← Chapters

တိုင်တန်

Vol. 42 Ch. 658

တိုင်တန်

Vol. 42 Ch. 658

မုန်တိုင်းကျွန်း နယ်မြေက ပင်လယ်သေမှ လျို့ဝှက်မြူဖုံးကျွန်းထက် များစွာ ကျယ်ပြောလှသည်။ အပြင်ဘက် နေရာမှာကဲ့သို့ မုန်တိုင်းထန်နေသည်မဟုတ်ဘဲ မုန်တိုင်းကျွန်း အနီးတွင် မုန်တိုင်း လုံးဝ ရှိမနေပေ။ လေဆင်နှာမောင်းများက မုန်တိုင်းကျွန်းကို ဝိုင်းရံနေသည့် အကာအရံများသဖွယ် ဖြစ်နေသကဲ့သို့ပင်။

“ဂါး....”

မြူများကြားထဲ၌ သားရဲဟိန်းသံများနှင့် ရိုက်နှက်သံများ ပေါ်ထွက်လာ၏။ ဟိန်းသံက အလျင်အမြန်ပင် ညည်းတွားသံအဖြစ် ပြောင်းလဲသွားသည်။ အနည်းဆုံး ဧရာမ ငရဲဟိုက်ဒြာ နှစ်ကောင် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း အီနာ သိလိုက်သည်။ ထိုကဲ့သို့ သတ်ဖြတ်ချင်စိတ် ကြီးမားပြီး စွန့်စားသွားလာသူများကို ခြောက်လှန့်ရန်အတွက် မြူထဲ၌ ပုန်းအောင်းနေတတ်သော ပင်လယ်သားရဲများက ပို၍ “သတ်ဖြတ်ချင်စိတ်” ကြီးမားသော “ရစ်ချက်”နှင့် တွေ့သောအခါ မရှုမလှ အဆုံးသတ်ကြရလေ၏။

ထိုကဲ့သို့ အခြေအနေမျိုး၌ လူစီအိုနှင့် အီနာတို့က အတော်လေး အကျင့်ဖြစ်နေလေပြီ။ လေဆင်နှာမောင်းအား လက်ဗလာဖြင့် ဖျက်ဆီးလိုက်သည်နှင့်ယှဉ်လျှင် ထိုအရာက ကလေး ကစားစရာမျှသာ ဖြစ်ပေသည်။

“‌ရှေ့က ကမ်းခြေမှာ သင်္ဘောတစ်စင်း ရှိနေတဲ့ပုံပဲ။” ချန်လွေ့၏အသံက လေထဲမှ ထွက်ပေါ်လာသည်။ “အရှေ့တောင်ဘက်ကို ၁၈ဒီဂရီ လှည့်လိုက်။ မြန်မြန်လုပ်။ အနားကပ်။”

မိစ္ဆာထောင်ခြောက် သင်္ဘောက အလျင်အမြန်ပင် ကျွန်းနားကို ချဉ်းကပ်လာသည်။ အသေအချာပင် ဆိပ်ကမ်း၌ သင်္ဘောနှစ်စင်း ဆိုက်ရောက်နေ၏။

တစ်စင်းက ပျက်စီးနေပြီး ဧရာမ ငရဲဟိုက်ဒြာတစ်ကောင် တိုက်ခိုက်ခံခဲ့ရဟန် တူသည်။ အခြားသင်္ဘောက အတော်လေး ပုံမှန်အတိုင်း ရှိနေသည်။ နှစ်စင်းလုံးတွင်တော့ အသက်ရှင်သူများ ရှိမနေဘဲ အလောင်းများသာ ရှိသည်။

သင်္ဘောနှစ်စင်းက တစ်စင်းပြီးမှ တစ်စင်း ရောက်လာခြင်း ဖြစ်နိုင်သည်။ ပထမဆုံး ရောက်လာသော သင်္ဘောမှ အလောင်းများအားလုံးက လူလုပ်ခြင်းကြောင့် ဖြစ်သည်။ သူတို့၏ အဝတ်အစားများကို ကြည့်ရမည်ဆိုလျှင် သာမန်သင်္ဘောသားများ ဖြစ်ကြပြီး သေဆုံးသွားသည်မှာ တစ်ရက်ကျော်ပြီ ဖြစ်သည်။

နောက်မှရောက်လာပြီး ငရဲဟိုက်ဒြာ တိုက်ခိုက်ခံရသည်ဟု ထင်မှတ်ရသော သင်္ဘောက ဆမ်မြူရယ်၏သင်္ဘော ဖြစ်နိုင်သည်။ လူများသေဆုံးခြင်းမှာ အသေအချာပင် ပင်လယ်သားရဲကြောင့် ဖြစ်၏။ ကျန်ရှိသည့် သွေးစက်များကို ကြည့်ခြင်းအားဖြင့် သေဆုံးချိန်က ၁၂နာရီပင် မကျော်သေးပေ။ ဆိုလိုသည်က ကမ်းခြေသို့ ဆမ်မြူရယ် ရောက်လာသည်မှာ သိပ်မကြာသေးပေ။

