လှံသမားရဲ့ကံ
Vol. 41 Ch. 631
ထူထဲသော တိမ်လွှာတစ်ခုက ကောင်းကင်ကို အုပ်မိုးနေပြီး မှုန်မိုင်းနေ၏။ မုန်တိုင်း လာတော့မည့် လက္ခဏာတစ်ခု ဖြစ်နေဟန်တူသည်။
တောနက်ပြာ၏ မြေအနေအထားက အတော်လေး လေထန်လှသည်။ လူစီအိုက လမ်းကြောင်းနှင့် ရင်းနှီးသော်လည်း မဟာအဆိပ်နယ်မြေသို့ ရောက်ရှိအတွက် သူတို့ ၅နာရီနီးပါး လမ်းလျှောက်ခဲ့ကြရသည်။ ထိုနေရာက ပိုနက်မှောင်သော အပင်များရှိပြီး မြေကြမ်းသော တောင်တန်းသစ်တောတစ်ခု ဖြစ်သည်။ မြေကြီးထဲ၌ မြုပ်နေသော အရိုးများစွာ ရှိနေပြီး လမ်းတစ်လျှောက် အရွက်များ ကြွေနေကာ အများစုမှာ လူသားအရိုးများ ဖြစ်၏။
လူစီအို၏ ခြေလှမ်းများ နှေးကွေးသွားသည်။ သူ၏မျက်နှာက အတော်လေး တင်းမာသွားပြီး အလွန်အမင်း သတိထားကာ လေသံတိုးလိုက်သည်။ “ဆာ-ရစ်ချက်။ ကျုပ်တို့ မန်တီကိုးအသိုက်ထဲကို ရောက်လာပြီ။ အချိန်မရွေး သတိထားမိသွားနိုင်တယ်။ ဆာက ထောင်ခြောက် ဆင်ချင်တယ်ဆိုရင် ကျုပ်တို့ ရှေ့ဆက်သွားလို့ မရတော့ဘူး။”
“ထောင်ခြောက်ဆင်ဖို့လား။” ချန်လွေ့ အံ့အားသင့်သွားပြီး စဉ်းစားလိုက်သည်။ “ငါ အရင်ဆုံး အတည်ပြုချင်တယ်။ မဟာအဆိပ်ဂူထဲမှ မန်တီကိုးဥတွေ ရှိလား။”
“မဟာအဆိပ်ဂူမှာ မန်တီကိုး အထီးနဲ့အမ ရှိတယ်။ လွန်ခဲ့တဲ့ သုံးလတုန်းက အဂ္ဂနီအဖွဲ့ဟာ ဥဥတော့မယ့် မန်တီကိုး အမနဲ့ ကြုံတွေ့ခဲ့တယ်။ နှစ်ယောက်ပဲ ကံကောင်းပြီး လွတ်လာခဲ့တာ။ ကျန်ခဲ့သူတွေကို မန်တီကိုးအထီးက သတ်ပစ်လိုက်တယ်။” လူစီအို၏လေသံက စာနာပြီး ခြောက်ကပ်နေသည်။ “မန်တီကိုးအမက အခုဆိုရင် ချောချာမွေ့မွေ့နဲ့ ဥဥပြီးလောက်ပြီ။ သင်းအုပ်ဆရာ မာနာက သိဒ္ဓိကျောင်းတော်က အဖွဲ့ဝင်တစ်ဦးပဲ။ သတင်းကြားပြီးတော့ သူက ချက်ချင်း ဆုလာဒ်တစ်ခု ကမ်းလှမ်းခဲ့တာ။ ဆုလာဒ်က အတော်လေး မြင့်မားပေမဲ့ တာဝန်က ခက်ခဲလွန်းတယ်။ မြို့ရဲ့ အင်အားအတောင့်ဆုံး သိဒ္ဓိငှက်တောင်ကြေးစားအဖွဲ့တောင် ဒီတာဝန်ကို လက်မခံခဲ့ဘူး။”
