[ မိုးသောက်ကွယ်ပျောက် ]
Vol. 41 Ch. 638
“မင်းပြောတာက...ငါတို့ကို ဓားမြှောင်ညီနောင်အဖွဲ့က ပစ်မှတ်ထားနေတာလား။” ဝတုတ်က တံတွေးမျိုချလိုက်၏။ “တကယ်ကြီး ပြောနေတာလား။”
လူစီအို ဒူးထောက်လိုက်ပြီး အလောင်း၏ အင်္ကျီလက်ကို ဆုတ်ဖြဲလိုက်သည်။ ထိုသူ၏ ပုခုံးပေါ်၌ ဓားမြှောင်နှစ်လက်ပုံစံ မင်ကြောင်တစ်ခု ရှိနေပြီး တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ ခဏအကြာ အလောင်းက ထူးဆန်းသော စွမ်းအားတစ်ခုကြောင် လောင်ကျွမ်းကာ ပြာကျ သွားတော့သည်။ အရိုးပင် မကျန်ပေ။
“ဟုတ်တယ်။ သူက ဓားမြှောင်ညီအစ်ကို အဖွဲ့ကပဲ။” လူစီအို၏ အမူအရာက အနည်းငယ် လေးနက်နေပြီး ချန်လွေ့ကို ခြေဟန်လက်ဟန် ပြလိုက်သည်။
ဓားမြှောင်ညီအစ်ကိုအဖွဲ့က အင်ပါယာများထဲ၌ အင်အား ဖြန့်ကျက်ထားသော နာမည်ကျော် လုပ်ကြံရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ပိုက်ဆံပေးနိုင်သည်နှင့် အင်ပါယာ၏ ဘုရင်သည်ပင် သူတို့၏ပစ်မှတ် ဖြစ်နိုင်လေသည်။
ဓားမြှောင်ညီနောက်အဖွဲ့မှ လူသတ်သမားများမှာ ထူးချွန်ရုံသာမက ရက်စက်ကြသည်။ သူတို့ ဖမ်းဆီးခံရသည်နှင့် အလိုအလျောက် လောင်ကျွမ်းသော အလောင်းကဲ့သို့ပင် မည်သည့် အကြွင်းအကျန်ကိုမျှ မချန်ထားကြပေ။ တာဝန် ကျရှုံးသွားသည်နှင့် သူတို့က နောက်ထပ် လူသတ်သမ်ားကို စေလွှတ်ပြီး ပိုမိုပြင်းပြင်းထန်ထန် လက်စားချေခိုင်းသည်။ သို့ရာတွင် သူက တစ်ခါတည်း သုံးကြိမ် ကျရှုံးသွားလျှင် တာဝန်က ထင်ထားသည့်စရိတ်ထက် ပိုမိုလွန်ကဲနေပြီဖြစ်သည်။ ထို့နောက် သူတို့က လက်လျှော့ပြီး ပစ်မှတ်ကို မလုပ်ကြံတော့ပေ။
၎င်းမှာ လူသားတို့၏ ဒုစရိုက်အင်အားစုများက ချမှတ်ထားသော ဓလေ့တစ်ခု ဖြစ်သည်။ ထိုဇစ်မြစ်၏ အချိန်ကာလကို မသိကြသော်လည်း လက်ရှိ အကြီးမားဆုံးသော လုပ်ကြံသော အဖွဲ့အစည်းဖြစ်သည့် “ပါးနီသမ္မဂ”ကပင် ထိုဓလေ့ကို သေသေချာချာ လိုက်နာ၏။ ဓားမြှောင် ညီနောက်အဖွဲ့ကိုမူ ပြောစရာပင် မလိုချေ။
ရန်သူက ဓားမြှောင်ညီနောင်အဖွဲ့မှဖြစ်ပြီး သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့မှ မဟုတ်ကြောင်း အတည်ပြုပြီးနောက် ဝတုတ်က ချက်ချင်း ကြောက်ရွံ့သွားသည်။ “ဘယ်သူက ငါတို့ကို ဖြေရှင်းဖို့အတွက် ပိုက်ဆံတွေ အများကြီး ပေးခဲ့တာလဲ။ မဖြစ်ဘူး။ ငါတို့ ဂူဒန်မြို့ကို ချက်ချင်းပြန်ရမယ်...”
