← Chapters

သင်းအုပ်ဆရာ မာနာ

Vol. 41 Ch. 633

သင်းအုပ်ဆရာ မာနာ

Vol. 41 Ch. 633

သင်းအုပ်ဆရာ မာနာက မယုံကြည်နိုင်သေးပေ။ မန်တီကိုးဥ၃လုံးပါသော နေရာလွတ် လက်ပတ်ကို လက်ခံပြီးနောက် သူ၏အမူအရာက ရုတ်တရက် အတော်လေး စိတ်လှုပ်ရှား သွားသည်။ အခေါက်ခေါက် အတည်ပြုပြီးနောက် သူ၏ မူလက အေးစက်ပြီး တင်းမာမှု ပျောက်ကွယ်သွားကာ ရင်းနှီးမှု ဖြစ်ပေါ်လာသည်။

“လူစီအိုဘိစ်။ မင်းဆီမှာ မင်းအဖေရဲ့ စွမ်းဆောင်ရည်နဲ့ လုံ့လဝီရိယကို မြင်ရတာ အတော်လေး ကျေနပ်မိတယ်။” ဝတုတ် သင်းအုပ်ဆရာက လူစီအိုအား ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်သည်။ သူ၏မျက်လုံးများက ချန်လွေ့ထံ ရောက်သွားသောအခါ ပို၍ပင် ဖော်ရွေသွား၏။

“ဆာ-ရစ်ချက်။ မင်းနဲ့ တွေ့ရတာကို တကယ် ဝမ်းသာမိပါတယ်။ မင်းလို မိတ်ဆွေမျိုး ရလာတာက လူစီအိုအတွက် အကြီးမားဆုံး ကံတရားပဲ။ ကျုပ်ရဲ့ အကူအညီ တစ်ခုခု လိုမယ်ဆိုရင် သေချာပေါက် မငြင်းပါဘူး။”

မာနာက ဝင့်ကြွားဝမ်းမြောက်နေခဲ့သည်။ သူက မန်တီကိုးဥတစ်လုံးအတွက် သမ္မဂ၌ သလင်းကျောက်နက်ဒင်္ဂါး ၃၀၀ကို ရင်းခဲ့ရသည်။ ယခုတွင် သူက သလင်းကျောက်နက်ဒင်္ဂါး ၃၀၀ သက်သာသွားရုံသာမက မန်တီကိုးဥ၃လုံးအပြင် အဖိုးတန်သော နေရာလွတ်လက်ပတ်တစ်ခုပါ ရရှိခဲ့လေသည်။

လူဝ သင်းအုပ်ဆရာက အခြေအနေကို အကဲဖြတ်ရာ၌တော်သော လိုက်လျောညီထွေ နေနိုင်သူတစ်ယေဦက် ဖြစ်သည်။ တစ်ဖက်လူရဲ့ နေရာလွတ်လက်ပတ်တွေဘာတွေပါ မြိုးမြိုးမြက်မြက် ပေးတာကို ကြည့်ရမယ်ဆိုရင် သူက သေချာပေါက် သာမည မဟုတ်ဘူး။ လူစီအိုကလည်း နေရာလွတ်လက်ပတ် ဝတ်ထားတယ်။ ငါ့မိတ်ဆွေဟောင်းရဲ့ တူလေးအကြောင်း ငါ နည်းနည်း သိတယ်။ သူတို့အိမ်မှာ စည်းစိမ်ကုန်သွားတော့ ဆင်းရဲသွားတယ်။ သူ့မှာ ဒီလိုမျိုး အဆင့်မြင့်တဲ့ နေရာလွတ်လက်ပတ်ရှိဖို မဖြစ်နိုင်ဘူး။

သေချာတာကတော့ သူက အကောင်ကြီးတစ်‌ယောက်ယောက်နဲ့ ကပ်နေလို့ပဲ... ဥပမာ သာမန်လို့ထင်ရတဲ့ လူငယ်လေးပေါ့။

ထို့ကြောင့် လူဝ သင်းအုပ်စရာက ပုံမှန် တော်ဝင်မျိုးနွယ် အမူအရာကို ဖယ်ထားပြီး အတော်‌လေး ရင်းနှီးပုံရနေခြင်း ဖြစ်သည်။

