တိရစ္ဆာကောင်
Vol. 42 Ch. 664
ညနေခင်းအချိန် အရက်ဆိုင်တစ်ဆိုင်ရှိ အခန်းတစ်ခု၌ -
“ဒါက စေ့စပ်တာ သက်သက်ပဲ မဟုတ်လား။” ချန်လွေ့က ပြုံးပြီး ခွက်ကို မြှောက်လိုက်သည်။
မြို့တော်မှ ရာထူးကြီးကြီးမားမား ပြောင်းလဲသွားခြင်းနှင့်ယှဉ်လျှင် ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့၏ စေ့စပ်မှုသတင်းက အသေးအဖွဲသာ ဖြစ်သည်။ “ပါဝင်သောနှစ်ယောက်” အတွက်မူ အရေးအကြီးဆုံး ဖြစ်၏။ အခက်အခဲအားလုံး ပြီးနောက် ချစ်သူနှစ်ယောက်က နောက်ဆုံးတွင် အတူတူ နေရပေတော့မည်။
ဆမ်မြူရယ်က အမြန်ထပြီး ခွက်ကို ကုန်အောင် သောက်လိုက်သည်။ “မိသားစုမှာ မိသားစု စည်းမျဉ်းတွေ ရှိတယ်။ စေ့စပ်ပြီးရင် လက်ထပ်ပွဲ တရားဝင် မစခင် အနည်းဆုံး ၃လ စောင့်ရတယ်။”
“ထိုင်ပါဦး။ ငါပြောပြီးပြီလေ။ သိပ်ပြီးတော့ ချုပ်ထိန်းမနေပါနဲ့။” ချန်လွေ့က ဆမ်မြူရယ်ကို လက်ဝှေ့ရမ်းပြလိုက်သည်။ “ငါ အမုန်းဆုံးက မလိုအပ်တဲ့ စည်းမျဉ်းတွေပဲ။”
ဆမ်မြူရယ်က ထိုင်ချပြီး ပြုံးရင်း ပြောသည်။ “အခု အရှင်မင်းသားက နန်းတော်ကို ပြန်လာမယ်ဆိုရင် ကျက်သရေပြာအင်ပါယာရဲ့ မင်းသမီး လန်ဘိစ်နဲ့ လက်ထပ်ပွဲကို သေချာပေါက် ပြန်လုပ်မှာပဲ။ မင်းသမီး လန်ဘိစ်က ကျက်သရေပြာအင်ပါယာရဲ့ အတောက်ပဆုံး ပုလဲလို့ လူသိများတယ်။ ဒီလက်ထပ်ပွဲကို အဲဒီတုန်းက လူတွေအများကြီး မနာလို ဖြစ်ခဲ့တာ။ လက်ထပ်ပွဲမှာ အရှင်မင်းသားက ကျွန်တော့်ထက် ပိုပြီးတော့ “စည်းမျဉ်းတွေ”နဲ့ ကြုံတွေ့ရမယ်ဆိုတာ အသေအချာပဲ။”
မင်းသမီး လန်ဘိစ်။ အတောက်ပဆုံးပုလဲ ဟုတ်လား။ ချန်လွေ့ မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။ သူက မင်းသမီး ဖြစ်တော့ကော ဘာဖြစ်လဲ။ ငါ့မှာ ဧကရီနှစ်ပါးတောင် ရှိတယ်။ ဒီလန်ဘိစ်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
“ဒါက မင်းအတွက်ပဲ။” ချန်လွေ့က လက်ထဲမှ ဓားအိမ်ပါသော ဓားရှည်တစ်လက် ထုတ်ပြီး ကမ်းပေးလိုက်သည်။
ဆမ်မြူရယ်က ဓားကို တရိုတသေဖြင့် လက်ခံလိုက်သည်။ ထိုဓားကို ထိကြည့်လိုက်သည့် အခါတွင် အနီရင့်ရောင်ဓားအိမ် အထိအတွေ့က သူ့ကို ထူးခြားသော ခံစားချက်တစ်ခု ပေးစွမ်း နေခဲ့သည်။ ချန်လွေ့၏ ခြေဟန်လက်ဟန်ကြောင့် ဆမ်မြူရယ်က ဓားကို အသာလေး ဆွဲထုတ် ကြည့်လိုက်သည်။ ရုတ်တရက် သူက အေးစက်သွားခဲ့ပြီး ကြက်သီးထမိသွားသည်။ ဓားတစ်ခုလုံးက အလှအပ အဆင်တန်ဆာများ ရှိမနေသလို တလက်လက် အလင်းရောင်လည်း ရှိမနေပေ။ ဝှေ့ရမ်းလိုက်သည့်အခါ တိတ်ဆိတ်နေပြီး ဓားသွားက အလွန်အမင်း ထက်လှ၏။ အပြာဖျော့ရောင်ဓားက ငါးကြေးခွံများကဲ့သို့ ပုံစံကွက် ရေးရေးလေး ရှိနေပြီး ရိုးရှင်းစွာ လျို့ဝှက်ဆန်းကြယ်လှသည်။