ချန်လွေ့က အားကောင်းသော အနှောင့်အယှက်ကြောင့် မတည်မငြိမ် ဖြစ်နေသော မှော်သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်သည်။ “မင်းတို့တွေ ငါ့ကို ဒီမှာ အရင်စောင့်နေကြ။”

“ကျွန်မ လိုက်မယ်။ ဒီမှာက မှော်မြေပုံလိုမျိုး အရာတွေကို သုံးလို့ မရဘူး။” အီနာက အထူး မှော်သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်သည်။ “ကျွန်မက ဒီမှာ တာဝန်နှစ်ခု ပြီးမြောက်အောင် လုပ်ခဲ့ဖူးတယ်။ ပတ်ဝန်းကျင် မြေအနေအထားကို ကျွန်မ ပိုရင်းနှီးတယ်။ ရှင့်အတွက် ပိုပြီးတော့ အသုံးဝင်မှာပါ။”

အမျိုးသမီးကြေးစား၏ ပြတ်သားသော အကြည့်ကို မြင်သည့်အခါ ချန်လွေ့က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သူက လူစီအိုနှင့် သဲလူသားများကို ကမ်းစပ်၌ နေနေရန် ညွှန်ကြားခဲ့သည်။ မိစ္ဆာထောင်ခြောက်သင်္ဘော၏ ခိုင်မာမှုနှင့် လက်နက်များဖြင့်ဆိုလျှင် ပင်လယ်သားရဲ၏ အလစ်တိုက်ခိုက်ခြင်းကို ခံသည့်တိုင် ခံနိုင်ရည် ရှိပေသည်။

ထိုအချိန် မုန်တိုင်းကျွန်း တစ်နေရာရာ၌ ဖြစ်သည်။ ချန်လွေ့ ရှာဖွေနေသော ဆမ်မြူရယ်က ပြင်းထန်သော တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်နေရ၏။

မြေပြင်ပေါ်၌ အလောင်းများ လှဲလျောင်းနေ၏။ အချို့က ဆမ်မြူရယ်နှင့်အတူ လိုက်လာသော ခမ့်လော့မိသားစု အစောင့်များ ဖြစ်ကြပြီး ကျန်ရှိသူများအားလုံးက ရန်သူများ ဖြစ်ကြသည်။ ဂျိုအန်နာက ဆမ်မြူရယ်နောက်တွင် ရှိနေပြီး အစောင့်များက ဝိုင်းရံထားသည်။ ရန်သူက အတော်လေး ထိခိုက်နေသော်လည်း ကျန်ရှိသည်များက အယောက် ၃၀ခန့်ရှိသော လက်ရွေးစင်များဖြစ်ကြပြီး စက်ဝိုင်းပုံ ဖွဲ့စည်းထားကြသည်။ ရှေ့တွင် ချပ်ကာနှင့် ဓားသမား တစ်ယောက် ရှိနေပြီး နောက်ဘက်တွင် မှော်တုတ်တံ ကိုင်ဆောင်ထားသော မှော်ပညာရှင်တစ်ဦး ရှိနေလေသည်။

တစ်ဦးချင်း အစွမ်းအရ ဆမ်မြူရယ်ကို မည်သူမှ မယှဉ်နိုင်သော်လည်း ထိုရန်သူအဖွဲ့က အသေအချာ လေ့ကျင့်ထားကြသည်။ သူတို့က ဆမ်မြူရယ်၏ အင်အားကြီး တိုက်ခိုက်မှုများက အခင်းအကျင်းမှ လူအားလုံးထံ ခွဲဝေနိုင်သည်။ ထို့ကြောင့် ထိခိုက်မှုက အတော်လေး အားနည်းသွား၏။ ဂျိုအန်နာကိုလည်း တိုက်ခိုက်နေသည့်အတွက် ဆမ်မြူရယ်ကို အနှောင့်အယှက် ဖြစ်နေစေသည်။ သူတို့က အချိန်အတော်ကြာသည်အထိ တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေခဲ့သည်။

ခမ့်လောမိသားစုမှ နောက်ဆုံးအစောင့် ပြိုလဲကျသွား၏။ ဆမ်မြူရယ်၏ပုံရိပ်က ဂျိုအန်နာ အရှေ့၌ လျှပ်တပြက် ပေါ်ထွက်လာသည်။ သူက လက်ထဲမှ ဓားရှည်ဖြင့် အလင်းကွေးတစ်ခု လွှဲရမ်းလိုက်ရာ သွေးများ ဖြာထွက်ကုန်ပြီး ချဉ်းကပ်လာသော ဓားသမားနှစ်ခေါင်း ခေါင်းပြတ်သွားကြသည်။

