ဧကရီနှင့် ဧကရီ တွေ့ဆုံကြပြီ၊ ဧကရီအစည်းအဝေး
Vol. 42 Ch. 653
“တစ်ခုခု မမေးချင်ဘူးလား။” အယ်လီဇာက ပေါလ်ကို ကြည့်လိုက်သည်။ “ဒါမှမဟုတ် ရှင်က သိဒ္ဓိမိန်းမပျိုး ဂိုဏ်းဂဏတိုက်ပွဲမှာ မပါအောင်လို့ ဘေးကင်းကင်း နေချင်တာလား။”
ပေါလ် ပြန်မဖြေဘဲ မျက်မှောင်သာ ကြုတ်လိုက်သည်။
အယ်လီဇာက အသက်နှင့်မလိုက်အောင် အတွေ့အကြုံများသော အပြုံးမျိုး ပြုံးလိုက်၏။ “ရှင်က နတ်ဘုရားကျောင်းစစ်သည်တော်အတွက် အလောင်းအလျာ ဖြစ်သွားပြီးကတည်းက မဝင်ပါလို့ မရတော့ဘူး။ လူတိုင်းက ရှင့်ရဲ့ဆရာ ရှေးသူရဲကောင်းခေါင်းဆောင် ဆာ-ပါဆာလီလို မဟုတ်ကြဘူး။ ဒါမှမဟုတ် တစ်နည်းပြောရရင် ရှင့်မှာ အခု ဒီလိုမျိုး ခွန်အား မရှိသေးဘူး။ ဘက်မှားတာထက် ပိုပြီးမှားတာက ဘယ်ဖက်ကိုမှ မရွေးတာပဲ။ ကြားနေတွေကို နှစ်ဖက်လုံးက တစ်ချိန်တည်း ခေါ်ကြချင်ပေမဲ့ တကယ့် ယုံကြည်ချက်ရဖို့က မဖြစ်နိုင်ဘူး။ ဖယ်ချန်ခံရမှုတွေ၊ အထင်သေးမှုတွေ အမြဲတမ်း ရှိနေမှာပဲ။”
ပေါလ်က တိတ်ဆိတ်နေ၏။ အယ်လီဇာက ပင့်သက်ရှိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ “အခွင့်အရေးတွေက အများကြီး လာတတ်ကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပြင်ဆင်ထားတဲ့ သူတွေကပဲ ဆုပ်ကိုင်နိုင်တာ။ ကောင်းပြီလေ။ ကျွန်မ ပြန်နားလိုက်ဦးမယ်။ ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ။”
ခြေလှမ်းအနည်းငယ်လှမ်းပြီး တံခါးသို့ ရောက်လာသောအခါ အယ်လီဇာက နောက်သို့ ပြန်ကြည့်လိုက်ပြန်သည်။ “အခွင့်အရေးကို လွဲချော်သွားတာနဲ့ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ စကားလည်း ရှိတာပဲ။ ပြင်ဆင်ထားမယ်ဆိုရင်တောင် အခွင့်အရေးတွေက အမြဲတမ်း မရှိနိုင်ဘူး။ ဆုံးရှုံးသွားတာနဲ့ လုံးဝ ပြန်မလာနိုင်တော့ဘူး။ အရင်တစ်ခေါက် ကျွန်မ ပြောခဲ့တာကို စဉ်းစားပါ။ ကျွန်မ ထပ်ပြီး မပြောတော့ဘူး။”
ပေါလ်က စဉ်းစားကြည့်နေဟန်တူသည်။ သူက အယ်လီဇာ အခန်းထဲမှ ထွက်သွားသည် ကိုပင် မသိလိုက်ပေ။
ဘေးဖက်မှ ခိုးကြည့်နေသော ချန်လွေ့က အခန်းထဲမှ တိတ်တိတ်လေး ထွက်သွားလိုက်၏။ “သိဒ္ဓိမိန်းမပျို ဂိုဏ်းဂဏ တိုက်ပွဲ”အကြောင်း ကြားသောအခါ သူ၏ စိတ်ထဲ၌ ယေဘုယျ အခြေအနေ တစ်ခုကို သိရှိသွားသည်။ လုပ်ကြံသူအမျိုးသမီးက ဆက်ခံသူ ပြဿနာမှာ ပါဝင်နေတဲ့ သိဒ္ဓိမျိုးမပျို လက်အောက်က ဖြစ်နိုင်တယ်။ အယ်လီဇာရဲ့ အရင် လူသတ် ဇာတ်ကွက်တွေက မာနာကို သတ်ဖို့ပဲ မဟုတ်ဘူး။ ဆိုလန်တွန်နဲ့ မာနာ နောက်မှာရှိတဲ့ အင်အားစုကို တစ်ခုခု တုံ့ပြန်အောင် လုပ်တာပဲ။