ထိုဓား၏ အလေးချိန်နှင့် အရှည်က အလွန်ပင် အသုံးတည့်လှသည်။ ဆမ်မြူရယ်ကို အံ့အားသင့်စေခဲ့သည်မှာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားကဲ့သို့ပင် ဓားနှင့် ပေါင်းစည်းသွားသော ခံစားချက်ကို ဖြစ်သည်။ သူက ၎င်း၏စွမ်းအားနှင့် စွမ်းရည်များကို အေးအေးဆေးဆေး အသုံးပြုနိုင်သည်။ သုံးလေးချက် ဝှေ့ရမ်းကြည့်ပြီးနောက် ဆမ်မြူရယ်က အတော်လေး သဘောတွေ့သွားပြီး လက်ထဲမှ မချချင်တော့ပေ။
“သိပ်မကြာခင် ကမ်းပါးဖြူကို ငါ ပေါလ်နဲ့ လိုက်သွားရမယ်။ မင်းရဲ့ စေ့စပ်ပွဲနဲ့ လက်ထပ်ပွဲ ကိုတောင် လာနိုင်လောက်မှာ မဟုတ်ဘူး။” ချန်လွေ့က ပုခုံးတွန့်လိုက်သည်။ “ဒီ မိုးပျံပျက်သုန်း ဓားရဲ့ အဆင့်က ဒဏ္ဍာရီလာအဆင့်တွေမှာ ထပ်တန်းလို့ သတ်မှတ်လို့ ရတယ်။ ဒါကို ငါကိုယ်တိုင် လုပ်ထားတာ။ တိုးမြှင့်မှုတွေ ပေးတဲ့အပြင်ကို မင်း သဘောကျမယ့် လုပ်ဆောင်ချက်တစ်ခုလည်း ရှိသည်။ ဓားပေါ်က မှော်စာတွေကို အထူးနည်းလမ်းတစ်ခုနဲ့ အသက်သွင်းလိုက်မယ်ဆိုရင် ဓားက အပိုင်းပိုင်းဖြစ်ပြီး ပေါက်ကွဲထွက်သွားလိမ့်မယ်။ ပြီးတော့ မင်းက သက်ဆိုင်ရာကို အသက်သွင်းလိုက်မယ်ဆိုရင် အပိုင်းအစတွေက အလိုလို ပြန်ရောက်လာမယ်။”
မျိုးပျံပျက်သုန်းဓား - ထက်မြက်သည်။ ဒဏ်ရာကို နက်ရှိုင်းစေသည်။ ခုတ်ပိုင်းမှု အမြန်နှုန်းကို ၅၀% တိုးစေနိုင်သည်။ ရန်သူစွမ်းအားကို ထိခိုက်မှုမှတစ်ဆင့် စုပ်ယူနိုင်ပြီး ခွန်အားကို ဖြည်းဖြည်းချင်း ပြန်ပြည့်စေနိုင်။
အထူးဂုဏ်သတ္တိ - ဓားသွားတွင် အပိုင်းပိုင်းဖြစ်ပြီး ပြန်လည်ပေါင်းစပ်နိုင်သော အစွမ်းသတ္တိ ရှိသည်။ ရာနှင့်ချီသော အပိုင်းအစများအဖြစ် ခွဲထွက်သွားကာ ပြန်ပေါင်းစည်းနိုင်၏။ အပိုင်းအစ အခြေအနေက လွင့်စင်ထိခိုက်မှုကို ၃၀% တိုးစေနိုင်သည်။
ချန်လွေ့၏ လက်ရှိ ယန္တရားစွမ်းရည်ဖြင့်ဆိုလျှင် ဒဏ္ဍာရီလာအဆင့် ပစ္စည်း ပြုလုပ်နိုင်ချေက အတော်လေး မြင့်မားသည်။ သို့သော်လည်း အဆောင်ပစ္စည်း-ယောင် တစ်ခု ပြုလုပ်ရန်အတွက် မလွယ်ကူသေးပေ။ ကိုယ်ပိုင်အစွမ်းအစဆပြင် ယခင်တစ်ခေါက် တောင်နေလူပုများ၏ သံမဏိသစ်ပင်မီးပွင့်အိမ်ကဲ့သို့ သက်ဆိုင်ရာ ဉာဏ်အလင်းပြမှုများလည်း ရှိရပေမည်။ သို့မဟုတ်ပါက ထိုဓား၏တန်ဖိုးမှာ ဆမ်မြူရယ်အတွက် အဆောင်ပစ္စည်း-ယောင် အဆင့်အောက် ရောက်မည်မဟုတ်သည်မှာ အသေအချာပင်။
ဆမ်မြူရယ်၏မျက်လုံးများ အရောင်တောက်သွားပြီး မိုးပျံပျက်သုန်းဓားကို ရတနာ တစ်ခုသဖွယ် ပွတ်သပ်နေလိုက်သည်။ ဒီဓားရဲ့ ဂုဏ်သတ္တိက ငါ့နဲ့ သင့်တော်လွန်းနေတယ်။ အထူးသဖြင့် အပိုင်းပိုင်းဖြစ်ပြီး ပြန်ပေါင်းစပ်တာပေါ့။ ဒါက အဆင့်မြှင့်ထားတဲ့ [မိုးသောက်ကွယ်ပျောက်] အတွက် သီးသန့်လုပ်ထားတာပဲ။ ဒါနဲ့ ဒါကို အရှင်မင်းသားက ငါ့အတွက် ကိုယ်တိုင် လုပ်ပေးခဲ့တာ။ ဒါက ငါ့ရဲ့ အကွက်သစ်နဲ့ လိုက်ဖက်မှုရှိအောင် တော်တော်လေး အားထုတ်ခဲ့ရမယ်။ အရှင်မင်းသားက ဒါအတွက် တကယ် ကြိုးစားခဲ့တာပဲ....
