖြစ်ရခြင်းကို ပျော်ပေမည်။ သို့ရာတွင် ယခုက မတူညီတော့‌ပေ။ ၃နှစ်ကြာပြီးနောက် သူက နတ်ဆိုးဘုံ၌ အမြစ်တွယ်နေပြီ ဖြစ်သည်။ အသီနာ၊ ဇိုလာ၊ ရှီရာ၊ ခီရာ၊ အစ်ဇဘယ်လာနှင့် ကတ်သရင်းအပါအဝင် သူ၏ မိန်းမများ၊ ပါ့ဂ်လီအို၊ ရိုမန်၊ ဒေလီလာ၊ အဲဒက်စ် နှင့် မွန်ရိုး စသော မိတ်ဆွေများအားလုံးက နတ်ဆိုးဘုံ၌ ရှိနေကြသည်။ တနည်းအားဖြင့် ပြောရလျှင် နတ်ဆိုးဘုံ၌ သူ၏ အိမ်အစစ် ဖြစ်၏။

ထို့ကြောင့် ချန်လွေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ နတ်ဆိုးဘုံသို့ ပြန်ရန် ဖြစ်သည်။ လိုရမယ်ရ တောအုပ်ထဲ၌ ကြယ်အမှတ်တစ်ခု သူ ချထားလိုက်သည်။ မူလ ကြယ်အမှတ်၂ခုမှာ ကြယ်ကြွေတမန်မြို့တော်နှင့် ရေဒြပ်စင်ကောင်တို့၏ ပင်လယ်နက်ကျွန်း၌ ချထားခြင်း ဖြစ်သည်။ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲပြီးနောက် [ ကြယ်ဂိတ် ] တွင် အမှတ်၃မှတ် ရှိသွားကြသည်။ ထို့ကြောင့် ထိုအစွမ်းကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်လေပြီ။

ချန်လွေ့က နတ်ဆိုးဘုံရှိ ကြယ်အမှတ်သို့ပြန်ရန် အသက်သွင်းလိုက်စဉ် မတော်တဆ တစ်ခု ဖြစ်သွားသည်။ စနစ်က သတိပေးချက်တစ်ခု ပေါ်လာ၏။ “A အဆင့် နေရာလွတ် ကူးပြောင်းရန်အတွက် ယုံကြည်မှုသလင်းကျောက် ၁၀သိန်း လိုအပ်သည်။ ယုံကြည်မှု သလင်းကျောက် မလုံလောက်သည့်အတွက် အသုံးပြု၍ မရပါ။”

ထိုသတိပေးချက်က ချန်လွေ့ကို ကြောင်သွားစေသည်။ ယုံကြည်မှု သလင်းကျောက် ၁၀သိန်းတဲ့လား။ A အဆင့် နေရာလွတ်က လူသားလောကကနေ နတ်ဆိုးဘုံရှိ ခရီးသွားတာ ဖြစ်မယ်။ ဒါပေမဲ့ “ကုန်ကျစရိတ်”က လွန်လွန်းတယ်။ အခု ငါ့မှာ ယုံကြည်မှုသလင်းကျောက် ၆၀၀၀ပဲ ရှိတယ်။ ဒါက သလင်းကျောက် တစ်သောင်း လိုအပ်တဲ့ ဓူဝံကြယ်အသွင်ပြောင်းခြင်းကိုတောင် သုံးဖို့ မလောက်ဘူး။ ၁၀သိန်းကိုတော့ ပြောမနေနဲ့။

အသူရာရဲ့ လျို့ဝှက်အန္တရာယ်ကို ဖြေရှင်းနိုင်လိုက်ပြီးတော့ [ ကြယ်စင်စုပိုင်နက် ] လည်း သုံးလေးဆ ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ယုံကြည်မှုစွမ်းအား စုဆောင်းမှု ပိုတိုးလာတယ် ဆိုပေမဲ့၊ ၁၀သိန်းပြည့်ဖို့က အချိန်ကြာဦးမှာ။ အရေးကြီးဆုံးမှာ အစ်ဇဘယ်လာမှာရှိနေတဲ့ သေစေနိုင်တဲ့ [အလင်းချေမှုန်းချိပ်ပိတ်]ကို မဖယ်ရှားရသေးတာပဲ။