“ဆာ-သင်းအုပ်ဆရာက လူစီအိုပြောတဲ့အတိုင်း ချဉ်းကပ်ရ လွယ်တာပဲ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ဒါဆိုရင် ကျုပ် တည့်တည့်ပဲ ပြောတော့မယ်။ ကျုပ်မိသားစုက အင်ပါယာတစ်ခုမှာ နာမည်ကျော်တယ်လို့ ပြောလို့ရတယ်။ ကံဆိုးချင်တော့ ကျုပ်က ဆက်ခံသူတွေ အများကြီးထဲမှာမှ တစ်ယောက်ပဲ။ ကျုပ်ကိုယ်ကိုယ် ပြိုင်ဆိုင်ဖို့အတွက် အိမ်ကနေ ထွက်ပြီးတော့ အပြင်မှာ စိန်ခေါ်မှုတွေနဲ့ လေ့ကျင့်ခဲ့တာ။ ကျုပ်ကိုယ်ကိုယ် ယုံကြည်ချက်မရှိခင် တော်ဝင်မျိုးရိုးနာမည်ကို မသုံးချင်ဘူး။ အဲဒါကြောင့် ကြေးစားတစ်ယောက် ဖြစ်လာဖို့အတွက် လူစီအိုရဲ့ အကူအညီကို လက်ခံခဲ့တာ။”

မာနက “ထင်သားပဲ”ဟူသော အမူအရာ ပြသလိုက်သော်လည်း စိတ်ထဲ၌ တွက်ဆနေလိုက်သည်။ သူက မန်တီကိုးဥကို ရနိုင်တယ်ဆိုရင် သူ့စွမ်းအားနဲ့ သူ့နောက်ကလူက သေချာပေါက် မရိုးရှင်းနိုင်ဘူး။ ပြီးတော့လည်း သူက ရက်‌ရောတယ်။ ဒီစကားတွေကို လုံးဝ ယုံကြည်လို့ မရရင်တောင် အတော်လေး မှန်လောက်တယ်။

“သိဒ္ဓိကျောင်းတော်က လူသားအားလုံး လေးစားအားကျတဲ့ လူသားလောကရဲ့ လမ်းပြ ဖြစ်ပြီးတော့ အနန္တတန်ဖိုးကို ပိုင်ဆိုင်တယ်။ အပြင်လောကနဲ့ ကြုံတွေ့ရပြီးတော့ ကျုပ် ဒါကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နိုင်တယ်။ ကျောင်းတော်ရဲ့ စွမ်းအားကို သုံးပြီးတော့ ဒီပြိုင်ပွဲမှာ ကျုပ်ကိုယ်ကျုပ် အလေးလံဆုံး အပေးအယူလုပ်ဖို့ မျှော်လင့်ပါတယ်။” ချန်လွေ့က အရိုအသေ ပြုလုပ်ပြန်သည်။ “အဲဒါကြောင့် ကျုပ်က ဆာ-သင်းအုပ်ဆရာဆီကို အထူးတလှယ် ရောက်လာတာပါ။ ကျုပ်ကို တောက်ပတဲ့လမ်းကြောင်းဆီ ညွှန်ပြပေးစေချင်ပါတယ်။”

“အမှန်ပြင်ဖို့လိုတာက သိဒ္ဓိကျောင်းတော်မှာ အနန္တတန်ခိုးရှိတာ မဟုတ်ဘူး။ အလင်း နတ်ဘုရားဆီမှာပဲ။” လူဝ သင်းအုပ်ဆရာ၏ တြိဂံမျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားပြီး နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။ “ဆာ-ရစ်ချက်။ မင်း လာတွေ့တာ လူမှားနေပြီထင်တယ်။ ကျုပ်က မြို့ငယ်လေးက သင်းအုပ်ဆရာ တစ်ယောက်ပဲ။ ကျုပ်က ဘယ်လိုလုပ်ပြီးတော့ မင်းကို ထောက်ပြပေးဖို့ အရည်အချင်းရှိမှာလဲ။”