ယန်ရှောင်အင်ပါယာ ပိုင်နက်က မကျယ်ပြန့်လှပေ။ သို့သော်လည်း အင်ပါယာ တစ်ခုစီ၌ အတော်လေး ကျော်ကြားလှသည်။ တည်ထောင်သူ ရော့ဘန်က ကြေးစားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူက ကြေးစားအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အင်ပါယာတစ်ခု၏ အံ့သြဖွယ်ရာကို ဖန်တီးနိုင်ခဲ့သည်။ ယန်ရှောင်အင်ပါယာက ကြေးစားစီမံရာ၌ အတော်လေး လျော့ရဲပြီး ကြေးစားများအား နေရာလွတ်အများအပြား ပေးထားသည်။ သူတို့ကို ကြေးစားအင်ပါယာဟု ခေါ်ကြသည်။ ကြေးစားသမ္မဂ၏ ယေဘုယျ အဖွဲ့အစည်းသုံးခုတွင် တစ်ခုမှာ တော်ဝင်မြို့တော်၌ တည်ရှိပြီး အခြားနှစ်ခုက နဂါးလင်းလက်အင်ပါယာနှင့် ကျက်သရေပြာ အင်ပါယာတို့တွင် ရှိကြသည်။
ဂူဒန်မြို့၌ ယန်ရှောင်အင်ပါယာတွင် အရေးပါသော မြို့တစ်မြို့အဖြစ် သတ်မှတ်၍ မရနိုင်ပေ။ သို့သော်လည်း ကြေးစားများ၏အင်အားက မနိမ့်လှပေ။ လူစီအို ပြောသည့်အတိုင်း ဆိုလျှင် သိဒ္ဓိငှက်တောင်ကြေးစားအဖွဲ့က သလင်းကျောက်နက်ဒင်္ဂါးအဆင့် အဖွဲ့ဖြစ်သည်။ ခေါင်းဆောင် ဒက်ဇ်ဝင်းက သူတော်စင်အဆင့်နား ကပ်နေပြီး ကျန်ရှိသော အဖွဲ့ဝင်များက အစွမ်းထက်ကြကာ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်ရာ၌ အပြန်အလှန် နားလည်မှု ရှိကြသည်။ သူတို့က ကြေးစားလောကတွင် အတော်လေး နာမည်ကြီးသော်လည်း ထိုတာဝန်ကို လက်မခံရဲကြပေ။
အမှန်တကယ်၍ ထိုတာဝန်ကို သိဒ္ဓိငှက်တောင်ကြေးစားအဖွဲ့ ပြီးမြောက်အောင် မဆောင်ရွက်နိုင်၍ မဟုတ်ကြောင်း လူတိုင်း နားလည်ကြသည်။ အကြောင်းမှာ ပေးဆပ်ရမည်က ကြီးမားလွန်း၍ပင်။ ထို့ကြောင့် သူတို့က မလုပ်ချင်ကြပေ။
ချန်လွေ့က အဝေးမှဂူကိုကြည့်ကာ ရှေ့ဆက်သွားသည်။ “မဟာအဆိပ်ဂူထဲမှာ သေချာပေါက် မန်တီကိုးဥတွေ ရှိမှတော့ သွားကြတာပေါ့။”
“အိုး....” လူစီအို ပြန်ဖြေလိုက်ပြီး တစ်ခုခု လွဲနေကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ “ဒီအတိုင်း သွားမှာလား။ နေပါဦး။ ဆာ....”
