ယုံကြည်မှု
Vol. 42 Ch. 654
ဧကရီနှစ်ပါးအကြားမှ မျှော်လင့်ထားသော အစည်းအဝေးက အတော်လေး အောင်မြင်ခဲ့သည်။ နှစ်ဖက်လုံးက ပထမနေ့ တွေ့ဆုံခြင်းကို ရင်းရင်းနှီးနှီးဖြင့် အဆုံးသတ် ခဲ့ကြ၏။
ကြယ်ကြွေတမန်အင်ပါယာရှိ လျို့ဝှက်နေရာတစ်ခု၌ ရှီရာက ဝတ်ရုံနှင့် မျက်နှာဖုံး ချွတ်လိုက်သော “အက်ဂ်ယော”ကို ကြည့်ကာ ခေါင်းညိတ်ပြသည်။ “ကျေးဇူးပါပဲ။ ဇိုလာ။”
ကတ်သရင်းအရှေ့မှ “အက်ဂ်ယော”မှာ ဇိုလာ ရုပ်ဖျက်ထားခြင်း ဖြစ်နေ၏။ မည်သို့ပင် ဆိုစေကာမူ “အက်ဂ်ယော” သည် ပုံမှန်အားဖြင့် ဝတ်ရုံဝတ်ထားပြီး သူ၏မျက်နှာကို မည်သူမှ မမြင်ဖူးချေ။ ထို့ကြောင့် ရှီရာ၏ ခွင့်ပြုချက် ရှိသည်နှင့် ရုပ်ဖျက်ရန် မခက်ခဲလှပေ။
“အိုး....” မစ်-နတ်မိမယ်နဂါးက တုံ့ပြန်လိုက်သည်။
ရှီရာက ဘေးနားမှာ အစ်ဇဘယ်လာထံ အကြည့်လွှဲလိုက်သည်။ “ဘယ်လိုနေလဲ။”
“အခုထိတော့ အသက်ရှင်နေတုန်းပဲ။” အစ်ဇဘယ်လာ သမ်းလိုက်ပြီးနောက် ပုံမှန်ပင် ပြုံးလိုက်သည်။ “အခု ကျွန်မက သိပ်ပြီးတော့ လုပ်စရာ မရှိတော့လို့ ပျင်းနေတာ။ တစ်ချိန်လုံး အိပ်ငိုက်နေတယ်။ အေးမှာကိုတောင် ကြောက်နေပြီ။ ဒါလည်း ကောင်းပါတယ်လေ။ တစ်နေ့ကျ အကြာကြီး အိပ်ရရင် အားလုံးကို လက်လွှတ်နိုင်တော့မယ်။”
အစ်ဇဘယ်လာ၏ ချိပ်ပိတ်အမှတ်အသားကို သိရှိသွားပြီးနောက် ရှီရာက လျို့ဝှက် ထောက်လှမ်းရေးဌာန အလုပ်များကို နားစေပြီး အေးအေးချမ်းချမ်း အနားယူစေသည်။ ယခုတစ်ခေါက်တွင် ကတ်သရင်း လာရောက်လည်ပတ်မည်ကို သိသောအခါ အစ်ဇဘယ်လာက ချန်လွေ့၏ သရုပ်ခွဲ အက်ဂ်ယောက်နေရာ၌ ဇိုလာကို အစားထိုးရန် အကြံရခဲ့ခြင်း ဖြစ်သည်။
ဇိုလာတွင် သူငယ်ချင်း အနည်းငယ်သာ ရှိသည်။ အသီနာက အကောင်းဆုံးဖြစ်ပြီး သူ့နောက်တွင် အိပ်ယာ၌ ဒုတိယရဲဘော်ရဲဘက်နှင့် ဝတ်စုံဖန်တီးရှင်ဖြစ်သည့် ဆွဲဆောင်မှုရှိသော မိန်းမငယ်လေးရှိသည်။ သက်တန့်တောင်ကြား၌ အနားယူနေစဉ် အတော်အတွင်း အစ်ဇဘယ်လာက သံတမန်စွမ်းရည်ကို အပြည့်အဝ လက်တွေ့ပြပြီး ဇိုလာနှင့် အလွန် တွဲဖက်ညီသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ ယခင်က ရှီရာက ဇိုလာ ကာကွယ်ပေးခဲ့စဉ် ရှီရာတို့ညီအစ်မနှင့် အတော်လေး ရင်းနှီးခဲ့သည်။ လိုလီလေးက တမင်တကာပင် ဇိုလာကို မမနှင့် ဆရာမဟူ၍ တမင်တကာ ကပ်ဖားပြီး ရင်သားကြီး မှော်လျို့ဝှက်ပညာရပ်များကို လေ့လာနိုင်ရန် ပြုလုပ်ခဲ့သည်။ မစ်-နတ်မိမယ်နဂါက သူ့ကို မငြင်းနိုင်ခဲ့ပေ။ ထို့ကြောင့် မစ်-နတ်မိမယ်နဂါးက လေ့ကျင့်ရေးနှင့် စမ်းသပ်မှုများကို ချထားပြီး ယခုတစ်ခေါက် ကူညီပေးလေသည်။
