← Chapters

သစ္စာခံခြင်း

Vol. 42 Ch. 650

သစ္စာခံခြင်း

Vol. 42 Ch. 650

အယ်လီဇာ၏ ရင့်ကျက်ပုံမရသော မျက်နှာပေါ်မှ ခပ်ညစ်ညစ် အပြုံးမျိုးကို ကြည့်နေရင်း ချန်လွေ့က အသာလေး မျက်မှောင်ကြုတ်လိုက်မိသည်။ ငါက ဒီကောင်မလေးကို အထင်သေးမိနေတဲ့ပုံပဲ။ လက်စသတ်တော့ ငါခံစားရတဲ့ ရင်းနှီးမှုက အလျန်လို အဲလစ်လို မဟုတ်ဘဲနဲ့ ... ဆယ်လင်း ဖြစ်နေတာကိုး။

ယခုတွင် သူက သိဒ္ဓိကျောင်း‌တော်ကို အနည်းငယ် နားလည်သွားပြီဟု ပြော၍ ရနိုင်သည်။ လူသားအားလုံးရဲ့ ယုံကြည်မှုကို လွှမ်းမိုးထားတဲ့ ဒီအဖွဲ့အစည်းက တော်ဝင်အာဏာ အပေါ်မှာ ရှိနေတယ်။ အတော်လေး ကြီးမားပြီးတော့ ရှုပ်ထွေးတယ်။ အတွင်းရေး ဂိုဏ်းဂဏ ရုန်းကန်မှုကလည်း အတော်လေး ကြမ်းတယ်။ ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ရေဖျန်း ဘုန်းတော်ကြီးရဲ့တူမ၊ သိဒ္ဓိမိန်းမပျိုရဲ့ တပည့်က ဘယ်လိုလုပ်ပြီးတော့ တုံးအတဲ့ ကောင်မလေး တစ်ယောက် ဖြစ်နိုင်မှာလဲ။

လူတိုင်းက အရာအားလုံးကနေ ကာကွယ်ပေးနိုင်တဲ့ အစ်မတစ်ယောက်ရှိတဲ့ မင်းသမီးငယ်လေးတစ်ယောက် မဟုတ်ဘူး။ အစ်မတိုင်းကလည်း ကိုယ့်ကိုယ်ကိုယ် ထီးအနေနဲ့ သ‌ဘောထားပြီးတော့ အပြင်က မုန်တိုင်းတွေကနေ ညီမဖြစ်သူကို ကာကွယ်ပေးတဲ့ ဧကရီ တစ်ယောက် မဟုတ်ဘူး။ (အဲဒီနည်းလမ်းက နည်းနည်းတော့ အငြင်းပွားစရာ ဖြစ်နိုင်တယ်)

ချန်လွေ့က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ နေ့ပိုင်းတုန်းက ငါ့ရဲ့ “ဇစ်မြစ်” အကြောင်းတွေကို ပြောပြီးတော့ ဝိညာဉ်ဘာသားစကား ဇာတ်လမ်းကို အယ်လီဇာ မေးခဲ့တယ်။ လက်စသတ်တော့ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ငါ့နောက်ခုံကို ရှာချင်လို့ကိုး။

အယ်လီဇာနဲ့ ပေါလ်တို့ကို သတ်ဖို့က မခက်ဘူး။ ဒါပေမဲ့ ဒါက လျို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရတဲ့ လူသားလောကပဲ။ သန်းခေါင်နေအရှင်က အတိတ်မှာ အမုန်းတရားနဲ့ အနိုင်ယူခံခဲ့ရတာ။ အထူးသဖြင့် အခု အရေးကြီးဆုံးက အစ်ဇဘယ်လာကို ကယ်တင်ဖို့ပဲ။ ယုံကြည်မှုသလင်းကျောက်တွေနဲ့ နှင်းဒဲလက်ပန်းတွေကို မစုဆောင်းနိုင်ခင် ငါ အလောတကြီး မလှုပ်ရှားတာ ကောင်းမယ်။ အယ်လီဇာက ကျောင်းတော်ရဲ့ အရေးပါတဲ့သူ တစ်ယောက်ပဲ။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးက အလုပ်ဖြစ်မှာ မဟုတ်တာ သေချာတဲ့ အမှောင်စွမ်းအား ထိန်းချုပ် ပညာရပ် တစ်ခုပဲ။ သို့ရာတွင် အယ်လီဇာက ချန်လွေ့အတွက် ဖြတ်သွားဖြတ်လာ တစ်ယောက်သာ ဖြစ်သည်။ ပေါလ်က သူ အမှန်တကယ် “ရင်းနှီး”ရမည့်သူ ဖြစ်၏။

