← Chapters

သိဒ္ဓိတပည့်များနှင့် အပြင်းအထန်တိုက်ပွဲ

Vol. 43 Ch. 685

သိဒ္ဓိတပည့်များနှင့် အပြင်းအထန်တိုက်ပွဲ

Vol. 43 Ch. 685

သိဒ္ဓိတပည့် ၁၂ယောက်၏ နာမည်များက ရာသီခွင်၁၂မျိုးနှင့် ဆက်နွှယ်နေ၏။ အမှန်တကယ်၌ သိဒ္ဓိတပည့်များမှာ ၁၂ယောက်ထက် ကျော်လွန်သည်။ သို့သော် ရာသီခွင် ဂုဏ်ပုဒ် ရှိသူများက သေချာပေါက် ထိပ်တန်း သိဒ္ဓိတပည့်များ ဖြစ်ကြပေသည်။

အလွန်အမင်း ဒေါသထွက်နေခြင်းကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် ထို ချပ်ကာ ဝတ်ထားသော သိဒ္ဓိတပည့်များကို သူ၏မှတ်ဉာဏ်ထဲရှိ ရုပ်ပြစာအုပ်တစ်ခုမှ ဇာတ်ကောင်များဖြင့် နှိုင်းယှဉ်မိလိမ့်မည် ဖြစ်သည်။ သို့သော် ယခုတွင် သူ၏မျက်လုံးထဲ၌ အေးစက်သော သတ်ဖြတ်ချင်စိတ်သာ ရှိနေ၏။

တိုက်ပွဲလှောင်အိမ်ထဲရှိ ကြက်ခြေခတ် အလင်းရောင်က စတင် ပြောင်းလဲလာသည်။ ချန်လွေ့သည် ပြင်ပအားတစ်ခုကြောင့် မိမိ၏ စွမ်းအားများ တဖြည်းဖြည်း အားနည်းလာသည်ကို ခံစားမိသည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ပင် မူရက်ဗ်နှင့် အခြားသူနှစ်ယောက်တို့က ပိုမို၍ အားအင် တက်ကြွလာပြီး အရှိန်လည်း မြန်လာကြသည်။ သူတို့က တိုးမြှင့်ခံလိုက်ရသည်မှာ အသေအချာပင်။

မျက်စိတစ်မှိတ်အတွင်း မူရက်ဗ်က ချန်လွေ့အရှေ့သို့ ခုန်ဝင်လာသည်။ သူက အတင်း မခုခံဘဲ နောက်သို့ အလျင်အမြန်ဆုတ်ကာ ပြင်းထန်သော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ မူရက်ဗ်က ဦးဆောင်နေပြီဖြစ်ရာ အလွတ်မပေးခဲ့ပေ။ သူက နောက်လိုက်သွားခဲ့သော်လည်း ပတ်ဝန်းကျင်မြင်ကွင်းများ ပြောင်းလဲသွားကြောင်း ခံစားလိုက်မိသည်။ မှိန်ပျသော ပုံရိပ်တစ်ခုစီက တဖြည်းဖြည်း ကြည်လင်လာသည်။ ထိုအရာများက ထူးဆန်းသော စည်းချက်တစ်ခုဖြင့် တဖြည်းဖြည်း လည်ပတ်နေသော အကြီးအသေး စက်လုံးများ ဖြစ်ကြ၏။ လှောင်အိမ်က တိုးမြှင့်ပေးထားသော စွမ်းအားက အမှန်တကယ်ပင် အားနည်းလာခဲ့ပြီး အားလျော့နေခဲ့သော ရန်သူ၏ အငွေ့အသက်က တိုးတက်လာခဲ့ပြန်သည်။

ခလာ့ခ်နှင့် အေပရယ်တို့က အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်လိုက်သည်။ ဒီရန်သူက အရာအားလုံးကို ပိတ်လှောင်နိုင်တဲ့ တိုက်ပွဲလှောင်အိမ်ထဲမှာ ဒီလိုစွမ်းအားကြီးတဲ့ အားတစ်ခုကို တကယ်ကြီး အသက်သွင်းနိုင်ခဲ့တယ်။ ဒါက လှောင်အိမ်ရဲ့ အထူးပိုင်နက် သက်ရောက်မှုကို ပယ်ဖျက်လိုက်တာပဲ။

