← Chapters

တဒုတ်ဒုတ် ရင်ခုန်ခြင်း

Vol. 42 Ch. 661

တဒုတ်ဒုတ် ရင်ခုန်ခြင်း

Vol. 42 Ch. 661

“ရစ်ချက်။ မင်း ဘာတွေ စဉ်းစားနေတာလဲ။ တစ်ချိန်လုံး ငေးနေသလိုပဲ။” ပေါလ်က စခန်းသို့ရောက်သော် မြင်းပေါ်မှ ဆင်းလိုက်ပြီး အနားရောက်လာသော အစေခံထံ မြင်းဇက်ကြိုး ပေးလိုက်သည်။ သူက ငေးငိုင်နေသော ချန်လွေ့ကိုကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။

ပေါလ်က အယ်လီဇာကို ယန်ရှောင်မြို့တော်ထံ လိုက်ပို့ပြီးနောက် အယ်လီဇာ၏ ဦးလေးဖြစ်သူ ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာက မြို့တော်ရှိ ကျောင်းတော်တစ်ခုကို စစ်ဆေး စံစမ်းနေခဲ့ပြီး ပြန်မရောက်လာသေးပေ။ ဂိုဏ်းအုပ်ခေါင်းဆောင် နှင့် ဂိုဏ်းအုပ်အချို့က သူ့ကို အဖော်ပြုပေးခဲ့သည်။ အလင်းခန်းမ၌ အလင်းစစ်သည်တော်ခေါင်းဆောင် ရွန်မန်သာ နေရစ်ခဲ့၏။

စီးချင်းတိုက်ပွဲက စတင်တော့မည်ဖြစ်ပြီး မဟာလက်ဇ်ကိုယ်တိုင်က ကျင်းပမည် ဖြစ်သည့်အတွက် ပေါလ် လျစ်လျူရှု မရဲပေ။ သူက ယန်ရှောင်မြို့တော် ကျောင်းတော်၌ တစ်ည အနားယူလိုက်ပြီးနောက် နောက်တစ်နေ့ နံနက်၌ အနီးအနားရှိ နဂါးလင်းလက် အင်ပါယာသို့ ချက်ချင်း ထွက်ခွာသွားသည်။ ပေါလ်၏ ဂုဏ်ပုဒ်ဖြင့် သူတို့နှစ်ယောက်က နယ်စပ်ခံတပ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီး လမ်းတစ်လျှောက်မြင်းစီးကာ အနီးနား နဂါးစွယ် မြို့သို့ ရောက်လာခဲ့ကြသည်။

ယန်ရှောင်မြို့တော်ရှိ အလင်းခန်းမမှ ကြွယ်ဝလှသော ယုံကြည်မှုစွမ်းအားက ချန်လွေ့ကို စိတ်လှုပ်ရှားသွားစေသည့်အတွက် ထိုညက ချန်လွေ့သည် ဆုတောင်းခန်းမသို့ ခိုးဝင်ခဲ့ပြီး ဗိုက်ပြည့်အောင် စားခဲ့သည်။ မူလခန္ဓာက မုန်တိုင်းကျွန်းသို့ သွားကာ အောင်မြင်မှုရရှိခဲ့ပြီး ကိုယ်ပွားက ဥယျာဉ်မြို့တော်၌ နေနေခဲ့ခြင်းက ချန်လွေ့က ဉာဏ်အလင်းများ ရရှိစေခဲ့ပြီး ရဲတင်းသော အကြံအစဉ်တစ်ခု စတင်၍ အကောင်အထည် ပေါ်လာသည်။

မှတ်ဉာဏ်များ ပေါင်းစည်းသွားခြင်းကြောင့် နဂါးလင်းလက် အင်ပါယာသို့ ဝင်လာပြီးနောက် မွေးရပ်မြေနှင့် နီးကပ်လာသကဲ့သို့ပင် ချန်လွေ့၏စိတ်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခု လှိမ့်တက်လာခဲ့သည်။