ပေါလ်က အခန်းရှိရာတည်း တစ်ခါတည်း ပြန်ရောက်လာပြီး စိတ်ဓာတ်ကျနေခဲ့သည်။ အယ်လီဇာပြောတာ အမှန်ပဲ။ ငါက ဂျိုအန်နာကို သူ့နောက်က ဖီလစ်မိသားစုကြောင့် ပိုးပန်းခဲ့တာ။ ဒါပေမဲ့ ငါ့မှာ ဂျိုအန်နာနဲ့ ပတ်သက်ပြီးတော့ အတွေးတွေ ရှိတယ်။ ဂျိုအန်နာနဲ့ အဖေကနေတစ်ဆင့် ဆမ်မြူရယ်ကို အနိုင်ယူဖို့အတွက် ငါ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်။ ဒါတောင် ဂျိုအန်နာက ဆမ်မြူရယ်ကို ဆက်ပြီးတော့ စွဲလမ်းနေသေးတယ်။ တကယ့် အနိုင်ရတဲ့ငါကိုကျ လျစ်လျူရှုထားတယ်။ သူက ဒီတစ်ခေါက် ဥယျာဉ်မြို့တော်ကို ဆမ်မြူရယ်နဲ့ ထွက်ပြေးဖို့အတွဥ် ရောက်လာခဲ့တာ။ အယ်လီဇာပြောတာ မှန်တယ်။ ဒုတိယ တိုက်ပွဲအဖြေက ဘယ်လိုပဲဖြစ်ဖြစ် ငါက အရှုံးသမားပဲ။

ထိုအချိန်၌ တံခါးခေါက်သံတစ်သံ ထွက်လာ၏။

ပေါလ်က တံခါးကို ဖွင့်လိုက်သည်။ ထိုသူက အသစ်ခန့်အပ်ထားသော အရန် အလင်းစစ်သည်တော် “ရစ်ချက်” ဖြစ်နေ၏။

“ရစ်ချက်ပါလား။ နောက်ကျနေပြီကို။ ဘာကိစ္စ ရှိလို့လဲ။”

“ရစ်ချက်”က တုံ့ဆိုင်းနေသော အမူအရာတစ်ခု ပြသလိုက်ပြီး ပြောရန် သတ္တိ မွေးလိုက်ဟန်တူသည်။ “ဆာ-ပေါလ်။ ကျုပ်မှာ အရေးကြီးတာ သတင်းပို့စရာ တစ်ခု ရှိတယ်။ ဝင်လာပြီး ပြောလို့ရမလား။”

ပေါလ်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို လမ်းလျှောက်သွားသည်။ ချန်လွေ့က ပတ်ပတ်လည်ကို ကြည့်ပြီး တံခါးကို သတိထားလျက် ပိတ်လိုက်သည်။ ထို့နောက် သူက လမ်းလျှောက်လာပြီး အရိုအသေ ပြုလိုက်သည်။ “ဆာ-ပေါလ်။ ဒီအဖြစ်အပျက်က ကျုပ်ကို တုံ့ဆိုင်းနေစေခဲ့တယ်။ အချိန်အကြာကြီး စဉ်းစားပြီးတော့မှ သတင်းပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

“ပြောပါ။”

