← Chapters

လုပ်ကြံမှု၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 42 Ch. 651

လုပ်ကြံမှု၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 42 Ch. 651

ချက်ချင်းပင် ထိုနေရာက နက်မှောင်လှသော မြူများနှင့် လွှမ်းခြုံသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ အော်သံများနှင့် ဟစ်သံများကြားထဲ၌ မရေမတွက်နိုင်သော မြန်နှုန်မြင့် လှုပ်ရှားမှုများ ရှိနေသည်။ တိုတောင်းပြီး ပြတ်သားသော သတ္တုချင်း ရိုက်ခတ်သံများ ရှိနေသလို အဆောက်အအုံ အက်ကွဲသံများလည်း ပေါ်လာသည်။ တလက်လက် အလင်းရောင်က အမှန်တကယ်ပင် ထိုအမှောင်ထုကြီးကို မလင်းစေနိုင်ဘဲ အလျင်မြန်ပင် လွှမ်းမိုးခံလိုက်ရ၏။

အဆုံးမဲ့ အမှောင်ထုကြားထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းလာသည်။ မီးတောက်ထဲ၌ သွယ်လျသော လက်ဝါးတစ်ခု ရှိနေသည်။ အလင်းရောင် ဖျော့ဖျော့လေးက ကောင်မလေး၏ နူးညံ့သောမျက်နှာကို မြင်နေရစေ၏။ သူ၏ မျက်လုံးဝိုင်းဝိုင်းက ငွေရောင်ပြောင်းသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးက ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ထုတ်လွှတ်နေလေသည်။

မီးတောက်များအောက်၌ အနက်မှောင်မြူထဲမှ တစ္ဆေသဖွယ် ပုံရိပ်အချို့ ချဉ်းကပ် လာနေသည်ကို မြင်နိုင်‌ပေသည်။ အယ်လီဇာ၏ ငြင်သောသောအသံ ထွက်ပေါ်လာသည်။ “[အလင်းဗုံး]”

မီးတောက်ဖျော့ဖျော့က ရုတ်တရက် တလက်လက် ဖြစ်သွားပြီး ပေါက်ကွဲထွက်သွား၏။ တစ္ဆေသဖွယ်ပုံရိပ်များက မိုးကြိုးအပစ်ခံလိုက်ရသလို လွင့်ထွက်ကုန်သည်။ အနက်ရောင် မြူများကလည်း တဖြည်းဖြည်း ပါးလာသည်။ အချို့က အဖြူရောင်မီးတောက်များကြောင့် လောင်ကျွမ်းသွားကြပြီး ပူဆွေးဖွယ် အော်သံတစ်သံ ထွက်လာ၏။

တောက်ပသော အလင်းရောင်နှင့်အတူ ပတ်ဝန်းကျင်ရှိ ထူထဲသော အနက်ရောင်မြူက အလျင်အမြန်ပင် [ အလင်းဗုံး ] အားစက်ကွင်းအောက်၌ ကွယ်ပျောက်သွားလေသည်။ အနက်ရောင် ပုံရိပ်များကလည်း ချက်ချင်း ပေါ်ထွက်လာပြီး သူတို့အားလုံး ထွက်ပြေးသွားကြသည်။

အနက်ရောင်မြူ လုံးဝ ပျောက်ကွယ်သွားသောအခါ အနီးအနားရှိ အလင်းရောင်များ တစ်ခုပြီးတစ်ခု ပြန်လင်းလာသည်။ လူအများကတော့ အုတ်အော်သောင်းတင်း ဖြစ်နေကြ၏။ ပတ်ပတ်လည်ရှိ နံရံများ ပြိုလဲသွားပြီး မြေပြင်ပေါ်၌ သွေးများ အက်ကြောင်းများနှင့် ဖုံးလွှမ်း နေလေသည်။ အချိန်အတော်ကြာပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်သွားခဲ့သည်။

“သောက် [အမှောင်ကောင်းကင်]။ မိန်းကလေး။ အဆင်ပြေရဲ့လား။” အယ်လီဇာကို စောင့်ကြပ်ရန် တာဝန်ယူထားရသော ဝက်စလေက လက်ထဲ၌ သွေးများ စီးကျနေရင်း ဓားတစ်လက် ကိုင်ထား၏။

