လမ်းစဉ်
Vol. 41 Ch. 643
လူပုဘုရင် အိုဗ်ဂီက ချန်လွေ့သည် နတ်သူငယ်-တစ်ပိုင်းဖြစ်သည်ဟု ပြောလိုက်ရာ သင်းအုပ်ဆရာ၊ အီနာနှင့် အခြားသူများက အံ့အားသင့်သွားကြသည်။ ဆမ်မြူရယ်သာ သဘောမတူပေ။ အရှင်မင်းသား အာသာက အသန့်စင်ဆုံး ရိုမန်တော်ဝင်မိသားစုဝင်ပဲ။ [ ကောင်းချီးအလင်းခန္ဓာ ] ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူက ဘယ်လိုလုပ်ပြီးတော့ နတ်သူငယ်-တစ်ပိုင်းလိုမျိုး သွေးနှောတစ်ယောက် ဖြစ်ရမှာလဲ။
သို့သော်လည်း မုတ်ဆိတ်မဲ တက်ခ်လင်း၏ နောက်ဆုံးစကားကြောင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။ ဟုတ်တယ်။ သူက နတ်သူငယ်-တစ်ပိုင်းနဲ့ လုံးဝ မတူဘူး။
“တောင်နေလူပုတွေက ရိုးသားပြီးတော့ ဂုဏ်သိက္ခာရှိကြတယ်လို့ ကြားတယ်။ အရှင်မင်းကြီးက အပြစ်မဲ့တဲ့သူတွေကို မှားယွင်းပြီးတော့ တကယ့် သူခိုးဓားပြတွေမှာ ဒေါင့်တစ်နေရာမှာ ရယ်နေခိုင်းဖို့ မလုပ်ဘူးလို့ ယုံကြည်ပါတယ်။”
အဆက်အသွယ် အကာအရံမရှိဘဲ ပစ်မှတ်ကသာ ကြားနိုင်သော ချန်လွေ့၏ “ဝိညာဉ်ဘာသာစကား”က လူပုဘုရင်က အနည်းငယ် အံ့အားသင့်သွားစေသော်လည်း ခဏသာ ဖြစ်သည်။ သူက အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွားသည်။ “လူသား။ မင်းက အပြစ် မရှိဘူးဆိုတာကို ဘယ်လို သက်သေပြနိုင်မှာလဲ။”
ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်ပြောသည်။ “ကျုပ် အထူးနေရာတစ်ခုကို လိုတယ်။ အဲဒီမှာ အရှင်မင်းကြီးနဲ့ တောင်နေလူပုတွေကို သက်သေသပြမှာပါ။ သက်သေ မပြနိုင်ဘူးဆိုရင် တောင်နေလူပုတွေရဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လက်ခံပါ့မယ်။ သူခိုးဓားပြ အနေနဲ့ အပြစ်ပေးလည်း ရပါတယ်။ သက်သေပြနိုင်ရင်တော့ ကျုပ်တို့ကို ကျောက်နက်တောင် ကနေတစ်ဆင့် ဥယျာဉ်မြို့ကို သွားခွင့်ပေးပါ။ အရှင်မင်းကြီး...”
