အယ်လီဇာ
Vol. 42 Ch. 648
ထိုပြိုင်ပွဲရလာဒ်က မြို့တော်ဝန် ခရော့နှင့် လော့ဒ်-ဝယ်လီတို့ကို အံ့သြသွားစေသည်။ သူတို့က သူတို့၏ အလောင်းအလျာနှစ်ယောက် အနိုင်ရရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သို့သော်လည်း လုံးဝ ယုံကြည်ချက် ရှိနေသော လိုဒန်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ အသက်ဆက်ရှင်နိုင်သည့်တိုင် သူ၏ လက်ကျန်ဘဝက ပြီးဆုံးသွားလေပြီ။
ထိုအချိန်၌ ဆိုလန်တွန်က ပြောသည်။ “မစ်-အယ်လီဇာ။ ဒီကိစ္စက တန်နီစီအိုရဲ့ အကောက်ကြံတဲ့ ခြယ်လှယ်မှု တစ်ခုဆိုတာ ရှင်းနေပါပြီ။ မြို့တော်ဝန်နဲ့ လော့ဒ်-ဝယ်လီတို့က အလိမ်ညာခံခဲ့ရပြီးတော့ အသုံးချခံခဲ့ရတာပါ။”
ခရော့နှင့် ဝယ်လီတို့က ငတုံးများ မဟုတ်ကြပေ။ ဆိုလန်တွန်က သူတို့ကို ဆင်ခြေပေးရန် အကြောင်းရင်း ပေးနေသည့်အတွက် ထိုအချိန်၌ သူတို့က တန်နီစီအိုနှင့် ဝေးဝေးနေသည်က ပိုကောင်းပေလိမ့်မည်။ သူတို့က ဆိုလန်တွန်နှင့် အလျင်အမြန်ပင် သဘောတူလိုက်ပြီး တန်နီစီအိုအား သူတို့ကို လိမ်ညာသည့်အတွက် ဝေဖန်ပြောဆိုနေတော့သည်။
ဆိုလန်တွန်က အခွင့်အရေးကို အရယူပြီး တန်နီစီအိုကို အလင်းစစ်သည်တော် ခေါင်းဆောင် နေရာမှ ဖယ်ရှားပြီး အကျဉ်းချကာ စုံစမ်းစစ်ဆေးရန် အယ်လီဇာအား အကြံပြုသည်။
ကိုယ့်ကိုယ်ကိုယ် အလင်းစစ်သည်တော်အဖြစ် ဂုဏ်ယူနေခဲ့သော တန်နီစီအိုက အသားကုန် အော်ပြောတော့သည်။ “မဟုတ်ဘူး။ ဒီကိစ္စမှာ နောက်ထပ် လျို့ဝှက်ကြံစည်မှုတစ်ခု ရှိတယ်။ ပြီးတော့လည်း မစ်-အယ်လီဇာမှာ ကျူပ်ရဲ့ရာထူးကို ဖယ်ရှားနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိဘူး။ အလင်းစစ်သည်တော် ဗိုလ်ခြေရဲ့ ခေါင်းဆောင်အနေနဲ့ မြို့တော်အခွဲကိုသွားပြီးတော့ အသနားခံဖို့ တောင်းဆိုပါတယ်။”
အယ်လီဇာကို မျက်လုံးဝိုင်းဝိုင်းကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ သူက မြင့်မြတ်သည့် အငွေ့အသက် ထုတ်လွှတ်နေသည့် ကြက်ခြေခတ်နှင့်တူသော အရာတစ်ခုကို ထုတ်လိုက်သည်။ “ဒါနဲ့ ကျွန်မဦးလေးက ဒါ ပေးထားခဲ့တယ်။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သူ့ကိုယ်စား ဆုံးဖြတ်ချက် ချလို့ရတယ်တဲ့။ အခုအချိန် ဒါကို သုံးလို့ ရမလား မသိဘူး။”
“သိဒ္ဓိတောင်ပံ သံတော်ဆင့်....” တန်နီစီအိုက နောက်ဆုံး မျှော်လင့်ချက် ပျက်စီးသွား သကဲ့သို့ပင် ညည်းတွားလိုက်မိသည်။ သူ့တစ်ကိုယ်လုံးကလည်း အရိုးများ ဆွဲထုတ်ခံလိုက်ရ သလိုမျိုးပင် ပျော့ခွေသွားတော့သည်။
