ထွက်ခွာခြင်း
Vol. 41 Ch. 636
အလင်းနတ်ဘုရားရုပ်ထု မျက်နှာက မူလအတိုင်း ဝေဝေဝါးဝါး ပြန်ဖြစ်သွားကာ ရုပ်ထု ပတ်ပတ်လည်ရှိ ထူးခြားသော အားစက်ဝိုင်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
၎င်းမှာ အသူရာ တစ်ခုခု ပြောင်းလဲသွားခြင်းကြောင့် မဟုတ်ပေ။ အမှန်တကယ်၌ အသူရာက လုံးဝ မချေမှုန်းခံခဲ့ရပေ။ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်း စကြဝဠာ အမှန်တရားကို ချန်လွေ့ သဘောပေါက်သွားသောအခါ အသူရာက ချန်လွေ့၏ တစ်စိတ်တစ်ပိုင်း ပြန်ဖြစ်သွားခြင်း ဖြစ်ပေသည်။ မြစ်က ပင်လယ်ထဲ ပြန်ဝင်သွားသကဲ့သို့ပင် ဖျက်ဆီးခြင်းကလည်း “စကြဝဠာ”တစ်ခုလုံး၏ လျို့ဝှက်ဆန်းကြယ်မှုထဲသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ထို့ပြင် [ ကိုယ်ပွားခြင်း ] က ၎င်းမှ ဆင်းသက်လာသော အစွမ်းတစ်မျိုးနှင့် ပိုတူသည်။ ထိုကိုယ်ပွားက သီးသန့် အသိစိတ်တစ်ခု ရှိသော်လည်း မူလခန္ဓာကိုယ်နှင့် အတော်လေး ဆင်တူသော နောက်ထပ် အသိစိတ်တစ်ခုသာ ဖြစ်ပေသည်။ ယခင်ကကဲ့သို့ ပုန်ကန်သော တည်ရှိမှုမျိုး ဖြစ်လာမည် မဟုတ်ပေ။
အသူရာ စွမ်းအားများ ရပ်တန့်လိုက်ခြင်းမှာ ဆုတောင်းခန်းမရှိ နတ်ဘုရားရုပ်ထု စုဆောင်းထားသော ယုံကြည်မှုစွမ်းအားများ နည်းပါးလှသည့် အတွက်ကြောင့်ပင်။ ထို့ပြင် ယုံကြည်မှုစွမ်းအား နည်းလေလေ၊ တွန်းကန်အား ကောင်းလေလေပင် ဖြစ်သည်။ လိုရမည်ရ ချန်လွေ့က ကိုယ်ပွားကို ရုတ်သိမ်းလိုက်သည်။ ထို့ပြင် အပြင်ဘက်မှ ခြေသံများကလည်း ပိုမို နည်းကပ်လာသည်။ ၎င်းမှာ မာနာနှင့် အခြားသူများ ဖြစ်နိုင်ပေသည်။
ခိုးယူပြီးသော ယုံကြည်မှုစွမ်းအားကို အသူရာ၏ကိုယ်ထဲ၌ ပြောင်းလဲပြီး စူပါနစ်၏ ယုံကြည်မှု စွမ်းအားသို့ ပြောင်းလဲသည်။ ထိုပြောင်းလဲမှုနှုန်းက အတော်လေး နှေးလှသည်။ ၎င်းမှာ စားစရာများကို သိုလှောင်ရန်စုဆောင်းပြီး နေ့တိုင်း နည်းနည်းချင်း စားကာ ဖြည်းဖြည်း အစာခြေဖျက်နေသလိုမျိုးပင် ဖြစ်နေသည်။