“ဆာ။ အရင်တစ်ခေါက် ဆာက ဆမ်မြူရယ်ကို အနိုင်ရခဲ့ပေမဲ့ ဒီတစ်ခေါက် သူက ဆာ့ကို လူသိရှင်ကြား စိန်ခေါ်တယ်ဆိုတော့ ဒီကိစ္စက မရိုးရှင်းလောက်ဘူးလို့ စဉ်းစားနေတာပါ။” ချန်လွေ့က တမင်တကာပင် တွေးဆနေသော အမူအရာ ပြုလုပ်လိုက်သည်။ “သူ့ရဲ့ စွမ်းအားက အဆင့်တက်သွားတာ ဒါမှမဟုတ် လျို့ဝှက်ပညာရပ်တစ်ခုကို တတ်ကျွမ်းသွားတာ ဖြစ်မယ်။ သူ့ကို လျှော့တွက်လို့ မရနိုင်ဘူး။”

ပေါလ်က အထင်သေးစွာဖြင့် ပြန်ဖြေသည်။ “စိတ်မပူနဲ့။ ငါ အနိုင်ရဖို့ လုံးဝ ယုံကြည်ချက် ရှိတယ်။”

“ဆာ။ ကျုပ်ကို စကားများတဲ့အတွက် အပြစ်မတင်ပါနဲ့။” ချန်လွေ့က မျက်မှောင်ကြုတ် လိုက်သည်။ “ကျုပ် ဆရာကပြောတယ်။ ဗျူဟာအရဆိုရင်တော့ ရန်သူကို အထင်သေးလို့ ရတယ်။ ပြီးတော့ ရန်သူကို စနစ်တကျ အာရုံစိုက်ရမယ်။ ဆာက ဆမ်မြူရယ်ထက် အစွမ်းထက် နေတယ်ဆိုရင်တော့ သတိထားနေရပါမယ်။”

“မင်းရဲ့ သစ္စာတရားကို ငါ သိပါတယ်။ ငါ ပြောလို့ အဆင်မပြေတာတွေ ရှိတယ်။ ဒါကို မစိုးရိမ်ဖို့ပဲ မင်းကို ပြောနိုင်မယ်။” ပေါလ်က အယ်လီဇာ၏ ကြောက်မက်ဖွယ်ရာ နည်းလမ်းများကို သိနေခဲ့သည်။ မုန်တိုင်းကျွန်းက အတော်လေး အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ ဆမ်မြူရယ်နဲ့ ဂျိုအန်နာတို့က အသက်ရှင်ရက် ပြန်မလာဖို့ အယ်လီဇာ သေချာနေမှတော့ ဆမ်မြူရယ်ရဲ့ စွမ်းအားက အရင်လို မဟုတ်တော့ရင်တောင် သေချာပေါက် သေမှာပဲ။ သနားစရာက ဂျိုအန်နာပဲ။ ဒါပေမဲ့ ဒီမိန်းမရဲ့ နှလုံးသားက ငါနဲ့ မရှိနေဘူး။ ပြီးတော့လည်း အနာဂတ်မှာ တကယ့် စွမ်းအားတွေ အာဏာတွေ ရလာတာနဲ့ ဂျိုအန်နာ သေဆုံးတာအတွက် အလဲအလှယ် အနေနဲ့ ပိုကောင်းသော မိန်းမတွေ အများကြီး ရှိလာမှာပဲ။

“ဒါပေမဲ့....”

“ဒါပေမဲ့ မနေနဲ့တော့။ ဒီတိုက်ပွဲမှာ ငါ သေချာပေါက် အနိုင်ရမယ်။” ပေါလ်က လက်အောက်ငယ်သား၏ ရည်ရွယ်ချက်မှာ သူ့ကို အားတက်စေရန်ဖြစ်ကြောင်း မသိခဲ့ဘဲ အသာလေး ပြုံးလိုက်သည်။ “ငါတို့တွေ ခံတပ်ကို ဖြတ်ကျော်ပြီးသွားပြီ။ နဂါးစွယ်မြို့က ရှေ့မှာပဲ။ မြို့တော် ရယ်ရိုဒီရှာကို အမြန်ဆုံး ရောက်ဖို့အတွက် မိသားစုကို ဂရစ်ဖွန်နှစ်ကောင် ကြိုပြီးတော့ စီစဉ်ခိုင်းထားတယ်။ မင်း ဂရစ်ဖွန် စီးဖူလား။ ယဉ်ပါးတဲ့ ဂရစ်ဖွန်တွေကတောင် သာမန် မိုးပျံ နတ်ဆိုးသားရဲတွေထက် သာလွန်တယ်။”

