စီးချင်းတိုက်ပွဲ
Vol. 42 Ch. 662
ချန်လွေ့၏စိတ်ထဲ၌ မှတ်ဉာဏ်အပိုင်းအစအချို့ စတင်ပေါ်လာသည်။ အများစုက မပြည့်မစုံနှင့် ဝိုးတိုးဝါးတားဖြစ်နေသော်လည်း ၎င်းတို့အားလုံးတွင် တူညီသောအချက်တစ်ခု ရှိနေ၏။ ၎င်းမှာ မျက်လုံးတစ်စုံပင်။
ပင်လယ်သဖွယ် လှပသော အပြာရောင်မျက်လုံးတစ်စုံနှင့် နက်ရှိုင်းသော ညင်သာမှုထဲမှ ဝမ်းနည်းမှု အငွေ့အသက်တစ်ခု။
ချိုင့်ထဲ၌ အပိုင်းအစအားလုံး စတင်ထပ်စုလာပြီးနောက် ဝေဝါးသော မြင်ကွင်း တစ်ခု အဖြစ်သို့ ပြောင်းစည်းသွား၏။ နွေးထွေးသော လက်တစ်စုံက ကောင်လေးတစ်ယောက်၏ မျက်နှာကို ပွတ်သပ်နေပြီးနောက် ဖြည်းဖြည်းချင်း လှည့်ထွက်သွားလိုက်သည်။ ဝေးကွာလာသော ကျောပြင်က ကောင်လေး၏ မျက်ရည်များကြားထဲ၌ ပိုပို၍ ဝေဝါးလာခဲ့သည်။
ထိုအရာက အာသာ၏ မသိစိတ်ထဲ၌ အထင်ရှားဆုံးမြင်ကွင်း ဖြစ်သည်။ သို့မဟုတ် ၎င်းကို စွဲလမ်းမှုဟု ခေါ်ရပေမည်။ မှတ်ဉာဏ်အပိုင်းအစများနှင့် ပေါင်းစပ်နေသော ချန်လွေ့၏ မသိစိတ်သည်ပင် ထိုပြင်းထန်သော စွဲလမ်းမှုကို မဖယ်ရှားနိုင်ခဲ့ပေ။
ချန်လွေ့ ပင့်သက်ရှိုက်လိုက်ပြီး နောက်ဆံး၌ ပြင်းထန်သော ခံစားချက် လှုပ်ရှားမှုကို ဖိနှိပ်လိုက်နိုင်သည်။ သူက မျက်မှောင်ကြုတ်ပြီး ဘေးမှ ဒီရေဂိုအား မေးလိုက်သည်။ “အရှင်မင်းကြီးရဲ့ ဘယ်ဖက်က ဒုတိယတန်းမှာ ထိုင်နေတဲ့ မိန်းကလေးက ဘယ်သူလဲ။”
“ဘယ်ဖက်ကနေ ဒုတိယတန်းလား။” ဒီရေဂိုက အချိန်အတော်ကြာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အားနည်းမှု ပြသရန် ငြင်းဆန်ခဲ့သည်။ သူက တမင်တကာ ပြောလိုက်၏။ “အိုး။ သူပဲ။ စိတ်ကူးယဉ်မနေနဲ့။ အဲဒီနေရာမှာ ထိုင်နိုင်တဲ့ မိန်းကလေးက မင်းလို ဘာမဟုတ်တဲ့သူက တပ်မက်လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး။”
ချန်လွေ့က စိတ်ထဲ၌ ပြောလိုက်၏။ မင်းအစ်မကို တပ်မက်။ ငါ့ရဲ့ တော်ဝင် ဂိုဏ်ပုဒ်ကို ပြလိုက်ရင် မင်းအစ်မတောင် ငါ့ကို တပ်မက်လာလိမ့်မယ်။ သူ ထပ်မပြောနိုင်ခင်မှာပင် ပြိုင်ကွင်းမှ ပေါလ်က စကားပြောလာသည်။
ပေါလ်က အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံမှ မဟာလက်ဇ်ကို အရိုအသေပြုပြီး အသက်ရှူသွင်းကာ ပြောလိုက်သည်။ “အရှင်မင်းကြီး လက်ဇ်။ အရှင်မင်းသား၊ အရှင်မင်းသမီး နဲ့ ဧည့်သည်တော်တို့။”