ချန်လွေ့က အံကြိတ်ပြီး ပြောလိုက်သည်။ “ဒီနေ့လယ် နတ်ဆိုးသားရဲ ကုန်သွယ်ပွဲမှာ ဆာနဲ့ လမ်းခွဲပြီးတော့ ကျုပ်က မစ်-အယ်လီဇာနဲ့ မစ်-ဂျိုအန်နာတို့ကို အလုပ်အများဆုံးနေရာတွေဆီ ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ မစ်-အယ်လီဇာက ကျုပ်ကို တခြားလမ်း သွားခိုင်းတယ်။ အဲဒီလမ်းမှာ မစ်-ဂျိုအန်နာက လျို့ဝှက်ဆန်းကြယ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ပြီးတော့ သူတို့က စကားအကြာကြီး ပြောခဲ့တဲ့ပုံပဲ။ မစ်-အယ်လီဇာ ကျုပ်ကို သတိပေးတာ ကြည့်ရမယ်ဆို အဲဒီလူက မစ်-ဂျိုအန်နာနဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး ရှိနေတာထင်တယ်။”

“အယ်လီဇာက တခြားလမ်း သွားခိုင်းတာလား။” ပေါလ်၏မျက်နှာက မည်းမှောင် သွားခဲ့သည်။ “အဲဒီလူက ဘယ်လို ပုံစံမျိုးလဲ။”

“အဲဒီလူက ဝတ်ရုံဝတ်ထားလို့ မျက်နှာကိုသော သေသေချာချာ မမြင်လိုက်ရဘူး။ သူ့အကြည့်က စူးရှတယ်ဆိုတာကိုပဲ ခံစားလိုက်ရတယ်။ ခန္ဓာကိုယ်အရတော့ သူက ဆာ့ထက် ပိုပုပြီးတော့ နည်းနည်းလေး ပိုပိန်တယ်။”

“ဟမ့်....” ပေါလ်၏မျက်လုံးထဲ၌ သုန်မှုန်သော ခံစားချက်တစ်ခု ဖြတ်သန်းသွား၏။ “ရစ်ချက်”က ထိုအကြောင်းအား အယ်လီဇာမတိုင်ခင် ပြောခဲ့လျှင် ပေါလ် သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။ သို့သော်လည်း ယခုတွင် သူက ဒုတိယအကြိမ် ကြားလိုက်ရသည့်အခါ အတော်လေး စိတ်ထိန်းနိုင်ခဲ့သည်။ ရစ်ချက်ပြောပြသော သတင်းအရ ထိုသူက ဆမ်မြူရယ် ဖြစ်ရပေမည်။

“ရစ်ချက်။ မစ်-အယ်လီဇာက မင်းကို သတိပေးခဲ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ ငါကို လာပြောတာလဲ။”

ချန်လွေ့က ပင့်သက်ရှိုက်လိုက်သည်။ “ဆာ။ နေ့ခင်းပိုင်းက အဖြစ်အပျက်တွေကို မှတ်မိသေးလား။ မစ်-အယ်လီဇာက ကျုပ်ကို အလင်းစစ်သည်တော်‌ခေါင်းဆောင် ဆာ-ရမ်မန်နဲ့ လေ့ကျင့်ဖို့အတွက် ယန်ရှောင်မြို့တော် အလင်းစစ်သည်တော်အခွဲဆီ အကြံပြုခဲ့ပေဖို့ ကျုပ် ငြင်းခဲ့တယ်။ ကျုပ်က တစ်သက်တာလုံး ဘုန်းတော်ကြီး မဖြစ်ချင်ဘူးလို့ ဖြေခဲ့တယ်။ ကျုပ်လိုချင်တာက နတ်ဘုရားကျောင်းစစ်သည်တော် တစ်ယောက်ရဲ့ လက်အောက်ခံ ဖြစ်လာပြီးတော့ ကျုပ်ပိုင်ဆိုင်တဲ့ အရာတွေကို ကိုယ့်လက်နဲ့ကိုယ် ပြန်ယူနိုင်ဖို့ပဲ။”

ပေါလ်က ချန်လွေ့က တည့်တည့်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ငါက နတ်ဘုရားကျောင်း စစ်သည်တော် မဟုတ်ဘူး။”

