← Chapters

ညပိုင်းအလစ်တိုက်ခံရခြင်း

Vol. 41 Ch. 637

ညပိုင်းအလစ်တိုက်ခံရခြင်း

Vol. 41 Ch. 637

ကြယ်ညီလာခံစင်္ကြံက ရှေ့တွင် မြင့်မားသော စင်္ကြံတစ်ခုရှိသည့် ကျယ်ပြောသော နေရာလွတ်တစ်ခု ဖြစ်သည်။ ၎င်းက ရက်ရောပြီး ရိုးစင်းသော ပလာဇာတစ်ခု၏ မိန်းခွန်းပြောစင်တာနှင့် အနည်းငယ် ဆင်တူပေသည်။

ချန်လွေ့က စိတ်ကို စေစားလိုက်ရာ စင်မြင့်ပေါ်သို့ ရောက်လာသည်။ ထို့နောက် အောက်ဘက်မှာ နေရာလွတ်သည် အဆုံးမဲ့သော ကြယ်ကောင်းကင်အဖြစ် ပြောင်းလဲသွားကြောင်း သူ ခံစားလိုက်ရသည်။ တစ်ချိတ်တည်းမှာပင် ကြယ်ညီလာခံစင်္ကြံက သူ၏စိတ်ထဲ၌ သက်ဆိုင်ရာ လုပ်ဆောင်ချက်များနှင့်အတူ ပေါ်ထွက်လာသည်။

ကြယ်ညီလာခံစင်္ကြံ၏ တာဝန်မှာ ကြယ်ရာထူးနေရာများကို သတ်မှတ်ပေးရန် ဖြစ်သည်။ ကြယ်ရာထူးဂုဏ်ပုဒ်များကို ရရှိသူများက အထူး ဂုဏ်သတ္တိများနှင့် လက္ခဏာများ ရရှိနိုင်သည်။ ကြယ်ရာထူးများ၏ ဂုဏ်သတ္တိစွမ်းအားနှင့် အချိုးအစားတို့က ဓူဝံကြယ်ဧကရာဇ်၏ ဓူဝံကြယ် အဆင့်နှင့် ဆက်နွှယ်နေပေသည်။ လက်ရှိတွင် ချန်လွေ့က ကြယ်ပြာအဆင့်ဖြင့် ပေးနိုင်သော ကြယ်ရာထူး သုံးခု ရှိသည်။ ၎င်းတို့မှာ ကြယ်ဗိုလ်ချုပ်၊ ကြယ်အစေခံနှင့် ကြယ်တပည့်တို့ ဖြစ်ကြ၏။

အားလုံးထဲတွင် ကြယ်ဗိုလ်ချူပ်အတွက် နေရာတစ်ခုသည်။ ကြယ်အစေခံအတွက် နေရာ နှစ်ခုရှိပြီး ကြယ်တပည့်အတွက် နေရာ သုံးခု ရှိလေသည်။

ကြယ်ဗိုလ်ချုပ် - ကြယ်တိုးမြှင့်မှု- စွမ်းအား S- ။ လုပ်ဆောင်ချက် [ စစ်တပ်ချိုးဖျက်ခြင်း ] ။ ထိခိုက်မှု တိုးစေပြီး ဖျက်ဆီးစွမ်းအားကို နှစ်ဆဖြစ်စေနိုင်။

ကြယ်အစေခံ - ကြယ်တိုးမြှင့်မှု - စိတ်ဝိညာဉ်စွမ်းအား A+ ။ လုပ်ဆောင်ချက် [ အာရုံစူးစိုက်ခြင်း ] ။ မှော်အသုံးပြုနှုန်း မြန်စေပြီး စိတ်ဝိညာဉ်စွမ်းအား ပြန်ပြည့်နှုန်း တိုးစေနိုင်။

ကြယ်တပည့် - ကြယ်တိုးမြှင့်မှု - အမြန်နှုန်း A ။ လုပ်ဆောင်ချက် [ အလင်းရွေ့ချက် ] ။ လှုပ်ရှားမှု အမြန်နှုန်းနှင့် တိုက်ခိုက်နှုန်းကို အရှိန်မြန်စေနိုင်။

