← Chapters

လေဒြပ်စင်ဘုရင်

Vol. 42 Ch. 660

လေဒြပ်စင်ဘုရင်

Vol. 42 Ch. 660

ချန်လွေ့ ထွက်သွားခြင်းကြောင့် [ မြေဆွဲအား ] က တဖြည်းဖြည်း အားနည်းသွား၏။ ရွှေရောင်ဖျော့ဖျော့ အရေပြားနှင့် တိုင်တန်က အရင်ဆုံး ထရပ်လိုက်သည်။ ထိုအချိန်၌ ချိုင့်ဝှမ်းအနီးတွင် ခန္ဓာကိုယ်အောက်ပိုင်း လေပွေများ ရှိနေသော အစိမ်းရောင်လူသားပုံရိပ် ဒါဇင်ခန့်နှင့် အလွန်ကြီးမားသော ပုံရိပ်များ အခု ၂၀ကျော် ရှိနေပြီ ဖြစ်သည်။ ထူးဆန်းသည်က အပြင်လူများကို အမြဲပင် ရန်လိုနေခဲ့သော တိုင်တန်များက ထိုအစိမ်းရောင်လူသားပုံရိပ်များကို မတိုက်ခိုက်ခြင်းပင်။ သူတို့က အပြန်အလှန် နားလည်မှုရှိကြသော အပေါင်းအဖော်များ ဖြစ်ကြဟန်တူသည်။

အစိမ်းရောင်ပုံရိပ်တစ်ခုက ချိုင့်ဝှမ်းထဲသို့ တဖြည်းဖြည်း ပျံဝင်လာသည်။ ကျန်ရှိသော [မြေဆွဲအား] အငွေ့အသက်ကို အာရုံခံရင်း သူ့မျက်လုံးများက မီးပွင့်များနှင့် ရုတ်တရက် အရောင်လက်သွားကာ စူးစူးရှရှ အော်ဟစ်လိုက်၏။ သူ၏ပုံရိပ်လည်း ဖျပ်ခနဲ ပျောက်ကွယ် သွားတော့သည်။

သူ့နောက်မှ ပုံရိပ်အားလုံးကလည်း သံပြိုင် အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံးက လေထဲသို့ မြောက်တက်သွားကြပြီး အစိမ်းရောင်ပုံရိပ်နောက်သို့ အမြန်လိုက်သွားကြသည်။

ချန်လွေ့က ချိုင့်ဝှမ်းမှ ထွက်လာရုံသာ ရှိသေးပြီး မိစ္ဆာထောင်ခြောက် သင်္ဘောဘက်သို့ ပျံသန်းသွားတော့မည် ကြံလိုက်စဉ် သူ့နောက်မှ စူးရှပြီး ရှည်လျားသော လေတိုးသံများကို ရုတ်တရက် ကြားလိုက်ရသည်။ သူ၏ အကြားစွမ်းရည်ဖြင့်ဆိုလျှင် ရှည်လျားသော လေတိုးသံ တစ်ခုက အစွမ်းထက်ပြီး အလျင်အမြန် ချဉ်းကပ်လာနေခြင်းဖြစ်ကြောင်း ကြားနိုင်သည်။ အမြန်နှုန်းက သူ၏ [အသံဗုံး]ထက် လုံးဝ မနိမ့်ကျပေ။

အတွေးတစ်ချက်ဖြင့် ချန်လွေ့က [အသံဗုံး]ကို အသက်သွင်းပြီး ဦးတည်ဘက် ပြောင်းလိုက်တော့သည်။ သူက ကျောက်တုံးပေါများသော တောင်တန်းနေရာသို့ ပျံသန်းသွား လိုက်ပြီး ရုတ်တရက် အရှိန်လျှော့ကာ ဆင်းသက်လိုက်၏။ ထို့နောက် [ အသက်အောင့် ] နှင့် [ တိတ်တဆိတ် ] စွမ်းရည်နှစ်ခုကို အသုံးချကာ သူ၏ပုံရိပ်ကို ဖုံးကွယ်လိုက်သည်။