ဝတုတ်က စကားကို ပြီးအောင် မပြောနိုင်ခင်မှာပင် ရုတ်တရက် သတိရမိသွားသည်။ တစ်ဖက်က ဓားမြှောင်ညီနောင်အဖွဲ့ ဖြစ်သည့်အတွက် သူပြန်သွားသည့်တိုင် လူသတ်သမား လက်ထဲ၌ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဥယျာဉ်မြို့ရှိ ကျောင်းတော်အဆင့်က ဂူဒန်မြို့ထက် သာလွန်ပြီဂ အလင်းစစ်သည်တော်များလည်း ရှိကြသည်။ ထိုနေရာ၌ အသက်ရှင်နိုင်ချေ ရှိသည်။ သူက ရုတ်တရက် စကားပြောင်းလိုက်သည်။ “ခေါင်းဆောင် အီနာ။ မင်း ငါတို့ကို ဥယျာဉ်မြို့ဆီရောက်အောင် ကာကွယ်ပေးရမယ်။ ငါ ဆုလာဒ် နှစ်ဆ...မဟုတ်ဘူး...၁၀ဆ ပေးမယ်။ သေသွားတဲ့ ညီအစ်ကိုနှစ်ယောက်အတွက်အပြင် မင်းတို့ ဆုံးရှုံးခဲ့ရတာတွေ အတွက်လည်း ငါ တာဝန်ယူပေးမယ်။”
စည်းမျဉ်းများအရဆိုလျှင် အလုပ်အပ်သူက တာဝန်အတွင်း ကြေးစားအဖွဲ့၏ ဆုံးရှုံးမှုများကို ပေးချေရန် မလိုအပ်ပေ။ အလုပ်အပ်ရန်အတွက်သာ ပေးရသည်။ ဝတုတ်က ပိုက်ဆံကြိုက်သော်လည်း မတုံးအပေ။ အသက်မရှိတော့သည်နှင့် မည်သည့်ပိုက်ဆံကိုမျှ အသုံးပြု၍ ရတော့မည် မဟုတ်ပေ။
ကြေးစားများက လမ်းတစ်ဝက်၌ တာဝန်ကို စွန့်ပယ်သွားလျှင် ကြေးစားခ မရသည့်အပြင် စာချုပ်ချိုးဖောက်ခကိုလည်း ပေးရပြီး ဂုဏ်သတင်းလည်း ကြီးကြီးမားမား ထိခိုက်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ အီနာသာ တာဝန်ကို စွန့်ပယ်ခဲ့လျှင် သံမဏိဒိုင်း ကြေးစားအဖွဲ့က ပိုက်ဆံနှင့် သိက္ခာ ဆုံးရှုံးပြီး ဝတုတ်နှင့် အခြားသူများက အသက်ဆုံးရှုံးရပေသည်။ ဝတုတ်က ဂူဒန်မြို့ ကျောင်းတော်၌ ခေါင်းဆောင် ဖြစ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။ သူက “ဆုလာဒ်ရှိရင် သတ္တိရှိတဲ့လူ ရှိတယ်”ဟူသော မူဝါဒကို သိသည်။ ထို့ကြောင့် သူက ချက်ချင်းပင် နာကျင်မှုကို တောင့်ခံရင်း ပိုက်ဆံတိုးပေးကာ ဆုံးရှုံးမှုကို တာဝန်ယူပေးမည်အကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။
အီနာက ခဏ စဉ်းစားလိုက်သည်။ ထို့နောက် ကြေးစားများကိုကြည့်ကာ ပြောသည်။ “စိတ်ချပါ။ ဆာ-သင်းအုပ်ဆရာ။ ကျွန်မတို့ သံမဏိဒိုင်းကြေးစားအဖွဲ့က ယုံကြည်မှုကို အလေးထားဆုံးပါ။ အခု ကျွန်မတို့က တာဝန်ကို လက်ခံပြီးပြီဆိုတော့ သေချာပေါက် ပြီးမြောက်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။”
“သိပ်ကောင်းတယ်။ မင်းတို့က သံမဏိဒိုင်း ဆိုတဲ့နာမည်နဲ့ ထိုက်တန်တယ်။” ဝတုတ်လည်း စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်သည်။ “ငါ ကတိပေးတယ်။ ဥယျာဉ်မြို့ကို ရောက်တာနဲ့ အခကြေးငွေနဲ့ လျော်ကြေးကို ၁၀ဆ ချက်ချင်း ပေးမှာပါ။”