ဆိုလိုသည်မှာ ကြယ်ဂုဏ်ပုဒ် ရရှိသောသူက ဂုဏ်သတ္တိတိုးမြှင့်မှုနှင့် လက္ခဏာများကို တစ်ခါတည်း ရရှိမည် ဖြစ်သည်။ ရရှိသူက စိတ်ဝိညာဉ်ကွင်းဆက် စာချုပ်ချုပ်ထားသူ သို့မဟုတ် ယုံကြည်မှုအဆင့် လုံလုံလောက်လောက် ရှိနေသူ ဖြစ်ရပေမည်။ ထို့ပြင် ဂုဏ်ပုဒ်အပ်နှင်းခံရမည့် သူက လိုအပ်ချက် မကိုက်ညီလျှင် ယုံကြည်မှုသလင်းကျောက် အပိုထပ်ပေးရမည်။

ဥပမာပြောရလျှင် ဇိုလာသည် ယခုတွင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်၏။ ‘ကြယ်အစေခံ’ဂုဏ်ပုဒ်ကို ရရှိပြီးနောက် သူ၏ မူလစိတ်ဝိညာဉ်စွမ်းအားတွင် A+ စိတ်ဝိညာဉ်စွမ်းအား ထပ်တိုးလာမည်ဖြစ်ပြီး S+ ကို အပို A+ ထပ်ပေါင်းမည် ဖြစ်သည်။ စွမ်းအား အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ အဆင့်တက်ရန် ခက်ခဲနေသော ဇိုလာအတွက် ထို စိတ်ဝိညာဉ်စွမ်းအားက အဆင့်တူ ရန်သူများကို အနိုင်ယူရန် သော့ချက် ဖြစ်လာနိုင်သည်။ [ အာရုံစူးစိုက်ခြင်း ] ၏ အထူးသက်ရောက်မှုများက မှော်ပညာရှင်များအတွက် အကောင်းဆုံးပင် ဖြစ်လေသည်။

သို့သော်လည်း ထိုကြယ်အစေခံ ဂုဏ်ပုဒ်ကို မှင်စာ စလီထံ ပေးလိုက်လျှင် အနိမ့်ဆုံး နတ်ဆိုးဖြစ်သော စလီ၏စိတ်ဝိညာဉ်စွမ်းအားက A+ သို့ တစ်ခါတည်း တက်သွားမည် ဖြစ်သည်။ သို့သော်လည်း စလီ၏ မူရင်းစွမ်းအားကြောင့် ဂုဏ်ပုဒ် အပ်နှင်းခြင်း ပြီးမြောက်ရန်အတွက် ချန်လွေ့က ယုံကြည်မှုသလင်းကျောက် အများအပြား ပေးရပေမည်။

ချန်လွေ့ကို အနည်းငယ် ပြောစရာမဲ့သွားစေသည်မှာ ထိုကြယ်ရာထူးသုံးနေရာတွင် နေရာ ကန့်သတ်ချက်နှင့် လိုအပ်ချက်များသာမက ယုံကြည်မှု သလင်းကျောက်များကို အသက်သွင်းရန် ပိုက်ဆံ အများအပြား လိုအပ်နေခြင်းပင်။ ပိုက်ဆံက နေရာတိုင်း၌ လိုအပ်နေပေသည်။

ယုံကြည်မှုသလင်းကျော် တစ်သောင်းခန့် ရှိနေသေးပြီး အသူရာ၌ ယုံကြည်မှုစွမ်းအား ခိုးယူသော စွမ်းရည် ရှိနေသော်လည်း အရေအတွက်က ၁၀သိန်းနှင့် ဝေးလွန်းနေသေးသည်။ ဒါက အစ်ဇဘယ်လာရဲ့ သေရေး ရှင်ရေးပဲ။ ငါ့မှာ လုံးဝ ယုံကြည်ချက်မရှိခင် အများကြီး သုံးလို့ မရဘူး။

ကြယ်ညီလာခံစင်္ကြံအပြင် လဲလှယ်ဌာန၌ ပစ္စည်းကောင်းများ ပေါ်ထွက်လာသည်။ တိုက်ဆိုင်စွာပင် ၎င်းတို့မှာ အရှိန်အဝါ လိုအပ်ရုံသာမက ယုံကြည်မှုသလင်းကျောက်လည်း လိုအပ်နေခြင်းပင်။ ထို့ကြောင့် ပိုက်ဆံမသုံးသော ကစားသမား တစ်ယောက်အနေဖြင့် ချန်လွေ့က “အခမဲ့”ဂိမ်း စူပါစနစ်၏ ဓူဝံကြယ်ဧကရဇ်ထဲ၌ အချီကြီးကုန်နိုင်သော အလိမ်အညာ လုပ်ဆောင်ချက်များကို ကြည့်ရုံသာ ကြည့်နိုင်တော့လေသည်။