သိဒ္ဓိမျိုးမပျို အခြေအနေက အလွန်နက်ရှိုင်းလှသည်။ ထို့ပြင် ချန်လွေ့က ၎င်းကို အဖြေရှာရန် စိတ်မဝင်စားပေ။ ၎င်းက သိဒ္ဓိအလင်းတောင်သို့ ပေါလ်နှင့်အတူ သူသွားနိုင်မည်ကို မထိခိုက်သရွေ့ အဆင်ပြေသည်။ လူသားလောကမှာ အာသာ ပြန်လာရန် အိပ်မက်မက်ခဲ့သော မွေးရပ်မြေ ဖြစ်သော်လည်း ချန်လွေ့အတွက် နတ်ဆိုးဘုံကသာ သူ၏ စစ်မှန်သော နေစရာတစ်ခု ဖြစ်သည်။ သူက သူချစ်ရသော မိန်းမများ၊ မိတ်ဆွေများ၊ လူယုံများနှင့် ခရမ်းရောင်လေ လောကကြီးကို သတိရနေခဲ့သည်။
ထိုညတွင် ချန်လွေ့ အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲ၌ သူက ဘုရင်တစ်ပါး ဖြစ်သည်။ အသီနာ၊ ဇိုလာ၊ အစ်ဇဘယ်လာ......ဧကရီနှစ်ပါး အပါအဝင် သူ၏ ချစ်သူအားလုံးက သူ၏ ကိုယ်လုပ်တော်များ ဖြစ်နေကြသည်။ အိုတာခုတစ်ယောက်အတွက် သလင်းကျောက် မောင်းမဆောင် အိပ်မက်ဖြစ်လာသည်ထက် မည်သည်က ပိုမိုပြည့်ဝနိုင်မည်နည်း။ ထို့နောက် အတန်းဖော်ဘုရင်ကြီးက နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေသွားကြလေတော့သည်။ ဘယ်ဘယ် ညာညာ ပွေ့ဖက် အိပ်စက်ရင်း ပျော်ပါးနေခဲ့၏။ နိုင်ငံရေးကိစ္စများကတော့ ပင်ပန်းလွန်းလှသည့် အတွက်ကြောင့် သူ၏အင်အားကို ပျော်ပါးရန်အတွက် ချန်ထားသည်ကို ပိုကောင်းပေသည်။
မောင်းမဆောင် ကိုယ်လုပ်တော် များလေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။ သို့သော်လည်း အလိုလိုက်ခံရန်အတွက် ရန်ဖြစ်ကြသည်မှာ ခေါင်းကိုက်စရာပင်။ သူတို့က မကြာခဏ ပြဿနတက်ကြပြီး ဇာတ်လိုက်ဖြစ်သူက မည်သည်မျှ မလုပ်ဘဲ အပြစ်တင် ခံရသည်။ သူက သလင်းကျောက် မောင်းမဆောင်အတွက် သွေးစတေးခံ ဖြစ်လာရသည်။ တစ်ချိန်တည်းမှာပင် “နေမြင့်သည်အထိ အိပ်စက်သောဘုရင်ကြီး”၏ အပြုအမူများကြောင့် အရာရှိများအကြားတွင် အပြစ်တင်မှုများ၊ ဝေဖန်မှုများ ရှိလာသည်။ အဆုံး၌ သူပုန်များက မြို့တော်ဂိတ်ပေါက်ကို တိုက်ခိုက်ကြသည့်အခါ သူက ရွေးစရာမရှိတော့ဘဲ ကိုယ်လုပ်တော်များ နှင့်အတူ ထွက်ပြေးရတော့သည်။ ရေကြောင်းနှင့် ကုန်းကြောင်း မည်သည်ဖြင့် ခရီးသွားရန် ပြဿနာ တက်နေမှုကြောင့် နေရာအနှံ့ အချေအတင် ဖြစ်ကြ၏။ ပြဿနာကို ဖြေရှင်းပြီးနောက် သူတို့ကို သူပုန်များက ဝိုင်းထားပြီးပြီ ဖြစ်သည်။ ထိုအချိန်၌ ဇာတ်လိုက် အတန်းဖော်ဘုရင်က နောက်ဆုံးတွင် အော်ငိုလိုက်လေတော့သည်........