ပေါလ်၏ အားကောင်းသောအသံက ပရိသတ်များကို လွှမ်းမိုးသွားခဲ့ပြီး ဆူညံနေသော ပြိုင်ကွင်းက တဖြည်းဖြည်း တိတ်ဆိတ်သွား၏။
“အားလုံး စောင့်နေရတဲ့အတွက် စိတ်မကောင်းပါဘူး။ ထူးဆန်းတယ်လို့ အားလုံး ခံစားနေကြရမှာပါ။ ကျုပ်ရဲ့ ပြိုင်ဘက် ဆမ်မြူရယ် ခမ့်လော့က ဘာလို့ မပေါ်လာရသေးတာလဲ။”
ပေါလ်၏စကားများကြောင့် လူအုပ်များကြားထဲ၌ အသံများ ထွက်ပေါ်လာပြီး အကြောင်းရင်းကို မှန်းဆနေကြတော့သည်။ အချိန်အရ စိန်ခေါ်သူ ဆမ်မြူယ်ရက ရောက်လာသင့်ပြီ ဖြစ်သော်လည်း ယခုတွင်ပင် မတွေ့ရသေးပေ။
ခမ့်လော့မိသားစုအကြီးအကဲ၊ ဆမ်မြူရယ်၏ဖခင်၊ အင်ပါယာ၏ ဘဏ္ဍာရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူး ကာလိုခမ့်လော့က ချွေးပြန်လာပြီ ဖြစ်သည်။ ဆမ်မြူရယ်က အင်ပါယာ၏ ငွေသူရဲကောင်းဖြစ်ပြီး ပြိုင်ပွဲကို မဟာလက်ဇ် ကိုယ်တိုင်က ကျင်းပပေးခြင်း ဖြစ်သည်။ သူရဲဘောကြောင်မှုနှင့် ရှုံးနိမ့်မှုတို့က လုံးဝ မတူညီသော အရာနှစ်ခု ဖြစ်သည်။ ဆမ်မြူရယ် ရောက်မလာသေးလျှင် ပြိုင်ပွဲရလာဒ်ကို မေးခွန်းထုတ်နေစရာ မလိုတော့။ ခမ့်လော့မိသားစုက မဟာလက်ဇ်၏ ဒေါသကို ခံနိုင်မည် မဟုတ်ချေ။
“ဒီနေ့ ရထားတဲ့ သတင်းကို ပြောပြခငျ်ပါတယ်။ ဒီသတင်းကို ရထားတဲ့ နေရာက စိတ်ချရပါတယ်။ ဒါပေမဲ့ အတော်လေး အံ့အားသင့်စရာ ကောင်းတဲ့အတွက် သိပ်ပြီး မသေချာခဲ့ဘူး။ ဒါပေမဲ့ အခု ဆမ်မြူရယ် မပေါ်လာသေးဘူးဆိုတော့ ဒီသတင်းရဲ့ မှန်ကန်မှုကို သက်သေပြဖို့ လုံလောက်နေပါပြီ။”
ပေါလ်က ချွေးသုတ်နေသော ကာလိုကို ဖျပ်ခနဲကြည့်ပြီး ဂျိုအန်နာ၏ဖခင်လည်းဖြစ်၊ ဖီးလစ်မိသားစုအကြီးအကဲလည်းဖြစ်သော ဖရက်ထ်ကို သရော်ပြုံးပြုံးကို ကြည့်လိုက်သည်။ “သတင်းကတော့ ဆမ်မြူရယ်က ကျုပ်ရဲ့ပြိုင်ဘက် မဟုတ်ကြောင်း သိသွားပြီးတော့ ပြိုင်ပွဲကို အကြောင်းပြပြီး ကျုပ်ရဲ့ ဇနီးလောင်းနဲ့ ခိုးရာလိုက်ပြေးသွားခဲ့တာပဲ။”
ထိုသတင်းက အလွန်ပင် ကြီးမားလှသည်။ လူအုပ်ကြီးထဲ၌ အုတ်အော်သောင်းတင်း ဖြစ်သွားပြီး ဆူပူသွားတော့သည်။ လူအများအပြားက ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့၏ အချစ်ဇာတ်လမ်းကို သိကြပြီး ယခင်ပြိုင်ပွဲ၌ ဆမ်မြူရယ် ရှုံးနိမ့်ခဲ့ကြောင်း သိကြသည်။ သမီးဖြစ်သူ ငြင်းဆန်ခဲ့သော်လည်း ဂျိုအန်နာ၏ဖခင်က လိုမန်မိသားစုနှင့် လက်ထပ်ရက် သတ်မှတ်ခဲ့လေသည်။ ယခုကဲ့သို့ ဆမ်မြူရယ်က ရဲတင်းလှပြီး မဟာလက်ဇ်ကိုယ်တိုင် ကျင်းပသော ပြိုင်ပွဲကို လျစ်လျူရှုပြီး ဂျိုအန်နာနှင့်အတူ ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဖီးလစ်မိသားစုအကြီးအကဲ ဖရက်ထ်လည်း ထိတ်လန့်သွား၏။ ပေါလ်အပေါ် သူ၏ အကြည့်က ထိတ်လန့်မှုနှင့် အကြောက်တရားများ ပြည့်နှက်သွားသည်။ ဂျိုအန်နာက ဥယျာဉ်မြို့တော်သို့ အလည်အပတ်သွားခဲ့ပြီး ပြန်မလာသေးပေ။ သူက ဆမ်မြူရယ်လျှင် ခိုးရာလိုက်ပြေးသွားနိုင်ခြင်းက မဖြစ်နိုင်သည် မဟုတ်ပေ။ သို့သော်လည်း မိမိကို အမြဲပင် လေးစားခဲ့သော ပေါလ်က ကြိုသတိမပေးဘဲ မဟာလက်ဇ်အရှေ့တွင် တိုက်ရိုက် ထုတ်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရာက ဖီးနစ်မိသားစုကို အရှက်ခွဲခြင်းပင် ဖြစ်သည်။ ထို့အပြင် ထိုစွပ်စွဲချက်က မဟာလက်ဇ်၏ ဂုဏ်သတင်းကိုလည်း ထိခိုက်ပေသည်။ ထိုအရာက ဖီးလစ်မိသားစုနှင့် ခမ့်လော့မိသားစုကို အလွန်အမင်း လေးနက်သော အကျိုးဆက်များ ဖြစ်လာစေနိုင်ပေမည်။
အယ်လီဇာ၏ သိမ်းသွင်းမှုကြောင့်သာ မဟုတ်လျှင် ပေါလ်က ဖီးလစ်မိသားစုကို အာခံမည် မဟုတ်ပေ။ ယခုတွင် သူက အနာဂတ်အတွက် ဆုံးဖြတ်ပြီးပြီဖြစ်ရာ ကျောင်းတော်နှင့် သိဒ္ဓိမိန်းမပျိုကို သူ၏ ပြတ်သားမှုအား ပြသရပေမည်။ အကယ်၍ တစ်ချိန်တည်းတွင် ထိုမိသားစု နှစ်ခုအား ဖိနှိပ်နိုင်ပါက လိုမန်မိသားစု ဖြန့်ကျက်မှုကို ထိခိုက်မှု မရှိဘဲ အကျိုးရှိစေမည် ဖြစ်သည်။ လိုမန်မိသားစုက အတိုင်းအတာတစ်ခုအထိ ကြီးထွားသွားသည်နှင့် ကျောင်းတော်၏ လျို့ဝှက် အထောက်အပံ့နှင့် ပေါင်းလိုက်ပါက မဟာလက်ဇ်ကိုယ်တိုင်ပင် အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်တော့မည် မဟုတ်ပေ။
အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံမှ လူအများအပြားကလည်း တီးတိုးပြောနေကြသာ်လည်း မဟာလက်ဇ်မှာမူ ပျော်ရွှင်ခြင်းမရှိ ဒေါသထွက်ခြင်း မရှိဘဲ ပုံမှန်သာ ဖြစ်နေသည်။ သူ မည်သည့် အရာကို စဉ်းစားနေကြောင်း မည်သူမှ မသိနိုင်ပေ။
ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများ ရုတ်တရက် ရပ်တန့်သွား၏။ ပေါလ်က တစ်ခုခုကို ခံစားမိလိုက်ပြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားကာ နောက်သို့ ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။