ခဏအကြာတွင် အစိမ်းရောင်ပုံရိပ်တစ်ခုက မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ အမြန်နှုန်းက လုံးဝကို အံ့သြလောက်စရာပင်။ အရှိန်မြန် ပျံသန်းနေသော အစိမ်းရောင်ပုံရိပ်က ချက်ချင်း ရပ်လိုက်ပြီး တစ်ခုခုကို အာရုံခံမိသွားဟန်တူသည်။ သူက အနီးအနားကို သတိထား၍ ကြည့်နေလေသည်။

ချန်လွေ့က နောက်ဆုံး၌ ချဉ်းကပ်လာသော ပုံရိပ်၏ အောက်ပိုင်း လေပွေခန္ဓာကို မြင်လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် [ သရုပ်ခွဲမျက်လုံး ] ၌ သက်ဆိုင်ရာ အချက်အလက်များ ပြသလာသည်။

မျိုးနွယ် - လေဒြပ်စင်ကောင်

စွမ်းအားကဲဖြတ်မှု - S+

ခန္ဓာအမျိုးအစား - S+

စွမ်းအား - S+

စိတ်ဝိညာဉ် - S++

အမြန်နှုန်း - S++

[ စိစစ်ချက် ] - လေဂုဏ်သတ္တိ။ ရေဒြပ်စင်မှော်ပညာ လုံးဝပြီးနိုင်။ အမြန်နှုန်းပါရမီ။

အန္တရာယ်အဆင့် (မြင့်မား)။

တကယ် လေဒြပ်စင်ကောင်ပဲ။

လက်စသတ်တော့ မုန်တိုင်းကျွန်းမှာ တိုင်တန်လိုမျိုး အင်အားကြီးတဲ့ သတ္တဝါတွေအပြင် ရေဒြပ်စင်ကောင်တွေလည်း ရှိနေတာကိုး။

ချန်လွေ့က တစ်ခုခုကို သတိထားမိသွားဟန်တူပြီး မုန်တိုင်းကျွန်း၏ ပတ်ဝန်းကျင်ကို တွေးလိုက်မိသည်။

သူ့ရှေ့မှ အလင်းဒြပ်စင်ကောင်က အလွန် ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။ ၎င်းက လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခုရှိပြီး သာမန် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ကျော်လွန်နေဟန်တူသည်။ ထိုကဲ့သို့ အငွေ့အသက်မျိုးကို ချန်လွေ့သည် ယခင်က ဒြပ်စင်ဘုရင်သုံးယောက်ထံ၌သာ ခံစားခဲ့ဖူးသည်။ ထိုစဉ် အဆင့်မြှင့်ထားသော [ သရုပ်ခွဲမျက်လုံး ] က ပို၍ အသေးစိတ်လာသည်။ အမြန်နှုန်းနှင့် စိတ်ဝိညာဉ်စွမ်းအားတို့က S++ သို့ ရောက်ရှိနေကြောင်း ပြသနေ၏။ ဒါဆိုရင် ဒီအလင်းဒြပ်စင်ကောင်က အလင်းဘုရင် သုံးပါးထဲက ဖြစ်လောက်တယ်.....

ထိုအချိန်၌ အစိမ်းရောင်ပုံရိပ် ဒါဇင်ခန့်က နောက်မှ ရောက်လာကြသည်။ အားလုံးက လေဒြပ်စင်ကောင်များ ဖြစ်ကြ၏။ ပထမ လေဒြပ်စင်ကောင်က လက်ကိုမြှောက်လိုက်ရာ ကျန်ရှိသော လေဒြပ်စင်ကောင်များအားလုံး တပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ သူတို့က အကွာအဝေးတစ်ခုတွင် ရပ်နေကြပြီး အနားမကပ်ရဲကြပေ။ ထိုအပြုအမူက ချန်လွေ့၏ အထင်ကို ပိုမို သေချာသွားစေသည်။ လေဒြပ်စင်ဘုရင်ပဲ။

လေဒြပ်စင်ကောင်များက မြေဒြပ်င်ကောင်များ၏ ရန်သူများ ဖြစ်ကြသည်။ သူတို့က ဒြပ်စင်ကောင်များ အားလုံး၌ အမြန်ဆုံး အမြန်နှုန်း ပါရမီရှိကြပြီး အလွန်အမင်း ကြမ်းတမ်းသော လေဒြပ်စင်မှော်ပညာများကိုလည်း ထိန်းချုပ်နိုင်ကြသည်။

