ပြိုင်ပွဲ
Vol. 42 Ch. 647
လာရောက်လည်ပတ်သည်ဟူသော အကြောင်းပြချက်ဖြင့် မြို့တော်ဝန် ခရော့နှင့် လော့ဒ်-ဝေလီတို့က အရန် အလင်းစစ်သည်တော်ကိစ္စကို အသုံးချကာ ဆိုလန်တွန်အား အယ်လီဇာ အရှေ့တွင် တိုက်ခိုက်လေသည်။ ဆိုလန်တွန်က ၎င်းကို ကြိုမတွက်ထားမိခဲ့ပေ။ အကြီးအကဲက အလုပ်လာရောက်စစ်ဆေးစဉ် လက်အောက်ငယ်သားများက လုပ်စရာရှိသည်များကို အပတ်တကုန် ပြင်ဆင်ထားခဲ့ပြီ ဖြစ်သော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က လူပုံအလယ် စွပ်စွဲအပြစ်တင်လိုက်သလိုမျိုး ဖြစ်နေသည်။ ထိုခံစားချက်က အလွန်ပင် ဒေါသထွက်စရာ ကောင်းလှပေသည်။
အမှန်တကယ်၌ ဆိုလန်တ်ွန်က နဂိုကတည်းက ခရော့နှင့် ဝယ်လီတို့နှင့်အတူ သဘောတူညီချက် ရထားပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက်က ယခုမှသာ ရုတ်တရက် ဘက်ပြောင်းသွားပြီး သူ့ကို အလစ်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ သင်းအုပ်ဆရာကို ပို၍ပင် ထိတ်လန့်ပြီး ဒေါသထွက်သွားစေသည်မှာ သူ အယုံကြည်ရဆုံးသော အလင်းစစ်သည်တော် ဗိုလ်ခြေခေါင်းဆောင် တန်နီစီအိုက သူ့ကို ဆင်ခြေပေးရန် အကြောင်းပြချိန် မပေးဘဲ အရေးကြီးဆုံး အခိုက်အတန့်၌ သစ္စာဖောက်သွားခြင်းပင်။
ဆိုလန်တွန်က ဆန်နီစီအိုအား အဆက်အသွယ်များ အသုံးချပြီး အမြဲပင် ဂရုစိုက်ကာ လမ်းပြပေးခဲ့သည်။ ဆယ်စုနစ် တစ်ခုကျော်ကြာအောင် သူတို့နှစ်ယောက် ပူးပေါင်းခဲ့ကြပြီး ဥယျာဉ်မြို့တော်ထဲ၌ အစီအစဉ်တကျ စီမံခဲ့ကြသည်။ ယုတ်စွအဆုံး ကြီးကြီးမားမား ပြဿနာများ မရှိကြပေ။ သူ၏ “နိုင်ငံရေးစွမ်းဆောင်ရည်”က အတော်လေး ကောင်းမွန်လှသည်။
လွန်ခဲ့သော သုံးလေးရက်က ဆိုလန်တွန်သည် အလောင်းအလျာ နေရာအတွက် တန်နီစီအိုထံသွားကာ ပြောကြားခဲ့သည်။ အခြေအနေတစ်ခုလုံးနှင့် ဆက်နွှယ်နေကြောင်း ကြားသောအခါ တန်နီစီအိုက တပည့်ဖြစ်သူ လိုဒန်အား လက်လျှော့ခိုင်းမည်ဟု ချက်ချင်းပင် သဘောတူခဲ့သည်။ ဆိုလန်တွန်က အားနာသွားပြီး အကျိုးအမြတ် အများအပြားကို ကတိပေး ခဲ့သည်။ မမျှော်လင့်ဘဲနှင့် ယနေ့ အဆိုးဝါးဆုံး အခိုက်အတန့်တွင် တန်နီစီအို ရုတ်တရက် ပေါ်ထွက်လာကာ သူ့ကို နောက်ကျောမှဓားနှင့် ထိုးသွားခဲ့လေ၏။
တန်နီစီအို၏ မျက်နှာမှ ကောက်ကျစ်သော အပြုံးကို မြင်ရသည့်အခါ ဆိုလန်တွန်က နောက်ဆုံး၌ သဘောပေါက်သွားခဲ့သည်။ ဒီကိစ္စရဲ့ ဗဟိုချက်က မြို့တော်ဝန် မဟုတ်ဘူး၊ လော့ဒ်-ဝေလီ မဟုတ်ဘူး။ တန်နီစီအိုပဲ။
ဘာလို့ မြို့တော်ဝန် ခရော့နဲ့ လော့ဒ်-ဝေလီတို့က အယ်လီဇာ ရောက်လာမယ့် အချိန် အတိအကျကို ဒီလောက်မြန်မြန် သိရတာလဲ။ သူတို့က ဘာလို့ ဘက်ပြောင်းသွားပြီးတော့ အလောင်းအလျာကိစ္စကို တစ်ချိန်တည်း ပြောကြတာလဲ။ ဒါက ဟိုးကရင်ကတည်းက ပြင်ဆင်ထားတဲ့ လျို့ဝှက်ပူးပေါင်းကြံစည်မှုပဲ။