“မိုးပျံသားရဲ စီးဖူးတဲ့ အတွေ့အကြုံတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဂရစ်ဖွန်ကတော့ အခုမှ ပထမဆုံးပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ သားရဲထိန်းကျောင်း ပညာရပ်ကို ဆာ လုံးဝ ယုံကြည်ချက် ရှိသင့်တယ်။ ဒီအပိုင်းမှာ ကျုပ်က ပညာရှင်တစ်ယောက်ပဲ။” ချန်လွေ့က စိတ်ထဲရှိသလို မပြောခဲ့ပေ။ ဂရင်ဖင်လေးက ဘာမှ မဟုတ်ဘူး။ ငါက နဂါးနိုင်သူရဲကောင်းပဲ။ ထိုစကားက အဓိပ္ပာယ်နှစ်ခွ ရှိနေသည်။ နောက်ပိုင်း‌ ဆွေးနွေးမှုများ၌ အခြေအနေ အမျိုးမျိုးအတွက် ခက်ခဲမှုနှင့် သက်ဆိုင်နေနိုင်သည်။

ဂရစ်ဖွန်က ချန်လွေ့၏ ပုခုံးပေါ်၌ မိုးကြိုးငှက်ငယ်လေးကို မြင်သည့်အခါ အနည်းငယ် စိုးရိမ်မှုနှင့် ရန်လိုမှု ပြသလာသည်။ ကောင်းကင်၌ အင်အားကြီး ဖြစ်သည့်အလျောက် မိုးကြိုးငှက်အဆင့်က ဂရစ်ဖွန်ထက်ပင် မြင့်လားသည်။ ထိုမိုးကြိုးငှက်က ငယ်ငယ်လေးသား ရှိသေးသော်လည်း ဂရစ်ဖွန်များကို သတိထားစေရန် လုံလောက်သည်။ ချန်လွေ့၏ သားရဲထိန်းကျောင်း စွမ်းရည်က ချက်ချင်း အစွမ်းပြလာပြီး ဂရစ်ဖွန်များ၏ မူမမှန်မှုကို ချောချောမွေ့မွေ့ ဖြေရှင်းပေးလိုက်သည်။ ထို့ကြောင့် ဂရစ်ဖွန်တစ်ကောင်ကို စီးလိုက်သည်။

ဂရစ်ဖွန်၏ ပျံသန်းမှုနှုန်းက ဝိုင်ဗန်ထက် မနိမ့်ကျသော်လည်း ခံနိုင်ရည်က အနည်းငယ် နိမ့်ပါးသည်။ သို့သော် ပေါလ်၏ လိုမန်မိသားစုက အတော်လေး သြဇာရှိလှပြီး လမ်းတစ်လျှောက် လဲလှယ်ရန် ဂရစ်ဖွန်များ စီစဉ်ထားသည့်အတွက် သူတို့နှစ်ယောက်က အရှိန်အမြန်ဆုံး ပျံသန်း သွားနိုင်ခဲ့ကြသည်။

၅ရက်ကြာပြီးနောက် နောက်ဆုံးတွင် သူတို့နှစ်ယောက်က နဂါးလင်းလက်အင်ပါယာ၏ မြို့တော် ရယ်ရိုဒီရှာသို့ ရောက်ရှိခဲ့သည်။ စီးချင်းတိုက်ပွဲ မတိုင်ခင် ၃ရက် လိုနေသေး၏။

“ရယ်ရိုဒီရှာ” ဆိုသည်မှာ နဂါးဘာသာစကား၌ “တောက်ပနေသောကျောက်မျက်” ဟူ၍ အဓိပ္ပာယ်ရသည်။

လူတိုင်း သိကြသည့်အတိုင်းပင် လူသားလောကရှိ အဓိကအင်ပါယာနှစ်ခုမှ တစ်ခုဖြစ်သော နဂါးလင်းလက် အင်ပါယာက နဂါးများနှင့် အလွန်အမင်း ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ သူတို့တွင် လူသားလောက၌ တစ်ခုတည်းသော နဂါးနိုင်သူရဲကောင်းဗိုလ်ခြေရှိပြီး ၎င်းတို့မှာ အမှန်တကယ် ဧရာမနဂါးများ ဖြစ်ကြသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးဘုံရှိ ဝိုင်ဗန် စီးနင်းသူများကို သူခိုးဗားရှင်းဟူ၍သာ သတ်မှတ်၍ ရနိုင်ပေသည်။

