← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 43 Ch. 678

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 43 Ch. 678

နှင်းတောင်ထွတ်စင်မြင့်ရှိ ကောင်းကင်ချိပ်ပိတ်ခန်းမ၌ ဖြစ်သည်။

ပုံရိပ်နှစ်ခုက တစ်ခုနှင့်တစ်ခု အလျင်အမြန် ဖြတ်သန်းနေကြသည်။ အစီအရင်က အားကောင်းလှသော်လည်း ကြီးမားလှသော စွမ်းအားကို မခံနိုင်ခဲ့ပေ။ မြေပြင်ပေါ်၌ အံ့သြလောက်စရာ အက်ကြောင်းများ ပေါ်ထွက်လာ၏။

ထိုအက်ကြောင်းအများစု၏ ပါဆာလီ၏ မဟာဓား “ဂါလီ”ကြောင့်ဖြစ်လေသည်။ လေးလံသော မဟာဓားက ကျက်သရေဆောင် ဓားဆရသခင်လက်ထဲ၌ သစ်ကိုင်းတစ်ခုပမာ ပေါ့ပါးလွန်းသော်လည်း သူ၏ လေးလံသောအဟုန်က အလွန်အမင်း ဖိနှိပ်နိုင်နေသည်။ ၎င်းတွင် လျို့ဝှက်ဆန်းကြယ်သော အမှန်တရားတစ်ခု ပါဝင်နေ၏။ သူက လောက၌ နာမည်အကျော်ဆုံး ကျက်သရေဆောင် ဓားဆရာသခင်ဖြစ်ရန် ထိုက်တန်လှပေသည်။

ချန်လွေ့၏ ဓားရေးဆရာမှာ အသီနာ ဖြစ်သည်။ ထိုအချိန်တွင် သူက အခြေခံ ဓားပညာများကို လေ့လာခဲ့ရသည်။ နောက်ပိုင်း သူက စွန့်စားခန်းတစ်လျှောက်၌ သူငယ်ချင်းများနှင့် ရန်သူများထံမှ အများအပြား သင်ယူနိုင်ခဲ့သည်။ သူ၏ ကိုယ်ပိုင်ပုံစံ ဖန်တီးနိုင်ခဲ့သည်မှာ လိုင်ရာတောနက်ထဲတွင် အိုဆိုင်ဒန်နှင့် တိုက်ခိုက်ခဲ့စဉ် အချိန်က ဖြစ်သည်။ မိမိထက် စွမ်းအားကြီးမားသော အိုဆိုင်ဒန်ကို ရင်ဆိုင်ရာ၌ သူက [ ကြယ်လမ်းလွှဲ ] နှင့် “ထိုက်ကျိ” တို့မှ နားလည်သဘောပေါက်ထားသော ထူးခြားသည့် ဓားပညာ [ ရေဓား ] ကို အသုံးပြုခဲ့၏။

ရေကဲ့သို့ အလင်းပုံစံကွက်များ ရစ်ပတ်နေသော မြောက်အဏ္ဏဝါဓားက ဂါလီ မဟာဓားမှ စွမ်းအားများကို အဆက်မပြတ် ဆွဲယူပြီး ပယ်ဖျောက်ပစ်နေရသည်။ ထို့ကြောင့် နှစ်ဖက်လုံး၏ တိုက်ခိုက်မှုနှင့် ခုခံမှုတို့က အလွန်အမင်း မြန်ဆန်လွန်းလှသည်။ ဓားနှစ်လက်က အချင်းချင်း မထိကြပေ။ ပါဆာလီ၏ ဓားစွမ်းအား ကြီးမားသော်လည်း သူက မထုတ်ပြနိုင်ဘဲ အရိပ်ကဲ့သို့ ဓားပုံစံကွက်ထဲ၌ နှောင်ဖွဲ့ခံနေရပြီး လွတ်မြောက်ရန် ခက်ခဲနေသည်။