အလောင်းအလျာကိစ္စအကြောင်း ဆင်ခြေပေးစရာ မရှိသည့်တိုင် အခြား မတော်တဆမှုများ ရှိလာနိုင်ပေသည်။ သူတို့၏ ရည်ရွယ်ချက်က ဥယျာဉ်မြို့တော်၏ ကျောင်းတော်ကို အယ်လီဇာ အရှေ့ (ဆာ-ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာအရှေ့)တွင် အသရေဖျက်ရန်နှင့် တာဝန်ယူထားရသော ဆိုလန်တွန်ကို အသေရဖျက်ရန် ဖြစ်ပေသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ ပြဿနာများက သာမန်မျှသာ ဖြစ်သည်။ သို့သော်လည်း ယခုတွင် ကျောင်းတော်၌ အတွင်းရေးရာထူးများ အရေးတကြီး ပြောင်းလဲတော့မည် ဖြစ်သည်။ ထိုကဲ့သို့ အရေးပါသောအချိန်၌ မည်သည့် အသေစိတ်မဆိုက အနာဂတ်ကို ထိခုက်စေနိုင်ပေသည်။
ဆိုလန်တွန်ဖြစ်စေ၊ တန်နီစီအို၏ သစ္စာဖောက်မှုကဖြစ်စေ၊ အားလုံးမှာ အထက်လူကြီး လက်ထဲမှ နယ်ရုပ်မျှသာ ဖြစ်ကြသည်။ ထိုလျို့ဝှက်ပူးပေါင်းကြံစည်မှုကလည်း ခြယ်လှယ်သော ကစားပွဲတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း နယ်ရုပ်များအနေဖြင့် ကျရှုံးခြင်းက စွန့်ပစ်ခံရခြင်းပင်။ ထို့ကြောင့် သူ နောက်ဆုတ်၍ မရနိုင်ပေ။
တန်နီစီအိုက သူထိုးထားသော ဒဏ်ရာပေါ်၌ ဆားဖြူးတော့သည်။ “အလင်း စစ်သည်တော်က တရားမျှတမှုနဲ့ စည်းကမ်းရှိမှုကို ကိုယ်စားပြုတယ်။ ကျုပ်က အလင်းနတ်ဘုရား ရုပ်ထုအရှေ့မှာ သစ္စာဆိုထားတာဆိုတော့ ဒါကို စောင့်ထိန်းရမယ်။ အခုလို တရားမျှတမှုကို အလွဲသုံးစားလုပ်နေတာ မြင်ရတော့ အာဏာပိုင်တွေကနေ ခြိမ်းခြောက်မှုတွေ ခံရပေမဲ့ တိတ်တိတ် မနေနိုင်တော့ပါဘူး။”
ဥယျာဉ်မြို့တော်သို့ ရောက်လာစဉ် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အယ်လီဇာ မထင်မှတ်ထားခဲ့ပေ။ သူက ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ “ဘာတွေ ဖြစ်နေတာလဲ။”
“မစ်-အယ်လီဇာ။ ဒါကို သေချာစဉ်းစားရန် နားလည်လာမှာပါ။” ဆိုလန်တွန်က စိတ်ကို အေးအေးထားလိူက်သည်။ “ဒါက သာမန်အကောက်ကြံတာ မဟုတ်ပါဘူး။ ဥယျာဉ်မြို့တော်ရဲ့ ကျောင်းတော်ကို လျို့ဝှက်ကြံစည်တာပဲ။ ဒီထဲမှာ အတွင်းရေးအဖွဲ့ဝင်တစ်ယောက် ပါနေတာကို စိတ်မကောင်း ဖြစ်မိပါတယ်။ ပြီးတော့လည်း သူတို့က ကျုပ်ရဲ့ အယုံကြည်ရဆုံး သူတွေထဲက တစ်ယောက်ပဲ။ ဒါက တန်နီစီအို စီစဉ်ထားတဲ့ အကြံအစည်တစ်ခုပဲ။”
တန်နီစီအို သေချာပြင်ဆင်ထားခဲ့သည့်အတွက် ချက်ချင်းပင် ပြန်ပြောသည်။ “မစ်-အယ်လီဇာ သိမှာတော့ မဟုတ်ဘူး။ ဒီ “ရစ်ချက်”ဆိုတဲ့သူက မပြည့်ဝတဲ့သူပဲ။ သူက ဆိုလန်တွန်ရဲ့ ဝမ်းကွဲကို တွယ်တက်ဖို့အတွက် ဘယ်လောက်တောင် လာဘ်ထိုးခဲ့လဲ မသိဘူး။ ဥယျာဉ်မြို့တော်ရဲ့ ကျောင်းတော်က အကြံပြုတဲ့ တစ်ဦးတည်းသော အလောင်းအလျာ ဖြစ်လာခဲ့တယ်။ တကယ့် အင်အားကြီးတဲ့သူတွေ အားလုံးကို ဆိုလန်တွန်က လှည့်စားပြီးတော့ ငြင်းပယ်ခဲ့တယ်။ ကျုပ်ပြောတာက အမှန်တွေပဲ ဆိုတာကို အသက်နဲ့ရင်းပြီး အာမခံနိုင်ပါတယ်။ မစ်-အယ်လီဇာ။ ဒီဂုဏ်ကျက်သရေ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ လောကနဲ့ တပ်မက်မှုကို ဖော်ထုတ်ပြီးတော့ တရားမျှတမှု ဆောင်ရွက်ပေးပါ။”
“ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။” အယ်လီဇာက ခဏတာ ပြောစရာ မဲ့နေခဲ့သည်။ “ရှင်တို့ ပြောတာတွေက အဓိပ္ပာယ် ရှိတဲ့ပုံပဲ....”