မြေဒြပ်စင်ဘုရင် မိုးရီရဲ့ အကူအညီနဲ့ [အလင်းချေမှုန်းချိပ်ပိတ်] အသက်ဝင်ချိန်ကို ၉လအထိ ဆန့်တန်းနိုင်ခဲ့တယ်။ ကြယ်ကြွေတမန်မြို့တော်ကနေ ထွက်သွားပြီး ဖျက်ဆီးခြင်း မျှော်စင်ကိုရောက်တော့ သုံးလကျော်နေပြီ။ အလွန်ဆုံး ငါ့မှာ နှစ်ဝက်လောက်တောင် မကျန်တော့ဘူး။

အသူရာကို အနိုင်ယူပြီးတော့ လူသားလောကဆီ ရောက်လာတဲ့အချိန်အတွင်း ငါ ဘယ်လောက်တောင် အိပ်ပျော်နေခဲ့လဲ မသိဘူး။ နောက်ဆုံး အချိန်အကန့်အသတ်ကို ကျော်လွန်သွားရင် အစ်ဇဘယ်လာရဲ့အသက်က အဆုံးသတ်သွားမှာပဲ။ ချန်လွေ့ တွေးနေရင်း ပိုမိုစိုးရိမ်လာတယ်။ အဆင့်တက်ခြင်းကြောင့် ပျော်ရွှင်မှု ပျောက်ကွယ်သွား၏။ ယခုတွင် အဓိက သော့ချက်မှာ ထိုအချိန်ကိစ္စကို အဖြေရှာရန် ဖြစ်သည်။

ထိုသို့ စဉ်းစားပြီးနောက် ချန်လွေ့က ယခင် ကြေးစားသုံးယောက်ဘက်သို့ ပြေးသွားသည်။ သူ၏ အမြန်နှုန်းက အ‌တော်လေး မယုံနိုင်စရာ ကောင်းသော်လည်း တောင်လမ်းက ရှုပ်ထွေးလှသည်။ သူတို့သုံးယောက်က အဝေးသို့ ရောက်သွားခဲ့လေပြီ။ သို့သော်လည်း ချန်လွေ့က ရှေ့မလှမ်းမကမ်း၌ လူတစ်ယောက် ရှိနေကြောင်း အာရုံခံမိလိုက်သည်။

ချန်လွေ့က ချက်ချင်းပင် လမ်းကြောင်းပြောင်းပြီး ထိုသူထံမှ မျက်စိတစ်မှိတ်အတွင်း ချဉ်းကပ်လာသည်။ ထိုသူက အတော်လေး အရပ်မြင့်လှသည်။ “အတော်လေး အရပ်မြင့်သည်” ဆိုသည်မှာ လူသားများ အတွက်သာ ဖြစ်သည်။ ဖွံ့ထွားသော နွားတစ်ပိုင်းနဲ့ မဟာနတ်ဆိုးတို့နှင့် ယှဉ်ပါက သာမန်ဟူ၍သာ သတ်မှတ်နိုင်ပေမည်။

ထိုသူက သစ်ပင်ကြီးတစ်ပင်ကို မှီထားပြီး လက်ထဲ၌ အရက်တစ်ပုလင်း ကိုင်ထားကာ ခန္ဓာကိုယ်မှလည်း အရက်နံ့များ ထွက်နေသည်။ မြေပေါ်၌ လှံတစ်ချောင်း ရှိနေ၌။ [ သရုပ်ခွဲမျက်လုံး ] ၌ ထိုသူ၏ စွမ်းအား အကဲဖြတ်မှုမှာ E+ ဖြစ်ပြီး နတ်ဆိုးများ၏ အလယ်ဆင့် နှောင်းပိုင်းနှင့် ညီမျှပေသည်။

ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ထိုသူကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သေသည်အထိ ဖိခြေနိုင်သည်။ ချန်လွေ့က မဖုံးကွယ်ဘဲ လမ်းလျှောက်လာသည်။ ထို့နောက် [ အသက်အောင့် ] အစွမ်းကို သုံးလိုက်ပြီး အလယ်ဆင့်နတ်ဆိုးအသွင် ဆောင်လိုက်သည်။ ထိုသူက ချန်လွေ့ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး နှုတ်ဆက်ရန်အတွက် မြေပေါ်မှ လှံကို ကောက်ယူလိုက်သည်။

“ညီအစ်ကို။ တစ်ခု မေးလို့ရမလား...”

ချန်လွေ့က နီရို ပြောခဲ့ဖူးသော ဘုံသုံးစကားကို မှတ်မိပြီး အစမ်းသဘော မေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူ စကားမပြောပြီးသေးခင်မှာပင် ထိုသူက စကားဖြတ်ပြောလိုက်၏။ ၎င်းသည် ဘုံသုံးစကား ဆိုသည်မှာ အသေအချာပင်။ “ဟေး။ မင်းက တောရိုင်းပြာရဲ့ လူသစ် ကြေးစားပဲ ဖြစ်ရမယ်။”

ချန်လွေ့ အံ့အားသင့်သွား၏။ “ဟမ်....”

“ဟန်ဆောင်မနေနဲ့တော့။ လူသစ်လေး...” ထိုသူက သရော်ပြုံး ပြုံးလိုက်သည်။ “တစ်ချက်ကြည့်ရုံနဲ့ မင်းက တောရိုင်းပြာထဲမှာ ဒုက္ခခံခဲ့ရတယ်ဆိုတာ မြင်ရတယ်။ မင်းရဲ့ လက်နက်တွေတောင် မရှိတော့ဘူး။”

ချန်လွေ့က ပင်လယ်သေထဲ၌ ရေအောက် မသေမျိုးသားရဲများ၊ သေရွာပြန်ဘုရင်၊ သိဒ္ဓိနဂါးနှင့် အသူရာတို့ကို တိုက်ခိုက်ခဲ့ရသည်။ ထိုအချိန်၌ သူ့အသွင်အပြင်က အမှန်တကယ် အတော်လေး မျက်တွင်းကျနေ၏။ ထိုသူက ထိုကဲ့သို့ အထင်ရောက်နေသည့်အတွက် ချန်လွေ့ မရှင်းပြတော့ပေ။ သူက အထိုက်အလျောက်သာ ခေါင်းညိတ်လိုက်သည်။

ထိုအခါ ထိုသူ၏မျက်လုံးများ ပို၍ပင် အရောင်တောက်သွားပြီး ခန္ဓာကိုယ်က ခွန်အားများ ပြည့်နှက်နေလေသည်။ “ဒါဆိုရင် ငါ့လို လောင်ကျွမ်းလှံတံ ဆရာသခင် လူစီအိုရဲ့ ဂုဏ်သတင်းကို မင်း တစ်ခါမှ ကြားဖူးမှာ မဟုတ်လောက်ဘူး။ ဒါက ငါ့ရဲ့ ပိုင်နက်ပဲ။ မင်း ဂူဒန်မြို့ကို ပြန်ချင်တယ်ဆိုရင် တန်ဖိုးရှိတာတွေ ပေးရမယ်။ အနည်းဆုံး သလင်းကျောက်ဖြူဒင်္ဂါး ၂၀ပဲ။ မဟုတ်ရင် ငါမင်းကို အဝတ်တွေချွတ်ပြီးတော့ ဝံပုလွေစာ ကျွေးပစ်မယ်။”