ချန်လွေ့က နောက်ဆုတ်မနေတော့ဘဲ ဓားကိုကိုင်ထားသော ဘယ်လက်ဖြင့် ဧရာမ ရွှေရောင်လက်ကို တည့်တည့် ရင်ဆိုင်လိုက်သည်။ မူရက်ဗ်က မအံ့သြဘဲ ပျော်ရွှင်မိသွားသည်။ သူ၏ အားသာချက်က ခွန်အားဖြစ်ပြီး သိဒ္ဓိတပည့် ၁၂ယောက်ထဲရှိ ပြိဿ သိဒ္ဓိတပည့်နှင့် သိဟ် သိဒ္ဓိတပည့်တို့ပြီးလျှင် ဒုတိယ ဖြစ်သည်။ တစ်ဖက်ရန်သူက အားဖြင့် တိုက်ခိုက်လာသည့်အခါ သူ့ဆန္ဒနှင့် ကိုက်ညီနေခဲ့ပေသည်။

မူရက်ဗ်၏ ပျော်ရွှင်မှုများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့၏ ဘယ်လက်မှ ရေပုံစံကွက်၏ ဆန်းကြယ်သော စွမ်းအားအောက်တွင် အင်အားကြီးသော ဧရာမ ရွှေရောင်လက်က နွံအိုင်ထဲ ရောက်နေသလိုမျိုးပင် မည့်သည့်စွမ်းအားကိုမှ ထုတ်မရခဲ့ပေ။ ချန်လွေ့က ပျော့ပျောင်းမှုကိုသာမက စဉ်းစားဉာဏ်ကိုလည်း အသုံးပြုခဲ့သည်။ ရွှေရောင်လက်၏ သက်ရောက်မှုကို ဖယ်ရှားပြီးနောက် ပျော့ပျောင်းသော လက်ဝါးက ဓားသွားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အားဖြင့် လွှင့်ပစ်လိုက်သည်။ လေထဲရှိ ထက်မြက်လှသော ချီစွမ်းအင်က မူရက်ဗ်၏ ချပ်ကာအကာအကွယ်မရှိသော နံရိုးအောက်ပိုင်းကို ခုတ်ပိုင်းလိုက်၏။ ခုနက အရေပြားကို ဖောက်ထွင်းနိုင်သော [ အရှိန်အဝါဓားသွား ] က မူရက်ဗ်၏ နံရိုကို အဖြူရောင်အမှတ်တစ်ခုသာ ကျန်ရစ်စေခဲ့သည်။ [ ယုံကြည်မှုချပ်ကာ ] ကို ဝတ်ဆင်ပြီးနောက် မူရက်ဗ်၏ ခုခံမှုစွမ်းအားက ကြီးကြီးမားမား တိုးတက်သွားပုံရသည်။

ချန်လွေ့က စိတ်ကို စေစားလိုက်ရာ ရေပုံစံကွက်များက ပို၍ပင် ရောယှက်ပြီး မြန်ဆန် သွားခဲ့သည်။ မူရက်ဗ်၏ ပတ်ပတ်လည်၌ အဆက်မပြတ် လည်ပတ်နေသကဲ့သို့ပင်။ မူရက်ဗ်က ဒေါသနှင့် စိုးရိမ်မှုတို့ကြောင့် အကြိမ်ကြိမ် အော်ဟစ်နေခဲ့သည်။ သူ၏ ‌ရွှေရောင်လက်က တောက်ပစွာ လင်းလက်လာ၏။ မရေမတွက်နိုင်သော ပေါက်ကွဲမှုများ ပြီးနောက်တွင် ချန်လွေ့၏ ခန္ဓာကိုယ်က နောက်သို့ လွင့်သွားပြီး သုံးလေးမီတာအကွာတွင် မတ်မတ်ရပ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်၌လည်း သွေးရာအနည်းငယ် ရှိနေခဲ့သည်။

