← Chapters

နှင်းဒဲလက်ပန်း

Vol. 43 Ch. 674

နှင်းဒဲလက်ပန်း

Vol. 43 Ch. 674

အောင်မြင်တော့မည် ဖြစ်သည့်အတွက် အယ်လီဇာ၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။ သူက ဝိညာဉ်ဘာသာစကား စွမ်းအားကို ရရှိသွားသည်နှင့် မီရန်ဒါက “ရစ်ချက်”ကို ငြင်းကာ သတ်ပစ်လိုက်ပြီးနောက် သူနှင့် ပေါလ်တို့ ရောက်လာကာ မီရန်ဒါကို သတ်ပစ်လိုက်သည့် ပုံစံမျိုး ဖန်တီးလိုက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကြာရှည်စီစဉ်ထားခဲ့သော အကြံအစည်က ပြီးမြောက်သွားလေပြီ။

အယ်လီဇာက ဆရာမဖြစ်သူ၏ စိတ်နေသဘောထားကို နားလည်သည်။ ယူဒိုရာ တန်ဖိုးထားသည်က “ရစ်ချက်”ဆိုသည့်လူကို မဟုတ်ဘဲ ဇာမဏီငှက်နှင့် စကားပြောနိုင်သော သူ၏ စွမ်းရည်ကို ဖြစ်သည်။ အယ်လီဇာတွင် ဝိညာဉ်ဘာသာစကား ရှိသွားသည်နှင့် သူက ၎င်းကို ရစ်ချက်ထက် ပို၍ ကောင်းအောင် အသုံးချနိုင်မည်ဟု ယူဆသည်။ ထိုကဲ့သို့ တန်ဖိုးဖြင့်ဆိုလျှင် ထိုအခြေအနေမျိုးက သူ့အတွက် ဆင်ခြေပေး၍ ရနိုင်ပြီး မီရန်ဒါကို စတေးလိုက်သည့်တိုင် အပြစ်ပေးခံရမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

“ရစ်ချက်”၏ မျက်လုံးများက အနီရောင် ပြောင်းသွား၏။ အယ်လီဇာက ထိုအရာက ဝိညာဉ်ဘာသာစကား လွှဲပြောင်းပေးခြင်း၏ လက္ခဏာဖြစ်ကြောင်း သိသည်။ သူက အလျင်အမြန်ပင် ထိုမျက်လုံးများကို စိုက်ကြည့်လိုက်ရာ ထူးဆန်းသော စိတ်ဝိညာဉ်စွမ်းအား အများအပြားကိုသာ ခံစားလိုက်ရသည်။ သူက အတော်လေး သက်တောင့်သက်သာ ဖြစ်သွား၏။ ချက်ချင်းပင် သူက သိဒ္ဓိကောင်းချီးခန်းမ၏ အရှင်သခင်ဖြစ်သွားပြီး ဆရာဖြစ်သူအား ခြေထောက်အောက်၌ ပြားပြားဝပ်စေခဲ့ပြီး အခြားဘုရားကျောင်းနှစ်ခုကို အနိုင်ယူကာ သိဒ္ဓိအလင်းတောင်၏ အန္တိမအုပ်စိုးသူ ဖြစ်လာခဲ့ရင်း သတ္တဝါများအားလုံးကို နတ်ဘုရားသဖွယ် ငုံ့ကြည့်နေလေသည်။ သူ၏မသိစိတ်က မဖြစ်နိုင်ကြောင်း ပြောနေသော်လည်း ထိုကဲသို့ နှိုင်းယှဉ်၍မရသော ကျေနပ်စိတ်ကြောင့် ထိုအိပ်မက်မှ သူ မနိုးထချင်ခဲ့ဘဲ ပို၍ပင် စွဲလမ်းသွားခဲ့သည်။

အသံတစ်သံ ထွက်ပေါ်လာ၏။ “ရစ်ချက်ကို ဘာလို့ သတ်တာလဲ။”