မည်သို့ပင် ဆိုစေကာမူ ထိုအောင်မြင်မှုက ချန်လွေ့အား မမျှော်လင့်ထားသော အံ့အားသင့်စရာတစ်ခုကို ပေးစွမ်းခဲ့သည်။ အသူရာ ချန်ခဲ့တဲ့ “အမွေအနှစ်”က တကယ့်ကို ထူးခြားတာပဲ။ အရင်က စူပါစနစ်ကနေ ယုံကြည်မှုစွမ်းအားတွေ ခိုးယူခဲ့သလိုပဲ၊ ငါ့ခန္ဓာကိုယ် ပြင်ပက ယုံကြည်မှုစွမ်းအားတွေကို တကယ် ခိုးယူပြီး ပြောင်းလဲလို့ရတယ်။
ဒီလိုဆိုရင် ယုံကြည်မှုသလင်းကျောက် ထုတ်လုပ်နှုန်းက တော်တော်လေး တိုးသွားမှာပဲ။ နတ်ဆိုးဘုံကို ပြန်ဖို့အတွက် [ ကြယ်ဂိတ် ] ကို အသက်သွင်းဖို့ ၁၀သိန်း ရောက်ဖို့တောင် လွန်ကဲတဲ့ မျှော်လင့်ချက် မဟုတ်တော့ဘူး။
ထို့ကြောင့် ယခုတွင် ချန်လွေ့၌ အဓိကတာဝန်နှစ်ရပ် ရှိနေ၏။ ပထမတစ်ခုမှာ ကမ်းပါးဖြူသို့ ဝင်ရောပြီး သိဒ္ဓိအလင်းတောင်သို့ သွားရောက်ကာ နှင်းဒဲလက်ပန်းကို ခူးရန် ဖြစ်သည်။ ဒုတိယမှာ သိဒ္ဓိကျောင်းတော်မှ ယုံကြည်မှုစွမ်းအားကို ခိုးယူပြီး ယုံကြည်မှု သလင်းကျောက် ၁၀သိန်း အမြန်ဆုံး ရရှိအောင် ကြိုးစားရန် ဖြစ်သည်။
ထိုတာဝန်နှစ်ခုလုံးက သိဒ္ဓိကျောင်းတော်နှင့် ဆက်နွှယ်နေပြီး လက်ရှိ “အရန် အလင်း မြင်စီးစစ်သည်တော်” အကြံအစည်က အဓိကသော့ချက် ဖြစ်ပေသည်။
ချန်လွေ့က ဆုတောင်းခန်းမမှ ထွက်သွားလိုက်သောအခါ သင်းအုပ်ဆရာ မာနာ၊ လူစီအိုနှင့် အခြားသူများက အပြင်တွင် စောင့်နေကြသည်ကို မြင်လိုက်ရသည်။ ဝတုတ် သင်းအုပ်ဆရာက ချန်လွေ့ ထွက်လာသည်ကို မြင်သည့်အခါ အလောတကြီး မေးသည်။ “ရစ်ချက်။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ လုံးဝ ပြန်ပြည့်သွားပြီလား။”
“အပြည့်တော့ မဖြစ်သေးဘူး။ ဒါပေမဲ့ အခု အရင်ကထက် ပိုကောင်းသွားပါပြီ။” ချန်လွေ့က လူစီအိုကို ကြည့်လိုက်သည်။ “ကြည့်ရတာ ဆာ-သင်းအုပ်ဆရာက တကယ့်ကို ထူးခြားတာပဲ။ ပြဿနာကို မြန်မြန်ပဲ ဖြေရှင်းလိုက်နိုင်တယ်။”
“ဒါက အသေးအမွှားကိစ္စလေးပါပဲ။” မာနာ၏ တြိဂံမျက်လုံးထဲ၌ ဂုဏ်ယူသော အမူအရာတစ်ခု လက်ခနဲ ပေါ်ထွက်လာသည်။ “ဒါပေမဲ့ မိတ်ဆွေ။ ခုနက ခန်းမထဲမှာ ထူးဆန်းတာ တစ်ခုခု ဖြစ်ခဲ့တယ်လို့ ဒိုရာ ပြောခဲ့တယ်။ ဒါပေမဲ့ သူက အထဲဝင်ပြီးတော့ မင်းကို မနှောင့်ယှက်ချင်ခဲ့ဘူး။ ဒါကြောင့် မင်းရဲ့ အခြေအနေကို ငါ နည်းနည်း စိုးရိမ်သွားတာ။ ကံကောင်းချင်တော့ မင်း ဘာမှမဖြစ်ဘူးးပဲ။”