“မင်း အပြစ်ကင်းတာကို သက်သေပြနိုင်မယ်ဆိုတာ သေချာလား။” အိုဗ်ဂီက ဘုံသုံး ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ သံမဏိဒိုင်း ကြေးစားအဖွဲ့နှင့် ကျောင်းတော် အဖွဲ့ဝင်တို့က နားလည်ကြသည်။
ချန်လွေ့နှင့် အိုဗ်ဂီတို့ မည်သည့်အရာ ပြောခဲ့ကြောင်း သင်းအုပ်ဆရာ မသိပေ။ “အပြစ်ကင်းတာကို သက်သေပြ”ဟူသော စကားကို ကြားသောအခါ သင်းအုပ်ဆရာက ချက်ချင်း ခုန်ထွက်လာသည်။ “ကျူပ်က ဂူဒန်မြို့က သင်းအုပ်ဆရာ၊ အလင်းအစေအပါး တစ်ယောက်ပါ။ ဒီသက်သေက ကျုပ်ရဲ့ အပြစ်ကင်းမှုကို သက်သေပြပေးနိုင်ပါတယ်။”
ဘေးဖက်မှ အကြီးအကဲ အက်စ်ကာရီက ပြောသည်။ “ဒီနေ့ ဒီနေရာကို မင်းတို့ ရောက်လာကတည်းက မင်းတို့ ဘယ်သူဘယ်ဝါလဲဆိုတာ တစ်ခုပဲ ရှိတယ်။ အဲဒါက လူပုတွေရဲ့ အကျဉ်းသားပဲ။ သိဒ္ဓိကျောင်းတော်အဖွဲ့ဝင်တွေနဲ့ သာမန်လူသားတွေက လူပုအတွက် ဘာမှ မကွာခြားဘူး။ မင်းက မျိုးနွယ်စုစစ်ပွဲနဲ့ ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းမှာ ဒီလိုအရည်အချင်းမျိုး ရှိမှပေါ့။”
သင်းအုပ်ဆရာက စကား မပြောတော့ပေ။ သူက အင်ပါယာမှ သင်းအုပ်ဆရာငယ်လေး တစ်ယောက်သာ ဖြစ်သည်။ တောင်နေလူပုမျိုးနွယ်စုက ကျောင်းတော်အပါအဝင် လူသားများအတွက် အကျိုးအမြတ် အများအပြား ရှိကြသည်။ မျိုးနွယ်စု ပြဿနာ ဖြစ်လာသည်နှင့် ကျောင်းတော်က သူတို့၏ မပြောပလောက်သော နယ်ရုပ်ကို စတေးလိုက်မည်မှာ သေချာပေသည်။
အိုဗ်ဂီက သင်းအုပ်ဆရာကို လျစ်လျူရှုပြီး ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ “မင်းက အားလုံးကို သက်သေပြနိုင်လား။ မင်းတို့ရဲ့ ‘သက်သေ’ဆိုတာကို တစ်ယောက်ချင်း စမ်းသပ်နေဖို့ အချိန်မရှိဘူး။ စိတ်လည်း မရှည်နိုင်ဘူး။ မင်း မအောင်မြင်ခဲ့ရင် မင်းတို့အားလုံးကို သူခိုးဓားပြတွေလို့ သတ်မှတ်ပြီးတော့ ကိုင်တွယ်မယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ သူခိုးဓားပြ ကြံရာပါတွေ အနေနဲ့ပေါ့။”
အားလုံး ထိတ်လန့်သွားကြသည်။ သင်းအုပ်ဆရာက ချန်လွေ့ကိုကြည့်ပြီး တိတ်တိတ်လေး တွေးလိုက်သည်။ စာချုပ်က ချုပ်ပြီးသွားပြီ။ ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ သူက အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကို ထိခိုက်အောင်လို့ဖို့ မဖြစ်နိုင်လောက်ဘူး။ သင်းအုပ်ဆရာက အံကြိတ်လိုက်သည်။ “ရစ်ချက်။ မိတ်ဆွေ။ ငါမင်းကို လုံးဝ ယုံကြည်တယ်။”