“ရိုးရှင်းပါတယ်။” တန်နီစီအိုက ယုံကြည်ချက်ရှိသော အမူအရာ ပြသလိုက်သည်။ “အမှန်တရားက အားလုံးကို သက်သေပြနိုင်တယ်။ အလောင်းအလျာ ၄ယောက်က အားလုံး အရှေ့မှ ယှဉ်ပြိုင်မယ်ဆိုရင် အမှန်တရား ပေါ်လာမှာပါ။”
“အဲဒီလိုမျိုးလား....” အယ်လီဇာက ဂျိုအန်နာအား ကြည့်လိုက်သည်။ ဂျိုအန်နာကလည်း အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်သည့်အတွက် အယ်လီဇာကို ခေါင်းညိတ်ပြသည်။
အခြေအနေကို စောင့်ကြည့်နေသော ပေါလ်က ချက်ချင်းပင် စကားပြောလိုက်သည်။ “အနိုင်ရတဲ့သူက အားလုံးကိုရမယ်။ ခွန်အားက ယုံကြည်နိုင်စရာ အကောင်းဆုံးပဲ။”
ထိုစကားက ဆမ်မြူရယ်အား ရေးရေးလေး ညွှန်းဆိုခြင်း ဖြစ်သည်။ ၎င်းက ဂျိုအန်နာ၏ နားထဲ၌ အတော်လေး ခက်ထန်နေခဲ့သည်။ သူက နှာမှုတ်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။
ပေါလ်က နဂါးလင်းလက်အင်ပါယာ၏ ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သိဒ္ဓိ အလင်းတောင် နတ်ဘုရားကျောင်း စစ်သည်တော်တစ်ယောက်လည်း ဖြစ်သည်။ သူပြောသည်က အတော်လေး သြဇာသက်ရောက်မှု ရှိလေသည်။ တန်နီစီအိုနှင့် အခြားသူများက ပျော်ရွှင် သွားကြသည်။
အယ်လီဇာက ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး ခေါင်းညိတ်သည်။ “ဒီလိုဆိုမှတော့ ငါတို့ တစ်ခေါက်လောက် ပြိုင်ကြပါစေ။ သိဒ္ဓိမိန်းမပျို ပေထားတဲ့ အခွင့်အရေးကို သုံးပြီးတော့ အနိုင်ရရှိသူကို အရန် အလင်းစစ်သည်တော်အဖြစ် တစ်ခါတည်း ခန့်အပ်ပေးမယ်။ အရှုံးသနားတွေကတော့ အရည်အချင်း ရှိမယ်ဆိုရင် ကျွန်မရဲ့ဦးလေးကို ပြောပြီးတော့ ဥယျာဉ်မြို့တော်အတွက် အလောင်းအလျာနေရာတိုးအောင် အကြံပြုပေးမယ်။ အဲဒါကြောင့် အားလုံးက အရည်အချင်း အစစ်အမှန်တွေ ပြသဖို့ မျှော်လင့်ပါတယ်။”
ထိုစကားများ ထွက်လာသည်နှင့် အိုမီနှင့် မက်တို့၏ မျက်လုံးများက တစ်ချိန်တည်း အရောင်တောက်သွားကြသည်။
တန်နီစီအိုက အရိုအသေ ပြုလိုက်သည်။ “မစ်-အယ်လီဇာက ဉာဏ်ပညာ ကြီးမြတ် ပါပေတယ်။ ဒါပေမဲ့ ဒီနေရာက ယှဉ်ပြိုင်ဖို့ မသင့်တော်ဘူး။ ကျောင်းတော်ရဲ့ တိုက်ပွဲပြိုင်ကွင်းကို သွားဖို့ အကြံပြုတယ်။ ဆိုလန်တွန်။ မင်းမှာ ငြင်းစရာ မရှိဘူး မဟုတ်လား။”
“ဟမ့်။ ဒါပေါ့။ ငြင်းစရာ မရှိဘူး။” ဆိုလန်တွန်နှင့် မာနာတို့က မကျေနပ်သော မျက်နှာများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ အခုတွင် သူတို့က လမ်းတစ်ဝက်၌ မရပ်တန့် နိုင်တော့ပေ။ သူတို့က တစ်ချိန်တွင် ခြေတစ်လှမ်းသာ လှမ်း၍ ရနိုင်ပေသည်။
ကျောင်းတော်၏ တိုက်ပွဲပြိုင်ကွင်းက စင်ပေါ်မှ အားလုံးကို သေသေချာချာ မြင်နေရသော ပရိသတ်ထိုင်ခုံများ ဝိုင်းရံနေသည့် ပြိုင်ကွင်းတစ်ခု ဖြစ်ပေသည်။
လူငယ်တစ်ယောက်က တန်နီစီအို ဘေးနားတွင် ပေါ်ထွက်လာသည်။ ထိုသူက သူ၏ တပည့် တန်နီစီအိုဖြစ်ပြီး အသက်၂၀ဝန်းကျင် ဖြစ်သည်။ သူက ဓားပြားတစ်လက် သယ်ထားပြီး အကြည့်က အတော်လေး ခက်ထန်နေလေသည်။
ဆိုလန်တွန်က အတင်းအကြပ် မျက်မှောင်ကြုတ်လိုက်သည်။ “အိုမီနဲ့ မက်ကို ဘေးဖယ်ထားဦး။ ဒီ လိုဒန်က မရိုးရှင်းဘူး။ သူက မယုံနိုင်စရာ အလားအလာရှိတဲ့ ယန်ရှောင် အင်ပါယာက လူငယ်ပါရမီရှင် တစ်ယောက်ပဲ။ သူက တန်နီစီအိုဆီကနေ အားလုံးကို ဆက်ခံထားတယ်။ သူက ဆရာသခင်အဆင့် ရောက်နေတာ ၄နှစ်ရှိပြီ။ သူက ကြောက်စရာ ကောင်းတဲ့ သွေးမြူသူခိုးဓားပြဂိုဏ်းကို တစ်ယောက်တည်း နှိမ်နင်းခဲ့တဲ့အတွက် နာမည်ကြီးနေခဲ့တာ။ သူ့ရဲ့ တကယ့်တိုက်ခိုက်စွမ်းရည်နဲ့ အတွေ့အကြုံက အတော်လေး ကြောက်ဖို့ကောင်းတယ်။”