“ဇိုလာ။ မဟာကတ်သရင်းကို နင် အနိုင်ယူနိုင်တာ သေချာလား။” အစ်ဇဘယ်လာက ဇိုလာအား အက်ဂ်ယောအဖြစ် ဟန်ဆောင်ခိုင်းခြင်းကို အဓိကအားဖြင့် ကတ်သရင်းကို ဟန့်တားနိုင်ရန်အပြင် နတ်ဆိုးဘုံရှိ ဒုတိယအစွမ်းအထက်ဆုံးပုဂ္ဂိုလ်၏ စွမ်းအားကို သိရှိရန်နှင့် ချန်လွေ့၏ သရုပ်ခွဲအတွက် လေးစားမှုတစ်ခု ဖန်တီးနိုင်ရန်လည်း ဖြစ်သည်။ အနာဂတ်၌ ရှီရာနှင့် လက်ထပ်ခြင်း အပါအဝင် တစ်ခုခု လှုပ်ရှားရာ၌ ၎င်းက အဆင်ပြေချောမွေ့စေလိမ့်မည်။
သိပ်မကြာခင်က မြို့တော်သည် ဧကရီ၏ ကြင်ယာလောင်းနှင့် ပတ်သက်ပြီး သံသယ အများအပြား ရှိနေကြသည်။ အကယ်၍ ရှီရာက ယခင် အမှောင်လလော့ဒ်သာဆိုလျှင် ထိုကိစ္စကြောင့် ဒုက္ခရောက်ရမည် မဟုတ်ပေ။ ရှီရာက အင်ပါယာ၏ ဧကရီတစ်ယောက် ဖြစ်လာပြီ ဖြစ်သည့်အတွက် သူ၏ ကြင်ယာတော်မင်းသားတွင် တကယ့်အာဏာ မရှိသော်လည်း ၎င်းက အင်ပါယာတစ်ခုလုံး၌ အမြင့်ဆုံး အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ထို့ကြောင့် အက်ဂ်ယောကဲ့သို့ ဇစ်မြစ်မသိရသူက ကြင်ယာတော်မင်းသား မဖြစ်သင့်ပေ။ ထို့ကြောင့် အဆင့်မြင့် အစွမ်းထက်ပုဂ္ဂိုလ်များအကြား၌ ကလေးမွေးဖွားရန် ခက်ခဲသည့်အတွက် သွေးမျိုးဆက် သီးသန့်ဖြစ်ရန် အရှင်မ ရှီရာသည် တော်ဝင်မိသားစုမှ ကြင်ယာတော် ရွေးချယ်သင့်ပေသည်။
ယခုတစ်ခေါက် ဇိုလာက ဟန်တောင် မငေးနိုင်နေတော့ပေ။ သူက ခဏကြာ စဉ်းစားလိုက်သည်။ “မသိဘူး။”
အစ်ဇဘယ်လာနှင့် ရှီရာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။ ဇိုလာက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းမှာရှိနေတဲ့ အထူးပုဂ္ဂိုလ်တစ်ယောက်ပဲ။ နတ်ဆိုးအရှင်သခင်အဆင့် နဂါးတွေကိုတောင် မစ်-နတ်မိမယ်နဂါးက အရန်ဟင်းလိုမျိုး ဖျက်ဆီးလာတာ။ အင်ပါယာရဲ့ ထိပ်တန်း မှော်ပညာရှင် လက်ယာ ဝန်းကြီးချုပ် စတယ်လာဘိုးလ်က သူ့ရဲ့ နာမည်ခံတပည့်ပဲ။ အခု သူက မြေဒြပ်စင်ဘုရင်ဆီကနေ မြေအရင်းအမြစ်စွမ်းအား ရထားတယ်။ သူက တိုင်းပြည်ဖန်တီးနိုင်ဖို့ ခြေတစ်လှမ်း နီးကပ်နေပြီ။ ဒီလိုအစွမ်းနဲ့တောင် ကတ်သရင်းကို အနိုင်ရဖို့ မသေချာဘူးဆိုတာ ငါ စဉ်းစားလို့မရဘူး။
ကတ်သရင်းက ဉာဏ်ပညာနဲ့ အလှတရား ဆိုတာထက် သာလွန်တယ်။ သူ့မှာ ကြီးမားတဲ့ စွမ်းအားလည်း ရှိတယ်။ သူက တကယ့်ကို နတ်ဆိုးဘုံရဲ့ ဒုတိယ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ပဲ။ ဒါဆိုရင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် မဟာရိုင်ဇန်ကရော။