မူရက်ဗ်က ညာဘက်နံရိုးပေါ်၌ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာများဖြင့် ရပ်နေခဲ့ပြီး သွေး အများအပြား စီးကျနေခဲ့သည်။ သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားသော နာကျင်မှုကို ခံစားနေရသကဲ့သို့ပင် အနည်းငယ် တုန်ခါနေ၏။

ခုနက ချန်လွေ့သည် မရေမတွက်နိုင်သော [ အရှိန်အဝါဓားသွား ] များကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ခုတ်ပိုင်းချက်တိုင်းက မူရက်ဗ်၏ အတော်လေး အားနည်းသော ညာဘက်နံရိုးကို ထိသွားခဲ့သည်။ မူရက်ဗ်၏ အရေပြားက မာကြောသည့်တိုင် [ အရှိန်အဝါ ] ဓားသွား၏ တစ်နေရာတည်း၌ အဆက်မပြတ် ခုတ်ပိုင်းမှုကို မခံနိုင်ပေ။ အထူးသဖြင့် ခုခံမှု ပြိုလဲသွားပြီးနောက် ထိုကဲ့သို့ ဝိညာဉ်ကို ထိခိုက်မှုကို သူ့ကို နာကျင်စေသည်။ ရွှေရောင်လက်က အားအပြည့်ဖြင့် ပေါက်ကွဲထွက်သွားခဲ့ကာ ပျော့ပျောင်းသော ရေပုံစံကွက်များကို လုံးဝ ပျက်စီးသွားစေပြီး နောက်ဆုံး၌ ရန်သူ၏ အိပ်မက်ဆိုး ပိတ်လှောင်မှုကို ဖယ်ရှားလိုက်နိုင်သည်။

ခလာ့ခ်က လှုပ်ရှားလိုက်ပြီး လက်များက ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားကာ အလျင်အမြန် ဝေ့ရမ်းလိုက်သည်။ မရေမတွက်နိုင်သော ဖဲချပ်များက ချန်လွေ့ထံ လမ်းကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိလာကြသည်။ ချန်လွေ့ကို လက်ကို ဖြန့်လိုက်ရာ [ အရုဏ်ဦးပစ်ချက် ] သုံးခု ပေါ်ထွက်လာပြီး သူ၏ ပတ်ပတ်လည်တွင် ဝိုင်းရံနေခဲ့သည်။ အနားကပ်လာသော ဖဲချပ်များက [ အရုဏ်ဦးပစ်ချက် ] ကြောင့် ပေါက်ကွဲထွက်ကုန်ကြသည်။

ယခုတွင် ချန်လွေ့က စွမ်းအားတိုးမြှင့်ပေးသော စွမ်းရည်အမျိုးမျိုးကို အလွယ်တကူ ထိန်းချုပ်နေနိုင်မည် ဖြစ်သည်။ ဥပမာအနေဖြင့် ပြောရလျှင် သူက ရေဓားပညာကို [ အရှိန်အဝါဓားသွား ] နှင့် ပေါင်းစပ်ပြီး ယခုတွင် သူက [ အရုဏ်ဦးပစ်ချက် ] အား ခန္ဓာကိုယ် အကာအကွယ် စွမ်းရည်အဖြစ် ပြောင်းလဲလိုက်လေသည်။

မှော်ဖဲချပ်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ၎င်းတို့က အလျင်အမြန်ပင် ဓားများ ကြက်ခြေခတ်ကိုင်ထားကြသော စစ်သည်တော်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ချန်လွေ့ကို ဝိုင်းရံလိုက်သည်။ ချန်လွေ့က ၎င်းတို့မှာ ကြမ္မာတိုက်ပွဲမှ ချန်ပီယံစစ်သည်တော် ဖြစ်ကြောင်း မှတ်မိသည်။ နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ [သရုပ်သကန် ဖန်တီးခြင်း] ။ လက်စသတ်တော့ ဒါက ခလာ့ခ်ရဲ့ တကယ့်အစွမ်းကိုး။

