မြင်းစီးပြိုင်ပွဲ
Vol. 43 Ch. 670
ယခင်သိုင်းပညာပြိုင်ပွဲ၌ တစ်ဝက်ခန့် ထွက်သွားရပြီ ဖြစ်သည်။ ဒုတိယအဆင့်တွင် ပါဝင်နိုင်သူများက အားမနည်းကြပေ။ ထိုသူများက မြင်းစီးပြိုင်ပွဲ၌ နောက်ထပ်တစ်ချီ အောင်မြင်သွားခဲ့ပါက ထိုလူရွေးပွဲ၌ လက်ရွေးစင်အဆင့်၌ သတ်မှတ်၍ ရနိုင်မည်ဖြစ်သည်။
အချိန်အကန့်အသတ်တစ်ခုအတွင်း သို့မဟုတ် လှံတံ ကုန်သွားပါက ပြိုင်ဘက်က၏ ရထားလုံးထံ အများဆုံးပစ်နိုင်သူက အနိုင်ရရှိပေမည်။ နှစ်ဖက်လုံးက ပြိုင်ဘက်ကိုပစ်ရန် မအောင်မြင်ခဲ့ပါက သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာပင် ထွက်ရမည်ဖြစ်သည်။
ပေါလ်မှလွဲ၍ လူအများအစုက ကြီးကြပ်သူ ပြင်ဆင်ပေးသော အလင်းစစ်သည်တော်ကို ရွေးချယ်ကြသည်။ လူနည်းစုကသာ မြင်းများကို ထိန်းကျောင်းရန်အတွက် ကိုယ်ပိုင် အစေခံများကို အသုံးပြုကြသည်။ ထိုအစေခံများက မြင်းထိန်းရာ၌ တော်ကြပြီး အပြန်အလှန် နားလည်မှုကြောင့် ပို၍ အဆင်ပြေပြေ အလုပ်လုပ်နိုင်၏။
ပေါလ်၏ ပထမဆုံးပြိုင်ဘက်က တန်မ် အမည်ရသော B- အဆင် စစ်သည်တော်ဖြစ်ကာ ထိုသူက အလင်းစစ်သည်တော်အား ရွေးချယ်ထားခဲ့သည်။ တစ်ယောက်ချင်းသာဆိုလျှင် အနိုင်အရှုံးက မျက်စိတစ်မှိတ်အတွင်း ဆုံးဖြတ်နိုင်၏။ သို့သော်လည်း ထိုကဲ့သို့ အလှမ်းဝေး တိုက်ပွဲမျိုးက လုံးဝ ကွဲပြားသည်။ ပထမဆုံးအနေဖြင့် ရထားလုံးများက အချင်းချင်း မီတာ၅၀အထိ မကပ်နိုင်ရန်အတွက် ဝင်ရိုးတူသော သံလိုက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် မှော်လှံတံများကလည်း ပြိုင်ပွဲဝင်များကို မထိခိုက်စေရန်အတွက် အထူးပြုလုပ်ထား၏။ ၎င်းက အသုံးပြု၏စွမ်းအားကို စုပ်ယူနိုင်သည့်အပြင် ပစ်ခတ်မှုစွမ်းအားနှင့် အရှိန်ကိုလည်း လျော့ကျစေနိုင်သည်။ ထိုအရာက နှစ်ဖက်လုံး၏ စွမ်းအားများကို မျှခြေညီနိုင်သွားစေသည်။ စွမ်းအား ကွာဟချက် ရှိနေသေးသော်လည်း ခြားနားချက်က အတော်လေး ကျဉ်းမြောင်းသွားပြီး ရလာဒ်ကို ပို၍ ခန့်မှန်း၍ မရနိုင် ဖြစ်သွားစေသည်။
ပေါလ်၏ ပြိုင်ပွဲ စတင်တော့သည်။ နှစ်ဖက်လုံးက အလွန်ကြီးမားသော လက်စွပ်ပုံစံ ကွင်းထဲသို့ အမြန်ပြေးဝင်သွားပြီး အလှမ်းဝေးတိုက်ပွဲကို စတင်တော့သည်။
ရထားလုံးတစ်ခုစီတွင် မြင်းလေးကောင် ရှိသည်။ [ သရုပ်ခွဲမျက်လုံး ] ရှိသော ချန်လွေ့အတွက် ထိုသေချာပျိုးထောင်ထားသော မြင်းများက မိုးကြိုးငှက်နှင့် အခြား သတ္တဝါများထက် ဆက်သွယ်ရ ပိုမိုလွယ်ကူနေသည်။ သူက အလျင်အမြန်ပင် ထိန်းချုပ်မှု အပြည့်အဝ ရရှိသွားခဲ့သည်။