“အခု မဟုတ်သေးပေမဲ့ ဖြစ်လာတော့မှာပါ။ ဆာ့ရဲ့ အလားအလာကို ကျုပ် ယုံကြည်တယ်။ ကျုပ်ရဲ့ အမြင်ကိုလည်း ယုံတယ်။” ချန်လွေ့က ခေါင်းမော့ပြီး ပေါလ်ကို စိုက်ကြည့်လိုက်သည်။ “ကျုပ်က ဒီအတွက် အရာအားလုံးကို စွန့်စားခဲ့တယ်။ မစ်-အယ်လီဇာကို အရဲစွန့်ပြီး အာခံခဲ့တယ်။ ဒီကိုလာရင် အသတ်ခံရနိုင်တာကို အရဲစွန့်ခဲ့တယ်။ အခု ကျုပ် အတင့်ရဲစွာနဲ့ မေးပါရစေ။ ဆာ။ ကျုပ်ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းပါလား။”

ပေါလ်က ချန်လွေ့၏ မျက်လုံးထဲမှ ပြင်းထန်သော ယုံကြည်ချက်ကို မြင်လိုက်ရ၏။ ထိုယုံကြည်ချက်က သူ့ကို မြှောက်ပင့်ခြင်းထက် ပိုမို သက်တောင့်သက်သာ ဖြစ်စေသည်။ သူ၏ စိတ်ထဲမှ စိတ်ဓာတ်ကျနေမှုကလည်း အတော်လေး ပြေလျော့သွားခဲ့သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “မင်း ဆုံးဖြတ်တာ မမှားခဲ့ဘူး။ ရစ်ချက်။ ဒီတစ်ခေါက် မင်း လောင်းကြေးထပ်တာ မှန်တယ်။ မင်းမှာ သတ္တိနဲ့ အမြင်ရှိတယ်။ ပြီးတော့ ပြိုင်ကွင်းမှာလည်း မင်းရဲ့ အသက်ကိုတောင် စွန့်စားရဲခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ လက်အောက်ခံ ဖြစ်လာဖို့က မလွယ်ဘူး။ အထူးသဖြင့် မင်းရဲ့ နောက်ခံကို မသိရတဲ့အချိန်မှာပေါ့......”

“အမှန်အတိုင်းပြောရရင် ကျုပ်က အင်ပါယာ မိသားစုကြီး တစ်ခုကပါ။ ကျုပ်နဲ့ သက်ဆိုင်တဲ့ အရာတွေကို ပြန်မယူနိုင်ခင်မှာ သာမန်တစ်ကိုယ်တည်းသမားလို့ ကိုယ့်ကိုယ်ကိုယ် သစ္စာဆိုခဲ့တယ်။ ကျုပ်ပြောနိုင်တာ တစ်ခုကတော့ ကျုပ်မိသားစုက အာဏာလည်း ရှိသလို ဘဏ္ဍာရေးအရင်းအမြစ်လည်း ရှိတယ်။ မိသားစုကနေ ထွက်ပြေးတဲ့အချိန် ကျုပ်က လိုရမယ်ရ ပြင်ဆင်ထားခဲ့တယ်...”

ထိုသို့ပြောလိုက်ပြီးနောက် ချန်လွေ့က အိတ်တစ်လုံးထုတ်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေး လိုက်သည်။ “ဒါက သလင်းကျောက်နက်ဒင်္ဂါး ငါးသောင်း တန်ဖိုးရှိတဲ့ သန့်စင်ကျောက်မျက်ပြာ တစ်အိတ်ပါ။ ဒါက ဆာ့အတွက် လက်ဆောင်ပါ။ အနာဂတ်မှာ မိသားစုကို ထိန်းချုပ်နိုင်မယ် ဆိုရင် ဆာ့ရဲ့ လက်အောက်ခံအနေနဲ့ ကျုပ်က ဆာ့ရဲ့ အကာကွယ်၊ အထောက်အပံ့ ရနေမှာပါ။ ကျုပ်က ဆာ့ကို ကျုပ်လုပ်ပိုင်ခွင့်အတွင်း အရင်းအမြစ်အကုန် ထောက်ပံ့ပေးမှာပါ။ ဒါက နှစ်ဖက်လုံး အကျိုးရှိတဲ့ အခြေအနေပါပဲ။”

ပေါလ်က အိတ်ကိုယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် သန့်စင်ကျောက်မျက်ပြာ ဒါဇင်ကျော်ခန့် ရှိနေပြီး သလင်းကျောက်နက်ဒင်္ဂါး ၅၀၀၀၀ ကျော် တန်ဖိုး ရှိပေသည်။ ဒါက တကယ့် အချီကြီးပဲ။ ဒီရစ်ချက်က တကယ့်ကို ထူးခြားတဲ့ ဇစ်မြစ်ကနေ လာတာပဲ။