သို့သော်လည်း ပါဆာလီက ဓားပညာ၌ စိတ်နှစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ မဟာဓားက စတင်လည်လာပြီးနောက် မရေမတွက်နိုင်သော ဓားအလင်းရောင်များက ကြာပွတ်သဖွယ် အဘက်ဘက်သို့ ပျံ့နှံ့သွားဟန်တူသည်။ ချန်လွေ့က ၎င်းကို [ ရေဓား ] နှင့် ဖြေရှင်းလိုက်ပြီးနောက် အနားကပ်လာသော ပါဆာလီက အလွန်အမင်း ထက်မြက်လှသော ချီစွမ်းအင်ကို ထုတ်လွှတ်နေသည်။ သူ၏ လက်နှစ်ဖက်က မဟာဓားကို ကိုင်ထားပြီးနောက် အော်ဟစ်ကာ ခုတ်ပိုင်းလိုက်၏။ “[ စစ်တပ်ဖြိုခွင်း ]”

ထိုခုတ်ပိုင်းမှုက တစ်ခုတည်းတွင် မရေမတွက်နိုင်သော ဓားပညာရပ်များ ပေါင်းစည်းထားခြင်း ဖြစ်သည်။ ထိုထဲတွင် ရှုပ်ထွေးမှုများကို ရိုးရှင်းအောင် ပြုလုပ်ထားသော နိယာမများ ပါဝင်နေသည်။ ထက်မြက်ပြီး ကြောက်စရာကောင်းသော ဓားချီစွမ်းအားက ချန်လွေ့ကို ထိသွားခဲ့သည်။ ထိုကဲ့သို့ ထူးခြားသော ပိုင်နက်စည်းမျဉ်းက ချန်လွေ့ကို မရှောင်တိမ်းနိုင်အောင် ဖြစ်စေသည့်အတွက် အတင်း ခုခံ၍သာ ရတော့မည် ဖြစ်သည်။

[ စစ်တပ်ဖြိုခွင်း ] က ပါဆာလီ၏ အစွမ်းအထက်ဆုံး ဓားသိုင်းနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။

ချန်လွေ့၏လက်ထဲရှိ မြောက်အဏ္ဏဝါဓား ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် သူ၏ လက်နှစ်ဖက်ဖြင့် [ စစ်တပ်ဖြိုခွင်း ] ကို ခုခံလိုက်သည်။ ပျော့ပျောင်းသော လှိုင်းတွန့်များက ထိုလက်များ ဖြတ်သန်းများသော နေရာလွတ်ထဲ၌ ပေါ်ထွက်လာသည်။ ပါဆာလီ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူ၏ မြန်နှုန်းမြင့် ခုတ်ချက်က ထူးဆန်းသော အားတစ်ခုကြောင့် နောက်လှည့်ပြီး သူ့ထံ ပြန်လှည့်လာခဲ့သည်။

ပါဆာလီ အံ့အားသင့်သွားခဲ့သည်။ ကြည့်နေကြသူအားလုံးကပင် ထိတ်လန့် သွားခဲ့ကြသည်။ အထူးသဖြင့် နောက်မှ ရောက်လာကြပြီး ခေါင်းဆောင်များ အတားခံလိုက်ရသော အဝေးမှ အလင်းစစ်သည်တော်များပင် ဖြစ်သည်။ သူတို့အားလုံးက ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ [ စစ်တပ်ဖြိုခွင်း ] က ပြိုင်ဘက်တွေ အများကြီးကို အနိုင်ယူခဲ့တဲ့ ပါဆာလီရဲ့ နာမည်ကျော် အဆုံးသတ်တိုက်ကွက်ပဲ။ ဒါပေမဲ့ ဒီလို လွယ်လွယ်နဲ့ တန်ပြန်လိုက်တာကတော့ အခု ပထမဆုံးပဲ။

ပါဆာလီ၏ အံ့အားသင့်နေမှုက ခဏတာသာ ဖြစ်သည်။ မိမိ၏ အင်အားကြီး အဆုံးသတ် တိုက်ကွက်နှင့် ရင်ဆိုင်ရသည့်အခါ သူ၏ ဂါလီမဟာဓားကို မြေကြီးထဲသို့ ထိုးစိုက်လိုက်ရာ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် မီးတောက်များ လွှမ်းမိုးသွားခဲ့သည်။ မီးတောက်များက ချက်ချင်းပင် မရေမတွက်နိုင်သော ဖောက်ထွင်းမြင်ရသည့် ဒိုင်းကာများအဖြစ်သို့ ပြောင်းလဲသွားကာ ရှေ့တွင် ကာကွယ်ပေးလိုက်သည်။ ထိုအရာက အစွမ်းအထက်ဆုံး ဓားခုခံရေးအစွမ်းဖြစ်သည့် [မဖြိုဖျက်နိုင်] ဖြစ်ပေသည်။