အီနာ ခေါင်းညိတ်ပြီး ခံစစ်အတွက် စတင် ပြင်ဆင်ကာ ဒဏ်ရာရရသူများကို အနားယူရန်နှင့် ပျောက်ဆုံးသွားသော စီးစရာများကို ရှာဖွေရန် အမိန့်ပေးသည်။
ချန်လွေ့နား ဖြတ်သွားရင်း အမျိုးသမီးခေါင်းဆောင်က သူ့ကို လေးလေးနက်နက် ကြည့်ကာ ပြောသည်။ “ပုံမှန်အားဖြင့်တော့ ဓားမြှောင်ညီအစ်ကိုအဖွဲ့ရဲ့ လုပ်ကြံသူကို အရှင်ဖမ်းဖို့ မဖြစ်နိုင်ဘူး။ သူ့ကို ရှင် ဘယ်လို ဖမ်းခဲ့လဲတော့ မသိဘူး။ ဒါပေမဲ့ လုပ်ကြံသူရဲ့ ပစ်မှတ်က ဘယ်သူပဲဖြစ်ဖြစ်၊ နောက်လာမယ့်ခရီးလမ်းမှာ ရှင်က ဓားမြှောင်ညီအစ်ကိုအဖွဲ့ရဲ့ အဓိက ပစ်မှတ် ဖြစ်လာလိမ့်မယ်။”
“အိုး။ ငါ ခုနက အပြင်းအထန် တိုက်ခိုက်ခဲ့ရတယ်။ ခဏလောက် အနားယူလိုက်ဦးမယ်။” ချန်လွေ့က လက်ရှိ အခြေအနေကို မနားလည်သကဲ့သို့ပင် ပုခုံးတွန့်လိုက်သည်။ သူက နောက်လှည့်ပြီး တဲထဲသို့ ပြန်သွားသည်။ ဘေးဖက်မှ လူစီအိုလည်း လိုက်သွား၏။
အီနာက ချန်လွေ့က ကျောကိုကြည့်ပြီး အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ သူက မြေပေါ်လှဲနေသော မုတ်ဆိတ်နှင့်လူအား မေးသည်။ “ဆယ်လ်ဗာ။ ဘယ်လိုနေလဲ။”
“သေတော့ မသေပါဘူး။” မုတ်ဆိတ်နှင့်လူက ကိုယ့်ကိုယ်ကိုယ် ထနိုင်ရုံသာရှိပြီး ပြုံးလိုက်သည်။ “ဒါနဲ့ အထူးအဆိပ်ဖြေဆေးက တကယ် ထူးခြားတယ်။ [ ပယ်ဖျက်ခြင်း ] နဲ့ မဖယ်ရှားနိုင်တဲ့ အဆိပ်ကိုတောင် ဖြေရှင်းနိုင်တယ်။ ကျန်တာတွေကတော့ ဒဏ်ရာ အသေးစားတွေ ပါပဲ။”
မုတ်ဆိတ်နှင့်လူက အဆင်ပြေကြောင်း ပြောနေသော်လည်း ၎င်းတို့မှာ “အသေးစား” ဒဏ်ရာများ မဟုတ်ကြောင်း အီနာ မြင်နိုင်ပေသည်။ ကံကောင်းစွာပင် အဆိပ်ဖယ်ပြီးနောက် အသက်အန္တရာယ် မရှိတော့ပေ။ သူက ပြန်ကောင်းရန်အတွက် သုံးလေးရက် အနားယူရန်သာ လိုအပ်သည်။ သို့သော်လည်း အချိန်တိုအတွင်း သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြီးကြီးမားမား လျော့ကျသွားမည်မှာ သေချာပေသည်။
“အဲဒီရစ်ချက်က တကယ် မရိုးရှင်းဘူး။” အီနာက သုံးသပ်လိုက်သည်။ “သူက ငါတို့ ထင်ထားတာထက်တောင် ပိုအစွမ်းထက်တယ်။ ငါက ဓားမြှောင်ညီအစ်ကိုအဖွဲ့ရဲ့ လုပ်ကြံမှု သုံးခုကို တကယ် ကျော်ဖြတ်နိုင်လောက်တယ်။”
“သူက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ယှဉ်လို့မရ....ဒါနဲ့ ခေါင်းဆောင်။ ဒီတစ်ခေါက် တာဝန်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာက လက်ထောက် ခေါင်းဆောင်.....”