ချန်ပီယံစစ်သည်တော်အပြင် နော်ကထပ် ကျန်ရှိသော မှော်ဖဲချပ်များလည်း ပေါ်ထွက်လာသည်။ စွမ်းရည်နှင့် စွမ်းအားတို့က မှော်ဖဲချပ်၏ ရှေးပြေးပုံစံများ ဖြစ်ကြသည်။ သူတို့ကို အစုအဖွဲ့ နှစ်ခုအဖြစ် ပိုင်းခြားနိုင်ပြီး အမြင့်ဆုံး S- အဆင့်မှ အနိမ့်ဆုံး E- အဆင့် ရှိကြသည်။ ရွှေဘုရင်နှင့် အမှောင်သခင်တို့သာ S- အဆင့် ဖြစ်ကြ၏။ စွမ်းအားအဆင့် နိမ့်လေလေ၊ အရေအတွက်ပိုများလေလေပင် ဖြစ်သည်။ စုစုပေါင်း အယောက် ၅၀၀မှ ၆၀၀ထိ ရှိလေသည်။

အစုအဖွဲ့နှစ်ခုက အသေအချာ လေ့ကျင့်ထားကြပြီး တိုက်ခိုက်မှုများ ပေါင်းစည်းထားသော တကယ့် ဗိုလ်ခြေအသေးစားတစ်ခုကဲ့သို့ ဖြစ်နေသည်။ ချန်လွေ့က အမှန်အကယ်ပင် ထိုအဖွဲ့အစည်းကို အချိန်တိုအတွင် မဖျက်ဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။ “[ဖျက်ဆီးခြင်းအရှိန်အဝါခုန်ချက်]”

မရေမတွက်နိုင်သော ထက်မြက်လှသည့် ချီစွမ်းအင်က ကောင်းကင်တစ်လျှောက် ပျံသန်းနေခဲ့သည်။ ‌တောက်ပ‌နေသော ဓားချီစွမ်းအင်များ ဖြတ်သန်းသွားပြီးနောက် ရွှေဘုရင်နှင့် အမှောင်သခင်တို့ အပါအဝင် စစ်သည်များ အားလုံး ပြာအဖြစ် ပြောင်းလဲသွားကြသည်။ ခလာ့ခ်၏ မျက်နှာက ဖြူဖျော့သွား၏။ သူက အသက်ဓာတ်အများအပြားကို သုံးစွဲလိုက်ရဟန်တူသည်။ သို့သော် သူ့လက်ကို မရပ်တန့်သွားပေ။ မှော်ဖဲချပ်များကို အဆက်ပြတ် ပစ်လွှတ်နေကာ တပ်သားများလည်း အဆက်မပြတ် ထွက်ပေါ်လာနေ၏။ ထိုမှော်ဖဲချပ်များအားလုံးက ပိုင်နက်စွမ်းအားမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ခလာ့ခ် အားအင် မကုန်ခမ်းသရွေ့ စစ်သည်များကို အကန့်အသတ်မရှိ ထုတ်နိုင်ပေသည်။

[ဖျက်ဆီးခြင်းအရှိန်အဝါတိုက်ကွက်]ကလည်း ချန်လွေ့၏ အင်အား အများအပြားကို ကုန်ခမ်းစေသည်။ သူက ခဏခဏ အသုံးမပြုနိုင်ပေ။ ချန်လွေ့က နည်းဗျူဟာပြောင်းပြီး ထိန်းချုပ်သူကို ဖမ်းဆီးရန်အတွက် အစွမ်းကုန် ပျံသွားလိုက်သည်။ ခလာ့ခ်ကို အလဲထိုး နိုင်သည်နှင့် ထိုစစ်သည်များ ပျောက်ကွယ်သွားမည် ဖြစ်သည်။

သူက ခလာ့ခ်ကို ချဉ်းကပ်တော့မည့်အချိန်၌ ကြက်ခြေခတ် အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ခလာ့ခ်၏ပုံရိပ် ပျောက်ကွယ်သွား၏။ ထိုအရာက ကိုလီနာ၏လုပ်ရပ် ဖြစ်သည်။ သူက လှောင်အိမ်ထဲ၌ အဖော်များကို စိတ်ရှိသလို ရွေ့လျားနိုင်သည်။ ထိုတိုက်ပွဲတွင် ကိုလီနာက အဓိက တိုက်ခိုက်သူ မဟုတ်သော်လည်း သူ၏တာဝန်က အကြီးမားဆုံး ဖြစ်ပေသည်။