အီနာက ဆမ်မြူရယ်ကို ကြည့်လိုက်သည်။ ဆမ်မြူရယ်က တမင်တကာပင် ခဏကြာ တွေးနေသည်။ ထို့နောက် ခေါင်းညိတ်သည်။ သူက တီးတိုးပြောလိုက်၏။ “သူ့ကို ယုံကြည်လို့ ရမယ် ထင်တယ်။ သူတို့က အခု ဥယျာဉ်မြို့တော်ကို သွားဖို့ စိတ်လောနေကြတာ။ ဒါကို သူ သက်သေမပြနိုင်ရင် သူကိုယ်တိုင်လည်း ဝင်ပါရမှာပဲ။”
“အင်း...” အီနာက အမှန်တကယ်၌ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အတိအကျ ပြောရလျှင် ၎င်းက မိန်းမတစ်ယောက် ပိုင်ဆိုင်သော အလိုလိုသိစိတ်ပင် ဖြစ်သည်။ ဆမ်မြူရယ်က ဒီ ရစ်ချက်ကို အတော်လေး ယုံကြည်နေတဲ့ပုံပဲ။ ခုနတုန်းက တက်ခ်လင်းနဲ့ တိုက်ခိုက်တော့မလို ဖြစ်နေတုန်းကလည်း ရစ်ချက်ရဲ့ စကားကြောင့်ပဲ ငြိမ်သွားခဲ့တာ။
ကြေးစားအများအပြားက ရစ်ချက်ကို သံသယဝင်နေကြသော်လည်း လက်ထောက် ခေါင်းဆောင် ပြောသည်မှာ မှန်နေသည်။ ထို့ပြင် ခေါင်းဆောင်ကလည်း ကန့်ကွက်မှု မရှိသည့်အတွက် ထိုအချိန်၌ အားလုံး သဘောတူလိုက်ကြသည်။
“ကောင်းပြီလေ။” ၎င်းကို တွေ့လိုက်သောအခါ အိုဗ်ဂီ ခေါင်းညိတ်သည်။ “ဒီတော့ မင်း ဘယ်နေရာမှာ သက်သေပြချင်တာလဲ။”
ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုပြီး နေရာတစ်နေရာကို “ပြော” ခဲ့သည်။ အိုဗ်ဂီက အံ့အားသင့်သောအမူအရာ ပြသပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
“အင်း။ ငါမင်းကို သတိပေးလိုက်မယ်။ ဘာမှလှည့်စားဖို့ မကြိုးစားနဲ့။ မဟုတ်ရင် မင်းကို အခွင့်အရေး...တစ်ခုတည်းသော အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့။” လူပုဘုရင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ “အကြီးအကဲ အက်စ်ကာရီ။ ကျုပ်နဲ့ လိုက်ခဲ့ပြီးတော့ ဒီလူသားရဲ့ သက်သေဆိုတာကို သွားကြည့်ကြမယ်။ တက်ခ်လင်း။ ဘိုရော့။ မင်းတို့က ဧည့်သည်တွေကို ဧည့်ခံထားပေး။ သက်သေတွေက ငါ့ကို မကျေနပ်စေနိုင်ဘူးဆိုရင် ဧည့်ခံတာတွေက အကျဉ်းသား အပြုအစု ဖြစ်သွားမယ်။”