နောက်တစ်နေ့ နိုးလာသောအခါ ချန်လွေ့က ထိုအိပ်မက်ကြောင့် အဆုံးမရှိ နောက်ဆက်တွဲ ခံစားမှုများ ရှိနေသေးသည်။ သူ မှတ်မိသည်က အလှပဆုံးသော ဇာတ်လမ်း ပထမတစ်ဝက်သာဖြစ်ပြီး ကျန်တစ်ဝက်ကိုမူ လျစ်လျူရှုထား၏။ ကိစ္စအသေလေးတွေနဲ့ ခေါင်းရှုပ်မခံနဲ့ ဆိုသလိုပေါ့။
နောက်လိုက်မခံရဘဲနဲ့ အသက်ရှင်လို မရဘူး။ ဒီလိုမြင့်မြတ်တဲ့ အိပ်မက်ကို ပြည့်ဝအောင် လုပ်ရမယ်။ ပြီးတော့ ဒါက သေချာပေါက် ဖြစ်လာမယ်။ ညီအစ်မတွေ၊ ဧကရီတွေ။ ငါ့ကို စောင့်နေကြပါ။ ငါ သေချာပေါက် ပြန်လာခဲ့မယ်...
၎င်းက အိုတာခု၏ “စိတ်စွမ်းအား” သို့မဟုတ် အပြန်အလှန် နားလည်သဘောပေါက်ခြင်း ဖြစ်ဟန်တူသည်။ တစ်ချိန်တည်းမှာပင်....အခြားလောက၌ ဖြစ်သည်။ သို့မဟုတ် ၎င်းကို A- အဆင့် နေရာလွတ်ဟု ခေါ်ရပေမည်။ အာရုံများကို ဖမ်းစားထားသော ခေါင်းဆောင်နှစ်ဦးက ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခုတွင် ပထမဆုံးအကြိမ် ရုတ်တရက် တွေ့ဆုံမှုတွင် သိမ့်သိမ့်တုန်သွားကြ၏။
ထိုသူနှစ်ယောက်မှာ အမျိုးသမီးများ ဖြစ်ကြသည်။ တစ်ယောက်က အေးစက်ပြီး ရေခဲတုံး မိန်းမလှ ဖြစ်သည်။ အခြားတစ်ယောက်က မျက်နှာလွှားနှင့် လျို့ဝှက်ဆန်းကြယ်သော မိန်းမလှတစ်ဦး ဖြစ်သည်။ သူတို့က နတ်ဆိုးဘုံရှိ အင်အားအကြီးဆုံး အမျိုးသမီးနှစ်ဦး ဖြစ်ကြကာ အင်ပါယာကြီးနှစ်ခု၏ ဧကရီများလည်း ဖြစ်ကြပေသည်။
ကြယ်ကြွေတမန်အင်ပါယာသို့ ရောက်လာသော အရိပ်နက်အင်ပါယာ ဧကရီ မဟာကတ်သရင်း တစ်ပတ်ကြာ အင်ပါယာသို့ လှည့်လည်ခရီးထွက်မည် ဖြစ်သည်။ ၎င်းက နတ်ဆိုးဘုံတစ်ခုလုံး၏ အာရုံကို ဆွဲဆောင်နိုင်သော တွေ့ဆုံပွဲတစ်ခုပင်။
နတ်ဆိုးဘုံ သမိုင်းကြောင်း၌ အမျိုးသမီးအုပ်စိုးသူ မရှားပေ။ သို့သော်လည်း တစ်ချိန်တည်း နှစ်ယောက် ပေါ်ထွက်လာခြင်းက ရှားပေသည်။ အထူးသဖြင့် အင်ပါယာကြီးကလည်း သုံးခုပင် ရှိနေသောအချိန်၌ ဖြစ်သည်။ သို့သော်လည်း ဧကရီနှစ်ပါး ပထမဆုံး ဆုံတွေ့သည့်အချိန်တွင် သူတို့က တစ်ချိန်တည်းမှာပင် အမှန်တကယ် ကြက်သီးထသွားကြပြီး အနီးအနားရှိ အရာရှိများကို အံ့အားသင့်သွားစေခဲ့သည်။