ကွင်းထဲ၌ လူနှစ်ယောက် ပေါ်ထွက်လာပြီး ယောက်ျားတစ်ယောက် မိန်းမတစ်ယောက် ဖြစ်သည်။ သူတို့မှာ ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့ ဖြစ်ကြပေသည်။
ပေါလ်က မျက်လုံးများကိုပင် မယုံနိုင်ပေ။ ဆမ်မြူရယ်နဲ့ ဂျိုအန်နာတို့က မုန်တိုင်းကျွန်းမှာ သေသွားရမှာ မဟုတ်လား။ ဒါက အယ်လီဇာရဲ့ လှည့်ကွက်လား။ ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ အယ်လီဇာက ငါ့ကို သိမ်းသွင်းနိုင်ခဲ့ပြီပဲ။ ငါ့ကို အကောက်ကြံဖို့ မရှိလောက်ဘူး။
“အရင်ဆုံးအနေနဲ့ အရှင်မင်းကြီးကို အသနားခံပါတယ်။ ကျုပ်မှာ ထူးခြားတဲ့ အကြောင်းတချို့ကြောင့် နောက်ကျနေခဲ့တာပါ။” ဆမ်မြူရယ်က အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံဘက် အရိုအသေ ပြုလိုက်သည်။ “ကျုပ်ဘဝမှာ အချစ်ရဆုံးမိန်းမကို ကယ်တင်ဖို့အတွက် အန္တရာယ်များတဲ့ နေရာတစ်ခုကို သွားခဲ့ရလို့ အချိန်ကြာနေခဲ့တာပါ။ အဲဒီနေရာကို မုန်တိုင်းကျွန်းလို့ ခေါ်ပါတယ်။”
ထိုစကား ထွက်လာသည်နှင့် ပရိသတ်များက အုတ်အော်သောင်းတင်း ဖြစ်သွားပြန်သည်။ မုန်တိုင်းကျွန်း။ သူတော်စင်အဆင့် ပုဂ္ဂိုလ်တောင် မချဉ်းကပ်ရဲတဲ့ အန္တရာယ်များတဲ့ နေရာ တစ်ခုလား။ ဂျိုအန်နာအတွက် ဆမ်မြူရယ်က တကယ်ပဲ......ဒါနဲ့ ဂျိုအန်နာက ဘာလို့ မုန်တိုင်းကျွန်းကို ရောက်နေခဲ့တာလဲ။
“ဟာသပဲ။ မင်းက ဘယ်လိုလုပ် မုန်တိုင်းကျွန်းကနေ လူကယ်နိုင်မှာလဲ။” ပေါလ်က ထိတ်လန့်နေရာမှ အလျင်အမြန် သတိပြန်ဝင်လာခဲ့သည်။ သူ၏ အတွေးများ ပြောင်းလဲသွား၏။ “မင်းက ငါ့ဇနီးလောင်းကို ဖြားယောင်းပြီးတော့ ဒီလို အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာမျိုး ဖန်တီးခဲ့တာ အသိအသာကြီးပဲ။”
“ဂျိုအန်နာက မင်းရဲ့ ဇနီးလောင်း မဟုတ်တော့ဘူး။ ပြိုင်ပွဲရလာဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဖီးလစ်မိသားစုနဲ့ လိုမန်မိသားစုကြားက လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီ။” ထိုသို့ ပြောလိုက်သူမှာ ဖီးလစ်မိသားစုအကြီးအကဲ ဖရက်ထ် ဖြစ်သည်။ ဖီးလစ်မိသားစုက လိုမန်မိသားစုထက်ပင် စွမ်းအား ကြီးမားသည်။ အစပိုင်း၌ ခမ့်လော့မိသားစုက နိမ့်ကျလာပြီး ပေါလ်၏ အလားအလာနှင့် ကျောင်းတော် နောက်ခံတို့ကြောင့် သမီးဖြစ်သူနှင့် အတင်း လက်ထပ်ရန် ပြုလုပ်ခဲ့သည်။ ယခုတွင် ပေါလ်က လူတိုင်းအရှေ့တွင် ဖီးလစ်မိသားစုကို အရှက်ခွဲပြီး ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည့်အတွက် နောက်တစ်ကြိမ် အရှက်ခွဲစေရန်အထိ ဖရက်ထ်က တုံးအလိမ့်မည် မဟုတ်ပေ။