ထိုအကွက်ကို ဆမ်မြူရယ်နှင့် တိုက်ခိုက်ခဲ့စဉ်က ပေါလ် အသုံးပြုခဲ့သည်ကို ချန်လွေ့ မြင်ခဲ့ဖူးသည်။ ပါဆာလီ အသုံးပြုလိုက်သော အကွက်က ပေါလ်ထက် အဆများစွာ သာလွန်သည်။ ထိုအရာက အကြွင်းမဲ့ ခုခံမှုနဲ့ မဖြုဖျက်နိုင်သော ခံစားချက်တစ်ခု ပေးနေ၏။

သို့သော်လည်း ထိုအစွမ်းအထက်ဆုံး ဒိုင်းကာက အစွမ်းအထက်ဆုံးလှံကို ရင်ဆိုင်ရမည် ဖြစ်သည်။

အားကောင်းသော ဓားချီစွမ်းအင်က ချက်ချင်းပင် ထပ်နေသော ဖောက်ထွင်းမြင်ရသည့် အလင်းဒိုင်းကာများကို ချက်ချင်း ထိသွားခဲ့ပြီး နှင်းတောင်ထွတ်စင်မြင့် တစ်ခုလုံးက တလက်လက် အလင်းရောင်များကြားထဲ၌ တုန်ခါသွားဟန်တူသည်။ အလင်းဒိုင်းကာက တစ်လက်မချင်း အပိုင်းပိုင်းဖြစ်သွားပြီး ဓားချီစွမ်းအင်ကလည်း အဆက်မပြတ် အားနည်းလာ၏။ အဆုံး၌ အလင်းဒိုင်းကာ နောက်ဆုံးအလွှာ ပျက်စီးသွားသောအခါ ဓားချီစွမ်းအင်ကလည်း အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ပါဆာလီ၏ ပုံရိပ်က ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ထိခိုက်မှုကြောင့် နောက်သို့ မီတာ၂၀ ဆုတ်ခွာသွားခဲ့ရသည်။ ခြေလှမ်းတစ်ခုစီက အစီအရင် ပြုလုပ်ထားသော မြေကြီးပေါ်၌ နက်ရှိုင်းသော ခြေရာတစ်ခုစီ ချန်ရစ်ခဲ့သည်။

ပါဆာလီ၏မျက်နှာက အနည်းငယ် ဖြူဖျော့နေခဲ့ပြီး ပါးစပ်ထောင့်နားမှလည်း သွေးများ စီးကျလာသည်။ လူသားလောကမှ ထိပ်တန်း ဓားဆရာသခင်တစ်ယောက် အနေဖြင့် ထိုကဲ့သို့ အားကောင်းသော ပြိုင်ဘက်တစ်ယောက်ကို မကြုံတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ချန်လွေ့၏ အဆုံးသတ်တိုက်ကွက်ကို ခုခံရသည်မှာ လုံးဝကို သက်တောင့်သက်သာ မဖြစ်ခဲ့ပေ။ သို့သော်လည်း ထိုဒဏ်ရာက ကျက်သရေဆောင် ဓားဆရာသခင်၏ တိုက်ခိုက်ချင်စိတ်ကို မထိခိုက်ခဲ့ပေ။ ထိုအစား သူ၏မျက်လုံးထဲမှ တိုက်ခိုက်ချင်စိတ်က ပို၍ပင် ပြင်းပြလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်၌ အဖြူရောင် အလင်းတစ်ခု လောင်ကျွမ်းလာပြီး ချန်လွေ့ထံ တစ်လှမ်းချင်း လျှောက်လာလေသသည်။