ရယ်ရိုဒီရှာမြို့တော်က လူသားများအကြား၌ နာမည်အကျော်ဆုံး မြို့တစ်မြို့ ဖြစ်သည်။ ၎င်းက နဂါးလင်းလက်အင်ပါယာ၏ နိုင်ငံရေးနှင့် စစ်ဆေးဗဟိုချက် ဖြစ်ရုံသာမက စီးပွားရေး ဌာနချုပ်လည်း ဖြစ်ပေသည်။ အလွန်ခမ်းနားကြီးကျယ်ပြီး ကြွယ်ဝလှ၏။ လမ်းများက လှည်းကြီး ၁၀စီး ဘေးချင်းကပ် သွားနိုင်သည်အထိ ကျယ်လွန်းလှသည်။ လမ်းများနှင့် နှစ်ဖက်လုံးမှ လမ်းကြောင်းများကို ကန့်လန့်ဖြတ်မျဉ်းများ ဆွဲထားပြီး အဆောက်အအုံများကလည်း အစီအရီ ဖြစ်နေသည်။ လူသွားလူလာများလည်း ပြည့်လျှံနေပြီး အသွားအလာက ပိတ်ဆို့နေ၏။ ဆိုင်များက နေရာတစ်ခုတည်းတွင်သာ ရှိမနေဘဲ နေရာအနှံ့၌ တွေ့နေရသည်။ ကဗျာစာဆိုဂီတကိုလည်း အနီးအနားရှိ ပလာဇာအသေးစားမှ ကြားနိုင်ပြီး လမ်းတစ်လျှောက်တွင် အထိမ်းအမှတ်အဆောက်အအုံများကို မြင်နိုင်ပေသည်။

နတ်ဆိုးဘုံရှိ မြို့တော်သုံးခုက နဂါးလင်းလင်အင်ပါယာ၏ မြို့တော်ကဲသို့ မကြွယ်ဝလှပေ။ လူသားတစ်ယောက်ဖြစ်သော ချန်လွေ့လည်း မှင်သက်သွားခဲ့ရသည်။

ပေါလ်က လိုမန်မိသားစု၏ သားအကြီးဆုံးဖြစ်ပြီး ပထမဆုံး ဆက်ခံသူ ဖြစ်၏။ သူ့အဖေ ဆယ်ဗာဒေါလိုမန်က နဂါးလင်းလက်အင်ပါယာ၏ သင်ကြားရေးရာဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်သည်။ ကျက်သရေပြာမြို့‌တော်မှ အိမ်တော် ကိုယ်စားလှယ်များကဲ့သို့ မဟုတ်ဘဲ နဂါးလင်းလက်အင်ပါယာ၌ ပိုမိုးထူးခြားသော အုပ်စိုးမှုစနစ်တစ်ခု ဖြစ်သည်။ ဘုရင်လက်အောက်တွင် “ကောင်စီနှစ်ခု နှင့် ဌာနသုံးခု” ရှိသည်။ အမည်အားဖြင့် အစိုးရအုပ်ချုပ်ရေးကောင်စီ၊ စစ်ဘက်အုပ်ချုပ်ရေးကောင်စီ၊ ဥပမဒရေးရာဌာန၊ ဘဏ္ဍာရေးရာ ဌာနှင့် သင်ကြားရေးရာဌာတို့ ဖြစ်ကြသည်။

အစိုးရအုပ်ချုပ်ရေးကောင်စီက အင်ပါယာ၏ နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ရပြီး စစ်ဘက်အုပ်ချုပ်‌ရေးကောင်စီက အင်ပါယာ၏ စစ်တပ်ကိစ္စများကို ကိုင်တွယ်ရသည်။ ဥပဒေရေးရာ ဌာနက အင်ပါယာ၏ ဥပဒေများကို ထိန်းသိမ်း ချမှတ်ပေးရသော အဖွဲ့အစည်း ဖြစ်သည်။ ဘဏ္ဍာရေးရာဌာနက စီးပွားရေးနှင့် စိုက်ပျိုးရေးကဲ့သို့သော စီမံကိန်းများကို တာဝန်ယူရသည်။ သင်ကြားရေးရာဌာနက ကောလိပ်နှင့် ပညာရေးကို တာဝန်ယူရသည်။

