← Chapters

လုပ်ကြံသူအမျိုးသမီး

Vol. 42 Ch. 652

လုပ်ကြံသူအမျိုးသမီး

Vol. 42 Ch. 652

လုပ်ကြံသူ၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင် သူ၏ လက်ထဲမှ အလင်းစီးကြောင့်ဖြင့် ထိုပုံရိပ်ကို အလျင်အမြန် ခုတ်ပိုင်းလိုက်သည်။

ထိုတိုက်ခိုက်မှုက အယ်လီဇာကို ယခင်က တိုက်ခိုက်သကဲ့သို့ အံ့သြလောက်စရာ အဟုန်မျိုး ရှိမနေခဲ့သော်လည်း ပို၍ကျစ်လျစ်ကာ ထိရောက်မှုရှိပြီး စွမ်းအားကလည်း မနိမ့်ကျပေ။

လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်က မလှုပ်ရှားခဲ့ပေ။ သူက ထိုတိုက်ကွက်ကြောင့် ဖောက်ထွင်းခံလိုက်ရတော့မည့်အချိန်၌ အလင်းစီးကြောင်းက အရေးကြီးသော အစိတ်ပိုင်း အဖမ်းခံလိုက်ရသော မြွေပွေးတစ်ကောင်သဖွယ် ရပ်တန့်သွားခဲ့၏။

ထိုအရာမှာ အဖြူရောင်ဓားသွားရှိသော ဆူးချွန်တစ်ခု ဖြစ်နေပြီး လက်ကိုင်ပေါ်၌ ထူးဆန်းသော အကွက်များကို ရေးရေးလေး မြင်နိုင်ပေသည်။ ဆူးချွန်၏ ထိပ်ဖျားကို လက်ဖြင့် အလွယ်တကူ ကိုင်ထားလိုက်ခြင်း ဖြစ်သည်။ လုပ်ကြံသူက မည်သို့ပင် ကြိုးစားစေကာမူ အနည်းငယ်မျှ မလှုပ်ရှားနိုင်ခဲ့ပေ။

အစွမ်းကုန်တိုက်ပွဲကို တစ်ဖက်လူက အလွယ်တကူ ဖြေရှင်းခဲ့ကြောင်း မြင်သည့်အခါ လုပ်ကြံသူက လက်နက်ကို လက်လျှော့လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးတောက် စက်လုံးတစ်ခု ပွင့်ထွက်လာ၏။ ထို့နောက် မီးတောက်၏ အကာအကွယ်အောက်တွင် သူ၏ ခန္ဓာကိုယ်က အလင်းရောင်အငွေ့သဖွယ် အလျင်အမြန် ဆုတ်ခွာသွားသည်။ သူက ခြေလှမ်း သုံးလေးလှမ်းဖြင့် အဝေးသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

အမှန်တကယ်၌ ထိုထွက်ပြေးသွားသော အငွေ့ပုံရိပ်မှာ အယောင်ပြသာ ဖြစ်ပြီး တကယ့် လုပ်ကြံသူကတော့ အခြားတစ်ဖက်သို့ တိတ်တိတ်လေး ခိုးသွားနေလေသည်။ သူက အလျင်အမြန်ပင် ဝတ်ရုံဝတ်ပြီး ခိုးထွက်သွားလိုက်၏။

ဝတ်ရုံနှင့်လူက သုံးလေးဘလော့လောက်အထိ အမြန်ပြေးသွားနေပြီးနောက် လမ်းကြားတစ်ခုသို့ ရောက်ရှိသွားပြီး မည်သည့်အန္တရာယ်ကိုမျှ မခံစားမိတော့ပေ။ သူက စိတ်သက်သာရာရပြီး သက်ပြင်းချတော့မည့်အချိန်၌ လက်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။ ဆူးချွန်တစ်ခုပင်။ ဆူးချွန်ထိပ်ကို လက်တစ်ဖက်က အေးအေးဆေးဆေး ကိုင်ထားပြီး သူက မည်သို့ပင် အားထုတ်စေကာမူ မလှုပ်ရှားနိုင်ပေ။