အယ်လီဇာက တဖြည်းဖြည်း ဆင်းသက်လာပြီး ခေါင်းခါသည်။ “အဆင်ပြေပါတယ်။ ဦးလေး ဝက်စလေ။ ရှင်တို့ကော။”

“ရွိုင်ရဲ့ဒဏ်ရာက တော်တော်လေး ပြင်းတယ်။ ဒဏ်ရာ အဆိပ်မိနေတဲ့ပုံပဲ။ အဲဒါကို [ဖယ်ရှားခြင်း] နဲ့ ချင်ချင်း ကုသမှ ရမယ်။ ဒဏ်ရာအသေးစား ရထားတဲ့ နှစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ ပြဿနာ မဟုတ်ဘူး။”

ဝက်စလေ၏ စကားများ အဆုံးသေးခင်မှာပင် ဆိုလန်တွန်၏ ကြောက်လန့်နေသော အသံ ထွက်ပေါ်လာ၏။ “ဘုရားသခင်။ မာနာ....”

မာနာ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်၌ လဲကျနေ၏။ သူ၏ ကျောဘက်၌လည်း ဓားမြှောင်တစ်ချောင်း စိုက်ဝင်နေသည်။ ကြမ်းပြင်ပေါ်၌ အနက်ရောင် သွေးအိုင်တစ်အိုင် ရှိနေ၏။

ဆိုလန်တွန်၏ လက်ထဲ၌ အဖြူရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး မာနာကို ရစ်ပတ်လိုက်သည်။ သို့သော်လည်း မာနာက မလှုပ်မရှား ကျန်ရစ်နေလေသည်။

ဝက်စလေက ခါးကိုင်းပြီး တစ်ချက်ကြည့်ကာ ခေါင်းခါသည်။ “မှော်စွမ်းအားတွေ မဖြုန်းတီးနဲ့တော့။ ဒီဓားက သူ့ရဲ့ အတွင်းအင်္ဂါတွေကို လုံးဝ ပျက်စီးသွားစေခဲ့ပြီးတော့ သူ့အသက်ကို နုတ်ယူခဲ့ပြီ။ ဓားက အဆိပ်မရှိရင်တောင် သူ့ကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူး။”

အလင်းဒြပ်စင်မှော်ပညာ၌ သေဆုံးသွားပြီးသော အသက်နှင့်ခန္ဓာကိုယ်ကို ပြန်လည် ရယူနိုင်သော အနှိုင်းမဲ့ [ ပြန်လည်မွေးဖွားခြင်း ] ပညာရပ်တစ်မျိုး ရှိသည်။ ၎င်းက ပြန်လည်ရှင်သန်ခြင်း ဆေးရည်ထက် ပိုမိုအစွမ်းထက်သော်လည်း ဖြစ်နိုင်ချေတစ်ခုသာ ရှိသည်။ ထို့အပြင် ထိုမှော်ပညာအတွက် လိုအပ်ချက်က အလွန်အမင်း မြင့်မားလှပြီး ပါရမီမရှိသော သူများက လေ့ကျင့်၍ မရနိုင်ပေ။ ထို့ပြင် အသုံးပြုသူကလည်း ကြီးကြီးမားမား ပေးဆပ်ရမည် ဖြစ်သည်။ ကမ်းပါးဖြူ၌ ပုပ်ရဟန်းမင်းကြီးအပြင် ထိုကဲ့သို့ စွမ်းအားအသုံးပြုနိုင်သူက သိဒ္ဓိအလင်းမိန်းမပျိုသာ ရှိသည်ဟု ပြောကြလေသည်။

အယ်လီဇာက သိဒ္ဓိမိန်းမပျို၏ တပည့် ဖြစ်သော်လည်း [ ပြန်လည်မွေးဖွားခြင်း ] အသုံးပြုရန် အရည်အချင်း မရှိပေ။ ထို့ပြင် မာနာကဲ့သို့ ပမွှားအတွက် အသုံးပြုရန် ပို၍ပင် မဖြစ်နိုင်ပေ။