“ရစ်ချက်ရဲ့ ဝိညာဉ်ဘာသာစကားကို လိုချင်လို့....” အယ်လီဇာက ပြန်ဖြေလိုက်မိသည်။

“ဘာလို့ မီရန်ဒါကို သတ်ရတာလဲ။”

“ကျွန်မမှာ သူ့အတွက် ဖြေရှင်းလို့ မရတဲ့ အမုန်းတရားတစ်ခု ရှိတယ်။ တာဝန်တစ်ခုမှာ သူ့ရဲ့ ညီအစ်မကို ကျွန်မ သတ်ပစ်ခဲ့တယ်။ ဆရာမကလည်း စည်းမျဉ်းတွေထဲမှာ ကျွန်မတို့ကို ယှဉ်ပြိုင်ကြဖို့ တွန်းအားပေးတယ်။ အနိုင်ရတဲ့သူက အကုန်စားစတမ်းပဲ။”

“ယူဒိုရာက အဲဒီနတ်ဆိုးသားရဲဥကို ဘာလို့ လိုတာလဲ။”

“အဲဒါက ဇာမဏီငှက်ဥ။ ဆရာမက မီးနဲ့အလင်းဒြပ်စင် လေ့ကျင့်တာ။ သူက ဇာမဏီငှက်ကို ဥပေါက်အောင် လုပ်ပြီးတော့ လျို့ဝှက်ပညာရပ်သုံးပြီး ဝါးမျိုချင်နေတာ။ ပြီးရင် သူက တကယ့် တိုင်းပြည့်ဖန်တီးနိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်အဆင့်ကို ရောက်နိုင်မယ့် အခွင့်အရေး ရရှိလာလိမ့်မယ်။”

“မီရန်ဒါတောင် မီးတောက်ခန်းမကို ဝင်လို့ မရဘူး။ မင်းက ဘာလို့ ဒီလျို့ဝှက်ချက်ကို သိနေတာလဲ။”

“ကျွန်မမှာက လူတစ်ယောက်ရဲ့ စိတ်ကို ညှို့ငင်နိုင်တဲ့ စွမ်းအားရှိလို့။ ပြီးတော့ ကျွန်မ ပြောပြလို့မရ.....” အယ်လီဇာက အနည်းငယ် ရုန်းကန်နေဟန်တူသည်။

“ငါမေးတာကို ဖြေစမ်း။”

“ကျွန်မ...ကျွန်မရဲ့ အမေ ဆရာမရဲ့ ညီအစ်မ ဖြစ်လို့ပါ...”

ထိုအဖြေမျိုးက မထင်မှတ်ထားသည့်အရာ ဖြစ်သည်။ ဦးလေးက ရေဖျန်းဘုန်းတော်ကြီး၊ ဒေါ်လေးက သိဒ္ဓိမိန်းမပျို၊ တရားဝင်မွေးဖွားလာပြီးတော့ ကောင်းကောင်းမွန်မွန်း ကြီးပြင်း ခဲ့ရတာလား။ ဒါဆိုရင် သူက လျို့ဝှက်ချက်တွေ ပိုပြီးတော့ သိနိုင်မှာပေါ့။

“မင်း ရာဖယ်ရယ်ကို တွေ့ဖူးလား။ ကောင်းကင်တမန်သုံးပါးရဲ့ လျို့ဝှက်ချက်က ဘာလဲ။”

“ရာဖယ်ရယ်.....တမန်တော်....” အယ်လီဇာ၏ လေသံက ပို၍ပင် လေးလံလာခဲ့သည်။

“ဖြေစမ်း။”

အယ်လီဇာ တုန်ခါသွား၏။ သူ၏ အမူအရာက နာကျင်နေပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ရုတ်တရက် အော်ဟစ်လိုက်တော့သည်။