ချန်လွေ့က ဆက်လက် ပြုံးနေခဲ့သည်။ “ဆာ့လိုမျိုး ပညာရှိ တစ်ယောက်အတွက် လမ်းပျောက်နေလို့ ကျုပ်လိုမျိုးလူကို လမ်းပြဖို့က လွယ်ကူတဲ့ အရာတစ်ခုပါပဲ။ ကျုပ်က ဒီကို အလောတကြီးနဲ့ လာခဲ့ရပြီးတော့ အသစ်စက်စက်ရထားတဲ့ မန်တီကိုးဥတွေပဲ ပေးခဲ့တာက မလေးစားရာကျပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဆာ ကျုပ်ကို သင့်တော်ပြီး အသုံးချလို့ရမယ့် အကြံတစ်ခု ပေးနိုင်မယ်ဆိုရင် ကျုပ် မြိုးမြိုးမြက်မြက် ပေးပါ့မယ်။ ဒါက အောင်မြင်ခဲ့ရင် ဆာ့ကို ပိုပြီးတော့ ကျေနပ်အောင် လုပ်ပေးပါ့မယ်။”

တစ်ဖက်လူက “ဆုလာဒ်”အကြောင်း ပြောသည့်အခါ ဝတုတ်၏မျက်လုံးများ အရောက်တောက်သွား၏။ သူ ခဏလောက် စဉ်းစားလိုက်သည်။ “ဆာ-ရစ်ချက်။ မင်းပြောတာ မှန်မယ်ဆိုရင် ..ကျုပ် ရိုင်းပြမိရင် ခွင့်လွှတ်ပါ။ ကျုပ်အကြံ‌ပေးချင်တာက ဒါက တိုက်ရိုက် သက်ဆိုင်နေလို့ပါ....”

ချန်လွေ့ ခေါင်းညိတ်သည်ကို မြင်သည့်အခါ ဝတုတ် သင်းအုပ်ဆရာက ဆက်ပြောသည်။ “အလင်းနတ်ဘုရားရဲ့ တန်ခိုးက အဆုံးမရှိဘူး။ စိတ်ရင်းနဲ့ ယုံကြည်မှု ရှိသရွေ့၊ အလင်းရောင်ရဲ့ ကောင်းချီးကို ရဖို့ ဖြစ်နိုင်တယ်။ မင်းအတွက်ကတော့ အရန် အလင်းစစ်သည်တော် ဖြစ်ဖို့က အကောင်းဆုံး နည်းလမ်းပဲ။ ဒါနဲ့ဆိုရင် မင်းက အလင်းစွမ်းအားကို ရနိုင်ပြီးတော့ မိသားစု ပြဿနာကိုလည်း ဖြေရှင်းနိုင်မယ်။ အားနည်းချက် တစ်ခုကတော့ အနာဂတ်မှာ မိသားစုကို လက်လွှဲယူဖို့ အခွင့်အရေး ရပြီးရင် အလင်းကို အလုပ်အကျွေးပြုတဲ့ ဘုန်းတော်ကြီး ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး။ အရန် အလင်းစစ်သည်တော်က မင်းရောက်နိုင်တဲ့ ဘုန်းတော်ကြီးရဲ့ အထက်ကန့်သတ်ချက်ပဲ။”

ထိုစကားများက ယုံကြည်မှုဆိုရင် ကျင့်ထုံးများ ပါဝင်နေသော်လည်း ချန်လွေ့က အရန် အလင်းစစ်သည်တော်၏ ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။

“ကျုပ် ဘယ်လိုလုပ်ရင် အရန် အလင်းစစ်သည်တော် ဖြစ်နိုင်မှာလဲ။”

“ယန်ရှောင်အင်ပါယာရဲ့ အဆင့်အရဆိုရင် အရန် အလင်းစစ်သည်တော်အတွက် အလောင်းအလျာတွေက မြို့အဆင့် ကျောင်းတော်ခေါင်းဆောင်၊ ဒါမှမဟုတ် တော်ဝင် ဂိုဏ်းအုပ်ရဲ့ စကာတင်ခံရဖို့ လိုတယ်။ ငါ့မှာ အဲဒီလိုမျိုး အရည်အချင်း မရှိသေးဘူး။”