ဘုန်းတော်ကြီး ဒိုရာကို ကြည့်လိုက်ရာ ချန်လွေ့ ရုတ်တရက် နှလုံး သိမ့်ခနဲ ဖြစ်သွား၏။ ထိုသူ၏စွမ်းအားက F သာဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအားက E- သာ ဖြစ်သည်။ ချန်လွေ့က တမင် မေးလိုက်သည်။ “ဘုန်းတော်ကြီး ဒိုရာ။ ခုနက ခင်ဗျား ဘယ်လို ခံစားခဲ့ရတာလဲ။”
ဒိုရာက ရိုရိုသေသေနှင့် ပြန်ဖြေသည်။ “ထူးခြားတဲ့ ခံစားချက်တစ်ခုပါပဲ။ အသေးစိတ် ရှင်းမပြတတ်ဘူး။ ခဏပဲ ကြာတယ်။ ပြီးတော့ ဆာ-မာနာ ရောက်လာတော့ ပျောက်သွားတယ်။ စိတ်ထင်တာနေမယ်။”
“မဟုတ်ဘူး။ ခင်ဗျားရဲ့ ခံစားချက် မမှားဘူး။ အဲဒါက ကျုပ်ရဲ့ ဝိညာဉ်စွမ်းအား မတည်မငြိမ် ဖြစ်သွားခဲ့တာပဲ။” ချန်လွေ့က အလျင်အမြန်ပင် ဆင်ခြေတစ်ခု စဉ်းစားလိုက်သည်။ “ခန်းမထဲမှာ ထူးခြားတဲ့အငွေ့အသက်တစ်ခု ရှိတယ်။ ကျုပ်ရဲ့စွမ်းအား ပြန်ဖြည့်တင်းနေတုန်း စိတ်ဝိညာဉ် စွမ်းအားက ဆေးကြောခံရပြီး သိမ်မွေ့သွားသလိုပဲ။ ကျုပ်ရဲ့ နှစ်ပေါင်းများစွာ တန့်နေတဲ့ စွမ်းအားက အခုဆိုရင် တစ်ဆို့မှုကို ချိုးဖောက်ပြီးတော့ အဆင့်တက်တော့မယ့် အရိပ်အယောင် တွေ့နေရတယ်။”
“အိုး....” မာနာ၏ မျက်လုံးများ အရောင်တောက်သွား၏။ “ရစ်ချက်”၏အဆင့် မြင့်လေလေ၊ “သားရဲထိန်းကျောင်းအစွမ်း” မြင့်လေလေ၊ သူတို့ အကြံအစည်အထက် ပိုကောင်းလေလေ ဖြစ်သည်။ အကယ်၍ သူတို့က အယ်လီဇာနှင့် ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာတို့ထံ အောင်အောင်မြင်မြင်နှင့် အနားကပ်နိုင်ခဲ့လျှင် မာာနာက နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သော တော်ဝင်မြို့တော် ဂိုဏ်းအုပ်ရာထူးကို ရရှိနိုင်မည့်အပြင် “ရစ်ချက်”ကလည်း အရန် အလင်း စစ်သည်တော် ဖြစ်လာနိုင်ပေမည်။ အကယ်၍ ရစ်ချက်က နတ်ဘုရားကျောင်း စစ်သည်တော်တစ်ယောက်ကို နောက်ခံအနေဖြင့် ရှာတွေ့ခဲ့လျှင် ဂိုဏ်းအုပ် မာနာကလည်း အကျိုးအမြတ် ပူးပေါင်းထားသည့် စာချုပ်အဖွဲ့ဝင် ဖြစ်သည့်အလျောက် အတော်လေး အကျိုးအမြတ် ရရှိမည် ဖြစ်သည်။