အခြားတစ်ဖက်၌ ပေါလ်က လက်နှစ်ဖက်တွင် ဓားကို ကိုင်ထားရင်း သစ်ပင်အိုကြီး အောက်တွင် ဒဏ်ရာအပြင်းအထန်ရထားသော မီရန်ဒါကို စိုက်ကြည့်နေခဲ့သည်။ သူက နတ်သူငယ်-တစ်ပိုင်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြက်သွေးရောင်ပြောင်းလာသည်ကို ကြည့်နေ၏။ သူက ဆိုးယုတ်သော အပြုံးတစ်ခု ပြသလိုက်သည်။ “စိတ်ကြွမြက်က အစွမ်းပြနေပြီလား။ တကယ့်ကို မင်းက ဒီကို လာပြီးတော့ ငါ့ဖိနပ်ကို လျက်မယ်ဆိုရင်တော့ မင်းမသေခင် ယောက်ျားတစ်ယောက်ရဲ့ အရသာကို ပေးနိုင်လောက်တယ်။”

မီရန်ဒါက နှလုံးသားထဲမှ လှိမ့်တက်လာသော ခံစားချက်ကို အသည်းအသန် ဖိနှိပ်ထားလိုက်သည်။ စွမ်းအား ဆုံးရှုံးမှုကြောင့် ဒဏ်ရာများကြောင့် သူ၏ စိတ်စွမ်းအားက အားနည်းနေခဲ့သည်။ လက်ကျန်စွမ်းအားများပင် ပျောက်ကွယ်လာနေပြီ ဖြစ်သည်။ သူက အယ်လီဇာကို ကောင်းကောင်းသိသည်။ ထိုကဲ့သို့ အခြေအနေမျိုး၌ သူ့ကို လုံးဝ လွတ်လမ်းပေးရန် မဖြစ်နိုင်ပေ။ ပို၍ ဆိုးဝါးသော နှိပ်စက်မှုများ ရှိလာနိုင်၏။ တစ်ခုတည်းသော နည်းလမ်းက လက်ကျန်စွမ်းအားများ လုံးဝ မပျောက်ကွယ်သွားခင် ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ရန်သာ ဖြစ်ပေသည်။

ထိုအချိန်၌ ပေါလ်နှင့် မီရန်ဒါတို့က အယ်လီဇာ၏ အော်သံကို တစ်ချိန်တည်းပင် ကြားလိုက်ရသည်။ ထိုအော်သံက ကြောက်ရွံ့မှုနှင့် နာကျင်မှုများ အပြည့် ဖြစ်နေသည်။ ပုံမှန်ဆိုလျှင် အစောင့်အရှောက် စစ်သည်တော်များ သေချာပေါက် ရောက်လာမည် ဖြစ်သော်လည်း အနီးအနားရှိ အစောင့်အရှောက် စစ်သည်တော်များကို အယ်လီဇာ ကိုယ်တိုင်က အဝေးသို့ စေလွှတ်ထားခဲ့လေသည်။

ပေါလ်က နောက်လှည့်ကြည့်လိုက်ရာ အဝေးတွင် ခေါင်းကိုကိုင်ထားကာ အော်ဟစ်နေသော အယ်လီဇာကို မြင်လိုက်ရသည်။ “ရစ်ချက်”က ပျောက်နေ၏။

သူက ရုတ်တရက် ရှင်းပြ၍မရသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ လက်ထဲမှ မဟာဓားက အလင်းများ ပေါက်ကွဲထွက်သွားပြီး နောက်သို့ ပြန်မလှည့်ခင်မှာပင် ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

ခမ်းနားခြင်းအလင်း မဟာဓားက ရုတ်တရက် ရပ်တန့်သွားပြီး အလင်းများ ချက်ချင်း ကွယ်ပျောက်သွား၏။ ထိုအရာက လေတစ်ချက်မှုတ်ရုံဖြင့် ငြိမ်းသွားနိုင်သော ဖယောင်းတိုင်လို ဖြစ်နေခဲ့သည်။ ပေါလ်က သူ့ရှေ့မှပုံရိပ်ကို မယုံကြည်နိုင်ဘဲ ကြည့်လိုက်သည်။ ထိုပုံရိပ်က သူ၏ စွမ်းအားပြည့် တိုက်ခိုက်မှုကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် အလွယ်တကူ ခုခံခဲ့လေသည်။

ထိုကဲ့သို့ ရင်းနှီးသော ပုံရိပ်က.....