“ဆာ။ အနည်းဆုံးတော့ မန်တီကိုးတစ်ကောင်က သူတော်စင်အဆင့်နား ကပ်နေပြီ။ ပြီးတော့လည်း နတ်ဆိုးသားရဲတွေက အတော်လေး ထူးချွန်ကြတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အဆင့်တူလူသားတွေထက် အများကြီး ပိုသာတယ်။” လူစီအိုက စိုးရိမ်စိတ်ကို မထိန်းထားနိုင်တော့ပေ။ အဝေးမှ ဟိန်းသံတစ်သံ ထွက်လာပြီး လှံသမား ခြေထောက်များကို ပျော့ခွေသွားစေကာ သေးထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
ဂူထဲမှ ရှည်လျားပြီး ကြီးမားသော ပုံရိပ်တစ်ခု ပျံသန်းထွက်လာကာ ထိုဘက်သို့ တောင်ပံဖြန့်လိုက်သည်။ ထိုကြောက်စရာ နတ်ဆိုးသားရဲက ခပ်မြန်မြန် သတိထားမိသွားမည်ဟု လူစီအို မထင်မှတ်ထားခဲ့ပေ။ သူ၏ တစ်ကိုယ်လုံး၌ ကြက်သီးများ ထလာသည်။ တစ်နှစ်ကြာ သူ့ကို ဒုက္ခပေးနေခဲ့သော အိပ်မက်ဆိုးက သူ၏အရှေ့၌ ပြန်လည်ပေါ်ထွက်လာလေသည်။
လှံသမားက ထွက်ပြေးရန်အတွက် အသည်းအသန် ကြိုးစားနေသော်လည်း ခြေထောက်များက ခဲကဲ့သို့ လေးလံနေ၏။ သူက လက်ထဲမှ လှံအား တစ်ခုတည်းသော ဆုပ်ကိုင်စရာ ကဲ့သို့ပင် တင်းတင်းကြပ်ကြပ် ကိုင်ထားနေလိုက်သည်။
ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲက တဖြည်းဖြည်း ချဉ်းကပ်လာသည်။ လူစီအိုကို စိတ်ဒဏ်ရာ ရစေခဲ့သော ဟိန်းသံနှင့်အတူ လွန်ခဲ့သော ၁နှစ်က မြင်ကွင်းများ သူ၏စိတ်ထဲ၌ ပြန်ပေါ်လာလေသည်။ ကြောက်မက်ဖွယ်ပုံရိပ်၊ ချွန်ထက်သော လက်သည်း၊ အဖော်များ တစ်ယောက်ပြီးတစ်ယောက် လဲကျ၊ သွေးနီရောင်မြင်ကွင်း.....
လေးလံသော အသက်ရှူသံက သူ၏နားထဲ၌ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေကာ ယိုယွင်းမှုကြောင်း အေးစက်သွားသော သူ၏စိတ်က ရုတ်တရက် လောင်ကျွမ်းလာသည်။ သူ၏ အကြောက်တရားကို နောက်ထပ် ဒေါသနှင့် အမုန်းတရားတို့ကို ဖုံးလွှမ်းသွားသည်။ လှံသမားက တုတ်ချောင်းဟု၍ ခေါ်၍ရနိုင်သော လက်နက်ကို ဆုပ်ကိုင်ပြီး ကိုယ်တိုင်ပင် မယုံနိုင်သော ဟစ်သံတစ်ခုနှင့်အတူ အစွမ်းကုန် ရှေ့ဆက်သွားတော့သည်။
၎င်းမှာ ထိုအဖြစ်ပျက်ပြီးကတည်းက လူစီအို၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး သူ့ဘဝ၌ နောက်ဆုံးလည်း ဖြစ်နိုင်ပေသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ပြုလုပ်ခဲ့ရခြင်းကို လူစီအို မသိပေ။ မသိလိုက်ဘဲ လုပ်မိသွားခြင်း ဖြစ်နိုင်သည်။ အရေးကြီးဆုံးမှာ သူ လုပ်လိုက်မိပြီ ဖြစ်သည်။