“မာနာ။ ခင်ဗျား စိတ်မရှိဘူးဆိုရင် ဆရာသခင်အဆင့်ရဲ့ နောက်တစ်နေရာကို တက်လှမ်းနိုင်ဖို့အတွက် ကျောင်းတော်မှာပဲ ခဏနေပြီးတော့ အဆင့်တက်ဖို့ ဉာဏ်အလင်းတွေ အရယူချင်တယ်။” ချန်လွေ့စကားများက သူသည် ဆရာသခင်အဆင့် [ နတ်ဆိုးဘုရင်အဆင့် ] ကနဦးပိုင်းသို့ ရောက်နေပြီဖြစ်ကြောင်း ရေးရေးလေး ဖော်ပြနေသည်။
မာနာက အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ သူက ချန်လွေ့သည် အဓိက မိသားစုတစ်ခုမှ ပါရမီရှင်ဖြစ်ကြောင်း စတင်ယုံကြည်လာပြီး ချက်ချင်းပင် သဘောတူလိုက်၏။ “ဒါပေါ့။ အဆင်ပြေပါတယ်။ မင်းက သိပ်မကြာခင် အရန် အလင်း မြင်စီးစစ်သည်တော် အလောင်းအလျာတစ်ယောက် ဖြစ်လာတော့မှာ။ သေချာသိရမယ့် စံအနေအထားတွေနဲ့ ဓလေ့ထုံးတမ်းတွေလည်း သိဖို့ လိုသေးတယ်။ အဲဒါကြောင့် ကျောင်းတော်မှာ နေပြီးတော့ အဲဒီတွေကို သင်ယူလေ့လာရမယ်။ တကယ်တော့ ငါတို့မှာ အချိန်သိပ်မရှိဘူး။”
ထိုသို့ဖြင့် ချန်လွေ့က တိကျသော အကြောင်းရင်းတစ်ခုဖြင့် သိဒ္ဓိကျောင်းတော်၌ နေနေရစ်သည်။ နောက်ပိုင်းနေ့ရက်များ၌ သူက “နားလည်သဘောပေါက်ရန်”အတွက် ဆုတောင်းခန်းမသို့ နေ့တိုင်းသွားသည်။ တစ်ခါတစ်ရံ၌ ညနက်ချိန်သွားပြီး တစ်ခါတစ်ရံ၌ ယုံကြည်သူများ စုဆောင်းကြသော အချိန်၌လည်း သွားတတ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် အတော်လေး စုဆောင်းနိုင်လာတယ်။ ချန်လွေ့က ခိုးယူထားသော ယုံကြည်မှုစွမ်းအားတစ်ဝက်ကို ချေဖျက်နိုင်ရုံသာမက သလင်းကျောက် အဖြစ်လည်း ပြောင်းလဲနိုင်ခဲ့သည်။ သို့သော်လည်း သူက ခိုးယူခြင်းကို ဖုံးကွယ်သော နည်းလမ်းတစ်ရပ်ကို ရှာတွေ့သွားခဲ့သည်။ သူက လူပုံအလယ်၌ ယုံကြည်မှုကို ပြောင်ပြောင်တင်းတင်း ခိုးယူနိုင်ရန် အသူရာ၏ တံလျှပ်ထံမှ ပုံရိပ်ယောင် ပါရမီကို အသုံးချပြီး [ ယုတ္တိမှန်ပုံရိပ်ယောင် ] ကို ဖန်တီးကာ ရုပ်ထုမျက်နှာ ပြောင်းလဲမှုနှင့် ဟဲရာဘီးကို ဖုံးကွယ်လိုက်လေသည်။
သို့သော်လည်း တံလျှပ်၏ ပုံရိပ်ယောင်ကို ဖောက်မမြင်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များ မရှိမှ ရပေမည်။ ယေဘုယျအားဖြင့် ပြောရလျှင် မည်သူမှ မရှိလျှင် ပို၍ ဘေးကင်းပေလိမ့်မည်။