အင်ပါယာက လုပ်ကိုင်ခွင့် အာဏာအဆင့်နှင့် သီးသန့်အင်အားများ ရှိသည်။ နတ်ဆိုးဘုံ အင်ပါယာများက နေရာအများအပြားက လေ့လာနိုင်ပေသည်။

အင်အားနှင့် နောက်ခံအရ လိုမန်မိသားစုသည် မူလက အင်ပါယာ၌ မိသားစုငယ်လေးသာ ဖြစ်သည်။ မျိုးရိုးစဉ်ဆက် ကြိုးစားအားထုတ်မှုကြောင့် အင်အားက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ တဖြည်းဖြည်းနှင့် အင်ပါယာ၏ အထက်တန်းလွှာသို့ ရောက်ရှိလာ၏။ ပေါလ်က လူသားများအကြား၌ နာမည်အကျော်ဆုံး ဓားဆရာသခင်နှင့် သိဒ္ဓိအလင်းတောင်မှ ရှေးသူရဲကောင်းခေါင်းဆောင် ပါဆာလီ၏ တည့် ဖြစ်လာပြီးနောက် သူ၏ ဂုဏ်သတင်းနှင့် အင်အားတို့က ထပ်မံတိုးမြင့်သွားပြန်သည်။ သိပ်မကြာခင်က ဖီလစ်မိသားစုနှင့် စေ့စပ်ခဲ့သည့် အတွက်ကြောင့် လိပ်ပြာသက်ရောက်မှုများ ဖြစ်သွားခဲ့သည်။ သင်ကြားရေးရာဌာန၏ ညွှန်ကြားရေးမှူးဟောင်း လိုင်အွန်သည် သိပ်မကြာခင်က အသက်အရွယ် ကြီးမြင့်နေခြင်းကြောင့် အနားယူရန်အတွက် မဟာလက်ဇ်ထံ အကြိမ်ကြိမ် တင်ပြခဲ့သည်။ ညွှန်ကြားရေးမှူးအသစ်ကို လက်ထောက်သုံးယောက်မှ ရွေးချယ်မည်ဖြစ်ပြီး ပေါလ်၏ဖခင်ဖြစ်သူ ဆယ်ဗာဒေါက ထောက်ခံမှု အများဆုံး ရရှိနေသည်။ ဆယ်ဗာဒေါက ကြယ်နဂါးကောလိပ်ကို စစ်ဆေးရန် မဟာလက်ဇ်နှင့် အတူ လိုက်သွားခဲ့စဉ်က ထိုသို့အကြံအစည် ဖော်ပြခဲ့ကြောင်း လူအများက ပြောကြသည်။ တရားဝင်ခန့်အပ်ခြင်း မရောက်လာသေးသော်လည်း သင်ကြားရေးရာဌာနမှ လူအများအပြားက ညွှန်ကြားရေးမှူလောင်းထံ စတင်၍ ကပ်လာတော့သည်။

ချန်လွေ့က ပေါလ်နှင့်အတူ လိုမန်စံအိမ်သို့ ဝင်သွားလိုက်ရာ ဂိတ်ပေါက်သို့ လူများကို ကိုယ်တိုင်လိုက်ပို့ပေးနေသော ဆယ်ဗာဒေါကို မြင်လိုက်ရသည်။ ထိုသူများက ပေါလ်ကို မြင်သည့်အခါ ပြုံးပြပြီး အချို့က အရိုအသေ ပြုကြသည်။ ပေါလ်က လိုမန်မိသားစု၏ ယခင်က ပြိုင်ဘက်ဖြစ်ခဲ့သော လင်ကွန်မိသားစုအကြီးအကဲဖြစ်သူကို မှတ်မိသွားသည်။ သိပ်မကြာခင် နှစ်များ၌ လိုမန်မိသားစုက အင်အားကြီးလာခဲ့ပြီး လင်ကွန်မိသားစုက ဗျူဟာပြောင်းပြီး လိုမန်မိသားစုနှင့် ရင်းနှီးမှု ရယူလာသည်။