သွေးများက ဂျိုအန်နာ၏ ဝတ်စုံရှည်ပေါ်သို့ စင်ကုန်သည်။ ငါးညှီနံ့က သူ၏ နှာခေါင်းထဲသို့ စိမ့်ဝင်လာသည်။ မိန်းမပျိုလေးက ကြောက်လန့်နေမှုကို ခုခံနေရင်း ဆမ်မြူရယ်ကို အနှောင့်အယှက် မဖြစ်ရန်အတွက် တိတ်တိတ် နေနေခဲ့သည်။ သူ၏ လက်သည်းများက အရေပြားနက်နက်ထဲကို ဖောက်ဝင်နေခဲ့၏။

“[မိုးသောက်ကွယ်ပျောက်]”

ဆမ်မြူရယ်က ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ လက်ထဲ၌ နောက်ထပ် ဓားတစ်လက် ရှိနေပြီး အလွန်ကြီးမားသော အလင်းအမှတ်အသား တစ်ခုက သူ့ခြေထော်အောက်၌ ပေါ်ထွက်လာသည်။ ဓားနှစ်လက်ကို ဝှေ့ရမ်းလိုက်ရာ မရေမတွက်နိုင်သော ကြက်ခြေခတ်ပုံအလင်းများ ထွက်ပေါ်လာပြီး ပျံ့နှံ့သွားခဲ့သည်။ ယခင်နှင့် ယှဉ်လျှင် ထိုအကွက်က အတော်လေး ရိုးရှင်းနေခဲ့သည်။ ခပ်မိုက်မိုက် သက်ရောက်မှုတစ်ခု မဟုတ်တော့ပေ။ သို့သော်လည်း စွမ်းအားက လျော့မသွားဘဲ ပိုမိုတိုးလာ၏။ ၎င်းမှာ ချန်လွေ့၏ အမြင်များကို နားထောင်ပြီးနောက် ဆမ်မြူရယ် တိုးတက်လာခြင်း၏ ရလာဒ် ဖြစ်ပေသည်။

အလင်းများ ကွယ်ပျောက်သွားပြီးနောက် ဝိုင်းရံထားသော ဓားသမားက စက်ဝိုင်းပုံအတိုင်း လဲကျသွားကြသည်။ ထိုတိုက်ကွက်ကြောင့် နောက်မှ မှော်ပညာရှင်များပင် အသတ်ခံလိုက်ရ၏။

ဆမ်မြူရယ်က ထိုတိုက်ကွက်ကို သိပ်မကြာခင်က အသုံးပြုခဲ့ဖူးသည်။ ထိုအချိန်၌ မှော်ပညာရှင်များက စွမ်းအားအများစုကို ခုခံရန်အတွက် မှော်အကာအရံများ အသုံးပြုခဲ့သည့် အတွက်ကြောင့် ရန်သူလေးယောက်ကိုသာ သတ်ပစ်နိုင်ခဲ့သည်။ ယခုတစ်ခေါက် တိုက်ကွက်က ယခင်ထက် အဆများစွာ‌ သေစေနိုင်ခဲ့သည်။ ၎င်းမှာ ဆမ်မြူရယ်က စွမ်းအား ကွယ်ဝှက်ထားခြင်း မဟုတ်ဘဲ ကပ်ဘေးအခိုက်အတန့်၌ [ မိုးသောက်ကွယ်ပျောက် ] ၏ နောက်ထပ် မှော်ဆန်သော အသုံးချမှုတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခြင်းကြောင့်သာ ဖြစ်ပေသည်။

ဆမ်မြူရယ်၏လက်ထဲ၌ ဓားရှည်နှစ်လက်တွင် လက်ကိုင်တစ်ခုသာ ရှိတော့သည်။ သူက စွမ်းအားကို တမင်တကာ ဖိနှိပ်လိုက်ပြီး ဓားသွားကို ကွဲကြေစေကာ [ မိုးသောက်ကွယ်ပျောက် ] နှင့်အတူ ဖြန့်ကျက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အပေါ်ယံကို ဖောက်ထွင်းပြီး မှော်ပညာရှင်များ၏ အကာအရံအား ထိထိရောက်ရောက် ထွင်းဖောက်နိုင်ခဲ့လေ၏။

ဆမ်မြူရယ်၏ သတ်ဖြတ်ရေးတိုက်ကွက်ကို အဆက်မပြတ် အသုံးပြုခြင်းက စွမ်းအာ အ‌တော်များများ ကုန်ခမ်းစေသော်လည်း ရန်သူတွင် ရပ်နေကြသော ဓားသမား ခေါင်းဆောင် နှစ်ယောက်သာ ရှိတော့ပြီး နောက်မှ မှော်ပညာရှင်များကလည်း မှော်စွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ခြိမ်းခြောက်နိုင်ခြင်းမရှိသော ခြေသည်းလက်သည်းများ ဆုံးရှုံးသွားသည့် ဝံပုလွေတစ်ကောင် ကဲ့သို့ပင်။

“မင်းက တကယ့်ကို သူတော်စင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ။” ခေါင်းဆောင်ဓားသမားက ဓားသွားကြောင့် ဖောက်ဝင်သွားပြီး လက်ကြားမှ သွေးများ အဆက်မပြတ် ထွက်နေသော ဝမ်းဗိုက်ကို ကိုင်ထားလိုက်သည်။ “ငါတို့က နည်းလမ်းတွေ ကုန်သွားပြီ။ မင်းက ဓားစာခံကို ကာကွယ်နေတာတောင် ငါတို့ အနိုင်မယူနိုင်ခဲ့ဘူး။”