ရုတ်တရက် လှံသမားက မှုန်မှိုင်းနေသော တောအုပ်ထဲတွင် နေကဲ့သို့ တလက်လက် ဖြစ်နေသော အလင်းရောင်ကို မြင်လိုက်ရသည်။ ၎င်းတွင် နေကဲ့သို့ နွေးထွေးမှု မရှိဘဲ ဖော်ပြ၍ မရသော ဖျက်ဆီးခြင်းစွမ်းအားသာ ရှိနေသည်။
လူစီအို သတိပြန်ဝင်လာသောအခါ အလင်းများ ပျောက်ကွယ်သွားပြီး ဝင်လာနေသော အိပ်မက်ဆိုးလည်း ပျောက်ကွယ်သွားလေ၏။
လှံသမားက သူထိုးလိုက်သော တုတ်ချောင်းကို အံ့အားသင့်လျက် ကြည့်လိုက်သည်။ ဒါက ငါ့ရဲ့အစွမ်းလား။ ဟာသပဲ။ မဖြစ်နိုင်တာ။
သူ အံ့အားသင့်နေစဉ် ချန်လွေ့၏ပုံရိပ်က လက်ထဲ၌ ၃၀စင်တီမီတာရှိသော ဘဲဥပုံပစ္စည်း၃ခုနှင့်အတူ သူ့အရှေ့၌ ပေါ်ထွက်လာသည်။ ၎င်းတို့တွင် မီးခိုးညိုရောင် အခွံရှိပြီး အဖြူရောင် အစင်းများ ရှိနေ၏။
“ဒါတွေက...မန်တီကိုး ဥတွေလား။” လူစီအိုက လှံနှင့်ထိုးသော အနေအထားတိုင်း ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း သူက အတော်လေး တောင့်တင်းနေပုံရသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခုနက အိပ်မက်ဆိုးက အတိတ်ဆိုရင် အရှေ့ကမြင်ကွင်းက နောက်ထပ် အိပ်မက်တစ်ခုလား။
“ဟုတ်ပြီ။ ငါတို့ ပြန်သွားလို့ရပြီ။” တစ်ဖက်လူ၏ တုံ့ပြန်မှုက တည်ငြိမ်နေ၏။ ထိုဥများမှာ ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲ မန်တီးကိုး၏ ဥများမဟုတ်ဘဲ သာမန်ဥများကဲ့သို့ပင်။
လူစီအိုက လှံကိုလွှတ်ချပြီး ပေါင်ကို အတင်းဆွဲဆိတ်ကြည့်သည်။ နောက်ဆုံး၌ သူ နိုးထသွားခဲ့သည်။ ဒါက အိပ်မက်မဟုတ်ဘူး။ အစစ်အမှန်ပဲ။ ဒါဆိုရင် မန်တီကိုး နှစ်ကောင်က....
အချိန်တိုအတွင်းမှာပင် သူက ဘာမှမဖြစ်သွားပေ....
ချန်လွေ့အပေါ် လူစီအို၏အကြည့်က အကြောက်တရား မဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ အဆင့်အထိ လုံးဝ အံ့သြနေခြင်းမျိုး ဖြစ်သွားသည်။
သူတော်စင်အဆင့်...
လူစီအိုက လေးလေးနက်နက်နှင့် အရိုအသေ ပြုလိုက်သည်။ ထိုကျင့်ဝတ်က နတ်ဆိုးဘုံနှင့် အတော်လေး ဆင်တူသော်လည်း လက်အနေအထားက အနည်းငယ် ကွဲပြားသည်။ နတ်ဆိုးဘုံက လက်ကို ဝမ်းဗိုက် သို့မဟုတ် နှလုံးအပေါ်၌ထားပြီး လူသားလောက၌ ညာလက်က ဘယ်ပုခုံးပေါ် တင်ထားခြင်း ဖြစ်သည်။
လူစီအိုက မိမိသည် ကြေးစားသမ္မဂမှ မုတ်ဆိတ်နီစွမ်းအားဖြင့် “ရစ်ချက်”ကို ကိုင်တွယ်ရန် အကြံရှိခဲ့သည်ကို သတိရလိုက်ပြီး ရှက်မိသွားသည်။ သူ့ကို သတ်ဖို့မပြောနဲ့။ တစ်ဖက်လူက မုတ်ဆိတ်နီ ရိုဒန်ကို သတ်ဖို့တောင် ဘာမှ အားထုတ်စရာ မလိုဘူး။