“ရစ်ချက်...” ပေါလ်က ထိတ်လန့်စွာဖြင့် အော်ပြောလိုက်မိသည်။ “ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး...”

“ဆာ-ပေါလ်...” ရစ်ချက်က ကောက်ကျစ်သော အပြုံးမျိုး ပြုံးလိုက်သည်။ “ဖြစ်နိုင်တာတွေ အားလုံးက မဖြစ်နိုင်တာကနေပဲ ဖန်တီးရတြာ။ အဆုံးမှာတော့ လမ်းတစ်လျှောက်လုံး ဂရုစိုက်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်။”

ပေါလ်က ဓားကို ရုတ်သိမ်းရန် အကောင်းဆုံး ကြိုးစားသော်လည်း သူက မိမိ၏ စွမ်းအားကို အထင်ကြီးနေမိခဲ့သည်။ မဟာဓားက လုံးဝ မလှုပ်ခဲ့ပေ။ ဒီလိုကြောက်စရာ စွမ်းအားမျိုးနဲ့ယှဉ်ရင် ပထမ ရှေးသူရဲကောင်း ခေါင်း‌ဆောင်ဖြစ်တဲ့ ငါ့ရဲ့ဆရာ ကျက်သရေဆောင် ဓားဆရာသခင် ပါဆာလီက ဘာမှ မဟုတ်ဘူး။

သူတော်စင်အဆင့် ထိပ်သီးပိုင်း အစွမ်းထက်ပုဂ္ဂိုလ်ပဲ။ ပေါလ်က ထရပ်ပြီး အော်ပြောလိုက်သည်။ “မင်းက ဘယ်သူလဲ။”

ဒီလိုအစွမ်းမျိုး ရှိတဲ့သူက မတုံ့ဆိုင်းဘဲနဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီးတော့ လက်အောက်ခံအဖြစ် နေနေခဲ့တယ်။ ဒါဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်..... ပေါလ် တွေးလေလေ ပို၍ ကြောက်လာလေလေပင် ဖြစ်သည်။ သူက အခြားသူ၏ တည်ငြိမ်သောအသံကို ကြားလိုက်ရသည်။ “ငါ အလျင်လိုနေတယ်။ မင်းလို ပုရွက်ဆိတ်တွေနဲ့ အပိုတွေပြောဖို့ အချိန်မရှိဘူး။ မင်းက လှည့်စားတာ ခံလိုက်ရရုံပဲ။ သေဖို့မလိုဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းက ငါ့ကို သတ်ချင်ခဲ့တယ်။ အဲဒါကြောင့် မင်း သေရမယ်။”

ထိုစကားက ပေါလ်၏ဘဝတွင် နောက်ဆုံးကြားခဲ့ရခြင်း ဖြစ်သည်။ နောက်ထပ် စက္ကန့်ပိုင်းအတွင်း လက်ချောင်းတစ်ခုက သူ၏နဖူးကို ထိလိုက်သည်။ “ဝုန်း”ခနဲ အသံမြည်ကာ သူ၏ အသိစိတ်က သူ၏ ရည်မှန်းချက်၊ လိုအင်ဆန္ဒနှင့် ခန္ဓာကိုယ်တို့နှင့်အတူ ပျောက်ကွယ် သွားတော့သည်....