“ခင်ဗျားက အလင်းသူရဲကောင်းလား။ ခင်ဗျား နောက်ကွယ်မှာ ဘယ်သူရှိတာလဲ ပြော။ ဒီက အသက်ရှင်ဖို့ တစ်ခုတည်း‌သော အခွင့်အရေးပဲ။” ဆမ်မြူရယ်၏ ခံနိုင်ရည်က ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ သူက အလျင်အမြန်ပင် အသက်ရှူနှုန်းကို ချိန်ညှိလိုက်သည်။ တစ်ချက် ဝှေ့ရမ်းလိုက်ရာ မြေပြင်မှ ဓားရှည်က သူ့လက်ထဲသို့ ရောက်ရှိလာသည်။ အသုံးဝင်သော လက်နက်တစ်ခု မဟုတ်သော်လည်း ထိုကျန်ရှိသူများကို ကိုင်တွယ်ရန်အတွက် လုံလောက်ပေသည်။

“မင်း သိဖို့မလိုဘူး။” ဓားသမား သေခြင်းရှင်ခြင်းကို လုံးဝ ဂရုမထားသကဲ့သို့ပင် သရော်ပြုံး ပြုံးလိုက်သည်။ သူတို့က အကြောက်တရား ကင်းမဲ့သော စစ်သည်များ ဖြစ်ကြောင်း ဆမ်မြူရယ်က တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

“ဆာ-ဟီဘယ်။ အယ်လီဇာက....ဒီလိုမျိုး လုပ်ခိုင်းခဲ့တာလား။” ဂျိုအန်နာ၏ အသံတုန်တုန် ထွက်ပေါ်လာ၏။ ဓားသမား ခေါင်းဆောင်နှစ်ယောက်က သူ့ကို နဂါးနီမြို့သို့ ပြန်ပို့ရန်အတွက် အယ်လီဇာ လိုက်ပို့ခိုင်းခဲ့သော အလင်းစစ်သည်တော် ဟီဘယ်နှင့် လောရင့်တို့ ဖြစ်ကြသည်။ ထိုအချိန်က ပေါလ် လိုက်မရှုပ်စေရန်အတွက် နဂါးနီမြို့သို့ ပြန်ရန်အကြံမှာ အယ်လီဇာ၏အကြံ ဖြစ်ပေသည်။

ဂျိုအန်နာအတွက် အံ့အားသင့်စရာပင် သူက နဂါးနီမြို့တော် ဗီဂက်စ်မြို့သို့ မသွားခဲ့ဘဲ အန္တရာယ်အများဆုံးဖြစ်သော မုန်တိုင်းကျွန်း၌ ဖမ်းဆီးထားခဲ့သည်။ ထိုကိစ္စကို သူငယ်ချင်းဖြစ်သူ အယ်လီဇာက ညွှန်ကြားခဲ့သည်ဆိုလျှင်.....

“စိတ်မကောင်းပါဘူး။ မစ်-ဂျိုအန်နာ။ ကျုပ်တို့ဆီကနေ အဖြေသိရဖို့ မဖြစ်နိုင်ဘူး။” လောရင့်က ပြောသည်။ “ကျုပ်တို့က ဆာ-ဆမ်မြူရယ်ရဲ့ ပြိုင်ဘက်မဟုတ်တာ ဝန်ခံပါတယ်။ ဒါပေမဲ့ တကယ့် အရှုံးသမားက မင်းတို့နှစ်ယောက်ပဲ။ မင်းတို့အားလုံး ဒီမှာ သေရမယ်။”

ဆမ်မြူရယ်က ရန်သူအား အားပြန်ဖြည့်ရန် အချိန်မပေးခဲ့ပေ။ သူက နှာမှုတ်လိုက်ပြီး ထိုသူများကို ရှင်းပစ်တော့မည့်အချိန်၌ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။

အလွန်ကြီးမားသော တစ်စုံတစ်ခု ချဉ်းကပ်လာသကဲ့သို့ပင် မြေပြင်က စတင် တုန်ခါလာလေသည်။

“အား....”