ချန်လွေ့က အိုဆိုင်ဒန်အား ရန်ပုံငွေလှည့်စားမှုဖြင့် လိမ်ညာခဲ့စဉ်က နတ်ဆိုးဘုံနှင့် လူသားလောကတို့၏ ဒင်္ဂါးများမှာ အတူတူဖြစ်ကြောင်း သိခဲ့ရသည်။ ငါ့အရှေ့မှာရှိတဲ့ ဆရာသခင် လူစီအိုက မပြည့်ဝတဲ့ ဓားပြ တစ်ယောက်ပဲ။ သူက သလင်းကျောက်ဖြူဒင်္ဂါး၂၀ ကို ပိုက်ဆံ အများကြီးဆိုတဲ့ တောင်းနေတယ်။ ဒါက အမှောင်လမှာရှိတဲ့ အဆင့်အနိမ့်ဆုံး လူမိုက်တွေလိုပဲ။ ဟုတ်ယ်။ အဲဒါက တကယ်တော့ အတိတ်တွေပဲ။ အခု အမှောင်လရဲ့ နေထိုင်မှုပုံစံက ကြီးကြီးမားမား တိုးတက်သွားပြီ။ အဲဒီလူမိုက်တွေက သလင်းကျောက်ဖြူဒင်္ဂါး ၂၀တောင် တောင်းတော့မှာ မဟုတ်ဘူး။

ဆရာသခင် လူစီအိုက လူသစ်အား နောက်ထပ်စကားအနည်းငယ်ဖြင့် မခြိမ်း‌ခြောက် နိုင်ခင်မှာပင် မူးဝေသွား၏။ ချက်ချင်းပင် သူ့တစ်ကိုယ်လုံးကို စိတ်ကူးကြည့်၍မရဘဲ ကြောက်စရာကောင်းသော လူသတ်အငွေ့အသက် တစ်ခုက အသေမှတ်ထားလိုက်ပြီး သူ မလှုပ်ရှားနိုင်တော့ပေ။

“အခု ငါမင်းကို တစ်ခု မေးတယ်။ မင်း အမှန်အတိုင်းဖြေ။” ချန်လွေ့က အစ်ဇဘယ်လာ၏ ကျိန်စာအကြောင်းကို စိုးရိမ်နေသည့်အတွက် အချိန်ဆွဲ၍ မရပေ။ “အမှားပါလို့ကတော့....”

ချန်လွေ့က လူစီအို၏ လက်ထဲ၌ လှံကို အသာ‌လေး ထိလိုက်ရာ လှံထိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး အရိုးသာ ကျန်တော့သည်။

လူစီအို၏ နဖူးပေါ်မှ ချွေးများ ဘူးသီးလုံးခန့် ကျလာသည်။ သူက ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ရန် မစောင့်နိုင်တော့ပေ။ ကြောက်စရာပဲ။ ဒါက ဒီလောက်ကောင်းတဲ့လှံကို တစ်ချက်တည်းနဲ့ စုတ်ပြတ်သွားအောင် လုပ်ခဲ့တယ်။ ဒီလိုအစွမ်းမျိုးက သေချာပေါက် စစ်သည် အဆင့် မဟုတ်ဘူး။ သူက ဆရာသခင်အဆင့် ရောက်နေလောက်ပြီ။ ငါက တကယ် ကန်းနေတာပဲ။ သူ့ကို လူသစ်လို့ထင်ပြီး ငွေညှစ်ဖို့ လုပ်ခဲ့မိတယ်။

လူသားတို့၏ “စစ်သည်”အဆင့်မှာ နတ်ဆိုးဘုံရှိ အနိမ့်ဆင့်နတ်ဆိုး၏ ကနဦးအဆင့်၊ အလတ်ဆင့် နှင့် အမြင့်ဆင့်နတ်ဆိုးအဆင့် ဖြစ်သည်။ “ဆရာသခင်” အဆင့်က နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းနှင့် မဟာနတ်ဆိုးဘုရင်အဆင့်တို့ ဖြစ်သည်။ “သူတော်စင်” အဆင့်က နတ်ဆိုးဧကရာဇ်အဆင့်၊ နတ်ဆိုးအရှင်သခင်အဆင့်နှင့် ညီမျှသည်။