ချန်လွေ့က ခုနက [ ကြယ်လမ်းလွှဲ ] အစွမ်းကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ယခုတွင် သူက [ ကြယ်လမ်းလွှဲ ] ၌ ချိန်ညှိမှု အနည်းငယ်ကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။ အကယ်၍ သူက ကံကောင်းလျှင် အသူရာကဲ့သို့ပင် ရန်သူထံ “ပြီးပြည့်စုံစွာ” တန်ပြန်နိုင်မည် ဖြစ်သည်။ ကံဆိုးစွာပင် ထိုအစွမ်းက အချိန်တိုအတွင်း အသုံးပြု၍ မရနိုင်တော့ပေ။ ပါဆာလီက ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်သော်လည်း သူက တိုက်ခိုက်ရေးကို ဂရုမစိုက်ဘဲ နှင်းဒဲလက်ပန်းကိုသာ ဂရုစိုက်နေခဲ့သည်။ ယခုတွင်း နှင်းဒဲလက်ပန်း ပြောင်း‌ရွှေ့မှုက ၆၀% ရောက်ရှိနေပပြီး ၈မိနစ်သာ လိုတော့သည်။ လက်ရှိအခြေအနေရကြည့်လျှင် “တစ်ယောက်ချင်း” တိုက်ခိုက်သော အချိန်ဆွဲသည့်ဗျူဟာက အောင်မြင်ပေသည်။

ထိုအချိန်၌ ချန်လွေ့က မျက်ခုံးပင့်လိုက်သည်။ အသူရာ ပျက်စီးသွားခြင်းကို သူ ခံစားမိလိုက်ပြီ ဖြစ်သည်။ မူလခန္ဓာကိုယ် မသေဆုံးသရွေ့ ကိုယ်ပွားက အမှန်တကယ် မသေနိုင်ပေ။ သို့သော်လည်း ပြန်ပြင်ဆင်ရန်အတွက် အရှိန်အဝါနှင့် အချိန်အ‌တော်များများ အသုံးပြုရမည်ဖြစ်ပြီး အနည်းဆုံး ၁၀ရက်ခန့် ကြာမြင့်နိုင်ပေသည်။ သို့ရာတွင် ယခုတစ်ခေါက် ရရှိမှုများက လုံးဝကို ကြီးမားလှသည်။ တောင်ထိပ်တွင် ဝါးမျိုထားသော စိတ်ဝိညာဉ်စွမ်းအား ပြင်းအားက လုံးဝနီးပါးကို ကြောက်စရာကောင်းလွန်းလေသည်။ ၎င်းက ရာဖယ်ရယ်ရုပ်ထု အနီးရှိ ယုံကြည်မှုစွမ်းအားများထက်ပင် သာလွန်သည်။ ၎င်းတို့ကို ယုံကြည်မှုသလင်းကျောက်အဖြစ် ပြောင်းလဲလိုက်လျှင် အရေအတွက်က ကြီးကြီးမားမား အံ့သြစရာတစ်ခု ဖြစ်လာနိုင်ပေသည်။ တစ်ခုတည်းသော လိုအပ်သည့်အရာက ပြောင်းလဲရန် အချိန်ပင်။

ဇဝေဇဝါ ဖြစ်စရာတစ်ခုက အသူရာ နောက်ဆုံးအချိန် မြင်ခဲ့ရတဲ့ တောက်ပနေတဲ့ အရာကိုပဲ။ အဲဒါက ယုံကြည်မှုစွမ်းအား အရင်းအမြစ်လည်း ဟုတ်တဲ့အပြင်ကို အဲဒါက ထုတ်လွှတ်နေတဲ့ အငွေ့အသက်က အသူရာရဲ့ သဘာဝ ဝိပါက် ဖြစ်နေတယ်။ အသူရာရဲ့ နည်းလမ်းတွေက အစွမ်းထက်တာတောင် လုံးဝ မခုခံနိုင်ခဲ့ဘူး။

အဲဒီအရာက သိဒ္ဓိကျောင်းတော်ရဲ့ အကြီးမားဆုံး လျို့ဝှက်ချက် ဖြစ်ရမယ်။ ကံဆိုးချင်တော့ ဒါကို ဆက်လေ့လာဖို့ အချိန်မရှိတော့ဘူး။ သိပ်မကြာခင် ပုပ်ရဟန်းမင် ဗန်တီစ် ပြန်လာတော့မှာ။ ကောင်းကင်ချိပ်ပိတ်ခန်းမထဲမှာ ဗန်တီစ်ရဲ့ စွမ်းအားက SS- အဆင့်ပဲ။ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။