“ကျုပ်ရဲ့ လေ့ကျင့်ရေး အတွေ့အကြုံအရဆိုရင် အာရုံစိုက်ဖို့ အရေးပါဆုံးက အနာဂတ်ကိုပဲ။ တစ်ခါတစ်လေကျရင် အလားအလာတွေက အသွင်အပြင်ထက်ကို ပိုပြီးတော့ အရေးပါတယ်။” ချန်လွေ့က အသာလေး ခေါင်းခါပြီး သဘောပေါက်သော အပြုံးမျိုး ပြုံးလိုက်သည်။ “ဆာက အခု သင်းအုပ်ဆရာတစ်ယောက်ပဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ဒါက နောက်လည်း ဒီလိုပဲ ဖြစ်မယ်လို့ ပြောလို့မရဘူး။ သိပ်မကြာခင် ဆာ့ကို “ဆာ-ဂိုဏ်းအုပ်”လို့ ခေါ်ရမယ်လို့ ယုံကြည်တယ်။ နောက်လာမယ့် အနာဂတ်မှာ ဒီဂုဏ်ပုဒ်က ပိုပြီးတော့တောင် မြင့်မားလာနိုင်တယ်။”

မာနာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ပြောရန်ပြင်လိုက်စဉ် ချန်လွေ့က အိတ်အသေးလေးတစ်လုံး ကိုင်ထားသည်ကို မြင်လိုက်ရသည်။ “ဆာ-မာနာ၊ ကျုပ်ရဲ့ ပေါ့ဆမှုပါ။ ခင်ဗျားက ကျုပ်ကို တောက်ပတဲ့ လမ်းကြောင်းဆီ ပြသပေးခဲ့ပြီ။ ကတိပေးထားတဲ့အတိုင်း ဒီ နတ်ဆိုးကျောက်နီက ကျေးဇူးတင်တဲ့အနေနဲ့ပါ။ လက်ခံပေးပါ။”

အိတ်ငယ်လေးကို မြင်သောအခါ ခုနက မာနာ မကျေမနပ် ဖြစ်နေခဲ့သည်။ “နတ်ဆိုးကျောက်နီ”ဟူသော စကားကို ကြားသည့်အခါ သူ အနည်းငယ် တုန်လှုပ်သွား၏။ ချန်လွေ့နှင့် လူစီအိုတို့ အရှေ့၌ သူ ဖွင့်ကြည့်လိုက်ရာ ဥတစ်လုံးအရွယ်ရှိသော မီးတောက် ကျောက်နီတစ်ခုကို မြင်လိုက်ရသည်။ ၎င်းတွင် မီးနှင့်အမှောင်ဒြပ်စင် အငွေ့အသက် ရှိနေသည်။ ထို့ပြင် အညစ်အကြေး လုံးဝ မရှိပေ။ မာနာက အရည်အသွေးရှိသည့် ပစ္စည်းများကို ခွဲခြမ်းနိုင်သူ တစ်ယောက် ဖြစ်သည်။ ဒီကျောက်ရဲ့တန်ဖိုးက အနည်းဆုံး သလင်းကျောက်နက်ဒင်္ဂါး ၃၀၀၀ ပဲ။

ဒါက “ကျေးဇူးတင်တဲ့အနေနဲ့”တဲ့လား။ ချန်လွေ့အပေါ် မာနာ၏ အကြည့်က ရုတ်တရက် ပိုမိုရင်းနှီးသွားခဲ့သည်။ ထိုကဲ့သို့ ကျောက်မျိုးက အမှောင်ဒြပ်စင် ပေါကြွယ်ဝသော နတ်ဆိုးဘုံ၌ တန်ဖိုးမကြီးပေ။ သို့ရာတွင် သူဌေးချန်၌ ရတနာများစွာ ရှိလေသည်။ မည်သည့်အရာမဆိုက ထိုထက် တန်ဖိုးပိုကြီးသည်။ ထိုရတနာများ၏ မူလပိုင်ရှင်မှာ နဂါးဖြစ်ပေ၏။

“ဆာ-ရစ်ချက်။ ခုနက မင်းပြောတာကို ငါ သဘောတူတယ်။ အလားအလာက အရေးပါတဲ့ အရည်အချင်းတစ်ခုပဲ။” မာနက ကျောက်ကို နေရာလွတ်လက်ပတ်ထဲ ထည့်လိုက်သည်။ “ဘာမှမလုပ်ဘဲ ဘာမှမရဆိုတဲ့တဲ့ စကားအတိုင်းပဲ။ လမ်းက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဒါက လူတွေရဲ့ ကြိုးစားအားထုတ်မှု ရလာဒ်ပဲ။ တကယ်လို့ မင်းက တကယ်ပဲ အရန် အလင်းစစ်သည်တော် ဖြစ်ချင်တယ်ဆိုရင် တခြားနည်းတွေ ရှိတယ်။ ဒါပေမဲ့ ကျုပ် မင်းကို သတိပေးရမယ်။ တချို့လမ်းကြောင်းကနေတစ်ဆင့် အရန် စစ်သည်တော်အတွက် ဆန်ခါတင်ရွေးချယ်ခံရရင်တောင် သက်ဆိုင်ရာစွမ်းအား မရှိဘူးဆိုရင် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်။”