ဒါပေမဲ့ “ရစ်ချက်”က ဆရာသခင်အဆင့် ဖြစ်တာတောင် သူ့ရဲ့ အထူးစွမ်းရည်က သားရဲထိန်းကျောင်းတာပဲ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက လိုဒန်လောက် မကောင်းမှာ အသေအချာပဲ။ အခု သူက လက်ရှိအဆင့်ကို ကျော်လွန်နိုင်တဲ့ အံ့သြဖွယ်ရာတွေကို လုပ်နိုင်ဖို့ပဲ ဆုတောင်းရမယ်။
အလောင်းအလျာ သုံးယောက်က တိုက်ပွဲပြိုင်ကွင်းသို့ တစ်ယောက်ချင်း လမ်းလျှောက်လာပြီး အားလုံးက ကြည့်နေကြလေသည်။ “ရစ်ချက်”က နောက်ကျနေဟန် တူသည်။
အယ်လီဇာအတွက် အံ့အားသင့်စရာပင် “ရစ်ချက်”၏ ပုခုံးပေါ်၌ သိမ်းငှက်အသေးလေး တစ်ကောင် ရှိနေပြီး သူ့နောက်မှ လေကျားသစ်တစ်ကောင် လိုက်လာနေသည်။
ချန်လွေ့က အဝေးမှ အယ်လီဇာကို အရိုအသေ ပြုလိုက်သည်။ “မစ်-အယ်လီဇာ။ ကျုပ်က သားရဲထိန်းကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့် ကျုပ်ရဲ့ အပေါင်းအဖော်တွေနဲ့အတူ တိုက်ခိုက်ခွင့်ပြုပါ။”
“ရစ်ချက်က သားရဲ ထိန်းကျောင်းတဲ့သူကိုး။” အယ်လီဇာက ရုတ်တရက် စိတ်ဝင်စားသွား၏။ “ရတာပေါ့။”
သူတို့၄ယောက်လုံးက ပြိုင်ကွင်းထဲ၌ ရပ်နေကြသည်။ အတိအကျပြောရလျှင် နောက်ထပ် သားရဲနှစ်ကောင်လည်း ရှိနေသည်။ အဲ...ငှက်တစ်ကောင်နဲ့ သားရဲတစ်ကောင်ပေါ့။
ထိုပြိုင်ပွဲ၏ စည်းမျဉ်းများမှာ အလွန်ပင် ရိုးရှင်းပေသည်။ ၄ယောက်လုံးက အချင်းချင်း တိုက်ခိုက်ရမည်ဖြစ်ပြီး ပြိုင်ကွင်းမှ ထွက်သွားသူ သို့မဟုတ် အရှုံးပေးသူက ရှုံးနိမ့်မည် ဖြစ်သည်။ အဆုံး၌ ပြိုင်ကွင်းထဲတွင် ရပ်နေနိုင်သူက အနိုင်ရရှိမည် ဖြစ်သည်။
ချန်လွေ့က ဆိုလန်တွန် ယခင်က ညွှန်ကြားခဲ့သည်များကို ပြန်တွေးလိုက်သည်။ “လိုဒန်က စွမ်းအားကြီးလွန်းတယ်။ သူနဲ့ ထိပ်တိုက် မရင်ဆိုင်ရအောင် ကြိုးစား။ အိုမီနဲ့ မက်ကို ပြိုင်ကွင်းကနေ ထွက်သွားအောင် အရင်လုပ်။ ပြီးတော့ မင်းအစွမ်းတွေ သုံးပြီးတော့ ခဏလောက် တောင့်ခံထား။ ရှုံးရင်တောင် ဒါက အတော်လေးကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုပဲ။”
စွမ်းအားကြီးလွန်းတယ်တဲ့လား။ ထိုအသုံးအနှုန်းက ချန်လွေ့က ရယ်စရာပင် ဖြစ်သည်။ အခုလက်ရှိလူတွေထဲမှာ ငါမျက်လှံးထဲမြင်တာ နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က ပေါလ်။ သူ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းပဲ။ ပေါလ်နှင့် ဆမ်မြူရယ်တို့က နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းများ ဖြစ်ကြသော်လည်း ပေါလ်က ဆမ်မြူရယ်ထက် အစွမ်းပိုကြီးပြီး အလတ်ပိုင်းသို့ ချဉ်းကပ်နေပြီဖြစ်ကြောင်း ချန်လွေ့ မြင်နေရသည်။ နောက်တစ်ယောက်မှာ အယ်လီဇာ ဖြစ်သည်။ သူ၏အပေါ်ယံစွမ်းအားက C အဆင့်သာ ဖြစ်သော်လည်း တကယ့်စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် အလယ်ပိုင်းဖြစ်သော A အဆင့် ဖြစ်နေသည်။ သူက ပေါလ်ထက်တောင် ပိုအစွမ်းထက်တယ်။ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက A+ အဆင့်ကို ရောက်နေပြီ။ ဒီကောင်မလေးက တကယ်ပဲ သိဒ္ဓိမိန်းမပျိုရဲ့ တပည့် ဖြစ်ထိုက်တယ်။
လိုဒန်ရဲ့ အစွမ်းမှာမူ C- သာဖြစ်ပြီး နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသာ ဖြစ်သည်။ အခြားနှစ်ယောက်မှာ E နှင့် E- တို့သာ ဖြစ်ရာ မပြောပလောက်ပေ။
သို့သော်လည်း ဆိုလန်တွန်က သားရဲထိန်းကျောင်း အစွမ်းရှိသော ချန်လွေ့ကို အမှန်တကယ် တန်ဖိုးထားသည်။ သူက ချန်လွေ့အား အသက်ကယ် စာလိပ်နှစ်လိပ် ပေးခဲ့သည်။