သူ၏ တစ်ခုတည်းသော နောင်တရစရာမှာ ကိုယ်ပွားကို အသက်သွင်းပြီး ရုပ်ထုမှ ယုံကြည်မှု စွမ်းအားကို ခိုးယူပြီးကတည်းက ယုံကြည်မှုရုပ်ထု၏ ပြန်လည်ဖြည့်တင်းသော အမြန်နှုန်းမှာ မကျေနပ်ဖွယ် ဖြစ်နေခြင်းပင်။ ယခင်နေ့ရက်များအတွင် အသူရာ ခိုးယူသော ယုံကြည်မှုစွမ်းအားများမှာ ပထမအကြိမ်ထက် ၁၀% နည်းပါးပေသည်။
သိဒ္ဓိကျောင်းတော်တွင် ယုံကြည်သူ အတော်များများ ရှိသည်။ နတ်ဘုရားရုပ်ထုက စူပါစနစ်ရှိ ယုံကြည်မှုကျောက်တိုင်နှင့် ညီမျှပေသည်။ အကယ်၍ သူတို့က ဆုတောင်းခန်းမ၌ ဝတ်မပြုသည့်တိုင် ပုံမှန် ယုံကြည်မှုများကို အလင်းနတ်ဘုရားရုပ်ထုက အလိုလို စုပ်ယူမည် ဖြစ်သည်။ ၎င်းက တစ်လနှစ်လ အကြာ၌ ပြန်ပြည့်လောက်မည် ဖြစ်သည်။ ထိုအမြန်နှုန်းက အမှန်တကယ်၌ မနှေးလှပေ။ သို့သော်လည်း အချိန်အနည်းငယ်သာရှိသော ချန်လွေ့အတွက် ထိုကဲ့သို့ စောင့်နေ၍ မရနိုင်ပေ။
ကြည့်ရတာ ဂူဒန်မြို့ကနေပဲ ခိုးလို့ မရတော့ဘူးထင်တယ်။ ပစ်မှတ်ပြောင်းရမယ်။
ထိုအချိန်၌ သင်းအုပ်ဆရာ မာနာက ဥယျာဉ်မြို့တော်ကို ထွက်ခွာရန် အကြံပြုလာသည်။ ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာက ယန်ရှောင်မြို့တော်သို့ မရောက်လာသော်လည်း သူ၏ အချစ်တော် တူမလေး မစ်-အယ်လီဇာက လမ်းတစ်လျှောက် ဦးတည်ရာ ပြောင်းလဲသည်။ သူ၏ ပန်းတိုင်မှာ ယန်ရှောင်အင်ပါယာရှိ အကြီးမားဆုံး နတ်ဆိုးသားရဲ ကုန်သွယ်စျေးကွက်ရှိသော ဥယျာဉ်မြို့တော်သို့ ဖြစ်လေသည်။
ဥယျာဉ်မြို့တော်၏ ကျောင်းတော် ခေါင်းဆောင်မှာ မာနာ၏ဝမ်းကွဲ သင်းအုပ်ဆရာ ဆိုလန်တန် ဖြစ်ပြီး မာနာနှင့် ကျောင်းတော်ထဲ၌ အဖွဲ့အတူတူပင် ဖြစ်သည်။ ယခုတစ်ခေါက် ချန်လွေ့၏ အရန် အလင်း စစ်သည်တော် အလောင်းအလျာကို ဥယျာဉ်မြို့တော်က အကြံပြုပေးခြင်းပင်။
ချန်လွေ့က ငြင်းပယ်မည် မဟုတ်ပေ။ သူက လူစီအိုကိုပါ ခေါ်လာပြီး မာနာနှင့်အတူ ထွက်ခွာသည်။ သူက ဥယျာဉ်မြို့တော်သို့ လှည်းငှားသွားကြသည်။