“ဒီနေ့ လေနည်းနည်း ပြင်းတာပဲနော်။ အရှင်မ ရှီရာ။” ကတ်သရင်းက ပထမဆုံး သတိပြန်ဝင်လာပြီး မျက်နှာလွှားနောက်ကွယ်မှ စွဲမက်ဖွယ် အပြုံးနှင့် ပြောလိုက်သည်။ “ဒီတစ်ခေါက် ကျွန်မက လှပတဲ့ကြယ်ကြွေတမန်မြို့တော်ကို ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်နဲ့ ရောက်လာတာပါ။ အရှင်မနဲ့ ပထမဆုံး တွေ့ရတာ ဖြစ်တဲ့အတွက် ကျွန်မ နည်းနည်းတော့ စိုးရိမ်နေမိပါတယ်။ အခုတော့ နည်းနည်း စိတ်အေးသွားပါပြီ။ ကျွန်မတို့မှာ တူညီတဲ့ အရာတစ်ခု ရှိနေပြီလေ။”
အိပ်မက်မက်နေခဲ့သော ဇာတ်လိုက်ကသာ ထိုနေရာ၌ ရှိနေခဲ့မည်ဆိုလျှင် သေချာပေါက် ကျိတ်ရယ်နေပေလိမ့်မယ်။ မင်းတို့ ညီအစ်မတွေမှာ အရေးပါတဲ့ တူညီတဲ့အရာက တစ်ခုထက်ပိုတယ်....
ရှီရာကလည်း ဖော်ရွေသော အပြုံးမျိုး ပြသလိုက်သည်။ “အရှင်မ ကတ်သရင်း။ ဒါက တကယ့်ကို မထင်မှတ်ထားတဲ့ တူညီမှုပါပဲ။ ဒါက ကောင်းမွန်တဲ့ လက္ခဏာပါတစ်ခုပါ။ အင်ပါယာ နှစ်ခုအကြား၌ နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့အတွက် နောက်လာမယ့် ၇ရက် အစည်းအဝေးကို စောင့်မျှော်နေပါတယ်။”
ကတ်သရင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဧကရီနှစ်ပါးက နန်းတော်ထဲသို့ ဘေးချင်း ယှဉ်ပြီး လျှောက်သွားကြသည်။
လွန်ခဲ့သော လများ၌ ကြယ်ကြွေတမန်အင်ပါယာက အရိပ်နက်အင်ပါယာနှင့် သံတမန် ရေးရာ အဖြစ်အပျက်များ ကြုံရပြီးနောက် အင်ပါယာနှစ်ခုအကြားမှ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာပြီး အချို့သောနေရာများ၌ ပူးပေါင်းဆောင်ရွက်လာကြသည်။ အချိန်က သိပ်မကြာသေးဘဲ အစပိုင်းသာ ရှိနေသေးသည့်အတွက် အချို့ရလာဒ်ကတော့ မသိသာပေ။ သို့သော်လည်း ရေရှည်တွင် သိသာထင်ရှားသော အလားအလာနှင့် အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်သည်။
အံ့အားသင့်စရာ အကောင်းဆုံးမှာ လိပ်ပြာနီနယ်မြေ မြောက်ဘက်တွင်ရှိသော နယ်မြငယ်လေးတစ်ခုဖြစ်သည့် အရိပ်စိမ်းနယ်မြေပြင် ဖြစ်သည်။ မြေက ကျတ်တီးပြီး အန္တရာယ်များလှသည်။ ၎င်းက ကြယ်ကြွေတမန်အင်ပါယာ၏ အနောက်ဘက်ကို မျက်နှာ မူထား၏။ လိပ်ပြာနီနယ်မြေအပြင် ၎င်းက