“အဲဒီ ကတ်သရင်းက အတော်လေး အစွမ်းထက်တယ်။ ပြီးတော့ သူက ငါနဲ့ အဆင့်တူတူ နီးပါးပဲ။” မျက်မှန်နောက်ရှိ ဇိုလာ၏ မျက်လုံးများက အရောင်တောက်သွား၏။ “ပြီးတော့လည်း အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ ပါရမီတစ်ခုဖြစ်တဲ့ [ ဒြပ်စင်အားနည်းခြင်း ] ဆိုတာကလည်း မှော်ပညာ သုံးပြီးတော့ တိုက်ခိုက်ဖို့ ခက်တယ်။ ပြိုင်ဘက်က ကတ်သရင်းဆိုရင် နဂါးနက်ရဲ့ မှော်ပြီးတဲ့ ခန္ဓာအမျိုးအစားထက်ကို ပိုပြီးတော့ ခက်ခဲနိုင်တယ်။ အခုထိတော့ ဘယ်သူနိုင်မလဲ မသေချာသေးဘူး။ အနည်းဆုံး ငါ မရှုံးဘူး ဆိုတာကိုတော့ ယုံကြည်ချက်ရှိတယ်။”
“ဟုတ်ပြီ။ ကျွန်မတို့ရဲ့ အရှင်မက ညနေခင်း ကပွဲအတွက် ပြင်ဆင်ရမယ် မဟုတ်လား။ ကျွန်မ ခဏလောက် အိပ်လိုက်ဦးမယ်။ အိပ်ငိုက်နေပြီ။” အစ်ဇဘယ်လာက ခေါင်းညိတ်ပြီး သမ်းလိုက်ရာ သိပ်ပြီး အရိုအသေ မလုပ်ခဲ့ပေ။ သူက မျက်နှာလွှားဝတ်ပြီး တည့်တည့် ထွက်သွားလိုက်၏။
ရှီရာ၏ မျက်လုံးထဲ၌ စိုးရိမ်သော အမူအရာတစ်ခု ပေါ်ထွက်လာသည်။ သြဇာယွမ်မြေ၏ စွမ်းအား ဖိနှိပ်မှု ရှိနေသေးသော်လည်း အစ်ဇဘယ်လာ၏ အခြေအနေက အနည်းငယ် ပို၍ ဆိုးဝါးလာသည်။ ၎င်းက [ အလင်းချေမှုန်းချိပ်ပိတ် ] ၏ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်နိုင်ပေသည်။
“စိတ်မပူပါနဲ့။ သူ....သေချာပေါက် အချိန်မီ ပြန်ရောက်မှာပါ။”
ရှီရာ၏အသံက ဂိတ်တံခါးသို့ လမ်းလျှောက်ထွက်သွားသော အစ်ဇဘယ်လာကို ရပ်တန့်သွားစေ၏။ သူတို့နှစ်ယောက်က ယောက်ျားကိစ္စ၌ ပြိုင်ဘက်များ မဟုတ်ကြသော်လည်း အရှင်မ ဧကရီနှင့် မစ်-လျို့ဝှက်ထောက်လှမ်းရေးတို့အကြား၌ ထူးဆန်းသော ခံစားချက်နှင့် ယုံကြည်မှုတစ်ခု ရှိနေသည်။ ထိုကဲ့သို့ ယုံကြည်ချက်ရှိသော ခံစားမှုမျိုးက အမှောင်လကို အိုဆိုင်ဒန် တိုက်ခိုက်ခဲ့သော အချိန်က စခဲ့လေသည်။
“ဟုတ်တယ်။ အဲဒီလူက ငါတို့ကို ဘယ်တော့မှ စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူး။” ထိုစကားကို ပြောလိုက်သည်က စကားလုံးများကို ရွှေကဲ့သို့ တန်ဖိုးထားသော ဟန်တောင် ငေးငိုင်တတ်သူ မစ်-နတ်မိမယ်နဂါးပင် ဖြစ်လေသည်။ “ငါတို့”ဟူသော စကားလုံးတွင် အဓိပ္ပာယ် များစွာ ပါဝင်နေ၏။
“အင်း....” အစ်ဇဘယ်လာက ပုံမှန်ပင် တုံ့ပြန်လိုက်ပြီးနောက် အပြင်သို့ ဆက်လက် လျှောက်သွားသည်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် နွေးသွား၏။ အပြင်ဘက်၌ တိုက်ခတ်နေသော လေက သိပ်မအေးတော့သလို ခံစားလိုက်ရသည်။