ဥယျာဉ်မြို့တော်က ဂူဒန်မြို့မှ လှည်းဖြင့်သွားလျှင် ၅ရက်ကြာမည် ဖြစ်သည်။ ပုံမှန်အတိုင်း မာနာက ကြေးစားသမ္မဂမှ ကြေးစားများကို ငှားရမ်းခဲ့သည်။ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က ကျောင်းတော်ကို “ဆန့်ကျင်”ခဲ့သည့်အတွက် ယခုတစ်ခေါက် အသုံးမပြုခဲ့ပေ။ မာနက အခြား အင်အားကြီးကြေးစားအဖွဲ့ဖြစ်သော “သံမဏိဒိုင်း ကြေးစားအဖွဲ့”ကို ရွေးချယ်ခဲ့လေသည်။
တိုက်ဆိုင်စွာပင် ချန်လွေ့က သံမဏိဒိုင်း ကြေးစားအဖွဲ့ခေါင်းဆောင် အပေါ်၌ အမြင်တစ်ခု ရှိနေသည်။ ထိုသူက ချန်လွေ့အား လူစီအို၏ အလှည့်စားမခံရရန် သတိပေးခဲ့သော အမျိုးသမီး ကြေးစားတစ်ယောက် ဖြစ်သည်။ သူ၏နာမည်က အီနာဖြစ်ပြီး အသက်၂၈ဝန်းကျင်ဖြစ်သည်။ သူက အတော်လေး သေးသွယ်ကျစ်လှပြီး ရင့်ကျက်သော ညှို့ဓာတ် ရှိသည်။ သူ၏ စွမ်းအားက D အဆင့်ဖြစ်ပြီး အမြင့်ဆင့်နတ်ဆိုးနှင့် ညီမျှသည်။ သူက ခုခံရာ၌ ကျွမ်းကျင်သော ဒိုင်းကာ စစ်သည်တော်တစ်ယောက် ဖြစ်သည်။
ယခုတစ်ခေါက် လိုက်ပို့ဆောင်ရာ၌ သံမဏိဒိုင်း ကြေးစားအဖွဲ့သား ၄၀ကျော် ရှိသည်။ သူတို့အားလုံးက စီးစရာများ ရှိကြသည်။ ပို့ဆောင်ရေး အဖွဲ့က လှည်းကို ကာကွယ်ရန်အတွက် နှစ်တန်း ဖွဲ့စည်းထားကြသည်။
အီနာက မြေနဂါးကို စီးထားသည်။ ၎င်းက ကိုးယိုးကားယား နိုင်သောလည်း မနှေးလှပေ။ အီနာအပေါ် လူစီအို၏ အပြုအမူက အတော်လေး အရေးပေးလှသည်။ သူက အီနာနှင့်အတူ ဘေးချင်းကပ်လျက် ရင်း လမ်းတစ်လျှောက်၌ စကားပြောနေခဲ့သည်။ သို့သော်လည်း အီနာက ဂရုမစိုက်ဘဲ သူ့ကို စကားသိပ်မပြောပေ။
ညဘက်၌ လမ်းတစ်လျှောက်ရှိ သစ်တောထဲ၌ အားလုံး စခန်းချကြသည်။
“ရှင်က အရင်နဲ့ တကယ် မတူတော့ဘူးပဲ။” နောက်ဆုံး၌ အီနာက စကားစပြောသည်။ “လွန်ခဲ့တဲ့ ၁နှစ်တုန်းကနဲ့ယှဉ်ရင် ရှင်ရဲ့ ပြောင်းလဲမှုက တကယ့်ကို အထင်ကြီးစရာပဲ။ အဲဒါက ... အဲဒီလူကြောင့်လား။”
လူစီအိုက အီနာကြည့်နေသောဘက်သို့ ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ “ဟုတ်တယ်။ လွန်ခဲ့သော ၁နှစ်က မဟာအဆိပ်ဂူမှာ အဖွဲ့လိုက် သုတ်သင်ခံလိုက်ရာက ငါ့ဘဝကို ပြောင်းလဲသွားစေတဲ့ အချိန်တစ်ခုပဲ။ ပြီးတော့ ခေါင်းဆောင်နဲ့ တွေ့ရတာက ငါ့ဘဝကို အသစ်ပြန်စမယ့် အခွင့်အရေး ရသွားသလိုပဲ။”