လူသားလောကမှ လေဒြပ်စင်ကောင်များ၏ ယေဘုယျစွမ်းအားက နတ်ဆိုးဘုံမှ မည်သည့် ဒြပ်စင်ကောင်မဆိုထက် သာလွန်သည်။ နတ်ဆိုးဘုံ၌ အမှောင်ဘုရင် သုံးပါးအောက်၌ နတ်ဆိုးအရှင်သခင်အဆင့် လက်‌ရွေးစင် ဒြပ်စင်ကောင် တစ်ကောင်မျှ မရှိပေ။ သို့သော်လည်း လေဒြပ်စင်ဘုရင်၌ နတ်ဆိုးအရှင်သခင်အဆင့် လေဒြပ်စင်ကောင် သုံးယောက် ရှိသည်။ နတ်ဆိုးဧရာဇ်အဆင့်ကလည်း ၁၀ယောက်ကျော် ရှိနေသည်။

လက်ရွေးစင် ဒြပ်စင်ကောင်အဆင့်က ဇစ်မြစ်အပိုင်းအစများနှင့် အတော်များများ သက်ဆိုင်နေကြောင်း မိုးရီပြောခဲ့ဖူးသည်ကို ချန်လွေ့ ကြားခဲ့ဖူးသည်။ အမှောင်ဒြပ်စင်ဘုရင် သုံးပါးထဲ၌ ရေဇစ်မြစ်အပိုင်းအစရှိသော ရေဒြပ်စင်ဘုရင် လန်ဘို့စ်ကသာ ချန်လွေ့၏ လက်ဆောင်မှ အကျိုးအမြတ် ရရှိခဲ့ပြီး အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က အမှောင် ဇစ်မြစ် အပိုင်းအစအတွက် မတုံ့မဆိုင်းဘဲ စွန့်စားခဲ့သည်။ လက်ရှိတွင် သူက ဖျက်ဆီးခြင်း ပိတ်မိနေ၏။

လေဒြပ်စင်ဘုရင်ရဲ့ လက်ထဲမှာ လေဇစ်မြစ်အပိုင်းအစ ရှိနေရမယ်။

လေဒြပ်စင်ဘုရင်၏ အာရုံခံစွမ်းရည်က အလွန်အမင်း စူးရှလှသည်။ သူက အမှန်တကယ် ထူးခြားမှုတစ်ခုကို သတိထားမိပြီး လေဒြပ်စင်ကောင်းများအား ရှာဖွေရန် အမိန့်ပေးခဲ့သည်။ ကံကောင်းစွာပင် ချန်လွေ့၏ [ အသက်အောင့် ] နှင့် [ တိတ်တဆိတ် ] စွမ်းရည်တို့က အလွန်ပင် မှော်ဆန်လှ၏။ သူ၏ S++ အဆင့် စိတ်ဝိညာဉ်စွမ်းအားနှင့် ပေါင်းလိုက်ရာ သူ့ကို ရှာမတွေ့ နိုင်ခဲ့ပေ။

ရုတ်တရက် ချန်လွေ့က လေအရင်းအမြစ်စွမ်းအားကို ဇိုလာ၏ ဒြပ်စင်တိုင်းပြည်၌ လိုအပ်ကြောင်း တွေးမိသွားသည်။ ထိုအချိန်တွင် နောက်မှ လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။ တိုင်တန်များ ရောက်လာခြင်း ဖြစ်၏။

အံ့အားသင့်စွာပင် တိုင်တန်များက လေဒြပ်စင်ကောင်များနှင့် တစ်ဖွဲ့တည်း ဖြစ်နေသည်။ သူတို့က မည်သည့် ပြဿနာ မဖြစ်ရုံသာမက ကူညီ၍လည်း ရှာဖွေပေးကြသည်။