ဝက်စလေ၏ စကားများကြောင့် ဆိုလန်တွန်က လုံးဝကို ကြံရာမရ ဖြစ်သွားတော့သည်။ မာနာက သူနှင့် ဂိုဏ်းတူတူဖြစ်သော ဝမ်းကွဲ ဖြစ်သည်။ မာနာက ဉာဏ်ပြေးသည်။ အထက်မှ လူကြီးမင်းတစ်ယောက်၏ တာဝန်ကို လက်ခံပြီးနောက် သူက ဂူဒန်မြို့ငယ်လေးတွင် နှစ်ပေါင်းများစွာ ကြာအောင် နေရစ်ခဲ့ပြီး “နိုင်ငံ‌ရေးအောင်မြင်မှု”များစွာ ရရှိအောင် ပြုလုပ်ခဲ့သည်။ ယခုတွင် သူ တောက်ပရန် အချိန်ရောက်လာလေပြီ။ အယ်လီဇာနှင့်အတူ အပြန်အလှန် နားလည်မှု တည်ဆောက်ပြီးနောက် သူက ယန်ရှောင်မြို့တော်၏ ဂိုဏ်းအုပ် ဖြစ်လာရန် နီးစပ်ခဲ့သော်လည်း မမျှော်လင့်ဘဲနှင့် ရုတ်တရက် သေဆုံးခဲ့ရလေသည်။

၎င်းက ထိုလူကြီးမင်း၏ တွက်ချက်မှုများကို ထိခိုက်နိုင်စေသလို ကျောင်းတော်ကို တာဝန်ယူထားသူ တစ်ယောက်အနေဖြင့် ဆိုလန်တွန်ကလည်း ဥယျာဉ်မြို့တော်၌ မာနာ သေဆုံးခဲ့ရခြင်းကို တာဝန်ယူရမည်မှာ သေချာပေသည်။ ထိုကဲ့သို့ အထိမခံ အခြေအနေ၌ ဆန့်ကျင်ဘက် ဂိုဏ်းဂဏက အခွင့်ကောင်းယူခဲ့လျှင် သူက စတေးခံ နယ်ရုပ်တစ်ရုပ် ဖြစ်သွားနိုင်လောက်ပေသည်။

“သင်းအုပ်ဆရာ မာနာက ဓားထိုးခံရပြီး သေသွားတာလား။” ရွိုင်၏ အဆိပ်ဒဏ်ရာကို ကုသနေသော အယ်လီဇာက မျက်မှောင်ကြုတ်လိုက်သည်။ “လုပ်ကြံသူတွေထဲမှာ အသက်ရှင်နေတဲ့သူ ရှိလား။”

ဝက်စလေက မြေပြင်ပေါ်ရှိ အလိုလို အရည်ပျော်လာသော လုပ်ကြံသူ အလောင်းများကို ကြည့်ကာ ခေါင်းခါသည်။ “ဒါက တင်းကြပ်တဲ့ ကျွမ်းကျင်အဖွဲ့အစည်း တစ်ခုပဲ။ ခုနက လုပ်ကြံမှုကို ကြည့်မယ်ဆိုရင် မာနာ သေဆုံးတာက မတော်တဆ မဟုတ်လောက်ဘူး။”

“ဘယ်လိုပဲဖြစ်ဖြစ်...” အယ်လီဇာက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မာနာ၏ ခန္ဓာကိုယ်ကို အမြန်သွားစစ်ဆေးကြည့်သည့် မြို့တော်ဝန်ကို စိုက်ကြည့်နေသည်။ “မြို့တော်ဝန် ခရော့။ ကျောင်းတော်နဲ့ ကျွန်မကို ရှင် ရှင်းပြချက် ပေးရမယ်။”

ခရော့က မည်သည့် ထိခိုက်မှုမျှ မဖြစ်သွားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ထိုအချိန်၌ ချွေးများရွှဲနေ၏။ တစ်ဝက်မှာ ခုနက လုပ်ကြံမှုကြောင့်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ ယခု ကြောက်လန့်မှုကြောင့်သာ ဖြစ်သည်။