နေပါဦဂ။ ဒဏ္ဍာရီလာအဆင့် ထိပ်တန်းပစ္စည်း။ ကိုယ်တိုင်လုပ်ထားတာ ဟုတ်လား။
ဆမ်မြူရယ်က သူ ယခင်က သောက်ခဲ့ဖူးသော ထာဝရ ဆေးရည်မည်းတစ်စုံမှာလည်း တတိယမင်းသားထံမှဖြစ်ကြောင်း ရုတ်တရက် တွေးလိုက်မိပြီး သူ၏နှလုံးသား အပြင်းအထန် တုန်ခါသွားခဲ့သည်။ သူတော်စင်အဆင့် ထိပ်သီးပိုင်း။ ဆေးရည်မဟာဆရာသခင်။ ပြီးတော့ ထိပ်တန်း ယန္တရားဆရာသခင်။
အခု တတိယမင်းသားသာ နန်းတော်ကို ပြန်သွားမယ်ဆိုရင် ဒီလိုအစွမ်းမျိုးနဲ့ဆို ပလ္လင်ကို ပထမ ဆက်ခံသူ ဖြစ်လာနိုင်လောက်တယ်။ ဘာလို့...
“အရှင်မင်းသား” ဆမ်မြူရယ်က နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ထားလိုက်သည်။ “မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ...”
ချန်လွေ့က ခေါင်းခါပြီး ဆမ်မြူရယ်ကို ပုခုံးပုတ်ကာ ဖြတ်ပြောလိုက်သည်။ “လူတိုင်းမှာ ပန်းတိုင်တစ်ခုစီ ရှိကြတယ်။ သူတို့ရဲ့နှလုံးသားထဲမှ လိုက်ရှာနေတဲ့အရာတွေ ရှိကြတယ်။ မင်းက ဂျိုအန်နာအတွက် နတ်ဆိုးဘုံနဲ့ မုန်တိုင်းကျွန်းကိုသွားပြီး လေ့ကျင့်ခဲ့သလိုပဲ။ ငါ့မှာလည်း ရည်မှန်းထားတာတွေ ရှိတယ်။ အခု ငါမင်းကို အများကြီး မပြောပြနိုင်သေးဘူး။ ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ ဘာတွေပဲဖြစ်ဖြစ်၊ ငါ့အကြောင်းကို ခွင့်ပြုချက် မရှိဘဲနဲ့ ဘယ်သူ့ကိုမှ မပြောပြရဘူး။ ဒါကို အမိန့်အနေနဲ့ မင်း သဘောထားချင်တယ်ဆိုလည်း ဒါဆို ဒါက ငါ့ရဲ့ တစ်ခုတည်းသော အမိန့်ပဲ။”
ဆမ်မြူရယ်က ထပ်မမေးတော့ဘဲ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ။ ငါ သွားရတော့မယ်။ နောက်တစ်ခေါက် ငါတို့ ပြန်ဆုံတဲ့အခါ မင်း နဂါးသူရဲကောင်းတစ်ယောက် ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။” ချန်လွေ့က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “ဒါနဲ့...အဲဒီ..အဲ..ဘာမှ မဟုတ်တော့ပါဘူး။ ဂရုစိုက်ဦး။”
ချန်လွေ့က မျက်နှာလွှားနှင့် မိန်းကလေးအကြောင်း မေးချင်သော်လည်း ထပ်ပြီး မမေးလိုက်ပေ။
မျက်နှာလွှား မိန်းကလေးနဲ့ အာသာတို့မှာ နက်ရှိုင်းတဲ့ ချိတ်ဆက်မှုတစ်ခု ရှိရတယ်။ အာသာရဲ့ မသိစိတ်ကတောင် ဒီလိုမျိုး ပြင်းထန်တဲ့ တုံ့ပြန်မှု ဖြစ်စေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီတော့ ဘာဖြစ်လဲ။ အာသာက အာသာ။ ငါက ငါပဲ။
နဂါးလင်းလက်အင်ပါယာက အာသာရဲ့ အိမ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ငါ့အိမ် မဟုတ်ဘူး။ ငါက ဖြတ်သွားဖြတ်လာသက်သက်ပဲ။ ငါဒီကို ရောက်လာရင်တောင် အဆုံးမှာတော့ ထွက်သွားရမှာပဲ။