ထိုဆုံးဖြတ်ချက်က ပေါလ် အပါအဝင် အားလုံးက ထင်မှတ်ပြီးသား ဖြစ်သည်။ သို့သော် ကိုယ်တိုင် ကြေညာလိုက်သောအခါ သူ၏ နှလုံးသားထဲ၌ နာကျင်သွားခဲ့ရသည်။ သူ၏ နှလုံးသားထဲ၌ ဂျိုအန်နာနှင့် ဆမ်မြူရယ်တို့ကို ဦးတည်နေသော မကျေနပ်ချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်၌ အရေးအကြီးပုဂ္ဂိုလ်အခန်းထဲမှ မဟာလက်ဇ်၏ အသံတိုးတိုး ထွက်ပေါ်လာ၏။ အနီးအနားပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
“ပြိုင်ပွဲဝင် နှစ်ယောက်လုံး ရောက်လာမှတော့ စီးချင်းတိုက်ပွဲကို စကြတာပေါ့။”
ဆမ်မြူရယ်က ဂျိုအန်နာကို ခေါင်းညိတ်ပြလိုက်သည်။ ဂျိုအန်နာက အလိုက်သိစွာဖြင့် ဘာမှ မပြောခဲ့ပေ။ သူက ချစ်စဖွယ် အပြုံးမျိုး ပြုံးပြပြီး ပြိုင်ကွင်းထဲ၌ လမ်းလျှောက်လာသည်။
ပေါလ်၏မျက်နှာက မြူခိုးများနှင့် ပြည့်နှက်နေပြီး မျက်လုံးများက ရန်လိုမှုများ အပြည့် ဖြစ်နေသည်။ ဂျိုအန်နာက သူ့ကို အမြဲပင် အေးစက်နေခဲ့ပြီး ထိုကဲ့သို့ မပြုံးပြခဲ့ပေ။ ဒီသောက်စုံတွဲက မုန်တိုင်းကျွန်းကနေ အသက်ရှင်ရက် လွတ်လာပြီးတော့ ပြိုင်ကွင်းကို အချိန်မီး ရောက်လာနိုင်ခဲ့တယ်။ ဒါက ငါ့ကို အတော်လေး အထိနာစေခဲ့တယ်။ အခုတော့ ဒီလိုမျိုး အခြေအနေအထိကို ရောက်လာမှတော့ ဆမ်မြူယ်ရယ်ကို ငါ အနိုင်ယူရမယ်။ အနိုင်ရတဲ့သူ တစ်ယောက်အနေနဲ့ ဆမ်မြူရယ်နဲ့ ဂျိုအန်နာက ပေါင်းပြီးတော့ ငါ့ကို အကောက်ကြံတာလို့ ပြောမယ်။ ပြီးရင် သိဒ္ဓိအလင်းတောင်ကို သွားပြီးတော့ နတ်ဘုရားကျောင်း စစ်သည်တော် ဖြစ်လာမယ်။ ပြီးရင် သိဒ္ဓိအလင်းတောင်ရဲ့ စွမ်းအားကို သုံးပြီးတော့ လိုမန်မိသားစိုကို ကာကွယ်မယ်။
အရင်က အကြံတွေအားလုံးကို ဒီလိုမျိုး လုပ်လိုက်ရပေမဲ့ ဒါက အခြေအနေကို ပြောင်းပြန် ဖြစ်စေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။