အခု အရေးကြီးဆုံးက ဗန်တီစ် ပြန်မလာခင်မှာ နှင်းဒဲလက်ပန်း ရွှေ့‌ပြောင်းတာကို ပြီးမြောက်အောင် လုပ်ဖို့ပဲ။

“ကြည့်ရတာ ပါဆာလီက ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့သွားတဲ့ပုံပဲ။” ပါစ်မီရာက တွေးတွေးဆဆ အမူအရာတစ်ခု ပြသပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ဒီရစ်ချက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ အတွေ့အကြုံက ရှေးသူရဲကောင်း ခေါင်းဆောင်ထက် မနိမ့်ကျဘူး။ ပြီးတော့ သူ့ရဲ့နည်းလမ်းတွေကလည်း ထူးဆန်းတယ်။”

“ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ပါဆာလီက သူ့ကို အနိုင်ယူဖို့ ခက်လောက်တယ်။” ယူဒိုရာကလည်း ပြောသည်။

“ဒါဆိုရင် ငါတို့တွေ တိုက်ခိုက်ဖို့ အသင့်ပြင်ထားရမယ်။”

“ဟုတ်တယ်။ သူ့ကို လွတ်မြောက်ခွင့် ပေးလို့မရဘူး....” သူတို့နှစ်ယောက်က တိုက်ပွဲ အကြောင်းကို ဆွေးနွေးနေဟန်တူသည်။ အမှန်တကယ်၌ ပါစ်မီရာ၏ ခြေထောက်အောက်၌ လှိုင်းတစ်ခုက နှစ်ယောက်တိုက်ခိုက်နေသည်ကို ကျော်ဖြတ်ပြီး နှင်းဒဲလက်ပန်းပင်ဆီသို့ ရောက်လာနေခဲ့သည်။ ထိုအရာက ပါစ်မီရာ၏ မြေဒြပ်စင်မှော်ပညာ ဖြစ်သည်။ ထိုမှော်ပညာက မှော်မိုးကြိုး ဝို်ငးရံထားသော နှင်းဒဲလက်ပန်းကို အလောတကြီး မထိရဲပေ။ ထိုအစားက မှော်မိုးကြိုးကို အသက်မသွင်းရန်အတွက် ရစ်ချက်၏ အတွေးကို ကာကွယ်ရန် ၎င်းက စိတ်ဝိညာဉ် အကာအရံတစ်ခု အလျင်အမြန် တည်ဆောက်နေလိုက်သည်။

သူက ပါဆာလီကို အသုံးချကာ အချိန်ဆွဲနေခြင်း ဖြစ်သည်။ သူက ရစ်ချက်၏ စိတ်ဝိညာဉ်စွမ်းအား ကူးပြောင်းသော လမ်းကြောင်းကို ပိတ်ဆို့ရာ၌ အောင်မြင်သွားသည်နှင့် နှင်းဒဲလက်ပန်းကို ပေါက်ကွဲမှုဖြင့် ခြိမ်းခြောက်နိုင်ခြင်း မရှိ‌တော့ပေ။ ထို့နောက်တွင် လူတိုင်းက ရန်သူကို အတူတူ သတ်လျှင်သတ်၊ ဖမ်းလျှင်ဖမ်း ပြုလုပ်၍ ရနိုင်ပြီဖြစ်သည်။

ချန်လွေ့၏ ပါစ်မီရာ ကြိုးစားနေသည်ကို မသိခဲ့ပေ။ ထိုနည်းတူစွာပင် တစ်ဖက်လူက အချိန်ဆွဲနေခြင်းဖြစ်ကြောင်း ပါစ်မီရာလည်း မသိခဲ့ပေ။ ထိုကဲ့သို့ဖြင့် အချိန်ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် ပါစ်မီရာက စိတ်ဝိညာဉ်အကာအရံ တည်ဆောက်ပုံကို ပြီးစီးသွားခဲ့သည်။ သူက လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန်အတွက် အားလုံးကို သတိပေးတော့မည့်အချိန်၌ နှင်းဒဲလက်ပန်း၏ စိတ်ဝိညာဉ်အကာအရံက ထူးခြားနေကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ ယခင်က အလွန်ကြွယ်ဝသော အလင်းစွမ်းအားက အလျင်အမြန် မှိန်လာသည်။ အလင်းပိုးအိမ်ထဲ၌ နှင်းဒဲလက်ပန်းပင် သုံးပင်၏ အရိပ်များက တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