ယခု အယ်လီဇာ၊ ဆိုလန်တွန်နှင့် အခြားသူများကို စားသောက်ပွဲထံ ဖိတ်ကြားရခြင်းမှာ ယခင် အရန် အလင်းစစ်သည်တော်ကိစ္စ၌ အထင်လွဲမှုများကို ဖြေရှင်းရန် ဖြစ်သည်။ ဆိုလန်တွန်က မြို့တော်အဆင့် ‌ကျောင်းတော်၏ ခေါင်းဆောင်သာ ဖြစ်ပြီး သူ့လက်အောက်တွင် ရှိနေသော်လည်း ဆိုလန်တွန်က သိဒ္ဓိကျောင်းတော်က နောက်ခံပေးထား၏။ သိဒ္ဓိကျောင်းတော်က အလင်းနတ်ဘုရား၏‌ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ပြီး လူသားလောက၏ အငြင်းပွားဖွယ်ရာမရှိ “လမ်းပြ” ဖြစ်သည်။ နတ်စွမ်းအားက မည်သည့် ဧကရာဇ်၊ ဘုရင်တို့၏ အုပ်စိုးခြင်းကို ဖိနှိပ်နိုင်ပေသည်။

ခရော့နှင့် ဆိုလန်တွန်တို့ ဆက်ဆံရေးက သိပ်မကောင်းခဲ့သော်လည်း ယခုတစ်ခေါက် လော့ဒ်-ဝယ်လီနှင့် ပြဿနာတက်ရခြင်း၏ တကယ့်အကြောင်းရင်းမှာ တခြားတစ်ယောက်က ဥယျာဉ်မြို့တော်ကို ထိန်းချုပ်ခဲ့လျှင် ပူးပေါင်းဆောင်ရွက်မှုက အကျိုးအမြတ် အချီကြီး ရမည်ဟု တန်နီစီအို ကတိပေးထား၍ ဖြစ်သည်။ မြို့တော်ဝန်ကို အံ့အားသင့်သွားစေသည်မှာ တန်နီစီအိုက ကိစ္စအတော်များများကို ထည့်တွက်ထားပြီးသား ဖြစ်နေခြင်းပင်။ သို့သော်လည်း သူက သားရဲထိန်းကျောင်းသမား “ရစ်ချက်”ကို ထည့်မတွက်ခဲ့မိပေ။ ၎င်းက အခြေအနေကို ဆိုလန်တွန် ပြောင်းပြန်လှန်သွားနိုင်ခဲ့ဟု ပြောရပေမည်။ ထိုအချိန်၌ ခရော့ နောင်တ ရနေမိခဲ့သည်။

ထိုဖိတ်ကြားမှုကလည်း ဆိုလန်တွန်နှင့် ပတ်သက်မှုကို ပြန်လည်တည်ဆောက်ရန်အတွက် အပြုသဘောဆောင်သော လုပ်ရပ်များ ပြသရန် ဖြစ်ပြီး သိဒ္ဓိမိန်းမပျို၏တပည့်နှင့် ရေဖျန်းဘုန်းတော်ကြီး၏ တူမကို ကျေနပ်စေရန်အတွက် ဖြစ်သည်။ သို့ရာတွင် သူပိုင်သော ပိုင်နက်ထဲ၌ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ လုပ်ကြံမှုတစ်ခု ဖြစ်သွားခဲ့ပြီး ကျောင်းတော်၏ ဒေသခံ ခေါင်း‌ဆောင် တစ်ယောက်ကိုပင် သတ်ပစ်ခဲ့လေသည်။ အကယ်၍ ထိုကိစ္စ ပြန့်သွားခဲ့လျှင် သူ၏ရာထူး ပြုတ်သွားနိုင်ပေသည်။

“မစ်-အယ်လီဇာ။ ကျုပ်...ကျုပ် တကယ် ဒီလိုဖြစ်မယ်ဆိုတာ မသိခဲ့ဘူး....” မြို့တော်ဝန်က ထစ်ထစ်ငေါ့ငေါ့ ပြောနေခဲ့ပြီး ယခင်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။

“ဓားမြှောင်ညီနောင်အဖွဲ့ပဲ။” ဆိုလန်တွန်က တစ်ခုခုကို ရုတ်တရက် သတိရလိုက်ပြီး ပြောသည်။ “မာနက ဥယျာဉ်မြို့‌တော်ကို မလာခင် လမ်းတစ်လျှောက်မှာ ဓားမြှောင်ညီနောင်အဖွဲ့ လုပ်ကြံခံရတာကို နှစ်ကြိမ် ခံခဲ့ရတယ်။ ဒါက တတိယအကြိမ် ဖြစ်လောက်တယ်။”