အခြားတစ်ဖက်တွင်တော့ ချန်လွေ့က သူဖန်တီးခဲ့သော အထူးနယ်မြေမှာ အချိန်တိုအတွင်း ထိုမျှအထိ ဖွံ့ဖြိုးတိုးတက်နေလိမ့်မည်ဟု မသိခဲ့ပေ။ သူ၏ ဧကရီနှစ်ပါးတို့က ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံနေကြသည်ကိုလည်း သူ မသိပေ။ အမှန်တကယ်၌ အရှင်မ ဧကရီ၏ သရုပ်ခွဲ အိုင်းစစ်က သံတမန်အစောင့်အဖြစ် ဟန်ဆောင်ပြီး ရှီရာနှင့် ဆုံတွေ့ခဲ့ဖူးသည်။ သူက ချန်လွေ့၏ ယောက္ခမဖြစ်သူ အဇ်ဂါလောကိုပင် ဖမ်းဆီးခဲ့လေသည်။
ယခုတွင် ချန်လွေ့ကို အယ်လီဇာက အခန်းထဲသို့ ဖိတ်ကြားခဲ့သည်။ ဝက်စလေနှင့် အခြား အလင်းစစ်သည်တော်တို့က အယ်လီဇာ၏ အခန်းအပြင်ဘက်၌ စောင့်ကြပ်မနေကြပေ။ ချန်လွေ့က ရှေ့သို့တက်လာပြီး ဖုံးကွယ်ထားသော တံခါးကို ခေါက်လိုက်ရာ ချိုသာသော အသံတစ်ခု ထွက်ပေါ်လာ၏။ “ဝင်ခဲ့ပါ။”
ချန်လွေ့က အထဲသို့ ဝင်သွားလိုက်ရာ အဖြူရောင်ဝတ်စုံဝတ်ထားပြီး ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ ပျင်းရိစွာ လှဲလျောင်းနေသော အယ်လီဇာကို မြင်လိုက်ရသည်။ သူက ထူးခြားသော ပုံစံတစ်ခု ပြသနေသော်လည်း ချန်လွေ့က မည်သည့်အတွေးမျှ မရှိပေ။ သူက အယ်လီဇာကို ဦးညွှတ်လိုက်သည်။ “မင်္ဂလာနံနက်ခင်းပါ။ မစ်-အယ်လီဇာ။”
“မင်္ဂလာနံနက်ခင်းပါ။ ရစ်ချက်။” အယ်လီဇာ ထထိုင်လိုက်သည်။ “တံခါးပိတ်လိုက်။”
ချန်လွေ့က တံခါးကို ပိတ်လိုက်ရာ အယ်လီဇာက ချန်လွေ့က ရှေ့မှ ဆိုဖာတွင် ထိုင်ရန် ညွှန်ပြလိုက်သည်။ “ရစ်ချက်။ ကျွန်မက ရှင့်ကို ကျေးဇူးတင်ဖို့ ခေါ်လိုက်တာ။ မနေ့တုန်းက အခြေအနေက အတော်လေးကို အရေးကြီးခဲ့တယ်။ ရှင် သတိပေးခဲ့တာကြောင့်သာ မဟုတ်ရင် အဲဒီလုပ်ကြံသူရဲ့ လက်ထဲမှာ ကျွန်မ သေသွားလောက်ပြီ။”
“ကိစ္စမရှိပါဘူး။ မစ်-အယ်လီဇာ။ ဒါက ကျုပ်လုပ်သင့်တာပါ။ ပြီးတော့လည်း မိန်းကလေးရဲ့ အစွမ်းက....ရှက်ရွံ့မိပါတယ်။ မိန်းကလေးက ဒီလောက် အစွမ်းထက်မယ်ဆိုတာ ကျုပ် မသိခဲ့ဘူး။ ကျုပ် ဘာမှ မပြောရင်တောင် မိန်းကလေးက အန္တရာယ်ကနေ လွတ်နိုင်လောက်ပါတယ်။”
အယ်လီဇာက ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်၏။ “ကျွန်မ သိချင်တာ တစ်ခု ရှိတယ်။ အဲဒီတုန်းက အစောင့် တစ်ခုခု လွဲနေတယ်ဆိုတာကို ကျွန်မတောင် သတိမထားမိခဲ့ဘူး။ ရှင်ဘယ်လို သိသွားတာလဲ။”
ချန်လွေ့က ထိုမေးခွန်းအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည့်အတွက် ပြန်ဖြေလိုက်သည်။ “ဒီလိုပါ။ ကျုပ်ရဲ့ ဝိညာဉ်ဘာသားစကားက နတ်ဆိုးသားရဲတွေနဲ့ ဆက်သွယ် စကားပေးနိုင်တယ်ဆိုတာ ခင်ဗျား သိမှာပါ။ အဲဒီအချိန်တုန်းက ကျုပ်ရဲ့ ပုခုံးမှာရှိတဲ့ မိုးကြိုးငှက်က သတ်ဖြတ်ချင်စိတ်ကို ကြိုပြီးတော့ အာရုံခံပြီးတော့ ပြင်းထန်တဲ့ အကြောက်တရား တစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ ဒီလိုအခြေအနေမျိုးက အရင်လုပ်ကြံမှုမှာ မဖြစ်လာခဲ့ဘူး။ အဲဒီလို ထူးထူးခြားခြား ဖြစ်လာလို့ ကျုပ် အသည်းအသန် အော်လိုက်တာ။”