သစ်တောထဲ၌ အီနာ၏အော်သံ ထွက်ပေါ်လာသည်။ ထိုအရာက C အဆင့်ရှိသော သန္ဓေပြောင်း လေကျားသစ်နက် ဖြစ်သည်။ ၎င်းက မာနာတွင်ရှိသော လေကျားသစ်ထက် ပိုမို အင်အားကြီးသည်။ အီနာက D- အဆင့်သာ ဖြစ်သည့်အတွက် လုံးဝ မခုခံနိုင်ခဲ့ပေ။ သူက မြေပြင်ပေါ်သို့ ပစ်လဲတော့မည့်အချိန်၌ လေကျားသစ်၏ လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွား၏။ လက်တစ်ဖက်က လေကျားသစ်၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး တစ်ချက်တည်းဖြင့် ကြမ်းကြုတ်သော သားရဲက ကြောင်တစ်ကောင်သဖွယ် လွင့်သွားသည်။ သစ်ကိုင်များစွာ ကျိုးပဲ့သွားပြီးနောက် ၎င်းက လေထဲမှာပင် ကြောင်အသိစိတ်ဖြင့် ဟန်ချက်ထိန်းပြီး မြေပြင်ပေါ်သို့ လှိမ့်သွားလိုက်သည်။ ထို့နောက် ပြန်ထကာ တောနက်ထဲသို့ ခုန်ဝင်သွားလိုက်၏။

“အဆင်ပြေရဲ့လား။” ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။ အမှန်တကယ်၌ “မြေအနေအထားနှင့် ရင်းနှီး‌သော” မစ်-လမ်းပြက သစ်တောထဲ၌ အမှန်တကယ် လမ်းပျောက်နေခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့က ရွေးစရာ မရှိတော့ဘဲ လမ်းကြောင်း ရှာရတော့၏။ သူ ပြန်လာသောအခါ လေကျားသစ်၏ အလစ်တိုက်ခိုက်ခံရတော့မည့် ကြေးစားအမျိုးသမီးကို ကယ်တင်လိုက်နိုင်ခဲ့လေသည်။

“တောင်းပန်ပါတယ်။” အီနာက စိတ်မသန့်ဘဲ ခေါင်းငုံ့နေလိုက်သည်။ သူ့စွမ်းအားက ဤနေရာ၌ မွေးကင်းစ ကလေးတစ်ယောက်ကဲ့သို့ပင် အားနည်းနေကြောင်း ခံစားမိလိုက်သည်။ “ရစ်ချက်”ကြောင့်သာ မဟုတ်လျှင် လှုပ်ရှားရန်ပင် လုံးဝ ခက်ခဲနေမည် ဖြစ်သည်။ သူက အစပိုင်းတွင် ကူညီချင်ခဲ့သော်လည်း ယခုတော့ လုံးဝ ဝန်ထုတ်ဝန်ပိုး ဖြစ်သွားခဲ့လေပြီ။

“အခုက ဒီအကြောင်း ပြောဖို့ အချိန် မဟုတ်ဘူး။” ချန်လွေ့က ဆမ်မြူရယ်အကြောင်း အီနာ စိုးရိမ်နေသည်ကို သိသည့်အတွက် အပြစ်တင်ရန် အကြောင်းမရှိပေ။ သူက လက်ကို ဆန့်ထုတ်လိုက်သည်။ “လမ်းတွေ့ထားတယ်။ လေထဲကနေ သွားကြမယ်။”

အီနာက ခေါင်းညိတ်လိုက်ပြီး ချန်လွေ့၏လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ ချန်လွေ့၏ ခြေထောက်က ဖျပ်ခနဲ ဆောင့်နင်းလိုက်ပြီး လေထဲသို့ မြောက်တက်သွားခဲ့သည်။ ထိုအချိန်၌ စိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝ အသက်သွင်းထားသော ချန်လွေ့က လေထဲမှ အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက ဒေါသထွက်နေသော ဟိန်းသံတစ်မျိုးကဲ့သို့ ထင်ရလေသည်။

ချန်လွေ့၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အီနာကို အော်ပြောလိုက်သည်။ “သေချာ ကိုင်ထား။”

ချိုင့်ဝှမ်းထဲ၌ ဆမ်မြူရယ်က မောဟိုက်နေပြီး ရှေ့မှ အလွန်ကြီးမားသော ပုံရိပ်ကို သတိထား ကြည့်နေလိုက်သည်။ ထိုအရာက “လူသား”တစ်ယောက်၊ ယောက်ျားတစ်ယောက် ဖြစ်သော်လည်း အရပ်အမြင့်က အတော်လေး အံ့သြဖွယ်ရာ ဖြစ်သည်။ သူက ၁၀မီတာခန့် မြင့်မားပြီး ရွှေရောင် ဆံပင်အတို ရှိနေသည်။ သူ့မျက်လုံးများက ရွှေရောင်ဖျော့ဖျော့ အလင်းရောင် တောက်နေပြီး အသားအရေက ငွေနက်ရောင် ရှိနေ၏။ သူက ရိုးရိုးရှင်းရှင်း ချပ်ကာတစ်ခု ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။

ဆမ်ြူမရယ်က ရှေ့သို့ ပျံသန်းသွားပြီး ခုနက လက်ကျန်စွမ်းအားဖြင့် အစွမ်းကုန် လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုတိုက်ခိုက်မှုက ငွေနက်အရေပြားပေါ်၌ ချိုင့်ရာတစ်ခုသာ ဖြစ်စေခဲ့ပြီး ချက်ချင်းပင် ပြန်ကောင်းသွား၏။ ၎င်းမှာ မုန်တိုင်းကျွန်းမှ အစွမ်းအထက်ဆုံး သတ္တဝါဖြစ်သည့် တိုင်တန်ပင် ဖြစ်သေလည်။