သူက မကျေမနပ် ဖြစ်နေစဉ် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို အာရုံခံလိုက်မိသည်။ အနားယူရန်အတွက် မျက်လုံးမှိတ်ထားနေသော ချန်လွေ့က ချက်ချင်းပင် စူပါစနစ်မှထွက်ကာ မျက်လုံးဖွင့်လိုက်ဿည်။

အဝေးမှ သစ်ရွက်တိုးသံများ ချဉ်းကပ်လာသည်။ ထို့နောက် ချက်ချင်းမှာပင် အပြင်ဘက်မှ အော်သံများ ရောနေသော မြင်းသံများ ထွက်ပေါ်လာ၏၊

“ရန်သူ...ရန်သူ...”

“မြွေတွေ..”

“မြွေပွေးတွေ။ အများကြီးပဲ။ ငါတို့ ဝိုင်းခံလိုက်ရပြီ။”

“သတိထားကြ...”

ညနက်နေပြီ ဖြစ်သည့်အတွက် သံမဏိဒိုင်း ကြေးစားအဖွဲ့များ သတိလက်လွတ် ဖြစ်သွားကြသော်လည်း အီနာ၏ အမိန့်အောက်တွင် ခံစစ်အနေအထား အမြန် ဖွဲ့စည်းလိုက်၏။

ကြေးစားများက စက်ဝိုင်းပုံစံ ခံစစ် အခင်းအကျင်း ပြုလုပ်လိုက်ပြီး ကြောက်ရွံ့နေသော ဝတုတ် သင်းအုပ်ဆရာနှင့် အခြားသူများကို ဗဟိုပြုကာ ကာကွယ်ပေးနေသည်။ စက်ဝိုင်းအပြင်မှ အလွန်များပြားလှသော မြေများ ပေါ်ထွက်လာသည်။ ထိုမြွေများက မြန်လှပြီး တိုက်ခိုက်ရေး စွမ်းအားမြင့်ကာ အများစုမှာ အဆိပ်ပြင်းလှသည်။ ကြေးစားများ အ‌တော်လေး တိုက်ခိုက် ရုန်းကန်ပြီးသွားပြီးမှသာ ခုခံမှုကို ထိန်းသိမ်းနိုင်ရုံသာ ရှိသည်။ အဆိပ်မိသွားသော သူများကို အတွင်းထဲသို့ ခေါ်လာပြီး ကုသပေးရသည်။

အီနာ၏လက်နက်က ဧရာမဒိုင်းကာတစ်ခု ဖြစ်သည်။ သူက ရှေ့တန်း၌ ရပ်နေ၏။ အဖွဲ့ထဲရှိ မှော်ပညာရှင် သုံးယောက်က အဓိကနေရာ၌ ပါဝင်ကြသည်။ သူတို့က [ မီးတံတိုင်း ] စက်ဝိုင်းတစ်ခု ပစ်လွှတ်လိုက်ပြီး မြွေပွေးများ၏ ကျူးကျော်မှုကို ထိထိရောက်ရောက် တားဆီးလိုက်သည်။ သို့သော်လည်း မြွေပွေးများက အားတစ်ခုခုဖြင့် ထိန်းချုပ်ခံထားရဟန် တူသည်။ မီးထဲ၌ အများအပြား လောင်ကျွမ်းနေသော်လည်း တစ်ကောင်ပြီးတစ်ယောက် ရှေ့တက်လာနေဆဲ ဖြစ်သည်။

မီးရောင်အောက်၌ မြွေပွေးများ၏ ကြောက်မက်ဖွယ်ရာ အသွင်အပြင်များကို မြင်သည့်အခါ ဝတုတ် သင်းအုပ်ဆရာက ထိတ်လန့်တုန်လှုပ်နေပြီး အဝတ်အစားများက ချွေးများကြောင့် စိုရွှဲကုန်သည်။ သူက ပုံမှန်အားဖြင့် ခရီးရည် ထွက်လေ့ရှိသည်။ အလွန်ဆုံး သူက မသိနားမလည်သော သူခိုးများနှင့်သာ တွေ့ရတတ်သည်။ ကြေးစားအဖွဲ့၏ အကာအကွယ်နှင့် ကျောင်းတော်၏ ဂုဏ်သတင်းတို့ကြောင့် သူက ပြဿနာ ကြီးကြီးမားမား မကြုံတွေ့ခဲ့ရပေ။ သို့သော်လည်း ယနေ့ ဂူဒန်မြို့မှ ထွက်လာပြီးနောက် သူက ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ အလစ်တိုက်ခိုက်မှုကို ခံနေရလေသည်။