တက်ခ်လင်းနှင့် ဘိုရော့တို့က ဦးညွှတ်လိုက်ကြသည်။ အိုဗ်ဂီက ချန်လွေ့ကို ကြည့်လိုက်ပြီး ခန်းမအပြင်ဘက်သို့ အက်စ်ကာရီနှင့်အတူ လမ်းလျှောက်သွားသည်။ ချန်လွေ့ကလည်း သင်းအုပ်ဆရာနှင့် အခြားသူများကို ခေါင်းညိတ်ပြပြီး နောက်လိုက်သွား၏။
သူတို့သုံးယောက်က လမ်းတစ်လျှောက်လုံး သွားနေကြပြီး အလွန်ကြီးမားသော အဆောက်အအုံတစ်ခုဆီသို့ ရောက်လာကြသည်။
ထိုအလွန်ကြီးမားသော အဆောက်အအုံ၏နာမည်မှာ “သံမဏိသစ်ပင်မီးပွင့် အိမ်” ဖြစ်သည်။ ၎င်းကို အိမ်ဟု ခေါ်သော်လည်း “ခန်းမ” မဟုတ်သလို “စံအိမ်”ဟူ၍လည်း ဖော်ပြ၍ မရနိုင်ပေ။ အလွန်ကြီးမားလှ၏။
ချန်လွေ့က ယခင်ဘဝက အိုတာခု တစ်ယောက်အနေဖြင့် အသက်၂၀ကျော် နေခဲ့ဖူးသည်။ လောကတစ်ခုလုံး အကြောင်းကို အင်တာနက်မှတစ်ဆင့် လေ့လာခဲ့သည်။ ပြန်လည် မွေးဖွားလာပြီးနောက် သူက နတ်ဆိုးဘုံ၌ သုံးနှစ်ကြာ (စူပါစနစ် လေ့ကျင့်ရေးခန်းထဲ၌ နှစ်ရာချီ အပါအဝင်) အချိန်ကုန်ခဲ့သည့်အတွက် အတွေ့အကြုံ များပြားနေပြီ ဖြစ်သည်။ သို့သော်လည်း ထိုအဆောက်အအုံထဲ ဝင်လိုက်သောအခါ ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားဆဲ ဖြစ်သည်။
အပြင်ဘက်မှ “အလွန်ကြီးမားသော” အဆောက်အအုံမှာ အမှန်တကယ်၍ “အိမ်”၏ မြေပေါ်ရှိ ပေါ်ထွက်နေသော “ခေါင်း”အပိုင်းသာ ဖြစ်သည်။ တကယ့် “ကိုယ်ထည်”က မြေအောက်တွင် ဖြစ်၏။
အပေါ်မှ ငုံ့ကြည့်သောအခါ အလွှာများ အထပ်လိုက်ရှိနေကြပြီး အနည်းဆုံး မီတာ သုံးလေးရာခန့် မြင့်မားပေသည်။ မြေအောက်တစ်ခုလုံးက လင်းလက်နေ၏။ အပြင်ဘက်၌ အရုဏ်တက်ချိန်သို့ နီးကပ်နေပြီ ဖြစ်သော်လည်း ပထမအလွှာတွင် တူထုသံများ၊ စက်ယန္တရား လည်ပတ်သံများနှင့် လူများ အလုပ်များနေကြလေသည်။
၎င်းမှာ တောင်နေလူပုများ ပန်းပဲထုပြီး သွန်းလုပ်ကြသော ဗဟိုချက်ဖြစ်သည့် မြေအောက်လောက ၊ တကယ့် “သံမဏိသစ်ပင်မီးပွင့်အိမ်” ဖြစ်ပေသည်။
ချန်လွေ့က အဆုံးမရှိသော တူထုသံများကို နားထောင်ရင်း ပြင်းထန်သော ပုံရိပ် လှုံ့ဆော်မှုများ ခံစားလာရကာ စိတ်ထဲ၌ ထကြွလာသည်။ ခန္ဓာကိုယ်ထဲရှိ သွေးကလည်း ဆူကြွလာ၏။ သူ၏လက်ရှိစွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှင့် ညီမျှသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲလုမတတ် ခံစားချက်ကို မထိန်းထားနိုင်တော့ပေ။