ရေဖျန်းဘုန်းတော်ကြီး သံတော်ဆင့်ကို ကြည့်နေရင်း ဆိုလန်တွန်နှင့် အခြားသူများက အယ်လီဇာအား ပို၍လေးစားမြတ်နိုးစွာ ကြည့်လာကြသည်။ အယ်လီဇာက ၎င်းကို သတိထား မိသွားပြီးနောက် သံတော်ဆင့်ကို ပြန်သိမ်းကာ ပြုံးလိုက်သည်။ သူက ဆွဲခေါ်ခံလိုက်ရသော တန်နီစီအိုနှင့် မြှောက်ပင့်နေသော လိုလန်တွန်တို့ကို မကြည့်ဘဲ ချန်လွေ့ကိုသာ စိုက်ကြည့်နေ၏။ “အမ်...ရစ်ချက်။ ရှင့်ရဲ့ ဒဏ်ရာ အဆင်ပြေရဲ့လား။”
အယ်လီဇာ၏ ရိုးရိုးသာမန် အပြုံးကို မြင်သည့်အခါ ချန်လွေ့က ရင်းနှီးသော ခံစားချက်တစ်ခု ရုတ်တရက် ရသွား၏။ ဒီလို အပြစ်ကင်းစင်ပြီးတော့ ချစ်စရာကောင်းတဲ့ နောက်ကွယ်မှာ စိတ်နှလုံးမကောင်းတဲ့ ဂုဏ်သတ္တိရှိတွေ ရှိနေတဲ့ပုံပဲ။ ဒီမိန်းကလေးကို ပေါတောတောလို့ သတ်မှတ်တဲ့သူတွေက တကယ့်ငတုံးတွေပဲ။
ချန်လွေ့က မောဟိုက်နေပြီး ပြန်ဖြေသည်။ “ကျုပ် နည်းနည်း ပင်ပန်းသွားရုံပါ။ ခုနက ဆာ-ပေါလ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ မဟုတ်ရင် ကျုပ်...”
ပေါလ်က ချန်လွေ့ကို အနည်းငယ် ခေါင်းညိတ်ပြသည်။ အယ်လီဇာ၏ မျက်လုံးများက အရည်လဲ့နေ၏၊ “ရှင့်ရဲ့ သားရဲထိန်းကျောင်းအစွမ်းက တကယ် မယုံနိုင်စရာပဲ။ မိုးကြိုးငှက်ငယ်ကို လုံးဝ ယဉ်အောင် လုပ်နိုင်ခဲ့ပြီးတော့ အရေးကြီးတဲ့ အခိုက်အတန့်မှ လိုဒန်ကို သေစေနိုင်တဲ့ တိုက်ခိုက်မှု လုပ်ခိုင်းခဲ့တယ်။ ကျွန်မတို့ သဘောတူထားတဲ့အတိုင်းဆိုရင် ရှင်က တရားဝင် အရန် အလင်းစစ်သည်တော် ဖြစ်သွားပါပြီ။ ကျွန်မက ရှင့်ကို အကြံပြုတဲ့သူပဲ။ သုံးနှစ် စစ်ဆေးရေး ကာလကို ကျော်လွန်သွားတာနဲ့ ရှင် တကယ့် အလင်းစစ်သည်တော် ဖြစ်လာလိမ့်မယ်။”
“ကျေးဇူးပါပဲ။ မစ်-အယ်လီဇာ။” ချန်လွေ့က အလင်းစစ်သည်တော် ဓလေ့ထုံးစံ အတိုင်း ပြုမူလိုက်သည်။
“ကောင်းကောင်း အနားယူလိုက်ဦး။ နေ့လယ်ကျရင် နတ်ဆိုးသားရဲ ကုန်သွယ်ပွဲကို သွားချင်တယ်။ ကျွန်မမှာ လမ်းပြတစ်ယောက် လိုအပ်နေတာ။”
ချန်လွေ့က ဥယျာဉ်မြို့တော်သို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ကြောင်း ပြောချင်သော်လည်း ဆိုလန်တွန် မျက်ရိပ်ပြသည်ကို သတိထားမိပြီး ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ။”
ချန်လွေ့က စားသောက်ပွဲ၌ ပါဝင်ခွင့် မရှိခဲ့ပေ။ ထိုအစား သူက ဆိုလန်တွန် စီစဉ်ထားသော ဘုန်းတော်ကြီးတစ်ပါးနောက်သို့လိုက်ကာ ဥယျာဉ်မြို့တော်နှင့် အရေးပေါ် ရင်းနှီးရန်နှင့် နောက်လာမည့် “လမ်းပြ”အလုပ်အတွက် ကြိုတင်ပြင်ဆင်ထားရန် ပြုလုပ်နေခဲ့ရသည်။