တိုင်တန်က ဧရာမနဂါးမိသားစုများနှင့် ယှဉ်နိုင်သော အင်အားများကို တိုက်ရိုက် အသုံးပြုနိုင်သည့် ဒဏ္ဍာရီလာ ထိပ်တန်းသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတွင် အလှမ်းဝေး တိုက်ခိုက်မှုများကို အသက်သွင်းနိုင်သော အားကောင်းသည့် ဒြပ်စင်စွမ်းအားလည်း ရှိပြီး စိတ်ဝိညာဉ် အားလျှော့မှော်ပညာအားလုံးကို ခုခံနိုင်သည်။

ဆမ်မြူရယ်က ထိုကဲ့သို့ အန္တရာယ်များပြီး အင်အားကြီးသော သတ္တဝါကို ထိပ်တိုက် မရင်ဆိုင်ချင်ပေ။ သူက အစပိုင်းတွင် ဂျိုအန်နာနှင့်အတူ ထွက်ပြေးချင်ခဲ့သော်လည်း ဟီဘယ်နှင့် လောရင့်တို့က ဦးဆောင်၍ သူတို့နှစ်ယောက်ကို အသည်းအသန် ပိတ်ရံထားခဲ့ကြသည်။ နောက်ဆုံး၌ တိုင်တန်၏ အလွန်ကြီးမားသောပုံရိပ်က ဂျိုအန်နာ၏ ကြောက်လန့်နေသော မျက်လုံးထဲ၌ ပေါ်ထွက်လာခဲ့တော့သည်။

တိုင်တန်က ရန်သူ မိတ်ဆွေကို မခွဲခြားနိုင်ပေ။ သူတို့၏မျက်လုံးထဲ၌ ပြင်ပ မျိုးနွယ်စုများက သတ်ပစ်ရမည်ဖြစ်သော ကျူးကျော်သူများ ဖြစ်ကြသည်။ ၎င်းက ပေါ်လာသည်နှင့် မှော်ပညာရှင် တစ်ယောက်ကို ပြားသွားအောင် နင်းချလိုက်သည်။ ဟီဘယ်နှင့် အခြားမှော်ပညာရှင်များကလည်း တိုင်တန် ပစ်လွှတ်လိုက်သော [ မိုးကြိုး ] ကြောင့် ချေမှုန်းခံလိုက်ရသည်။ လောရင့်၏ ခြေထောက်ကလည်း ပျံ့နှံ့လာသော လျှပ်စီးကြောင့် မီးသွေးတုံး အဖြစ် ပြောင်းလဲသွားသည်။ သူက မြေပေါ်လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

အကယ်၍ ဆမ်မြူယ်က ဂျိုအန်နာကို ပုန်းကွယ်ရန်အတွက် အမြန် မသယ်သွားခဲ့လျှင် သူတို့က ဟီဘယ်နှင့် တခြားသူများနောက်သို့ လိုက်သွားကြရပေလိမ့်မည်။

ထိုဧရာမကောင်၏ စွမ်းအားက ဆမ်မြူရယ်ထက် အနည်းဆုံး အဆင့်ငယ် နှစ်ဆင့် ပိုမြင့်သည်။ ထို့ပြင် တိုင်တန်၏ အစွမ်းထက်ပါရမီနှင့် တိုက်ခိုက်‌ရေးစွမ်းအားကို ပေါင်းလိုက်ပါက လုံးဝ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ဆမ်မြူရယ်၏ လက်ရှိစွမ်းအားဖြင့် ဂျိုအန်နာနှင့် မပြောနဲ့၊ တစ်ယောက်တည်း ထွက်ပြေးနိုင်ရန် အတွက်ပင် ခက်ခဲလွန်းလှသည်။ ထို့‌ကြောင့် ငွေသူရဲကောင်းက သေသည်အထိ တိုက်ခိုက်ရန် ရွေးချယ်ထားခဲ့သည်။ ကံဆိုးစွာပင် ခုနက လက်သီးချက်တွင် သူ စွမ်းအင် အများအပြား အသုံးပြုခဲ့သော်လည်း တိုင်တန်၏ အရေပြားကိုပင် မဖောက်ထွင်းနိုင်ခဲ့ပေ။

“ဟားဟား။ အခု မင်း သဘောပေါက်ပြီလား။” မြေပေါ် လဲကျနေသော လောရင့်က နာကျင်နေပြီး ချွေးများကျ‌နေသော်လည်း အော်ရယ်လိုက်၏။ “နောက်တစ်ခါ ထပ်ပြောမယ်။ အတူတူ သေကြတာပေါ့။”