ပြိုင်ဘက်ဖြစ်သူက ပေါလ်က သူတော်စင်အဆင့် ရောက်နေပြီဖြစ်ကြောင်း သိသည့်အတွက် မဆင်မခြင် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ အစပိုင်း၌ သူက ရထားလုံးကို လှည့်ပတ်ပြီး ပေါလ်နှင့် အဝေးတွေင် နေနေစေသည်။ အချိန်အကန့်အသတ်ကြောင့် နှစ်ဖက်လုံး မပစ်ရလျှင် သူတို့နှစ်ယောက်လုံး ထွက်ရမည်ဖြစ်သည်။ သို့သော်လည်း မည်သူမှ မထွက်ချင်ပေ။ ထို့ကြောင့် တစ်ဖက်က အရင်ဦးစွာ လှုပ်ရှားရပေမည်။ အနိုင်ရရန် အလျင်လိုနေပါက အမှားများ လုပ်မိနိုင်၏။ ထိုသို့ဆိုလျှင် သူက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရရှိပြီး အားကောင်းသော ပြိုင်ဘက်ကို အနိုင်ယူနိုင်ပေမည်။
တန်မ်၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် အကြံအစည်များက ကောင်းမွန်လှပြီး အစီအစဉ်ကလည်း တိကျလှသည်။ သို့သော် ရထားလုံးက ရှေ့သို့ အမြန်ရောက်လာသောအခါ တစ်ခုခုကို ရုတ်တရက် သတိထားမိသွားသည်။ ပြိုင်ဘက်က အနီးကပ်လာနေ၏။ သူ မျက်မှာင်ကြုတ်လိုက်မိသည်။
တကယ်လို့ မြင်းတွေက အခု အရှိန်ကုန် ပြေးနေမယ်ဆိုရင် နောက်ပိုင်း ပြေးနိုင်တော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ပြိုင်ဘက်က အချိန်အကြာကြီး တိုက်ခိုက်ဖို့ စိတ်မရှည်တဲ့ပုံပဲ။ သူက မြန်မြန် အဆုံးသတ်ချင်နေတယ်။ အခုက ဒီစိတ်ပိုင်းဆိုင်ရာ နှောင့်နှေးမှုကို အခွင့်အရေးယူဖို့ အချိန်ကောင်းပဲ။ သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ “အရှိန်တင်လိုက်။ သူတို့နဲ့ ဝေးဝေးကို ရောက်အောင်သွား။”
အလင်းစစ်သည်တော်က သူ့စကားအတိုင်း မြင်းများကို ထိန်းချုပ်လိုက်သည်။ သို့သော် ရထားလုံး အမြန်နှုန်း တိုးသွားသော်လည်း ပေါလ်က နောက်မှ အလျင်အမြန် ချဉ်းကပ်လာနေဆဲ ဖြစ်ပြီး အကွာအဝေးက နီးကပ်လာပြန်သည်။ သူက တိတ်တဆိတ် ထိတ်လန့်သွားပြီး အလောတကြီး အော်ပြောလိုက်သည်။
“မြန်မြန်လုပ်။”
“မြန်မြန်”
အလင်းစစ်သည်တော်က ပြန်ဖြေလိုက်ည်။ “ဒါက အမြန်ဆုံးပဲ။”
“ဟမ်။ နေပါဦး။ ဘာလို့ သူတို့က ဒီလောက်မြန်နေရတာလဲ။” တန်မ်က ထိတ်လန့်သွား၏။ ပေါလ်က လက်ထဲတွင် မှော်လှံတံကို ကိုင်ထားရင်း ရထားလုံးပေါ်၌ ရပ်နေသည်ကို မြင်သည့်အခါ သူက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ညာဘက် ချက်ချင်း ကွေ့လိုက်။”