“အဲဒါက...” ချန်လွေ့က ခဏ စဉ်းစားလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ကျုပ်နောက်မှာ အင်အား အတော်လေး ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် မန်တီကိုးဥ တာဝန်ကို ကျုပ် ကိုယ်တိုင် ပြီးအောင် လုပ်ခဲ့တာ။ လမ်းပြပေးတဲ့ လူစီအိုက ဒါကို သက်သေ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ကျုပ်က မန်တီကိုးတွေကို ထိပ်တိုက် မရင်ဆိုင်ခဲ့ဘူး။ ပါရမီနဲ့ ဆက်နွှယ်တဲ့ အထူးစွမ်းအားတစ်ခုကို သုံးခဲ့တာ။ ဒါကို စွမ်းအားကို သတ်မှတ်လို့ ရချင်မှ ရလောက်မယ်။”

“အိုး...” ချန်လွေ့ကိုယ်တိုင် ထိုသို့ပြုလုပ်ခဲ့ကြောင်း ကြားသည့်အခါ မာနာက အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။

“ဆာ-ရစ်ချက်က သားရဲထိန်းကျောင်းအစွမ်းကို သုံးခဲ့တာ။ အဲဒါက စိတ်ကူးလို့ မရအောင် အစွမ်းထက်တယ်။” လူစီအိုက ပြောလိုက်သည်။ “မန်တီကိုး နှစ်ကောင်က လုံးဝ မတိုက်ခိုက်ဘဲနဲ့ ဆာ-ရစ်ချက်ကို ‌ဥတွေ ယူသွားဖို့ ခွင့်ပြုခဲ့တယ်။ ဒါကိုမြင်တော့ ကျုပ်က အိပ်မက်မက်နေတာလို့ ထင်ခဲ့မိတာ။ ရှက်စရာကောင်းတဲ့ အမှန်တရားကို ‌ပြောရမယ်ဆိုရင် ဒီအခြေအနေက အမှန်ပဲ ဆိုတာကို သေသေချာချာ နားမလည်နိုင်ခင် ကိုယ့်ကိုယ်ကိုယ် ကိုက်ခဲ့သေးတယ်။”

“မန်တီကိုးတွေကိုတောင် ယဉ်စေနိုင်တဲ့ သားရဲထိန်းကျောင်းအစွမ်း...” မာနာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ချန်လွေ့ကို သေသေချာချာ ကြည့်လိုက်သည်။ “ဆာ-ရစ်ချက်။ ဒါ အမှန်ပဲလား။ ဒါက မင်းရဲ့အိပ်မက်ကို တကယ်ဖြစ်စေနိုင်မနိုင်နဲ့ ဆက်နွှယ်နေနိုင်မယ့် သော့ချက်တစ်ခုပဲ။ ကျုပ်ကို အမှန်အတိုင်း ဖြေပေးပါ။”

“အမှန်ပါပဲ။” ချန်လွေ့က ခေါင်းညိတ်သည်။ “ဆာ့ရဲ့ လက်ထဲမှာရှိတဲ့ ဥ၃သုံးက အကောင်းဆုံး သက်သေပါပဲ။ မန်တီကိုးနှစ်ကောင်က အခု တောနက်ပြာထဲမှာ ကျုပ်ရဲ့ အမိန့်အတိုင်း နေရစ်ခဲ့တယ်။ မယုံဘူးဆိုရင် တစ်ယောက်ယောက် လွှတ်ပြီးတော့ စုံစမ်းလို့ ရပါတယ်။”