သူ၏ချစ်ရသော အမျိုးသမီးကို ပြောလေ့ရှိသော စကားလိုမျိုးပင် ဖြစ်သည်။ ငါက ချန်လွေ့။ ချန်လွေ့ရဲ့ ချန်။ ချန်လွေ့ရဲ့ လွေ့။
ထိုအချိန်၌ ရုတ်တရက် သူက နတ်ဆိုးဘုံမှ သူတို့ကို အတော်လေး သတိရလာခဲ့သည်။
နတ်ဆိုးဘုံ၊ အမှောင်လနယ်မြေ -
ငြိမ်ဝပ်ပိပြာရေးနှင့် ဘဏ္ဍာရေးအရာရှိ နေအိမ်ဟောင်း၌ -
လှပသော မျက်လုံးတစ်စုံက ကောင်းကင်မှ ခရမ်းရောင် လနှစ်စင်းကို ကြည့်နေ၏။ သူ၏ အနီရောင်ကျောက်မျက်ကဲ့သို့ မျက်လုံးများက မြူနှင်းအလွှာတစ်ခု ဖုံးလွှမ်းနေဟန်တူသည်။
“ဟေး။ အသီနာ။ နင် ဘာလို့ ငေးနေတာလဲ။ မြန်မြန် လာစား။ မဟုတ်ရင် ပါ့ဂ်လီအိုနဲ့ တခြားသူတွေ အကုန်စားလိုက်တော့မှာ။” အိုလီဖီးရက်စ်က ပါးစပ်ထဲ၌ ပလုတ်ပလောင်းနှင့် ပြောလိုက်သည်။ အမှန်တကယ်၌ မစ်-နဂါးနက်၏ရှေ့မှ စားစရာပုံကြီးနှင့်ယှဉ်လျှင် ပါ့ဂ်လီအိုနှင့် ရိုမန်တို့ဘက်မှ ဟင်းပွဲများက မပြောပလောက်ပေ။
“အင်းပါ။ အိုလီဖီးရက်စ်။” အသီနာက ခေါင်းလှည့်ပြီး ပြုံးလိုက်သည်။
ဘေးဖက်မှ ဒေလီယာက ထိုကဲ့သို့ ကြုံတွေ့ခဲ့ဖူးသည့်အတွက် အသီနာ စဉ်းစားနေသည်ကို နားလည်သည်။ သူက ဝိုင်တစ်ခွက် ကမ်းပေးလိုက်သည်။ “သူ့ကို လွမ်းနေတာလား။”
“အင်း...” အသီနာက ညင်ညင်သာသာ တုံ့ပြန်ပြီး ဝိုင်ကို ယူလိုက်သည်။ သူက အထူးသဖြင့် သူငယ်ချင်းကောင်းများ အရှေ့တွင် စိတ်ကို ဖုံးကွယ်တတ်သူတစ်ယောက် မဟုတ်ပေ။
ယနေ့သည် ဒေလီယာ၏ မွေ့နေ့ဖြစ်ပြီး ပါတီပွဲလေးတစ်ခု ကျင်းပနေသည်။ ကတ်သရင်း လာရောက်လည်ပတ်ခြင်းကဲ့သို့ ကိစ္စကြီးများနှင့် နောက်ဆက်တွဲ ပူးပေါင်းမှုများကြောင့် ဧကရီ ရှီရာနှင့် မင်းသမီး အဲလစ်တို့က မြို့တော်မှ မထွက်လာနိုင်ကြပေ။ ဇိုလာကလည်း လေ့ကျင့်ရေး၌ အရေးတကြီး အခြေအနေ ရောက်နေသည့်အတွက် ထွက်လာ၍ မရပေ။ ကျန်ရှိသော မိတ်ဆွေများ အားလုံးကတော့ ရောက်လာကြလေသည်။
“တောင်းပန်ပါတယ်။” ခရိုဘဲလက်စ် အနားတွင် ထိုင်နေသော အစ်ဇဘယ်လာက ပြောသည်။ ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်ကို ရှာရန်အတွက် ပင်လယ်သေသို့ သွားခဲ့ပြီး သုံးလေးလကြာ သတင်းမရသေးပေ။ ထို့ပြင် ထိုကဲ့သို့ အန္တရာယ်များသာ ခရီးလမ်းမှာလည်း သူ့အတွက်သာ ဖြစ်နေ၏။