ချန်လွေ့၏ တိုက်ခိုက်မှုက အချည်းနှီး ဖြစ်ခဲ့ရပြီး စစ်တပ်တစ်ခုလုံး ဝိုင်းရံ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ အခြေအနေက ချက်ချင်းပင် နိမ့်ကျသွားခဲ့ရသည်။

ချန်လွေ့က ကျက်သရေဆောင် စစ်သည်ခေါင်းဆောင်ကို ခေါင်းဖြတ်လိုက်ချိန်၌ ခေါင်းပြတ်နောက်မှ လှံတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာသည်။ ပူလောင်သော မီးတောက်စွမ်းအားများ ရစ်ပတ်နေသော မီးတောက်စွမ်းအားက သူ့ထံသို့ အရှိန်ဖြင့် ရောက်လာခဲ့သည်။

ချန်လွေ့က မြောက်အဏ္ဏဝါဓားဖြင့် အချိန်မီ ခုခံလိုက်နိုင်သည်။ မီးပွင့်များ နေရာအနှံ့ ထွက်ပေါ်လာ၏။ ထိုလှံ၏စွမ်းအားက အလျင်အမြန် ပြင်းထန်ပြီး ပြတ်သားလှသည်။ သူ၏ လက်ထဲမှ မြောက်အဏ္ဏဝါဓား လွတ်ကျတော့မလိုပင် ဖြစ်သွားခဲ့ရသည်။ သူက တန်ပြတ်တိုက်ခိုက်ရန် ပြင်လိုက်စဉ် အေပရယ် မရှိတော့ပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် လှံတံက သူ့နောက်ရှိ နတ်ဆိုးခေါင်းဆောင်၏ နံရံအောက်မှ တဖန်ထွက်ပေါ်လာပြန်သည်။ ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ထဲမှ သတိထားမိသွားပြီ ဖြစ်သည့်အတွဥ် နောက်လှည့်ကာ အလစ်တိုက်ခိုက်မှုကို ခုခံလိုက်သည်။ သူက လှံထိပ်ပေါ်မှ သတ္တုကင်းမြီးကောက် မရှိသည်ကို ရုတ်တရက် သတိထားမိလိုက်ပြီး သူ၏စိတ်ထဲ၌ သတိပေးချက် အချက်ပြများ ရုတ်တရက် လှိမ့်တက်လာခဲ့သည်။ သူ၏ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သွေးနီ‌ရောင် ကင်းမြီးကောက်အမြီးက မြေပြင်ပေါ်မှ ထွက်လာကာာ တိုက်ခိုက်မှု လွဲချော်သွားခဲ့ရသည်။

ချန်လွေ့၏ပုံရိပ် မြေပေါ်သို့ ဆင်းသက်လာသည့် အချိန်မှာပင် ဧရာမ ရွှေရောင်လက် တစ်ခုက ဝီခနဲ ရောက်ရှိလာပြန်သည်။ မူရက်ဗ်၏ ခန္ဓာကိုယ်အမျိုးအစားက မယုံနိုင်စရာ ကောင်းလှသည်။ သူ၏နံရိုးပေါ်မှ ဒဏ်ရာများ အလိုအလျောက် ပြန်ကောင်းသွား၏။ သူ၏ ဝိညာဉ်က အနည်းငယ် ယားယံနေဆဲဖြစ်သော်လည်း သူ၏ တိုက်ခိုက်‌ရေး စိတ်ဝိညာဉ်က ပို၍ပင် လောင်ကျွမ်းနေခဲ့သည်။ သူက ထိုတိုက်ခိုက်မှုတွင် အစွမ်းကုန် သုံးထား၏။ ကြောက်မက်ဖွယ်ရာ စွမ်းအားက ပတ်ဝန်းကျင် နေရာလွတ်ကိုပင် အနည်းငယ် ယိုယွင်းသွားစေခဲ့သည်။ ချန်လွေ့က ၎င်းကို မရှောင်တိမ်းနိုင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌‌ ဖောက်ထွင်းမြင်ရသော အကာအကွယ်ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ ထိုတိုက်ခိုက်မှုက အကာအကွယ်ဒိုင်းကာကို အပြင်းအထန် ထိသွားပြီး အက်ကြောင်းများ ဖြစ်သွားစေခဲ့သော်လည်း မပြိုလဲသွားခဲ့ပေ။