“ဆရာသခင်”အဆင့်နှင့် ရင်ဆိုင်ရသည့်အခါ လူစီအိုက ခေါင်းညိတ်နေပြီး အနည်းငယ်မျှ မတုံ့ဆိုင်းရဲတော့ပေ။ လူသစ်နှင့်တူသော ထိုလူငယ်က သူတော်စင်အဆင့်ကိုပင် ကျော်လွန်သည့် တကယ့် တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိနေကြောင်း သူ သိပါက မည်ကဲ့သို့ သနားစရာ အမူအရာမျိုး ဖြစ်နေလိမ့်မည်နည်း။

“အခုက ဘယ်နှစ်လဲ။ ဘယ်လ၊ ဘယ်နေ့လဲ။”

ထိုမေးခွန်းက လူစီအိုကို အံ့အားသင့်သွားစေသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီခန့်က နတ်သူငယ် မျိုးနွယ်စုမှ ထင်ယောင်ထင်မှားဖြစ်နေသူတစ်ယောက် ရေထားသော နေရာလွတ်ကူးပြောင်းပြီး ဝိညာဉ်ပြန်မွေးဖွားလာသော ဇာတ်လိုက်အကြောင်း နာမည်ကျော် ဝတ္ထုကို စွဲလမ်းခဲ့သည်။ ထိုသူက နောက်ထပ် လောက၌ ပြိုင်ဘက်ကင်း ဖြစ်သွားကာ နတ်တစ်ပါး ဖြစ်သွားပြီး မရေမတွက်နိုင်သော မိန်းမလှများကို သိမ်းပိုက်ခဲ့သည်။ ထိုဇာတ်လိုက် ပြန်လည် မွေးဖွားပြီး ပထမဆုံး မေးသောစကာကို ထိုကဲ့သို့ပင် ဖြစ်လေသည်။

လူစီအို သိချင်နေသော်လည်း ထပ်မမေးရဲဘဲ ပြန်သာဖြေလိုက်သည်။ “ဒီနေ့က သူရိန်၁၂နှစ်ရဲ့ တတိယမြောက်နှစ်၊ ဇူလိုင် ၁၅ရက်နေ့ပါ။”

လိပ်ပြာနီနယ်မြေ၌ လူသားလောကခေတ်နှင့် နတ်ဆိုးဘုံသို့ ရောက်လာသောအချိန်ကို ဆမ်မြူရယ် ပြောခဲ့သည်ကို ချန်လွေ့ ကြားခဲ့ရသည်။ သူက သေသေချာချာ ပြန်လည်စဉ်းစားပြီး နေရာတွင်ပင် တွက်ချက်နေလိုက်သည်။ ချန်လွေ့က မိမိအား လျစ်လျူရှုထားနေသည်ကို မြင်သည့်အခါ လူစီအိုက အတွေးထဲ မျောနေခဲ့သည်။ သူက စိတ်ထဲ၌ အတွေးအချို့ ရှိနေသော်လည်း နောက်ဆုံး၌ ထွက်ပြေးမည့်အတွေးကို ဘေးဖယ်ထားလိုက်သည်။ ဒီလိုမျိုး အစွမ်းနဲ့ဆိုရင် ငါပြေးရင်တောင် ငါ့ကို လိုက်မီလာမှာပဲ။ သူ့ကို ဒေါသထွက်အောင် လုပ်မိရင် ငါ သေချာပေါက် သေသွားလောက်တယ်။

ချန်လွေ့က သုံးလေးခေါက် သေသေချာချာ တွက်ချက်နေပြီး နောက်ဆုံး၌ အတည်ပြု နိုင်ခဲ့သည်။ ပင်လယ်သေသို့ ခရီးသွားပြီး ထိုနေရာလွတ်ကူးပြောင်းကာ နိုးထပြီးသောအခါ ၄လ ကြာသွားပြီ ဖြစ်သည်။ ထို့ကြောင့် အစ်ဇဘယ်လာ၏ [အလင်းချေမှုန်းချိပ်ပိတ်] အသက်မဝင်ခင် ၅လ ကျန်ရှိနေသေးသည်။