ဆမ်မြူရယ် အံကြိတ်လိုက်ပြီး အမြင့်သို့ ခုန်ကာ ဓားရှည်ကို နောက်ထက် တလက်လက် ခုတ်ချက်များ ဝှေ့ရမ်းလိုက်သည်။ သို့သော်လည်း ထိရောက်မှုက ယခင်တစ်ခေါက်ထက် ပိုဆိုး၏။ အလွန်အမြန် လှိမ့်သွားလိုက်ပြီးနောက် သူက တိုင်တန်၏ ခြေဆောင့်နင်းခြင်းကို ရှောင်တိမ်း လိုက်နိုင်သည်။ သူက ခြေကိုတော့ပြီး အဝေးသို့ အမြန် ဆုတ်ခွာသွားလိုက်၏။

မောပန်းနေသော ငွေသူရဲကောင်းက အပြင်းအထန် ပင့်သက်ရှိုက်နေသည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိထားမိသွားဟန် တူသည်။ သူက နောက်မှ ဂျိုအန်နာကို လှည့်ကြည့်လိုက်သည်။ သူက အဝေးတွင် ရှိနေသော်လည်း ဆမ်မြူရယ်က ဂျိုအန်နာ၏ အကြည့်ကို သေသေချာချာ မြင်နေရသည်။

ထိုလှပသော နက်ပြာရောင်မျက်လုံးထဲ၌ ယခင်ကဲ့သို့ အကြောက်တရားနှင့် စိုးရိမ်မှုများ ရှိမနေပေ။ အကြောက်တရားကို ကျော်လွန်သော ငြိမ်းအေးမှုတစ်ခုသာ ရှိနေပြီး အတူတူသေရန် နောင်တမရသော ခံစားမှုများ ဖြစ်နေ၏။

ဆမ်မြူရယ်က ရင်ဘတ်ထဲမှသွေးများ လောင်ကျွမ်းသွားသလို ခံစားလိုက်ရပြီး သူ၏ အသက်ဓာတ်တစ်ခုလုံး လောင်ကျွမ်းသွားသည်။ ထို့နောက် ဟိန်းဟောက်လိုက်ကာ အားကောင်းသော အလင်းရောင်တစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ အင်အားကြီး အဟုန်တစ်ခုက အလွန်ကြီးမားသော ပုံရိပ်ဆီသို့ လှိမ့်တက်လာခဲ့တော့သည်။

ထိုအချိန်၌ ဆမ်မြူရယ်က အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။

တိုင်တန်၏ ရွှေရောင်‌ဖျော့ဖျော့ မျက်လုံးများက အရောင်လက်သွား၏။ လှိမ့်တက်လာသော စွမ်းအားကို ကြည့်နေရင်း အထင်သေးမှုတစ်ခုက ၎င်း၏ မျက်လုံးထဲ၌ ဖြတ်သန်းသွားခဲ့သည်။ ၎င်းက ညည်းတွားလိုက်ပြီး သူ့ကို စွမ်းအားသောင်းကြမ်းမှု အငွေ့အသက်တစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

အငွေ့အသက်နှစ်ခုက လေထဲ၌ အချင်းချင်း ခုခံနေကြရင်း ရှည်လျားပြီး ကျဉ်းမြောင်း အက်ကွဲမှုများက မြေပေါ်မှ အလျင်အမြန် ထွက်ပေါ်လာသည်။ အနီးအနားရှိ မြေပြင်နှင့် ကျောက်သားတို့ကလည်း လေဆင်နှာမောင်း အသေးလေး တစ်ခုကဲ့သို့ပင် လေစီးကြောင်းကြောင့် လှိမ့်တက်လာခဲ့၏။

ဆမ်မြူရယ်က အသက်ဓာတ်အကုန် လောင်ကျွမ်းစေခဲ့သော်လည်း နှစ်ဖက်အကြား၌ စွမ်းအားခြားနားချက် ကြီးမားလွန်းလှသည်။ ခဏတာ တောင့်ခံပြီးနောက် ငွေသူရဲကောင်းက ပြိုလဲလုမတတ် ဖြစ်နေခဲ့သည်။ သူ၏ ခြေထောက်များက မထိန်းနိုင်တော့ဘဲ နောက်သို့ ပြန်ဆုတ်နေပြီး မြေပြင်ပေါ်၌ နက်ရှိုင်းသောမြောင်းနှစ်ခု ဖြစ်လာစေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ပြန်ဆုတ်နေသော အမြန်နှုန်းက ပိုပိုမြန်လာသည်။ သူ၏ အဟုန်က အနိမ့်ဆုံးအထိ ဖိနှိပ်ခံလိုက်ရပြီး နောက်ဆုံး၌ မခံနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးက ထိုကြီးမားလှသော စွမ်းအားကြောင့် လွင့်ထွက်သွားတော့သည်။

ရုတ်တရက် အလင်းတစ်ခု ဖျပ်ခနဲ လက်သွား၏။ အခြေမခိုင်တော့သော ဆမ်မြူရယ်ကို ပျော့ပျောင်းသော အားတစ်ခုက ထောက်ပံ့ပေးလိုက်ပြီး တဖြည်းဖြည်း မြေပေါ်သို့ ဆင်းသက် သွားစေသည်။ သူ့နောက်တွင် လူနှစ်ယောက် ရှိနေပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်သည်။