ယခုတွင် နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှု၌ ပေါလ် ဝင်ပါမည်က ဖြစ်အံ့ဆဲဆဲ ဖြစ်နေပြီး လက်ထပ်ပွဲကလည်း နီးကပ်နေပြီ ဖြစ်သည့်အတွက် လင်ကွန်မိသားစုက ဒုတိယမြောက်သား ဒီရေဂိုအား လိုမန်မိသားစုသို့ ကိုယ်တိုင်သွားခိုင်းပြီး ပေါလ်၏ အစေခံ ဖြစ်လာစေသည်။ ထိုအရာက လိုမန်မိသားစုထံ လုံးဝ အညံ့ခံလိုက်ခြင်း ဖြစ်သည်။ ဆယ်ဗာဒေါက ၎င်းကို ငြင်းပယ်မည်မဟုတ်ဘဲ သားဖြစ်သူကိုယ်စား သဘောတူခဲ့သည်။

ပေါလ်က ခဏလောက် စဉ်းစားပြီး မငြင်းပယ်ခဲ့ပေ။ “ပြိုင်ဘက်” ပေါ်ထွက်လာခြင်းက အနည်းငယ် မမျှော်လင့်ထားသော်လည်း ချန်လွေ့က အလေးအနက် မထားခဲ့ပေ။ သူ၏ သားရဲထိန်းကျောင်း စွမ်းရည် နှင့် ဝိညာဉ်ဘာသာစကားတို့ကို အယ်လီဇာက အတော်လေး တန်ဖိုးထားပြီး ပေါလ်အပေါ် သစ္စာရှိမှုကိုလည်း စမ်းသပ်ပြီးသွားပြီ ဖြစ်သည်။ သို့သော်လည်း ထိုလက်အောက်ခံက စီးချင်းတိုက်ပွဲပြီးနောက် ပေါလ်နှင့်အတူ နေရစ်မရစ်မည်ကို မေးစရာ ရှိနေဆဲပင်။

ချန်လွေ့၏ တည်ငြိမ်နေသော အကြည့်ကို မြင်သည့်အခါ ပေါလ်က ခေါင်းညိတ်လိုက်၏။ အစွမ်းထက်ပုဂ္ဂိုလ်တစ်‌ယောက် ဖြစ်သည့်အလျောက် သူ့တွင် အနာဂတ်၌ လက်အောက်ခံ တစ်ယောက်ထက် ပိုရှိလာမည်မှာ သေချာပေသည်။ သို့သော်လည်း လက်အောက်ခံများ၌ အရည်အသွေး အမျိုးမျိုး ရှိကြပေသည်။ မျက်လုံးထဲ၌ စိတ်မြန်လက်မြန် စရိုက်ရှိသော ဒီရေဂိုနှင့် ယှဉ်လျှင် “ရစ်ချက်”၏ စွမ်းရည်နှင့် သစ္စာရှိမှုတို့က အသေအချာပင် ပိုမို၍ စိတ်ချရပေသည်။

ဖီးလစ်မိသားစုနှင့် ခမ့်လော့မိသားစုတို့က မည်သည့် လှုပ်ရှားမှုမှ ရှိနေဟန်မတူပေ။ ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့၏ သတင်းများကိုလည်း မကြားရပေ။ ‌ပေါလ်က စိတ်ထဲ၍ ပို၍ ယုံကြည်ချက် ရှိသွားသည်။ နောက်ပိုင်းနေ့ရက်များ၌ ပေါလ်က အမျိုးမျိုးသော ပွဲတော်များ၌ ပါဝင်ပြီး တစ်ခါတစ်ရံ၌ ချန်လွေ့နှင့် ဒီရေဂိုတို့ကို မြို့တော်ထဲ၌ ကြွားလုံးထုတ်လေသည်။ ချန်လွေ့က ရယ်ရိုဒီရှာမြို့တော်၏ ကြွယ်ဝခမ်းနားမှုကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရသည်။