မီရန်ဒါ၏ ဝေဝါးဝါး မျက်လုံးထဲ၌ ပေါလ်၏ ခန္ဓာကိုယ်က သဲများကဲ့သို့ပင် ပြန့်ကျဲ သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဗလာနတ္ထိ ဖြစ်သွား၏။

မီရန်ဒါ၏ စိတ်က လုံးဝ မဝေဝါးသေးပေ။ သူ၏မျက်လုံးထဲ၌ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အငွေ့အသက်တစ်ခု ရှိနေခဲ့သည်။ လက်စသတ်တော့ လူတိုင်းက အမြင်ကွယ်ခဲ့ကြတာပဲ။ ငါ အမြဲတမ်း အထင်သေးခဲ့တဲ့ “ရုပ်ဆိုးဆိုးနဲ့လူ”က တကယ်တော့ အစစ်အမှန် “ဧရာမနဂါး”တစ်ကောင် ဖြစ်နေခဲ့တယ်။

“အကူအညီ တစ်ခုခု လိုသေးလား။ ဥယျာဉ်မြို့တော် လုပ်ကြံသူ အမျိုးသမီး။” ထိုသူက ဒူးထောက်ပြီး မီရန်ဒါကို အပြုံးနှင့် ကြည့်လိုက်သည်။

“ရှင်ပဲ...” မီရန်ဒါက ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီး မျက်လုံးများက ထိတ်လန့်နေ၏။ ဥယျာဉ်မြို့တော်၌ သူက ရုပ်ဖျက်ပြီး အယ်လီဇာကို လုပ်ကြံရန် ကြိုးစားခဲ့သည်။ ရလာဒ်အနေဖြင့် သူက ထွက်ပြေးနေရင်း မယှဉ်နိုင်သော လျို့ဝှက်ဆန်းကြယ်သူတစ်ယောက်နှင့် တွေ့ခဲ့သည်။ တစ်ဖက်လူက သူ့ကို ပြဿနာမရှာခဲ့ပေ။ သူ၏...ပထမဆုံး အနမ်းကိုသာ ယူသွားခဲ့၏။

မီရန်ဒါ သတိပြန်ဝင်လာသည်နှင့် လက်ချောင်းတစ်ခုက သူ့နဖူးကို ချိန်ထားကြောင်း မြင်လိုက်ရသည်။ သူက အံကြိတ်ပြီး ပြောသည်။ “ခဏနေဦး။”

လက်ချောင်းက ရပ်လိုက်သည်။ နတ်သူငယ်-တစ်ပိုင်းက အသက်ချမ်းသာပေးရန် မတောင်းပန်ဘဲ မေးလိုက်သည်။ “အယ်လီဇာ ဘာဖြစ်သွားတာလဲ။”

“သူက ငါ့ကို ထိန်းချုပ်ချင်တာ။ ဒါပေမဲ့ ငါ့ရဲ့ မှော်စွမ်းအားနဲ့ တန်ပြန်ခံလိုက်ရပြီးတော့ စိတ်ဝိညာဉ်စွမ်းအား တစ်မျိုးမျိုးကြောင့် လုံးဝ ပြိုလဲသွားခဲ့တယ်။ အခြားတစ်ခုခု မဖြစ်ရင်တော့ သူက တစ်ဘဝလုံး နိုးလာတော့မှာ မဟုတ်ဘူး။”

အယ်လီဇာက အပေါ်ယံ၌ အပြစ်ကင်းပြီး ချစ်စရာ ကောင်းသော်လည်း အတွင်းထဲ၌ ရက်စက်လှသည်။ ယခုတစ်ခေါက် သူက ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရပေမည်။ သူက အကျိုးဆက်များကို လက်ခံရပေမည်။

“ဟုတ်ပြီ။ မင်းက သေတော့မယ်ဆိုရင် မသေခင် ငါမေးမယ့် မေးခွန်းနှစ်ခုဖြေ။ မင်းရဲ့ ညီအစ်မအတွက် လက်စားချေပေးတဲ့အတွက် ဆုလာဒ်လို့ သဘောထားလိုက်။ ပထမတစ်ခု။ တမန်တော် ရာဖယ်ရယ်ရဲ့ လျို့ဝှက်ချက်က ဘာလဲ။ ဒုတိယကတော့ သိဒ္ဓိအလင်းတောင်ထိပ်မှာ ရှိတဲ့ အလင်းနတ်ဘုရားကျောင်းထဲမှာ ဘာရှိလဲ။”