“နှင်းဒဲလက်ပန်း တစ်ခုခု ဖြစ်နေပြီ။ သူ့ကို မြန်မြန်ဖမ်းကြ။” ပါစ်မီရာ အော်ပြောလိုက်ပြီး နှင်းဒဲလက်ပန်းဆီသို့ ပျံသန်းလာခဲ့သည်။

မူလက ချန်လွေ့က ပါဆာလီနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူက ပြောင်းရွှေ့မှုကို နှစ်မိနစ် မပြည့်ခင်မှာပင် ပြီးနိုင်တော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအချိန်၌ ပါစ်မီရာက ၎င်းကို မမျှော်လင့်ဘဲနှင့် ရှာတွေ့သွားခဲ့သည်။ ချန်လွေ့က ချက်ချင်းပင် အော်ဟစ်လိုက်ရာ ခန္ဓာကိုယ် အငွေ့အသက်က ရုတ်တရက် တိုးမြင့်သွားသည်။ သူတို့၏ ပတ်ပတ်လည်၌ ကြယ်များ ပေါ်ထွက်လာခဲ့သည်။ ရုတ်တရက် ပါဆာလီက စွမ်းအားများ အလျင်အမြန် အားနည်းသွားပြီး ဖိအားက နှစ်ဆတိုးသွားကြောင်း ခံစားလိုက်ရသည်။ ချန်လွေ့က ပါဆာလီ၏ မဟာဓားကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး လက်ဝါးကို ဓားသွားအသွင်ပြောင်းကာ နှင်းဒဲလက်ပန်းပင်ထံ အမြန် ရောက်လာသော ပါစ်မီရာကို ခုတ်ပိုင်းလိုက်လေသည်။

[ အရှိန်အဝါဓားသွား ] ခုတ်ချက်က စွမ်းအားအပြည့် ဖြစ်သည်။ ၁၀မီတာကျော် ဝေးသော်လည်း ထက်မြက်သော ချီစွမ်းအင်က အပေါ်မှ ခုတ်ပိုင်းနေသကဲ့သို့ပင် အလွန်အမင်း ပြင်းထန်နေသည်။ ပါစ်မီရာက လေထဲမှာပင် အလျင်အမြန် နောက်လှည့်ပြီး လက်ထဲ၌ ရှည်လျားသော တောင်ဝှေးတစ်ချောင်းကို ကိုင်ထားလိုက်သည်။ မမြင်နိုင်သော မှော်အကာအရံ တစ်ခုက သူ၏အ‌ရှေ့၌ ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ထို “ဓားသွား”၏ ထက်မြက်မှုက ထင်ထားသည်ထက် ကျော်လွန်နေ၏။ မှော်အကာအရံက နှစ်ပိုင်း ဖြစ်သွားသည်။ တောင်ဝှေးအတိုက အနီရောင် တောက်နေပြီးနောက် ပါစ်မီရာ၏ ပုံရိပ်က အောက်ဘက် မြေပြင်ပေါ်၌ ပေါ်ထွက်လာသည်။ သူ ထိတ်လန့်သွားပြီး ချွေးများ ရွှဲစိုသွားသည်။ ခုနက တောင်ဝှေးနှင့်အတူပါသော [ တယ်လီပို့ ] အစွမ်းကြောင့်သာ မဟုတ်လျှင် သူက ထို “ဓားသွား”ကြောင့် အပြင်းအထန် ဒဏ်ရာရသွားပြီ ဖြစ်သည်။