၃ရက်ကြာပြီးနောက် စီးချင်းတိုက်ပွဲ နေ့ရက်သို့ ရောက်ရှိလာခဲ့လေပြီ။

တိုက်ပွဲနေရာက မြို့‌တော်၏ အကြီးမားဆုံး တော်ဝင်ပြိုင်ကွင်း၌ ဖြစ်သည်။ ပေါလ်၏ ထိပ်တန်း ပါရမီရှင် ဓားသမားဟူသော ဂုဏ်သတင်းက ရယ်ရိုဒီရှာမြို့တော်၌ ပျံ့နှံ့သွားခဲ့လေပြီ. ထို့ပြင် နဂါးလင်းလက်အင်ပါယာမှ မဟာလက်ဇ်ကိုယ်တိုင်က ယခုတစ်ခေါက် ကိုယ်တိုင် ကျင်းပခြင်း ဖြစ်သည်။ အထက်တန်းလွှာအားလုံးလည်း ရောက်ရှိနေကြသည်။ အပျော် လာရောက်ကြသော ပြည်သူများနှင့်အတူ ပြိုင်ကွင်းတစ်ခုလုံး ပြည့်နှက်နေ၏။

ပေါလ်၏ အသွင်အပြင်က အားကျစရာ ဖြစ်သည်။ သူက ယနေ့တွင် တလက်လက် တောက်နေသော အပြာရောင်ကျောက်မျက် ချပ်ကာနှင့် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ တစ်ကိုယ်လုံးက တလက်လက် ဖြစ်နေပြီး လူအများ၏အာရုံကို ဆွဲဆောင်နိုင်နေသည်။ သူက ပြိုင်ကွင်းထဲသို့ ခန့်ညားစွာဖြင့် လမ်းလျှောက်လာသည့်အခါ တော်ဝင်မိသားစုများမှ အမျိုးသမီးများ၊ မိန်းမငယ်များက အသံစူးစူးဖြင့် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ် ကြတော့သည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အတင်းစကားများကလည်း လူအုပ်ကြီးထဲ၌ ပျံ့နှံ့နေသည်။ ဥပမာ ဂျိုအန်နာ၊ ဆမ်မြူရယ်နှင့် ပေါလ်တို့၏ “သုံးပွင့်ဆိုင်ဆက်ဆံရေး”၌ ဆမ်မြူရယ်က တစ်ခေါက် ရှုံးနိမ့်သွားခဲ့ပြီး ဇနီးလောင်းကို ဆုံးရှုံးခဲ့ရသည် စသဖြင့်။ ပြိုင်ပွဲ စမခင်မှာပင် နေရာတစ်ခုလုံးက အတော်လေး တုန်ခါနေခဲ့သည်။

ချန်လွေ့က အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံများနှင့် မျက်နှာချင်းဆိုင်တွင် ရှိသော ပေါလ်၏ “မိတ်ဆွေနှင့် ဆွေမျိုးအဖွဲ့”တွင် ရှိနေ၏။ အလွန်ဝေးလှသော်လည်း မျက်နှာချင်းဆိုင်မှ အရေးကြီးပုဂ္ဂိုလ်ထိုင်ခံများမှ မြင်ကွင်းကို သူ၏အမြင်နှင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လူသားများထဲမှ မဟာဘုရင်နှစ်ပါးထဲတွင် တစ်ပါးဖြစ်သော လက်ဇ်ရိုလန်က အရေးကြီးပုဂ္ဂိုလ် ခုံတန်းအလယ်၌ ထိုင်နေ၏။

လက်ဇ်က ရွှေရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ထားပြီး ခေါင်းပေါ်၌ သရဖူဆောင်းထားကာ လက်ထဲ၌ တောင်ဝှေးတစ်ချောင်း ရှိနေသည်။ သူက အသက် ၃၅နှစ်ခန့် ရှိဟန်တူပြီး ခန့်ညားကာ ရင့်ကျက်သော ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မှုအပြည့်ဖြစ်သော မုတ်ဆိတ်တစ်ခုလည်း ရှိနေသည်။ အာသာနှင့် ဆင်တူမှုများ၏ သူ၏ မျက်နှာပေါ်တွင် ရေးရေးနှင့် မြင်နိုင်ပြီး မျက်လုံးများက အန္တိမဟန့်တားမှုတစ်ခုခြင့် တလက်လက် ဖြစ်နေသည်။

လက်ဇ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် ချန်လွေ့၏ နှလုံးခုန်နှုန်းက အတော်လေး မြန်ဆန်သွားခဲ့သည်။ ၎င်းမှာ မှတ်ဉာဏ်ပေါင်းစည်းခြင်းမှ ဆင်းသက်လာသော ထူးဆန်းသည့် တရင်းတနှီး ခံစားချက်မျိုး ဖြစ်သည်။ မှတ်ဉာဏ်ထဲ၌ ဘုရင်က အလိုလိုက်သော ဖခင်တစ်ယောက် ယုတ်စွအဆုံး ထိုသို့ ဖြစ်ခဲ့ဖူးလေသည်။