သို့သော်လည်း နောက်ကျသွားလေပြီ။ အလင်းများ တလက်လက် ဖြစ်သွားပြီးနောက် ပေါလ်က အမှန်တကယ်ပင် တစ်ခဏချင်း လှံတံ၂၀ ပစ်လွှတ်လိုက်၏။ ရွှေရောင်လှံတံများက အဆက်မပြတ်ဖြစ်နေသော မျဉ်းကွေးတစ်ခုအဖြစ် စီတန်းသွားခဲ့သည်။ ချက်ချင်းပင် တန်မ်၏ အမြင်များ နှေးကွေးသွားခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးက အဆဒါဇင်ခန့် ပိုမိုမြန်ဆန်လာ၏။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ရထားလုံးမှ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်လာတော့သည်။
အချက်၂၀လုံးက ပစ်မှတ်ကို ထိသွားပြီး တန်မ်သည် ပြိုင်ပွဲမှ ထွက်သွားခဲ့ရ၏။
ရှုံးနိမ့်သွားခဲ့သော တန်မ်၏ ပထမဆုံး တုံ့ပြန်မှုမှာ အသနားခံခြင်းဖြစ်ပြီး ပေါလ်၏ မြင်းအမြန်နှုန်းကို မေးခွန်းထုတ်သည်။ ကြီးကြပ်ရေးမှူချုပ်က အသေအချာ စစ်ဆေးပြီးနောက် နှစ်ဖက်လုံး၏မြင်းများမှာ အတူတူဖြစ်ပြီး မည်သည့်လှည့်ကွက်မှ မသုံးခဲ့ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။ ပေါလ်၏မြင်းက အထူးအမြန်နှုန်းဖြင့် သွားနိုင်သူမှာ စီးနင်းသူက ထူးချွန်သော သားရဲထိန်းကျောင်းစွမ်းရည်ကို အသုံးပြုသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ထိုချီးမွမ်းမှုကြောင့် နဂိုက မထင်မရှားဖြစ်နေခဲ့သော ချန်လွေ့က အလျင်အမြန်ပင် ပြိုင်ပွဲဝင်များ၏ မျက်လုံးထဲသို့ ရောက်ရှိလာကြသည်။ ပေါလ်တွင် သားရဲထိန်းကျောင်း ပညာရပ်၌ ကျွမ်းကျင်သော လက်အောက်ငယ်သား တစ်ယောက်ရှိကြောင်း အားလုံး သိကြသည်။ နောက်ထပ်ပြိုင်ပွဲ၌ ကြီးကြပ်ရေးမှူချူပ် ပြောဆိုသည့် ချန်လွေ့က “ထူးချွန်သော” သားရဲထိန်းကျောင်းစွမ်းရည်ကို ပြီးပြည့်စုံစွာ ပြသပြီး တောက်ပနေတော့သည်။
အကြိုဗိုလ်လုပွဲ၌ ဖြစ်ပွားသော အစောင့်မျှော်နေကြဆုံး ပြိုင်ပွဲမှာ ပေါလ်နှင့် စတန်ဝဲလ်တို့ အချင်းချင်း တိုက်ခိုက်ကြရသော ပွဲစဉ် ဖြစ်၏။
စတန်ဝဲလ်၏ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းနားသို့ နီးကပ်နေလေပြီ။ သူက ပထမဆုံး သိုင်းပြိုင်ပွဲ၌ ချန်ပီယံ ဖြစ်ထားသူ ဖြစ်သည်။ သူက သိုင်းပညာပြိုင်ပွဲ၌ ပေါလ်ကို အလွယ်တကူ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း မြင်းစီးပြိုင်ပွဲ၌ သူက အနိုင်ရရှိခဲ့ဖူးသော ပြိုင်ဘက်နှင့် ပြန်ဆုံတွေ့ရသည့်အခါ လုံးဝ မထင်မှတ်ထားသော ရလာဒ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။