နေ့လယ်တွင် ချန်လွေ့က အယ်လီဇာနှင့် ဂျိုအန်နာတို့အား ဥယျာဉ်မြို့တော်သို့ လျှောက်သွားရန် ခေါ်ခဲ့သည်။ ချန်လွေ့က ဒေသခံတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ အလင်းစစ်သည်တော် အစောင့်များအပြင် ပေါလ်လည်း လိုက်လာခဲ့၏။
လမ်းတစ်လျှောက်၌ ဂျိုအန်နာက အယ်လီဇာကို တစ်ယောက်တည်း စကားပြောနေပြီး အလွန်အကျွံ ပျူငှာနေသော ပေါလ်အား လျစ်လျူရှုထားခဲ့သည်။ ပေါလ်က မကျေမနပ် ဖြစ်သော်လည်း အပေါ်ယံ၌ ဘာမှမဖြစ်သလို ဟန်ဆောင်ထား၏။
ဥယျာဉ်မြို့တော်ရှိ နတ်ဆိုးသားရဲ ကုန်သွယ်ပွဲက အတော်လေး စည်းကားလှသည်။ နတ်ဆိုးသားရဲ အများအပြားရှိပြီး အများအပြားက အရိုင်းများ ဖြစ်ကြပြီး စျေးနှုန်များလည်း ကွဲပြားကြသည်။ ချန်လွေ့က လူသားလောကမှ နတ်ဆိုးသားရဲ အမျိုးမျိုးကို မြင်လိုက်ရသည့်အခါ အမြင်ကျယ်သွားခဲ့ရသည်။ သူ့ကို အထင်ကြီးစေဆုံးမှာ ဂရစ်ဖွန်များ ဖြစ်ကြသည်။ ၎င်းက ကြမ်းတမ်းပြီး အင်အားကြီးသော ခန္ဓာကိုယ်ရှိကာ ခြင်္သေ့လက်သည်းနှင့် သိမ်းငှက်ခေါင်း၊ သိမ်းငှက်တောင်ပံ ရှိပြီး လေထဲ၌ ပျံသန်းနိုင်သည်။ လူသားများက ဂရစ်ဖွန်များကို ယဉ်ပါးစေနိုင်သော လျို့ဝှက်ပညာရပ်ကို ကျွမ်းကျင်သွားခဲ့ပြီဖြစ်ပြီး အင်အားအကြီးဆုံး လေကြောင်းစီးစရာအဖြစ် ပြုလုပ်နိုင်ခဲ့သည်။
နတ်ဆိုးသားရဲ ကုန်သွယ်ပွဲ၌ ဂရစ်ဖွန် အများအပြား မရှိဘဲ အများစုမှာ သာမန် သားရဲများ ဖြစ်ကြပေသည်။ တစ်ကောင်မှာ C- အဆင့်ရှိပြီး နတ်ဆိုးဘုရင်အဆင့်နှင့် ညီမျှသည်။ ချန်လွေ့က ဂရစ်ဖွန်များ၏စွမ်းအားသည် နတ်ဆိုးဘုံမှ ဝိုင်ဗန်များထက် သာလွန်လောက်မည်ဟု ခန့်မှန်းမိသည်။ သူတို့တွင် အဆိပ်ဂုဏ်သတ္တိ မရှိသော်လည်း မြန်ဆန်ပြီး ကြမ်းတမ်း ခက်ထန်ကြသည်။
သို့ရာတွင် မိုးကြိုးငှက်များက ပိုမိုရှားပါးကြသည်။ ဂရစ်ဖွန်က သားရဲတစ်ကောင် ဆိုလျှင် မိုးကြိုးငှက်က [မိုးကြိုး] ပါရမီ ပိုင်ဆိုင်ထားသော ပြီးပြည့်စုံသည့် ငှက်တစ်မျိုး ဖြစ်ပေသည်။ ၎င်းက ဂရစ်ဖွန်တစ်ကောင်ထက် ပိုမိုကြမ်းတမ်းပြီး ကောင်းကင်အောက်မှ ဧရာမနဂါးပြီးလျှင် ဒုတိယ ဖြစ်၏။
မိုးကြိုးငှက်များ၏ စရိုက်လက္ခာဏာက ခေါင်းခါပြီး ယဉ်အောင်ပြုလုပ်ရန် ခက်ခဲလှသည်။ ချန်လွေ့ပုခုံးပေါ်မှ မိုးကြိုးငှက်ငယ်တစ်ကောင်ကို မြင်သည့်အခါ လူအများ အံ့သြသွားကြပြီး အချို့က ချဉ်းကပ်လာကာ စျေးမေးကြသည်။