နတ်ဆိုးသားရဲအများအပြားက လူသားတို့ မယှဉ်နိုင်သော အာရုံခံ ပါရမီများ ရှိကြပြီး မိုးကြိုးငှက်ကဲ့သို့ ရှားပါးသားရဲအတွက်မူ ပြောစရာ မလိုတော့ပေ။ ထိုရှင်းပြချက်က အတော်လေး အကြောင်းအကျိုး သင့်ပေသည်။ အယ်လီဇာက ခေါင်းညိတ်လိုက်ပြီး ဆက်၍ မမေးတော့ပေ။ ထိုအစားက သူက စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမယ်။ အဲဒီမတိုင်ခင်က ရှင့်ကို ဝန်ခံစရာ တစ်ခု ရှိတယ်။ တကယ်တော့ ကျွန်မက ရှင့်ကို အမြဲတမ်း သံသယ ဝင်နေခဲ့တာ။”
“သံသယလား။” ချန်လွေ့က အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ ထိုတုံ့ပြန်မှုက လုံးဝ ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူက အယ်လီဇာ သံသယဝင်နေသည်ကို သိထားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူကိုယ်တိုင် ပြောလာမည်ဟု မထင်မှတ်ထားခဲ့ပေ။
“ကျွန်မမှာ ငယ်ငယ်လေးကတည်းက အားကောင်းတဲ့ စိတ်ဝိညာဉ်ပါရမီတစ်ခု ရှိခဲ့တယ်။ အဲဒါကြောင့် တခြားသူတွေရဲ့ စိတ်အပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုတောင် တိတိကျကျ အာရုံခံနိုင်တယ်။ ဥပမာ ပြောရရင် လော့ဒ်-ဝယ်လီက ကျွန်မရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေတာမျိုး၊ မြို့တော်ဝန်ရဲ့ အာဏာကို လောဘတက်တာမျိုး၊ ကျွန်မကို စိတ်ဝင်စားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖုံးကွယ်ထားတဲ့ နတ်ဘုရားကျောင်းစစ်သည်တော်လောင်း တစ်ယောက်လိုမျိုးပေါ့။ အဲဒီတွေက ကျွန်မရဲ့ အာရုံကနေ မဖုံးကွယ်ထားနိုင်ဘူး။”
ထိုသို့ပြောနေရင်း အယ်လီဇာက ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောသည်။ “ဒါပေမဲ့ ရှင့်ရဲ့ ဇစ်မြစ်အရဆို ရှင့်မှာ လိုအင်ဆန္ဒတွေ၊ ကိစ္စတွေ အများကြီးနောက်ကို လိုက်ချင်နေတာတွေ ရှိရမယ်။ ဒါပေမဲ့ ကျွန်မက “ဘာမှမလိုချင်”တဲ့ “ပုံမှန်” ခံစားချက်တွေကိုပဲ ရှင့်ဆီကနေ ခံစားနေရတယ်။ ဒါက တော်တော်လေး ထူးခြားတယ်။ အဲဒါကြောင့်ပဲ ကျွန်မ ရှင့်ကို သံသယဝင်နေခဲ့တာ။ ရှင့်က ကျွန်မရဲ့ ရန်သူတစ်ယောက်က လွှတ်လိုက်တဲ့ သူလျှို တစ်ယောက်လို့တောင် သံသယ ဝင်ခဲ့တယ်။ အရေးကြီးတဲ့ အခိုက်အတန့်မှာ ကျွန်မကို သတိပေးပြီးတော့ ကယ်တင်ခဲ့တဲ့အချိန် မတိုင်ခင်ပေါ့။ အဲဒါက ကျွန်မရဲ့ သံသယတွေကို ပပျောက်သွားစေခဲ့တယ်။”