ပေါလ်က ညည်းတွားလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဓားရှည်ကို ကျစ်ကျစ်ဆုပ်လိုက်ကာ သတ်ဖြတ်ချင်စိတ်ကို ထုတ်လွှတ်လိုက်သည်။ ထိုလက်နှစ်ဖက်ကိုင်ရသော ဓားက ပေါလ်၏ ဆရာဖြစ်သူ လက်ဆောင်ပေးထားသော “ခမ်းနားခြင်းအလင်း”ဓားရှည် ဖြစ်သည်။ လက်နှစ်ဖက်ကိုင်ဓားကို လက်နှစ်ဖက်ကိုင် မဟာဓားဟုလည်း ခေါ်ကြသည်။ အကျယ်နှင့် အလျားတို့က သာမန် လက်တစ်ဖက်ကိုင်ဓားများထက် သာလွန်သည်။ ဓားနှင့် လက်ကိုင်ကြား၌ ရီကာစို တစ်ခု ရှိနေပြီး ၎င်းက ချိတ်ဆက်ပေးရုံသာမက တိုးမြှင့်မှုဖြစ်စေသော မှော်ကျောက်မျက် တစ်ခုကိုလည်း မြှုပ်သွင်းထားလေသည်။ ဓားလက်ကိုင်အောက်ဘက်က ထက်မြက်လှသော ဓားသွားနှင့်အတူ အပေါ်သို့ အနည်းငယ် စောင်းနေပြီး သားရဲတစ်ကောင်၏ အရွယ်များကဲ့သို့ ဖြစ်နေသည်။
ဆမ်မြူရယ်က ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ “ခမ်းနားခြင်းအလင်း” နှင့်ယှဉ်လျှင် ထိုထူးကဲအဆင့် ဓားက သာမန်သာ ဖြစ်သည်။ ငွေသူရဲကောင်း၏ အငွေ့အသက်က ထူးထူးခြားခြား လှုပ်ရှားမှုများ ရှိမနေခဲ့ပေ။ ပေါလ်၏ ခက်ထန်သော အငွေ့အသက်နှင့် ယှဉ်ပ်က သူ၏ အငွေ့အသက်မှာ တည်ငြိမ်နေသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
မဟာလက်ဇ်၏အကြည့်က ဆမ်မြူရယ်ပေါ်၌ ခဏတာ ရပ်တန့်သွားပြီး အနည်းငယ် တောက်ပသွားကာ တည်ငြိမ်သွားပြန်သည်။ ဘေးဖက်က လူငယ်လေးက အနိုင်အရှုံးကို ကြိုမြင်ပြီးသွား သကဲ့သို့ပင် ရုတ်တရက် သမ်းဝေလိုက်သည်။ သူက ဆက်ကြည့်ရန် စိတ်မဝင်စားတော့ပေ။ ထိုလုပ်ရပ်က မဟာလက်ဇ်အတွက် ရိုင်းပြဟန်တူသော်လည်း လက်ဇ်က စိတ်မရှိသည့်အပြင် ကျန်သောလူများကလည်း သတိထားမိဟန်မတူပေ။
ပေါလ်၏ပုံရိပ်က ဖျပ်ခနဲ လက်သွားပြီးနောက် ဆမ်မြူရယ်ထံ အလျင်အမြန် ချဉ်းကပ်လာသည်။ နှစ်ဖက်ကိုင်ဓားရှည်က ကြောက်စရာကောင်းသော လေသံနှင့်အတူ ဖြတ်သန်း ရောက်ရှိလာသည်။ နှစ်ဖက်ကိုင်ထားရှည်ကို ကိုင်တွယ်ရန် နေရာရှိသရွေ့ ကြောက်စရာစွမ်းအားများကို ထုတ်ပေးနိုင်လေသည်။ ဓားရှည်၏ လေဖိအားကြောင်း မှော်အစီအရင်ဖြင့် ကာကွယ်ထားသော ကြမ်းပြင်ကလည်း အက်ကွဲကြောင်း ပေါ်ထွက်လာ၏။
ဆမ်မြူရယ်က အတင်းမခုခံခဲ့ပေ။ သူက အဓိကအားဖြင့် ရှောင်တိမ်းပြီး ပြောက်ကျား ဗျူဟာတစ်ခုကို သုံးနေခဲ့သည်။ သူက ပေါလ်၏ ခန္ဓာကိုယ်စွမ်းအားကို ကုန်ခမ်းစေချင်ပုံ ရသည်။ ပေါလ်က ဂရုမစိုက်ဘဲ တိုက်ခိုက်မှုများက ပိုမို ပြင်းထန်လာခဲ့သည်။