လှံတံ၏ ဝိသေသလက္ခဏာများကြောင့် နှစ်ဦးအကြားမှ စွမ်းရည် ခြားနားက ကျဉ်းမြောင်း သွားခဲ့သည်။ အလှမ်းဝေးတိုက်ပွဲတစ်ချီပြီးနောက် ပေါလ်နှင့် စတန်ဝဲလ်တို့က အချင်းချင်း ၇ချက် ထိပြီးသွားပြီ ဖြစ်သည်။ အပေါ်ယံ၌ ရလာဒ်များက တူညီနေသော်လည်း ပေါလ်၏ ခုနစ်ချက်မြောက် ပစ်ချက်က စတန်ဝဲလ်ထက် အချိန်အသာစီး ရနေဆဲ ဖြစ်သည်။ သို့ရာတွင် စတန်ဝဲလ်၌ လှံတံ ၅ချောင်း ရှိနေသေးသည်။ ထို့ပြင် ပေါလ်၌ လှံတံ မရှိတော့ပေ။ စတန်ဝဲလ်က ပေါလ်က နောက်ထပ်တစ်ချက် ထပ်ထိသည်နှင့် ပေါလ် ထွက်ရမည် ဖြစ်သည်။
အနိုင်ရရှိတော့မည်ဟု တွေးနေသော စတန်ဝဲလ်က တိုက်ခိုက်မှု စတင်လိုက်သောအခါ ပေါလ်၏ ရထားလုံးက ရုတ်တရက် မယုံနိုင်စရာ လှုပ်ရှားမှုများ ပြုလုပ်လိုက်တော့သည်။ S ပုံစံ၊ Z ပုံစံ ရှောင်တိမ်းခြင်းများ၊ ရုတ်တရက် ဘရိတ်အုပ်ခြင်းနှင့် ဖော်ပြ၍မရသော “တရွတ်တိုက်ဆွဲ” ခြင်းတို့ ပြုလုပ်ခဲ့၏။ ထိုကဲ့သို့ မယုံနိုင်စရာ လုပ်ရပ်များကြောင်း အမှန်တကယ်ပင် စတန်ဝဲလ်၏ လှံတံ ၅ချောင်းစလုံး လွဲချော်သွားခဲ့လေသည်။ နောက်ဆုံး ရလာဒ်က ၇ချက် ၇ချက် ဖြစ်ခဲ့၏။ သို့သော် ပေါလ်က အရင်ဦးအောင် ပစ်နိုင်ခဲ့သည့်အတွက် စတန်ဝဲလ်က ထွက်သွားရလေသည်။
ထိုပြိုင်ပွဲက ပရိသတ်များကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ လူတိုင်းနီးပါးက ရထားလုံး၏ မယုံနိုင်စရာ လှုပ်ရှားမှုများနှင့် “ရစ်ချက်”၏ အံ့သြဖွယ်ရာ သားရဲထိန်းချုပ်မှု အကြောင်း ပြောနေကြသည်။ ပေါလ်၏ အားသာချက်က သိသာနေပြီဖြစ်သည့်အတွက် ဒုတိယနေ့တွင် ဗိုလ်လုပွဲက သိပ်ပြီး မကြာလိုက်ပေ။ သူက တိုက်စစ်ကိုသာ အာရုံစိုက်ရန် လိုအပ်သည်။ သူ၏ အကူအညီအရဆုံး အစေခံ “ရစ်ချက်”က မောင်းနှင်ခြင်းနှင့် စေခိုင်းခြင်းကို တာဝန်ယူမည် ဖြစ်သည်။
ဤသို့ဖြင့် ပေါလ်က မြင်းစီးပြိုင်ပွဲတွင် ပထမ ရရှိခဲ့သည်။ ထိပ်ဆုံးသုံးယောက်က တတိယအဆင့် အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ပထမ ပြိုင်ပွဲနှစ်ခု ပြီးနောက်တွင် တတိယအဆင့်၌ ပြိုင်ပွဲဝင် စုစုပေါင်း ၄၈ယောက်သာ ကျန်ရှိတော့သည်။ ပတ်လည်ကစားရာ၌ ပေါလ်သည် နိုင်ပွဲတစ်ပွဲရှိသော နောက်ဆုံး အောင်နိုင်သူ ၂၀ထဲမှ တစ်ဦး ဖြစ်လာနိုင်ပေသည်။ နတ်ဘုရားကျောင်းစစ်သည်တော် ဂုဏ်ပုဒ်က သေချာနေပြီ ဖြစ်သည်။