“လူကြီးမင်းလို ပုဂ္ဂိုလ်မျိုးနဲ့ ဆုံတွေ့ရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဒီ မန်တီကိုး နှစ်ကောာင်က တောနက်ပြာထဲမှာ အကြီးမားဆုံး ကပ်ဘေးပဲ။ ကျုပ်ရဲ့ အပေါင်းအဖော်တွေ အနည်းဆုံး ကြေးစား၃၀၀လောက်က သူတို့ရဲ့ လက်ထဲမှာ သေခဲ့ရတယ်။ လူကြီးမင်းအတွက် ကျုပ်ရဲ့ လေးစားမှုနဲ့ ရိုသေမှုကို စကားနဲ့တောင် ဖော်ပြလို့ မရနိုင်ပါဘူး။”
ချန်လွေ့က အသာလေး ခေါင်းခါသည်။ “ဒီနေ့ ငါ သူတို့ကို သတ်နိုင်တယ်။ တစ်နေ့ကျ ငါ့ထက် အစွမ်းထက်တဲ့သူတစ်ယောက်က ငါ့ကို သတ်နိုင်မှာပါ။ ကပ်ဘေးတွေ ဘာတွေဆိုတာက ရှင်ကျန်မယ့်ဥပဒေကလွဲပြီး ဘာမှမဟုတ်ဘူး။ သဘာဝရွေးချယ်မှု၊ အင်အားကြီးသူ သာစတမ်းပဲ။ ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ငါက အားနည်းသူပဲ။ အဲဒါကြောင့် ပိုပြီးတော့ အစွမ်းထက် လာအောင်လုပ်ခွင့်ရှိတယ်။ အသက်ရှင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို လက်လျှော့လို့ မရဘူး။ မင်း သဘောပေါက်လား။”
လူစီအိုက ခေါင်းညိတ်ပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “တကယ် နားလည်ပါတယ်။ အခု ပိုပြီးတော့ နားလည်သွားပါပြီ။ တကယ်လို့.... လူကြီးမင်းက ကျုပ်ကို အသက်ရှင်ခွင့် ပေးနိုင်မယ် ဆိုရင်ပေါ့။”
“အိုး....”
လှံသမားက ခဏတာ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်ကာ ပြောသည်။ “ကျုပ် လူကြီးမင်းကို ပြောစရာတစ်ခု ရှိသေးတယ်။ လူကြီးမင်းက လောကအကြောင်း မသိဘဲနှင့် လျို့ဝှက်နေရာတစ်ခုမှာ လေ့ကျင့်နေတာ ဖြစ်လောက်တယ်။ တကယ်တော့ ဒီနေ့ရက်တွေက နည်းနည်း ထူးခြားတယ်။ ကြေးစားတံဆိပ်ပြားနဲ့ ယန်ရှောင်မြို့တော်ကနေ နဂါးလင်းလက် အင်ပါယာဆီ သွားနိုင်ရင်တောင် ကမ်းပါးဖြူကို သွားလို့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သိပ်မကြာခင် အလင်းနတ်ဘုရားကျောင်းက နတ်ဘုရားကျောင်းမြင်းတပ်ကို ရွေးချယ်မယ့်နေ့ ရောက်လာမှာ မို့လို့ပဲ။ အခု ကမ်းပါးဖြူက ပိတ်ထားတယ်။ သက်ဆိုင်ရာ ဝန်ထမ်းတွေက လွဲပြီးတော့ ဝင်ခွင့်မရှိဘူး။ နတ်ဘုရားကျောင်းမြင်းတပ် ရွေးချယ်ပြီးတော့ ယုံကြည်သူတွေကို ဝတ်ပြုဖို့ ပြန်ဖွင့်ပေးမှပဲ ဝင်လို့ရမှာ။”
“နတ်ဘုရားကျောင်း မြင်းတပ်ရွေးချယ်တာလား။” ထိုသတင်းက ချန်လွေ့ကို အမှန်တကယ် အံ့အားသင့်သွားစေသည်။ “ပြန်ဖွင့်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။”