ရင်းနှီးသော မိတ်ဆွေများအတွက် ချန်လွေ့နှင့် အစ်ဇဘယ်လာတို့အကြားမှ ပတ်သက်မှု အပါအဝင် ထိုကိစ္စက လျိူ့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ရိုမန်သာ အနည်းငယ် ကိုးရို့ကားရား ဖြစ်နေ၏။ မည်သို့ပင်ဆိုစေကာမူ အစ်ဇဘယ်လာ၏ သူ့အဖေ၏ ညီမ ဖြစ်သည်။ နတ်ဆိုးဘုံ၌ ထိုအရာက ဘာမှ မဟုတ်သော်လည်း အစပိုင်း၌ သူလည်း အားပေးထောက်ခံခဲ့လေသည်။
အသီနာနှင့် ခီရာတို့ကို ရင်ဆိုင်ရသည့်အခါ မစ်-လျို့ဝှက်ထောက်လှမ်းရေးက လိပ်ပြာမလုံပေ။ ရှီရာကို ရင်ဆိုင်ရခြင်းနှင့် လုံးဝ ကွဲပြားနေသည်။ ဇိုလာမှလွဲ၍ သူက သူတို့ကို အတတ်နိုင်ဆုံး ရှောင်နေခဲ့သည်။ သူက သက်တန့်တောင်ကြား၌ အားဖြည့်ရန်သာ နေနေပြီး တစ်ခါတစ်ရံမှသာ ဧကရီအရှင်မအား နည်းဗျူဟာရေးရာ ကူညီရန်အတွက် မြို့တော်သို့ သွားတတ်သည်။ ယခုတစ်ခေါက် အစ်ဇဘယ်လာက ရိုမန်ထံမှ ဒေလီယာ၏ မွေးနေ့ဖိတ်စာ ရခဲ့သည်။ သူ၏ သူငယ်ချင်းအရင်း ခရိုဘဲလက်စ်ကလည်း သူ့ကိုသွားရန် အတတ်နိုင်ဆုံး နားချသည်။ အချိန်သိပ်မရှိတော့ကြောင်း စဉ်းစားပြီးနောက် မစ်-ရင်းနီ ရောက်လာခဲ့လေ၏။
အံ့အားသင့်စရာပင် စာနာစိတ်ကြောင့် ဖြစ်ပေမည်။ အစ်ဇဘယ်လာ၏ အသီနာ၏ မျက်လုံးထဲ၌ ရင်းနှီးမှုနှင့် သည်းခံမှုကို ပို၍ မြင်နေရသည်။ ၎င်းက တမင်တကာ ဟန်ဆောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော ကြင်နာမှု ဖြစ်သည်။ ထိုအရာက လူမှုရေး တက်ကြွသော မိစ္ဆာထောင်ခြောက်ပန်းကို တိတ်ဆိတ်သွားစေခဲ့ပြီး ထိုအချိန်အထိ စကားမပြောနိုင် ဖြစ်စေခဲ့သည်။
“တောင်းပန်ဖို့ မလိုပါဘူး။” အသီနာက ခေါင်းခါပြီး ပြောသည်။ “ငါပဲဖြစ်ဖြစ် တခြား တစ်ယောက်ပဲဖြစ်ဖြစ် သူ ဒီလိုပဲ လုပ်မှာပဲ။ သူ့ကို နင် ကောင်းကောင်း သိမှာပါ။ အဲဒါကြောင့် သူ့ကို ယုံကြည်ထား။ သူ အချိန်မီ ပြန်လာမှာပါ။”
ခီရာလည်း ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်၌ ဆွဲဆောင်မှုရှိသော ကောင်မလေးက အစ်ဇဘယ်လာအား နှစ်ယောက်ပေါင်း ဟန့်တားရန် အသီနာအား တိတ်တိတ်လေး ပြောခဲ့သေးသည်။ သို့သော်လည်း အမှန်တကယ် အစ်ဇဘယ်လာနှင့် ရင်ဆိုင်ရသောအခါ ကဝေမ အစေခံက စိတ်ကိုတင်းမထားနိုင်ဘဲ [ ဝိညာဉ်လက်ထိပ် ] ကြောင့် နှိပ်စက်ခံရပြီး နေ့တိုင်း သေရန် စောင့်နေခဲ့ရသည့်အချိန်ကို ရုတ်တရက် သတိရမိသွားသည်။
ထို နောက်ဆုံးစကားကို ကြားဖူးသည်မှာ အစ်ဇဘယ်လာအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ၏နှာခေါင်းက ရုတ်တရက် မွှန်သွားပြီးနောက် မျက်နှာကို လှည့်လိုက်သည်။ “ကျေးဇူးပါပဲ။”