ပေါလ်က ချက်ချင်းပင် ကျောက်မျက်ကို ယူလိုက်သည်။ “ကောင်းပြီ။ ရစ်ချက်။ ဒါက မင်းရဲ့ နာမည်အရင်း မဟုတ်လောက်ဘူး။ ဒါပေမဲ့ အခုတော့ ငါမင်းကို ဒီလိုပဲ ခေါ်မယ်။ မင်းရဲ့ သစ္စာကို ငါ လေးစားတယ်။ ပြီးတော့ မင်း ဘယ်က လာလဲဆိုတာကို ငါ မေးတော့မှာ မဟုတ်ဘူး။ ငါ နတ်ဘုရာ‌ကျောင်း စစ်သည်တော် ဖြစ်လာခဲ့ရင် မင်းကို အရာအားလုံး ပြန်ရဖို့ ကူညီပေးမယ်။ ငါတို့ရဲ့ နှစ်ဖက်လုံး အကျိုးအမြတ်ရတဲ့ အခြေအနေက အမြဲတမ်း တည်မြဲနေဖို့ မျှော်လင့်တယ်။”

ထိုစကားက ပေါလ်၏ အကျင့်စရိုက်ကို ပြသနေပေသည်။ “ရစ်ချက်”က စွမ်းဆောင်ရည်ရှိသည်၊ သတ္တိရှိပြီး အခွင့်အရေးကို အရယူရာတွင် တော်သည်၊ ဘဏ္ဍာရေး အရင်းအမြစ်လည်း ရှိသည်။ ထိုကဲ့သို့ နှစ်ဖက်လုံး အကျိုးအမြတ်ရရှိသော အခြေအနေကလည်း အကြောင်းသင့်ပေသည်။ ထိုကဲ့သို့ လက်အောက်ခံမျိုးကို ဖယ်ရှားသူက တကယ့် ငတုံးပင် ဖြစ်၏။

ချန်လွေ့က အလွန်ပျော်ရွှင်သော အမူအရာ ပြသပြီး လေးလေးနက်နက်နှင့် ဦးညွှတ်လိုက်သည်။ သူက ပေါလ်အား မာနာနှင့် စာချုပ်ချုပ်ထားသည့်အကြောင်း ပြောပြီး သက်တမ်းကုန်သွားသည့်အခါ ကျွန်-သခင် စာချူပ် ချုပ်ဆိုရန် တောင်းဆိုသည်။ ထိုဖွင့်ဟချက်က ပေါလ်၏ နောက်ဆုံး သံသယဝင်မှုကို ပြေပျောက်သွားစေသည်။ ချန်လွေ့က အလင်းနတ်ဘုရားထံ သစ္စာဆိုပြီးနောက် ပေါလ်က အားပေးစကားပြောလိုက်သည်။ သို့သော်လည်း ထိုသူလျှိုက အမှန်တကယ်၌ သတင်းအဟောင်းကို ထုတ်ပြောခဲ့ခြင်းသာ ဖြစ်ကြောင်း သူ မသိခဲ့ပေ။ သူ သစ္စာဆိုခဲ့သော အန္တိမ အလင်းနတ်ဘုရားကလည်း လက်အောက်ခံက လွန်ခဲ့သော တစ်နာရီတွင် “ဝါးမျို”နေခဲ့ဖြင်း ဖြစ်သည်။

“ဆာ။ မစ်-ဂျိုအန်နာက....”