မြွေပွေးများက တစ်ကောင်ပြီးတစ်ကောင် ရောက်လာရင်း တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာသည်။ မှော်ပညာရှင်သုံးယောက်က သိပ်ပြီး အားမကောင်းလှပေ။ နှစ်ယောက်က စစ်သည်တော်အဆင့် ကနဦးပိုင်းသာ ရှိကြပြီး အခြားတစ်ယောက်က စစ်သည်တော်အဆင့် အလတ်ပိုင်း ဖြစ်သည်။ မှော်ပညာ အဆက်မပြတ် သုံးပြီးနောက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားက လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

[ မီးတံတိုင်း ] စွမ်းအား တဖြည်းဖြည်း အားနည်းလာသည်နှင့် မြွေပွေးများက ပိုပိုပြီး မီးတောက်များကို ကျော်ဖြတ်လာကြသည်။ ကြေးစားများက ပြိုလဲလုမတတ် ဖြစ်နေကြလေပြီ။

“တောင့်ထားကြ။” အီနာ၏အသံ ပေါ်ထွက်လာသည်။ သူက ဧရာမဒိုင်းကို လက်နှစ်ဖက်ဖြင့် မလိုက်ပြီးနောက် မြေပေါ် ထောင်းချလိုက်သည်။ စက်ဝိုင်းပုံစံ စွမ်းအားတစ်ခု ရှေ့သို့ တက်သွားပြီး ချဉ်းကပ်လာသော မြွေပွေးများက ပြင်းထန်သော အားတစ်ခုကြောင့် တုန်လှုပ်သွားကြသည်။ ဧရာမ သန္ဓေပြောင်းမြွေတစ်ကောင်က နောက်ဘက်သို့ တွန့်သွားပြီး ရှေ့သို့ ပိုမိုအရှိန်မြန်စွာ ရွေ့လျားလာသည်။ ကြောက်မက်ဖွယ်ရာ မြွေခေါင်းက ဒိုင်းပေါ်၌ ပေါ်ထွက်လာပြီး အီနာထံ အမြန်ရောက်လာ၏။

မီးတောက်အလင်းရောင်အောက်၌ အကျယ်ကြီး ဟလိုက်သော ပါးစပ်ထဲ၌ ချွန်ထက်သော အစွယ်နှစ်စုံကို သေသေချာချာ မြင်နိုင်ပေသည်။

အီနာက တုန်ခါလှိုင်းတစ်ခု ပြုလုပ်ပြီးပြီဖြစ်၍ စွမ်းအား ပြန်မပြည့်သေးပေ။ သူက ဧရာမ မြွေကြောင့် အကိုက်ခံရတော့မည့်အချိန်၌ လှံရှည်တစ်လက်က အရေးကြီးသော အခိုက်အတန့်၌ မြွေခေါင်းကို ဖောက်ထွင်းသွားလေသည်။ လှံထိပ်၌ ကြက်သွေးရောင် မီးတောက်တစ်ခု တောက်လောင်နေကာ ရုန်းကန်နေသောမြွေကို မီးသွေးတုံး ဖြစ်သွားစေသည်။

အီနာက လှံကိုင်ထားသော လူစီအိုကို အံ့အားသင့်စွာဖြင့် ကြည့်ပြီး ခေါင်းညိတ်ပြသည်။ လူစီအိုလည်း အနည်းငယ် အံ့အားသင့်သွား၏။ သခင်ပေးထားတဲ့ လှံပုံစံက သိပ်ပြီးတော့ မထူးခြားဘူး။ ဒါပေမဲ့ ငါထင်ထားတာထက် အများကြီး ပိုစွမ်းတယ်။ မီးတောက် တိုးမြှင့်မှု စွမ်းအားလည်း ရှိတယ်။ ဒါက ငါ့ရဲ့ [ မီးတောက်ထိုးချက် ] အတွက် သေချာလုပ်ထားသလိုပဲ။ ဧကန္တ...အဲဒီလက်အိတ်တွေလိုမျိုး ဒါလည်းပဲ....