“တကယ်တော့ ငါက သူဌေးကို တော်တော်လေး သတိရတယ်။ တကယ် သတိရတယ်။” ဘေးမှ မစ်-နဂါးနက်က ခါးသက်သော အမူအရာဖြင့် စကားဖြတ်ပြောပြီး ဆီပေနေသော ပါးစပ်ကို သုတ်လိုက်သည်။ သူ့အရှေ့မှ စားစရာ အပုံလိုက်ကြီးက ပျောက်ကွယ်သွားခဲ့ပြီး အရိုးများပင် မကျန်တော့ပေ။
အမြန်ဆုံး တုံ့ပြန်လိုက်သူမှာ ဆွဲဆောင်မှုရှိသော မိန်းကလေး ဖြစ်သည်။ သူက ချက်ချင်းပင် သတိထားသော အမူအရာတစ်ခု ပြုလုပ်လိုက်သည်။ ဒီအစားကြီး နဂါးမက ငါ့လူနဲ့ ဘယ်တုန်းက ပတ်သက်သွားတာလဲ။
ထိုကဲ့သို့ တစ်ဖက်သတ် အထင်မျိုးက အတော် ပြဿနာတက်နိုင်ပေသည်။ သူက အသေအချာပင် လူပွေလူရှုပ်အစား အိုလီဖီးရက်စ်ကို အပြစ်တင်နေ၏။
အသီနာနှင့် အိုလီဖီးရက်စ်တို့က စစ်မြေပြင်၌ အတူတူ တိုက်ခိုက်ခဲ့ဖူးကြသည်။ သူတို့က မစ်-နဂါးနက်ကို ခီရာထက် ပိုသိကြသည်။ ထို့ကြောင့် သူတို့က ပြုံးပြလိုက်ကြသည်။ သတိပြန်ဝင်လာသော အစ်ဇဘယ်လာက မေးလိုက်သည်။ “နင်က သူ့လစာကို သတိရတာ မဟုတ်လား။ လခထုတ်ဖို့ အချိန် နီးလာပြီ မို့လို့လား။”
အိုလီဖီးရက်စ်က ခေါင်းညိတ်ပြီး လက်ချောင်းများဖြင့် အသေအချာ ရေတွက်ကာ ပြောလိုက်သည်။ “လစာနဲ့ အကျိုးအမြတ်တွေ အားလုံးက တစ်ရက်ကို သလင်းကျောက်နက် ဒင်္ဂါး ၅၂ပြား၊ ခရမ်းသလင်းကျောက်ဒင်္ဂါး ၁၀ပြား၊ သလင်းကျောက်ဖြူဒင်္ဂါး၁၃ပြား ရတယ်။ နှစ်တစ်ဝက်ဆိုတော့ သလင်းကျောက်နက်ဒင်္ဂါး ၃၀၀၀၀ ရမယ်။”
သလင်းကျောက်နက်ဒင်္ဂါး သုံးသောင်းအကြောင်း ပြောနေရင်း မစ်-နဂါးနက်၏ မျက်လုံးများက သလင်းကျောက်နက်ဒင်္ဂါးပြား ပုံစံအဖြစ် ပြောင်းလဲသွား၏။ သူက သွားရည် ကျလုနီးပါး ဖြစ်နေခဲ့သည်။
“နေပါဦး။ တစ်ရက်ကို သလင်းကျောက်နက်ဒင်္ဂါး ၅၃ပြားဆို နှစ်တစ်ဝက်ကို တစ်သောင်းတောင် မပြည့်ဘူး မဟုတ်လား။” ယခုတွင် ခီရာက အမှောင်လ မင်းသမီး လက်လီစတိုး၏ ဦးစီးမှူး ဖြစ်နေပြီဖြစ်သည့်အတွက် ပိုက်ဆံပမာဏနှင့် ပတ်သက်၍ ဆက်ဆက်ထိမခံပေ။ သူက မစ်-နဂါးနက်၏ အမှားများကို ချက်ချင်း ရှာတွေ့သွား၏။
“နှစ်တစ်ဝက်ကို ၁၈၃ရက်နဲ့ တွက်မယ်ဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၉၅၃၄ပြား ဖြစ်ရမှာ။” အစ်ဇဘယ်လာက အလျင်အမြန် တွက်ချက်ပြလိုက်သည်။ “အိုလီဖီးရက်စ်။ သုံးသောင်းရအောင် နင် ဘယ်လို တွက်လိုက်တာလဲ။”
မစ်-နဂါးနက်က အမှန်အတိုင်း ပြောသည်။ “အနီးဆုံးယူရတာ မဟုတ်လား။ သလင်းကျောက်နက်ဒင်္ဂါး ၅၂ပြားကို အနီးဆုံး ၁၀၀ ယူလိုက်တယ်။ ကျန်တာတွေက ၄ထက် နည်းနေလို့ ဖယ်ထားလိုက်တယ်...”
အစ်ဇဘယ်လာ “.......”
အားလုံး “.......”