“အခုအချိန်တော့ မင်းက ငါ့လက်အောက်ခံ ဖြစ်လာတာကို လူတွေ မသိစေနဲ့ဦး။ ဂျိုအန်နာကို စောင့်ကြည့်ထား။ ဘာမှ မလှုပ်ရှားနဲ့။ ငါကို အကုန်လုံး အချိန်မီ သတင်းပို့။” ပေါလ်က ခဏလောက် စဉ်းစားလိုက်သည်။ “ပြီးတော့လည်း အယ်လီဇာကို သတိထား။ သူက ထင်ရတာထက် ပိုပြီးတော့ ကိုင်တွယ်ရ ခက်ခဲတယ်။”

“မစ်-အယ်လီဇာလား။” ချန်လွေ့က တမင်တကာပင် အံ့အားသင့်သွားဟန် ဆောင်လိုက်ပြီး ခေါင်းညိတ်သည်။ “နးလည်ပါပြီ။ ဆာ အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး။ ထွက်သွားလိုက်ပါဦးမယ်။”

နောက်တစ်နေ့ နံနက်စောစော၌ ဂျိုအန်နာက ပြတ်သားသော အမူအရာဖြင့် ဥယျာဉ်မြို့‌တော်မှ ထွက်သွားပြီး နဂါးလင်းလက်အင်ပါယာထံပြန်ရန် ပြောသည်။ ဂျိုအန်နာနှင့် ပေါလ်တို့၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့က အကြီးအကျယ် ပြဿနာ တက်နေခဲ့ခြင်း ဖြစ်ဟန်တူသည်။

အယ်လီဇာ၏ ဖျောင်းဖျခြင်းကလည်း အသုံးမတင်ပေ။ ဂျိုအန်နာက ပေါလ် လိုက်ပို့မည်ကို သဘောမတူသည့်အတွက် အလင်းစစ်သည်တော်နှစ်ယောက်က ဂျိုအန်နာကို ကာကွယ်ပေးပြီး တောင်ပိုင်းရှိ ဗီဂက်စ်မြို့မှနေ၍ နဂါးလင်းလက်အင်ပါယာမှ နဂါးနီမြို့အထိ သွားမည်ဖြစ်သည်။ နဂါးနီမြို့က ဆိပ်ကမ်းမြို့ဖြစ်ပြီး မြို့တော်ဝန် စတီဗင်ဖီလစ်က ဂျိုအန်နာ၏ ဦးလေး ဖြစ်သည်။

ဂျိုအန်နာ ‌စောစော ပြန်သွားခြင်းမှာ ဆမ်မြူရယ်နှင့် အကြံအစည်ကြောင့် ဟုတ်မဟုတ် ချန်လွေ့ မသိပေ။ မည်သို့ပင် ဆိုစေကာမူ အယ်လီဇာကဲ့သို့ “လျို့ဝှက်ကြံစည်တတ်သော” သူငယ်ချင်းထံမှ ထွက်သွားခြင်းက ဂျိုအန်နာအတွက် ကောင်းမွန်သော အရာတစ်ခုပင်။

အချိန်တစ်ခုအထိ ပေါလ်က နေမထိထိုင်မထိ ဖြစ်နေခဲ့သည်။ သူက ချန်လွေ့နှင့် အစ်ဇဘယ်လာတို့နှင့်အတူ သွားချင်စိတ် မရှိတော့ဘဲ အခန်းထဲ၌သာ သုန်မှုန်လျက် နေနေရစ်သည်။

အယ်လီဇာက သူငယ်ချင်း ထွက်သွားခြင်းကြောင့် အနည်းငယ် ဝမ်းနည်းနေသော်လည်း ခဏအကြာပြီး စျေးဝယ်ထွက်ရင်း ပျော်နေတော့သည်။ တစ်ခါတရံ၌ သူက ချန်လွေ့အား ထူးဆန်းသော မေးခွန်းများကို မေးတတ်သည်။ ချန်လွေ့က ထိုကောင်မလေး၏ စိတ်ရင်းကို သိနေပြီ ဖြစ်သည်။ ထိုမေးခွန်းအများစုက သွေးတိုးစမ်းနေခြင်းသာ ဖြစ်သည်။ သေချာသည်မှာ အယ်လီဇာက အရန် အလင်းစစ်သည်တော် သူ့ကို စိတ်ဝင်စား (သံသယဝင်)နေပေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အယ်လီဇာက ပစ္စည်းအများအပြား ဝယ်ယူခဲ့ပြီး အများစုကို ချန်လွေ့က ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က ပြန်ပေးမည် ဖြစ်ပေသည်။