ပေါလ်က ဒိုင်ဖြစ်ကြောင်း ကြေညာပြီးနောက် ပြိုင်ပွဲ စတင်တော့သည်။
လုံးဝနီးပါး တိုက်ဆိုင်စွာပင် အိုမီ၊ မက် နှင့် လိုဒန်တို့အားလုံးကို ချန်လွေ့ကို တိုက်ခိုက်လာကြသည်။
“ဒါက မတရားဘူး။ သူတို့အားလုံးက ရစ်ချက်ကိုပဲ တိုက်ခိုက်နေကြတယ်။” ဆိုလန်တွန်က ရုတ်ချည်း မတ်တပ်ရပ်လိုက်သည်။ “ဒါက ကြိုပြီးတော့ ပြင်ဆင်ထားတာပဲ။”
“ဆာ-ဆိုလန်တွန်။ ဒီလိုတိုက်ပွဲမျိုးနဲ့ ပတ်သက်လာရင် ခင်ဗျားက လုံးဝကို သာမန်လူ တစ်ယောက်ပဲ။ ပြောရမယ်ဆိုရင် အနီးကပ်တိုက်ပွဲမှာ ပထမဆုံးပြုတ်မှာက အားအနည်းဆုံး လူပဲ။ ဆိုးလိုက်တာ။ ရစ်ချက်က အတော်လေး အားနည်းတဲ့ပုံပဲ။” တန်နီစီအိုက ချက်ချင်းပင် သူ့ကို ပြန်ပြောလိုက်သည်။ အမှန်တကယ်၌ သူက အယ်လီဇာထံ ရှင်းပြနေခြင်း ဖြစ်သည်။
လိုဒန်က အိုမီနှင့် မက်တို့နောက်တွင် နေနေခဲ့သည်။ သူက ထိုနှစ်ယောက်ကို စိတ်ထဲ၌ အမှန်တကယ် ရွံရှာသည်။ သို့သော်လည်း “ရစ်ချက်”၏အစွမ်းကို မသိရသေးသည့်အတွက် ထိုငတုံးနှစ်ယောက်အား ဦးဆောင်စေလိုက်သည်။
ချန်လွေ့ဘေးမှ လေကျားသစ်က ဟိန်းဟောက်ပြီး စတင်တိုက်ခိုက်သည်။ အိုမီနှင့် မက်တို့က တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားကြပြီး ပုံရိပ်တစ်ခုက သူတို့ထံ အလျင်အမြန် ရောက်လာသည်ကို မြင်လိုက်ရသည်။ ရှေ့တွင် ရှိနေသော အိုမီက သိမ့်သိမ့်တုန်သွားပြီး အလျင်အမြန်ပင် နောက်ဆုတ်လိုက်သည်။ သူက “မဟာမိတ်” လိုဒန်သည် ထိုလေကျားသစ်ကို ကာကွယ်ရန် ကူညီပေးမည်ဟု ထင်ခဲ့သည်။ သို့သော်လည်း နောက်လှည့်ကြည့်သောအခါ လိုဒန် မရှိတော့ပေ။
သူ့ကို လေကျားသစ် ခုန်အုပ်တော့မည်ကို မြင်သောအခါ အိုမီက ချက်ချင်းပင် အရှိန်မြန် စာလိပ်ကို အသက်သွင်းလိုက်သည်။ သူ၏အမြန်နှုန်းက ရုတ်တရက် နှစ်ဆတိုးသွားသော်လည်း လေကျားသစ်ကို တိုက်ခိုက်ရန် မရွေးချယ်ခဲ့ဘဲ မက်ထံသို့ ပစ်မှတ်အာရုံလွှဲရန်အတွက် အမြန်ပြေးသွားတော့သည်။
အိုမီ၏အကြံကို မြင်သွားသော မက်ကလည်း စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ သူက မှော်ပညာ လေ့ကျင့်သူတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအား သုညနီးပါး ဖြစ်သည်။ သူက လေကျားသစ်၏ တိုက်ခိုက်မှုကို လုံးဝ မခံနိုင်ပေ။ အိုမီ အောင်မြင်သွားသည်နှင့် သူက မသေသည့်တိုင် အပြင်းအထန် ဒဏ်ရာရသွားမည် ဖြစ်သည်။
မက်က အသည်းအသန်ပင် အိုမီကို [ အရှိန်လျှော့ ] အစွမ်း သုံးလိုက်သည်။ လေကဲ့သို့ လှပသော ပုံရိပ်က ရုတ်တရက် နှေးကွေးသွားသည်။ မက်က ထိုအခွင့်အရေးကို အသုံးချပြီး အိုမီနှင့် ဝေးဝေး နေလိုက်သည်။ ယခုတစ်ခေါက် လေကျားသစ်က အိုမီနှင့် နီးကပ်လာပြန်သည်။
“ခွေးကောင်...” အိုမီက အော်ပြောလိုက်သည်။ သူက အလျင်အမြန်ပင် စာလိပ်များကို ပစ်ထုတ်လိုက်သည်။ ပေါက်ကွဲမှုများ ဖြစ်သွားပြီးနောက် လေကျားသစ် တိုက်ခိုက်မှုကို ယာယီ ခုခံလိုက်နိုင်သည်။
မက်၏ မှော်စွမ်းအားက အကန့်အသတ် ရှိသော်လည်း သူ့တွင် မှော်စာလိပ် အများပြား ရှိနေသည်။ သူက အိုမီနှင့် စကားများနေရင်း အချင်းချင်း စာလိပ်များဖြင့် ပစ်ပေါက်တော့သည်။ ချန်လွေ့၏ တမင်တကာ ထိန်းချုပ်မှုအောက်တွင် လေကျားသစ်က အခွင့်ကောင်းယူကာ အပြင်းအထန် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား တိုက်လိုက် ရပ်လိုက် လုပ်နေသည့်အတွက် ထိုမြင်ကွင်းကို ပို၍ပင် စိတ်လှုပ်ရှားစရာ ဖြစ်သွားစေတော့သည်။