အီနာက အနီးအနားကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။ “ဂူဒန်မြို့က မထွက်ခင် လိုင်ဇီမြို့ကနေ သူ့ဆီက မှော်ပြန်စာတစ်စောင် ရထားတယ်။ သူက စတမ်မြို့က တာဝန်ကို ပြီးမြောက်ပြီးတော့ ပြန်လာနေပြီ။ ဟိုတယ်မှာ သူ့အတွဥ် စာတစ်စောင် ထားထားတယ်။ သူ ဂူဒန်မြို့ကို ပြန်ရောက်ရင် ငါတို့နဲ့ လာပူးပေါင်းမှာ။ ၂ရက် ၃ရက်လောက်တော့ ကြာနိုင်တယ်။”
မုတ်ဆိတ်နှင့်နှင့်လူက အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ “ကောင်းတယ်။ သူ အမြန်ရောက်လာရင် ဓားမြှောင်ညီအစ်ကို အဖွဲ့ကိုတောင် ကြောက်စရာ မလိုတော့ဘူး။”
အီနာက အသံတိုးလိုက်သည်။ “ဒီတစ်ခေါက် သူက တွေ့ဖို့ပဲ လာတာမဟုတ်ဘူး။ ဥယျာဉ်မြို့လို့ခေါ်တဲ့ နေရာတစ်ခုကို သွားမလို့။ ပြီးတော့ အဲဒါကလည်း ငါတို့တာဝန်ရဲ့ လမ်းကြောင်းနဲ့ အတူတူပဲ ဖြစ်နေတယ်။ ဒီကိစ္စက သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လျို့ဝှက်ချက်တွေနဲ့ ဆက်နွှယ်နေတယ်။ အဲဒါကြောင့် ငါ မမေးခဲ့ဘူး။ ဘယ်သူ့ကိုမှလည်း မပြောပြခဲ့ဘူး။ အခု ရန်သူက ဓားမြှောင်ညီအစ်ကို အဖွဲ့ပဲ။ အဲဒါကြောင့် သူတို့ အာရုံစိုက်တာ မခံရအောင် လက်ထောက် ခေါင်းဆောင်ရဲ့ကိစ္စကို ကွယ်ဝှက်ထားရမယ်။ ဓားမြှောင်ညီအစ်ကိုအဖွဲ့ရဲ့ တိုက်ခိုက်မှုသုံးခုကနေ လွတ်မြောက်နိုင်ရင် ငါတို့တွေ ဒီအတားအဆီးကို ကျော်လွှားနိုင်ပြီ။”
“သိပါပြီ။” မုတ်ဆိတ်နှင့်လူက ခေါင်းညိတ်ပြီး ပြန်လှဲချလိုက်ပြန်သည်။
ညပိုင်းက အလစ်တိုက်ခိုက်မှု မရှိဘဲ ကုန်ဆုံးသွား၏။ အဖွဲ့က နောက်တစ်ရက်၌ ခရီးဆက်ကြသည်။ ကြေးစားအချို့၏ စီးစရာများ ပြန်မကောင်းကြသေးသည့်အတွက် နှစ်ယောက်ပေါင်း စီးနေကြရသည်။ သူတို့က လမ်းတစ်လျှောက်၌ သတိထားနေကြသည့်အတွက် မမြန်လှပေ။ သို့သော်လည်း ထူးထူးခြားခြား မဖြစ်ပွားပေ။ သံမဏိဒိုင်း ကြေးစားအဖွဲ့သား အများစုက ဒဏ်ရာပြန်သက်သာလာကြသော်လည်း သတိလက်လွတ် မနေရဲသေးပေ။