ချန်လွေ့က စတင်၍ သတိထားမိလာသည်။ လက်စသတ်တော့ ဒါကြောင့်ကိုး။ ဆမ်မြူရယ်က [ အမှန်တရားမျက်လုံး ] ကို သုံးပြီးတာ့ ငါ့ရဲ့ [ ရုပ်ဖျက်ခြင်း ] ပညာရပ်ကို ဖောက်မြင်ခဲ့တယ်။ အခု အယ်လီဇာကလည်း အာရုံခံစွမ်းရည်ကို ပြသခဲ့တယ်။ လူသားလောကမှာ လျှော့တွက်လို့မရတဲ့ ထူးခြားတဲ့ ပါရမီတွေနဲ့ ဉာဏ်ပညာတွေ ပြည့်နေတဲ့ လူတွေအများကြီး ရှိနေကြတယ်။ အနာဂတ်မှာ ငါ့ရဲ့လုပ်ရပ်တွေကို ပိုပြီးတော့ သတိထားရမယ်။
သို့သော်လည်း ယခုတစ်ခေါက် သူ၏ ကိုယ်ပိုင်အစီအစဉ်အတွက် စဉ်းစားပြီး သတိပေးခဲ့ခြင်း၏ အယ်လီဇာ၏ သံသယများကို ဖယ်ရှားနိုင်ခဲ့လေသည်။ ၎င်းကို မတော်တဆ ကံကောင်းသည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
“မိန်းကလေး ခံစားမိတာက နတ်သူငယ်ကနေ ကျုပ်ရခဲ့တဲ့....ဝိညာဉ်ဘာသာစကားနဲ့ သက်ဆိုင်နေလောက်တယ်။” ချန်လွေ့က ရှုံ့မဲ့လျက် ပြောသည်။ “အမှန်အတိုင်းပြောရရ၍် ကျုပ်က ကျရှုံးမှုတွေ အဖြစ်အပျက်တွေ အများကြီးကို ကြုံတွေ့ခံစားခဲ့ရပြီးပြီ။ အဲဒါကြောင့် တချို့ ခံစားချက်တွေက...”
“အိုး..အဲဒီက အဲဒီနတ်သူငယ်နဲ့ ဆက်နွှယ်နေတာလား။”
ချန်လွေ့က ခေါင်းညိတ်သည်။ “ကျုပ်ရဲ့ လက်မောင်းထဲမှာ သူသေသွားတဲ့ အချိန်ကစပြီးတော့ ကျုပ်ရဲ့ အရာရာတိုင်းက ပျက်စီးသွားသလို ခံစားလိုက်ရတယ်။ အချိန် အတော်ကြာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အားမတင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘာလို့လည်း မသိဘူး။ တခြားမိန်းမတွေအပေါ် ကျုပ်ရဲ့ ခံစားချက်တွေအားလုံး ဆုံးရှုံးသွားခဲ့သလိုပဲ။ သူမသေခင် ကျူပ်ကို ပေးခဲ့တဲ့ စိတ်ဝိညာဉ် အမှတ်အသားက.....”
ချန်လွေ့က ယခုတွင် ယောက်ျားများကိုသာ သဘောကျသည်ဟု ပြောချင်ခဲ့သော်လည်း အတော်လေး ပြင်းထန်လှသည့်အတွက် ရေးရေးလေးသာ ရှင်းပြလိုက်သည်။
ထိုအချိန်က အယ်လီဇာ အံ့သြသည့်အလှည့် ရောက်ရှိသွားသည်။ ချန်လွေ့အပေါ် သူ၏ အကြည့်က အနည်းငယ် ထူးဆန်းသွား၏။ အထူးသဖြင့် ထိုအကြည့်ကြောင့် ချန်လွေ့က မျက်လုံးလှန်လိုက်ချင်နေမိသည်။ ဟုတ်ပါပြီ။ ထူးဆန်းပါစေ။ ဒါက သံသယဝင်တာထက်တော့ ပိုကောင်းတယ်။ အစ်ကိုကြီး သည်းခံလိုက်မယ်။
“အမ်...ရှင်းရှင်းလင်း ပြောပြီးမှတော့ ကျွန်မ ဝေ့ဝိုက်ပြောမနေတော့ဘူး။ ရစ်ချက်။” အယ်လီဇာ၏ ချန်လွေ့၏အကြိုက်ကို စိတ်မဝင်စားဘဲ လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။ “ရှင့်ကို ကျွန်မရဲ့ ညာလက်ရုံး ဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါက ရှင့်ကို ကျေးဇူးတင်တာတင် မဟုတ်ဘူး။ ရှင့်ရဲ့ ထူးချွန်မှုကို အသိအမှတ် ပြုတာလည်း ဟုတ်တယ်။ ရှင် ဥယျာဉ်မြို့တော်မှာ နေလို့ရတယ်။ ဒါမှမဟစုတ် တော်ဝင်မြို့တော်ဆီ သွားလို့ရတယ်။ ၃နှစ်အတွင်း အလင်းစစ်သည်တော် တစ်ယောက် ဖြစ်လာဖို့ ကျွန်မ အာမခံနိုင်တယ်။ ကမ်းပါးဖြူဆီ ဝင်ရောက်ဖို့တောင် မျှော်လင့်ချက် ရနိုင်တယ်။ ရှင်က တစ်သက်လုံး ဘုန်းတော်ကြီး အနေနဲ့ မနေချင်ဘူး ဆိုရင်တောင် ကျွန်မရဲ့ အကူအညီနဲ့ အလင်းသူရဲကောင်းအဖြစ်နဲ့ဆိုရင် ရှင်က အင်ပါယာတစ်ခုခုက မင်းသားတစ်ပါးဆိုရင်တောင် ရှင့်ရဲ့ အကြီးမားဆုံး ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်။”
“ရစ်ချက်”အတွက် ထိုအခွင့်အရေးက အတော်လေး ဆွဲဆောင်မှု ရှိပေသည်။
ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားပြီးနောက် လွန်ဆွဲနေသော အမူအရာ ပြသလိုက်ပြီး တုံ့ဆိုင်းသွားပြန်သည်။ အချိန်အတော်ကြာပြီးနောက် သူက အံကြိတ်ကာ ပြောသည်။ “တောင်းပန်ပါတယ်။ မစ်-အယ်လီဇာ။ ခင်ဗျားရဲ့ အခွင့်အရေးက ကျုပ်က တကယ် စိတ်လှုပ်ရှားစေခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ်က ဆာ-ပေါလ်၏ လက်အောက်ခံ လုပ်ဖို့အတွက် သစ္စာခံပြီးသွားပါပြီ။ အစကတော့ ကျုပ်က သင်းအုပ်ဆရာ မာနာနဲ့ စာချုပ် ချုပ်ထားခဲ့တာ။ အခုက သင်းအုပ်ဆရာ မာနာ သေသွားပြီဆိုတော့ စာချုပ်က ပျက်သွားပြီ။ ဒီစာချုပ်ကို ဆာ-ပေါလ် တရားဝင် နတ်ဘုရားကျောင်းစစ်သည်တော် ဖြစ်တာ မြင်တဲ့အချိန်အထိ သိမ်းထားချင်တယ်။ ဒါက ဆာ-ပေါလ်ကို ကျုပ် ကတိပေးထားခဲ့တာပဲ။”
အယ်လီဇာ မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မရဲ့ ဦးလေးက ရေဖျန်းဘုန်းတော်ကြီး၊ ကျွန်မရဲ့ ဆရာက သိဒ္ဓိအလင်းမိန်းမပျိုပဲ။ ကျွန်မနောက်ကို လိုက်တာက ပေါလ်ထက်ကို ပိုမကောင်းဘူးလား။”
“မစ်-အယ်လီဇာ၏ နောက်ခံက ဆာ-ပေါလ်ထက်ကို အများကြီး သာလွန်ပါတယ်။” ချန်လွေ့က ခေါင်းခါသည်။ ယခုတစ်ခေါက် သူက ယခင်ထက် ပို၍ ပြတ်သားနေခဲ့သည်။ “ဒါပေမဲ့ သခင်ကို အကျိုးအမြတ်အတွက် သစ္စာဖောက်ခဲ့တဲ့ လက်အောက်ခံအနေနဲ့ မစ်-အယ်လီဇာက ကျုပ်ကို ယုံကြည်ရင်တောင် ကျုပ်က မျက်နှာပြရဲမှာ မဟုတ်ပါဘူး။”
“ရစ်ချက်။ ရှင့်ရဲ့ ခေါင်းမာမှုနဲ့ အလားအလာကို ကျွန်မ တကယ် အံ့သြမိတယ်။” အယ်လီဇာက ရှုပ်ထွေးနသော အမူအရာ ပြသလိုက်သည်။ “ဒီလို လက်အောင်ငယ်သား ရလိုက်တာကို ဂုဏ်ပြုပေးရမလား။ မနာလိုရမလား။ ဆာ-ပေါလ်။”