လူစီအိုက တစ်ခါတည်း သုံးချက် ထိုးသွင်းပြီး ချဉ်းကပ်လာသော မြွေပွေး၃ကောင်ကို ထိုးဖောက်လိုက်သည်။ သင်းအုပ်ဆရာ မာနာဘေးနားရှိ လေကျားသစ်က အလွန်အမင်း သတိထားသော အမူအရာ ပြသနေသည်။ ၎င်း၏စွမ်းအားက မည်သည့် မြွေပွေးမဆိုထက် သာလွန်သော်လည်း မြွေအများကြီးထဲ ပြေးဝင်သွားလျှင် သေချာပေါက် သေပေလိမ့်မည်။

ကြောက်လန့်နေသော ဝတုတ်က နောက်ဆုံး၌ မနေနိုင်တော့ဘဲ‌ အော်ပြောလိုက်သည်။ “ငါတို့ မတောင့်ခံနိုင်တော့ဘူး။ ငါနဲ့ ရစ်ချက်ကို ကာကွယ်ပြီးတော့ ဒီကနေ ထွက်သွားကြ။ မြန်မြန်လုပ်။”

ထိုအချိန်၌ မြွေပွေးများ၏ တိုက်ခိုက်မှု ရုတ်တရက် ရပ်တန့်သွားပြီးနောက် ကြောက်လန့်စွာဖြင့် နောက်ဆုတ်လိုက်ကြသည်။ ခဏအကြာ သူတို့က ညအမှောင်ထဲ၌ ပျောက်ကွယ်ထားကြလေသည်။

မြွေပွေးများ ဆုတ်ခွာသွားကြောင်း အတည်ပြုပြီးနောက် ကြေးစားများက ပင့်သက် ရှိုက်လိုက်ကြပြီး အသေအကြေများ တွက်ချက်ကို ဒဏ်ရာရနေသူများကို ကုသပေးကြသည်။ မြွေပွေးများ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အပြင်ဘက်၌ ကင်းလှည့်နေကြသော ကြေးစား နှစ်ယောက် သုံးယောက်က သေဆုံးသွားခဲ့ကြသည်။ မုတ်ဆိတ်နှင့် ဆယ်လ်ဗာက အခြားသူများထက် သာလွန်၍ အသက်ချမ်းသာရာ ရခဲ့သော်လည်း သူက အဆိပ်မိနေကာ သေလုနီးပါ ဖြစ်နေလေပြီ။ ကျန်ရှိသော ကြေးစားများကလည်း ဒဏ်ရာရရှိပြီး အဆိပ်မိ နေကြသည်။ စီးစရာ ၄ကောင် သေဆုံးသွားပြီး တစ်ဝက်ခန့်က ထွက်ပြေးသွားပြီ ဖြစ်သည်။

မာနာက ယခုတစ်ခေါက် ခရီးတွင် အလင်းဒြပ်စင်မှော်ညာ အသုံးပြုသူ နှစ်ယောက်ကို ခေါ်လာခဲ့သည်။ သူတို့က ကြေးစားများအား စတင် ကုသပေးကြသည်။ အလင်းဒြပ်စင်၏ [ ကုသမှု ] နှင့် [ ပယ်ဖျက်ခြင်း ] တို့ ရေဒြပ်စင်၏ [ ကုသခြင်း ] နှင့် [ အဆိပ်ဖြေခြင်း ] တို့ထက် မနိမ့်ကျပေ။ [ ပယ်ဖျက်ခြင်း ] ကို သာမန် အားလျော့မှုများကို ဖယ်ရှားရာ၌ အသုံးပြုနိုင်သည်။ ဘုန်းတော်ကြီးနှစ်ယောက်၏ အကူအညီနှင့်အတူ ဒဏ်ရာအပြင်းအထန် ရထားကြသော ကြေးစားများကို ယာယီ ထိန်းချုပ်လိုက်နိုင်သည်။ ဒဏ်ရာ အနည်းငယ်သာ ရရှိထားကြသော ကြေးစားများက ဆေးဝါးနှင့် ဆေးရည်များသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကုသလိုက်ကြသည်။