လက်ဇ်ဘေးနားတွင် ပုံမှန်အမူအရာမျိုး ရှိနေသော ရွှေရောာင်မျက်လုံး ငွေရောင် ဆံပင်ရှိသည့် လူငယ်လေးတစ်ယောက် ရှိနေသည်။ ဘုရင်ဘေးနား၌ ထိုင်နေခြင်းကို ကြည့်ရလျှင် ထိုလူငယ်လေး၏ အဆင့်အတန်းက သေချာပေါက် ထူးခြားရပေမည်။ ထိုလူငယ်လေးက ချန်လွေ့ကို အန္တရာယ်များသော ခံစားချက်တစ်ခု ပေးနေသည်။ ထိုစဉ်က သွေးရောင်အင်ပါယာမှ ရိုင်ဇန်ကို မြင်ခဲ့ရသလိုမျိုးပင်။ ထိုအချိန်၌ ချန်လွေ့က နတ်ဆိုးဧကရာဇ်အဆင့်သာ ရှိခဲ့သည်။

ထိုသူငယ်လေးက‌‌ ချောင်းကြည့်နေခြင်းကို သတိထားမိသွားဟန်တူပြီး လှည့်ကြည့်လိုက်သည်။ ချန်လွေ့က ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီးနောက် ဒီရေဂိုနှင့်အတူ ပေါလ်အတွက် အော်ဟစ်အားပေးလိုက်သည်။ လူငယ်လေးက ခဏတာ ကြည့်ပြီးနောက် မည်သည့်ထူးခြားမှုကိုမှ မမြင်ရဘဲ ခေါင်းလှည့်လိုက်ပြန်သည်။

ချန်လွေ့က တိတ်တိတ်လေး သတိထားနေခဲ့သည်။ လိုရမည်ရ သူက ထိုလူငယ်ကို ထပ်မကြည့်တော့ပေ။ သို့သော်လည်း သူ၏နှလုံးသားထဲရှိ ထူးခြားသော ခံစားချက်က သူ့ကို တစ်ခုခု ဆွဲဆောင်နေသကဲ့သို့ပင် ပြင်းထန်လာသည်။ သူ၏မျက်လုံးများက ဘေးဖက်သို့ အလိုလို ရွေ့လျားသွားပြီး နောက်ဆုံး၌ လက်ဇ်၏ ဘယ်ဖက်မှ ပုဂ္ဂိုလ်ထံ ရောက်ရှိသွား၏။

ထိုသူက ရွှေအိုရောင် ဆံပင်အတိုရှိပြီး နက်ရှိုင်းကာ လှပသော အပြာရောင် မျက်လုံးများ ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက ယောက်ျားတစ်ယောက် ဘေးနားတွင် ထိုင်နေ၏။ အခြား‌‌တော်ဝင်မျိုးနွယ်များ၏ ပေါ်လွင်နေသော ဆွဲဆောင်မှုရှိသည့် အဝတ်မျိုးနှင့် ဆန့်ကျင်စွာဖြင့် သူက ဝတ်ရုံကျပ်ကျပ်တစ်ခုနှင့် မျက်နှာလွှားကို ဝတ်ဆင်ထားသည်။

ထိုအမျိုးသမီးကို ချန်လွေ့ မြင်လိုက်ရသော အခိုက်အတန့်၌ ယခင်နှင့် လုံးဝမတူသော နှလုံးခုန်နှုန်းကို ခံစားလိုက်မိသည်။ ထိုအချိန်၌ သူက စိတ်စွမ်းအား၊ ခွန်အားတို့ အသုံးပြုသော်လည်း ၎င်းကို အမှန်တကယ် မထိန်းချုပ်နိုင်ခဲ့ပေ။

ထိုအရာမှာ “အာသာ”၏ တဒုတ်ဒုတ် ရင်ခုန်ခြင်း ဖြစ်သည်။ ပထမဆုံး အကြိမ်အဖြစ် ၎င်းက အတော်လေးကို အားကောင်းနေခဲ့လေသည်။

All Chapters