သားရဲထိန်းကျောင်းအစွမ်းဆိုသည်မှာ ချန်လွေ့ အထူးပြင်ဆင်ထားသော နိမိတ်တစ်ခု ဖြစ်သည်။ လူစီအို၏ သတင်းအချက်အလက်များနှင့် မန်တီကိုးဥအတွက် မာနာ ကမ်းလှမ်းသော ဆုလာဒ်များကို ကြည့်ခြင်းအားဖြင့် အထက်မှ အကောင်ကြီးကြီးတစ်ယောက်၏ အကြိုက်နှင့် ဆက်နွှယ်နေနိုင်သည်။ သူထင်သည်မှာ မှန်ကန်ခဲ့လျှင် မာနာကို ရွေးချယ်ခြင်းက မှန်ပေသည်။

ဝတုတ် သင်းအုပ်ဆရာ၏ တုံ့ပြန်မှုက အလွန်ပင် အလောကြီးနေခဲ့သည်။ သူက မျက်လုံးများကို လှိမ့်ပြီး စိတ်အားထက်သန်မှုကို ဖိနှိပ်ထားကာ မေးသည်။ “ဆာ-ရစ်ချက်။ ဒီကိစ္စက အတော်လေး အရေးပါတယ်။ ကျုပ်တို့ ရှေ့ဆက် မပူးပေါင်းခင် မင်းရဲ့ အစွမ်းထက်တဲ့ သားရဲထိန်းကျောင်းအစွမ်းကို ကိုယ်တိုင်ကြည့်လို့ ရနိုင်မလား။”

“ရတာပေါ့။”

“လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက ကျုပ် လေကျားသစ်တစ်ကောင် ရထားတယ်။ အဲဒီ လေကျားသစ်က မန်တီကိုးထက် အဆင့်နိမ့်ပေမဲ့ သောင်းကြမ်းတယ်။ သူနဲ့ကျုပ်က စာချုပ် ချုပ်ထားတာတောင် သူ့ကို ထိန်းကျောင်းဖို့ ခက်ခဲတယ်။ တကယ်လို့....”

ချန်လွေ့က ချက်ချင်း ပြန်ဖြေသည်။ “ကိစ္စ မရှိပါဘူး။”

“ဒါဆို ကျုပ်နဲ့ လိုက်ခဲ့ပေးပါ။” ဝတုတ် သင်းအုပ်ဆရာက သူတို့နှစ်ယောက်နှင့်အတူ လမ်းလျှောက်ထွက်သွားသည်။

သူတို့က လျှောက်လမ်းအချို့ကို ဖြတ်သွားပြီးနောက် ခန်းမတစ်ခုသို့ ရော်ကလာသည်။ ထိုနေရာမှာ ယုံကြည်သူများ ဝတ်ပြုဆုတောင်းသော ခန်းမ ဖြစ်သည်။ ယနေ့သည် ဆုတောင်းနေ့ ဖြစ်သည်။ ယုံကြည်သူများက အိမ်၌သာ ဆုတောင်းကြသည့်အတွက် အပြင်လူ ရှိမနေပေ။

ဝတုတ်က ဖရာယာဘုန်းကြီးများကို အပြင်သွားခိုင်းကာ ချန်လွေ့နှင့် လူစီအိုတို့ကိုသာ နေရစ်စေသည်။ “ဒီမှာ စောင့်နေပေးပါ။ အခုပဲ လေကျားသစ်ကို ခေါ်လိုက်မယ်။”

ဝတုတ် ထွက်သွားပြီးနောက် လူစီအိုက ချက်ချင်း တီးတိုးပြောလိုက်သည်။ “သခင်။ လေကျားသစ်မှာ သန္ဓေပြောင်း သွေးမျိုးဆက်ရှိတာ ကျုပ်သိတယ်။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက စစ်သည်တော်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီးတော့ သခင့်ထက်ကို တစ်ဆင့် နိမ့်မယ်။ ဆာ့ရဲ့ စွမ်းအားနဲ့ဆို အလွယ်လေး သတ်နိုင်မှာပါ။ ဒါပေမဲ့.....”