အီနာက အနည်းငယ် ကွဲပြားသော အမူအရာ ပြသလိုကု်သည်။ သူက အဝေးမှ ချန်လွေ့ကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်းက သူ့ကို ခေါင်းဆောင်လို့ ခေါ်တာလား။” ဘေးဖက်မှ မုတ်ဆိတ်နှင့် ကြေးစားက အထင်သေးသော အမူအရာ ပြုလိုက်သည်။ “သူ့အသက်ကို ကြည့်မယ်ဆိုရင် သူ့အစွမ်းတွေ ဖုံးကွယ်ထားရင်တောင် အလွန်ဆုံး စစ်သည်တော်အဆင့်ပဲ ရှိဦးမယ်။ ဒါပေမဲ့ သင်းအုပ်ဆရာရဲ့ သူ့အပေါ် အပြုအမူတွေကို ကြည့်မယ်ဆိုရင် သူ့နောက်ခံက သာမန်တော့ မဟုတ်လောက်ဘူး။ လောင်ကျွမ်းလှံ လူစီအို။ မင်းက တကယ့် “အမြင်”ကောင်း ရှိတာပဲ။ မင်းက အင်အားကြီး သခင်လေး တစ်ယောက်ကို ခေါင်းဆောင်အနေနဲ့ ရှာတွေ့သွားပြီ။”
လူစီအိုက အီနာအရှေ့၌ အရှက်ခွဲခံရသည့်အတွက် ရှက်မိသွားသည်။ သူက ရုတ်တရက် ရပ်လိုက်ပြီး မုတ်ဆိတ်နှင့်လူကို စိုက်ကြည့်ကာ ချက်ချင်းပင် စိတ်ကို အေးအေးထားလိုက်သည်။ ထို့နောက် သူက ဘာမှမပြောဘဲ နောက်လှည့်ထွက်သွားလိုက်သည်။ သခင်က သူတော်စင် အဆင့်ပဲ။ နောက်လိုက်တစ်ယောက် အနေနဲ့ ဒီလို မသိနားမလည်တဲ့သူတွေကို ဂရိုစိုက်ဖို့ မလိုဘူး။
ထိုတုံ့ပြန်မှုက အီနာ၏အကြည့်ကို ပြောင်းလဲသွားစေပြီး အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ “ဆယ်လ်ဗာ။ ရှင်နဲ့ လူစီအိုက အချင်းချင်း မတည့်ကြတာ သိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ကို ဥယျာဉ်မြို့တော်ဆီ ပို့ဆောင်ဖို့ ငါတို့ကို ငှားထားတာ။ ဒီတာဝန်ကို ပြီးမြောက်အောင် ငါတို့ လုပ်ရမယ်။ ပြီးတော့....အဲဒီရစ်ချက်က မရိုးရှင်းဘူးလို့ ငါ အမြဲတမ်း ခံစားနေရတယ်။ ငါတို့ရဲ့ ညီအစ်ကိုတွေကို ထိန်းချုပ်ဖို့ ပေးထားလိုက်။ ငါတို့ရဲ့ လုပ်ရပ်တွေ၊ စကားတွေကို သတိထား။”
“နားလည်ပါပြီ။ ခေါင်းဆောင်။” မုတ်ဆိတ်နှင့်လူက ခေါင်းညိတ်သည်။ “တကယ်တော့ အဲဒီ အမှိုက်ကောင် လူစီအိုကို ကျုပ် လုံးဝ ဂရုမစိုက်ဘူး။ သူ့ကိုယ်သူ မသိဘဲနဲ့ ခေါင်းဆောင်ကို နှောင့်ယှက်နေတာကို ကြည့်မနေနိုင်လို့ပါ။ ပြီးတော့လည်း သူ အသိအမှန်ပြုထားတဲ့ ခေါင်းဆောင်က အင်အားကြီးတယ် ဆိုရင်တောင် ကျုပ်တို့ရဲ့ လက်ထောက်ခေါင်းဆောင်ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး။”