ခုနက...ထင်ယောင်ထင်မှား ဖြစ်တာလား။ လုပ်ကြံသူက ကြက်သီးများ ထသွားခဲ့သည်။ ထိုလျို့ဝှက်ဆန်းကြယ်သော ရန်သူက စွမ်းအားကြီးလွန်းလှသည်ကို သိသည့်အတွက် သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် အရေးမစိုက်နိုင်တော့ဘဲ မန္တန်တစ်ခုကို အလျင်အမြန် ရွတ်ဖတ်လိုက်သည်။ ထက်မြက်လှသော ဆူးချွန်မှ တလက်လက် အလင်းရောင်တစ်ခု ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။ “[အလင်းကွယ်ပျောက်]”

ချွန်ထက်သော ဆူးချွန်ကို ဗဟိုပြုပြီး အလင်းက ပျံ့နှံ့သွားခဲ့သည်။ ၎င်းက နေအသေးလေးမှ အားကောင်းသော ဖျက်ဆီးခြင် အလင်းရောင်နှင့် အပူများ ပေါက်ကွဲထွက် နေသကဲ့သို့ ဖြစ်နေသည်။

လုပ်ကြံသူအတွက် ကြောက်လန့်ဖွယ်ရာပင် “နေရောင်ခြည်”အဝန်းအဝိုင်းအတွင်း အရာအားလုံးက ထင်ထားသကဲ့သို့ မလောင်ကျွမ်း မပျောက်ကွယ် သွားခဲ့ပေ။ ပတ်ဝန်းကျင် နေရာလွတ်က ထူးဆန်းသော စွမ်းအားများ ပြည့်နှက်နေခဲ့သည်။ [အလင်းကွယ်ပျောက်] က ရွှံ့ဗွက်အိုင်တစ်ခုကဲ့သို့ ထိုးဆင်းသွားဟန်တူပြီး အလျင်အမြန် ဝါးမျိုခံလိုက်ရလေသည်။

လုပ်ကြံသူက သူ၏စွမ်းအားသည် ဆူးချွန်မှတစ်ဆင့် တစ်ဖက်လူထံ ထိန်းချုပ်၍မရဘဲ စီးဆင်းနေကြောင်း ခံစားလိုက်မိသည်။ သူ၏ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါနေ၏။ နောက်ဆုံး၌ တစ်ဖက်လူက စွမ်းအား ဝါးမျိုခြင်းကို ရပ်တန့်လိုက်ပြီး လက်ကို လွှတ်လိုက်သည်။

လုပ်ကြံသူက ဆူးချွန်ကို ကိုင်ထားရင်း‌ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွား၏။ သို့သော်လည်း မထွက်ပြေးခဲ့ပေ။ ငါနဲ့ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ရန်သူကြားမှာ စွမ်းအား ခြားနားချက်က ကြီးမားလွန်းတယ်။ ထွက်ပြေးဖို့ ပြန်တိုက်ဖို့ မဖြစ်နိုင်ဘူး။ နောက်ဆုံးအနေနဲ့ အနည်းဆုံးတော့ ငါ့ကိုယ်ငါ အဆုံးသတ်လို့ရတယ်။

“ရှင်က ဘယ်သူလဲ။” လုပ်ကြံသူက ‌နောက်ဆုံး၌ ပြောလိုက်သည်။ ထိုအသံက အနည်းငယ် အက်ကွဲနေသော အမျိုးသမီးအသံဖြစ်ပြီး မူလအသံ ဟုတ်မဟုတ် မသိရပေ။