မိုးကြိုးငှက်က ပုံမှန်အားဖြင့် ပို၍ထူးခြားသော ပတ်ဝန်းကျင်၌ နေကြသည်။ မိုးကြိုးငှက်ငယ်ကို ယန်ရှောင်အင်ပါယာ တောင်ပိုင်းပင်လယ်နယ်မြေရှိ မုန်တိုင်းကျွန်းမှ ရရှိခဲ့ကြောင်း ဆိုလန်တွန် ပြောခဲ့ဖူးသည်။
မုန်တိုင်းကျွန်းမှာ လူသားလောကမှ နာမည်ကျော် အန္တရာယ်အများဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ တစ်နှစ်ပတ်လုံး ကျွန်းကို ဝိုင်းရံနေသော မုန်တိုင်းများကပင် လူအများကို ဆက်မသွားနိုင် ဖြစ်သွားစေသည်။ ကျွန်းထဲတွင်လည်း မရေမတွက်နိုင်သော အန္တရာယ်များနှင့် အင်အားကြီးတည်ရှိမှုများ ရှိကြသည်။ အနှိုင်းမဲ့သတ္တဝါထဲမှ တစ်ကောင်နှင့်ယှဉ်လျှင် မိုးကြိုးငှက်များကဲ့သို့က သာမန်သားရဲများအဖြစ် သတ်မှတ်၍ ရနိုင်သည်။ ထိုသတ္တဝါ၏နာမည်က တိုင်တန် ဖြစ်၏။
တိုင်တန်က ဧရာမသတ္တဝါတစ်မျိုး ဖြစ်ပြီး ဧရာမတိုင်တန်ဟု လူသိများက အနှိုင်းမဲ့ စွမ်းအားများ ရှိကြသည်။ ၎င်းက အင်အားကြီး နဂါးများကိုပင် ယှဉ်နိုင်သော စွမ်းအားများကို တိုက်ရိုက် အသုံးပြုနိုင်သည်။ အင်အားကြီးသော အနီးကပ်တိုက်ခိုက်ရေး စွမ်းအားအပြင် ဧရာမ တိုင်တန်များတွင် အစွမ်းထက်သော အလှမ်းဝေး မှော်တိုက်ခိုက်မှုများလည်း ရှိကြသည်။ သူတို့က [မိုးကြိုး] ပါရမီဖြင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ ရေခဲနှင့် မုန်တိုင်းများကို ထိန်းချုပ်နိုင်သော ပါရမီရှင် အရေအတွက် အနည်းငယ်လည်း ရှိကြသည်။ ဧရာမတိုင်တန်များ၏ စိတ်စွမ်းအင်က အလွန်အမင်းခိုင်မာလှသည့်အတွက် [လျှပ်တပြက်]၊ [သွက်ချာပါဒ]၊ [အထိတ်တလန့်] အစရှိသည့် စိတ်ပိုင်းဆိုင်ရာ အားလျော့ မှော်ပညာများ သက်ရောက်မှု မရှိပေ။
ဒဏ္ဍာရီအရ မုန်တိုင်းကျွန်းထဲတွင် မရေမတွက်နိုင်သော ရတနာများနှင့် ကြွယ်ဝချမ်းသာမှုများ အပြင် အခြားလျို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးသော သတ္တဝါရှိလည်း ရှိပေသည်။ အထင်အမြင်များမှာတော့ အမျိုးမျိုး ရှိကြပေသည်။ နှစ်ပေါင်းများစွာကြာအောင် မုန်တိုင်းကျွန်ဆီသို့ စွန့်စားသွားလာသူများ မရေမတွက်နိုင်အောင် ရှိကြသော်လည်း အရေအတွက် အနည်းငယ်သာ အသက်ရှင်သန်နိုင်ခဲ့ရသည်။ အချို့ သူတော်စင်အဆင့် ပုဂ္ဂိုလ်များသည်ပင် လုံးဝ ပြန်မရောက်လာနိုင်ခဲ့ကြပေ။