သိဒ္ဓိကျောင်းတော်တွင် မရေမတွက်နိုင်သော ယုံကြည်သူများ ရှိကြသည့်အတွက် သူတို့က အတော်လေး ကြွယ်ဝချမ်းသာကြသည်။ ချန်လွေ့၏ ‌မွေးရပ်မြေ၍ ဆိုရိုးတစ်ခု ရှိသည်။ အရိုးသားဆုံး အရာရှိသည်ပင် ၃နှစ်အတွင်း ငွေကြေးအပုံလိုက်ကြီး ရနိုင်၏။ ဝတုတ် မန်နာသည်ပင် ဂူဒန်မြို့ကဲ့သို့ နေရာငယ်လေး၌ လူချမ်းသာတစ်ယောက် ဖြစ်ခဲ့ပြီး ဥယျာဉ်မြို့တော်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဆိုလန်တွန်အတွက်မူ ပြောစရာပင် မလိုချေ။ ထို့ပြင် ထိုခရီးက အကြီးအကဲတစ်ယောက် စစ်ဆေးခြင်း ဖြစ်သည် (အမှန်တကယ်၌ လှည့်လည်ခြင်း)။ ထို့ကြောင့် ကုန်ကျစရိတ်အားလုံးက ရန်ပုံငွေမှ အသုံးပြုခြင်း ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အသုံးပြုရန် မလိုအပ်ပေ။

ညနေပိုင်းတွင် အယ်လီဇာ၊ ဆိုလန်တွန်၊ မန်နာနှင့် အခြားသူများက မြို့တောင်ဘက်သို့ သွားကြသည်။ ယနေ့ညတွင် မြို့တော်ဝန် ခရော့က အစ်လီဇာနှင့် အခြားကျောင်းတော် အဖွဲ့ဝင်များကို ဖိတ်ကြားခဲ့သည်။ သူက ယခင်ကိစ္စအတွက်လည်း တောင်းပန်ချင်နေသည်။

ချန်လွေ့လည်း ဖိတ်ကြားခံခဲ့ရသည်။ သို့သော်လည်း ပေါလ်က စိတ်အခြေအနေ မကောင်းသည့်အတွက် မလိုက်သွားခဲ့ပေ။

မြို့‌တော်ဝန်က လော့ဒ်-ဝယ်လီကို ဦးဆောင်ပြီး အယ်လီဇာနှင့် အခြားသူများကို ဂိတ်တံခါးတွင် ကြိုဆိုရန်အတွက် ဦးဆောင်သွားသည်။

မွှေးရနံ့အိမ်ယာက ဥယျာဉ်မြို့တော်၏ နေရာအကျယ်ကြီးကို ဖုံးလွှမ်းထားသော နာမည်ကျော် နေရာများထဲမှ တစ်ခု ဖြစ်သည်။ နောက်ကွယ်မှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်မှာ အမှန်တကယ်ပင် မြို့တော်ဝန် ဖြစ်နေ၏။ စီးပွားရေးက အတော်လေး ကောင်းမွန်လှပြီး သီးသန့် ထိုင်ခုံများကို ကြိုတင်ဖယ်ထားရပေသည်။ မြို့တော်ဝန်ကို ကပ်ဖားရခြင်းကလည်း အတော်လေး အရေးပါပေသည်။

သူတို့က စင်္ကြံလမ်းတစ်ခုသို့ သွားရန် ပြင်လိုက်စဉ် အမူးသမား ဧည့်သည်တစ်ဖွဲ့က ရှေ့ခန်းမှ ထွက်လာပြီး သူတို့ကို စားပွဲထိုးများက ထိန်းထားကြသည်။ ချန်လွေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းမှာ ထိုဧည့်သည်များ ကြားထဲ၌ B- အဆင့် လူများ ရှိနေခြင်းကြောင့် မဟုတ်ဘဲ သတ်ဖြတ်ချင်စိတ်ကြောင့် ဖြစ်ပေသည်။

ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။ အနီးအနားရှိ မီးများအားလုံး ငြိမ်းကုန်၏။ ချက်ချင်းပင် အော်သံများ၊ အက်ကွဲသံများ၊ လေချွန်သံများနှင့် အလန့်တကြားအသံများ တပြိုင်နက် ထွက်ပေါ်လာတော့သည်။

All Chapters