ဝတုတ် မြို့တော်ဝန်နှင့် လော့ဒ်တို့က ထိုကဲ့သို့ မြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ မျက်နှာအနည်းငယ် ပျက်သွားကြသည်။
ထိုအချိန်၌ ဆိုလန်တွန်၏ ထေ့ငေါ့သောလေသံ ထွက်လာ၏။ “ကျုပ်က တကယ်ပဲ တိုက်ခိုက်တာ မတော်ပါဘူး။ ဒါပေမဲ့ ဒီလို မယုံနိုင်စရာကောင်းတဲ့ စာလိပ်တိုက်ပွဲကို အခုမှ မြင်ဖူးတယ်။ ပြီးတော့လည်း ဒါက အလင်းစစ်သည်တော်“လောင်း” နှစ်ယောက်ကြားမှာ ဖြစ်နေတယ်။”
ယခုတွင် မစ်-အယ်လီဇာက ထိုစကားများကို နားမထောင်အားပေ။ သူက အိုမီနှင့် မက်တို့၏ “ပြင်းထန်သောတိုက်ပွဲ”ကို စိတ်ပါလက်ပါနှင့် ကြည့်နေ၏။ “အထွတ်အထိပ်”အတွင်း သူက မထိန်းနိုင်တော့ဘဲ ဗိုက်ကိုကိုင်ကာ ရပ်တော့သည်။
ပရိသတ်အများစု၏ မျက်လုံးများက ချန်လွေ့နှင့် လိုဒန်တို့ကို အာရုံစိုက်ထားကြသည်။ လူပြက်နှစ်ယောက်နှင့်ယှဉ်လျှင် ထိုပါရမီရှင်နှစ်ယောက်က တကယ့် ဇာတ်လိုက်များ ဖြစ်ကြပေသည်။
ချန်လွေ့နှင့် လိုဒန်တို့ တိုက်ပွဲမှာလည်း ပြေးလိုက်နေခြင်း ဖြစ်သည်။ လိုဒန်က အသာစီး ရနေ၏။ သူက ချန်လွေ့အား လက်ထဲမှ ဓားပြားဖြင့် လေမုန်တိုင်းကဲ့သို့ အနီးကပ် လိုက်နေသည်။ တိုက်ပွဲပြိုင်ပွဲက မှော်အစီအရင်များ ပြုလုပ်ထားသော်လည်း အလွန်ကြီးမားသော ဖိအားကြောင့် ကြမ်းပြင်ပေါ်မှ အက်ကြောင်းများ ပေါ်လာသည်။
လိုဒွန်၏ တိုက်ခိုက်မှုများက အလွန်ပင် ပြင်းထန်လှသည်။ ခုတ်ချက်တစ်ခုတိုင်းက အရေးပါသော အစိတ်အပိုင်းများကို ချိန်ထားခြင်း ဖြစ်သည်။ အကယ်၍ ချန်လွေ့က အပေါ်ယံ စွမ်းအားအတိုင်း ရှိမည်ဆိုလျှင် တစ်ချက်တည်းဖြင့် ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။
အရေးနိမ့်နေသော ချန်လွေ့က ဆက်လက်နောက်ဆုတ်နေပြီး နီးနီးကပ်ကပ် ရှောင်တိမ်းနေခဲ့သည်။ မိုးကြိုးငှက်ငယ်လေးကလည်း ကြောက်လန့်နေသကဲ့သို့ပင် သူ့ပုခုံးပေါ်၌ လှုပ်ရှားမှုမရှိဘဲ ရပ်နေလေသည်။
တန်နီစီအိုက သေချာနိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် ပြုံးနေခဲ့သည်။ လိုဒန်က ပါရမီရှင် ပေါလ်ကို မယဉ်နိုင်ပေမဲ့ သူ့ရဲ့ အလားအလာက ယန်ရှောင်အင်ပါယာမှာ အကောင်းဆုံးပဲ။ နောက် သုံးလေးနှစ်မှာ သူက ငါ့ကိုတောင် ကျော်နိုင်လိမ့်မယ်။ သားရဲထိန်းကျောင်းတဲ့သူက ဘာမှ မဟုတ်ဘူး။
လိုဒန် အော်ဟစ်လိုက်ရာ လက်ထဲမှ ဓားပြားက ပြင်းထန်သော အဝါရောင်အလင်း ပေါက်ကွဲထွက်သွားသည်။ ထက်မြက်လှသော ချီစွမ်းအင်က ကောင်းကင်သို့ ပေါက်ကွဲထွက် သွားပြီးနောက် ဟန်ချက်မညီသေးသော ချန်လွေ့ကို ခုတ်ပိုင်းလိုက်သည်။ အနီးကပ်လာကြောင်း မြင်သည့်အခါ ချန်လွေ့က အကြံတစ်ခု ရသွားသည်။ သူက နေရာတွင်ပင် လှိမ့်ချလိုက်ပြီး ထိုတိုက်ကွက်ကို ကပ်တိုးလေး ရှောင်လိုက်နိုင်သည်။ ထိုခုတ်ပိုင်းမှုကြောင့် ကြမ်းပြင်ပေါ်၌ ၁၀မီတာ အရှည်ရှိသော အက်ကြောင်းတစ်ခု ပေါ်လာလေသည်။ ငှက်လည်း ချန်လွေ့ လှိမ့်နေခြင်းကြောင့် ပျံသန်းသွားခဲ့သည်။
လိုဒန်က နောက်လိုက်ရန် ပြင်လိုက်စဉ် ရှေ့မှ တုန်ခါနေသော အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။ ပြင်းထန်သော အလင်းရောင်က သူ့မျက်လုံးကို စူးသွားစေပြီးနောက် သူ့မျက်လုံးများ ယာယီ မဖွင့်နိုင်တော့ပေ။ [ အလင်းဖြာမီး ] လား။
[ အလင်းဖြာမီး ] ဆိုသည်မှာ အဆင့်အနိမ့်ဆုံးသော အလင်းဒြပ်စင် မှော်ပညာ ဖြစ်သည်။ ၎င်းက အဓိကအားဖြင့် ရန်သူ၏ အမြင်အာရုံကို နှောင့်ယှက်ရန်အတွက် တလက်လက် အလင်းရောင် ထုတ်ပေးခြင်း ဖြစ်သည်။ ခဏကြာသည်အထိ ပရိသတ်များ၏ မြင်ကွင်းလည်း ကွယ်သွားခဲ့သည်။