ထိုနှစ်ဖွဲ့က အချိန်အတော်ကြာ ရှာဖွေနေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ လေဒြပ်စင်ဘုရင်က ဇဝေဇဝါ အမူအရာတစ်ခု ပြသလိုက်ပြီး နောက်ဆုံး၌ အချိန်ဆွဲ မနေတော့ပေ။ သူက တိုင်တန်များကို နှုတ်ဆက်လိုက်ပြီး လျှပ်စီးသဖွယ် ရှေ့သို့သို့ ဆက်လက် ပျံသန်းသွားလိုက်သည်။ တိုင်တန်များကလည်း လေးလံသော ခြေလှမ်းများဖြင့် နောက်မှ လိုက်သွားကြသည်။

မုန်တိုင်းကျွန်းက ပျူငှာသော နေရတစ်ခု လုံးဝ မဟုတ်ပေ။ အကယ်၍ ချန်လွေ့က လေဒြပ်စင်ဘုရင်ထံမှ လေအရင်းအမြစ်စွမ်းအားကို ရရှိချင်ပါက အင်အားသုံးရပေလိမ့်မည်။

ဒြပ်စင်ဘုရင်၏ စွမ်းအားအဆင့်က အကြောင်းရင်းတချို့ကြောင့် နတ်ဆိုးအရှင်သခင် ထိပ်သီးပိုင်းအထိသာ ရောက်ရှိနိုင်သည်။ သို့သော်လည်း အမှန်တကယ်၌ သူတို့အားလုံးတွင် ဇစ်မြစ်စွမ်းအားများ ရှိကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက သာမန် နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းများထက် သာလွန်ပေသည်။ လေဒြပ်စင်ကောင်များ၏ အထူးအမြန်နှုန်း ပါရမီနှင့် ပေါင်းလိုက်လျှင် ချန်လွေ့က တစ်ယောက်ချင်း တိုက်ခိုက်ပါက [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ကို အသုံးမပြုဘဲ အနိုင်ရရှိနိုင်ရန် မသေချာပေ။

ထို့ပြင် လက်‌ရွေးစင် လေဒြပ်စင်ကောင်များနှင့် နတ်ဆိုးအရှင်သခင်အဆင့် တိုင်တန်များ ရှိနေကြသေးသည်။ လေဒြပ်စင်ဘုရင်အပါအဝင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ပုဂ္ဂိုလ်များ ၇ယောက် ရှိနေ၏။

ချန်လွေ့ကိုယ်တိုင်က [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ]သည် မည်သို့စွမ်းအားမျိုး ထုတ်ပေးနိုင်ကြောင်း မသိသေးပေ။ သို့သော်လည်း ယုံကြည်မှု သလင်းကျောက် တစ်သောင်း သုံးရမည်ဖြစ်သည့်အတွက် သူ အများကြီး မစဉ်းစားသေးပေ။ ယခုတွင် ယုံကြည်မှု သလင်းကျောက်တိုင်းက အလွန်အမင်း အဖိုးတန်ပေသည်။ သူက ၎င်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၍ ဖြုန်းတီး၍ မရနိုင်ပေ။

ဦးစား‌ပေးစရာများ ရှိနေသည်။ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲပြီးနောက် ကြယ်အမှတ် ချန်နိုင်သော အချိန်အတိုင်းအတာက ၃နှစ်အထိ တိုးမြှင့်သွားခဲ့သည်။ ယုံကြည်မှု သလင်းကျောက် လုံလုံလောက်လောက် ရှိသည်နှင့် ချန်လွေ့က နောက်တစ်ကြိမ်တွင် လေအရင်းအမြစ် စွမ်းအားကို ရယူရန်အတွက် လူသားလောကသို့ ပြန်ရောက်လာနိုင်သည်။ အစ်ဇဘယ်လာရဲ့ ကိစ္စက အခု အရေးအကြီးဆုံးပဲ။ အချိန် အများကြီး မကျန်တော့ဘူး။ ငါ အရင်ဆုံး ယုံကြည်မှု သလင်းကျောက် ၁၀သိန်း ရှာပြီးတော့ နတ်ဆိုးဘုံကို မြန်မြန်ပြန်ရမယ်။