မြင်းစီးပြိုင်ပွဲ၌ ပေါလ် အနိုင်ရရှိခဲ့ပြီးနောက် ကောင်းကင်ချိပ်ပိတ်ခန်းမနှင့် ကြယ်စုဝေးခန်းမတို့၏ ဖိတ်ခေါ်ခြင်းကို ချက်ချင်းပင် ရရှိခဲ့သည်။ အကယ်၍ ဥယျာဉ်မြို့တော်သို့ မသွားခင်ကဆိုလျှင် ပေါလ်က မည်သည့် အဖွဲ့ကိုမဆို ဝင်ရောက်ရန် မတုံ့ဆိုင်းသော်လည်း ယခုတွင် သူက သိဒ္ဓိကောင်းချီးခန်းမသို့ ဝင်ရောက်ပြီး သိဒ္ဓိမိန်းမပျိုနှင့်ပင် တွေ့ပြီးပြီ ဖြစ်သည်။ သူ တုံ့ဆိုင်းနေသေးလျှင် နှစ်ဖက်လုံးကို အာခံမိမည်ဖြစ်သည့်အတွက် သူက ထိုအချိန်၌ တစ်ဦးချင်းကို ယဉ်ယဉ်ကျေးကျေးနှင့် ငြင်းပယ်ခဲ့လေသည်။
နေ့လယ်ပိုင်းတွင် သိဒ္ဓိမိန်းမပျိုက ချန်လွေ့နှင့် ပေါလ်တို့ကို ဆင့်ခေါ်လိုက်ပြန်သည်။ ယခုတစ်ခေါက် သူတို့ကို တောင်ပေါ်သို့ ခေါ်သွားသည်မှာ အယ်လီဇာ မဟုတ်ဘဲ နတ်သူငယ်-တစ်ပိုင်း မီရန်ဒါ ဖြစ်နေသည်။ တမင်ဖန်တီးထားသော နတ်သူငယ်ပုံပြင်ကြောင့် ချန်လွေ့က လိင်တူကြိုင်သည်ဟု မသတ်မှတ်ခံရရန် မီရန်ဒါအတွက် စိတ်အားထက်သန်မှုများ ပြသနေခဲ့သည်။ ကံကောင်းစွာပင် နတ်သူငယ်-တစ်ပိုင်း မိန်းကလေးက “ရစ်ချက်”ကို အလွန်အမင်း ရွံရှာနေပြီး သူ၏ ချီးမွမ်းနေခြင်းများကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ချန်လွေ့က “အရှက်ရ”နေဟန်တူသည်။ ပေါလ်က ၎င်းကို မြင်လိုက်ပြီး ထိုနည်းအတိုင်း ဂျိုအန်နာ၏ အငြင်းခံရဖူးသော မိမိအဖြစ်ကို ပြန်တွေးလိုက်မိသည်။ သူ၏စိတ်ထဲ၌ ဖုံးကွယ်ထားသော စိတ်ကျမှုများက ရှင်းပြ၍မရဘဲ ပြေလျော့သွားပြီး ဒေါသထွက်နေသော လက်အောက်ခံများ စိတ်ပြေအောင် ပုခုံးပုတ်ပေးလိုက်သည်။
ထူးဆန်းသော တမန်တော်ရုပ်ထုကို ဖြတ်ကျော်ပြီးနောက် လူအများအပြားက သိဒ္ဓိကောင်းချီး ခန်းမသို့ ဝင်ရောက်လာကြသည်။ ချန်လွေ့က သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် ပြန်လည် တွေ့ဆုံရပြန်သည်။
“မီရန်ဒါ။ မင်း အရင် ဆင်းသွားတော့။” ယူဒိုရာက အသာလေး ပြောလိုက်သည်။ မီရန်ဒါက ဦးညွှတ်ပြီး နောက်ဆုတ်သွားသည်။ ချန်လွေ့က တရိုတသေနှင့် ဦးညွှတ်လိုက်သော်လည်း သူ့မျက်လုံးများက ထွက်ခွာသွားသော ကျက်သရေရှိလှသည့် နောက်ကျာကို တိတ်တိတ်လေး စိုက်ကြည့်နေခဲ့သည်။ သူက အနည်းငယ် မြန်နေသော နှလုံးခုန်သံများကို ထိန်းချုပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ ယူဒိုရာ၏ အပြာရောင် မျက်လုံးထဲ၌ လက်ခနဲ ဖြစ်သွား၏။ သူက ပြောလိုက်သည်။ “ပေါလ်။ မြင်းစီးပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ အခု မင်းက နတ်ဘုရားကျောင်း စစ်သည်တော် ဖြစ်လာဖို့အတွက် တစ်ဆင့်ပဲ လိုတော့မယ်။ ဒါပေမဲ့ မင်း သတိလက်လွတ် ဖြစ်လို့ မရဘူး။ ဖြစ်နိုင်ရင် မင်း နောက်ဆုံးပွဲမှာ အနိုင်ရဖို့ ငါ မျှော်လင့်တယ်။ ဒါက သိဒ္ဓိကောင်းချီးခန်းမအတွက် ကျက်သရေဆောင် ဖြစ်လာလိမ့်မယ်။ မင်းလည်း အာရုံစိုက်မှု ရလာပြီးတော့ အထက်လူကြီး တစ်ယောက်ယောက်ရဲ့ မြှောက်စားမှုကို လက်ခံရရှိလိမ့်မယ်။”
နောက်ဆုံးစကား၌ ပေါလ်က အလွန်ပျော်ရွှင်သွားပြီး ပြောလိုက်၏။ “ကျုပ် အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အရှင်မ။”
တစ်ဦးချင်းတိုက်ပွဲနှင့် မြင်းစီးပြိုင်ပွဲတို့နှင့်ယှဉ်လျှင် နောက်ဆုံး အဖွဲ့လိုက်ပြိုင်ပွဲက အမိန့်ပေးခြင်း ဖြစ်သည်။ အမိန့်ပေးရသော အဖွဲ့ဝင်များက ကိုယ်တိုင် တိုက်ခိုက်၍ မရပေ။ ထို့ကြောင့် ကိုယ်ပိုင်စွမ်းအားကြီးမားသည့် စတန်ဝဲလ်ကဲ့သို့ ပြိုင်ဘက်များက အစွမ်းများ ထုတ်ပြ၍ မရနိုင်ပေ။ သို့သော်လည်း ပေလ်က မိမိ၏ စစ်ရေးနည်းဗျူဟာများကို အတော်လေး ယုံကြည်ချက်ရှိနေသည်။
ယူဒိုရာက သဘောတူစွာဖြင့် ခေါင်းညိတ်ပြီး မေးလိုက်သည်။ “မင်းရဲ့ဆရာကို အဲဒီပစ္စည်း ပေးခဲ့လား။ သူ တစ်ခုခု ပြောသေးလား။”
“အရှင်မရဲ့ ညွှန်ကြားချက်အတိုင်း ဆရာ့ကို ပေးပြီးပါပြီ။ ဆရာက အတွေးထဲမှာ နစ်မျောသွားတဲ့ပုံပဲ။ ပြီးတော့ သူက ကျုပ်ကို ဆုံးဖြတ်ပြီးပြီလားလို့ မေးခဲ့တယ်။ ကျုပ်ကလည်း ပြီးပြီလို့ ပြန်ဖြေခဲ့တယ်။” ပေါလ်က ခေါင်းငုံ့ပြီး ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ “ဆရာက ပစ္စည်းကို ယူပြီးတော့ အများကြီး မပြောခဲ့ဘူး။ သူက နောက်ပစ္စည်းတစ်ခု ထုတ်ပြီးတော့ အရှင်မကို ပေးခိုင်းလိုက်တယ်။ ပြီးတော့ ကျေပြီ လို့လည်း စကားပါးခိုင်းလိုက်တယ်။”
ယူဒိုရာက ခဏကြာ စဉ်းစားနေလိုက်သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ ပုလင်းက သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ “သဘောပေါက်ပြီ။ မင်း အရင်ပြန်တော့။ ရစ်ချက်က နေခဲ့။”
သိဒ္ဓိမိန်းမပျိုက ချန်လွေ့ကို တစ်ယောက်တည်း နေခိုင်းသည့်အတွက် ပေါလ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ ဘာမှ မမေးခဲ့ဘဲ အရိုအသေပြုပြီးနောက် ထွက်သွားလိုက်သည်။
ပေါလ် ထွက်သွားပြီးနောက် ယူဒိုရာက ချန်လွေ့ထံ ဖြည်းဖြည်းချင်း လမ်းလျှောက်လာ၏။ “ရစ်ချက်။ ဒါက မင်းရဲ့ နာမည်အရင်းလား။”