“အဲဒီစကားက ငါ ပြောရမှာ။” တစ်ဖက်လူက ပြုံးလိုက်ဟန်တူသည်။ သူ၏ မျက်နှာကို မမြင်နိုင်သော်လည်း လုပ်ကြံသူက ထိုအပြုံး၏ အဓိပ္ပာယ်ကို ခံစားမိနိုင်သည်။ “[အလင်းကွယ်ပျောက်]က ထိပ်တန်း အလင်းဒြပ်စင် မှော်ပညာ မဟုတ်လား။ မင်း အဲဒီ ကောင်မလေးကို တိုက်ခိုက်ခဲ့တုန်းက မင်းရဲ့ တိုက်ခိုက်နေကျ နည်းလမ်းတွေနဲ့ စွမ်းအားတွေကို တမင် ဖုံးကွယ်ထားခဲ့တဲ့ပုံပဲ။”

လုပ်ကြံသူ အမျိုးသမီးက ခဏတာ တိတ်ဆိတ်သွားပြီး မေးလိုက်ပြန်သည်။ “ရှင်က သူ့လက်အောက်က မဟုတ်ဘူးလား။”

“သူ...အဲဒီကောင်မလေးလား။ ငါ သူ့ကို မသိဘူး။” ထိုလျို့ဝှက်ဆန်းကြယ်သောသူက စိတ်ဝင်စားစွာဖြင့် ပြောလိုက်သည်။ “ဒါက ညစာစားပွဲ တစ်ခုပါပဲ။ ငါက ဖြစ်သွားတာကို စိတ်ဝင်စားမိလို့ပါ။ အထူးသဖြင့် မင်း ခင်းကျင်းခဲ့တဲ့ လူသတ်ဖို့ ဇာတ်ကွက် အဆက်လိုက်ကိုပေါ့။ ပထမဆုံး လုပ်ကြံရေးအဖွဲ့ ကျရှုံးမှုက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်ဖို့ပဲ။ ဒါပေမဲ့ လူတိုင်းက သတိလက်လွတ် ဖြစ်သွားတဲ့အချိန် မင်းက ရုတ်တရက် လူသတ်တိုက်ကွက်ကို သုံးခဲ့တယ်။ ငါလည်း သတိလွတ်သွားမှာပဲ။”

အမျိုးသမီး လုပ်ကြံသူက ပုခုံးမှ ဒဏ်ရာများကို ဆုပ်ကိုင်ထားပြီး ခေါင်းခါသည်။ “တကယ်လို့ ကျွန်မက တကယ့် သူတော်စင်အဆင့်ကို ရင်ဆိုင်ရမယ်ဆိုရင် အလစ် တိုက်ခိုက်ရင်တောင် ပန်းတိုင်ရောက်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့လည်း လူသတ်ဇာတ်ကွက်က သူကိုယ်တိုင် ခင်းကျင်းထားတာ။ ကျွန်မက အဲဒီဇာတ်ကွက်ထဲမှာ နေရာအသေးလေးကနေ ပါဝင်ဖို့ အကြံရခဲ့ရုံပါ။”

လုပ်ကြံသူအမျိုးသမီးက မျက်နှာကို ထူးဆန်းသောစွမ်းအား အလွှာတစ်ခုဖြင့် ဖုံးကွယ်ထားသော်လည်း ထိုသူ၏အနီရောင်အကြည့်က ဖုံးကွယ်မှုကို ဖောက်ထွင်းပြီး သူ၏ တကယ့်မျက်နှာနှင့် နှလုံးသားကိုပင် တည့်တည့်ကြည့်နေသလို ဖြစ်နေသည်။ အမျိုးသမီးက ကိုယ်တုံးလုံး ဖြစ်နေသကဲသို့ ခံစားနေရသည်။ ဒီလျို့ဝှက်ဆန်းကြယ်တဲ့သူက သူတော်စင်အဆင့် ထိပ်သီးအဆင့်ကို ရောက်နေတာ ဖြစ်မယ်။ လူသားလောကမှာ ဒီလိုပုဂ္ဂိုလ်မျိုးက လူတိုင်း မော့ကြည့်ရတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေပြီ။ နတ်ဘုရားအဆင့်နဲ့ နီးစပ်နေတဲ့ ဒဏ္ဍာရီထဲက မဟုတ်ရင်ပေါ့.....