အလယ်အလတ်နှင့် အသေးစားနယ်မြေများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ၎င်းသည် မူလက တိုးတက်မှုအနည်းဆုံးဖြစ်သော ကြားခံနယ်မြေ ဖြစ်သည်။ ရှီရာ ခန့်အပ်ထားသော ရွိုင့်က ထိုနေရာကို တာဝန်ယူပြီးနောက် သူက ချက်ချင်းပင် လမ်းများကို တည်ဆောက်ပြီး ကိုယ်ပိုင်ငွေကြေးဖြင့် မြို့ငယ်လေးကို ချဲ့ထွင်လေသည်။ သူ့ကို လော့ဒ်များက ဟားတိုက်ခဲ့ကြ၏။
သို့သော်လည်း အရိပ်စိမ်းနယ်မြေက အလျင်အမြန်ပင် အထူးစီပွားရေးနယ်မြေအဖြစ် ဧကရီရှီရာက သတ်မှတ်ပေးခဲ့သည်။ အမျိုးမျိုးသော ရှေ့ပြေးစီမံကိန်းများကိုလည်း စတင် ပြုလုပ်သည်။ ရွိုင့်၏ တက်ကြသော လှုပ်ရှားမှုများအောက်တွင် စီမံကိန်းအမျိုးမျိုးကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့ပြီး ထူးချွန်သော ရလာဒ်များ ထုတ်ပေးနိုင်ခဲ့သည်။ ယခင် လမ်းတည်ဆောက်ခြင်းနှင့် မြို့ချဲ့ထွင်ခြင်းတို့က အရေးပါသော အခန်းကဏ္ဍများ၌ ပါဝင်ခဲ့လေသည်။ နယ်မြေများ၏ ကန့်သတ်မှုကြောင့် မဖွံ့ဖြိုးနိုင်သော မူလအားနည်းချက်က ဆက်သွယ်ရေးချိတ်ဆက်မှုများ အားသာချက်အဖြစ် ပြောင်းလဲသွား၏။ ကိစ္စအများအပြားက ပုံပေါ်ရုံသာ ရှိနေသေးသော်လည်း အလွန်အမင်း ဆွဲဆောင်မှုရှိသော အကျိုးအမြတ်များကို မြင်နေနိုင်ပြီဖြစ်သည်။ ထိုအတိုင်း ဆက်လက် ဖွံ့ဖြိုးသွားခဲ့လျှင် နဂိုက ဆင်းရဲပြီး အလယ်အလတ်ဖြစ်သော နယ်မြေက ကြယ်ကြွေတမန်အင်ပါယာ၏ အရေးအပါဆုံး စီးပွားရေး အချက်အချာများထဲမှ တစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုအရာက အရှင်မရှီရာ၏ ကျတ်တီးမြေကို မှော်ဆန်သော အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်သော နည်းလမ်းများကို လူအများအား လေးစားအားကျသွားစေသည်။ ၎င်းက ယခင် ရီဂျန့် အိုဆိုင်ဒန် မလုပ်နိုင်ခဲ့သောအရာလည်း ဖြစ်ပေသည်။
ဤသည်မှာ ရှီရာ နန်းတက်လာပြီးနောက် ပထမဆုံးသော တရားဝင်နှင့် အရေးပါဆုံး နိုင်ငံခြားရေးကိစ္စ ဖြစ်သည်။ အတွင်းရေး ပြဿနာများ ဖြစ်နေသေးသော သွေးရောင်အင်ပါယာနှင့်ယှဉ်လျှင် ကတ်သရင်း၏ တရင်းတနှီး လာရောက်တွေ့ဆုံခြင်းက အလွန်ကြီးမားသော အပြုသဘော ဆောင်ပေသည်။ ၎င်းက နတ်ဆိုးဘုံ၏ အနာဂတ် ခေတ်ရေစီးကြောင်းကိုပင် သက်ရောက်နိုင်ချေများသည်။