“အဲဒီအဖွဲ့အကြောင်း ကြားဖူးတယ်။” အယ်လီဇာက စဉ်းစားနေလိုက်သည်။ “ဒါပေမဲ့ သင်းအုပ်ဆရာ မာနာကို ရှင်းပစ်ဖို့ပဲဆိုရင် လုပ်ကြံဖို့ ဒီလိုအချိန် ရွေးချယ်တာ မဖြစ်နိုင်ဘူး။ မာနာက မတော်တဆ ဖြစ်လောက်တယ်။ ကျွန်မက တကယ့် ပစ်မှတ်ပဲ။”

၎င်းကို ကြားသည့်အခါ မြို့‌တော်ဝန်က သတိပြန်ဝင်လာပြီး အလျင်အမြန် သဘောတူသည်။ “ဟုတ်ယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ လုပ်ကြံရေး အဖွဲ့အစည်းက သေချာပေါက် ပါဝင်နေတယ်။ ကျုပ် ဒီကိစ္စကို သေချာပေါက် စုံစမ်းပြီးတော့ ဓားမြှောင်ညီနောက် အဖွဲ့ကို မြေလှန်ဖို့အတွက် မြို့တော်ကို သတင်းပို့လိုက်မှာပါ။”

ဓားမြှောင်ညီနောက်အဖွဲ့ လုပ်တာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အယ်လီဇာကို ရှင်းပြဖို့ အတွက် စုန်းပြူးတစ်ကောင် ရမှဖြစ်မယ်။ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ၊ ဘာရည်ရွယ်ချက် ရှိလဲ ဆိုတာတွေကတော့၊ ဒီလိုအဆင့်မြင့်တဲ့ ပြဿနာတွေကို ကျောင်းတော်အတွက်ပဲ ချန်ထားလိုက်မယ်။ ထိုသို့ စဉ်းစားပြီးနောက် မြို့တော်ဝန်က အိမ်ယာကိုပိတ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သူက ဥယျာဉ်မြို့တော် ရှာဖွေမှုကို အဆတိုးလိုက်ပြီးနောက် အမည်အသိ လူများကို စုံစမ်းတော့သည်။ အမှန်တကယ်၌ ဥယျာဉ်မြို့တော်က အလွန်ကြီးမားလှပြီး ထိုလုပ်ကြံသူများ၏ နည်းလမ်းများက အဆင့်မြင့်လှသည်။ မြို့စောင့်တပ်သားများဖြင့် ရှာရန် ခက်ခဲမည်မှာ သေချာပေသည်။ ထိုလုပ်ရပ်က သူ၏ အပြုအမူကို ညွှန်ပြနေခြင်းသာ ဖြစ်၏။

မာနာ သေဆုံးသွားပြီ ဖြစ်သည့်အတွက် စားသောက်ပွဲကို ဆက်လုပ်၍ မရတော့‌ေ၌။ ကျောင်းတော်မှ လူအများကို အရင်ဆုံး စိတ်ငြိမ်အောင် ပြုလုပ်ရပေမည်။ မြို့‌တော်ဝန်က ကျောင်းတော်မှလူများကို ကျေနပ်စေရန် ပိုက်ဆံအများအပြား ကမ်းလှမ်းပြီး အခင်းဖြစ်ရာကို ရှင်းလင်းရန်အတွက် လူအင်အား စီစဉ်နေတော့သည်။

သို့သော်လည်း မမျှော်လင့်ထားသော ပြောင်းလဲမှုများ ဖြစ်လာပြန်သည်။

အယ်လီဇာက မြို့တော်ဝင်၏ အပြစ်တင်မှုများကို အေးအေးဆေးဆေး နားထောင်နေရင်း ရုတ်တရက် ပြင်းထန်သော ကပ်ဘေးတစ်ခု ပေါ်ထွက်လာသည်။ ထိုခံစားချက်က ကြိုတင် သတိပေးခြင်း လုံးဝမရှိဘဲ အကြိမ်များစွာ အတွေ့အကြုံများမှ ရလာသော တိုက်ပွဲအသိစိတ်မှ ဖြစ်သည်။ ထိုအချိန်၌ ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။ “မစ်-အယ်လီဇာ။ နောက်ဘက်ကို သတိထား။”