“လက်စသတ်တော့ ဇာတ်ကွက်ထဲက ဇာတ်ကွက်တစ်ခု ဖြစ်နေတာကိုး။” ထိုသူက သဘောပေါက်သွားဟန်တူပြီး ‌ခေါင်းညိတ်လိုက်သည်။ “ထွက်သွားဖို့ အခွင့်အရေးကို ဒီနောက်ကွယ်က အမှန်တရား တစ်ခုလုံးနဲ့ လဲလှယ်ပေးမယ်ဆိုရင် မင်း ဘာကို ရွေးမလဲ။”

လုပ်ကြံသူ အမျိုးသမီးက ပြတ်ပြတ်သားသား ပြန်ဖြေသည်။ “သေပဲ သေလိုက်မယ်။”

“မင်းရဲ့ မျက်လုံးကနေ ပြတ်သားမှုကို ငါ မြင်နေရတယ်။ ဒီတော့..” ထိုသူက မေးစေ့ကို ကိုင်ထားရင်း စဉ်းစားနေလိုက်သည်။ “ကောင်းပြီ။ အခု မင်း သွားလို့ရပြီ။”

လုပ်ကြံသူအမျိုးသမီးက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူက သံသယဝင်နေသာ အမူအရာ ပြသလိုက်သည်။ သူက ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာလား။ သူက တကယ်ပဲ သိချင်လို့ လာမေးတဲ့ ဖြတ်သွားဖြတ်လာလား။

“ဒါနဲ့ မင်း နည်းနည်းတော့ ပေးဆပ်ရဦးမယ်...”

ထိုသူ၏ပုံရိပ်က အမျိုးသမီး အရှေ့တွင် ချက်ချင်း ပေါ်ထွက်လာသည်။ လုပ်ကြံသူ အမျိုးသမီးက လှုပ်ရှားရန် ပြင်လိုက်သော်လည်း ခန္ဓာကိုယ်က လုံးဝ ထိန်းချုပ်၍ မရတော့ကြောင်း ခံစားလိုက်မိသည်။ ထို့နောက် ပြင်းပြသော အမျိုးသား အငွေ့အသက်တစ်ခု ချဉ်းကပ်လာသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏နှုတ်ခမ်းကို ထိုသူ၏နှုတ်ခမ်းကို ထိကပ်လိုက်၏။ လုပ်ကြံသူ အမျိုးသမီးက သိမ့်သိမ့်တုန်သွားပြီး အိပ်မက်တစ်ခုထဲ ကျရောက်သွားဟန်တူသည်။

နိုးထလာပြီးနောက် ထိုယောက်ျားနှင့် ထူးဆန်းသော မှော်စွမ်းအားက အိပ်မက်တစ်ခု ကဲ့သို့ပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

လုပ်ကြံသူအမျိုးသမီးက စိုစွတ်နေသော နှုတ်ခမ်းကို ကိုင်လိုက်မိသည်။ ထို့နောက် သူက အံကြိတ်ပြီး ပုခုံးကိုကိုင်ကို ညအမှောင်ထဲသို့ ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပင် အလင်းစံအိမ်ရှိ ချန်လွေ့ကလည်း ကြောင်တောင်တောင်နှင့် နှုတ်ခမ်းကို ကိုင်လိုက်သည်။ ကိုယ်ပွားက သူ၏ ခွင့်ပြုချက်အောက်တွင် သီးသန့်အသိစိတ်တစ်ခု ရှိနိုင်ပြီး အခြားသူတစ်ယောက်ကဲ့သို့ ဆောင်ရွက်နိုင်ပေသည်။ ထိုကဲ့သို့ အသိစိတ်များက ကန့်သတ်ချက်အနည်းငယ် ရှိသော်လည်း ခုနက အပြုအမူကဲ့သို့သော အသူရာ၏ မူရင်း စရိုက်လက္ခဏာအချို့လည်း ရှိနေလေသည်။