“ဒီလို အနီးဆုံး ယူရတယ်လို့ ဘယ်သူ သင်ထားပေးတာလဲ။ နင်က နှစ်တစ်ဝက်ကို ရက်၃၀၀နဲ့ တွက်လိုက်သေးတယ်။” ခရိုဘဲလက်စ်က ကြားဖြတ်ပြောသည်။ မစ်-မြနဂါးက နဂါးထွင်းစာ၌ အားနည်းသော်လည်း ဘဏ္ဍာရေးရာနှင့် ပတ်သက်သော အတွက်အချက်၌ သိပ်ပြီး မဆိုးလှပေ။
လူအများအပြားက မိမိ၏ အမှားကို ထောက်ပြနေသည့်အတွက် မစ်-နဂါးနက်က မကျေမနပ် ပြောလိုက်သည်။ “ငါက တွက်ချက်တာ သိပ်မတော်ဘူး။ အဲ ဒါပေမဲ့ နင်တို့ တွက်တဲ့အတိုင်းဆိုရင် အပိုင်းအစတွေကို ကျန်ခဲ့တာထင်တယ်။ တကယ်တော့ သလင်းကျောက်နက်ဒင်္ဂါး ၉၅၃၄ ပြား၊ ခရမ်းသလင်းကျောက်ဒင်္ဂါး ၅၃ပြားနဲ့ သလင်းကျောက်ဖြူဒင်္ဂါး ၇၉ပြား ဖြစ်ရမှာ။”
အစ်ဇဘယ်လာ “......”
အားလုံး “......”
မစ်-နဂါးနက်၏ မျက်လုံးများ အရောင်တောက်သွားပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ “ဒါနဲ့ သူဌေးက သက်တော်စောင့်အတွက် အထူးဝန်ဆောင်ကြေး ပေးမယ်လို့ ကတိပေးခဲ့သေးတယ်။ အဲဒါက အပိုပေါ့။ ပြီးတော့ အများကြီး......”
“သက်တော်စောင့် ဟုတ်လား။ ပြီးတော့ အထူးဝန်ဆောင်ကြေး ဟုတ်လား။ အဲဒါက ဘာကြီးလဲ။” ဆွဲဆောင်မှုရှိသော ကောင်မလေးက သေချာ နားထောင်နေလိုက်ပြန်သည်။ “အထူးဝန်ဆောင်မှု”နှင့်ပတ်သက်၍ ကဝေမက ညီအစ်မများ အာလုံးထဲ၌ အကျွမ်းကျင်ဆုံး ဖြစ်သည့်အတွက် ဆက်စပ်ကြည့်ချင်စိတ်က ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။
“ဒါက သူဌေးနဲ့ ငါ့ကြားက လျို့ဝှက်ချက်ပဲ။ တခြားသူတွေကို ပြောပြလို့ မရဘူး။” အိုလီဖီးရက်စ်က လေးလေးနက်နက်နှင့် ခေါင်းခါလိုက်သည်။ “အမေက သင်ပေးခဲ့ဖူးတယ်။ နဂါးတစ်ကောင်က ယုံကြည်စရာ ကောင်းရမယ်တဲ့။”
ထိုအချိန်၌ အားလုံး၏အကြည့်က ပြောင်းလဲသွားခဲ့သည်။ အဲဒီကောင်က တကယ်ပဲ အိုလီဖီးရက်စ်နဲ့ ပတ်သက်ခဲ့တာလား။
အတန်းဖော်တူလေးက စားပွဲကို ထုရိုက်ပြီး မနာလိုလျက် ပြောလိုက်သည်။ “တိရစ္ဆာကောင်...”
ဆွဲဆောင်မှုရှိသော ကောင်မလေးက အကြံတစ်ခု ရသွားပြီး ဝှက်ဖဲကို အသုံးပြုလိုက်၏။ “အိုလီဖီးရက်စ်။ အဲဒီလျို့ဝှက်ချက်ကို ပြောပြမယ်ဆိုရင် ငါနင့်ကို သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ ပေးမယ်။”
အိုလီဖီးရက်စ်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသော်လည်း ခေါင်းခါလိုက်သည်။ “နဂါးတစ်ကောင်က ဆုံးဖြတ်ချက် ပြတ်သားပြီးနောက် လွယ်လွယ်နဲ့ မပြောင်းလဲရဘူးလို့ အမေက ပြောတယ်။”
အိုလီဖီးရက်စက် စိတ်ချရသူတစ်ယောက် မဟုတ်သော်လည်း သူက လျို့ဝှက်ကြံစည် တတ်သူတစ်ယောက် မဟုတ်ပေ..အဲ...နဂါးပေါ့။ ထိုစကားလုံးများက အားလုံးကို သံသယ ဝင်သွားစေသည်။ အသီနာ၏အသံက ချက်ချင်း ထွက်ပေါ်လာ၏။ “သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀ ပေးမယ်။”
“အသီနာ။ နင်က တကယ် လူကောင်းပဲ။” မစ်-နဂါးနက်က မျက်ရည်ကျသည်အထိ ရင်ထဲထိသွားသော်လည်း နောက်ဆုံး၌ စိတ်ကို ထိန်းထားလိုက်သည်။ “ဒါပေမဲ့ ငါ့အမေ ပြောခဲ့တာက.....”
“သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀၀....” ယခုတစ်ခေါက် အစ်ဇဘယ်လာ ပြောလိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် မိန်းမသုံးယောက်က တစ်ဖွဲ့တည်း ဖြစ်သွားဟန်တူသည်။
“အမေက....နေဦး...သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀၀ လား။ အဖြူရော၊ ခရမ်းကော မဟုတ်ဘူးလား။” မျက်လုံးများ အရောင်တောက်နေသော အိုလီဖီးရက်စ်က အစ်ဇဘယ်လာ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ “အမေ....အမ်..အစ်မ။ တကယ်ပဲ ပေးမှာလား။”
“အမေ” ဟူသော အသုံးအနှုန်းကို ကြားသည့်အခါ အစ်ဇဘယ်လာက ငိုရမှန်းမသိ ရယ်ရမှန်းမသိ ဖြစ်သွားပြီး မစ်-နဂါးနက်၏ ဆီပေနေသောလက်ထဲ၌ ရုန်းထွက်ခဲ့သည်။ “ငါ့ကို အစ်မလို့ တကယ် သဘေထားတယ်ဆိုရင် လျို့ဝှက်ချက် တစ်ခုလုံးကို ပြောပြရမယ်။”
“အင်း အင်း...” မစ်-နဂါးနက်က ချက်ချင်းပင် ပြောလိုက်သည်။ “သူဌေးက ပြောတယ်။ အထူးဝန်ဆောင်မှုက လမ်းမှာ တစ်ယောက်ယောက် ပိတ်နေရင် ငါက သူ့ကို ရိုက်နှက်ရမယ်။ လမ်းမှာ မှော်ဗုံးတွေရှိရင် အရင်နင်းရမယ်။ ရေအိုင်ရှိရင် အရင်ခုန်ပြီး ဖြည့်ရမယ်....”
ထိုစကားများက အားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ထိုကဲ့သို့ မမျှတသော အခြေအနေများက ကလေးအလုပ်သမား အလွဲသုံးစားလုပ်ခြင်းကဲ့သို့ ဖြစ်နေသော်လည်း ထင်ထားသည့်အတိုင်း မဟုတ်ခဲ့သည့်အတွက် ပွဲကြီးပွဲကောင်း စောင့်နေကြသော လူနှစ်ယောက်က စိတ်ပျက်သွားကြ၏။
“အဲဒါပဲလား။” အစ်ဇဘယ်လာက မေးလိုက်သည်။
“မပြီးသေးဘူး။ ငါ့မှတ်ဉာဏ်က ကောင်းတယ်။” အိုလီဖီးရက်က အားတက်သရောနှင့် ပြောသည်။ “သူဌေးက ပြောတယ်။ အစ်မနားမှာ ရှိနေတုန်း ယောက်ျားတစ်ယောက် ကပ်လာမယ်ဆိုရင် အဲဒီလူကို ရိုက်နှက်ရမယ်။ အစ်မရဲ့ ခြံဝင်းက တံခါးကပိတ်ထားရင် အထဲကနေ သူဌေးအတွက် တိတ်တိတ်လေး ဖွင့်ပေးရမယ်။ သူဌေးလာရင် မမြင်ချင်ယောင် ဆောင်ပေးရမယ်။ သူဌေးက အစ်မနဲ့ ဖတ်ဖတ်ဖတ် လုပ်ချင်ရင် ငါက တံခါးကို စောင့်ကြပ်ပေးရမယ်။ အမ်း..... ဖတ်ဖတ်ဖတ်က ဘာကြီးလဲ။ စားလို့ရလား။”
အစ်ဇဘယ်လာ “.......”
အားလုံး “.......”
မစ်-နဂါးနက်ပြောသော အစ်မက အစ်ဇဘယ်လာမှလွဲ၍ မည်သူမှ မဟုတ်ပေ။ ရုတ်တရက် အကြည့်အားလုံးက မစ်-လျို့ဝှက်ထောက်လှမ်းရေထံ ရောက်ရှိလာသည်။ သူက သလင်းကျောက်နက်ဒင်္ဂါး တစ်သောင်းသုံးပြီး ကိစ္စများ ရှုပ်ထွေးသွားအောင် လုပ်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏မျက်နှာက ရှားရှားပါးပါး နီရဲသွားခဲ့သည်။
ဘေးဖက်မှ ဆရာသခင် အဆိပ်နဂါးနှင့် တူလေးတို့က အချင်းချင်းကြည့်လိုက်ပြီး မခံမရပ်နိုင်ဘဲ ပြောလိုက်သည်။ “တိရစ္ဆာန်ကောင်...”