လူသားလောက၌ ဆောင်းဦးကာလ ဖြစ်သည်။ နေက မတောက်ပနေသော်လည်း ပင်ပန်း နွမ်းနယ်မှုကို အလွယ်တကူ ဖြစ်စေနိုင်တယ်။ လှည်းတဆောင့်ဆောင့် ဖြစ်နေရင်း ဝတုတ်က မျက်လုံးများ စတင်မှိတ်လာသည်။ ထို့နောက် အိပ်ပျော်သွား၏။
သင်းအုပ်ဆရာ အကြာကြီး မအိပ်နိုင်ခင်မှာပင် ပြင်းထန်သော တုန်ခါမှုနှင့် အော်သံများကြောင့် နိုးထလာသည်။ ပြေလျော့သွားသော ဝတုတ်၏ အာရုံကြောများ ချက်ချင်း တင်းမာသွား၏။ လိုက်ကာကို ဖွင့်ကြည့်ပြီးနောက် တောင်ဘေးနံရံ၌ ကျောက်တုံးကြီးများ လှိမ့်ကျနေသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် စီးစရာများကလည်း အထူးစွမ်းအား တစ်ခုခုကြောင့် ကြောက်လန့်နေကြဟန်တူပြီး ထိန်းချုပ်မရဘဲ လျှောက်ပေးနေတော့သည်။ ကြံရာမရသည့်အဆုံး ကြေးစားများက စီးစရာများကို စွန့်ပစ်ရတော့သည်။ စီးစရာများက ကျောက်တုံးပေါများသော နေရာများသို့ပင် ပြေးဝင်သွားကြပြီး ချက်ချင်း ပိပြားသွားတော့သည်။
“နောက်ကလမ်း ပိတ်သွားပြီ။ မြန်မြန်လုပ်။ ဆာ-သင်းအုပ်ဆရာ။ မြင်းပေါ်ကနေ အမြန်ဆင်း။ အဲဒီက တောအုပ်ထဲကို အမြန်သွားကြမယ်။”
မြင်းလှည်းသယ်ပေးသော မြင်းများက အထိန်းအချူပ် မရှိတော့သည့်အတွက် ကြေးစားများက ခေါင်းဖြတ်ပေးလိုက်သည်။ ဝတုတ်က လှည်းပေါ်မှ ခုန်ဆင်းပြီးနောက် ကြေးစားများ၏ အကာအကွယ်အောက်တွင် အလျင်အမြန်ပင် တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။ ကြောက်လန့်နေသည့်အတွက် “ရစ်ချက်”ပျောက်သွားပြန်သည်ကို သူ သတိမထားမိခဲ့ပေ။
နောက်ဆုံး၌ အားလုံးက ကျောက်တုံးကြီးများကို ရှောင်တိမ်းနိုင်ခဲ့ပြီး တောအုပ်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကောင်းကင်မှ နေရောင် ရုတ်တရက် မှိန်သွား၏။
၎င်းမှာ တိမ်တိုက်များကြောင့် မဟုတ်ဘဲ ထိုတောအုပ်ကို အထူးစွမ်းအားတစ်မျိုးက ဝိုင်းရံလိုက်ခြင်း ဖြစ်သည်။ နေကိုပင် မြူအလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်လေသည်။