ထိုကဲ့သို့ အထိအတွေ့ ခံစားချက်က အံ့သြဖွယ်ရာ ချိတ်ဆက်မှုမှတစ်ဆင့် ကူးပြောင်းလာပြီး ချန်လွေ့အား အတော်လေး ပြောစရာမဲ့သွားစေသည်။

အလင်းစံအိမ်ထဲ၌ ပေါလ်က သတင်းကြားပြီးနောက် ရောက်ရှိလာပြီး အယ်လီဇာအား အရေးပေါ်ကုသရန်အတွက် အခန်းထဲသို့ ခေါ်သွားသည်။ အပြင်ဘက်တွင် ဝက်စလေနှင့် အခြား အလင်းစစ်သည်တော်များက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသည်။ ဆိုလန်တွန်ကိုပင် သူတို့အနားသို့ ကပ်ခွင့်မပေးပေ။

ထိုလုပ်ကြံမှုက အတော်လေး ထူးဆန်းပေသည်။ [ အမှောင်ကောင်းကင် ] ဖြင့် သူတို့ ဝိုင်းရံခံရချိန် အယ်လီဇာ၏ စိတ်ဝိညာဉ်စွမ်းအားက မိမိကို ခိုးကြည့်နေ‌ကြောင်း ချန်လွေ့ သေသေချာချာ ခံစားမိသည်။ ချန်လွေ့က မိမိ၏ ဟာကွက်များ ပေါ်သွားမသွား မသိခဲ့ပေ။ ထိုအချိန်၌ အယ်လီဇာ အစိုးရိမ်နေဆုံးက လုပ်ကြံမှုမဟုတ်ဘဲ ချန်လွေ့ကို ဖြစ်နေသည်။ လုပ်ကြံသူ၏ စွမ်းအားက အယ်လီဇာကို စိုးရိမ်စေနိုင်သည်အထိ မကြီးမားသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။

လုပ်ကြံမှု ပစ်မှတ်တစ်ခုက သင်းအုပ်ဆရာ မာနာဖြစ်ကြောင်း သိသွားသည့်အခါ ချန်လွေ့က စိတ်ထဲ၌ အတွေးတချို့ ရှိသော်လည်း နောက်ဆုံး၌ မလှုပ်ရှားခဲ့ပေ။ မာနာ၏ ပန်းတိုင်က ယန်ရှောင်မြို့တော်၏ ဂုဏ်းအုပ် ဖြစ်လာရန် ဖြစ်သည်။ ယခင် ၂ရက်အတွင်း ချန်လွေ့က အယ်လီဇာ၏ “ကျေးဇူးတင်ခြင်း”များ ရရှိခဲ့ပြီး မာနာကို ပိုမို စိတ်လှုပ်ရှားလာစေ၏။ ပျော်ရွှင်နေရင်း သူက လုပ်ဖော်ကိုင်ဖက်အား ထိန်းချုပ်၍မရတော့မည်ကို စိုးရိမ်သည့်အတွက် ချန်လွေ့ကို ယန်ရှောင်မြို့တော် ကျောင်းတော်သို့ အလင်းစစ်သည်တော်အဖြစ် သွားရောက်ရန် ပြောခဲ့သည်။ စာချုပ်အား ခြိမ်းခြောက်မှု တစ်ခုအနေဖြင့် အသုံးချမည့် အရိပ်အယောင်ပင် ရှိနေခဲ့သည်။