တိုင်တန်များ ထွက်သွားသည်ကို မြင်ပြီးနောက် ချန်လွေ့က ဆန့်ကျင်ဘက်သို့ တိတ်တိတ်လေး ခိုးထွက်သွားကာ လမ်းတစ်လျှောက်လုံး သတိထားနေခဲ့သည်။ အချန် အတော်ကြာပြီးနောက် သူက မိစ္ဆာထောင်ခြောက်သင်္ဘော တည်ရှိနေသော ကမ်းပါးသို့ ရောက်ရှိလာသည်။

သင်္ဘောပေါ်သို့ ပြန်ရောက်လာပြီးနောက် ချန်လွေ့ ထွက်ခွာရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သဲလူသားများက အလျင်အမြန်ပင် စတင်၍ ရွက်လွှင့်ကြတော့သည်။

“ခေါင်းဆောင်။ ကျွန်တော်...” ဆမ်မြူယ်ရယ်က လူစီအိုနှင့် အခြားသူများကို သတိထား နေသေးသည့်အတွက် ချန်လွေ့ကို “အရှင်မင်းသား”ဟု တိုက်ရိုက် မခေါ်ရဲသေးပေ။ မိစ္ဆာထောင်ခြောက်သင်္ဘေက မုန်တိုင်းကျွန်းမှ ထွက်လာပြီး အချိန်အတော်ကြာပြီးမှသာ ထိုကဲ့သို့ သူ စကားပြောလိုက်ခြင်း ဖြစ်သည်။ ယခုတစ်ခေါက် သူက သစ္စာခံခဲ့ဖူးသည်ကို စိတ်ပျက်စေရုံ ခဲ့သာမက အရှင်မင်းသားကပင် အရဲစွန့်ပြီး သူနှင့် ဂျိုအန်နာကို ကယ်တင်ခဲ့ရသည်။ ငွေသူရဲကောင်း၏ နှလုံးသားထဲ၌ အရှက်တရားနှင့် လိပ်ပြာမသန့်မှုများ ပြည့်နေခဲ့သည်။

“ဟုတ်ပြီ။ အပိုတွေ ပြောမနေနဲ့တော့။” ချန်လွေ့က ဆမ်မြူရယ်၏ ပုခုံးကို ပုတ်လိုက်သည်။ “ဒီတစ်ခေါက် မင်း နဂါးလင်းလက် အင်ပါယာဆီ ပြန်ပြီးတော့ ပေါလ်ကို လူတိုင်းအရှေ့မှာ အနိုင်ယူရမယ်။ ပြီးတော့ ငါ့ကိစ္စကို လျို့ဝှက်ထားဦး။ ငါ့ အဖေ အပါအဝင် ဘယ်သူ့ကိုမှ မပြောပြနဲ့။”

“ဟုတ်ကဲ့ပါ။ အရှင်...ခေါင်းဆောင်။ သဘောပေါက်ပါပြီ။” ဆမ်မြူရယ်က ထပ်မပြောတော့ဘဲ စိတ်ထဲ၌ တိတ်တဆိတ် ကျေးဇူးတင်လိုက်သည်။

“မိန်းကလေးနှစ်ယောက်က ဘယ်လို ဖြစ်နေတာလဲ။” ချန်လွေ့က သင်္ဘောနောက်ပိုင်း၌ တရင်းတနှီး စကားပြောနေကြသော ဂျိုအန်နာနှင့် အီနာတို့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ “ဆာ-သူရဲကောင်း။ မင်းရဲ့ တချို့နေရာမှာ စွမ်းဆောင်ရည်က ငါထင်ထားတာထက် ကျော်လွန်နေတာပဲ။”

“ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။” ဆမ်မြူရယ်က အပြစ်ကင်းမဲ့စွာ ပြောသည်။ “ကျွန်တော်တို့ ထွက်ပြေးနေတုန်း သစ်တောထဲမှာ ဂျိုအန်နာကို ကာကွယ်ဖို့အတွက် အီနာက မြွေပွေး အကိုက်ခံခဲ့ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း မြွေဆိပ်တွေကို စုပ်ထုတ်ပေးခဲ့တယ်။ ပြီးတော့.... သင်္ဘောပေါ်မှာ ဂျိုအန်နာက အီနာကို ခေါ်ပြီး စကားပြောတော့တာပဲ။ နောက်တော့ သူတို့က ကျွန်တော့်ကို လျစ်လျူရှုနေခဲ့တယ်။”