အားလုံးက အော်သံများနှင့် ပူဆွေးသံများကိုပင် ကြားရသည်။ တောအုပ်ထဲ၌ သူတို့ကို ဆွဲနေသော မရေမတွက်နိုင်သည့် လက်များ ရှိနေဟန်တူသည်။ သူတို့၏အမြန်နှုန်း နှေးကွေးသွားကြသည်။ ကြက်သီးထစရာလေကလည်း အရိုးထဲထိအောင် စိမ့်ဝင်နေပြီး စိတ်နှလုံးကို အေးခဲလုမတတ် ဖြစ်နေစေသည်။ သစ်တောထဲရှိ မြူအလွှာက အသက်ကို ခြိမ်းခြောက်နိုင်သော တစ္ဆေအဖြစ် အသွင်ပြောင်းကာ လွင့်ပျံနေတော့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ပတ်ဝန်းကျင်၌ သူတို့၏ စိတ်နှင့်ခန္ဓာကိုယ်က အလွန်အမင်း အားနည်းလာသည်။
“ဒါက အမှောင်အငွေ့အသက်ပဲ။ သောက် လုပ်ကြံသူတွေ။ ဒီလို မသန့်စင်တဲ့ စွမ်းအားကို သုံးရဲတယ်လား။” ဝတုတ်က သင်းအုပ်ဆရာတစ်ယောက် ဖြစ်သည်။ သူက စိတ်ထဲ၌ ကြောက်ရွံ့နေသည်ကို ဘေးဖယ်ထားပြီး လက်ထဲမှ တောင်ဝှေးကို တုန်လှုပ်နေရင်း မြှောက်လိုက်သည်။ သူက ဘုန်းတော်ကြီးနှစ်ပါးနှင့်အတူ မန္တန်မန်းမှုတ်တော့သည်။ “ပျောက်ကွယ်စမ်း။ နိမ့််ကျတဲ့ အမှောင်ထု။”
လေထဲ၌ အဖြူရောင် အလင်းတစ်ခု ပေါ်ထွက်လာပြီး ပျံ့နှံ့သွားသည်။ မြူက အငွေ့အဖြစ် ကွယ်ပျောက်ကာ အဖြူရောင်အလင်း တောက်ပမှုအောက်၌ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် လူတိုင်း၏ ထူးဆန်းနေမှုလည်း အားနည်းသွားဟန်တူသည်။
ထိုအချိန်၌ ကြက်သီးထစရာလေက အပြင်းအထန် တိုက်ခတ်လာပြန်သည်။ အဖြူရောင် အလင်းက သစ်တောတစ်ခုလုံးကို ပြည့်နှက်နေသော မြူများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ဝတုတ်က အကြိမ်များစွာ မန်းမှုတ်သော်လည်း ထိရောက်မှုက အနည်းငယ်သာ ဖြစ်သည်။ သူကသာ စိတ်ဝိညာဉ်စွမ်းအား အများအပြား ကုန်ဆုံးခဲ့ရပြီး မတ်မတ်မရပ်နိုင်တော့ဘဲ လဲကျသွားတော့သည်။ ဘုန်းတော်ကြီးနှစ်ပါးက ဝတုတ်ထက် ပိုမိုအားနည်းနေသည်။ သူတို့က [ ဖယ်ရှားခြင်း ] ကို အသုံးမပြုနိုင်တော့ပေ။
တောအုပ်ထဲရှိ အလင်းရောင်က တဖြည်းဖြည်း ပိုမှောင်လာသည်။ ကြေးစားများက အစွမ်း မသုံးနိုင်ကြသည့်အတွက် နွံအိုင်ထဲ ရောက်နေသကဲ့သို့ ဖြစ်နေသည်။ မှော်ပညာရှင်များ၏ မှော်သည်ပင် မလုပ်မဖြစ်ပေ။ အားလျော့မှုများ တစ်ခုပြီးတစ်ခု ရောက်လာ၏။ အကြောက်တရား၊ အားနည်းမှု၊ အရှိန်လျော့....