ချန်လွေ့တွင် ကျောင်းတော်၏ အာဏာကစားပွဲအတွက် မာနာကို အဖော်ပြုပေးရန် မည်သို့ အချိန် ရှိမည်နည်း။ ခြိမ်းခြောက်မှုကတော့ ပို၍ပင် ရယ်စရာ ကောင်းပေသည်။ အယ်လီဇာက သူ့ကို ခိုးကြည့်နေသည့်အတွက် ချန်လွေ့က ရိုးရိုးရှင်းရှင်းပင် ရပ်ကြည့်နေလိုက်သည်။

ဒုတိယ လုပ်ကြံသူကို သူလည်း ကြိုမမြင်နိုင်ခဲ့ပေ။ သို့သော်လည်း လုပ်ကြံသူ၏ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး သူ၏အာရုံမှ မဖုံးကွယ်နိုင်ခဲ့ပေ။ လုပ်ကြံသူ၏ ပစ်မှတ်က အယ်လီဇာဖြစ်ကြောင်း သိသွားပြီးနောက် ချန်လွေ့က ထိုအချိန်၌ သတိပေးရန် ပြန်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။

အယ်လီဇာတွင် အထူးသရုပ်တစ်ခု ရှိသည်။ သူ သေသွားလျှင် နေရာတွင် ရှိနေသူတိုင်း ပြဿနာ တက်ကြမည် ဖြစ်သည်။ ၎င်းက ကမ်းပါးဖြူသို့ ခိုးဝင်မည့် သူ၏အကြံအစည်ကို သေချာပေါက် ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သူက ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရလာဒ်အနေဖြင့် အယ်လီဇာနှင့် လုပ်ကြံသူတို့ ဒဏ်ရာရသွားကြပြီး အဆုံး၌ အယ်လီဇာက အသက်ရှင်သွားခဲ့လေသည်။

အသူရာ ပေးလာသော အချက်အလက်က ချန်လွေ့က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေ၏။ လုပ်ကြံသူ အမျိုးသမီးရဲ့ စိတ်အခြေအနေကို ကြည့်ရရင် သူက လိမ်နေတာ မဟုတ်လောက်ဘူး။ ဒီတစ်ခေါက်က လူသတ်ဖို့ ဇာတ်ကွက် အဆက်လိုက် ချထားတာ မဟုတ်ဘူး။ ဇာတ်ကွက်တစ်ခုထဲက ဇာတ်ကွက်တစ်ခုပဲ။ ပြောရမယ်ဆိုရင် ပထမလုပ်ကြံမှုက အယ်လီဇာက ထိန်းချုပ်ထားတာ။ လုပ်ကြံသူအမျိုးသမီးက အယ်လီဇာရဲ့ အခင်းအကျင်းထဲကို ပါးပါးနပ်နပ် ဝင်ရောပြီးတော့ အခွင့်အရေးကို အသုံးချပြီး လူသတ်တိုက်ကွက်ကို သုံးခဲ့တာ။

ဒါဆို မာနာကို သတ်လိုက်တဲ့ တကယ့် လူသတ်သမားက အယ်လီဇာလား။ မာနာက သူ့ကို အာခံမိဖို့ မပြောနဲ့၊ အမြဲတမ်း ကျေနပ်နေ‌အောင် လုပ်နေတာပါပဲ။ ပြီးတော့ အယ်လီဇာက မာနာကို တကယ် သတ်ချင်တယ်ဆိုရင် လက်ချောင်းလေး လှုပ်လိုက်ရုံပဲ။ လှုပ်ရှားဖို့အတွက် “ဓားမြှောင်ညီနောင်” နာမည်ကို သုံးရတာက ဘာအကြောင်းကြောင့်လဲ။

ပြီးတော့လည်း ဥယျာဉ်မြို့အထိ လမ်းတစ်လျှောက် တိုက်ခိုက်ဖို့အတွက် ဓားမြှောင်ညီနောင်ကို ဘယ်သူ စီစဉ်ထားတာလဲ။