အယ်လီဇာနောက်တွင် အလောင်းများကို ရှင်းလင်းနေသော အရပ်ပုပု သက်တော်စောင့် တစ်ယောက် ရှိနေသည်။ သို့သော်လည်း ချန်လွေ့ အော်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ် ချက်ချင်း ထုတ်လွှတ်လိုက်သူမှာလည်း ထိုသာမန် အစောင့်သာ ဖြစ်သည်။

လုပ်ကြံမှုပြီးနောက် ဒုတိယ လုပ်ကြံမှုတစ်ခု ရှိနေလိမ့်ဦးမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ တစ်နည်းပြောရလျှင် ယခင်လုပ်ကြံမှုမှာ အတုအယောင်ဖြစ်ပြီး ယခုမှသာ တကယ့် သတ်ဖြတ်ခြင်းတိုက်ကွက် ဖြစ်ပေသည်။

သတ်ဖြတ်ချင်စိတ် ပစ်မှတ်မှာ အယ်လီဇာ ဖြစ်၏။

ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးက သေဆုံးခြင်း အငွေ့အသက်များ ပြည့်နေသော သွေးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားဟန်တူသည်။ အားလုံးက ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြောင့် သက်ရောက်ခံလိုက်ရပြီး အသက်ရှူရန်နှင့် လှုပ်ရှားရန်ပင် ခက်ခဲ သွားကြသည်။ ခုနက [အမှောင်ကောင်းကင်] ဖိနှိပ်မှုမှာ ကလေးအကွက်သာ ဖြစ်သည်။ ယခုမှာ သက်ဖြတ်ချင်စိတ်၏ နောက်ဆက်တွဲတစ်ခုသာ ဖြစ်၏။

ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်နှင့်အတူ အလင်းစီးကြောင်းတစ်ခုက ဖော်ပြ၍ မရသော အမြန်နှုန်းဖြင့် အယ်လီဇာ၏ ကျောဘက်မှ နှလုံးရှိရာသို့ ရောက်ရှိလာသည်။ သေတော့မည်ဟု ခံစားနေရသော အယ်လီဇာက တစ်ကိုယ်လုံး အမွှေးများ ထောင်ကုန်၏။ သူ၏ မျက်လုံးများက ငွေရောင်အလင်းများ တောက်လာကာ အင်အားကြီး စိတ်ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်ကုန်သည်။ အယ်လီဇာက အရေးကြီးသော အခိုက်အတန့်၌ မည်သည့် စွမ်းအားကိုမှ ဖုံးကွယ်မထားတော့ပေ။

သတ်ဖြတ်ချင်စိတ်မှလွဲ၍ သူ့ပတ်ပတ်လည်မှ လူတိုင်းက အင်အားကြီးသော တွန်းကန်အားကြောင့် လွင့်ထွက်ကုန်ကြသည်။

အလင်းစီးကြောင်းက ခဏတာ ရပ်တန့်သွားပြီးနောက် အယ်လီဇာ၏ ကျောဘက်ကို အပြင်းအထန် ရောက်လာပြန်သည်။ သိူ့သော်လည်း အယ်လီဇာက ထိုအဖိုးတန်သော အချိန်ရပ်တန့်မှုကို အသုံးချပြီး တိုက်ခိုက်ရေးစွမ်းအားကို အားနည်စေကာ အရေးပါသော အစိတ်အပိုင်းများကိုလည်း ရှောင်လိုက်နိုင်သည်။

ထိုသို့ဆိုသည့်တိုင် အယ်လီဇာက ထိုတိုက်ခိုက်မှုကို လုံးဝ မရှောင်နိုင်သေးပေ။ သူက သွေးတစ်လုပ် အန်လိုက်၏။ မြေပြင်ပေါ်၌ အမှန်တကယ်ပင် အပေါက်တစ်ပေါက် ဖြစ်သွားလေသည်။