ချန်လွေ့က အမှောင်စွမ်းအားကို ပူးပေါင်း အသုံးပြုနေကြသော ဝတ်စုံနက်နှင့် လူနှစ်ယောက်ကို သိချင်စိတ်ဖြင့် ကြည့်နေသည်။ လူသားလောကမှာလည်း အမှောင် မှော်ပညာရှင်တွေ ရှိတာလား။
ထိုနှစ်ယောက်က မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းများဖြစ်ကြောင်း ချန်လွေ့ မြင်နိုင်သည်။ သစ်တောထဲ၌ အမှောင်စွမ်းအားကို တိုးမြင့်စေနိုင်သော အထူး မှော်စက်ဝိုင်းတစ်ခု ခင်းကျင်းထားခြင်း ဖြစ်သည်။ ကျောက်တုံးကြီးများ လှိမ့်ချခြင်းက အားလုံးကို သစ်တောထဲသို့ မောင်းသွင်းရန်ဖြစ်ပြီး သူတို့ကို တစ်ခါတည်း အမိဖမ်းနိုင်ရန် ဖြစ်ပေသည်။
“ဟမ့်။ ဆရာသခင်အဆင့် ဖြစ်နိုင်တဲ့ရန်သူတစ်ယောက် ရှိတယ်လို့ သူတို့ပြောခဲ့တယ် မဟုတ်လား။ သူက တတ်ကာကိုတောင် သတ်ပစ်နိုင်ခဲ့တယ်။ ဘာလို့ သူတို့အားလုံးက ပုရွက်ဆိတ်တွေ ဖြစ်နေရတာလဲ။” လူတစ်ယောက်က အထင်သေးစွာဖြင့် ပြောသည်။
“တတ်ကာက အသုံးမကျတဲ့သူတစ်ယောက်ပဲ။ ဒါပေမဲ့ အဲဒီ သတင်းပေးတွေကတော့။ ဒီလို လူတွေအတွက်နဲ့ ငါတို့ကို သတိပေးတာကတော့ ရှက်စရာပဲ။”
“ငါတို့ ဒီကို ရောက်နေမှတော့ ဒီပုရွက်ဆိတ်တွေကို ဖြည်းဖြည်းချင်း သေတဲ့အထိ နှိပ်စက်ကြတာပေါ့။”
ချန်လွေ့က ထိုသူနှစ်ယောက်ကို အပြတ်ဖြတ်ရန် ပြင်လိုက်စဉ် အခြားတစ်နေရာကို ရုတ်တရက် ကြည့်လိုက်သည်။ ထိုဘက်သို့ အမြန်ရွေ့လာနေသော တစ်စုံတစ်ယောက်ကို သူ အာရုံခံမိလိုက်သည်။ ထို့ပြင် ထိုသူ၏အစွမ်းက...မနိမ့်လှပေ။
ကြံရာပါလား။ ချန်လွေ့က စဉ်းစားပြီး လက်ကို ချထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အခု ဝတုတ်နဲ့ တခြားသူတွေ အန္တရာယ် မရှိဘူး။ ကြံရာပါ ရောက်လာရင် သူတို့တွေကို ငါ တစ်ခါတည်း ရှင်းပစ်လို့ရတာပဲ။
ရောက်လာသူက အလွန်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက တောအုပ်ရှိ မှော်စက်ဝိုင်းသို့ ရောက်ရှိလာသည်။ ထိုအချိန်မှသာ ဝတ်ရုံနက်နှင့် လူနှစ်ယောက်က တုံ့ပြန်လာသည်။ သူတို့နှစ်ယောက်က တောအုပ်ထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသော ထိုသူ၏ အသံကို ကြားလိုက်သောအခါ သိမ့်သိမ့်တုန်သွားခဲ့သည်။ “[ မိုးသောက်ကွယ်ပျောက် ]”
ချန်လွေ့ကို အံ့အားသင့်သွားစေသည်မှာ ထိုအသံကို ရင်းနှီးနေခြင်းပင်။