သံသယအမျိုးမျိုးနှင့်အတူ ချန်လွေ့က အဝေးမှ အစောင့်အကြပ်များ တင်းကြပ်နေသော အရေးကြီးပုဂ္ဂိုလ် အဆောက်အအုံကို ကြည့်နေလိုက်သည်။ အတွေးတစ်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖောက်ထွင်းမြင်နေရပြီးနောက် ညအမှောင်နှင့်အတူ ပေါင်းစည်းကာ ပျောက်ကွယ်သွားတော့သည်။

ပေါလ်အခန်းထဲ၌ တောက်ပသော အလင်းရောင်တစ်ခု ရှိနေ၏။

ပုံရိပ်နှစ်ခု ရှေ့ဆင့်နောက်ဆင့် တပလ္လင်ခွေပြီး ထိုင်နေကြသည်။ ပေါလ်၏ ဘယ်လက်က မြူကဲ့သို့ ရွှေရောင်အလင်းများ တောက်နေပြီး အယ်လီဇာ၏ အဝတ်မဲ့နေသော ကျောပြင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုကျောပြင်ပေါ်၌ ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ခု ရှိနေသည်။ ထိုလုပ်ဆောင်ချက်က နှေးကွေးပြီး သတိထားရသည်။ ပေါလ်၏ နဖူးပေါ်မှ ချွေးများကျလာပြီး အယ်လီဇာ၏ အရေပြားကလည်း အတွင်းထဲ၌ မြွေတစ်ကောင် ရှိနေသကဲ့သို့ပင် ထူးထူးဆန်းဆန်း တွန့်လှုပ်လာ၏။ အယ်လီဇာက အံကြိတ်နေရင်း နာကျင်မှုကို တတ်နိုင်သလောက် တောင့်ခံနေသည်။ သူ၏တစ်ကိုယ်လုံး ချွေးများ ထွက်နေလေ၏။ တွန့်လှုပ်မှုက ပို၍ပို၍ မြန်လာပြီး ညာဘက် လက်ကောက်ဝတ်မှ ပြတ်ရာတစ်ခုသို့ ရွေ့လာသည်။ ထို့နောက် အဝါရောင်အရည်များ ပန်းထွက်လာတော့သည်။

အဝါရောင်အရည် ကြမ်းပြင်ပေါ် ကျသွားသောအခါ အထူးပြုလုပ်ထားသော သစ်မာက ချက်ချင်းပင် တိုက်စားခံလိုက်ရသည်။ အဝါရောင်အရည်က တဖြည်းဖြည်းနှင့် အနီရောင် ပြောင်းသွားပြီး နောက်ဆုံးတွင် သွေးအဖြစ် ပြောင်းလဲသွားသည်။ ပေါလ်က သက်ပြင်းချလိုက်ပြီး ရွှေရောင်အလင်းကို ရုပ်သိမ်းလိုက်သည်။ သူ၏ ညာလက်တွင် အဖြူရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး အယ်လီဇာ၏ ကျောဘက်မှ ဒဏ်ရာ တဖြည်းဖြည်း ကောင်းမွန်လာ၏။ နောက်ဆုံး၌ အမာရွတ်ပင် မရှိတော့ပေ။

အလင်းဒြပ်စင်မှော်ပညာက ရေဒြပ်စင်မှော်ပညာ မယှဉ်နိုင်သော မှော်ဆန်သည့် သက်ရောက်မှုများ ရှိနေသည်မှာ သံသယဝင်စရာ မရှိ‌ပေ။ သို့သော်လည်း ကုသမှော်ပညာက အကြွင်းမဲ့ မဟုတ်သည့်အတွက် အချိန်အကန့်အသတ် တစ်ခု ရှိသည်။ အဆက်မပြတ် သုံးနေလျှင် ထိရောက်မှုကို ကြီးကြီးမားမား လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်၏ အလိုလိုပြန်ကောင်းသော စွမ်းရည်ကို ပျက်စီးစေနိုင်ရုံသာမက [ကောင်းချီးအလင်းခန္ဓာ]မရှိလျှင် လျို့ဝှက်ဒဏ်ရာများလည်း ရလာနိုင်ပေသည်။