“ဒါက မတော်တဆ မဖြစ်နိုင်ဘူး။ သေချာစီစဉ်ထားတဲ့ အလစ်တိုက်ခံရမှုပဲ။ အဲဒီ မြွေပွေးတွေကို တစ်ယောက်ယောက် ထိန်းချုပ်ထားတာ ဖြစ်ရမယ်။” အဖွဲ့ဝင်များကို ပတ်တီး စည်းပေးရန် ထိုင်ချလိုက်သော အီနာက မြေကြီးကို ဒေါသတကြီးနှင့် လက်သီးဖြင့် ထိုးလိုက်သည်။ ၎င်းက သာမန် ပို့ဆောင်သော တာဝန်တစ်ခု ဟူ၍သာ သူ ထင်မှတ်ထားခဲ့ပြီး ယခုကဲ့သို့ အလစ်တိုက်ခိုက်ခံရမည်ဟု မထင်ထားခဲ့ပေ။ သူက ပထမဆုံး ထွက်ခွာသော နေ့ရက်များပင် အဖော်၂ယောက် ဆုံးရှုံးခဲ့ရပြီး အတော်လေး ကြီးကြီးမားမား ဆုံးရှုံးခဲ့ရ၏။

“ဒါက ကျွန်မတို့ သံမဏိဒိုင်း ကြေးစားအဖွဲ့ရဲ့ ရန်သူလား။ ဒါမှမဟုတ် ဆာ-သင်းအုပ်ဆရာရဲ့ ရန်သူလား။”

“သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့များလား။ သူတို့က ဒီတစ်ခေါက် သံမဏိဗုံးပျား တာဝန်ကြောင့် အရှက်ခွဲခံရပြီးတော့ ဆာ-သင်းအုပ်ဆရာကိုတောင် အာခံမိခဲ့တယ်။”

“ဒါနဲ့ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့မှာ ချယ်စီလို့ နာမည်ရှိတဲ့ သားရဲထိန်းကျောင်းသူ တစ်ယောက် ရှိတယ် မဟုတ်လား။ သူပဲ ဖြစ်ရမယ်။” ဝတုတ်က တွေးလေတွေးလေ ပို၍ ဖြစ်နိုင်နေကြောင်း ခံစားလိုက်မိသည်။ သူက ဒေါသူပုန် ထသွားတော့သည်။ “သိဒ္ဓိငှက်တောင် ကြေးစားတွေက အတော် အတင့်ရဲတာပဲ။ ဘုန်းတော်ကြီးတွေကိုတောင် တိုက်ခိုက်ရဲတယ်။ ငါ အလင်း စစ်သည်တော်တွေကို လွှတ်ပေးဖို့အတွက် ကျောင်းတော်ကို သတင်းပို့ရမယ်။ ပြီးရင် သူတို့အားလုံးကို နှိပ်စက်ခန်းထဲ ပို့ပစ်မယ်။”

“တိုက်ခိုက်တဲ့သူက မြွေပွေးတွေ အများကြီးကို ထိန်းချုပ်နိုင်တယ်ဆိုတော့ အနည်းဆုံး အဆင့်မြင့်ရမယ်။ ချယ်စီမှာ ဒီလိုမျိုး အရည်အချင်း မရှိဘူး....” ကြေးစားခေါင်းဆောင် ဖြစ်သည့်အလျောက် အီနာက ဒေါသကြောင့် စိတ်လွတ်သွား၍ မရပေ။ “တခြား တစ်ယောက် ဖြစ်ဖို့များတယ်။”

“သားရဲထိန်းကျောင်းသူ”ဟူသော စကားလုံးက ဝတုတ်ကို သတိဝင်သွားစေသည်။ သူက ရုတ်တရက် အရေးအကြီးဆုံး လုပ်ဖော်ကိုင်ဖက်ကို သတိရလိုက်ပြီး လူစီအိုအား အလျင်အမြန် မေးလိုက်သည်။ “ရစ်ချက် ဘယ်မှာလဲ။”

လူစီအိုက ခေါင်းခါပြီး မသိကြောင်း ပြောသည်။ ဝတုတ်က ပတ်ပတ်လည် လျှောက်ကြည့်သော်လည်း ချန်လွေ့ မရှိတော့သည်ကို မြင်လိုက်ရသည်။ သူ၏နှလုံးသား တင်းကြပ်သွားပြီး ရုတ်တရက် ချွေးပြန်လာပြန်သည်။ ထို့နောက် သူ‌ အော်ခေါ်လိုက်သည်။ “ရစ်ချက်။ မင်း ဘယ်မှာလဲ။”

“ဒီမှာ....”