၅လက အချိန်မလောက်ဘူး။ အစ်ဇဘယ်လာကို ကယ်တင်နိုင်တဲ့ အမှောင်ဒြပ်စင်ဘုရင်က သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ရဲ့ လက်ကျန်ဝိညာဉ်ကြောင့် ဖျက်ဆီးခြင်းမျှော်စင်မှာ အကျဉ်းချ ခံထားရတယ်။ [ ကြယ်ဂိတ် ] ရဲ့ အနီးဆုံး အမှတ်ကလည်း ရေဒြပ်စင်ဘုရင်ရဲ့ ပင်လယ်နက် နန်းတော်မှာ ရှိနေတယ်။ ပင်လယ်နက်နန်းတော်ကနေ အမုန်းတရားနယ်မြေကို ရောက်ဖို့က တစ်လနီးပါး သွားရမယ်။ အမှောင်ဒြပ်စင်ဘုရင်ကို ကယ်နိုင်မယ်ဆိုရင်‌တောင် ကြယ်ကြွေတမန် မြို့တော်ဆီ ပြန်ဖို့က အစောဆုံးဆို နှစ်လလောက် ကြာမယ်။ [ ကြယ်ဂိတ် ] က လူတွေ ခေါ်သွားလို့ မရဘူး။ ငါးလကကနေ သုံးလ နုတ်မယ်ဆိုရင် နှစ်လပဲ ကျန်တော့တယ်။ ဒါက ဖြစ်နိုင်တဲ့ တိုက်ပွဲတွေနဲ့ အတက်အကျတွေ မပါသေးဘူး။

နှစ်လအတွင်း ယုံကြည်မှုသလင်းကျောက် ၁၀သိန်းရဖို့ ငါ စုဆောင်းရမယ်။ အခုလက်ရှိ အခြေအနေအရတော့ ဒါက မဖြစ်နိုင်တဲ့အရာပဲ။

အဲဒါကြောင့် အစ်ဇဘယ်လာကို ကယ်တင်ဖို့အတွက် အခြားနည်းလမ်းတွေ သုံးရမယ်။ အမှောင်ဒြပ်စင်ဘုရင်အပြင်ကို [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ပယ်ဖျက်နိုင်ဖို့ နောက်ထပ် နည်းလမ်းနှစ်ခု ရှိတယ်။ တစ်ခုက မန်းမှုတ်တဲ့သူကို သတ်ပစ်ဖို့နဲ့ နောက်တစ်ခုက နှင်းဒဲလက်ပန်းကို ရှာဖို့ပဲ။

မန်းမှုတ်သူကို သတ်ပစ်ခြင်းက အကောင်းဆုံး အဖြေပင် ဖြစ်သည်။ သူက နတ်ဆိုးဘုံသို့ မပြန်ဘဲ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ပယ်ဖျက်နိုင်သည်။ သို့သော်လည်း လူသားလောကမှာ နတ်ဆိုးဘုံထက် ကျယ်ဝန်းလှသည်။ ထို့ပြင် နှစ်ရာချီ ကြာသွားပြီ ဖြစ်သည်။ အစ်ဇဘယ်လာကို လိမ်ညာခဲ့သူအား ရှာဖွေပြီး သတ်ပစ်ခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အဲဒါဆို နှင်းဒဲလက်ပန်းကို ရှာတာက အောင်မြင်ဖို့ အဖြစ်နိုင်ဆုံးပဲ။ အခု ငါ့တာဝန်က ၅လအတွင်း ယုံကြည်မှုသလင်းကျောက် ၁၀သိန်း စုဆောင်းဖို့ပဲ။ ပြီးရင် သိဒ္ဓိအလင်းတောင်ကနေ နှင်းဒဲလက်ပန်းကို ယူပြီးတော့ [ ကြယ်ဂိတ် ] ကနေ ကြယ်ကြွေတမန်အင်ပါယာဆီ တစ်ခါတည်း ပြန်မယ်။ ပြီးရင် ရင်းနီကို ကယ်မယ်။