အယ်လီဇာက ယခုတစ်ခေါက် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။ ပေါလ်၏ အကူအညီက သူ့ကို ဟန့်တားနေသည့် စွမ်းအားကို ဖယ်ရှားပေးနိုင်ခဲ့သော်လည်း အလင်းဒြပ်စင် မှော်ပညာက ပြင်ပဒဏ်ရာများကိုသာ ကုသနိုင်ပြီး အတွင်းဒဏ်ရာများကတော့ ပြန်ကောင်းရန် အချိန်အကြာကြီး ယူရဦးမည် ဖြစ်သည်။

“ဟုတ်ပြီ...ကျေးဇူးပါပဲ။” အယ်လီဇာ၏ တောင့်တင်းနေသော ခန္ဓာကိုယ်က ပြေလျော့ သွားခဲ့သည်။ “ကျွန်မကို အင်္ကျီဝတ်ပေး။ အား မရှိတော့ဘူး။”

ပေါလ်က ထရပ်ပြီး ဝတ်ရုံဝတ်ပေးလိုက်ကာ နောက်ပြန်ဆုတ်လိုက်သည်။

“ကျွန်မက သိပ်ပြီးတော့ ကြောက်စရာကောင်းတာလား။” အယ်လီဇာ၏အသံက အနည်းငယ် အားနည်းနေသည်။ “ကျွန်မကို ချွေးသုတ်ပေး။ ရှင်က ယောက်ျား ဟုတ်မဟုတ် ကျွန်မ တကယ် မသိတော့ဘူး။ ရှင့်ကို ဘယ်မိန်းမမှ သဘောကျမယ့်ပုံ မပေါ်ဘူး။”

ပေါလ် ပုဝါကိုယူပြီး မျက်နှာကို ချွေးသုတ်ပေးလိုက်သည်။ သူ၏ အကြည့်က မို့မောက်နေသော တောင်နှစ်လုံးကို ရောက်သွားသည့်အခါ ပေါလ်က အကြည့်လွှဲလိုက်သည်။

အယ်လီဇာက အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး စကားပြောရန် ပြင်လိုက်စဉ် ပေါလ်က ပြောလာသည်။ “ဒီလုပ်ကြံမှုက ဘာတွေ ဖြစ်နေတာလဲ။ ဒါက တော်တော်လေး ကြောက်စရာ ကောင်းတဲ့ ကင်းမြှီးကောက်နီစွမ်းအားပဲ။ လူဆိုးသမ္မဂက သူတော်စင်အဆင့် လုပ်ကြံသူ တစ်ယောက်လား။”

“ဟမ့်...” ထိုသို့ပြောနေရင်း အယ်လီဇာ၏မျက်လုံးများက အေးစက်သော အလင်းရောင် တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “လူဆိုးသမ္မဂ မဟုတ်ဘူး။ သူက သိပ်မတော်တဲ့ စွမ်းအားနဲ့ တိုက်ခိုက်‌ရေးနည်းလမ်းတွေကို တမင်အသုံးပြုပြီးတော့ တခြားသူတွေဆီကနေ ဖုံးကွယ်နိုင်ပေမဲ့ ကျွန်မဆီကနေ မဖုံးကွယ်နိုင်ဘူး။”

ပေါလ်က တစ်ခုခုကို တွေးမိသွားပြီး အမူအရာက အနည်းငယ် တုန်လှုပ်သွား၏။ သို့သော်လည်း နောက်ဆုံး၌ ဘာမှ မပြောခဲ့ပေ။

All Chapters