အမှန်တကယ်၍ ဆမ်မြူရယ်နှင့် ယခင်တစ်ခေါက် တိုက်ခိုက်ခဲ့စဉ်က ပေါလ်သည် စွမ်းအား အစစ်အမှန်ကို အသုံးမပြုခဲ့ပေ။ ယခုတစ်ခေါက်တွင် ဆမ်မြူရယ်၏စွမ်းအားက သူတော်စင် အဆင့် (သူတော်စင်-တစ်ပိုင်း)သို့ အသေအချာ ရောက်ရှိသွားပြီး သူနှင့် တူညီသွားပြီ ဖြစ်သည်။ သို့သော်လည်း ပေါလ်က ဆမ်မြူရယ်၏ ခံနိုင်ရည်အားနည်းချက်ကို သိနေသည်။ ထိုအချက်က သူ၏ အားသာချက်လည်း ဖြစ်သည်။ ဆမ်မြူရယ်က ခုခံပြီး ခက်ခက်ခဲခဲ ရှောင်တိမ်းနေရသည့် အတွက်ကြောင့် ခွန်အား ကုန်ခမ်းမှုက ပိုမို ကြီးမားနေနိုင်သည်။ ထို့ကြောင့် ဆမ်မြူရယ်က အရင်ဦးစွာ အားကုန်သွားနိုင်၏။
ရုတ်တရက် ဆမ်မြူရယ်၏ ဓားရှည်က စိတ်ကူး၍မရသော မျဉ်းကွေးတစ်ခုပုံစံ ခုတ်ပိုင်းလိုက်သည်။ ဓားနောက်ဘက်က မဟာဓား၏ ကျောရိုးကို အလျင်အမြန် ဖိထားလိုက်သည်။ ထိုအမြန်နှုန်းနှင့်စွမ်းအားက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။
ပေါလ် အံ့အားသင့်သွား၏။ သူက နောက်သို့ အလျင်အမြန် ခေါင်းလှည့်လိုက်ပြီး မျက်နှာပေါ်၌ အေးစက်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူ၏မျက်နှာက ဓားဖြင့် ခုတ်ပိုင်း လိုက်ရ၏။ ဆမ်မြူရယ်က နောက်ထပ် အခွင့်အရေး မပေးခဲ့ပေ။ သူ၏လက်ထဲရှိ ဓားရှည်က ကောက်ကျစ်သော မြွေပွေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မဟာဓား၏ ထက်မြက်မှုကို ကျော်ဖြတ်ကာ ပေါလ်၏ အဓိကနေရာများကို အဆက်မပြတ် ဖိအားပေးနေလိုက်သည်။
ဓား၏ မှိန်ပျပျ အလင်းရောင်ထဲ၌ ပေါလ်၏ ခန္ဓာကိုယ်ပေါ်၌ အပြာရောင်ကျောက်မျက် ချပ်ကာပေါ်၌ ပြတ်ရှရာများ ပေါ်ထွက်လာကာ ကြမ်းပြင်ပေါ်သို့ သွေးများ စီးကျလာ၏။ ၎င်းမှာ ပေါလ်၏ သွေးစက်များပင်။
ချန်လွေ့က တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ ထောက်ပြတာတွေကို လက်ခံပြီးတော့ ဆမ်မြူရယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ စွမ်းအား အသုံးချမှုက ကြီးကြီးမားမား တိုးတက်သွားတယ်။ တကယ်တော့ နှစ်ဖက်ကြားမှာရှိတဲ့ စွမ်းအားခြားနားမှုက သိပ်ပြီးတော့ မကြီးမားဘူး။ ပေါလ်ရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းကနေ အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဆမ်မြူရယ်က အလတ်ပိုင်းကို ရောက်ရုံပဲ ရှိသေးတယ်။ ဒီတိုက်ပွဲမှာ ဘာမှ ရင်ထင့်စရာ မရှိဘူး။ အခု ဆက်လုပ်မယ့်အရာကို အေးအေးဆေးဆေး စီစဉ်လို့ရပြီ။