အေပရယ်၏လှံက နောက်မှ တစ္ဆေသဖွယ် ပေါ်ထွက်လာပြီး အကာအကွယ် ဒိုင်းကာကို ထိုးစိုက်လိုက်သည်။ အပြာရောင် လိပ်ခုံးက တုန်လှုပ်သွားခဲ့ပြီး ဘာမှ မဖြစ်သွားခဲ့ပေ။ မူရက်ဗ်၏ ရွှေရောင်လက်က တောက်ပစွာ လင်းလက်လာပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အကာအကွယ် ဒိုင်းကာ၏ အက်ကြောင်းများ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ကြီးမားသော တိုးမြှင့်စွမ်းအားများအပြင် ဧရာမ ရွှေရောင်လက်က အကာအကွယ် မှော်ပညာအားလုံးအတွက် ဝိပါက်တစ်ခု ဖြစ်ပေသည်။ ထပ်ကာထပ်ကာ ပြင်းထန်သော တုန်ခါမှုများ ပြီးနောက်တွင် အကာအကွယ် ဒိုင်းကာက နောက်ဆုံး၌ ပြိုလဲသွားခဲ့သည်။

ချန်လွေ့က အလျင်အမြန် နောက်ဆုတ်လိူက်သော်လည်း အေးပရယ်၏ ကင်းမြီးကောက် အမြီး၏ ထိုးနှက်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ နီနီရဲရဲ အဆိပ်တစ်ခုက သူ့ခန္ဓာကိုယ်ထဲ ကျူးကျော် ဝင်ရောက်လာပြီး သူ၏လှုပ်ရှားမှုများ ရုတ်တရက် နှေးကွေးသွားသည်။ ချန်လွေ့၏ဘေးတွင် အလျားလိုက်ဒေါင်လိုက် အလင်းတန်းများ “အချိန်ကိုက်”ပေါ်ထွက်လာခဲ့ပြီး မ‌ရေမတွက်နိုင်သော အမျှင်များအဖြစ် ပြောင်းလဲသွားကာ သူ့ကို ရစ်ပတ်လိုက်၏။ အနီးအနားရှိ နေရာလွတ်က မူမမှန်သော ရှုံ့တွမှုများ ဖြစ်နေခဲ့သည်။ ချန်လွေ့က ဘက်များစွာရှိသော သလင်းကျောက်ထဲ၌ အေးခဲနေသလို ဖြစ်နေဟန်တူသည်။ သူက ထိုအချိန်၌ မလှုပ်ရှားနိုင်တော့ပေ။

“ဟမ့်...” မူရက်ဗ်က လမ်းလျှောက်လာပြီး သရော်လိုက်သည်။ “နောက်ဆုံးတော့ သူ့ကို မိသွားပြီပေါ့။ ဒီလိုအစွမ်းနဲ့များ ငါ့ကို အားနည်းတဲ့သူလို့ ခေါ်ရဲတယ်ပေါ့။ သူ့ရဲ့ ခြေလက်တွေကို ငါ ရိုက်ချိုးချင်တယ်။”

“ပြဿနာမရှာနဲ့။ သူက အေပရယ်ရဲ့ ကင်းမြီးကောက်အဆိပ် မိထားပြီးတော့ တိုက်ခိုက်ရေး စွမ်းအားတွေ ဆုံးရှုံးသွားပြီ။ ပြီးတော့ ကိုလီနာရဲ့ အကျဉ်းချသလင်းကျောက်က ဖျက်ဆီးလို့ မရနိုင်ဘူး။ သူ့ကို သိဒ္ဓိအလင်းတောင်ဆီ အမြန်ဆုံး ခေါ်သွားကြတာပေါ့။” ခလာ့ခ်က အဝေးမှ မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။ အေပရယ်ကလည်း ခေါင်းညိတ်ပြီး သဘောတူသည်။ တိုက်ပွဲက အလွန်ပင် ပြင်းထန်လှ၏။ သူတို့လေးယောက်သာ အတူတူ မတိုက်ခိုက်ခဲ့လျှင် ရန်သူကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