လူစီအိုက ရိုရိုသေသေနှင့် ပြန်ဖြေသည်။ “နတ်ဘုရားကျောင်းမြင်းတပ်ကို နှစ်၅၀တစ်ခါ ရွေးချယ်တာ။ ပြိုင်ပွဲတွေ၊ စမ်းသပ်မှုတွေ အများကြီး လုပ်တယ်လို့ ပြောကြတယ်။ တစ်ခုစီက နှစ်လ သုံးလေလောက် ကြာတယ်။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ငါ့မှာ အလွန်ဆုံး ၅လပဲ ကျန်တော့တာ။ နှင်းဒဲလက်ပန်းကို ယူဖို့အပြင် ယုံကြည်မှုသလင်းကျောက် ၁၀သိန်းရဖို့ အတွက်လည်း ရှိသေးတယ်။ တကယ်လို့ နတ်ဘုရားကျောင်းမြင်းတပ် ရွေးချယ်မှုက ၃လလောက် ကြာမယ်ဆိုရင် ငါ မီတော့မှာ မဟုတ်ဘူး။ စောင့်နေလို့ မဖြစ်ဘူး။
“အရင်က ကျုပ် မသိခဲ့တာကို ခွင့်လွှတ်ပေးပါ။ လူကြီးမင်း။” တစ်ဖက်လူ၏ စွမ်းအားအဆင့်ကို နားလည်သွားပြီးနောက် လူစီအိုက အပိုအတွေးများ မရှိတော့ပေ။ ဆရာသခင် အဆင့်ကို ရန်ပြုခြင်းနှင့် ပိုမြင့်သော အဆင့်ကို ရန်ပြုခြင်းက လုံးဝကွဲပြားပေသည်။ “လူကြီးမင်းက သိုသိုသိပ်သိပ်နဲ့ ကမ်းပါးဖြူကို သွားဖို့ အရေးကြီးကိစ္စ ရှိတယ်ဆိုရင်တော့ ကျုပ်မှာ အကြံတစ်ခု ရှိတယ်။”
ချန်လွေ့က လူစီအိုကို ကြည့်လိုက်သည်။ “ပြော...”
“သိဒ္ဓိကျောင်းတော်ရဲ့ ဘုန်းတော်ကြီးနဲ့ ပတ်သက်မှုကနေတစ်ဆင့် မြင်းတပ် ရွေးချယ်တဲ့ နေရာအတွက် ဝန်ထမ်းဖြစ်လာဖို့ ကြိုးစားကြည့်လို့ရတယ်။”
“ဘုန်းတော်ကြီးလား...”
လူစီအို ခေါင်းညိတ်လိုက်သည်။ “ဥပမာ ပြောရရင် ဒီတာဝန်ကို အပ်ခဲ့တဲ့ သင်းအုပ်ဆရာ မာနာပဲ။ သူနဲ့ ကျုပ်အဖေ အသက်ရှိတုန်းက ရင်းနှီးမှု နည်းနည်း ရှိခဲ့တယ်။ အဲဒီလူက အာဏာနဲ့ စည်းစိမ်ကို မက်မောတယ်။ သူက မန်တီကိုးဥအတွက် ဆုလာဒ်ပေးခဲ့တာ ဂူဒန်မြို့အတွက် လျို့ဝှက်အန္တရာယ်ကို ဖယ်ရှားဖို့အတွက်ပဲ မဟုတ်ဘူး။ တကယ်တော့ သင်းအုပ်ဆရာ မာနာက မြို့တော်က ဂိုဏ်းအုပ်ရာထူးကို လိုချင်နေခဲ့တာ။ ထုံးစံအတိုင်းဆိုရင် ဒီတစ်ခေါက် မြင်းတပ် ရွေးချယ်ပြီးတာနဲ့ သိဒ္ဓိကျောင်းတော်က ရာထူးတွေ အပြောင်းအလဲ လုပ်မှာ။ မာနာအတွက် ဒါက အချိန်အကြာကြီး စောင့်နေခဲ့တဲ့ အခွင့်အရေး တစ်ရပ်ပဲ။ သူက မန်တီကိုး ဥတွေကို လာဘ်ထိုးဖို့အတွက် သုံးဖို့များတယ်။”
ချန်လွေ့က ကံဆိုးသူ လှံသမား၌ ထိုကဲ့သို့ ခွဲခြမ်းစိတ်ဖြာသော အရည်အချင်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ မျက်လုံးများ အရောင်တောက်သွား၏။ “မင်းပြောချင်တာက...”