ရုတ်တရက် မျက်လုံးမှိတ်ထားသော လိုဒန်က အန္တရာယ်တစ်ခု လေးလေးနက်နက် ခံစားလိုက်ရသည်။ သူက ၎င်းက ဓားဖြင့် ချက်ချင်း ခုခံလိုက်သည်။
“ဇက်ဇက်....” ထိုတိုက်ခိုက်မှုက အမှန်တကယ်၌ လျှပ်စီးကြောင်း ဖြစ်နေပြီး လိုဒန် တစ်ကိုယ်လုံး ရုတ်တရက် တွန့်သွားလေသည်။ လျှပ်စီးစွမ်းအားက မသေစေနိုင်သော်လည်း သူ့ကို ယာယီ မလှုပ်ရှားနိုင် ဖြစ်သွားစေသည်။
ထို့နောက် ချက်ချင်းမှာပင် အန္တရာယ် အာရုံ မြင့်တက်လာပြန်သည်။ လိုဒန်ကို ကြက်သေသေသွားစေသည်မှာ ထိုတစ်ခုက ယခင်က အဆ၁၀၀ ပိုမို အစွမ်းထက်နေခြင်းပင်။
တလက်လက် အလင်းရောင်များအတွင်း လိုဒန် အော်ဟစ်လိုက်သည်။ တန်နီစီအို၏ ဘဝင်ခိုက်နေသော အပြုံးကလည်း ချက်ချင်းပင် အေးခဲသွားခဲ့သည်။
အလင်းရောင်များ ကွယ်ပျောက်သွားသောအခါ လိုဒန်က ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေပြီး လက်နှစ်ဖက်ဖြင့် မျက်လုံးကို အုပ်ထားကာ သနားစရာကောင်းအောင် အော်နေတော့သည်။
ချန်လွေ့ ထရပ်လိုက်ပြီး အပြင်းအထန် မောဟိုက်နေလေသည်။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှ တစ်ဝက်ပြတ်နေသော သားရေချပ်ကာကို ကြည့်ခြင်းအားဖြင့် သူ ရှောင်ရန် အနည်းငယ် နောက်ကျသွားခဲ့လျှင် ဒုက္ခကြီးသွားပေလိမ့်မည် ဖြစ်သည်။ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ မိုးကြိုးငှက်ငယ်လေးက ချွန်ထက်လှသော နှုတ်သီးမှ သွေးများယိုစီးနေကာ ချန်လွေ့၏ ပုခုံးပေါ်မှ လက်မောင်းပေါ်သို့ ဆင်းလိုက်ခြင်းပင်။
“လိုဒန်...”
ထိုမြင်ကွင်းက တန်နီစီအိုအား ကြက်သေသေသွားစေသည်။ သူက မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ သူ၏ ပါရမီရှင်တပည့် လိုဒန်က အမှန်တကယ် ရှုံးနိမ့်သွားလေသည်။
၎င်းမှာ အရန် အလင်းစစ်သည်တော် ပြိုင်ပွဲ၌ ရှုံးနိမ့်သွားခြင်းသာမက နောက်ထပ် တိုက်ပွဲတစ်ခုလည်း ရှုံးနိမ့်သွားသွားခြင်းပင်။
ဆိုလန်တွန်နှင့် မာနာတို့ကလည်း ထပ်တူညီစွာပင် ကြက်သေသသွားကြသည်။ သူတို့ ကိုယ်တိုင်ပင် “ရစ်ချက်”အပေါ်၌ အကောင်းမမြင်ကြပေ။ သူက လွန်ဒန်ကို မယုံနိုင်စရာ ကောင်းလောက်အောင် အနိုင်ယူခဲ့တာပဲ။
“မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုမျိုး ညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးခဲ့တာလဲ။” တန်နီစီအိုက အော်ပြောလိုက်ပြီး စင်ပေါ်မှ ချန်လွေ့ထံ အပြင်းအထန် ပြေးဝင်လာသည်။
ချန်လွေ့က ခုနက တိုက်ပွဲကြောင့် ပင်ပန်းနေဟန်တူပြီး မရှောင်တိမ်းနိုင်ပေ။ ထိုအချိန်၌ ပေါလ်က တန်နီစီအို အရှေ့၌ ချက်ချင်း ပေါ်ထွက်လာသည်။ ပေါလ်၏ လှုပ်ရှားမှုများကို အားလုံး မမြင်နိုင်ခင်မှာပင် တန်နီစီအို၏ ခန္ဓာကိုယ်အကြီးကြီးက လွင့်ထွက်ပြီး ဆယ်မီတာကျော် အကွာအဝေးမှ နံရံကို ဝင်တိုက်သွား၏။ ထို့နောက် ကြမ်းပြင်ပေါ် ပြုတ်ကျကာ မထနိုင်တော့ဘဲ နံရံပေါ်၌ လူပုံစံအရာတစ်ခု ချန်ထားရစ်ခဲ့သည်။ ထိုနေရာက အက်ကြောင်းများကလည်း ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ပြသနေလေသည်။
“ခင်ဗျားက ပြိုင်ပွဲစည်းမျဉ်းကို လျစ်လျူရှုရဲတာလား။” ပေါလ်က လေထဲ၌ လွင့်ပျံနေရင်း အေးစက်စက် ပြောလိုက်သည်။ ထိုတိုက်ခိုက်မှုက သူ၏စွမ်းအားကို ကြွားရန်သာ ဖြစ်သည်။
အိုမီနှင့် မက်တို့က ယခုမှသာ ကျားသစ်လိုက်နေခြင်းမှ လွတ်မြောက်သွားပြီးနောက် လိုဒန် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသည့်အခါ ကြောက်လန့်သွားကြသည်။ ထိုမြင်ကွင်းက သူတို့ နှစ်ယောက်ကို ကြက်သီးများ ထသွားစေပြီး အချင်းချင်း ကြည့်လိုက်ကာ ပြိုင်ကွင်းမှ နှစ်ယောက်လုံး တပြိုင်နက်တည်း ခုန်ဆင်းသွားကြတော့သည်။