ထိုအချိန်၌ အကျဉ်းချ သလင်းကျောက် အက်သွားသွား၏။ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုက အက်ကြောင်းထဲမှ ထွက်လာကာ အားလုံး ထိတ်လန့်သွားကြသည်။

ချက်ချင်းပင် အကျဉ်းချသလင်းကျောက် ပျက်စီးသွားခဲ့ပြီး အနီရောင် သားရဲတစ်ကောင် ဖောက်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုနှင့်အတူ ၎င်းက မူရက်ဗ်ထံသို့ အပြင်းအထန် ပြေးဝင်သွားတော့သည်။ မူရက်ဗ်က အလွန်အမင်း ထိတ်လန့်သွား၏။ သူက မလှုပ်ရှားနိုင်တော့သည့်အတွက် ခုခံရုံသာ ရှိတော့သည်။ ကပ်‌ဘေးအခြေအနေ၌ ကိုလီနာက တယ်လီပို့ကို အသုံးပြုလိုက်ပြန်ပြီး ကြက်ခြေခတ် အလင်းတန်းများက မူရက်ဗ်ကို အဝေးသို့ ချက်ချင်းခေါ်သွားကာ တိုက်ခိုက်မှုကို ရှောင်တိမ်းစေခဲ့သည်။

အလွန်ကြီးမားသော အနီရောင်သားရဲက လေထဲသို့ ပြေးဝင်သွားပြီးနောက် ပြန်လှည့်ပြီး မီးတောက်နက် လောင်ကျွမ်းနေသော ပုံရိပ်နှင့် ပေါင်းစပ်သွားသည်။ မီးတောက်နက်က အနီရောင် ပြောင်းသွားပြီး မယုံနိုင်စရာစွမ်းအားများ စုစည်းသွားက သွေးနီရောင် မျက်လုံးထဲသို့ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်နှင့်အတူ တဖြည်းဖြည်း စိမ့်ဝင်သွားခဲ့သည်။

သိဒ္ဓိတပည့်လေးယောက် မတုံ့ပြန်နိုင်ခင်မှာပင် ချန်လွေ့၏ပုံရိပ်က အနီးဆုံးဖြစ်သော မူရက်ဗ်အရှေ့၌ ပေါ်လာခဲ့သည်။ မူရက်ဗ်သည် ခုနက အလွန်ကြီးမားသော သားရဲ၏ တိုက်ခိုက်ခြင်း ခံရသည်ကို ရှက်မိခဲ့သည်။ ရန်သူ ပေါ်ထွက်လာသည်ကို မြင်သည့်အခါ သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဧရာမ ရွှေရောင်လက်ဖြင့် အားကုန် တိုက်ခိုက်လိုက်သည်။

ယခုတစ်ခေါက်တွင် ချန်လွေ့က မရှောင်တိမ်းဘဲ လက်သီးဖြင့် မိတ်ဆက်သည်။ သူတို့ နှစ်ယောက်က အလှကွက်များမရှိဘဲ တိုက်ခိုက်ကြတော့သည်။

တိုက်ပွဲလှောင်အိမ်တစ်ခုလုံးက တုန်ခါသွားပြီး မူရက်ဗ်က နောက်ဆုတ်သွားကာ ချန်လွေ့က မလှုပ်မယှက် ရှိနေ၏။ ယခင်က တိုက်ခိုက်သလိုမျိုးပင်။ သို့သော် ဦးတည်ချက်က ပြောင်းလဲသွားလေပြီ။ ချန်လွေ့၏ခန္ဓာကိုယ်မှ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်လာနေသော်လည်း ထိခိုက်မှု ရှိမနေပေ။ မူရက်ဗ်၏ ခန္ဓာကိုယ် ပတ်ပတ်လည် နေရာလွတ်က အလွန်ကြီးမားသော လှိုင်းလုံးကြီးတစ်ခုသဖွယ် တွန့်လိမ်နေခဲ့ပြီး မူရက်ဗ်၏ အလွန်ကြီးမားသော ခန္ဓာကိုယ် ဒယိမ်းဒယိုင်နှင့် နောက်ဆုတ်နေခဲ့လေသည်။