ဒဏ္ဍာရီထဲက ဒဏ်ရာကုသဖို့အတွက် အဆိပ်စုပ်ထုတ်တဲ့နည်းလား။ ချန်လွေ့က သဘောပေါက်သော အမူအရာ ပြသလိုက်ပြီး အီနာ၏ပေါင်တွင် အဖြူရောင် အဝတ်စ ပတ်ထားသည်ကို ကြည့်လိုက်သည်။ ထူးဆန်းသော အကြည့်က ငွေသူရဲကောင်း၏ နှလုံးသားကို သိမ့်သိမ့်တုန်သွားစေခဲ့သည်။ ကံကောင်းစွာပင် အရှင်မင်းသားက ဆက်လက်မပြောခဲ့ပေ။ “ဒီတစ်ခေါက် အန္တရာယ် များခဲ့ပေမဲ့ မင်းရရှိထားတာတွေက မနည်းလောက်ဘူး။ မင်း အခု လုပ်ရမှာက ရထားတာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ နားလည်အောင် လုပ်ပြီးတော့ အဆင့်သစ်ကို အခြေတည်အောင် လုပ်ဖို့ပဲ။ မင်းရဲ့စွမ်းအားကို တိုးမြှင့်ဖို့အတွက် ပြင်ပအားတစ်ခုခု လိုမလားလို့ စဉ်းစားနေခဲ့တာ။ အခုတော့ မလိုတော့တဲ့ပုံပဲ။”

ဆမ်မြူရယ်က မျက်လုံးထဲ၌ ပြင်းပြသော ယုံကြည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် သေချာပေါက် ပေါလ်ကို အနိုင်ယူမှာပါ။”

“ငါမင်းကို ဒါ ပြန်ပေးမယ်။” ချန်လွေ့ကို တစ်စုံတစ်ခုကို ကမ်းပေးလိုက်သည်။ ဆမ်မြူရယ်က ဓားကျိုးကို မြင်လိုက်ရသည့်အခါ ရှုပ်ထွေးသော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။ သူက ချန်လွေ့ကို လေးလေးနက်နက် အရိုအသေ ပြုလိုက်၏။ ချန်လွေ့က အသာလေး ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။

မနီးမဝေးမှ လူစီအိုက ဆမ်မြူရယ်၏ တလေးတစား အမူအရာကို မြင်သည့်အခါ တိတ်တိတ်လေး အံ့အားသင့်သွားခဲ့သည်။ သူက အလိုက်သိစွာဖြင့် ဘာမှ မမေးမြန်းခဲ့ပေ။

ချန်လွေ့၏ တည်ရှိမှုနှင့်အတူ မိစ္ဆာထောင်ခြောက်သင်္ဘောက မုန်တိုင်း ပင်လယ်နယ်မြေမှ ချောချောမွေ့မွေ့ ထွက်သွားနိုင်ခဲ့သည်။ သူတို့က ဥယျာဉ်မြို့တော် ဆိပ်ကမ်းသို့ ပြန်သွားခဲ့ဘဲ အနောက်တောင်ဘက်ရှိ ဗီဂက်စ်မြို့ ပင်လယ်နယ်မြေသို့ တည့်တည့် မောင်းသွားခဲ့သည်။

“အီနာ။ နင် ငါတို့နဲ့ နဂါးလင်းလက် အင်ပါယာကို တကယ်ပဲ မလိုက်ချင်ဘူးလား။” ဂျိုအန်နာက အီနာကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “ငါတို့က အကောင်းဆုံး သူငယ်ချင်း လုပ်လို့ရတာပဲ။ ငါ့မင်္ဂလာဆောင်မှာ သတို့သမီး အရန်အနေနဲ့ ငါနင့်ကို ဖိတ်ချင်တယ်။”

အီနာက ဆမ်မြူရယ်ကို ဖျပ်ခနဲ ကြည့်ပြီး ပြုံးလိုက်သည်။ “ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်နေပါပြီ။ နင့်ရဲ့ မင်္ဂလာပွဲကို ငါ သေချာပေါက် ရောက်လာမှာပါ။ သူ ငါ့ကို ဘယ်မှာ ရှာရမလဲ သိတယ်။”