ချန်လွေ့က မိမိကို ယူဒိုရာ မည်သည့်အတွက်ကြောင့် တစ်ယောက်တည်း နေခိုင်းကြောင်း မသိပေ။ သူက အမြန်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ “အရှင်မ။ အမှန်အတိုင်း ပြောရရင်တော့ ဒါက ကျုပ်ရဲ့ နာမည်အရင်း မဟုတ်ပါဘူး။ ကျုပ်အသုံးပြုတဲ့ နာမည်တွေထဲက တစ်ခုပါ။ ကျုပ်က အင်ပါယာတစ်ခုရဲ့ မိသားစုကြီးတစ်ခုကနေ လာပြီးတော့ ယှဉ်ပြိုင်မှုတစ်ခုမှာ ရှုံးနိမ့်ခဲ့လို့ ထွက်လာခဲ့ရတာပါ။ ကျုပ်ပိုင်ဆိုင်တဲ့အရာကို ပြန်မယူခင် ကျုပ်က သာမန် လှည့်လည် သွားလာသူ တစ်ယောက်အနေနဲ့ပဲ နေမယ်လို့ သစ္စာဆိုခဲ့ဖူးတယ်။”
“ဒီတော့ အရာအားလုံးကို ပြန်ရဖို့အတွက် မင်းက ပေါလ်ရဲ့စွမ်းအားကို အသုံးချဖို့အတွက် သူ့ကို ရွေးချယ်ခဲ့တာပေါ့။”
“ဟုတ်ပါတယ်။” ချန်လွေ့က ယူဒိုရာသည် မိမိအကြောင်း အသေးစိတ်ကို စုံစမ်း ပြီးလောက်ပြီ ဖြစ်ကြောင်း သိနေသည်။ “ရစ်ချက်”သည် ယခင်က ဂူဒန်မြို့၌ မရှိခဲ့ပေ။ ထို့ကြောင့် “ရစ်ချက်”ဆိုသည်မှာ သူ၏ နာမည်ဝှက်တစ်ခုဖြစ်ကြောင်း တမင်တကာ ပြောခဲ့ဖြင်း ဖြစ်၏။
“ဒီတော့ တိတိကျကျ ပြောရမယ်ဆိုရင် မင်းက ဇစ်မြစ်မသိရတဲ့ လူတစ်ယောက်ပေါ့။ ဒါပေမဲ့ မင်းပြောတာကို ကြည့်ရသလောက်တော့ ခံစားချက်ပဲဖြစ်ဖြစ်၊ နှလုံးခုန်နှုန်းပဲဖြစ်ဖြစ်၊ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မင်းက အမှန်အတိုင်း ပြောနေတာ။ ဒုတိယက မင်းမှာ အတော်လေးကို ကြောက်စရာကောင်းတဲ့ စိတ်နဲ့စွမ်းအား ရှိနေပြီးတော့ ငါ့ရဲ့ အာရုံကိုတောင် လှည့်စားနိုင်နေတာပဲ။” ထိုသို့ပြောနေရင်း ယူဒိုရာ၏မျက်လုံးများက ချန်လွေ့၏မျက်နှာကို စိုက်ကြည့်နေလိုက်သည်။
ချန်လွေ့က တိတ်တိတ်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ကံကောင်းစွာပင် ခုနက သူသည် စိတ်ခံစားချက် အပြောင်းအလဲများကို တမင်တကာ ထိန်းချုပ်ခဲ့သည်။ သူက ချက်ချင်းပင် အံ့အားသင့်သော အမူအရာတစ်ခု ပြုလုပ်လိုက်ပြီးနောက် ခါးသက်သက် ပြုံးလိုက်၏။ “ဖြစ်နိုင်မယ်ဆိုရင် ကျုပ်က ဒုတိယတစ်ခုပဲ ဖြစ်ချင်ပါတယ်။”
ယူဒိုရာက မျက်နှာဖုံးနောက်ကွယ်က အသာလေး ပြုံးလိုလိုက်သည်။ “မင်းက သိဒ္ဓိကောင်းချီးခန်းမကို ဝင်ရောက်ပြီးတော့ ငါ့ကို ကိစ္စတစ်ခု ပြီးမြောက်အောင် လုပ်ပေးမယ်ဆိုရင် မင်းရဲ့ လိုအပ်ချက် သုံးခုကို ဖြည့်ဆည်းပေးမယ်။ မင်းက အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ အာဏာ၊ လုပ်ပိုင်ခွင်းနဲ့ တခြားအရာတွေကို လိုချင်တာပဲဖြစ်ဖြစ် အိပ်မက်တစ်ခု မဟုတ်တော့ဘူး။”