ညလုံးပေါက် သတ္တုသွန်းလုပ်နေကြသော လူပုများက အိုဗ်ဂီ ရောက်လာသည်ကို မျက်ကွယ်ပြုထားပြီး အလေးမပြုကြပေ။ လူပုဘုရင်ကလည်း ၎င်းကို ကျင့်သားရနေ၏။ ထိုအချက်မှတစ်ဆင့် တောင်နေလူများ၏ ပန်းပဲပညာအပေါ် ခံစားချင်နှင့် သဘောထားကို မြင်နိုင်ပေသည်။
အိုဗ်ဂီက ရပ်တန့်လိုက်သည်။ ထို့နောက် ချန်လွေ့ထံ ခေါင်းလှည့်ကာ အေးစက်စက်နှင့် ပြောသည်။ “ပန်းပဲသွန်းလုပ်တဲ့အခန်းက မနေ့တုန်းက မီးမလောင်ခဲ့ဘူး။ လူသား။ ဒီလို နေရာမျိုးမှာ မင်းငါ့မှာ ဘယ်လိုသက်သေပြမလဲ ကြည့်ချင်တယ်။”
ချန်လွေ့က အိုဗ်ဂီကို ဂရုမစိုက်ပေ။ သူက မျက်လုံးများက လျှောက်ကြည့်နေပြီးနောက် အဝေးမှ ပန်းပဲဖိုကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ပင့်သက်ရှိုက်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ခြေလှမ်းများက အနည်းငယ် သတိထားနေဟန်တူသည်။ ခဏ ကြာပြီးနောက် သူက အေးဆေးသွားပြန်သည်။ ခြေလှမ်းတစ်လှမ်းတိုင်း သူ၏ အငွေ့အသက် အနည်းငယ် ပြောင်းလဲသွားသည်။ သူက ပန်းပဲဖိုသို့ လမ်းလျှောက်လာသောအခါ အိုဗ်ဂီနှင့် အက်စ်ကာရီတို့က ထိုလူသားသည် လူပုများနှင့်သာ သက်ဆိုင်သော အထူးလောကနှင့် ပေါင်းစပ်သွားသကဲ့သို့ ပုံရိပ်ယောင်မျိုး မြင်လိုက်ကြသည်။
ချန်လွေ့က ပန်းပဲဖိုအနားမှ ပစ္စည်းကိရိယာများကို ကြည့်လိုက်သည်။ ဖြည်းဖြည်းချင်း သူက တစ်ခုချင်းစီကို ပွတ်သပ်ပြီး အနေအထားကို ချိန်ညှိနေသည်။ ထို့ကြောင့် သူက လူပုများ လက်နှစ်ဖက်ဖြင့် ကိုင်ရထားသော တူကြီးကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူလိုက်သည်။ ထို့နောက် ထူးဆန်းသော အရာတစ်ခုကို ပြုလုပ်သည်။ သူက တူကို မြှောက်ပြီး လက်ဖြင့် ဖမ်းသည်။ ထို့နောက် ထပ်ကာထပ်ကာ ဆက်လုပ်နေလေသည်။
တူကို မြှောက်နေရင်း မီးဖိုထဲရှိ မီးက မီးတောက်များအဖြစ် တောက်လောင်လာ၏။ ခုနက ပြင်ဆင်ထားသော ငွေသံသတ္တုရိုင်းကလည်း စတင် လောင်လာသည်။ ချန်လွေ့က သူ၏ အခြားလက်တစ်ဖက်ကို မီးတောက်နားထားပြီး လက်အေးနေသကဲ့သို့ အပူခံနေလေသည်။
“ဟန်လုပ်နေတာပဲ။” အိုဗ်ဂီက မျက်မှောင်ကြုတ်လိုက်သည်။ သူက ရှေ့တက်မည် ကြံလိုက်ရာ လက်တစ်ဖက်က ရုတ်တရက် တားလိုက်သည်။ ထိုသူမှာ အက်စ်ကာရီ ဖြစ်သော တောင်နေလူပုများ လေးစားရသော အကြီးအကဲတဖြစ် သူ၏ဆရာ၊ အကြီးတန်း ပန်းပဲဆရာလည်း ဖြစ်ပေသည်။