ချန်လွေ့ စိတ်ပိုင်းဖြတ်လိုက်ပြီး ခေါင်းညိတ်ကာ မေးလိုက်သည်။ “ဒါက ဘယ်အင်ပါယာလဲ။ သိဒ္ဓိအလင်းတောင်နဲ့ ဘယ်လောက်ဝေးလဲ။”

ရင်းနှီးသော သိဒ္ဓိအလင်းတောင် နာမည်ကို ကြားသည့်အခါ လူစီအို၏ “လောကကူးပြောင်း” စိတ်ကူးယဉ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူက အမှန်အတိုင်း ပြန်ဖြေသည်။ “ဒါက ယန်ရှောင်အင်ပါယာပါ။ သိဒ္ဓိအလင်းတောင်က နဂါးလင်းလက် အင်ပါယာနဲ့ ကျက်သရေပြာ အင်ပါယာ ကြားမှာရှိတဲ့ ကမ်းပါးဖြူမှာ ရှိတာ။ တော်‌တော်လေး ဝေးတယ်။ ဆာ အရင်ဆုံး ယန်ရှောင်အင်ပါယာဆီ သွားလို့ရတယ်။ ပြီးရင် မြို့တော်ကနေတစ်ဆင့် နဂါးလင်းလက်အင်ပါယာရဲ့ နယ်စပ်မှာရှိတဲ့ နဂါးစွယ်မြို့ကို သွားလို့ရတယ်။ အဲဒီမြို့မှာ ကမ်းပါးဖြူနဲ့ ဆက်သွယ်ထားတဲ့ [ တယ်လီပို့ လမ်းကြောင်း ] ရှိတယ်။”

နဂါးလင်းလက်အင်ပါယာ၏ နာမည်ကို ကြားသောအခါ ချန်လွေ့၏စိတ် လှုပ်ရှားသွား ခဲ့သည်။ “အာသာ”က နဂါးလင်းလက်အင်ပါယာရဲ့ တကယ့်မင်းသား တစ်ပါးပဲ။ ဒီသရုပ်ကို သုံးဖို့ ဖြစ်နိုင်လား။ သို့သော်လည်း ထိုအတွေးက ခဏတာသာ ဖြစ်သည်။ ယခု အရေးကြီးဆုံးမှာ အစ်ဇဘယ်လာကို ကယ်တင်ရန်အတွက် နှင်းဒဲလက်ပန်းအား အရယူရန်ပင်။ ထို့ပြင် မင်းသား အာသာက ကိစ္စအများအပြား၌ ပါဝင်ခဲ့သည်။ ထို့ကြောင့် ဖိအားပေး မခံရမချင်း သူက ထိုသရုပ်မှန်ကို ထုတ်ပြမည် မဟုတ်ပေ။

“ဆာ။ ယန်ဆောင် အင်ပါယာကို လူကြီးမင်း အခုမှ ပထမဆုံး ရောက်ဖူးတာ ထင်တယ်။ နဂါးလင်းလက်အင်ပါယာက မဟာအလင်းအင်ပါယာ နှစ်ခုထဲက တစ်ခုပဲ။ အစောင့် တင်းကြပ်တယ်။ မြို့တော်ကနေတစ်ဆင့် နဂါးလင်းလက် အင်ပါယာဆီ သွားချင်ရင် သက်ဆိုင်ရာ ဘယ်သူဘယ်ဝါ အထောက်အထား တစ်ခု ရှိရမယ်။ အထောက်အထားအတွက် ကျုပ် လူကြီးမင်းကို ကြေးစားသမ္မဂမှာ လျှောက်ထားဖို့ လိုက်သွားပေးပါ့မယ်။”

လူစီအို၏ မြှောက်ပင့်သော စကားသံ ထွက်ပေါ်လာသည်။ ထိုသူက ကိုယ့်အသက်ကိုယ် ကယ်ချင်နေကြောင်း ချန်လွေ့ နားလည်သည်။ ထို့ကြောင့် သူ ခဏစဉ်းစားကာ ခေါင်းညိတ်လိုက်သည်။

All Chapters