ဧကရီနှစ်ပါးက အဓိကခန်းမထဲရှိ ပလ္လင်နှစ်ခုပေါ်တွင် ဘေးချင်းကပ်လျက် ထိုင်ကြသည်။ အိမ်ရှင်ဖြစ်သော ရှီရာက ဘယ်ဖက်တွင်ဖြစ်ပြီး ဧည့်သည် ကတ်သရင်းကတော့ ညာဘက်တွင် ထိုင်နေလေသည်။
ရှီရာက ပြောသည်။ “အရှင်မ ကတ်သရင်း။ မိတ်ဆက်ခွင့် ပြုပါ။ ဒါက လက်ဝဲ ဝန်ကြီးချုပ် အိုလီဗာလူစီဖာပါ။ ဒါက လက်ယာ ဝန်ကြီးချုပ် စတယ်လောဘိုးလ် ပါ.....”
နာမည်တစ်ခု ခေါ်လိုက်သည့်အချိန်တိုင်း သက်ဆိုင်ရာလူက ဦးညွှတ်ကာ အရိုအသေ ပြုသည်။ သတ်သရင်းက တစ်ဦးချင်း ခေါင်းပြန်ညိတ်ပြသည်။ ဝတ်ရုံနှင့် မျက်လုံးဖုံး ဝတ်ထားသော လူကို မိတ်ဆက်ပေးသောအခါ ကတ်သရင်းက အရင်ဦးစွာ ပြောသည်။ “ဒါက အရှင်မ ရှီရာရဲ့ ကြင်ယာလောင်း ဆာ-အက်ဂ်ယော ဖြစ်မယ် ထင်တယ်။”
ထိုနာမည်က ရှီရာက မျက်လုံးထဲ၌ တမ်းတသော အငွေ့အသက်နှင့်အတူ နွေးထွေးတစ်ခု ဖြစ်သွားစေသည်။ “ဟုတ်ပါတယ်။ သူက အက်ဂ်ယောပါ။ အသက်သစ္စာတစ်ခုကြောင့် သူက မျက်နှာပေါ်က မျက်နှာဖုံးကို ချွတ်လို့ မရပါဘူး။ သူ့ကို ခွင့်လွှတ်ပေးပါ။ အရှင်မ ကတ်သရင်း။”
“ကိစ္စမရှိပါဘူး။ ကျွန်မ အမြဲတမ်း သိချင်နေခဲ့တာ။ ဒီလို လျို့ဝှက်ဆန်းကြယ်တဲ့သူက အရှင်မရှီရာရဲ့ နှလုံးသားကို ဘယ်လို ဖမ်းစားနိုင်ခဲ့တာလဲ။” ကတ်သရင်း ပြောနေရင်း သူ၏ အနက်ရောင်မျက်လုံးများက ချစ်ချစ်တောက် အလင်းရောင် တောက်လာပြီး မျက်နှာလွှားကို ဖောက်ထွင်းကာ ဝတ်ရုံနှင့်လူကို အနီးကပ် စိုက်ကြည့်နေလေသည်။
ဝတ်ရုံနှင့်လူက အနည်းငယ် ဦးညွှတ်ပြီးနောက် ခေါင်းကို ပြန်မော့လိုက်သည်။ မျက်နှာဖုံး နောက်ကွယ်မှ ခရမ်းရောင်မျက်လုံးက ကတ်သရင်းနှင့် အကြည့်ချင်း ဆုံသွား၏။ ချက်ချင်းပင် လူတိုင်းက အင်အားကြီးစွမ်းအင်နှစ်ခု တိတ်တဆိတ် တိုက်ခိုက်နေသကဲ့သို့ပင် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ကြရသည်။ ထို့ကြောင့် မည်သည့်အရာမှ ဖြစ်မသွားသကဲ့သို့ပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ လူအများက ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မှတ် လိုက်ကြ၏။