မိန်းကလေးနှစ်ယောက်က အပေါ်ယံမှာကဲ့သို့ စည်းချက်မညီကြောင်း ဘေးဖက်မှနေ၍ ချန်လွေ့ မြင်နေရသည်။ ဆမ်မြူရယ်က ဒုက္ခခံစားရနိုင်ချေ များပေသည်။ အတွေ့အကြုံရှိသူ ဖြစ်သည့်အလျောက် ချန်လွေ့က ဆမ်မြူရယ်၏ ပုခုံးကို ပုတ်လိုက်သည်။ “ဂရုစိုက်။”

ပြိုင်ပွဲက သိပ်မလိုတော့ပေ။ ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့က ဗီဂက်စ်မြို့မှနေ၍ နဂါးလင်းလက်အင်ပါယာရှိ နဂါးနီမြို့သို့ ရေကြောင်းဖြင့် သွားခဲ့ကြသည်။ အီနာကလည်း ဖခင်ဖြစ်သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်သည်ဟူ၍ ပြောပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန်အတွက် ကြေးစားအဖွဲ့မှ ထွက်သွားခဲ့သည်။ တစ်ကြိမ် သေခဲ့ပြီဖြစ်သော လူစီအိုက မျက်နှာပြောင်းလိုက်ပြီး လောကကို ကိုယ်တိုင်ကြည့်ရန်အတွက် အီနာနောက်သို့လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ လှံသမားက စိတ်ထဲ၌ အကြံသေးသေးလေး တစ်ခု ရှိနေခဲ့သည်။ ချန်လွေ့က မိစ္ဆာထောင်ခြောက်သင်္ဘောကို သိမ်းလိုက်ပြီး မြေဒြပ်စင်ဘုရင် သင်ကြားပေးခဲ့သော နည်းလမ်းဖြင့် သဲလူသားများကို မြေအမြုတေထဲ သိမ်းထားလိုက်သည်။ ထို့နောက် [ ကြယ်ဂိတ် ] ကို အသက်သွင်းကို ဥယျာဉ်မြို့‌‌တော်မှ ကျောင်းတော်သို့ ချက်ချင်း ပြန်သွားတော့သည်။

ဥယျာဉ်မြို့တော် ကျောင်းတော်၌ အသူရာက ယုံကြည်မှုစွမ်းအားများကို လုံးဝ ခိုးယူပြီးသွားပြီ ဖြစ်သည်။ “ဒဏ်ရာရထားသူ”ဖြစ်သည့်အလျောက် သူက သံသယများကို မဖြစ်စေခဲ့ပေ။ အယ်လီဇာ၏ ဒဏ်ရာကလည်း အပြည့်အဝနီးပါး ပြန်ကောင်းလာနေပြီး ယန်ရှောင်မြို့‌တော်သို့ ပေါလ်နှင့်အတူ သွားတော့မည် ဖြစ်သည်။ ချန်လွေ့လည်း သူနှင့်အတူ လိုက်သွားပေမည်။

ပေါလ်က နဂါးလင်းလက်အင်ပါယာမှာ စီးချင်းတိုက်ပွဲ သတိပေးချက်ကို လက်ခံရရှိ ခဲ့သည်။ ယခုတစ်ကြိမ် အယ်လီဇာကို ယန်ရှောင်မြို့တော်ထံ လိုက်ပို့ပြီးနောက် သူက မဟာလက်ဇ် ကျင်းပသော စီးချင်းတိုက်ပွဲ၌ ပါဝင်ရန်အတွက် နဂါးလင်းလက်အင်ပါယာသို့ ပြန်ရမည် ဖြစ်သည်။ ပြိုင်ဘက်က အင်ပါယာ၏ ငွေသူရဲကောင်း၊ ခမ့်လော့မိသားစုမှ ဒုတိယမြောက်သားတော် ဆမ်မြူရယ် ဖြစ်လေသည်။

စီးချင်းတိုက်ပွဲပြီးနောက် ပေါလ်က နတ်ဘုရားကျောင်းစစ်သည်တော် လူရွေးပွဲတွင် ပါဝင်ရန်အတွက် ကမ်းပါးဖြူသို့ သွားမည် ဖြစ်သည်။

All Chapters