ဒဏ္ဍာရီကို ဘေးဖယ်ထားပါက မုန်တိုင်းကျွန်းအနီးတွင် အထူးအရင်းအမြစ်အချို့ ရှိကြသည်။ မိုးကြိုးငှက်ငယ်ကို မုန်တိုင်းကျွန်း အစွန်အဖျားရှိ ရှားပါးသော မိုးကြိုးရေခဲကို ရယူရန် သွားခဲ့သော ကြေးစားအဖွဲ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းကို ဥယျာဉ်မြို့တော်မှ ဆိုလန်တွန်ထံ စျေးကြီးကြီးဖြင့် ရောင်းချခဲ့လေသည်။
“ရစ်ချက်။ ရှင့်ရဲ့ မိုးကြိုးငှက်မှာ အတားအဆီးချိပ်ပိတ် မရှိတဲ့ပုံပဲ။” အယ်လီဇာက အံ့အားသင့်လျက် ပြောလိုက်သည်။
ချန်လွေ့က ချက်ချင်းပင် အမှန်ပြင်လိုက်သည်။ “မစ်-အယ်လီဇာ။ ဒါက ကျုပ်ရဲ့ မိုးကြိုးငှက် မဟုတ်ပါဘူး။ မစ်-အယ်လီဇာအတွက် ဆာ-ဆိုလန်တွန်ဆီက လက်ဆောင် တစ်ခုပါ။”
“အခု ရှင့်အပိုင် ဖြစ်သွားပါပြီ။” အယ်လီဇာက ချစ်စရာကောင်းအောင် ပြုံးလိုက်၏။ “တကယ်တော့ ကျွန်မရဲ့ သားရဲထိန်းကျောင်းအစွမ်းက သာမန်ပဲ။ ဒီမိုးကြိုးငှက်ကို ကျွန်မဘေးမှာ ထားထားရင်တော့ ရှင်က တကယ့်ပိုင်ရှင် ဖြစ်နေဦးမယ်လို့ ခံစားရတယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ပေးတယ်။ တကယ်တော့ အဲဒီမိုးကြိုးငှက်ထက် ကျွန်မရှင့်ကို ပိုပြီးတော့ စိတ်ဝင်စားတယ်...”
“ဟမ်....”
ထိုစကားက အထင်လွဲရန် လွယ်ကူနိုင်သော်လည်း အယ်လီဇာက အလျင်အမြန် ဆက်ပြောသည်။ “ရှင်က မိသားစုကြီးတစ်ခုရဲ့ ကလေးတစ်ယောက်လို့ သင်းအုပ်ဆရာ-မာနာ ပြောတာ ကြားတယ်။ ရှင် ခရီးထွက်လာရတဲ့ ရည်ရွယ်ချက်က ဆက်ခံသူနေရာအတွက် လေ့ကျင့်ဖို့အတွက် ဖြစ်တယ်။ ဒါပေမဲ့ ရှင့်မှာ နတ်သူငယ်ရဲ့ ဝိညာဉ်ဘာသာစကားနဲ့ သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ လျို့ဝှက်ပညာရပ် ရှိနေတဲ့ပုံပဲ။ ကျွန်မ တကယ် သိချင်မိတယ်။ ရှင်က တကယ်... ဘယ်သူလဲ။”
ချန်လွေ့က စိတ်ထဲ၌ သတိထားနေလိုက်သည်။ သူက အပေါ်ယံ၌ ပြုံးနေ၏။ “လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိကြပါတယ်။ ကျုပ် ပြောပြနိုင်တာကတော့ ဝိညာဉ်ဘာသာစကားကို မတော်တဆ ရရှိခဲ့တာ။ အဲဒါက ကျုပ်ရဲ့ အကောင်းဆုံး သားရဲထိန်းကျောင်း အစွမ်းအတွက် အကြောင်းရင်းလည်း ဟုတ်တယ်။ ဒီလိုမျိုး စိတ်ဝိညာဉ် အဆက်အသွယ်သာ မရှိဘူးဆိုရင် မိုးကြိုးငှက်က ငယ်ငယ်လေး ဆိုရင်တောင် ကျုပ်အစွမ်းနဲ့ ထိန်းချုပ်ဖို့က မဖြစ်နိုင်ဘူး။”