ချန်လွေ့ အော်လိုက်သောအခါ လေကျားသစ်က အိုမီနှင့် မက်တို့နောက် မလိုက်တော့ပေ။ ၎င်းက ကြမ်းပြင်ပေါ်၌ လူးလှိမ့်ပြီး အော်ဟစ်နေသော လိုဒန်ထံ တဖြည်းဖြည်း ချဉ်းကပ်လာ၏။
“ဆာ-ပေါလ်....” ချန်လွေ့က စွမ်းအား အနည်းငယ် ပြန်ရရုံသာ ရှိနေပြီး ပေါလ်ကို အရိုအသေ ပြုလိုက်သည်။ “ဒီတိုက်ပွဲက ဆက်တိုက်စရာ မရှိတော့ဘူး ထင်ပါတယ်။ ကျုပ်က စိတ်ပျော့တဲ့သူ မဟုတ်ပေမဲ့ ဒီမှာ မစ်-အယ်လီဇာနဲ့ လေးစားရတဲ့ မဒမ်လည်း ရှိနေတယ်။ သူတို့တွေကို မြင်မကောင်းတာတွေ မမြင်စေတာ ပိုကောင်းမယ်။”
“လေးစားရတဲ့မဒမ်”ဟူသော စကားက ပေါလ်၏ နှလုံးသားကို ကျေနပ်သွားစေသည်။ သူက ထို “သားရဲထိန်းကျောင်းသူ”ကိုကြည့်ရင်း ကျေနပ်နေသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ “တိုက်ပွဲပြီးပြီ။ အိုမီနဲ့ မက်တို့က အရှုံးပေးသွားပြီ။ လိုဒန်က ဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူး။ ဒီပွဲမှာ အနိုင်ရတဲ့သူက ရစ်ချက်ပဲ။”
ချန်လွေ့လည်း ပရိသတ်များကို အရိုအသေပြုပြီး ပြိုင်ကွင်းထဲမှ ထော့နဲ့ထော့နဲ့နှင့် လျှောက်သွားသည်။ ဆိုလန်တွန်နှင့် မာနာတို့က သူ့ကို အလျင်အမြန် နှုတ်ဆက်ပြီး အနားယူရန် ကူညီပေးကြသည်။ အထူးသဖြင့် ဆိုလန်တွန်က စိတ်ထဲ၌ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ပေ။
ဒီတစ်ခေါက်က ရစ်ချက်ရဲ့ ကျေးဇူးကြောင့်ပဲ။ သူက အရေးအကြီးဆုံး အခိုက်အတန့်မှာ ပြန်လာနိုင်ခဲ့သလို ပြိုင်ပွဲကိုလည်း အနိုင်ရခဲ့တယ်။ တန်နီစီအိုနဲ့ သူ့နောက်က အင်အားစုက ပူးပေါင်းကြံစည်မှုကိုလည်း နှိမ်နင်းနိုင်ခဲ့တယ်။ ဆိုလန်တွန် ပေးခဲ့တဲ့ [ အလင်းဖြာမီး ] စာလိပ် ကလည်း အရေးပါတဲ့ နေရာမှာ ပါဝင်ခဲ့တယ်။ ယုတ်စွအဆုံး ဆာ-မာနာက ထိုသို့ ထင်နေခဲ့သည်။
“ရစ်ချက်က အရေးအကြီးဆုံး အခိုက်အတန့်မှာ [အလင်းဖြာမီး] စာလိပ်ကို အသုံးပြီးတော့ မိုးကြိုးငှက်ကို လျှပ်စီးပါရမီ သုံးခိုင်းခဲ့တယ်။ လိုဒန်က လျှပ်စီးကြောင့် သွက်ချပါဒ ဖြစ်နေတုန်း အဲဒါက သူ့မျက်လုံးကို မျက်လုံးကန်းသွားစေခဲ့တယ်။” ပေါလ်က ချန်လွေ့ အနိုင်ရခဲ့သော နည်းဗျူဟာအား လူအများကို ရှင်းပြခဲ့သည်။ [ အလင်းဖြာမီး ] က ငါ့အမြင်ကို ကွယ်သွားပေမဲ့ ငါ့ရဲ့ သူတော်စင်အဆင့် စွမ်းအားနဲ့ဆိုရင် အာရုံခံစွမ်းရည်တွေအားလုံးကို သုံးပြီးတော့ ပြိုင်ကွင်းထဲက ဖြစ်သမျှ အရာအားလုံးကို သိနိုင်သေးတယ်။ ယုတ်စွအဆုံး ပေါလ်က ထိုကဲ့သို့ ထင်နေသည်။
အမှန်တကယ်၌ [ အလင်းဖြာမီး ]၊ လျှပ်စီးနှင့် မိုးကြိုးငှက် တိုက်ခိုက်မှုတို့က အပေါ်ယံသာ ဖြစ်သည်။ မိုးကြိုးငှက်က လိုဒန်နားကို မချဉ်းကပ်ခင် ချန်လွေ့၏စွမ်းအား တစ်စိတ်တစ်ပိုင်းက လိုဒန်၏ ခုခံမှုများကို ဖျက်ဆီးပြီးသွားပြီ ဖြစ်သည်။ သူ၏မျက်လုံးများက ထိုစွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရသည်ဟု ပြော၍ ရနိုင်ပေသည်။ အမှန်အတိုင်း ပြောရလျှင် လိုဒန်၏ တိုက်ခိုက်မှုက မရက်စက်ခဲ့လျှင် ချန်လွေ့က ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။ အတိုချုံး ပြောရမည်ဆိုလျှင် သူက အားလုံးအရှေ့၌ “ရစ်ချက်” နည်းလမ်းဖြင့် အနိုင်ယူနိုင်ခဲ့လေသည်။
အယ်လီဇာ ယခင်က ကတိပေးထားသည့်အတိုင်းဆိုလျှင် ချန်လွေ့က ယခုတွင် ထိုအကြံအစီနှင့် ခြေတစ်လှမ်း နီးလာပြီဖြစ်သော အရန် အလင်းစစ်သည်တော် ဖြစ်လာပြီ ဖြစ်၏။