ကတ်သရင်းက မျက်နှာလွှာ နောက်ကွယ်၌ မျက်မှောင်ကြုတ်နေပြီး အံ့အားသင့်မှု၊ စိတ်ရှုပ်ထွေးမှုနှင့် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ရောယှက်နေခဲ့သည်။ သူက ဝတ်ရုံနှင့်လူကို ပြန်လည်း ခေါင်းငုံ့လိုက်ပြီး အစွမ်းထက်ပုဂ္ဂိုလ်အား အရိုအသေပြုသော လေးစားသမှု ပြုလုပ်ခဲ့သည်။
ဝတ်ရုံနှင့်လူကလည်း အပြန်အလှန် ဦးညွှတ်လိုက်ပြီးနောက် အရာရှိများထံသို့ ပြန်လည် ဆုတ်ခွာသွားသည်။ အရာရှိများ၏ “အက်ဂ်ယော”အပေါ် အမြင်များက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အင်ပါယာအစောင့် လက်ထောင်ခေါင်းဆောင် ရာထူးလေးကို ရရှိထားတဲ့ ဒီလူက တကယ်တမ်း နတ်ဆိုးဘုံမှာ ထိပ်သီးပဏ္ဍိတနဲ့ ဒုတိယအစွမ်းအထက်ဆုံးဖြစ်တဲ့ ကတ်သရင်း ကိုယ်တိုင် လေးစားရတဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားနေတယ်။
“အိုဆိုင်ဒန်ကို သတ်ပစ်ခဲ့သည့် တကယ့် အစွမ်းထက် ပုဂ္ဂိုလ်ပဲ။ သူက သတင်းတွေထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ဂုဏ်ယူပါတယ်။ အရှင်မ ရှီရာ။ စစ်မှန်တဲ့ အစောင့်အရှောက် တစ်ယောက်ကို ရှာတွေ့သွားခဲ့ပြီ။” ကတ်သရင်း၏ မျက်လုံးများက ပြန်လည် ကြင်လင်လာ၏။ “အရှင်မ ရှီရာမှာ လေးစားစရာကောင်းတဲ့ အရည်အသွေးတွေ အများကြီး ရှိတာပဲ။ အဲဒီထဲမှာ ကျွန်မ အလေးစားဆုံးကတော့ အရှင်မရဲ့ အမြင်ပဲ။ ဥပမာပြောရရင် အစပိုင်းမှာ စွမ်းအားမဲ့တဲ့ အကျဉ်းသား လူသားချန်လွေ့က ယခု နတ်ဆိုးဘုံရဲ့ ထိပ်တန်း အတွင်းရေး ဝန်ကြီးတစ်ယောက် ဖြစ်လာတာမျိုးပေါ့။ အရိပ်စိမ်းနယ်မြေရဲ့ အထူးနယ်မြေ ဖွံ့ဖြိုးတိုးတက်မှုက သူ့ရဲ့ အကြံအစည်ကနေ ခွဲထုတ်လို့ မရလောက်ဘူး။”
ထိုသို့ ပြောနေသည့်အချိန်တွင် ကတ်သရင်းက ရှီရာ၏ မျက်နှာအမူအရာကို လေ့လာနေခဲ့သည်။ ရှီရာက တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေသည်။ “အရှင်မ ကတ်သရင်းက ချီးမွမ်းလွန်းနေပါပြီ။ အရှင်မ ခန့်မှန်းမိတဲ့အတိုင်းပဲ အထူးနယ်မြေက ချန်လွေ့ရဲ့ အကြံအစည် ပါဝင်ပါတယ်။ ကျွန်မက သူ့ကို ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ ခန့်ထားချင်ခဲ့တာ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူက အမှောင်လ နယ်မြေကနေ ထွက်မသွားချင်ဘူး။ အတိအကျ ပြောရရင်တော့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမှောင်လ ကိုယ်စားလှယ်လော့ဒ်၊ အင်ပါယာရဲ့ တတိယ ဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် အသီနာနဲ့ မခွဲခွာချင်ဘူး။ သူက နောက်ကွယ်ကနေ အစီအစဉ်ချရတဲ့ ရိုးရိုးစင်းစင်း ဘဝကိုပဲ ပိုသဘောကျတယ်။ အဲဒါကြောင့် သူက နယ်မြေရဲ့ ဒဏ္ဍာရေး အရာရှိ ရာထူးကနေတောင် နှုတ်ထွက်ခဲ့တယ်။”
“ဒီလို လူသားမျိုးလည်း တကယ် ရှိနေတာပဲ။” ကတ်သရင်းက ပြုံးလိုက်သည်။ “အရှင်မ ရှီရာ ဆိုလိုချင်တာက ကျွန်မမှာ ဒီလူတော်ကို “ငှားယူဖို့” သတ်မှတ်ချက်တွေ ရှိရင်တောင် အမှောင်လလော့ဒ်နဲ့ တတိယဗိုလ်ချုပ် အသီနာကို ခေါ်သွားရမယ်လား။ ဗိုလ်ချုပ်အသီနာ၏ ဖခင်က အင်ပါယာရဲ့ ပထမဗိုလ်ချုပ် ဂျော့ချ်ပဲ။ ပြီးတော့ သူက အရှင်မကို သစ္စာခံထားတယ်။ ဒီလိုဆို ကျွန်မမှာ မျှော်လင့်ချက် မရှိတဲ့ပုံပဲ။”
ရှီရာ အသာလေး ပြုံးလိုက်သည်။ “အရှင်မက ဟာသဉာဏ်ရွှင်တာပဲ။ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တစ်ဦးတစ်ဖက်ရဲ့ အကျိုးကို စတေးတာ မဟုတ်ဘဲနဲ့ နှစ်ဖက်လုံး အကျိုးရှိစေမယ့် အခြေအနေ တစ်ခုပါ။ ဒါနဲ့ မှော်ရုပ်မြင်သံကြားက အတော်လေး နာမည်ကျော်ကြားနေတယ်။ အချိန်အကြာကြီး စီစဉ်ထားခဲ့တဲ့ အင်ပါယာ နှစ်ခုအကြားက တိုက်ပွဲဘောလုံးပြိုင်ပွဲကို တရားဝင် ကျင်းပနိုင်မှာလား။”
“ကျင်းပနိုင်မှာပါ။ ဒါက အင်ပါယာနှစ်ခုကလူတွေ စောင့်မျှော်နေကြတဲ့ ခမ်းနားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်။ ကြော်ငြာတွေ၊ ထုတ်လွှင့်မှုတွေနဲ့ ပစ္စည်း အရောင်းဆိုင်တွေက စီးပွားရေး အကျိုးအမြတ်တွေ အများကြီးကို ပေးစွမ်းနိုင်လိမ့်မယ်။” ကတ်သရင်းက ချန်လွေ့အကြောင်း ထပ်မမေးတော့ဘဲ အားတက်သရောနှင့် စကားပြောနေ၏။ သို့သော်လည်း သူ၏မျက်လုံးထောင့်တွင်တော့ သံသယ အရိပ်အယောင်တစ်ခုက ကွယ်ပျောက် မသွားဘဲ ရှိနေသေး၏။