မီရန်ဒါက ခေါင်းခါသည်။ “ဆာ-ရာဖယ်ရယ်ကို တစ်ခါမှ မတွေ့ဖူးဘူး။ နောက်ဆုံးတစ်ခေါက် ကောင်းကင်တမန်သုံပါး ရောက်လာတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ တုန်းကပဲ။ အလင်းနတ်ဘုရားကျောင်းကတော့ ပုပ်ရဟန်းမင်းနဲ့ ဂိုဏ်းချုပ်နှစ်ယောက်ပဲ ဝင်လို့ရတယ်။ ပြီးတော့ လမ်းတစ်လျှောက်မှာလည်း သိဒ္ဓိသားရဲတွေ ရှိနေတယ်။ အဲဒီနေရာအကြောင်းက တခြားသူတွေလိုမျိုးပဲ ကျွန်မလည်း ဘာမှ မသိဘူး။”

“အမှန်ပဲ။ မင်းက မလိမ်ခဲ့ဘူး။ ဒါပေမဲ့ သတင်းအချက်အလက်က တိုလွန်းတာတော့ နှမြောစရာပဲ။” သူ စကားပြောပြီးသည်နှင့် သူ၏လက်ချောင်းက မီရန်ဒါ၏ နဖူးကို ထိနေပြီး ဖြစ်နေသည်။

မီရန်ဒါက သေရန်အတွက် မျက်လုံးကို ပိတ်ထားလိုက်သော်လည်း နဖူးတွင်း အေးစက်သော ခံစားချက်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။ စိတ်ကြွမြက်၏ အာနိသင်က အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က ပူလောင်စေသော ရမ္မက်ကလည်း တဖြည်းဖြည်း ကွယ်ပျောက်သွား၏။

နတ်သူငယ်-တစ်ပိုင်းက မျက်လုံးများကို အံ့အားသင့်စွာဖြင့် ဖွင့်လိုက်ရာ သူ့ရှေ့မှ ပုံရိပ်က ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏နားထဲ၌ အသံတစ်သံ ထွက်ပေါ်လာ၏။ “ဒါက မင်းရဲ့ ရိုးသားမှုအတွက် ဆုလာဒ်ပဲ။ ဒီည ကောင်းကောင်း အိပ်လိုက်တော့။ နူးညံ့တဲ့ နှုတ်ခမ်းရှိတဲ့ နတ်သူငယ်-တစ်ပိုင်း ကောင်မလေး...”

ပြင်းထန်သော အိပ်ငိုက်မှုတစ်ခုက ရောက်ရှိလာပြီး နတ်သူငယ်-တစ်ပိုင်း ကောင်မလေး၏ လှပသော မျက်လုံးများက စတင်ဝေဝါးလာတော့သည်။

တစ်ချိန်တည်းမှာပင် ပုန်းကွယ်နေသော ပုံရိပ်တစ်ခုက ကောင်းကင်ချိပ်ပိတ် တောင်ထွတ်ဆီသို့ တိတ်တိတ်လေး လျှောက်သွားနေသည်။ သူ၏ သတိထားနေပြီး သိပ်ပြီး မြန်မြန် မသွားခဲ့ပေ။ သူက သိဒ္ဓိကောင်းချီးတောင်ထွတ် လမ်းကြောင်းနှင့် အလွန် ရင်းနှီးနေသော်လည်း ကောင်းကင်ချိပ်ပိတ်ထောင်ထွတ်အတွင်းသို့ ယခုမှ ပထမဆုံး ဝင်လာဖူးခြင်း ဖြစ်ပေသည်။

ထိုပုံရိပ်က ချန်လွေ့ပင် ဖြစ်သည်။ ယခုတစ်ယောက်က သိဒ္ဓိကောင်းချီးခန်းမမှ အသူရာ ဖြစ်သည်။ အသူရာ၏တာဝန်က အယ်လီဇာကို အဖော်ပြုကာ သရုပ်ဆောင်ပေးရန် ဖြစ်ပြီး မူရင်းခန္ဓာကိုယ်က အရေးကြီးဆုံး ပန်းတိုင်ဖြစ်သည့် နှင်းဒဲလက်ပန်းကို ရှာဖွေရန် ဖြစ်သည်။