“လက်စသတ်တော့ ဒီလိုကိုး။” အယ်လီဇာက ခေါင်းညိတ်သည်။ “ဒါပေမဲ့ ရှင့်ရဲ့ သားရဲထိန်းကျောင်း အစွမ်းက နည်းနည်း ထူးခြားတယ်။ တချို့အသေးစိတ်တွေက လေ့လာဖို့ ထိုက်တန်ပြီးတော့ ဆန်းသစ်တယ်။ အတိုချုပ် ပြောရရင်တော့ သင်းအုပ်ဆရာ ဆိုလန်တွန်ရဲ့ အမြင်က သေချာပေါက် ကောင်းမွန်တယ်။ ရှင်က အလားအလာ အပြည့်ရှိတဲ့ အရန် အလင်းစစ်သည်တော် တစ်ယောက်ပဲ။ ရှင် လုပ်ချင်မယ်ဆိုရင် အလင်းစစ်သည်တော် ခေါင်းဆောင် ဆာ-ရွန်မန်ဆီကနေ သင်ယူဖို့အတွက် ယန်ရှောင်အင်ပါယာက အလင်းစစ်သည်တော်အဖွဲ့ခွဲမှာ အကြံပြုပေးလို့ ရတယ်။ တကယ်လို့ ရှင့်မှာ ၃နှစ် မပြည့်ခင်အတွင်း ထူးချွန်တဲ့ စွမ်းဆောင်ရည် ရှိမယ်ဆိုရင် တရားဝင် အလင်းစစ်သည်တော် ဖြစ်လာနိုင်တယ်။ ရှင့်ရဲ့ အလားအလာနဲ့ဆိုရင် ယန်ရှောင်အဖွဲ့ခွဲရဲ့ ကျောရိုးစစ်သည်တော် ဖြစ်လာမှာ အသေအချာပါပဲ။ ပြီးတော့ အနာဂတ်မှာ ကမ်းပါးဖြူကို ဝင်ရောက်နိုင်မယ့် အခွင့်ရေးလည်း ရှိနိုင်တယ်။”
အနာဂတ်မှာလား။ ကံဆိုးချင်တော့ ငါက အခု ဝင်သွားချင်တာ.... ချန်လွေ့က ဂိုဏ်းဂဏအတွက် ထူးချွန်သောသူများ ခေါ်ယူချင်နေသည့် အယ်လီဇာ၏ ရည်ရွယ်ချက်ကို ရေးရေးလေး ကြားလိုက်ရသည်။ သူက ထိုကောင်မလေးမှာ လျှော့တွက်၍မရအောင် အပြင်းအထန် ခံစားမိလိုက်သည်။ သူက အပေါ်ယံ၌ လေးလေးနက်နက် စဉ်းစားနေသော အမူအရာမျိုး ပြုလုပ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။ “စေတနာအတွက် ကျေးဇူးပါပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်က တစ်သက်သာ ဘုန်းတော်ကြီး ဖြစ်လာဖို့ မဟုတ်ပါဘူး။ ကျုပ်က နတ်ဘုရားကျောင်း စစ်သည်တော်တစ်ယောက်ရဲ့ နောက်လိုက် ဖြစ်လာပြီးတော့ ကျုပ်ပိုင်ဆိုင်တဲ့အရာတွေကို ကျုပ်လက်နဲ့ ပြန်ယူဖို့ပါပဲ။”
“အိုး။ ကျွန်မ သဘောပေါက်ပါပြီ။” အယ်လီဇာက နောင်တရသော အမူအရာ ပြသလိုက်ပြီး ပုံမှန်အတိုင်း တက်တက်ကြွကြွ ပြန်ဖြစ်သွားသည်။ “ရပါတယ်။ ဒါပေမဲ့ ရှင် ကျွန်မကို စိတ်ပျက် စေခဲ့တယ်။ စစ်သည်တော် ရစ်ချက်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို အပြစ်ပေးရမယ်။ ဝိညာဉ်ဘာသာစကားကို ရှင်ဘယ်လို ရလာတဲ့အကြောင်း ပြောပြ။”
ချန်လွေ့က ပြောရန် ပြင်လိုက်စဉ် ဂျိုအန်နာက အယ်လီဇာကို ဆွဲလိုက်သည်။ “အယ်လီဇာ။ ငါတို့ ဒီမှာ လုပ်စရာတွေ ပြီးနေပြီ။ အလုပ်အများဆုံး အနီးအနားကို သွားကြရအောင်။ နင် အဲဒါကို ဝယ်ချင်သေးတယ် မဟုတ်လား။”
အယ်လီဇာက ကြက်သေသေသွားခဲ့သည်။ သူက ဂျိုအန်နာ မျက်ရိပ်ပြသည်ကို မြင်လိုက်သည့်အခါ သဘောပေါက်သွားပြီး ပြောလိုက်သည်။ “အဲဒါလား။ ဟုတ်ပြီ။ ရစ်ချက်။ အခု နင် ငါတို့ကို အလုပ်အများဆုံးနေရာကို ခေါ်သွားရမယ်။ အမ်...ဆာ-ပေါလ်နဲ့ ဦးလေး ဝက်စလေ။ ဒီမှာ ခဏနေခဲ့ကြပါ..”