“စိတ်မပူပါနဲ့။” ချန်လွေ့ ခေါင်းခါပြီး ဆုတောင်းခန်းမကို ကြည့်လိုက်သည်။ ခန်းမက အ‌တော်လေး ကျယ်ဝန်းလှသည်။ ဘုရားကျောင်းကဲ့သို့ပင် ထိုင်ခုံများ အတန်းလိုက်ရှိနေပြီး ရှေ့တွင် ခမ်းနားပြီး အနုစိတ်သော အလင်းနတ်ဘုရား ရုပ်ထု ရှိနေသည်။ သို့သော်လည်း ၎င်း၏ အသွင်အပြင်က ဝေဝါးနေပြီး ပို၍ပင် လျို့ဝှက်ဆန်းကြယ်နေ၏။

ချန်လွေ့က အလင်းနတ်ဘုရား ရုပ်ထုကို စိုက်ကြည့်သောအခါ ကွဲပြားသော အမူအရာ ရှိနေခဲ့သည်။ စူပါစနစ်ထဲ၌ ယုံကြည်မှုမျှော်စင်၏ အမြင့်ဆုံးထိန်းချုပ်သူ ဖြစ်သည့်အလျောက် သူက သာမန်လူများ မသိနိုင်သော ရုပ်ထုထဲ၌ ပါရှိသော အထူးအငွေ့အသက်ကို အာရုံခံမိသည်။

ယုံကြည်မှု အငွေ့အသက်ပဲ။

ချန်လွေ့၏ စိတ်ထဲ၌ ဉာဏ်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာပြီး အရေးကြီးသော အရာတစ်ခုခုကို တွေးမိသွားဟန်တူသည်။ သို့သော်လည်း စဉ်းစားရန် အချိန်မရခင်မှာပင် ဟိန်းသံတစ်သံကြောင့် သူ့အတွေ့များ ပျောက်ကွယ်သွားရသည်။

သင်းအုပ်ဆရာ မာနာက လေကျားသစ်ဟုခေါ်သော အနက်ရောင် နတ်ဆိုးသားရဲ တစ်ကောင်နှင့်အတူ ချဉ်းကပ်လာ၏။

လေကျားသစ်က မာနာ ပြောသည့်အတိုင်းပင် ကြမ်းကြုတ်ပြီး သောင်းကြမ်းသည်။ လူစီအိုကို မြင်သည့်အခါ မင်းက ရန်လိုသော မာန်ဖီသံ ပြုလုပ်လိုက်ရာ လှံသမား သိမ့်သိမ့်တုန်သွားပြီး လက်နက်ထုတ်မိလုမတတ် ဖြစ်သွားခဲ့သည်။

“ဆာ-ရစ်ချက်...” လေကျားသစ်၏ လှုပ်ရှားမှုများ ရုတ်တရက် တောင့်တင်းသွားကြောင်း မြင်လိုက်သည့်အခါ မာနာက စကားပြောရင် ပြင်လိုက်သည်။ တဖြည်းဖြည်း ချဉ်းကပ်လာသော ချန်လွေ့ကို နောက်လှည့်ကြည့်လိုက်သောအခါ လေကျားသစ်၏မျက်လုံးထဲ၌ ကြောက်ရွံ့သော အကြည့်တစ်ခု ရှိနေသည်။ ၎င်းက မလှုပ်ရှားရဲတော့ပေ။

ချန်လွေ့က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် လက်ယပ်ခေါ်လိုက်သည်။ လေကျားသစ်က သတိထားလျက် လျှောက်လာပြီးနောက် ချန်လွေ့အရှေ့၌ လှဲချကာ ကြောက်စရာ နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ မဟုတ်ဘဲ ကျိုးနွံသော ကြောင်တစ်ကောင်ကဲ့သို့ အသံပြုလုပ်နေလေသည်။

ထိုမြင်ကွင်းက မာနာကို ကြက်သေသေသွားစေရုံသာမက လူစီအိုပင် ကြောင်သွား၏။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လေကျားသစ်ကို ပထမဆုံး တွေ့တဲ့အချိန်မှာ အညံ့ခံအောင် လုပ်တဲ့ သားရဲထိန်းကျောင်းအစွမ်းမျိုး တစ်ခါမှ မကြားဖူးဘူး။

ချန်လွေ့က အမှန်တကယ်၌ သူက လေကျားသစ် ကြောက်ရွံ့စေရန်အတွက် အငွေ့အသက် တစ်ခု ထုတ်လွှတ်ပြီးနောက် [ သရုပ်ခွဲမျက်လုံး ] ဖြင့် စကားအနည်းငယ်မျှားကာ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပြချင်ခဲ့သည်။ ထို့ကြောင့် သူက သနားစရာ လေကျားသစ်အား ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။

All Chapters