အယ်လီဇာ ထိသွားပြီးနောက် သူက ခန္ဓာကိုယ်က အလျင်အမြန် တွန့်လိမ်ပြီး လက်ကို ဓားအဖြစ် ပြောင်းလဲလိုက်သည်။ သူက လက်မောင်းကို ကြာပွတ်ကဲသို့ ပစ်လွှတ်လိုက်၏။ နောက်မှအစောင့်က ဟန်ချက်မထိန်းနိုင်ဘဲ ဘယ်ပုခုံးက ပြတ်ရှသွားခဲ့သည်။ လုပ်ကြံသူက အွန့်ခနဲ အသံထွက်သွားပြီး ချက်ချင်းပင် နောက်သို့ ပျံသန်းသွားလိုကသ်ည်။

မြေပြင်ပေါ်၌ အလွန်ကြီးမားသော ယပ်တောင်ပုံစံ အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ချက်ချင်းပင် ၁၀မီတာ နီးပါးအထိ ဆန့်ထွက်သွားသည်။ မြင့်မားသော တိုင်လုံးကြီးမားကလည်း နောက်ဆက်တွဲဒဏ်ကြောင့် အပိုင်းပိုင်းဖြစ်ကာ ပြိုလဲသွားကုနသ်ည်။ မရှောင်တိမ်းနိုင်သော အစောင့်များ၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ကုန်သည်။ ထိုတိုက်ခိုက်မှုတွင် ရှိနေသော စွမ်းအားက ထင်ရှားလှပေသည်။

လုပ်ကြံသူက တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် ဆက်လုပ်ရန် ခက်ခဲမည်ဖြစ်ကြောင်း သိနေဟန်တူသည်။ ထို့ကြောင့် သူက ပြန်ဆုတ်ခွာရန်အတွက် ချက်ချင်း ဆုံးဖြတ်လိုက်၏။ သူက အယ်လီဇာ၏ တိုက်ခိုက်မှုစွမ်းအားကို ငှားယူပြီး အမှောင်ထုသို့ မျက်စိသုံးလေးမှိတ်အတွင်း ပျံသန်းသွားခဲ့သည်။

အယ်လီဇာက ညာဘက်ရင်ဘတ်ကို နာကျင်လျက် ကိုင်ထားရင်း နောက်ထပ် သွေးတစ်လုပ် အန်လိုက်သည်။ သူ၏ခန္ဓာကိုယ် အနည်းငယ် လှုပ်ခါသွား၏။ “ဝက်စလေ။ မြန်မြန်လုပ်။ ကျွန်မကို ကျောင်းတော်ဆီ ပို့ပြီးတော့ ဒဏ်ရာတွေ ကုသဖို့အတွက် ပေါလ်ကို လာခိုင်းလိုက်။”

အလင်းစစ်သည်တော်များက အလျင်အမြန်ပင် အယ်လီဇာကို ကယ်တင်ပြီး ကျောင်းတော်သို့ ပြန်ရောက်လာသည်။ ဆိုလန်တွန်နှင့် ချန်လွေ့တို့ကလည်း ဘုန်းတော်ကြီးများ နှင့်အတူ ပြန်သွားကြပြီး မြို့တော်ဝန်ကသာ ချွေးများရွှဲစိုနေရင်း ကူကယ်ရာမဲ့ကာ ကျန်ရစ်ခဲ့လေသည်။

အခြားတစ်ဖက်၌ လုံခြုံရေး အစောင့်ဝတ်စုံ ဝတ်ထားသော အရပ်ပုပု ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက ဘယ်လက်မောင်းကို ကိုင်ထားပြီး ညအမှောင်ထဲပ အလျင်အမြန် ပြေးသွားနေ၏။ ရုတ်တရက် သူက ရပ်တန့်သွားပြီး နောက်သို့ သတိထားရင်း ကြည့်လိုက်သည်။ သို့သော်လည်း မည်သည့် ထူးထူးခြားခြား အရာကိုမျှ မတွေ့ခဲ့ပေ။

သူနောက်လှည့်ကြည့်လိုက်သောအခါ ပုံရိပ်တစ်ခုက ရှေ့တွင် စောင့်နေသည်ကို မြင်လိုက်ရသည့်အတွက် ထိတ်လန့်သွားခဲ့သည်။ ထိုပုံရိပ်၏မျက်နှာက ဝေဝါးနေ၏။ မျက်လုံးတစ်စုံသာ တောက်ပနေပြီး ဖျက်ဆီးခြင်းအငွေ့အသက် အရိပ်အယောင်တစ်ခု ထုတ်လွှတ်နေလေသည်။

All Chapters