ချန်လွေ့၏ လက်‌ရှိအခြေအနေက သေရေးရှင်ရေး ဖြစ်နေလေပြီ။ ပါစ်မီရာ၏ အော်သံကြောင့် ရေဖျန်းဘုန်းတော်ကြီးသုံးပါးနှင့် ယူဒိုရာတို့က တစ်ချိန်တည်း အပြေး ရောက်လာကြသည်။ ယူဒိုရာက အမြန်ဆုံး ဖြစ်သည်။ ဇာမဏီငှက်ဥက တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာရန်အတွက် အဓိကသော့ချက် ဖြစ်သည်။ ထို့ကြောင့် သူက အမှား မလုပ်နိုင်ပေ။ “ရစ်ချက်”က မီးတောက်ခန်းမမှ လျို့ဝှက်ချက်ကိုသိသော လူနည်းစုထဲမှ တစ်ဦးဖြစ်သည်။ သူက မီးတောက်ခန်းမသို့ မပြန်ရသေးသော်လည်း ဇာမဏီငှက်ဥက “ရစ်ချက်”လက်ထဲ ရောက်သွားပြီဖြစ်ကြောင်း ခန့်မှန်းမိနိုင်သည်။ သူက ရန်သူကို အရှင်ဖမ်းပြီး ဇာမဏီငှက်ဥကို ပြန်ရအောင် သို့မဟုတ် ဝှက်ထားသောနေရာကို ပြောပြအောင် နှိပ်စက်ရပေမည်။

ချန်လွေ့က အလျင်အမြန်ပင် အချိန်ကို ရေတွက်ပြီး အော်ပြောလိုက်သည်။ “[ ဖျက်ဆီးခြင်း အရှိန်အဝါ တိုက်ကွက် ]”

မျက်စိတစ်မှိတ် အတွင်းမှာပင် ယူဒိုရာ၊ ပါစ်မီရာ၊ ပါဆာလီနှင့် ရေဖျန်းဘုန်းတော်ကြီး သုံးပါးတို့၏ ခန္ဓာကိုယ်များက တစ်ချန်တည်းပင် အမြဲတမ်းပြောင်းလဲနေသော အလင်းများ လင်းလက်လာသည်။ အဝေးမှကြည့်လျှင် ခုန်ပေါက်နေသော သင်္ကေတများကို မြင်နိုင်၏။ အမှန်တကယ်၌ ထိုအရာက မရေမတွက်နိုင်သော မြန်နှုန်းမြင့် ဓားချီစွမ်းအင်များနှင့် ခုတ်ပိုင်းနေခြင်း ဖြစ်ပေသည်။

[ အစစ်အမှန် ဖျက်ဆီးခြင်း အရှိန်အဝါ တိုက်ကွက် ] - နေရာပြန့်အစွမ်း။ မီတာ၃၀အတွင်း ရန်လိုသော သတ္တဝါများအားလုံးကို မြန်နှုန်းမြင့် ဓားချီစွမ်းအင်များဖြင့် ချက်ချင်း ခုတ်ပိုင်းနိုင်။

ထိုကဲ့သို့တိုက်ကွက်ကြောင့် သေလုနီးပါး ဖြစ်ခဲ့သော ပါစ်မီရာက သတိအထားနေဆုံး ဖြစ်သည်။ သူက အန္တရာယ်ကို ခံစားမိလိုက်သည့်အခါ တောင်ဝှေးကို ထိလိုက်ရာ အလွန် ကြီးမားသော ကျောက်နံရံတစ်ခုက သူ၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာသည်။ ထိုကျောက်နံရံက [ ဖျက်ဆီးခြင်းအရှိန်အဝါတိုက်ကွက်] ကြောင့် အလျင်အမြန် ဖြတ်တောက် ခံလိုက်သော်လည်း ကျောက်နံရံများက အဆက်မပြတ် ပြန်ပေါ်လာနေခဲ့သည်။ ထို့ကြောင့် ဓားချီစွမ်းအင်က အတွင်းထဲမှ ပါစ်မီရာကို မထိခိုက်နိုင်ခဲ့ပေ။