သူက မြဲမြဲမြံမြံ မရပ်နိုင်ခင်မှာပင် လေကဲသို့ ပုံရိပ်တစ်ခုက မီလာခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်မှုများက အခြားသူများ၏ နားထဲသို့ ပြင်းထန်သော တူတစ်လက်ကဲ့သို့ပင် ကျရောက်လာသည်။ “ဘုန်း...ဘုန်း....ဘုန်း....”

ကိုလီနာက မူရက်ဗ်ကို အဝေးသို့ ပို့လွှတ်ရန် အကောင်းဆုံး ကြိုးစားသော်လည်း ရန်သူ၏ စွမ်းအားက သူ၏ နေရာလွတ်စွမ်းအားကို တွန်းကန်နေခဲ့သည်။ မူရက်ဗ် လွင့်သွားမှသာ သူက အခွင့်အရေးကို အသုံးချပြီး မူရက်ဗ်အား အဝေးသို့ ပို့လွှတ်ခဲ့၏။

ခလာ့ခ်နှင့် အေပရယ်တို့ဘေးနားသို့ ကျရောက်လာသော မူရက်ဗ်က ပျားလဘို့ကဲ့သို့ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်က အံ့သြဖွယ်ရာ လက်သီးချက်များနှင့် ပြည့်နှက်နေ၏။ [ယုံကြည်မှုချပ်ကာ]ကပင် ပုံပျက်ပြီး တွန့်လိမ်နေခဲ့သည်။ ပထမဆုံးအကြိမ်ဖြင့် သူ၏ မျက်လုံးက စစ်မှန်သော အကြောက်တရား အငွေ့အသက် ပြသလာသည်။

“[ ကြယ်ပေါက်ကွဲခြင်း ] ” ။ ချန်လွေ့က နက်ရှိုင်းသောအသံ ထွက်လာသည်။ အလွန်အမင်း တောက်ပသော အလင်းရောင်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်တို့က လူတိုင်းကို ကြယ်ပေါက်ကွဲမှုတစ်ခုကဲ့သို့ အထင်မှားသွားစေသည်။ တိုက်ပွဲလှောင်အိမ်တစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွား၏။

နောက်ဆုံးတွင် အလင်းရောင်များ တဖြည်းဖြည်း ငြိမ်းသွားသည်။ တြိဂံပုံစံ ရှိနေသော မူရက်ဗ်၊ ခလာ့ခ်နှင့် အေပရယ်တို့က စွမ်းအားကို ကွယ်ပျောက်စေရန် အင်အားများ စုစည်းလိုက်ကြသည်။ ထိုတိုက်ခိုက်မှု၏ စွမ်းအားက ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း သိဒ္ဓိတပည့်သုံးယောက်၏ ပူးပေါင်းခုခံမှုကို မဖျက်ဆီးနိုင်ခဲ့ပေ။ သို့သော် သူတို့သုံးယောက်လုံး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ အထူးသဖြင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့သော မူရက်ဗ်က ပိုဆိုးသွား၏။ ဒဏ်ရာများမှ သွေးများ ပန်းထွက်နေပြီး သူက သွေးလူသားကဲ့သို့ ဖြစ်နေလေသည်။

သူတို့သုံးယောက် သက်ပြင်းချလိုက်‌တော့မည့်အချိန်၌ သူတို့၏ မျက်လုံးများက တပြိုင်နက်တည်း ရုတ်တရက် ကျုံ့သွားကြသည်။ ချန်လွေ့၏ပုံရိပ်က သူတို့အ‌ရှေ့၌ ပေါ်ထွက်လာပြီး သူ၏လက်က တစ်စုံတစ်ယောက်ကို လည်ပင်းညှစ်ထား၏။ ထိုသူက ကိုလီနာပင်။

All Chapters