“သမ္မဂရဲ့ တာဝန်ကို ဘေးဖယ်ထားပြီးတော့ သင်းအုပ်ဆရာ မာနာကို လာဘ်ထိုးဖို့ မန်တီကိုး ဥတွေကို သုံးလိုက်။ ဒါက လူကြီးမင်းအတွက် အကူအညီ ဖြစ်နိုင်တယ်။”
“မင်းရဲ့ အစီအစဉ်က အတော်လေး တန်ဖိုးရှိတယ်။ ဒါပေမဲ့...” ချန်လွေ့က ခဏကြာ စဉ်းစားလိုက်သည်။ ရုတ်တရက် သူက လေးနက်သော အဓိပ္ပာယ်ဖြင့် ပြုံးလိုက်သည်။ “ငါက ကမ်းပါးဖြူကို တိတ်တိတ်လေး ဝင်မှာရှိတော့ မင်း သိတာများလေလေ၊ မြန်မြန်သေရလေပဲ။ မင်းက သင်းအုပ်ဆရာ မာနာကို ဒီလိုတွေးနိုင်မှတော့ ဒါကို မတွေးမိဖို့ မဖြစ်နိုင်ဘူး။ မင်း မစိုးရိမ်ဘူးလား....”
လူစီအိုက ရုတ်တရက် ဒူးထောက်လိုက်သည်။ “ကျုပ်အဖော်တွေကို လက်စားချေဖို့ အတွက် ဒီမန်တီကိုးနှစ်ကောင်ကို သတ်တဲ့သူဆီ ကျုပ်ရဲ့အသက် ပေးအပ်မယ်လို့ သစ္စာဆိုခဲ့တယ်။ ကျုပ် လူကြီးမင်းအတွက် နောက်လိုက်တစ်ယောက် ဖြစ်ချင်ပါတယ်။”
ယခင် သေရေးရှင်ရေး အခြေအနေ၌ သူက အစွမ်းကုန် လှံဖြင့်ထိုးလိုက်ပြီးနောက်တွင် အာရုံကြောများ ထုံထိုင်းသွားသည်ဟု ခံစားခဲ့ရပြီး ယခုမှသာ ပြန်လည်ပြေလျော့လာသည်။ သူတော်စင်အဆင့်တစ်ယောက်နှင့် ဆုံတွေ့ရသည်မှာ မဟာအခွင့်အရေးတစ်ရပ် ဖြစ်သည်။ ဒီအခွင့်အရေးက အချိန်မရွေး သေနိုင်မယ်ဆိုရင်တောင် ဒါကို လွဲချော်သွားရင် တစ်သက်လုံး နောင်တရနေလောက်မယ်။
ယခင် ဖွင့်ဟပြောဆိုပြီးနောက် လူစီအိုက လောင်းကြေးထပ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
နေရာအသစ်ကို ရောက်တာနဲ့ နောက်လိုက်အသစ်တစ်ယောက် လက်ခံတာ။ ဒီလိုမျိုးက အတော်လေးကို ဆင်တူဖြစ်နေတာပဲ...။ ချန်လွေ့က လူစီအို၏ ရည်ရွယ်ချက်ကို နားလည်သည်။ လူသားလောကရဲ့ အခြေအနေတွေကို ငါ မရင်းနှီးသေးဘူး။ ပြီးတော့ ငါက အရေးတကြီး အချိန်တွေ လိုနေတယ်။ လူစီအိုက ပတ်ဝန်းကျင်နဲ့ ရင်းနှီးတဲ့သူ တစ်ယောက်ပဲ။ ဒီအကြံက တကယ် အလုပ်ဖြစ်လောက်တယ်။
“မင်းပြောတာ မှားတယ်။ လူသေတွေကတော့ လျို့ဝှက်ချက်ကို အလုံခြုံဆုံး ထိန်းနိုင်တာ။”
ထိုစကားက ဒူးတစ်ဖက် ထောက်ထားသော လူစီအိုအား ချွေးပြန်သွားစေသည်။
“ဒါပေမဲ့ ဆာ-လူစီအို။ ဂုဏ်ယူပါတယ်။ ခင်ဗျား လောင်းကြေးထပ်ကာ မှန်သွားတယ်။ ဆက်လုပ်ရမှာက စာချုပ်ကိစ္စပဲ။” ချန်လွေ့ ပြုံးလိုက်သည်။ “ငါမင်းကို ပြောချင်တာ တစ်ခုက အခု မင်းရဲ့ကံ အတော်လေး ကောင်းသွားပြီ ဆိုတာပဲ။”