အနက်ရောင်ပုံရိပ်တစ်ခုက သစ်တောထဲမှ ပျံထွက်လာပြီးနောက် မြေပြင်ပေါ် ပြုတ်ကျကာ လုံးဝ မလှုပ်ရှားတော့ပေ။

ဝတုတ်က သိမ့်သိမ့်တုန်သွား၏။ ထိုသူ၏ဘေး၌ အခြားတစ်ယောက် ရှိနေပြီဖြစ်ကာ ထိုသူက ချန်လွေ့ ဖြစ်နေသည်။

ချန်လွေ့က မြေပေါ်မှလူကို ကြည့်ပြီး အီနာကို ပြောလိုက်သည်။ “သူက မြွေပွေးတွေကို ထိန်းချုပ်တဲ့သူပဲ။ မင်းတို့မှာ စစ်ဆေးဖို့ နည်းလမ်းတွေ ရှိလောက်မယ် ထင်ပါတယ်။”

အီနာ အံ့အာသင့်သွားခဲ့သည်။ “ခုနက မြွေပွေးတွေကို နောက်ဆုတ်အောင် လုပ်လိုက်တာ ရှင်ကိုး....”

ချန်လွေ့က အများကြီးမပြောဘဲ ခေါင်းညိတ်လိုက်သည်။ သူက လူစီအိုအား ပုလင်းနှစ်လုံး ပစ်ပေးသည်။ “တစ်လုံးက အထူးအဆိပ်ဖြေ ဆေးရည်ပဲ။ နောက်တစ်ခုက အထူး ကုသဆေးရည်။ သူတို့ရဲ့ ဒဏ်ရာတွေကို ကုပေးလိုက်။”

ဝတုတ်က နဖူးက‌ ချွေးများကို သုတ်လိုက်သည်။ “ရစ်ချက်။ ခုနက ငါမင်းကို စိတ်ပူနေတာ။ ဒီတစ်ခေါက် မထင်ထားခဲ့ဘူး။ မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ...”

“စိတ်မပူပါနဲ့။ မိတ်ဆွေ။” ချန်လွေ့က ပြုံးပြီး ဝတုတ်ကို နှစ်သိမ့်ပေးလိုက်သည်။ “ဒီညတော့ နောက်ထပ်ရန်သူတွေ အလစ်တိုက်ခိုက်ဖို့ မရှိလောက်တော့ဘူး။”

သူတို့နှစ်ယောက် စကားပြောနေစဉ် အီနာ၏ အံ့အားသင့်သောအသံ ထွက်လာသည်။ “အဲဒီလူ...သေသွားပြီ။”

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဝတုတ်က ဒေါသတကြီးနှင့် ပြောသည်။ “မင်းတို့ ကြေးစားတွေ ဘယ်လို အလုပ်လုပ်ကြတာလဲ။ မြွေပွေးတွေ တိုက်ခိုက်တုန်းက မင်းတို့တွေ ခံစစ်နောက်မှာပဲ ပုန်းနေကြတယ်။ အကာကွယ်ခံရတဲ့ အလုပ်ရှင်ကတောင် ရန်သူကို ဖမ်းပေးရတယ်။ အခု ငါ့မိတ်ဆွေက မင်းတို့အတွက် စစ်မေးဖို့ အကျဉ်းသား ဖမ်းလာပေးခဲ့တာကို မင်းတို့က ခဏလေးနဲ့ သတ်လိုက်တာလား။”

ထိုစကားကြောင့် သံမဏိဒိုင်း ကြေးစားအဖွဲ့က ဒေါသထွက်နေသော အမူအရာများ ပြသလိုက်ကြသည်။ သို‌သော်လည်း ဝတုတ်ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သူတို့က ဘာမှ မပြောနိုင်ကြပေ။

အီနာက ပြန်မငြင်းဘဲ ပြောလိုက်သည်။ “အဲဒီလူက ဓားမြှောင်ညီအစ်ကိုအဖွဲ့ကပဲ။”

“ဓားမြှောင်ညီအစ်ကို”ဟူသောနာမည်က ဝတုတ်၏မျက်နှာမှ အဆီများကို တုန်လှုပ် သွားစေသည်။ သူ၏စိတ်လှုပ်ရှားမှုများက ရေအေးဖြင့် အပက်ခံလိုက်ရသလို ဖြစ်သွားပြီး ရုတ်တရက် စကားမပြောနိုင်တော့ပေ။

All Chapters