နှင်းဒဲလက်ပန်း ရှိနေသောနေရာက ကောင်းကင်ချိပ်ပိတ်ခန်းမ အနီးရှိ နှင်းတောင်ထွတ် စင်မြင့်၌ ဖြစ်သည်။

သူက လမ်းတစ်လျှောက်၌ မည်သို့ အတားအဆီးကိုမှ မတွေ့ခဲ့ရပေ။ သို့သော်လည်း ကောင်းကင်ချိပ်ပိတ် ခန်းမသို့ ဝင်ရောက်သွားသောအခါ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထိုနေရာ အခင်းကျင်းက သိဒ္ဓိကောင်းချီးခန်းမနှင့် လုံးဝ ကွဲပြားနေ၏။ သိဒ္ဓိကောင်းချီးခန်းမ၌ ရာဖယ်ရယ်၏ရုပ်ထု ရှိနေပြီး နောက်ဘက်တွင် နန်းတော်တစ်ခု ရှိသည်။ ကောင်းကင်ချိပ်ပိတ်ခန်းမ၏ အဓိကတောင်ထွတ်က ဧရာမရုပ်ထုတစ်ခု ဖြစ်၏။ အဆောက်အအုံ အားလုံးက ထိုရုပ်ထု၏အောက်တွင်သာ ရှိသည်။ ရာဖယ်ရယ်ရုပ်ထုက ၎င်းနှင့်ယှဉ်လျှင် ကစားစရာ အသေးလေးတစ်ခုသာ ဖြစ်နေ၏။

သိဒ္ဓိကောင်းချီးခန်းမမှာကဲ့သို့ပင် ထိုနေရာတွင် ယုံကြည်မှုစွမ်းအားက ဝါးမျိုခံနေရသော မူမမှန်သည့် အခြေအနေ ရှိနေသည်။ ကြည့်ရတာ အဓိကဘုရားကျောင်းသုံးခုက ဒီလိုမျိုး ဖြစ်နေတဲ့ပုံပဲ။ အလင်းနတ်ဘုရားရဲ့ သစ္စာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး အစေခံလို့ ပြောကြတဲ့ ကောင်းကင်တမန်သုံးပါးက သခင်ဖြစ်သူရဲ့ ယုံကြည်မှုစွမ်းအားကို ခိုးယူနေတယ်။ သူတို့က ဘယ်လို လှည့်ကွက်မျိုးတွေ လုပ်နေကြတာလဲ။

ချန်လွေ့က အသူရာသတင်းပို့သော အချက်အလက်ကို တွေးလိုက်မိသည်။ နောက်ဆုံးတစ်ခေါက် ကောင်းကင်တမန်တော်တွင် ဆင်းသက်လာတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ကျော်တုန်းကပဲ။ အဲဒါက နတ်ဆိုးဘုံနဲ့ လူသားတွေ စစ်တိုက်နေတဲ့အချိန်ပဲ။ ဧကန္တ....

ဒီလျို့ဝှက်ဆန်းကြယ်မှုတွေမှာ မယုံနိုင်စရာကောင်းတဲ့ လျို့ဝှက်ချက်တွေ ရှိနေတယ်။ ဒါပေမဲ့ အခုအချိန် အရေးအကြီးဆုံးက နှင်းဒဲလက်ပန်းပဲ။ တခြားကိစ္စတွေကိုတော့ နောက်ပိုင်းမှ ဆွေးနွေးလို့ရတယ်။ ချန်လွေ့၏မျက်လုံးများက ကောင်းကင်ချိပ်ပိတ်ခန်းမ၏ အဓိက ‌တောင်ထိပ်၏ ဘယ်ဖက်အောက်ရှိ တောင်ထွတ်ငယ်လေးကို စိုက်ကြည့်နေခဲ့သည်။ သူ ရရှိထားသော အချက်အလက်အရဆိုလျှင် ထိုနေရာက နှင်းတောင်ထွတ်စင်မြင့် ဖြစ်၏။

ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး မိနစ်၂၀သာ ရှိတော့သော [ တိတ်တဆိတ် ] စွမ်းရည်ကို အခွင့်ကောင်းယူကာ ရှေ့သို့ ဆက်သွားတော့သည်။

နှင်းတောင်ထွတ်စင်မြင့်က ရိုးရှင်းပြီး ကျက်သရေရှိသော ကျယ်ဝန်းသည့် နေရာပြန့်ကြီးတစ်ခု ဖြစ်သည်။ ထိုနေရာ၌ ဖောင်းကြွတိုင်လုံးများ အစီအရီ ရှိနေ၏။ ချန်လွေ့တွင် ထိုအရာများကို ရှုစားရန် အချိန်မရှိပေ။ သူ၏စိတ်က ရှေ့မှ အဖြူရောင် သစ်ပင်သုံးပင်ကြောင့် လုံးဝ ဆွဲဆောင်ခံလိုက်ရ၏။

ထိုနေရာတွင် အခြားအပင်များ မရှိပေ။ ထိုအပင်သုံးပင်သာ ရှိနေသည်။ ထိုအပင်သုံးပင်က ၅မီတာခန့်မြင့်မားပြီး တစ်ခုနှင့်တစ်ခု နီးကပ်နေကာ သူငယ်ချင်း အချင်းချင်း တီးတိုးပြောနေသကဲ့သို့ ဖြစ်နေသည်။ မြူနှင်းဖျော့ဖျော့လေးက အပင်ကို ဝိုင်းရံနေပြီး လက်သီးဆုပ်အရွယ် ပန်းပွင့်ဖြူများက သစ်ရွက်စိမ်းများ ကြားထဲ၌ ကြီးထွားနေကြသည်။ ထိုပန်းပွင့်များက သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး အနုစိတ် ထွင်းထုထားသော ကျောက်မျက်များကဲ့သို့ တလက်လက် အလင်းရောင်များ လက်နေလေသည်။

ချန်လွေ့က ထိုအပင်သုံးပင်မှ ထွက်လာသော အားကောင်းသည့် အလင်းဒြပ်စင် စွမ်းအားများကို ခံစားမိလိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ နှင်းဒဲလက်ပန်း။ သိဒ္ဓိပန်း။

ဒါနဲ့ဆိုရင် ငါ အစ်ဇဘယ်လာရဲ့ [အလင်းချေမှုန်းချိပ်ပိတ်] ကို ပယ်ဖျက်လို့ရပြီ။ မရဏ ခံတွင်းဝကနေ ဆွဲခေါ်နိုင်ပြီ။

ထိုအချိန်တွင် နှင်းဒဲလက်ပန်းဆီသို့ အပြေးသွားနေသော ချန်လွေ့က ရုတ်တရက် ရပ်တန့်သွား၏။ သူက အန္တရာယ်တစ်ခုခုကို သတိထားမိသွားဟန်တူသည်။

[ သရုပ်ခွဲမျက်လုံး ] ထဲ၌ သက်ဆိုင်ရာ အချက်အလက်များ ပေါ်လာ၏။

မျိုးနွယ်- အလင်းဒြပ်စင်ကောင်။

စွမ်းအားအကဲဖြတ်မှု - S+

ခန္ဓာအမျိုးအစား - S+

စွမ်းအား - S++

စိတ်ဝိညာဉ် -S++

အမြန်နှုန်း - S+

[ စိစစ်ချက် ] - အလင်းဂုဏ်သတ္တိ။ အလင်းဒြပ်စင်မှော်ပြီးခြင်း။ အစွမ်းတိုးပေးသော ပါရမီ။ ပြန်လည်ရှင်သန်ခြင်း ပါရမီ။

အန္တရာယ်အဆင့် - မြင့်မား။

All Chapters