“ဆက်ကြည့်နေပါ။ အရှင်မင်းကြီး။” တူကိုမြှောက်နေသော လူသား၏ ရိုးရှင်းသည့် လှုပ်ရှားမှုများကို မြင်ရသည့်အခါ မုတ်ဆိတ်ဖြူလူပု၏ မျက်လုံးများက အလွန်အမင်း လေးနက်သော အလင်းရောင်များ ပြည့်နေလေသည်။
ပန်းပဲဖိုသို့ လူသား လမ်းလျှောက်သွားသော ခြေလှမ်းများအရ မုတ်ဆိတ်ဖြူ အကြီးတန်း ပန်းပဲဆရာသခင်က တခုခု ထူးဆန်းနေသည်ကို သတိထားမိခဲ့သည်။ ထိုလူသား လုပ်သမျှမှာ စိမ်းနေသော ပတ်ဝန်းကျင်နှင့် မရင်းနှီးသော ပစ္စည်းကိရိယာများနှင့် ရင်းနှီးရန်အတွက် ဖြစ်သည်။ သူက ထိုပစ္စည်းများအား သူ အသားကျဆုံးသော နေရာများကို ထားလိုက်သည်။
အက်စ်ကာရီက တူကျလာတိုင်း အငွေ့အသက်နှင့် ပတ်ဝန်းကျင်က မသိမသာ ပြောင်းလဲသွားသည်ကို သေသေချာချာ ခံစားနေရသည်။ ထိုလူသားက မြေအောက်လောကနှင့် ပေါင်းစပ်သွားရုံသာမက မြေအောက်လောကကိုပါ ထူးခြားသော စွမ်းအားတစ်ခုဖြင့် ဦးဆောင်နေခြင်း ဖြစ်သည်။ ၎င်းကို “ပညာရှင်စိတ်ကူး”ဟု ခေါ်ရလောက်ပေမည်။
ထိုအချိန်၌ ချန်လွေ့က ပြုတ်ကျလာသောတူကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားလိုက်သည်။ ၎င်းကို နောက်ထပ် မမြှောက်တော့ဘဲ ညှပ်ထားသော ငွေသံသတ္တုရိုင်းကို ထုရိုက်တော့သည်။ အနီရောင် သတ္တုရိုင်းက မီးပွင့်များ ပေါ်ထွက်လာကာ တချွင်ချွင် အသံများ မြည်နေလေသည်။
ထပ်ကာထပ်ကာ ထုရိုက်ပြီးနောက် ရိုးရှင်းသော ရိုက်ချက်များက ထူးဆန်းသော စည်းချက်တစ်ခု ရှိနေပြီး နှလုံးသားကို ထိနိုင်နေပုံရသည်။
အနီးအနားရှိ တူထုသံများနှင့် စက်ယန္တရားလည်ပတ်သံများ တဖြည်းဖြည်း ရပ်တန့်သွား၏။ ဘုရင်ရောက်လာသည့်တိုင် ပန်းပဲသွန်းလုပ်နေခြင်း မရပ်ခဲ့ကြသော လူပုများက အလုပ်များကို ရပ်ထားပြီး တဖြည်းဖြည်း စုဆောင်းလိုက်ကြသည်။ သူတို့၏ မျက်လုံးများက လူပု ပန်းပဲဖို၌ ရပ်နေပြီး လူပု ကိရိယာများနှင့်အတူ သတ္တုရိုင်းကို တူထုနေသည့် ထိုလူသားကို အာရုံစိုက်နေကြလေသည်။
လူပုပန်းပဲဆရာများမှ အလွန်အမင်း ကျွမ်းကျင်ကြပြီး ဆရာသခင်အဆင့်ထက်ပင် ကျော်လွန်ကြသူများလည်း အသက်အောင့်ထားကာ မျက်လုံးများ၌ အရောင်တောက်နေကြ၏။ ဆရာသခင် အက်စ်ကာရီကလည်း မည်သည့် အသေးစိတ်ကိုမျှ မလွတ်စေသည့်အတွက် ချန်လွေ့၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေ၏။