ယူဒိုရာ၏ တုံ့ပြန်မှုကလည်း မြန်ဆန်သည်။ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အရည်လဲ့သော အနီရောင် သလင်းကျောက် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဓားချီစွမ်းအင် ဖြတ်သွားသောအခါ မီးပွင့်များ နေရာအနှံ့ ပေါ်ထွက်လာခဲ့သည်။ သလင်းကျောင်းက လုံးဝ မထိခိုက်သွားခဲ့ပေ။ ပါဆာလီ၏ [ မဖြိုဖျက်နိုင် ] ကလည်း အားကောင်း ခုခံမှုစွမ်းရည်များ ပြသနေသည်။ သို့သော်လည်း ရေဖျန်းဘုန်းတော်ကြီးသုံးပါးက အလျင်စလို ဖြစ်နေ၏။ ရော်ဂျာသည်ပင် ဒဏ်ရာရသွားခဲ့သည်။

ယူဒိုရာ၊ ပါစ်မီရာ နှင့် အခြားသူများက အတွေ့အကြုံများသည့်အတွက် မကြောက်လန့် နေကြပေ။ ပြိုင်ဘက်၏ တိုက်ခိုက်မှုက ထက်မြက်သော်လည်း ကြာရှည်မခံနိုင်ပေ။ အလွယ်တကူ အားအင်ကုန်ခမ်းနိုင်၏။ ထို့နောက် သူတို့က ရန်သူက တစ်ကွက်တည်းဖြင့် ဖမ်းနိုင်ပေမည်။

အဝေးမှ အလင်းစစ်သည်တော်များ အံ့အားသင့်သွားကြသည်။ သူတို့က အစွမ်းထက် ပုဂ္ဂိုလ်၆ဦး ပူးပေါင်းပြီး ကူးကျော်သူကို ဖြေရှင်းနေရပြီး အနိုင်မယူနိုင်သေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မ‌‌ရေမတွက်နိုင်သော ခုန်လွှားနေသည့် “သင်္ကေတများ” တဖြည်းဖြည်း မှိန်သွားပြီးနောက် ချန်လွေ့၏အသံ ထွက်လာပြန်သည်။ “[ ကြယ်ပေါက်ကွဲခြင်း ]”

ကွင်းထဲမှ ယူဒိုရာနှင့် အခြားသူများဖြစ်စေ၊ အဝေးမှကြည့်နေသော စစ်သည်တော်များ ဖြစ်စေ၊ ထိုအချိန်၌ ပုံရိပ်ယောင်တစ်ခု မြင်လိုက်ရသည်။ ထိုအရာက မရေမတွက်နိုင်‌သော ကြယ်များ‌ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေပြီး ဖျက်ဆီးခြင်းရောင်ခြည်ကိုသာ မြင်နိုင်ပေသည်။ နှင်းတောင်ထွတ်စင်မြင့်တစ်ခုလုံးက အပြင်းအထန် တုန်ခါနေခဲ့သည်။

ရွှေရောင်အလင်းတစ်ခုက နှင်းတောင်ထွတ်စင်မြင့်ကို ဖုံးလွှမ်းသွား၏။ တလက်လက် ဖြစ်နေသော အလင်းရောင်က ရုတ်တရက် ပျောက်ကွယ်သွားကာ မြေပြင်တုန်ခါနေခြင်းလည်း ငြိမ်သက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ်ရာ သဲလွန်စများကို မြင်နိုင်ပေသည်။ ကျောင်းတော်မှ အဓိက ပုဂ္ဂိုလ်၆ဦးက စုတ်ပြတ်နေသော်လည်း အားလုံးက အဆင်ပြေနေသေးသည်။

ကွင်းထဲ၌ ငွေရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးတစ်ယောက် ပေါ်ထွက်လာပြီး အထွတ်အမြတ် ရွှေရောင်အလင်း ထွက်ပေါ်နေသည်။ သူ၏ မျက်နှာက အလွန်အမင်း အရုပ်ဆိုးနေပြီး မြေပြင်ပေါ်မှ သွေးအိုင်ငယ်လေးကို စိုက်ကြည့်နေခဲ့သည်။

အမြင်စူးရှသော အလင်းစစ်သည်တော်က အထွတ်အမြတ် ပန်းပင်သုံးပင် ပျောက်ဆုံးသွားကြောင်း တွေ့လိုက်လေသည်။

All Chapters