“ဒါပေါ့။” “လက်ထောက်ခေါင်းဆောင်”အကြောင်း ပြောလိုက်သည်နှင့် အီနာ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။ “သူ့တာဝန်က ပြီးသွားပြီလား မသိဘူး။ အဲဒီကောင်က တစ်ယောက်တည်း လှုပ်ရှားရတာပဲ ကြိုက်တာ။”
“စိတ်မပူပါနဲ့။” မုတ်ဆိတ်နှင့်လူက ခေါင်းခါလိုက်သည်။ “သူ့ရဲ့အစွမ်းနဲ့ဆိုရင် ဒါက ပြဿနာ မဟုတ်လောက်ဘူး။ ခေါင်းဆောင် စိုးရိမ်ဖို့ လိုအပ်တာက သူ့ကို တခြားမိန်းမတွေ လုယူသွားပြီလား ဆိုတာပါပဲ။”
“မဟုတ်တာတွေ။ နင် ဒီည ကင်းစောင့်ရမယ်။ တစ်ခုခု မှားသွားရင် ဂူဒန်မြို့ကို ပြန်တော့။” အီနာက လက်သီးကို ဝှေ့ရမ်းလိုက်ရာ မုတ်ဆိတ်နှင့်လူက ရယ်ပြီး ထွက်ပြေးသွားလိုက်သည်။
ချန်လွေ့က ထိုအသေးစိတ်များကို အာရုံမထားခဲ့ပေ။ တစ်ခုခု စားပြီးနောက် သူက တဲအိမ်ထဲပုန်းပြီး စတင် “လေ့ကျင့်”တော့သည်။ သင်းအုပ်ဆရာကလည်း ချန်လွေ့ကို မနှောင့်ယှက်ရန်အတွက် အားလုံးကို အမိန့်ပေးလိုက်သည်။
ထိုနေ့ရက်များ၌ ယုံကြည်မှုစွမ်းအားကို သုတေသန ပြုလုပ်နေရုံအပြင် စူပါစနစ်၏ လုပ်ဆောင်ချက် အသစ်များကိုလည်း ချန်လွေ့ စမ်းသပ်ကြည့်နေခဲ့သည်။
အစွမ်းအသစ်များအပြင် ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း၌ အသစ်စက်စက် အဆောက်အအုံတစ်ခုဖြစ်သော ကြယ်ညီလာခံစင်္ကြံ ရှိနေသည်။
၎င်းကို တည်ဆောက်ရန်အတွက် အရှိန်အဝါ တစ်သိန်းနှင့် ယုံကြည်မှုသလင်းကျောက် ၁၀၀ လိုအပ်သည်။ မူလက ချန်လွေ့က နတ်ဆိုးဘုံသို့ ပြန်ရန်အတွက် ယုံကြည်မှုသလင်းကျောက် ၁၀သိန်း စုဆောင်းရမည်ဖြစ်ကော နည်းနည်းချင်း စုဆောင်းရမည် ဖြစ်သည့်အတွက် အခြား နေရာများ၌ အသုံးပြုရန် တွန့်ဆုတ်နေခဲ့သည်။
ယခုတွင် အသူရာက ယုံကြည်မှုစွမ်းအား ခိုးယူရာ၌ အောင်မြင်သွားခဲ့ပြီး “ခိုးယူထားသော” ယုံကြည်မှုများကို အပြည့်အဝ မချေဖျက်နိုင်ခင်မှာပင် ယုံကြည်မှု သလင်းကျောက် ၃၀၀၀နီးပါးကို ပေါင်းထည့်ပြီးပြီဖြစ်သည်။ ချန်လွေ့က စိတ်ပိုင်းဖြတ်ပြီး ကြယ်ညီလာခံစင်္ကြံကို စတင် တည်ဆောက်တော့သည်။