ထိုအချိန်၌ ချန်လွေ့က အားလုံးကို မေ့လျော့သွားခဲ့သည်။ သူက စိတ်ထဲမှ အကြံအစည်နှင့် အပြစ်ကင်းကြောင်း သက်သေပြမည်ကို မေ့သွား၏။ ထိုအစားက သူက မြေအောက်လောက၌ ဝင်ရောက်သောအခါ အံ့သြဖွယ်ရာ စည်းချက်တစ်ခုထဲ နစ်မြောနေတော့သည်။
ထိုကဲ့သို့ စည်းချက်မျိုးကို ပန်းပဲဆရာသခင်များသာ ပိုင်ဆိုင်ကြသည်။ ၎င်းမှ ထို မြေအောက်လောက၏ အထူးအငွေ့အသက်က အစပျိုးပေးခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် ချန်လွေ့၏စိတ်ထဲတွင် အမြဲတမ်း ရှိနေကာ အချိန်ကောင်းရောက်မှ ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
ချက်ချင်းပင် ဆရာ ထယ်တင်းနစ် ထူတုနေပုံက ချန်လွေ့၏စိတ်ထဲ၌ ပေါ်ထွက်လာ၏။ ထို့နောက် ပြိဿအကြီးအကဲ၊ ဆရာသခင် အန်ဒါဆန်တို့ ပေါ်ထွက်လာသည်။ သူ၏လက်ထဲမှ လှုပ်ရှားမှုများကလည်း ထိုအတွေးများနှင့်အတူ ပြောင်းလဲသွားသည်။ ကြမ်းတမ်းပြီး ပြင်းထန်မှုမှသည် ကြီးမားသောလှုပ်ရှားမှု၊ ထိုမှ အနုစိတ်သော အသေးစိတ်များအဖြစ်သို့ ပြောင်းလဲလာသည်။ ၎င်းတို့က ခဏကြာသည်အထိ ဆန့်ကျင်ဘက်အကြားတွင် ရောယှက် ပေါင်းစပ်သွားဟန်တူသည်။
အကြိမ်များစွာ တူထုနေရင်း ထိုအတွေးအမြင်များက တဖြည်းဖြည်း ထပ်သွား၏။ ၎င်းတို့က အဆက်မပြတ် သန့်စင်ခံနေရပြီး အညစ်အကြေးများ ဖယ်ရှားခံနေရသော ငွေသတ္တုရိုင်း ကဲ့သို့ပင် ထုရိုက်သော လုပ်ငန်းစဉ်၌ ပေါင်းစပ်ကာ ပြောင်းလဲလာသည်။ ချန်လွေ့၏ မျက်လုံးထဲရှိ ပြတ်သားမှုနှင့် ယုံကြည်ချက်တို့က ပိုမိုပြင်းထန်လာ၏။ သူ၏လှုပ်ရှားမှုများကလည်း အခြားအရာများ သက်ရောက်မှုမရှိသည့် စီးဆင်းနေသောရေကဲ့သို့ စည်းချက်တစ်ခုထဲ စတင် ဝင်ရောက်လာသည်။ ၎င်းမှာ ပြိဿများ၊ ထယ်တင်းနစ် နှင့် အခြားဆရာသခင်များ မဟုတ်ဘဲ ချန်လွေ့၏ ကိုယ်ပိုင်ခံစားချက်များ ဖြစ်ပေသည်။
၎င်းမှာ သူ ဆမ်မြူရယ်က ပြောခဲ့သလိုမျိုးပင် ဖြစ်ပေသည်။ ကိုယ့်လမ်းစဉ်ကို နားလည်အောင်လုပ်။
အိုဗ်ဂီက ပန်းပဲပညာထက် တိုက်ခိုက်ရေးကို ပိုမိုကျွမ်းကျင်သည်။ သို့သော်လည်း ပန်းပဲပညာ “သွေး”ရှိသော တောင်နေလူပုမျိုးနွယ်ဝင် ဖြစ်သည်။ လူသား၏ “သက်သေ”ကို မပြရသော်လည်း လူပုဘုရင်က သဘောပေါက်သွားလေပြီ။