လောရင့်က ရင်းနှီးသော ယောက်ျားတစ်ယောက်ကိုကြည့်ပြီး လွှတ်ခနဲ ပြောလိုက်သည်။ “ရစ်ချက်လား။”

ရစ်ချက်က မစ်-အယ်လီဇာ လေးစားတဲ့ အ‌‌တော်ဆုံး သားရဲထိန်းကျောင်း ပညာရှင် မဟုတ်လား။ သူက အထူးလုပ်ပိုင်ခွင့်နဲ့ အရန် အလင်းစစ်သည်တော်စမ်းသပ်ချက်ကိုလည်း အောင်မြင်သွားခဲ့တယ်။ ဘာလို့ သူ ဒီမှာ ပေါ်လာရတာလဲ။

သူတို့ ပေါ်ထွက်လာသည်ကို ဆမ်မြူရယ် အံ့အားသင့်သွားပြီးနောက် သူက ချန်လွေ့ထံသို့ ခံစားချက်နှင့် အရှက်တရားများ ရောထွေးနေသော မျက်လုံးများဖြင့် ရောက်လာသည်။ ထို့နောက် သူက ခေါင်းကိုငုံ့ပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလိုက်သည်။

ထိုကဲ့သို့လုပ်ရပ်က အဆင့်မြင့်မှုနှင့် နိမ့်ကျမှုကို လုံးဝ ကိုယ်စားပြုနေခြင်း ဖြစ်သည်။ ဆမ်မြူရယ်၏ မောက်မာသော စရိုက်ကို သိထားကြသော ဂျိုအန်နာနှင့် အီနာတို့သာမက လောရင့်သည်ပင် ထိတ်လန့်သော အမူအရာ ပြသလိုက်သည်။ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်က တကယ်ပဲ ရိုးရိုးသာမန် “သားရဲထိန်းကျောင်း”ပညာရှင်တစ်ယောက်ကို ဒူးထောက်ခဲ့တာလား....

ချန်လွေ့က ဆမ်မြူရယ်၏ခံစားချက်ကို ကောင်းကောင်းသိနေပြီး ဘာမှ မပြောခဲ့ပေ။ သူက ပုခုံးကို ပုတ်လိုက်ပြီးနောက် ထခိုင်းလိုက်သည်။ ထိုအချိန်၌ လျစ်လျူရှုသလို ခံစားနေရသော တိုင်တန်က သတ်ဖြတ်ချင်စိတ်များဖြင့် သူတို့ထံ ပြေးဝင်လာသည်။

တိုင်တန်က ခြေနှစ်လှမ်းသာ လှမ်းရသေးပြီး ရုတ်တရက် ရပ်တန့်သွား၏။ သူ့ရှေ့၌ ပုံရိပ်တစ်ခု ရှိနှင့်နေပြီး ထိုသူမှာ ချန်လွေ့ပင် ဖြစ်သည်။

တိုင်တန်၏ အလွန်ကြီးမားသော ပုံရိပ်နှင့်ယှဉ်လျှင် ချန်လွေ့၏အရပ်က သေးငယ်သည် ဟူ၍သာ ပြော၍ ရနိုင်သည်။ သို့သော်လည်း တိုင်တန်၏ မျက်လုံးထဲ၌ ထိုကဲ့သို့ သေးငယ်သော ပုံရိပ်က မော့ကြည့်ရန် လိုအပ်သကဲ့သို့ပင် သတိအကြီးကျယ် ထားနေခဲ့သည်။

တိုင်တန်စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ၎င်း၏ လက်ဝါးပေါ်၌ လျှပ်စီးကြောင်းများ၏ အက်ကွဲသံများ ပေါ်ထွက်လာ၏။

တိုင်တန် မတိုက်ခိုက်နိုင်ခင်မှာပင် ချန်လွေ့က ရုတ်တရက် အော်လိုက်သည်။ တိုင်တန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အလွန်ကြီးမားသော ခန္ဓာကိုယ်က မမြင်ရသောအားတစ်ခုကြောင့် လွင့်ထွက်သွားခဲ့သည်။ ဘုန်းဟူသောအသံနှင့်အတူ အဝေးမှ တောင်ပို့ထံ လွင့်သွားကာ မြေပြင်လည်း အပြင်းအထန် တုန်ခါသွား၏။ တောင်ပို့ပေါ်တွင် အလွန်ကြီးမားသော လူသားပုံစံ တွင်းချိုင့်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။

ဆမ်မြူရယ်မှလွဲ၍ ကျန်ရှိသူအားလုံးက ထိုမြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်သွား၏။ သူက တိုင်တန်ကို သူ့ရဲ့အဟုန် တစ်ခုတည်းနဲ့ လွင့်ထွက်အောင် လုပ်နိုင်ခဲ့တာလား။

ဒါက သူ‌တော်စင်အဆင့်ရှိတဲ့ ဆမ်မြူရယ်ရဲ့ စွမ်းအားကိုတောင် အလွယ်လေး ဖိနှိပ်နိုင်တဲ့ တိုင်တန် တစ်ကောင်‌နော်။

All Chapters