ထိုစကား ထွက်လာသည်နှင့် ပေါလ်က အခန်းထဲမှ ထွက်လာပြီး ချန်လွေ့ကို ဖုံးကွယ်မထားသော ကျေးဇူးတင်စိတ်များဖြင့် ကြည့်လိုက်သည်။ ထိုအချိန်မှစ၍ ချန်လွေ့က မိမိသည် ပေါလ်၏ ယုံကြည်မှုကို လုံးဝ ရရှိသွားပြီး အယ်လီဇာ၏ သတိထားနေမှုကိုလည်း ပယ်ဖျောက်နိုင်ခဲ့ကြောင်း သိလိုက်လေသည်။
အယ်လီဇာက ချန်လွေ့ကို အမှန်တကယ် ခေါ်ယူချင်စိတ် ရှိလောက်သည်။ ထို့ကဲ့သို့ အကျိုးအမြတ်နှင့် မျှားခေါ်ခြင်းက ချန်လွေ့ကို သိမ်းသွင်းရန်အတွက်သာမက ပေါလ်ကိုလည်း ပြသရန် ဖြစ်သည်။ သူက ချန်လွေ့သည် ပေါလ်၏ လက်အောက်ခံ ဖြစ်သွားကြောင်း သိနှင့်နေပြီ ဖြစ်လောက်သည်။ ချန်လွေ့က ထိုအကျိုးအမြတ်များကြောင့် စိတ်ယိုင်သွားသည်နှင့် ပေါလ်က လက်အောက်ခံအပေါ် ယုံကြည်မှု သေချာပေါက် ဆုံးရှုံးသွားမည် ဖြစ်သည်။ ထို့နောက်တွင် သူက လူတော် ဖမ်းယူမှုကို သေချာပေါက် အောင်မြင်နိုင်ပေမည်။ ကံဆိုးစွာပင် သူ ကျရှုံးခဲ့၏။
အမှန်တကယ်၌ ပေါလ်နှင့် အယ်လီဇာတို့ မသိသည်မှာ ပေါလ်က အငွေ့အသက်ကို ဖိနှိပ်ထားသော်လည်း ချန်လွေ့က ထိုအချိန်၌ ပေါလ်ပုန်းနေကြောင်း အစကတည်းက သိသည်။ ထိုကဲ့သို့ ချန်လွေ့ ပြောလိုက်ရခြင်းမှာ ပေါလ်၏ နှလုံးသားကို ဖမ်းဆုပ်နိုင်ရန်ဖြစ်ပြီး ဒုတိယ အနေဖြင့် စာချုပ်ကိစ္စကလည်း ကမ်းပါးဖြူသို့ ဝင်ပြီးနောက် ပါးပါးနပ်နပ်ပင် အချန်ဆွဲထားခြင်း ဖြစ်ပေသည်။
“အရင်သွားနားလိုက်တော့။ သစ္စာအရှိဆုံး လက်ထောက်။” ပေါလ်က ချန်လွေ့ကို ပထမဆုံး အကြိမ်အဖြစ် ပြုံးပြလိုက်သည်။ “မစ်-အယ်လီဇာနဲ့ငါ ပြောစရာတွေ ရှိသေးတယ်။ ဒါနဲ့ ဒီရက်ပိုင်း အချိန်မရွေး ထွက်သွားဖို့ အသင့်ပြင်ထား။ ကိစ္စတစ်ခုကို အရင်ဆုံး အပြီးသတ်ဖို့ နဂါးလင်းလက်အင်ပါယာကို ငါနဲ့အတူ ပြန်လိုက်ခဲ့။ ပြီးတော့ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှုမှာ ဝင်ပါဖို့အတွက် မင်းကို ကမ်းပါးဖြူဆီ ခေါ်သွားမယ်။ သိဒ္ဓိအလင်းတောင်မှာ နတ်ဘုရားကျောင်းစစ်သည်တော်ရဲ့ဓားကို မျက်လုံးနဲ့ မြင်ရမယ်လို့ ငါ အာမခံတယ်။ ဒါက မင်း ဘယ်တော့မှ မမေ့နိုင်မယ့် အရေးကြီးအခိုက်အတန့် ဖြစ်လာလိမ့်မယ်။”
ချန်လွေ့က ပေါလ်ကို အပြုံးနှင့် တုံ့ပြန်ပြီး အရိုအသေပြုကာ အခန်းထဲ၌ ထွက်သွားသည်။ သို့သော်လည်း သူက စိတ်ထဲ၌ နောက်ထပ် စကားတစ်ခွန်း ပြောလိုက်၏။ အဲဒီအချိန် မင်းလည်း ဖြစ်မယ့်အရာကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဆာ-နတ်ဘုရားကျောင်းစစ်သည်တော်။