ပေါလ်က မျက်မှောင်ကြုတ်ပြီး ဂျိုအန်နာကို ကြည့်လိုက်သည်။ “ဘာဝယ်ချင်လို့လဲ။ ငါ မင်းတို့နဲ့ လိုက်သွားပေးမယ်လေ။ ဥယျာဉ်မြို့တော်မှာ လူတွေအများကြီးပဲ။ အကာအကွယ် မရှိဘဲနဲ့ ဘယ်လိုလုပ် သွားရမှာလဲ။”
“ကျွန်မတို့က မိန်းကလေးသုံး ပစ္စည်းတွေ သွားဝယ်မလို့။ လိုက်သွားဦးမလို့လား။” ဂျိုအန်နာက အေးစက်စက်နှင့် ပြောလိုက်သည်။
အယ်လီဇာကလည်း ပေါလ်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ ပေါလ်က ရုတ်တရက် သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူက ချန်လွေ့က လုံခြုံရေးနှင့် အခြားကိစ္စများကို အာရုံစိုက်ရန် မှာကြားပြီး စစ်သည်တော်အစောင့် ဝက်စလေနှင့် အခြားသူများနှင့်အတူ ဒေါသတကြီး လှည့်ထွက်သွားလိုက်သည်။
ပေါလ်နှင့် အခြားသူများ ထွက်သွားသောအခါ အယ်လီဇာနှင့် ဂျိုအန်နာတို့က တစ်ချိန်တည်းမှာပင် သိနေသောအပြုံးမျိုး ပြသလိုက်ကြသည်။ ၎င်းမှာ ဂျိုအန်နာ ပထမဆုံး ပြုံးလိုက်ခြင်း ဖြစ်သည်။ သူ့ရဲ့ ညင်သာတဲ့အပြုံးက အတော်လေး စိတ်ကို လှုပ်ရှားစေတာပဲ။ ဒါကြောင့် တပည့် ဆမ်မြူရယ်က သူ့အတွက်နဲ့ နတ်ဆိုးဘုံမှာ လာလေ့ကျင့်တာကိုး။
ချန်လွေ့က ဆမ်မြူရယ် ပြောခဲ့ဖူးသည်ကို တွေးလိုက်မိပြီးနောက် တမင်တကာ ပြောလိုက်သည်။ “မိန်းကလေးတို့။ ဥယျာဉ်မြို့တော်ရဲ့ အကြီးမားဆုံး စီးပွားရေးနေရာက မြို့ရဲ့ အရှေ့ပိုင်းမှာပဲ။ ဒီလမ်းအတိုင်း သွားသင့်တယ်။”
“ရစ်ချက်။ သိပ်မကြာခင် ရှင်မြင်ရတာ၊ ကြားရတာတွေကို ဘယ်သူ့ကိုမှ မပြောဖို့ အခု သတိပေးလိုက်မယ်။” ရုတ်တရက် အယ်လီဇာက ကြမ်းတမ်းသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။ “မဟုတ်ရင် ကျွန်မ ရှင့်မှာ အရန် အလင်းစစ်သည်တော် နေရာကနေ ဖယ်ထုတ်မယ်။ ပြီးရင် ရှင့်ကို ကျောင်းတော်ရဲ့ သမာဓိခုံအဖွဲ့မှာ အပြစ်ပေးမယ်။”
“နားလည်ပါပြီ။” ချန်လွေ့က အလျင်အမြန် ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။ “အလင်းနတ်ဘုရားနဲ့ ကျုပ် ကျိန်ဆိုပါတယ်။”